Thursday, December 1, 2011

စိတ်ထဲရှိရာများ..

စိတ်ထဲရှိတာတွေ အများကြီးပဲ။ အပြင်မှာဆို သူများကို ထုတ်ပြောလေ့မရှိဘူး။ ထုံးစံအတိုင်း ဒီမှာပဲ ရေးပါရစေ။ စာမေးပွဲလည်း ပြီးပြီလေ :D

ဟိုတလောက သူငယ်ချင်းတစ်ယောက် လင်ခ့်ပေးတာနဲ့ ဘလော့ဂါတွေကို ဖဲ့ထားတဲ့ ဆိုဒ်လေးဆီ ရောက်သွားတယ်။ အထူးသဖြင့် ကန်ဒီ့လိုစာမျိုး ရေးတဲ့သူတွေကိုပေါ့။ ဖတ်ပြီး စိတ်မကောင်းဘူး။ အားလုံးကိုခြုံပြီး ဖဲ့ထားတယ်။ တချို့ကိုဆို နာမည်နဲ့တောင် ဖဲ့ထားတယ်။ ကန်ဒီအံ့သြသွားတယ်။ ဒီလိုဆိုဒ်မျိုးလည်း ရှိတယ်ပေါ့ ဆိုပြီး။ လူတယောက်နဲ့ တယောက် အကြိုက်ချင်းမတူနိုင်ဘူးဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါပေမယ့် သူတပါး ၀မ်းနည်းအောင် စိတ်မကောင်းဖြစ်အောင် အပင်ပန်းခံပြီးတောင် ရေးပြီးပိုစ့်တင်မယ်လို့ ကန်ဒီ မထင်ထားဘူးလေ။ နောက်ပိုအံ့သြသွားတာက သူ့ပိုစ့်အောက်မှာ ရေးတဲ့comment တွေက သူ့ကိုအားပေးထားကြတယ်။ ဒါနဲ့ ကန်ဒီစဉ်းစားမိတယ်။ ကန်ဒီ့ပိုစ့်တွေဖတ်မိပြီး ကန်ဒီ့ကို မုန်းနေတဲ့သူတွေလည်း ရှိနိုင်တာပဲလို့။ အကြောင်းရင်းတော့ ကန်ဒီနားမလည်ဘူး။ ဟိုရက်ပိုင်းကလည်း မမရိုစ့်ဆီ နှောင့်ယှက်တဲ့ comment တွေရတယ်ဆိုလို့ စိတ်မကောင်းဘူး။ ဘာလို့များ အဲ့လိုတွေလုပ်လဲဆိုတာ စဉ်းစားလို့ မရဘူး။ လူတိုင်းမှာ သူ့ခံယူချက်နဲ့ သူရှိတယ်လေ။ သူ့ဟာနဲ့သူတော့ မှန်နေတာပဲ။ ကိုယ်မကြိုက်လို့ သူမှားတယ်လို့ ပြောလို့မှ မရတာ။ ကန်ဒီဆို ကန်ဒီ့ဆိုဒ်မှာတင်တဲ့ ပုံတော်တော်များများကို ကန်ဒီရိုက်တာဖြစ်ချင်တယ်။ မတတ်သာမှ Google ကယူချင်တယ်။ အဲ့လိုပေါ့။ ဘလော့တစ်ခုနဲ့တစ်ခု ဖန်တီးထားပုံတွေကလည်း ရေးတဲ့သူရဲ့ ခံယူချက်ကိုလိုက်ပြီး ကွဲပြားမှာပဲလေ။ အဲ့လိုပဲ စာဖတ်တဲ့သူတွေမှာလည်း သူ့အကြိုက်နဲ့သူရှိတာပဲ။ ကဗျာတွေ၊ ၀တ္တုတိုတွေဖတ်ချင်တဲ့ သူကျတော့ ကန်ဒီ့ဆီဘယ်လာမလဲ။ ဒီလိုပေါ့။ အားလုံးသူ့ဟာနဲ့ သူမှန်နေကြတာချည်းပဲလေ။

ခုနကပြောသလို မကောင်းမြင်တဲ့လူကလည်း လူနည်းစုပဲဖြစ်မှာပါလေ။ မြန်မာအများစုက ကိုယ်ချင်းစာတရားထားတဲ့နေရာမှာ သူများထက်ပိုတယ်လို့ ကန်ဒီယုံတယ်။ ဟိုတလောက ကန်ဒီစိတ်ညစ်တော့ပဲ ကြည့်လေ။ ဘလော့မောင်နှမတွေ အပြင် comment မရေးဖူးတဲ့ သူတွေကပါ လာအားပေးသွားတော့ အရမ်းပျော်တယ်။ စိတ်သက်သာရာ ရတယ်။ မမ မဒိုးကန်ဆို ပိုစ့်လေးတောင် သီးသန့်ရေးပြီး အားပေးထားတယ်။ တကယ်အားရှိတာပါ။ အဲ့အချိန်မှာ ဒီဘလော့လေးရှိနေတာကိုပဲ ကျေးဇူးတင်မိတယ်။

**************************

ခုခရီး အရမ်းသွားချင်နေတယ်။ နီးနီးနားနား မလေးကို သွားမယ်ဆိုတော့လဲ သွားလို့ အဆင်မပြေဘူး။ ကန်ဒီ့အစ်မ၀မ်းကွဲကမလေးမှာ ရှိတယ်လေ။ သူ့ကို လာမယ်ပြောမလို့ စကားစရုံရှိသေးတယ်။ သူက နေမကောင်းဘူးတဲ့။ အလုပ်လည်း ရှုပ်နေတယ်တဲ့။ အဲ့ဒါနဲ့ ဆက်မပြောဖြစ်တော့ဘူး။ ကန်ဒီ့ သူငယ်ချင်းတွေမလေးသွားမှာ ဒီလကုန်.. ရန်ကုန်က Tour နဲ့ S$ 550 တဲ့။ ဈေးကြီးလားလို့။ ကန်ဒီလိုက်လို့လည်း မဖြစ်ပါဘူး။ အစ်မရှိရဲ့သားနဲ့ Tour နဲ့သွားရင် အိမ်ကပြောမှာပေါ့။ မလိုက်တော့ဘူးလို့ ငြင်းထားတယ်။ တကယ်တော့ သွားချင်နေတာ။

ဒီနေ့တောင် ကျောင်းကအပြန်ကားစောင့်ရင်းနဲ့ တခါမှမတွေ့ဘူးတဲ့ Singapore-Malaysia ဆိုတဲ့ ကားကြီးတွေ့သေးတယ်။ သွားချင်နေပါတယ်ဆို စိတ်ကိုလာဆွနေတယ် =.=

ခရီးဆိုလို့ ကန်ဒီ့ညီမ ရန်ကုန်ပြန်တုန်းက ပြင်ဦးလွင်သွားတယ်လေ။ အဲ့မှာ သူရိုက်လာခဲ့တဲ့ ပုံလေးတွေ အမှတ်တရတင်ဦးမယ်။ ကန်ဒီ့ပိုစ့်မှာ ဓာတ်ပုံမပါရင် စိတ်ထဲတစ်မျိုးကြီး :P

ညီမအလတ်...

ညီမအငယ်...

သူတို့ တ၀တပြဲ စားခဲ့သောက်ခဲ့ကြတယ်လေ..
ပုရစ်ကြော်က ကြောက်စရာကြီး.. စားရဲပါဘူး >.<

ပန်းကအပြာရောင်လေး.. လှလိုက်တာ ^_^

ပန်းခင်းကြီးပေါ့...

ကန်ဒီ ပြင်ဦးလွင်မြို့ကို အရမ်းကြိုက်တယ်။ အဲ့ဒီမြို့ကို အဓိကကြိုက်ရတဲ့အကြောင်းရင်းက ပန်းတွေကြောင့်။ ကန်ဒီပန်းအရမ်းချစ်တယ်။ ငယ်ငယ်တုန်းက အတန်းပိုင်ဆရာမကို နှင်းဆီပန်းလေးတွေဝယ်ပြီး ပေးတယ်။ ဆရာမခေါင်းမှာ ကန်ဒီပေးတဲ့ပန်းလေး ပန်ထားတာကို တနေ့လုံးကြည့်ပြီး ပျော်နေတတ်တာလေ။ ညနေကျ ဆရာမခေါင်းပေါ်က နှင်းဆီပန်းလေး ညှိုးသွားရင်ဝမ်းနည်းသလိုလို။ ဒါနဲ့ နောက်ပိုင်းကျတော့ နှင်းဆီပန်း မပေးတော့ဘူး။ သစ်ခွပန်းပေးတယ်။ သစ်ခွပန်းဆို ညနေရောက်လည်း မညှိုးလို့လေ။ ဒါလည်း စိတ္တဇတမျိုးပဲနော်။

သူပြန်လာတော့ ထုံးစံအတိုင်း ရန်ကုန်က စားစရာတွေပါလာတာပေါ့။ ကန်ဒီက ခုချက် ခုစားရတာကို ပိုကြိုက်တယ်။ အဲ့ဒါကြောင့် အမေ့ကို စားစရာအခြောက်တွေ သိပ်မထည့်ပေးနဲ့လို့ ပြောထားတယ်။ အဲ့တော့ ဘာထည့်ပေးလဲ သိလား။

ဟင်းအနှစ်တွေနဲ့ လက်ဖက်.. အားလုံးအဆင်သင့်..
ကန်ဒီ့ကို ကြက်သွန်တောင် ဆီမသတ်တတ်သေးဘူး ထင်နေလား မသိဘူး :P


နောက်ပြီး ဒီအင်္ကျီ။ အဲ့ဒါမျိုး ၄၊ ၅ ထည်လောက်ပါတယ်။ အိမ်မှာနေရင်း ၀တ်ဖို့တဲ့။ အိမ်မှာနေရင်း ၀တ်ဖို့များ တကူးတကအင်္ကျီစ၀ယ်ပြီး ချုပ်ပေးနေသေးတယ်။ ဒီလောက် ရယ်ဒီမိတ်တွေ ပေါနေတာကို >.<

အမေက သူချစ်တာကို လိုအပ်တာတွေဖြည့်ဆည်းပေးပြီး ဖော်ပြတတ်တယ်။ စကားလုံးတွေ အပြုအမူတွေနဲ့ မဖော်ပြတတ်ဘူး။ (ကန်ဒီ သူ့ဆီက အမွေရထားတာ အဲ့အကျင့်တွေလည်းပါတယ်။) တခါတလေ စကားလုံးနဲ့ ဂရုစိုက်တာမျိုးတွေ လိုချင်ပေမယ့် ခွဲနေရတဲ့ အချိန်မှာတော့ ဒီလိုမျိုး လိုတာလေးတွေ လုပ်ပေးတာနဲ့တင် မိဘမေတ္တာကို အများကြီးခံစားရပါတယ်။

ပိုစ့်က အရမ်းရှည်သွားပြီလား မသိဘူး...
အခု 1:33 AM
အားလုံးပဲ Good Night^^

27 comments:

လွင်ပြင်လှိုင်းငယ် said...

မလေးကိုလာရင် ကြိုပြောနော် ပုန်းနေ၇အောင်လို့ စတာပါ ဟီး

rose said...

Oh! Is that really such kind of website that criticize blogger. Just ignore them, little sis :)) Your mom is so loving. I want to eat LatPhet, it's quite long time I haven't eat.

ကိုရင် said...

အင်း..သွားစရာရှိရင် ဓါတ်လှေကား မသုံးပဲ အထပ်တွေကို လှေကားက လိုက်တက်ပါ..
စောစောထပြီး အပေါ်အောက်ကို ဆင်းလိုက်တက်လိုက် လုပ်ပါ..အစားထိုးတဲ့ သဘောပေါ့..နှစ်ရက်လောက် လုပ်ပြီးရင် သက်သာသွားလိမ့်မယ်.. :D

blackroze said...

မြန်မာချည်ထည်လေးတွေကို
ချုပ်ထားတဲ့အကျီလေးတွေကို
အရမ်းသဘောကျတယ်..
ဖာလူဒါခွက်ကြီးကကြည့်မိတာနဲ့တင်
သရေကျ၏

လမင်းငယ် said...

ဖတ်သွားတယ် ချိုချဉ်ရေ
ခရီးထွက်ချင်တာတော့မမနဲ့တူနေတယ် :P

camomilla said...

ပြင်ဦးလွင်ကိုတခါမှမရောက်ဖူးဘူး
သွားချင်လိုက်တာ။

မြတ်ကြည် said...

မိဘတွေက အဲလိုပဲ။ မြတ်ကြည် အမေလည်း ဟိုနေ့က ရေးကြီးသုတ်ပျာနဲ့ ဖုန်းဆက်တယ်။ လူကြုံနဲ့ ပရုတ်လုံးထည့်ပေးလိုက်တာ၊ သကြားလုံးထင်ပြီးစားပစ်မှာစိုးလို့တဲ့။ အဲဒါပဲ ကြည့်တော့

ညီရဲ said...

ပန်းခင်းကြီးသဘောကျတယ်...
ပြင်ဦးလွင်ကို မရောက်ဖူးသေးဘူး...
ပြန်မှ သွားလည်ဦးမယ်...

မဒမ်ကိုး said...

သွားရေအကျဆုံးက ပုရစ်အေ ..
(အကုသိုလ်တွေများထှာနော် )
ဒါနဲ့စကားမစပ် ညီမလေးတွေက လှတယ် သကြားလုံးလေးရဲ့း)

လွမ်းပိုင်ရှင် said...

ဗိုက်ဆာလိုက်ထှာ

Anonymous said...

ညီမလေးအမေက ညီမလေးကိုသိပ်ချစ်တာပဲနော်။ ကံကောင်းတဲ. ကန်ဒီလေးပဲ။

amayarko

သမီးစံ said...

ပုရစ်ကြော်.စားဖူးချင်တယ်
တခါမှ..မစားဘူးဖူးး)

ပျော်ရွှင်ပါစေကန်ဒီရေ

ခင်မင်စွာဖြင့်

ညိမ်းနိုင် said...

မလေးသွားချင်ရင်ပြော....မလေးကဘလော့ဂါတွေကသိပ်
သဘောကောင်းတာ...အစစအရာရာသူတို့ တာဝန်ယူလိမ့်
မယ်...၊ဖြိုးတို့၊ရဲထွန်းဇော်တို့၊ကိုရင်တို့ ပေါ့...၊ကောင်မ
လေးတွေလည်းရှိတယ်...ဘာမှမပူနဲ့ ပိုက်လည်းမကုန်
ဘူး၊ဒိုးကန်နဲ့သာ ဆက်သွယ်လိုက်ပါအေ....:)))။အင်း..
ညည်းပြောတဲ့ဘလော့ကို တစ်ခါရောက်ဖူးတယ်...ဟုတ်
ပါ့ဟာ....၊ဖတ်ပြီးစိတ်တော်တော်လေသွားတယ်...။

jasmine(တောင်ကြီး) said...

နောက်ကျသွားလို့နော်
မချစ်လို့မဟုတ်ပါ
ချစ်နေလို့သူများတွေကိုဦးစားပေးထားတာလေ
ဟိဟိ
စကားတွေတတ်နေတာ(မောင်သင်ပေးလို့)
တိုဟူးနွေးထင်တယ်စားခဲ့တယ်နော်
ကောင်းမှကောင်းပဲကွယ်
ချစ်ချစ်ခင်ခင် jasmine

mstint said...

ဆရာမခေါင်းပေါ်က နှင်းဆီပန်းလေး ညှိုးသွားရင်ဝမ်းနည်းသလိုလို ဖြစ်တယ်ဆိုတဲ့ ချိုချဉ်လေးရေ အဲဒီလောက် အသဲနုရသလားကွယ်
ညီမလေးတွေကအမနဲ့တူလို့ထင်တယ် ချစ်စရာလေးတွေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

chocolatecupidlay said...

ပုရစ်ကြီးတွေကကြီးလိုက်တာ..ရှလွှတ်...
ဖာလူဒါခွက်ကြီးရောပဲ..စားချင်စရာကြီး

ဟန်ကြည် said...

သွားစရာရှိတာသာသွားလိုက်ပါလေ...ပိုက်ပိုက်မနှမြောစမ်းပါနဲ့ အချိန်နဲ့ ဘ၀က ပြန်ရတော့တာမဟုတ်ဘူး...အသက်တစ်နှစ်ကြီးသွားရင် ခရီးချင်းတူပေမယ့် ခံစားချက်က တူမှာမဟုတ်တော့ဘူး...ဒီကြားထဲမှာ အိမ်ထောင်တွေကျပြီး ကလေးတိုးလို့တွဲလောင်းနဲ့ဆိုရင် ခရီးထွက်ဖို့ ပိုတောင်ဝေးသွားဦးမယ်...OK, Good တယ်ထင်ရင် Do သာ Do...

အိမ်မက်စေရာ said...

ကန်ဒီရေ ခုမှ ရောက်တယ်..
ဟုတ်တယ် အိမ်မက်လဲ ခံရတယ်.. အိမ်မက်ကို ပလိန်းကြီး လာပြောတယ် ဘာမှဗဟုသုတမရှိပဲ လျှေက်ရေးတယ်ပေါ့..သူတို့က အဆိုးမြင်တွေလေ.
ကန်ဒီပြောသလို ကန်ဒီရဲ့ ဘလော့လေးက ဓါတ်ပုံလေးတွေပါလို့ကို အိမ်မက်က ပိုသဘောကျတာ..
ခရီးသွားချင်တယ်ဆိုလို့ ကြွားလိုက်ဦးမယ်..အဟိ
အိမ်မက် ပြင်သစ်ရောက်ခဲ့တယ်..မနာလိုဖစ်နဲ့နော်
ချစ်တဲ့
အိမ်မက်

မောင်(စွယ်စုံကျမ်း) said...

ဖွားလေအန်တီ..သူငယ်ချင်းတယောက်က ပေးတဲ့ လင့်လေး ငါလည်းကြည့်ပီးပီသိလား ဖဲ့ချက်ကတော့
ကန်းကုန်တယ်နော်..စာမေးပွဲပြီးပြီဆိုတော..အေးဆေးနားလိုက်..တော်ကြာရူးသွားမှ..ဟိဟိ..ဖဲ့နေကြဆိုတော့..ဒါဘဲဟေ့

ပန်းချီ said...

အို..ရေးသာရေး...စာဖတ်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ စာမျိုးတွေထက်စာရင် ကိုယ့်ညီမရေးဟန်တွေက ပွင်းလင်းရိုးသားမှုကိုမြင်ရလို့ ကြိုက်တယ်း)

မလေးသွားချင်ရင်လက်တို့လိုက် ကလေးရေ။ လိုက်ပို့ပေးမယ်။ စနေ၊တနင်္ဂနွေနေ့ဖြစ်ရင်ရပြီ။ အစ်မဝမ်းကွဲရှိုလို့နေစရာ ဖရီးနော်...းD

ကိုကိုမောင်(ပန်းရနံ့) said...

သိပါဘူး။ ကားပုံကြီးမြင်တော့ ကန်ဒီတစ်ယောက်တော့ ခရီးထွက်ရောပေါ့လို့ ထင်နေတာ။ ဘယ်ဟုတ်မလဲ။ သွားချင်လွန်းလို့ သွားရည်ကျပြီး ရိုက်ထားတာကိုးးးး။
ပုံလေးတွေ ကြည့်ကောင်းတယ်။ လူလှမျိုးလေးတွေနော်။း)

thu ma said...

ကန်ဒီတို့ ညီမတွေက အကုန်လုံးအချောလေးတွေ ..
ပုရစ်ကြော်တွေ စားချင်တယ်။ လ္ဘက်ဗူးကြီးကလည်း သားရေကျအောင် မြူဆွယ်နေသလိုပဲ :)))

8Yar said...

မနေ့က အချိန်မရလို့ ဒီနေ့မှ လာမန့်ရတယ် Candy ရေ။ Candy ပြောတဲ့ ဆိုက်လို့မျိုး ဟိုးအရင်တုန်းက 8Yar တစ်ခါရောက်သွားဖူးတယ်။ အခုတို့ မမှတ်မိတော့ဘူး။ :P အဲဒီလိုဆိုက်တွေအတွက် စိတ်အညစ်မခံပါနဲ့လို့ပြောပါရစေ။ ခရီးသွားချင်တယ်ဆိုရင်
http://deal.com.sg/deals/singapore
http://www.streetdeal.sg/
ကနေရှာသွားလိုက် ကျွန်တော်လည်းလာမဲ့ 25th Dec မှာ 2D 1N Batam ခရီးစဉ်ဝယ်ထားပြီးပါပြီ။ ခရီးသွားခြင်းကစိတ်ကို relax ဖြစ်စေတာကြောင့် ကျွန်တော်တော့အားပေးတယ်။ စာမေးပွဲပြီးပြီဆိုတော့ Post များများတင်ဗျာနော့... :P

June Moe said...

ပထမဆုံးကြိမ် လာရောက်လည်ခြင်းပါ။
လင့် ယူသွားတယ်နော်.. ညကျ ချိတ်လိုက်မယ်.. :)

ခင်လျက်
Junemoe

မိုးဇက် said...

တိန် ၊ ကလူကလူ ၊ အောက်ဆုံးပုံက လိပ်ပြာလန့်သွားလို့ ပြန်ခေါ်ရတယ်မနဲ ၊ :P

နွေတေးရှင် (မင်းဧရာ) said...

ကန်ဒီ ရေ......
ဒီနေ့တော့ ပုံတွေက ကြည့်လို့ကို မရဘူးဖြစ်နေတယ်
အကိုလည်း ဘလောက်ဒ် တွေကို မလည်ဖြစ်တာကြာသွားပြီ ကျန်းမာရေးကြောင့်ပါ။

ဒါနဲ့ ဘလောက်ဒ်ဂါ တွေကိုဖဲ့ထားတယ် ဆိုတဲ့ လင့် လေးအကို့ကိုပေးပါလား သွားကြည့်ချင်လို့ပါ။

ဘယ်သူတွေဘာပြောပြောပေါ့ စာရေးခြင်းစာဖတ်ခြင်းဆိုတာ အကိုတို့အတွက် အကောင်းဆုံးအလုပ်တစ်ခုပါ ဒါကြောင့်ဆက်ရေးပါ ဆက်ဖတ်ပါ ရေးရင်ရေးသလောက် ဖတ်ရင်ဖတ်သလောက် အကိုတို့အပေါ်ကို ဒီစာပေက အကျိုးသက်ရောက်ပါလိပ်မယ်။

တွတ်တွတ် said...

တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ..ဒီနေ့မှ blogger အကြောင်းတတ်သလောက်ရေးမလို့ပါပဲ..ကျွန်တော်ကတော့ သူများကို ဖဲ့မဲ့အစား ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲအတွေ့အကြုံလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်တဲ့လူ ပြုံးအောင်ပဲရေးမှာပါဗျာ...အဲထဲမှာ ကန်ရဲ့ ဘလော့အကြောင်းပါရင် စိတ်မဆိုးရဖူးနော်...:)