Thursday, December 15, 2011

အီစီကလီ


အိုကေ.. ဒီနေ့ပြောမှာက လူငယ်တွေကြားမှာ အလွန့်အလွန်မှ ရေပန်းစားလှတဲ့ အီစီကလီ (ခေါ်) ကျူခြင်း (ခေါ်) စမာခြင်း...

အားလုံးကတော့ ထင်မှာပဲ။ ကန်ဒီတယောက် ဒီအကြောင်းရေးမယ်ဆိုတော့ သူတော်တော်နားလည်လို့များလားလို့။ ဟဟဟ.. တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ စမာတယ်ဆိုတဲ့စကားတောင် ဟိုတလောကမှ သူငယ်ချင်းတယောက်ပြောပြောနေလို့ ကြားဖူးတာ။ မြန်မာဗန်းစကားတွေကလည်း များသား။ တခါကလည်း သူငယ်ချင်းတစ်ယောက်ပြောတာ "သူက ပွမ်တယ်.." တဲ့။ ကန်ဒီနားလည်တဲ့ ပွမ်တယ်ဆိုတာက နားညည်းတယ်.. နားပူနားဆာလုပ်တယ်.. ပွစိပွစိလုပ်တယ်ပေါ့။ သူဆိုလိုချင်တာက ပွမ်တယ်ဆိုတာ ရွတာ.. ကဲတာတဲ့.. ဟဟဟ အဲ့ဒါသာ ကြည့်တော့ xD

ဒါနဲ့ ပြောနေတာဘယ်ရောက်သွားပြီလဲ? အင်း.. ကျူတယ် (အဲ့လို စာလုံးပေါင်းတာလား @_@).. အီတယ်ဆိုတာကို ကန်ဒီနားလည်ထားတာက တကယ်မဟုတ်ပဲ တကယ်မချစ်ဘဲနဲ့ ရည်းစားမကျ ဘာမကျစကားတွေပြော ဖုန်းတွေပြော ချက်တင်တွေထိုင်တာပါ။ ပထမဆုံး ကန်ဒီမေးချင်တာက ကျူတာကောင်းတယ်လို့ ထင်လား? ကန်ဒီကတော့ တော်တော်မကောင်းဘူးလို့ ထင်တယ်။ တဖက်လူက ကျူနေပေမယ့် နောက်လူက တကယ်ကြီးထင်ခဲ့ရင် ဘယ်လိုလုပ်မလဲ? တဖက်သားနစ်နာပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူလည်း မဟုတ်ဘဲနဲ့ ဘာလို့သူ့ကိုအချိန်ပေးနေမှာလဲ။ ကိုယ်တကယ်ချစ်တဲ့သူမို့ ကြိုးစားနေတာကို ကန်ဒီမဆိုလိုပါဘူး။ ခုခေတ်မှာ ကျူတာတော်တော်ရေပန်းစားတယ်။ ဘယ်လောက်တောင်လဲဆို ကျူနေရတာကိုတောင် ဂုဏ်ယူပြီးပြောနေတဲ့သူတွေ ကန်ဒီ့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရလို့ပါ။ ယောက်ျားလေးတွေလည်း ကျူတယ်။ မိန်းကလေးတွေလည်း ကျူတယ်။ အဲ့ဒီအတွက် ခံရတာက ကျူတာကိုမသိတဲ့ တဖက်လူတွေပါ။

စဉ်းစားကြည့်လေ... တဖက်လူက ရင်ထဲကမပါဘဲ ပါးစပ်ထဲရှိရာပြောနေတဲ့စကားတွေကို နောက်လူက တကယ်ကြီးတွေထင်ပြီး အပျော်ကြီးပျော်နေရအောင် တန်လို့လား? အဲတော့ အရေးကြီးတာက ကိုယ့်ကိုကျူနေမှန်း သိဖို့ပါ။ မသိပဲ သူပြောတာတွေယုံစားမိရင်တော့ သွားပြီပဲ။ Chat room တွေကတော့ ကျူတဲ့သူတွေရဲ့ အဓိက ကျက်စားရာပေါ့။ ဒါပေမယ့် အပြင်မှာ ကျူတာတွေလည်း အများကြီးပါ။

ဒါတွေပြောနေလို့ ကန်ဒီကို ဆရာကြီးလို့ မထင်ပါနဲ့။ ကျူလို့ကျူမှန်း ချက်ချင်းမသိတဲ့အထဲမှာ ကန်ဒီလည်းပါခဲ့တယ်။ ကန်ဒီ့ကို အင်တာနက်က ပထမဆုံးကွင်းကွင်းကွက်ကွက်ပြလိုက်တာ အဲ့ဒီကျူတာတွေပေါ့။ ကန်ဒီတက္ကသိုလ်ဒုတိယနှစ်လောက်က အမေက အိမ်မှာအင်တာနက်ဆင်ပေးတယ်။ ဆင်ပေးတဲ့သူကလည်း MIRC chat room လား ဘာလား အဲ့ဒါတွေထည့်ပေးသွားတယ်။ အဲ့ဒီမှာတင် အင်တာနက်မှာ ဒီလိုတွေ ရှိပါလားဆိုတာ ကန်ဒီကောင်းကောင်းကြီးနားလည်လိုက်တယ်။ ကန်ဒီ သင်ခန်းစာအများကြီးရလိုက်တယ်။ ကန်ဒီစိတ်ရင်းနဲ့ ခင်သလောက် လူတွေကကန်ဒီ့ကို တကယ်ခင်ကြတာမဟုတ်ဘူးလေ။ တချို့ကအကောင့် ၂ခု နာမည် ၂ခုနဲ့ လူကိုလာချက်ပြီး အရူးလုပ်နေကြတယ်။ အဲ့အချိန်ကစပြီး ဘယ်တော့မှ Public chat room မ၀င်တော့ဘူး။ Gtalk မှာလည်း သိမယ်ထင်တဲ့သူပဲ လက်ခံတယ်။ ဖေ့ဘွတ်မှာလည်း အဲ့လိုပဲ။

ဒီနောက်ပိုင်း Gtalk မှာလာအပ်တဲ့ သူတချို့ကို ကန်ဒီ့ဆီ လာလာလည်နေတဲ့သူတွေများ ဖြစ်နေမလားဆိုပြီး လက်ခံဖြစ်တယ်။ ဟိုနေ့ကပဲ စကားလာပြောတော့ ကောင်းကောင်းပြန်ပြောတာပေါ့။ နောက်တော့ သူကမေးတယ်။ Boy or Girl တဲ့... တော်တော်ရီချင်သွားတယ်။ candy ဆိုတာ Boy ဖြစ်နိုင်လား.. khine ဆိုတာကလည်း မိန်းကလေးဖြစ်ဖို့များတာပဲ.. ကန်ဒီလည်း အမြင်ကတ်လို့ Boy လို့ ဖြေလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး စကားလာမပြောတော့ဘူး။ မျိုးတူရင် တွန်းကန်တဲ့သဘောရှိတယ်ထင်တယ်နော် ဟဟဟ... ရီတော့ရီရတယ်။ ကိုယ်ချက်တဲ့သူရဲ့ နာမည်တောင် မကြည့်ဘူးလား မသိဘူး =.="

ကန်ဒီက လူတိုင်းကို လေးလေးနက်နက် ခင်သလောက် သူများက ပေါ့ပျက်ပျက်နိုင်ကြတာများတယ်။ ကန်ဒီ့ကို လာကျူတာတော့ ရှားပါတယ်။ ကိုယ်ကလည်း သိတဲ့သူလောက် လက်ခံတာဆိုတော့။ လာလာကျူကြလို့ စိတ်ညစ်တယ် စိတ်ညစ်တယ်နဲ့ သူငယ်ချင်းတစ်ယောက်က ညည်းတယ်။ ညည်းတာလား ကြွားတာလားတော့ မသိဘူး (အမှန်တွေ ပြောမိရင်သည်းခံပါ :P)။ အဲ့လိုအကျူမခံချင်တာများ လွယ်လွန်းလို့.. Profile picture တွေကို Couple ပုံတင်လိုက်.. ဒါမှမဟုတ် Cartoon ပုံတင်လိုက်.. လို့ အကြံပေးလိုက်တယ်။ ဒီလိုကျတော့လည်း မလုပ်ချင်ဘူး။ အဲ့ဒါဘာဖြစ်တာလဲ နားကိုမလည်ဘူး >.<

အင်တာနက်မှာကျူတာကို ဒီမှာတင်ရပ်ပြီး အပြင်လောကမှာ ကျူတာကိုနည်းနည်းပြောရအောင်။ အပြင်လောကမှာလည်း တော်တော်ကြောက်စရာကောင်းတဲ့ သူတွေရှိပါတယ်။

ကောင်မလေးတစ်ယောက်မှာ ချစ်သူရှိတယ်။ ချစ်သူနဲ့ ခဏခွဲနေရတဲ့ အနေအထားပေါ့။ အဲ့ဒီလူက အဲဒီ့ကောင်မလေးရဲ့ သူငယ်ချင်းရဲ့သူငယ်ချင်းဆိုတော့ သူငယ်ချင်းပဲပေါ့။ ဖေ့ဘွတ်မှာလာအပ်တော့ ကောင်မလေးက Accept လိုက်တယ်။ ချစ်သူရှိတယ်လားမေးတော့ ကောင်မလေးက အင်း.. ရှိတယ်ပေါ့။ နောက်တော့ အဲ့ဒီလူက ကောင်မလေးကို ရည်းစားစကားပြောတယ်။ ကန်ဒီ ဒါကိုမှားတယ် မဆိုလိုပါဘူး။ လူတိုင်းမှာ ချစ်ပိုင်ခွင့်ရှိတယ်။ ချစ်တာကိုလည်း ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ကောင်မလေးချစ်တာ မချစ်တာ လက်မခံနိုင်တာ သူ့အပိုင်းပဲလေ။ ကောင်မလေးက မဖြစ်နိုင်ပါဘူး.. သူ့မှာ ချစ်သူရှိပါတယ်ပြောတော့ အဲ့လူက မျက်နှာပြောင်တိုက်ပြီး ကောင်မလေးကို ဘာပြောတယ်ထင်လဲ.. ကောင်မလေးချစ်သူမရှိတဲ့အချိန်လေးပဲ သူ့နားနေပေးပါတဲ့။ ကောင်မလေးချစ်သူပြန်လာရင် သူထွက်သွားပေးမယ်တဲ့။ ဒါကောင်မလေးကို အထင်သေးတာပဲ။ ကောင်မလေးအဆင့်က ဘယ်ရောက်သွားမလဲ စဉ်းစားသာကြည့်တော့။ အဲ့အချိန်ကစပြီး ကောင်မလေးလည်း အဲ့ဒီလူကို သိပ်မခေါ်မပြောတော့ဘူး။ နောက်ပိုင်း ကောင်မလေးကြားရတာက အဲ့လူက တော်တော်ရှုပ်ဆိုပဲ။ မိန်းကလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက်တွဲတယ်တဲ့။ ကန်ဒီ ပြောချင်တာက အဲ့ကောင်မလေးနေရာမှာ တခြားရည်းစားမရှိတဲ့ မိန်ကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်... သူပြောတာတွေထဲမှာ အရည်ပျော်ပြီး သူနဲ့ကြိုက်မိမယ်ဆိုရင် မတွေးရဲစရာပဲလေ။ ဒါပေမယ့် တကယ်ကိုယ့်အပေါ်အလေးထားတာနဲ့ မထားတာတော့ သိသာပါတယ်။

နောက်တစ်ခုက မိန်းကလေးတွေကလည်း မကြိုက်နိုင်ရင် မကြိုက်နိုင်ဘူး တည့်တည့်မပြောပဲ မျှော်လင့်ချက်တွေပေးပြီး အီနေတဲ့ကိစ္စပါ။ တကယ်တော့ အဲ့လိုလုပ်တာ သူများကို ဒုက္ခပေးရာရောက်တယ်။ မချစ်နိုင်ရင် မချစ်နိုင်ဘူးပြောပေါ့။ သူလည်း အချိန်မကုန်ဘူး။ ကိုယ်လည်း အချိန်မကုန်ဘူး။ အဲ့လိုအီတဲ့လူတွေ အများကြီးနဲ့ လုံးလည်လိုက်နေတဲ့ မိန်းကလေးတွေ တွေ့ဖူးတယ်။ အဲ့လိုတွေလုပ်နေတော့ ကိုယ်ပဲသိက္ခာကျတယ်... လူပြောစရာဖြစ်တယ်လေ။

ဒီပိုစ့်ရေးလို့များ ကန်ဒီ့ကိုမုန်းကြမလား? ဒါကန်ဒီ့အမြင်သက်သက်ပါ။ အကြောင်းတိုက်ဆိုင်သွားရင် အားလုံးပဲ အမိုက်အမဲလေးကို ခွင့်လွှတ်ပါလို့ ^_~

33 comments:

MG THANT said...

ဗိုက်ဆာနေတယ်... ဘာစားရရင် ကောင်းမလဲ...
ဒါနဲ့ MIRC Chat Room တုန်းက တော်တော် ပျော်စရာကောင်းခဲ့တယ်။ ကြူမိတာတော့ အများကြီးပဲ...
အတည်ကြူတာပါ။ :D

မဒမ်ကိုး said...

ပြောရရင်လား အရှည်ကြီးပေါ့ သကြားလုံးလေးရယ် ဟင်းဟင်းဟင်း ပြောချင်ပေါင် ပြောချင်ပေါင်
အဘွားကြီးလို့ပြောတာတောင် အိမ်ထောင်ရှိပါတယ်ဆိုတာတောင် အန်တီလို့ခေါ်ကျူတဲ့သူရှိသေးဟ
မီးမီးကြောက်ကြောက်ပါ မမသကြားလုံးရယ်
ခေတ်ကလေးများ တို့အဘွားကြီးတွေလိုက်မမှီဘူးကွဲ့း)

chocolatecupidlay said...

ပိာပိာစ်
အမှန်တွေသိပ်ပြောလွန်းနေပြီ

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တာ ညီမလေးရယ် အကိုဆို နာမည်က မိန်းခလေးဆန်နေလို့လားမသိဘူး ကောင်းလေးတွေက
လာအက်ပြီးကျူတာ ယောက်ျားလေးပါလို့ပြောရင်တောင်မယုံဘူး အသံကြားရမှတဲ့ ယောက်ျားလေးမှန်းသိသွားတော့ ဘလော့သွားတယ် ရီရတယ်နော်....

ချယ်ရီမြေ said...

ယနေ့ခေတ် ညီငယ် ညီမငယ်တွေနဲ့၊ စမ်းတ၀ါးဝါး အင်တာနက်ချက်တင်သမားတွေအတွက် တကယ်ဖတ်သင့်တဲ့ဆောင်းပါးတစ်ပုဒ်ပါ ကန်ဒီရေ..။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဘိုဖြူ said...

ဟုတ်တာတွေမှန်တာတွေများများသာရေးနော်
အဲတာတွေဖတ်လို့ကောင်းတယ်

8Yar said...

ဟား ဟား ဟား ဟား... Candy အမှန်တွေချည့်ပဲပြောတယ် ဟုတ်တယ်ဗျာ ကျူတာကိုတော့အားမပေးဘူး။ တစ်ဖက်က ချစ်သူရှိနေပြီဆိုရင် လူသားပီပီ နောက်ဆုတ်ပေးသင့်တယ်။ အခုခေတ်လူငယ်တွေက အီစကလီနဲ့ သူငယ်ချင်း မကွဲသလို၊ ချစ်သူနဲ့ အီစကလီ မခွဲခြားတတ်ဘူးလို့ ထင်ပါတယ်။ သားကတော့ လူကြီးဖြစ်သွားပြီလို့ မေမေကပြောလို့ လူငယ်ဟုတ်တော့ဘူး။ ဟိဟိ.. :P

jasmine(တောင်ကြီး) said...

ဟုတ်ပါ့ဟယ်
အီစီကလီကတော့
မြန်မာပြည်မှာ ကတဲကကြားဖူးခဲ့တာပါ
ကျန်တာတွေတော့ မလေးရှားရောက်မှသိတာ

မြတ်ကြည် said...

ငယ်ငယ်က အီလွန်းလို့ သူငယ်ချင်းတွေက ၁၃နှစ်သမီးလို့ ခေါ်ကြတယ်။ မြန်မာပြည်အနှံ့လေ။ ရင့်ကျက်လာတော့ ငြိမ်သွားပါပြီ။ အကြံပေးပဲလုပ်တော့တယ်။ :P

အိမ်မက်စေရာ said...

ကန်ဒီရေ ကောင်းတယ် ဒါမျိုးတွေ အိမ်မက်လဲ မုန်းတယ်.. ကန်ဒီပြောသလို အိမ်မက်လဲ profile မှာ အတွဲပုံတင်ထားတာအေးရော .. မုန်းတယ် ဘယ်လိုပြောရမှန်းမသိအောင်မုန်းတာ ကိုယ့်မှာ ချစ်သူရှိရက်နဲ့ တခြားကောင်မလေးနဲ့ အပျော်ပါဆိုပြီးကျူတာလဲ တွေ့ဖူးတယ်.မုန်းလိုက်တာ အရမ်းပဲ..ကောင်းတယ် များများရေးသိလား.. ကန်ဒီရေးတာ မလွန်ဘူး ဒီထက်တောင်ရေးလို့ရသေးတယ်..အိမ်မက်လဲ တစ်ရက်တော့ ရေးဦးမှာ စိတ်ရှိလက်ရှိ ..ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရလွန်းလို့လေ..း) စိတ်ကြီးတယ် နော်..အဟိ
ချစ်တဲ့
အိမ်မက်စေရာ

mstint said...

မဒိုးက 'ခေတ်ကလေးများ တို့အဘွားကြီးတွေ
လိုက်မမှီဘူးကွဲ့' တဲ့ အဟင့်ဟင့် !_!
တီတင့်အတွက် နေစရာနေရာမရှိတော့ပါလားကွယ်း))
ခေတ်ရေစီးကြောင်းကအရှိန်မြင့်လို့ လိုက်မမှီတော့ဘူး
သကြားလုံးလေးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သမီးစံ said...

ဟုတ်တယ်ကန်ဒီရေ.
လူအမျိုးမျိုးစိတ်အထွေထွေပေါ့
ဘလော့မရေးခင်တုန်းကတော့
ပုန်းပုန်းနေရတယ်ကွယ်း))
သူတို့ပြောနေတာ.မဟုတ်မှန်း
သိနေပေမယ့်.block လုပ်ရမှာ
အားနာတာနဲ့..း)

ဇောင်း said...

လူငယ်တွေအနေနဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချတတ်သွားရင်တော့ Qတတ်တဲ့ ရာခိုင်နှုန်းတွေ လျော့သွားမလားပဲ....။


ZaunG

လမင်းငယ် said...

ချိုလေးရေ မမကျုတာဟုတ်ဘူးနော်
တကယ်ခင်ချင်လို့ပါ အကောင့်လေးများမစပါအုံးလား :)
ခင်တတ်တာပါနော် :D

မောင်ဘုန်း said...

စမာခြင်း ...တဲ့ ဟုတ်လား ..မောင်ဘုန်း လည်း လူတွေ နဲ့ ဝေးနေတော့ သူငယ်ပြောမှ သိရတယ် ...

Angelhlaing(May everybody be happy and healthy! said...

ဘယ်လိုပြောရမလဲဆိုတော့.....Candy ရယ်....ခက်ပါတယ်လို့သာ...:):)

ပဥာက် said...

ငါသာ ငါ့ညီမေ၇ှ့ဆို ဒီပို့စ်အတွတ် လတ်ခုပ်ကို မ၇ပ်ပဲ တီးလိုက်မယ်..တော်တယ်..တင်သမျတွေထဲ ဒါကောင်းဆုံးပဲ..ဒီလိုမိန်းကလေးပီသရမယ်..။ဒါမှ ငါ့ညီမကွဟားဟားဟားဟားဟား

blackroze said...

အင်းးးး..ဘယ်လိုပြောရမလဲကန်ဒီရေ
လူတွေကတော့
ဒီလိုပါဘဲလေ...
ဘယ်နေ၇ာမဆို..
စည်းလွတ်ဘောင်လွတ်ဖြစ်လာရင်တော့
မကောင်းဘူးပေါ့ကွယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ကျားကျားမမ ကျူတာတော့ ကျူကြတာပါဘဲ။ ဒါပေမဲ့ စည်းတွေလွတ်သွားရင်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့လဲ တစ်ချို့ဆို ကျူခံချင်နေကြတာလေ။ အဲဒါဆိုတော့ ကျူချင်တဲ့သူတွေနဲ့ ဓါတ်ကျသွားရောဘဲ။

ရပ်တန့်နိုင်အံ့မထင်။ သို့သော် မအဖို့တော့ လိုသည်။း)

ကျုထွဋ် said...

သားတို့လို လူရိုးတွေက ကျုတယ်ဆိုတာ ဘာမှန်းသိဘူး..

ကျုဆိုရင် ကျုရိုး ဘိလိယက်ထိုးထဲ့ ကျုတံပဲသိတာလေ.. (မျက်လုံးလေး ကလယ်ကလယ် နှင့်ပြောသည်)

Su said...

ဟုတ်တယ် ကျူချင်တယ်လူတွေကျတော့လေ တစ်ဖတ်လူအကြောင်း ဘာမှမသိပဲ ကျူတော့တာပဲ ခက်ပါ့

ငွေလမင်း said...

အလည်အပတ်ရောက်ရှိပြီး ပွမ်တယ် ဟူသော စကားကိုမှတ်သားသွားပါကြောင်း

ညီရဲ said...

ကျူတာလဲ မကောင်းဘူး။ အီတာလဲ မကောင်းဘူး။ ဒါပေမယ့်လို့ ဒါတွေက ဒီဘက်ခောတ်မှာ ပိုခောတ်စားလာနေတာကို စိတ်ပျက်မိတယ်...

laylwintlu said...

မမတီ တာတာက ကျူတာလည်းတိဝူး အီတာလည်းတီဝူးနော် ဟီဟီ...
သေချာဖတ်သွားပါတယ် တော်တော်ကောင်းတဲ့အရေးးသားလေးပါ မကန်ဒီ
ခင်မင်လျက်-လေလွင့်လူ

camomilla said...

စမာတယ် ဆိုတဲ့စကားခုမှဘဲကြားဖူးတော့တယ်

တွတ်တွတ် said...

လာလာချင်း ရင်ဝဆောင့်ကန်ခံရသလားမှတ်ရတယ်ဗျာ.....:D စမာကလာလဲမလုပ်ရပါဘူးဗျာ..ကျူဖို့ဆိုတာလဲဝေးပေါ့ဗျာ...တစ်နေ့တစ်နေ့ ကိုယ့် blog လေးမှာဘာတင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်..ခပ်စုတ်စုတ် မြန်မာconnection နှိပ်စက်လို့ ငုတ်တုတ်ထိုင်ပြီး Gtalk ရဲ့ connecting ဆိုတာလေးကိုပဲ ထိုင်ကြည့်နေရတာပါဗျာ...

ဧကရာဇ်(သရဲနီ) said...

ဝူး...မောလိုက်တာဗျာ ကွန်မန့်ပေးဖို့နေရာတော်တော်ရှာလိုက်ရတယ်ဗျာဘ ဘာရေးရင်ကောင်းမလဲ..အင်း
ဘုရားရေ..ကျူတာရော.စမာ တာပါမကျန်.အီတာ ကပါလာသေးတယ်

စမန် တာရော့ပါဝူးလားဂျ..

ကောင်းပါတယ်ဗျာ ဖတ်သွားပါတယ်..ဒီနေရာမှာတစ်ခုလောက်ပြောခဲ့ချင်တာကတော့ဗျာ

ဘာပဲလုပ်လုပ်ပေါ့လေ သတိရှိကြပါလို့ သတိကလူငိုစေင့်လျှောက်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ် ဗျာ

ဂိုးပြီနော်...ဘ်ုင့်..ဘိုင်..ပါ......................................

Anonymous said...

မိသကြားလုံးကတော့  ကြာလေ ဆရာမကြီးဖြစ်နေပါလား ကြောက်တောင်ကြောက်လာပြီ ဟဟဟဟား

Candy said...

ဟဟဟ.. ဒူတုန်း.. ဆရာမကြီး မဟုတ်ရပါဘူးဂျာ :P

ရွာသူလေးချမ်းချမ်း ရင်တွင်းဖြစ် said...

အားပေးသွားတယ်နော် ညီမလေး

shwesin said...

အမှန်တွေရေးတာပဲကောင်းတယ်
အမလဲအဲ့လိုလူတွေကိုမကြိုက်ဘူး
အားပေးသွားတယ်

shwesin said...

အခွင့်သင့်ရင်ပြန်ရှယ်မယ်နော်

hla phone aung said...

ကျူတာမကြိုက်တဲ့ အကြောင်းလည်းရေးသေး မျက်စိတစ်ဖက်ကလည်းမှိတ်ပြသေး