စားကြပါဦးရှင့် ^_^
ဒီနေ့ ဘလော့ဂါအစ်ကိုတွေနဲ့ ဘူဖေးသွားစားတယ်။ ဘာစားမယ်ဆိုတာကို တော်တော်ရွေးလိုက်ရတယ်။ ဟိုအစ်ကိုမေးလည်း သဘော... ဒီအစ်ကိုမေးလည်း သဘော.. သဘောတွေချည်းတွေ့နေတယ်။ အဲ့ဒါနဲ့ ကြံရာမရတော့ ကိုယ်စဉ်းစားမိသမျှမေးရတာပေါ့။ ငါးကင်စားမလား ငါးကြိုက်လား။ ငါးကြိုက်ရင် မာလာငါးဖြစ်ဖြစ် ငါးကင်ဖြစ်ဖြစ်စားမယ်ပေါ့။ ဟိုမေး ဒီမေး.. နှစ်ယောက်လုံးကလည်း သဘော။ နောက်ဆုံး ဘူဖေးဆိုင်ရောက်သွားတယ်။
အော်.. ဘယ်သူတွေလဲ ပြောဖို့မေ့နေလိုက်တာ.. သူတို့ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကိုညီရဲသစ်နဲ့ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)။ တီတင့်အိမ်မှာ ဆုံဖူးတာလေ။ နှစ်ယောက်လုံး စာရေးအရမ်းကောင်းတာ။ ကန်ဒီနဲ့တော့ တခြားစီပေါ့ ဟိဟိ။ ဆိုင်က Tanjong Pagarက မြန်မာတွေဖွင့်တဲ့ ဘူဖေးဆိုင်။ မြန်မာဖွင့်တာဆိုပေမယ့် မြန်မာအစားအစာတော့ မဟုတ်ဘူး။ ဆိုင်နာမည်က His.tori BBQ တဲ့။ ထုံးစံအတိုင်း ဆိုင် Info ကို အောက်ဆုံးမှာရေးပေးမယ်နော်။ သွားချင်ရင် သွားလို့ရအောင်။ ကိုညိမ်းနိုင်က ရောက်ဖူးတော့ သူပဲဦးဆောင်ပြီးခေါ်သွားတာလေ။
၆နာရီက ထိုးနေပြီ။ အလုပ်အလွန်ရှုပ်သော ကိုညီရဲက ပေါ်မလာဘူးလေ။ မင်းသားဆိုတော့ သူ့ကိုစောင့်ရတယ်။ ကိုညိမ်းနိုင် ဗိုက်ကလည်း တဂွီဂွီနဲ့။ သူခမျာ အအေးလေးသောက်ပြီး ဗိုက်ခဏဖြည့်ထားရရှာတယ်။ သနားစရာ :P

ကိုညီရဲကို ဒီလို တိုက်တွေဝန်းရံထားတဲ့ ခုံတန်းကစောင့်ပါတယ်။
ကိုညီရဲရောက်လာတော့ ဘူဖေးဆိုင်ကို လမ်းလျှောက်ပါတယ်။ MRT ကဆို ၅မိနစ်လောက်ပဲ လျှောက်ရတယ်။ ဟိုရောက်တော့ ဒီလို ၀ါးတီးဆွဲပါတယ်။ နည်းနည်း နည်းနည်း စားလိုက် နားလိုက်နဲ့ တန်အောင်စားပါတယ်။
ကန်ဒီ့ပန်းကန်ကတော့ ထုံးစံအတိုင်း ပုစွန်နဲ့ ကြက်သားပေါ့။ ၀က် အမဲ မစားတော့။
လက်က ကိုညီရဲရဲ့ လက်ဖြစ်ပြီး ဟိုဖက်မှာထိုင်နေတာကတော့ ကိုညိမ်းနိုင်ဖြစ်ပါတယ်။
ကိုညီရဲကို တမင်လက်လှမ်းခိုင်းထားတာ :P
ကိုညီရဲကို တမင်လက်လှမ်းခိုင်းထားတာ :P
လေပေါလိုက် စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ သူများထပြန်တာတောင် ကန်ဒီတို့မပြန်ပဲ ပေကပ်နေပါတယ် ဟီးဟီး။ ဒီလိုနဲ့ ၆နာရီခွဲလောက်ထဲက ထိုင်စားလိုက်တာ ၉နာရီကျော်မှ ပြန်ပါတယ်။ ဓာတ်ပုံရိုက်တယ်ဆိုလို့ ကန်ဒီနဲ့သွားရမှာ မကြောက်ပါနဲ့နော်။ ကန်ဒီ သူများ Privacy ကိုနားလည်ပါတယ်။ ကန်ဒီ့ဘလော့မှာ အခွင့်မရှိပဲ မတင်ပါဘူး :D
ကိုညီရဲ၏ ရိုက်ချက်
အချိုတည်းကြပါဦး။ ဖရဲသီး နှစ်ပန်းကန်လုံး ကန်ဒီစားတာ xD
ဒီနေ့စားတာ ပိုက်ဆံတပြားမှ မကုန်ဘူးလေ။ ကိုညီရဲနဲ့သွားလည်း သူကကျွေး။ ဒီတခေါက်လည်း ကိုညိမ်းနိုင်ကျွေးတာ။ သူတို့နဲ့သွားရတာ အားတောင်နာလာပြီ။ ကွန်ဖူးလေးဘာလေး သင်ထားဦးမှ။ သူတို့ ပိုက်ဆံမပေးခင် ကိုယ်ဖော့သိုင်းနဲ့သွားပြီး အရင်ဦးအောင်ပိုက်ဆံပေးနိုင်အောင်လို့။ ကျေးဇူးပဲ အစ်ကိုတို့ရေ။ နောက်တခေါက်တော့ ညီမကို ပေးခွင့်ပြုကြပါ။ (မျက်နှာငယ်နှင့်ပြောသည်)
မနက်ဖြန်ကျောင်းပြန်တက်ရတော့မယ်။ ကျောင်းပိတ်ရက်ကလည်း တိုလိုက်တာ။ ဒါပေမယ့် ဒီ Term က Dissertation ရှိတော့ကျောင်းသိပ်မသွားရဘူး။ အိမ်မှာပဲ စာတွေခေါင်းမူးအောင်ဖတ် ပြီးရင် အဲ့ဒါကြီး ထိုင်ရေးရမှာ။ ကန်ဒီ့ Topic က "Can synthetic hormones be used as weight loss drugs?" တဲ့။ သုံးလို့ရနိုင်ပေမယ့် ခုချိန်မှာ လူနဲ့တောင် သိပ်မစမ်းသပ်ရသေးဘူး။ တော်တော်ရှာရမယ်။ ၀ိတ်ချချင်တဲ့ သူများတန်းစီပါ။ ကန်ဒီ့ကို ယုံကြည်ရင်ပေါ့လေ :P .. ဒါနောက်ဆုံး Term လေ။ ဒါပြီးရင် ကျောင်းပြီးပြီ။
စားသောက်ဆိုင်လိပ်စာက
His.tori BBQ
20 Tanjong Pagar Road, Singapore. Tel: +65 6224 6539
Opening Hours
Mon–Fri: 11.30am–2.30pm, 5.30pm–10.30pm
Sat: 5.30pm–10.30pm (Closed on Sun)
အားလုံးပဲ ပျော်ရွှင်ပါစေ ^_^
မနက်ဖြန်ကျောင်းပြန်တက်ရတော့မယ်။ ကျောင်းပိတ်ရက်ကလည်း တိုလိုက်တာ။ ဒါပေမယ့် ဒီ Term က Dissertation ရှိတော့ကျောင်းသိပ်မသွားရဘူး။ အိမ်မှာပဲ စာတွေခေါင်းမူးအောင်ဖတ် ပြီးရင် အဲ့ဒါကြီး ထိုင်ရေးရမှာ။ ကန်ဒီ့ Topic က "Can synthetic hormones be used as weight loss drugs?" တဲ့။ သုံးလို့ရနိုင်ပေမယ့် ခုချိန်မှာ လူနဲ့တောင် သိပ်မစမ်းသပ်ရသေးဘူး။ တော်တော်ရှာရမယ်။ ၀ိတ်ချချင်တဲ့ သူများတန်းစီပါ။ ကန်ဒီ့ကို ယုံကြည်ရင်ပေါ့လေ :P .. ဒါနောက်ဆုံး Term လေ။ ဒါပြီးရင် ကျောင်းပြီးပြီ။
စားသောက်ဆိုင်လိပ်စာက
His.tori BBQ
20 Tanjong Pagar Road, Singapore. Tel: +65 6224 6539
Opening Hours
Mon–Fri: 11.30am–2.30pm, 5.30pm–10.30pm
Sat: 5.30pm–10.30pm (Closed on Sun)
အားလုံးပဲ ပျော်ရွှင်ပါစေ ^_^
25 comments:
ကျောင်းပီးရင်.ရေစက်ချဖို့
မမေ့ပါနှင့် :P
ကညိမ်းနိုင် ခ ကမောင်လေးက အောင်ပွဲခံတဲ့အနေနဲ့ ဒကာခံတာ ရှိမယ်။ မန်ယူ စောစောစီးစီး ဖျာလိပ်သွားရလို့လေ။း)
Thu dool chee bell sar kya tal. Hont, >_<
@_@ o_O. sar kaung lar?
သူကြွေးတာတော့ မဖြစ်နိုင်လောက်ဘူး..
အိမ်လည်ပြီးစားနေတာ ဖြစ်နိုင်တယ် သူကြီးမင်းရဲ့.. :D
အသားကင်တွေစားကောင်းမယ့်ပုံဘဲ
ဖရဲသီးမြင်တော့ စားချင်လိုက်တာ
ဒီမှာတော့ ဒီအချိန်ဖရဲသီးမရှိတော့ဘူး
ဘူဖေး.......
ကိုယ်လည်း ၀င်ဆွဲမယ်ဆိုပြီးပြေးလာတာ
မျက်နှာတောင်မသစ်ရသေးဘူး ဟီးးးးးးး။
ချိုချဉ်....
အစားပုပ် အကုန်အုပ်သွားလို့ ဘာမှမကျန်တော့ဘူး။
ကျောင်းပိတ်တာ တိုလိုက်တာ။
သိတယ်သိတယ် သတင်းကရပီးသား ဟင့် များကျတော့လက်မတို့ကျဘူးး)
စမ်းသပ်ချင်ရင် ခေါ်လေ တီလေးကို
ဒီမှာတော်တော်ဝနေလို့
မသေတော့မသေစေနဲ့နော်း)
မနာလိုဘူးနော်... ဟင်းးး
ဆိုင် လိပ်စာအတွက် ကျေးဇူးညီမ.. ဒါနဲ့ ဘူဖေးက ဘယ်လောက်လဲ...
ဆိုင်ကတော့ စားကောင်းမဲ့ပုံပဲ... ပြီးတော့ ကန်ဒီစာရေးတာ မကောင်းဘူး မထင်ပါနဲ့... ဘလော့ဆိုတာ စာရေးစရာတွေရေးသလိုရေးတတ်မှ ရေးရမယ်လို စည်းမသတ်မှတ်ထားပါဘူး... ကိုယ့်ရဲ့ personal လေးတွေကို ပေါ့ပေါ့ပါးပါးရေးလို့ရပါတယ်... အစ်မကတော့ အဲလို Personal လေးတွေရေးတဲ့ဘလော့တွေဖတ်ပြီး ဘလော့ရှင်ရဲ့ lifestyle လေးကို ဝေမျှခံစားရတာ ကြိုက်တယ်... ပိုရင်းနှီးမှုရှိတယ်...
ကိုညိမ်းနိုင်တို့ညီရဲတို့ ဒါမျိုးနဲ့တွေ့ရင် အသံကိုတိတ်နေတာပဲ လူပျိုမကြီးတကြီးနဲ့
လူပျိုလေးနဲ့နော်ပေါင်းပြီး ဘာတွေကြံနေတာလဲမသိ
candy ကဘယ်အချိန်ဖြစ်ဖြစ်ချစ်စရာကောင်းနေတာပဲ
ချစ်တဲ့ jasmine
ညီမကိုကြည့်ရတာနဲ့ပျော်သွားပါပြီ
ကိုညိမ်းနိုင်နဲ့ ညီရဲတို့ကတော့ လက်ပဲပါတယ်
ပျော်စရာ.... အကင်တွေကလဲ စားချင်စရာ....။
မဗေဒါ ဘူဖေးက ၂၂ကျပ်ပါ။ ဘာမှာ ထပ်မပေးရဘူး အအေးပါပါတယ်။ စားလို့ကောင်းတယ်။ သွားစားဖူးလို့ ပြောပြတာ ဟိဟိ
နာလိုဘူး... သွားစားတာသံချောင်းလေးဘာလေးခေါက်လိုက်ရောပေါ့ ညလေးရာ...ဒကာရှိတယ်ဆိုတော့ကား))
ကိုမောင်သန့်ရေ.. ကျေးကျေး.. မဗေဒါကို သွားပြောပြလိုက်ပြီ..
မမပန်းချီ.. ဖြစ်နိုင်ရင် စလုံးက ဘလော့ဂါတွေ အကုန်ခေါ်ချင်တာပေါ့ဂျာ.. ဘယ်လိုဆက်သွယ်ရမလဲ မသိလို့သာ >.<
မျက်နှာငယ်လေးနဲ့ပြောတယ်ဆိုတော့ တနားတွားဘီ....။
ညည်းကျောင်းပြီးလို့ အလုပ်ဝင်တော့မှ လိုက်ကျွေးပေါ့
ဟာ....၊အဲ့အချိန်ကျ အဝတီးပလိုက်မယ်....:P
ဟင်... ညီမတော်ကို ယုံလို့ ဝိတ်ချမလား စဉ်းစားမိပေမယ့်လို့ ဒီထက် ဝိတ်ချလို့ ဖြစ်ပါတော့မလာလို့ စဉ်းစားနေရတယ်...
သနားသံလေးနဲ့ ပြောလို့ သနားသွားပြီ။ နောက်တစ်ခေါက်ကျရင် ညီမတော်ကို ရှင်းခိုင်းရမယ်... ဟဲ... ဟဲ စတာနော်။ တကယ်ထင်မနေနဲ့ ...
စားချင်လိုက်တာများ
ချိုလေးရ
စားချင်တယ်ဘူဖေး..ပြီးတော့ ဖရဲသီး :D
ချိုချဉ်လေးရေ တီတင့်က နာမည်လေးပဲ ပါခွင့်ရတယ်
စားလည်းစားရဘူးနော်း))
ကွန်ဖူးသင်မနေပါနဲ့ ကန်ဒီရယ်
သဒ္ဓါပေါက်လို့ကျွေးတာပဲလေ အဝသာစားနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မနာလိုလိုက်တာနော်....စားချင်လို့ပါ..:):)
အိမ်း မြင်ရမြင်ရ ရင်ဝမှာ ဗိုက်ဆာသကွယ်...
ဒေါ်ကန်ဒီရေ..ဝိတ်ချမဲ့နည်းရှိရင်ပေးစမ်းပါ..ဒီမှာ နာ့ကို လူတစ်ကာတိုက်ခိုက်နေလို့.. ကူစမ်းပါဦးအေ..
အမှန်ပြောရရင် စားသောက်စရာပို့စ်တွေပုံတွေမြင်ရင် တကယ်အူတိုဘုထွားမိတယ် သွားရည်လည်လွန်းလှလို့လေ
ဟင်းးး ဗိုက်ဆာလာသလိုလိုပါလားနော်
မောင်ဘကြိုင်
Post a Comment