မနေ့က အိမ်မှာမနေချင်တာနဲ့ ညနေလောက်ရောက်တော့ Bugis သွားတယ်။ တလလုံးလုံး အိမ်ကပ်နေရတာ ပျင်းလာလို့လေ။ ထုံးစံအတိုင်း တစ်ယောက်တည်းပေါ့။ ဖိနပ်လည်း ၀ယ်စရာရှိတယ်.. နောက်ပြီး Christmas အတွက် ပြင်ဆင်နေတာလေးတွေလည်း ကြည့်ချင်လို့။
Bugis Junction မှာ... အဲ့ဒါကြီးနဲ့ တွဲရိုက်မယ် :D
လက်ထဲကရေခဲမုန့်အရင်ကုန်အောင် စားလိုက်ဦးမယ်နော်...
Candy ၏ ရိုက်ချက်.. အနောက်ကဟာလည်း မပါဘူး.. လူလည်း နှာခေါင်းပြတ်နေတယ် >.<
ရပြီကွ... :D :D
BHG မှာလည်း Sale တွေချနေတယ်.. ၀ယ်စရာရှိရင်ဝယ်ကြပါ...
လိုအပ်တာတွေ ၀ယ်ပြီးတော့ City Hall ဆက်သွားတယ်။ အဲ့မှာ ညစာစားတယ်။ 1818(ဖုန်းကတ်) ၀ယ်တယ်။ နံနံပင်ဝယ်တယ် (ဟိုနေ့က ကာလသားဟင်းချက်စားမလို့ အားလုံးဝယ်ပြီးမှ နံနံပင်မေ့ခဲ့လို့ မချက်ရသေးဘူးလေ)။ City Hall မှာလည်း Christmas Tree လေးတစ်ပင်တွေ့တယ်။ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ City Hall မှာဆို အတတ်နိုင်ဆုံး ဘာမှမလုပ်ဘူး။ မြန်မာများတယ်လေ။ ဘာလို့လဲတော့ မသိဘူး။ မြန်မာတွေက စလုံးတွေထက် ပိုဂရုစိုက်တတ်လားလို့.. ဘယ်လိုပြောရမလဲ.. ကန်ဒီတခြားနေရာမှာ ဘာလုပ်လုပ် ဘယ်သူမှ ဂရုစိုက်ကြည့်မနေဘူး။ သူတို့ဟာသူတို့လုပ်စရာရှိတာ လုပ်နေတာ။ City Hall ရောက်ရင်မရဘူး။ ကိုယ့်ဟာကိုယ် ပုံမှန်ရုပ်တည်နဲ့နေရင်တောင် စချင်နေကြတာ။ မိန်းကလေးတိုင်း အဲ့လိုပဲ အစခံရလားဟင်? ဟိုတလောကလည်း ကန်ဒီဝယ်စရာရှိတာ ၀ယ်နေတာ အပေါ်ထပ်ဆိုင်မှာ။ အဲ့ဒါ ကန်ဒီ့လိုပဲ ဈေးဝယ်နေတဲ့ လူနှစ်ယောက်က သူတို့ဟာသူတို့စကားပြောနေရာကနေ ကန်ဒီလည်းလာရော "ပြုတ်ကျသွားပြီတဲ့" ကန်ဒီက တကယ်တစ်ခုခုပြုတ်ကျတယ်ထင်လို့ လိုက်ရှာနေတာ (သူတို့ကလည်း ရုပ်တည်ကြီးနဲ့ကို)။ နောက်တော်တော်ကြာမှ "စိတ်ဓာတ်" တဲ့။ ဘယ်လောက်အမြင်ကတ်ဖို့ကောင်းလဲ >.<
ဒီနေရာက တရားဟောတဲ့နေရာလေ.. ရှိတာ သိပ်မကြာသေးဘူး.. အရင် Clementi ကျောင်းနားမှာပဲ...
ဒီနေ့မနက်ကျတော့ အာရုဏ်ဆွမ်း သွားကူတယ်လေ။ Clementi ဘုန်းကြီးကျောင်းမှာ။ ဖက်ထုပ်ပြုတ်ကျွေးတာ။ နောက်ပြီး ကောက်ညှင်းပေါင်း။ သရေယိုကုန်ပြီလား.. ဟဲဟဲ
ဘုန်းကြီးကျောင်းသွားတော့ အဖွားကြီးစတိုင်လ်ပေါ့ :P
ကြာပန်းတွေ...
အာရုဏ်ဆွမ်းကပ်တဲ့သူက နှစ်ဖွဲ့ဖြစ်သွားလို့ လူတွေများနေတာလေ.. (နောက်မှာကြည့်ရန်)
စကားမစပ် ဇာတ်လမ်းကောင်းလေးတစ်ခု ပြောပြမလို့။ အမှန်အတိုင်းပြောရရင် ကန်ဒီမြန်မာကားကို ဘယ်တော့မှပြီးအောင် မကြည့်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းအလယ်လောက်ရောက်ရင် ဘာဖြစ်မယ်ဆိုတာ သိနေတာလေ။ ဒီကားကတော့ မြန်မာကားထဲမှာ ကန်ဒီအကြိုက်ဆုံးကားလို့ ပြောလို့ရတယ်။ ဇာတ်လမ်းနာမည်က "အငြိတစ်ချက်မှာ အသက်ပါသွားတယ်" မင်းသမီးက ဖွေးဖွေးနဲ့ ခိုင်သင်းကြည်.. မင်းသားက ခန့်စည်သူ။ အရမ်း အရမ်းကောင်းတယ်။ အပြင်မှာလည်း တကယ်ဖြစ်နိုင်ချေရှိတယ်။ ဖွေးဖွေးသရုပ်ဆောင်ထားတာ အရမ်းမိုက်တယ်။ မြန်မာသရုပ်ဆောင်ထဲမှာဆို ရဲတိုက်နဲ့ ဖွေးဖွေးကိုကြိုက်တယ်။ ဇာတ်လမ်းအကြောင်းကို မပြောပြတော့ဘူး။ ကြည့်မယ့်သူတွေ အရသာပျက်သွားမှာစိုးလို့။
တာ့တာ ^_~
25 comments:
အင်း တကယ်ကို စုံစီနဖာ ပဲရော ....
မောင်ဘုန်း
အမချိုချဉ်သီချင်းနားထောင်တွားဒယ်နော်
ရော ဒီကော်မလေးအတော်ဓာတ်ပုံရိုက်ထှာဝါတနာပါတယ်နော် စုံစိနေတာပဲ ဟိ
သီချင်းနားထောင်ချင်ထှာ....မရဘူးး(
စုံစီနဖာလေး ဖတ် ကြည့် နားထောင် သွားပါတယ်
ညီမတော်
ပုံတွေကြည့်ပြီးသီချင်းလေး
နားထောင်ခဲ့ပါတယ်
ချစ်ချစ်ခင်ခင် jasmine
လူမြင်ရတာနဲ့တင်ချစ်စရာကောင်းနေပီ။ ဘာမှ ရေးစရာမလို..ဆိုစရာမလို. ထိုင်နေတဲ့ပု့လေးသိတ်ချစ်စရာကော်င်းတယ်။
အောချက်လမ်းမကြီးမှာသိပ်လှတယ်....။
တချို့က ပန်နစူလာကို မြန်မာများလို့မသွားကြဘူး၊အရင်
ကတော့ အဲ့လိုကြားရင် စိတ်ဆိုးတယ်...၊ခုကြတော့ အဲ့လို
ပြောလည်းပြောချင်စရာလို့ထင်လာတယ်၊ဟုတ်တယ်
တချို့တွေက လိုတာထက်ပိုပြီး ဂရုစိုက်ကြသလို၊လိုတာ
ထက်ပိုပြီး နှမချင်းမစာမနာနောက်ချင်ကြတယ်...ဟူးးးး
ပုံတွေကြည့်သွားပါတယ် ဖွားလေးအန်တီ
လျောက်သွားနေတယ်ပေါ့လေ ဟုတ်လား..
မိန်းကလေးကို စ-တယ် နောက်-တယ်ဆိုတာ မိန်းကလေးရဲ့ ကာယိနြေ္ဒပျက်အောင် နှောင့်ယှက်ရာရောက်တာမို့ ဘယ်ဂုဏ်သရေရှိ အမျိုးကောင်းသားမှ မလုပ်ပါ...ကိုယ့်သမိုင်းကိုယ် ရေးကြရတာမို့ ကိုယ်လုပ်စရာရှိတာကိုပဲ တည်တည်တံ့တံ့နဲ့ လုပ်ပြီး အဲဒီသကောင့်သားတွေကို ဥပေက္ခာပြုထားတာအကောင်းဆုံးပေါ့ ငပေါမလေးရယ်...
လာဖတ်လာကြည့်သွားပါတယ် ချိုချဉ်လေးရေ
ဟီဟီပျော်လိုက်တာ....
စာတွေကိုဖတ်လို့ရပြီး ဓါတ်ပုံတွေကို မမြင်ရလို့(လိုင်းမကောင်းလို့ထင်တယ်)ဒီနေ့ညတော့ အိပ်မက်ဆိုးတွေမက်မှာ မဟုတ်တော့ဘူး)))ဝ
ခင်လို့စတာနော် ပျော်ရွှင်ပါစေဗျာ။
ဘယ်အချိန်ကြည့်ကြည့်ချစ်ဖို့ကောင်းနေတဲ့ ညီမလေး ချိုချဉ်က ဓာတ်ပုံရိုက်ဝါသနာပါတာတင်မကဘူး အဆိုလဲဝါသနာပါတာကိုး
နားထောင်သွားတယ် အသံလေးမဆိုးပါဘူး..
ဘာကိုကြည့်ပြီး ဘာကိုပြော၇မှန်းတောင်မသိတော့ဘူး..မချိုမချဉ်လေးေ၇
ချစ်စရာဓါတ်ပုံလေးတွေလာချောင်းတွားတယ်
ချစ်ညလေးရေ...
အဘွားအိုပုံလေးက အလှဆုံး။
အသံလေးလဲ အားပေးသွားပါတယ်။
သူကကိုယ့်ထက်အကြံဦးသွားတယ်
သွားတော့သွားတယ်အေ မိုးကရွာနေတော့ ချမ်းတာနဲ့ရိုက်တော့ဘူး
ဘာတွေဝယ်လာမှန်းမသိတော့မတင်ရဲဘူးအေ
ကိုရင်ရိုက်မှာဆိုးလို့ ကျုပ်တို့ကစာရင်းပြရတယ်အေး)
ကန်ဒီကတော့ ဒိုးပေါ့လေ၊ ဒီမှာပြီးခါနီးမှ ဘယ်ကနေဘယ်လို လုပ်စရာတွေပုံကျလာလည်း မသိပါဘူး။ ဗျဲ
မဒိုးကတီတင့်ကို တင့်တင့်ခွာနီးတဲ့။
တီတင့်က ချိုချဉ်လေးကို 'ကန်ဒီခွာနီး' လို့
အမည်ပေးခဲ့ပြီနော်း) ဓာတ်ပုံတွေအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စာမေးပွဲ ပြီးတော့ ခုလိုလေး လျှောက်သွားလိုက်တော့ ကောင်းတာပေါ့...
စိတ်ပင်ပန်းထားတာတွေ ပျောက်သွားတာပေါ့...
ဒိုးသာဒိုး ညီမတော်...
ဖတ်ရတာမောသွားတာပဲ။ ဖတ်ရင်းလူက Bugis ရောက်သွားလိုက်၊ City Hall ရောက်သွားလိုက်၊ ဘုန်းကြီးကျောင်းရောက်သွားလိုက်နဲ့ ဟီး... နောက်ဆုံးကြမှနင်သွားတယ် ရုံးကနေဖတ်နေတာဆိုတော့ ဘယ်ကစပီကာနဲ့ နားထောင်ရမှာတုန်း X-( အခုထက်ထိတော့ အိပ်ယာတို့ ကံကောင်းနေတုန်း Candy အသံနဲ့ နှိပ်စက်တာမခံရသေးဘူး။ :P
ကန်ဒီနဲ့တူနေပြန်ပြီ... မဗေဒါလဲ ဟိုနေ့ က ဖိနပ်ဝယ်ချင်လို့ Vivo city သွားပြီး ဒီကိုရေးရှင်းတွေကိုပဲ ဓာတ်ပုံရိုက်ပြီး ပြန်လာဖြစ်တယ်... ဖိနပ်ရော ၀ယ်ဖြစ်လား... မဗေဒါတော့ မ၀ယ်ဖြစ်ဘူး...
သီချင်းလေး အိမ်ပြန်ရောက်မှပဲ နားထောင်တော့မယ်နော်...
ဟီးးးးညီမရေ..အကိုပဥာက် ခွင့်တောင်းချင်လို့..အီစီကလိ..ဆိုတဲ့ပို့စ်လေးကို ကြိုတ်လို့..အကိုဝင်ထားတဲ့ တခြားနိုင်ဆိုဒ်တွေထဲမှာ
ဖော်ပြချင်ပါတယ်..ညီမဆိုဒ်ရောညီမနာမည်ရောဖော်ပြပေးပါ့မယ်..ညီမဆိုဒ်လည်း လူသိများတာပေါ့..အင်တာနတ်မှာ အချိန်ဖြုန်းနေတဲ့
သူတွေ ကိုယ်ဘာလည်းဆိုတာ သိစေချင်လို့လေ..အဆင်ပြေရင်ပေါ့..ဘယ်ကဘယ်လိုဆတ်သွယ်၇မှန်းမသိလို့..ဒီကပဲစာပို့လိုက်တယ်..။အကြောင်းပြန်ဖို့ အကိုဆိုဒ်ထဲမှာ အကိုကောင့်ရှိတယ်..။အချိန်ရရင် စာပြန်ပေးပါဦး။။။ပျော်ရွှင်ပါစေ ညီမ..
အော စူ့ခင်ဂျာ အဖော်မဲ့တစ်ယောက်ထဲ ကိုကို လာခဲ့ရမလား
Post a Comment