Sunday, December 25, 2011

နားနားပြီး မူးကြပါ...


နောက်ထပ် ကန်ဒီ့ရဲ့ ပေါက်ကွဲသံစဉ်လေး နားဆင်ပေးကြပါဦး.. အဲ ဖတ်ပေးကြပါဦး။ ဒီနေ့ ကန်ဒီပြောမယ့် Topic က မိန်းကလေးတွေ အလွန်အကျွံမူးတဲ့ကိစ္စပါ။ ဒီလိုရေးမယ်ဆိုတော့ ကန်ဒီကရော ဘယ်လောက်တောင် လိမ္မာနေလို့လဲလို့ မေးစရာရှိလာတယ်။ ကန်ဒီလည်း အပြစ်ကင်းတဲ့ မိန်းကလေးမဟုတ်ပါဘူး။ ကန်ဒီအရက်မသောက်ဖူးပေမယ့် မူးတယ်ဆိုရုံ မူးဖူးပါတယ်။ အဲ့တုန်းက မူးတဲ့အကြောင်း အကျဉ်းချုပ်ပြောရရင် အသက်နည်းနည်းကြီးလာတော့ အမေက သင်္ကြန်မဏ္ဍပ်ထိုင်ခွင့်ပြုတယ်။ ချစ်သူနဲ့ပေါ့။ သူက လူတမျိုးရယ်။ မိန်းကလေး အရက်သောက်တာ သူအားမပေးပါဘူး။ ဒါပေမယ့် ကန်ဒီ့ကို သိထားတယ်ဆိုရုံလေးတော့ လုပ်ဖူးစေချင်တယ်။ ကန်ဒီကို Spy သောက်ကြည့်ဆိုလို့ အဲတုန်းက သောက်တယ်။ တပုလင်းပဲ.. နည်းနည်း မူးတယ်။ ကိုယ့်ကိုကိုယ် မူးနေမှန်းလဲ သိတယ်။ အဲ့တစ်ခါတော့ မှတ်မှတ်ရရ သောက်ဖူး.. မူးဖူးတယ်။ ကန်ဒီ့အကြောင်းပြောပြီးပြီဆိုတော့ ဆက်မယ်နော်။

ကန်ဒီပြောချင်တာက မသောက်ရဘူး မဟုတ်ဘူး။ ဒီလိုခေတ်အခါမှာ မသောက်တဲ့သူကိုတောင် လူတွေက ဒိတ်အောက်တယ်လို့ ပြောချင်နေကြတာလေ။ ဒါတွေကလည်း ကိုယ်ဂရုစိုက်မှ ဖြစ်တာပါ။ အဲ့တော့ ကြိုက်ရင်သောက်ပါ။ လူမှန်းသူမှန်းသိအောင် သောက်ပါ။ ကိုယ့် Limit ကိုယ်သိပါ။ မူးပြီး လမ်းမလျှောက်နိုင်လို့ သူများချီပိုးပို့ရတဲ့ ဘ၀တော့ မရောက်ပါစေနဲ့။ ကောင်လေးတွေကို မေးပါရစေ။ အဲ့လို မိန်းကလေးတစ်ယောက် ပြဲကွဲနေအောင်မူးတာ ကြည့်လို့ကောင်းတယ် ထင်ပါသလား။ အဲ့လိုဖြစ်နေတဲ့ မိန်းကလေးကို အထင်ကြီးပါသလား။ ကန်ဒီသာယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဖြေက "NO"ပါ။

ကန်ဒီ့သူငယ်ချင်းတွေ ရှိတယ်။ တချို့က သောက်တယ်။ မူးတယ်။ သူမနိုင်တော့ဘူးဆို သူသိတယ်။ ရပ်လိုက်တယ်။ တချို့ကျတော့ သောက်တယ်။ မူးတယ်။ ဆက်သောက်တယ်။ ထိန်းမနိုင် သိမ်းမရမူးတယ်။ မူးပြီးမိုးရေထဲ သွားတယ်။ ရွှံ့ထဲမှာ အိပ်တယ်။ ရေဗူးနဲ့ ကိုယ့်ဟာကိုယ်လောင်းတယ်။ သဲထဲလူးတယ်။ အဲ့လောက်ကြီးဖြစ်တဲ့လူ ကန်ဒီတွေ့ဖူးပါတယ်။ အဲလိုဖြစ်တော့ ဒုက္ခရောက်တာ ဘယ်သူတွေလဲဆိုတော့ သူ့သူငယ်ချင်းတွေ။ အဲဒါတွေကြောင့် သူတို့သောက်ရင် ကန်ဒီမလိုက်တာ။ ကန်ဒီက ကိုယ်မလုပ်လို့ သူများလည်း မလုပ်ရဘူးဆိုတဲ့ လူမျိုးမဟုတ်ဘူး။ ကန်ဒီရှေ့မှာသောက်လို့ ရတယ်။ မူးလို့ရတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်စေနဲ့။ ဖြစ်ရင် မမူးတဲ့လူက ထိန်းရတာလေ။ အဲ့လိုလူတွေပဲ ပင်ပန်းတာ။ သူတို့ကမူးနေတော့ ဘာမှမသိဘူးလေ။ ပထမဆုံးပင်ပန်းတာက ယောက်ျားလေးသူငယ်ချင်းတွေ။ သူတို့ ထမ်းရတယ်။ အိပ်ယာပေါ်ရောက်ရင် ဆက်ပင်ပန်းတာက မိန်းကလေး သူငယ်ချင်းတွေ။ စိုရွှဲပြီး သဲတွေနဲ့ ညစ်ပတ်နေတဲ့ အင်္ကျီကို လဲပေးရတယ်။ အကျီင်္အသစ် ၀တ်ပေးရတယ်။ အကျီင်္လဲပေးတာများ လွယ်လွယ်လေးလို့ မတွေးပါနဲ့။ ကလေးတစ်ယောက်ကို လဲပေးရသလို မလွယ်ပါဘူး။ ကိုယ့်ဝိတ်နဲ့တန်းတူ (သို့) ကိုယ့်ထက်များတဲ့ဝိတ်ကို လဲပေးရတာပါ။ နောက်ပြီးမူးနေပါသေးတယ်။ ကန်ဒီက သူတို့သွားရင် များသောအားဖြင့် မလိုက်တတ်တော့ ဒါတွေမလုပ်ပေးရပါဘူး။ သူတို့ပြန်လာတဲ့အချိန်ဆို ကန်ဒီကအိပ်နေပြီလေ။ အဲ့လိုလူမျိုးနဲ့တူတူသောက်တဲ့ သူငယ်ချင်းတွေကိုပဲ သနားတာ။ သူတို့ခမျာ ကိုယ်တိုင်က နည်းနည်းမူးနေတာတောင် အကုန်လိုက်လုပ်ပေးနေရတာလေ။ တခါကဆို သူငယ်ချင်းအစ်ကိုတွေ ထမ်းရတာ။ MRT ကနေ အိမ်အထိ။ ကန်ဒီတို့အိမ်နဲ့ MRTက (၇)မိနစ်လောက် လမ်းလျှောက်ရတယ်။ အစ်ကိုနှစ်ယောက် တလှည့်စီထမ်းတာ။ အိမ်ရောက်တော့ နှစ်ယောက်လုံး ပြိုင်းနေပြီ။ ရေလေးဘာလေးသောက် အမောဖြေပြီးမှ ပြန်သွားရှာတယ်။

အဲ့တော့ ကန်ဒီပြောချင်တာက ကိုယ်မူးရင် ဘာဖြစ်မယ်ဆိုတာလေး နည်းနည်းထည့်တွေးပြီးမှ Limit လေးနဲ့ သောက်ကြပါ။ သူများအတွက်လည်း စဉ်းစားပါ။ ကိုယ့်အတွက်လည်း စဉ်းစားပါ။ သူများအတွက်ဆိုတာက "ငါမူးရင် ငါ့သူငယ်ချင်းတွေ ပင်ပန်းရှာမှာပဲ" ဆိုတဲ့အတွေး။ ကိုယ့်အတွက်ဆိုတာက "ငါဒီလိုမူးနေလို့ မိန်းကလေးတစ်ယောက်အနေနဲ့ သင့်တော်ရဲ့လား.. ငါ့ကိုသူများတွေ ဘယ်လိုထင်ကြမလဲ" ဆိုတဲ့အတွေး။

တော်သင့်ပြီ.. ပေါက်ကွဲတာတွေ များနေပြီ ဟိဟိ xD

28 comments:

Angelhlaing(May everybody be happy and healthy! said...

အင်း ဟုတ်တာပေါ့ကန်ဒီ ..မိန်းခလေးဆိုတာ သူများထိန်းပေးမှထက် ..ကိုယ်ဘာသာကိုယ် သိတက်လို့ ထိန်းသိမ်းတာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ.....Cheer..Candy.!!! :):)

အောင်အောင် said...

အရက်မသောက်ရင် ဒိတ်အောက်တယ်လို့ မယူစစေချင်ဘူး...နေရာတကာယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းနေပေမဲ့ အရက်သောက်တဲ့နေရာမှာတော့...

တွတ်တွတ် said...

ဒီလို ဆိုးမိုက်ခဲ့ဖူးတဲ့ ကာလတွေကို ပြန်လည်မရောက်သွားအောင် ကိုယ့်ကိုကိုယ်ကွန်ထရိုးလုပ်နေရတယ်။ အရက်၊ဘီယာ သောက်မှ ခေတ်မှီတယ်လို့ ယူဆရင်တော့...အရင်စိတ်နဲ့သာဆို..တစ်ပွဲတစ်လမ်းအကဲစမ်းလိုက်ချင်ပါသေးရဲ့.....ခုတော့...တွတ် လိမ္မာတွားပါဘီ.....:)

jasmine(တောင်ကြီး) said...

ကိုယ့်ကိုကိုယ်မထိန်း နိုင်တဲ့သူတွေအတွက်ကတော့ မူးယစ်
စေတဲ့အရာတွေကိုရှောင်နိုင်ရင်အကောင်းဆုံးပါပဲ
Merry Christmas and Happy New Year

ဘိုဖြူ said...

ယောက်ကျာင်္းဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်
လူတိုင်းကတော့ Limit လေးနဲ့ပေါ့နော်(ညီမပြောသလို)
ကျွန်တော်တွေ့ဖူးတယ် ဒီနားမှာလူတိုင်းတွေ့ပါတယ်ဗျာ
ယောက်ကျာင်္းလေးတွေမူးပြီး လမ်းဘေးမှာအန်နေတာတို့
ပလက်ဖောင်းပေါ်အိပ်နေတာတို့လေ
အောက်လမ်းကလာတာမဟုတ်ဘူးနော်
စာအုပ်နဲ့ အမှန်လာတဲ့ မြန်မာစစ်စစ်တွေဗျာ ကြည့်ရတာ
အတော်ကိုဆိုးပါတယ် အဲတာတွေမြင်တော့ ကိုယ်ရဲ့သောက်
ချင်နေတဲ့စိတ်လေးပျောက်သွားတယ်
Merry Christmas and Happy New Yearပါညီမငယ်

လွင်ပြင်လှိုင်းငယ် said...

ကိုယ့်ကိုကိုယ်မထိန်းနိုင်သူအတွက် မသောက်တာ အကောင်းဆုံးပါပဲလေ

လမင်းငယ် said...

ချိုလေးရေ မပူနဲ့နော် မမလုံးဝမသောက်တတ်ဘူး
ဂယ်ပြောတာ အခုလိုပေါက်ကွဲပေးတာ
ကျေးဇူးပါ :)

မောင်(စွယ်စုံကျမ်း) said...

မူးတယ်ကွာ ငါစောင်းမရေးနဲ့ နော် ဖွားလေးအန်တီကန်ဒီ
ငါသောက်နေတာ သူ့ အတွက်တွေ ညစ်နေလို့ ..မင်မရှိလည်း
ဒင်း(အရက်ပုလင်း) ရှိရင်ဖြစ်တယ်..ကျားစီးတာလေ
နင်နော် နင်..ဟွင်းဟွင်း...ဒါဘဲ..ကျန်တာမန်ဒါလီ

mstint said...

ပေါက်ကွဲသံလေးတွေကို နူးနူးညံ့ညံ့လေးသီကုံးထားတာ
ဖတ်သွားတယ်ချိုချဉ်လေးရေ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အစ်မ ဘလော့ကို ဖတ်နေတာကြာပြီ. တစ်ခါမှ ကွန်မန့် တော့ မပေးဘူးပါ. ကို အောင်အောင် ပြောတာ မှန်တယ်. မသောက်ဘူးရင် ဒိတ်အောက်တယ်လို့ မယူဆစေချင်ဘူး. ကိုယ့်ရဲ့ Limit ကို သိသိ မသိသိ .မသောက်တာအကောင်းဆုံးဘဲလို့ ဘဲ မြင်တယ်.
မိန်းကလေးတွေ အတွက် Limit ထားပြီး သောက်လို့ ရတယ်ဆိုတာကြီးကို က မဟုတ်တော့ဘူး
မိန်းကလေးများ အရက်သောက်ခြင်းကို လုံးဝ( လုံးဝ) အားမပေးပါ.
အစ်မ ထက် ပိုပြီး ပေါက်ကွဲသွားသူ
AA

မြတ်ကြည် said...

ကန်ဒီရေ။ ဒီမှာကျတော့ ကိုယ်ကမူးရူးနေရင် ကိုယ်ရော၊ ကိုယ့်လူမျိုးရော သိက္ခာ ကျမှာစိုးလို့ လျှော့သောက်ဖြစ်တယ်။ သူတို့ တော်တော်များများကတော့၊ သောက်ပြီးမှောက်ကြတော့တာပဲ။ မိန်းကလေးတွေကပိုဆိုးတယ် ဒီမှာ။ ပြီးရင် ရန်လည်းလိုက်ရှာသေးတာ။ နောက်ပိုင်း သောက်ပွဲဆိုမလိုက်ဖြစ်တာများသွားပြီ။

မိုးငွေ့...... said...

ဟုတ်ပ့ါခုခေတ်ကလဲ အရက်သောက်တတ်မှ လက်ကြားထဲ စီးကရက်ညှပ်တတ်မှ လူရာဝင်တယ်ထင်နေကြတယ်....။ ကမ္ဘာကြီးအတွက် စိုးရိမ်ဖွယ်ပဲ...။

မိုးငွေ့...... said...

ဟုတ်ပ့ါခုခေတ်ကလဲ အရက်သောက်တတ်မှ လက်ကြားထဲ စီးကရက်ညှပ်တတ်မှ လူရာဝင်တယ်ထင်နေကြတယ်....။ ကမ္ဘာကြီးအတွက် စိုးရိမ်ဖွယ်ပဲ...။

chocolatecupidlay said...

ပီားးသားကတော့ကိုယ်သာသောက်တာ
ကိုယ့်ကောင်မလေးတော့မသောက်တဲ့လူပဲဖြစ်စေချင်တယ်ဗျာ..မိန်းကလေးနဲ့အရက်နဲ့မဆိုင်ပါဘူး

blackroze said...

Right ..သကြားလုံးလေးပြောတာမှန်တယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ကန်ဒီပိစိ။
ခေါင်းမူး ပြေသွားပြီလား။ ညတုန်းက နဲနဲ များသွားတယ်ဆို။း)

camomilla said...

ကန်ဒီလေးရေ မသောက်ဘဲမူးတဲ့သူဆိုရင်ကော..
မမဆိုမသောက်ဘဲနဲ့ မူးတတ်လို့း)

ကန်ဒီရဲ့အယူအဆနဲ့ အမရဲ့အမြင်ချင်းတူတယ်.
အမလဲမလုပ်ဖူးတာဆိုစမ်းလုပ်ကြည့်ချင်တယ်.
သိချင်ရုံလေးဘဲ. ဘာလဲဆိုတာသိတဲ့အချိန်မှာကိုယ့်ကိုကိုယ်ထိန်းတယ်.
လူဘဲလေ... စူးစမ်းတဲ့သတ္တဝါ. ကောင်းမကောင်းခွဲခြားပေးတဲ့ ဦးနှောက်ရှိတယ်. အဓိကကတော့ ထိန်းချုပ်နိုင်တဲ့စိတ်ဘဲ.

ချစ်တဲ့ မမမိုး

₭Ǿ2 said...

ဟုတ်တယ် ဟုတ်တယ် .. အဲလိုတအားမူးတာ မကောင်းဘူး လူမှန်းသူမှန်း သိအောင်မူးတာပဲကောင်းတယ်

amayarko said...

အဖွားကြီးပဲပြောပြော မိန်းကလေးနဲ. အရက် ဘယ်လိုမှကိုဆက်စပ်ကြည့်လို.မရဘူး ။ သိပ်ရှက်ဖို.ကောင်းတယ် ။

ညိမ်းနိုင် said...

ဟင်.....ကန်ဒီတော့ မသောက်ပဲ ရစ်ဘီ.....:)))
အေးကွယ်....မနေ့ညကတင်မြင်ခဲ့သေး...၊ကောင်မလေး
ကို ကောင်လေးက ကာရီးယိုးကားထဲကလိုထမ်းပိုးခေါ်
သွားရပါရောလား....။ကန်ဒီပြောသလိုပါပဲ...မူးချင်မူးကြ
ပါ၊လစ်မစ်လေးတော့ထားသင့်ရဲ့...၊ကိုယ့်ဘော်ဒါသယ်ရင်း
တွေ၊ရည်းစားတွေကိုဒွတ်ခပေးသလိုဖြစ်သလို ကိုယ်တိုင်
လည်းနောက်နေ့အရက်နာကျတဲ့ဒဏ်ကိုခံရသေး....။
အဲ...သူများသာပြောတာ ဦးလေးလည်း လစ်မစ်ရှိဝူးဟ...:P

သော်ဇင်စိုး said...

သားသားတို့ကတော့ ဘာမှ မပြောဝံ့ပါ ခင်ဗျား.. နှာစေးနေပါတယ် ခင်ဗျား.. :D

Su said...

မြန်မာမိန်းကလေးနဲ့အရက်ဆိုတာ လုံးဝမဆက်စပ်ပါဘူး။ နိုင်ငံခြားသူဆိုရင်တော့ သူတို့ယဉ်ကျေးမှုနဲ့သူတို့လေ ကိုယ်ဘာပြောနိုင်မှာလဲ။ ရှေးရှေးတုန်းက အရက်သောက်တဲ့ မြန်မာမိန်းကလေးရယ်လို့ ညီမ ဖတ်မှတ်ရသလောက် မရှိပါဘူး။ အပီအပြင်ပေါက်ကွဲပါတယ်။ ဘုရားကလဲ အရက်သေစာ သောက်စားတာ မကောင်းဘူးလို့ ဟောခဲ့တယ်လေ။

Anonymous said...

အင်း..
ဟုတ်တယ်နော်ကန်ဒီ.
limitလေးရှိမှကောင်းတာ
မမူးသေးပါဘူးလေ..
မမူးလောက်ပါဘူးလေ.ဆိုပြီးးး
ဆက်မြှောမိလိုက်ရင်တော့
နှစ်ယောက်ထမ်းကနေ
လေးယောက်ထမ်းတောင်
ဖြစ်ချင်.ဖြစ်သွားနိုင်တယ်းP

နယူးရီးယားတွက်.
ကြိုတင်သတိပေးစာထင်တယ်း))
ပျော်ရွှင်ပါစေကွယ်

ချစ်ခင်စွာဖြင့်
သမီးစံ

Anonymous said...

မိန်းကလေးများ အရက်သောက်ခြင်းကို လုံးဝ( လုံးဝ) အားမပေးပါ.
အရက်သောက်တဲ့ မိန်းကလေးများလုံးဝ အထင်သေးတယ်
အရက်နဲ့ မိန်းကလေး ဘာမှမဆိုင် လို့ ထင်တယ်
(မြန်မာမိန်ကလေးများ)

မဒမ်ကိုး said...

အိုပီအေ .ဒီအသက်အရွယ်ထိ ဖဲချပ်ရယ် အရက်ခွက်ရယ် ဘီယာဗူးရယ် မကိုင်ဖူး မသောက်ဖူးသေးဘူးအေ
ခေတ်နောက်ကျတဲ့အဘွားကြီးများဖြစ်နေသလားလို့
လုပ်ကြည့်လိုက်ရမလားဟေး)
(အမှန်တော့ ဘယ်သူတွေဘာလုပ်လုပ် ကိုယ့်ကိုကိုယ်ထိန်းတာအကောင်းဆုံးပါပဲ )

ချစ်တဲ့

မဒိုးကန်

8Yar said...

ဟုတ်လိုက်လေ သူငယ်ချင်းရယ်။ မူးတဲ့ မိန်းကလေးတွေကို မမြင်ချင်ပါဘူး။ အဲလိုမြင်ရရင် စိတ်ညစ်လွန်းလို့။ သွားဆုံးမရအောင် ကိုယ်နဲ့လဲမသိ။ ကျွန်တော်တော့ သူငယ်ချင်းကောင်မလေးတွေကိုပြောဖူးတယ်။ ကြိုက်တတ်ရင်ကိုယ့်အိမ်မှာ ကိုယ်သောက် အိမ်ပြင်မှာသောက်ပြီး မူးတာတော့ လုံးဝအားမပေးဘူးလို့။ အမှန်တော့ အိမ်မှာသောက်ဖို့ဆိုတာ မလွယ်ပါဘူး။ လူကြီးမိဘရှိရင်ပိုဆိုးပေါ့။ အဲဒီတော့ မသောက်တာ အကောင်းဆုံးပဲလို့ပြောပါရစေ။

Candy said...

ဟီးဟီး.. အားလုံးက ကိုယ့်ထက်ပိုပေါက်ကွဲနေကြတယ်.. ကြောက်တောင် ကြောက်လာပြီ :P

Junemoe said...

အင်း... ထိန်းထိန်းသိမ်းသိမ်းနဲ့ပျော်တာ အကောင်းဆုံးပါပဲလေ...။ :)

ခင်လျက်