Thursday, December 29, 2011

ကြိုက်မိသော သီချင်းများ ♫♪


လတ်တလော ကြိုက်နေတဲ့သီချင်းလေးတွေပါ။ သီချင်းကို ဘယ်လိုစိတ်ဝင်စားအောင် ရေးရမလဲ။ ရော့.. ဒီသီချင်းတွေကောင်းတယ် နားထောင်ကြည့်.. ဒါပဲ(ပုဒ်မ)ဆိုလည်း မဟုတ်သေးဘူး :P အဲ့တော့ ကန်ဒီကြိုက်တဲ့ သီချင်းထဲကစာသားလေးကိုပါ ကြော်ငြာလေးတွေ ၀င်သွားမယ်နော် :D

ရွှေအိမ်မက်
တေးဆို - ဆိုတေး



ဒီသီချင်းခေါင်းစဉ်က ဘယ်ဟာအမှန်လဲမသိဘူး တချို့က "ငါ့အနား"လို့ရေးတယ်။ တချို့က "ရွှေအိမ်မက်"တဲ့။ ဘာဖြစ်ဖြစ်ပါ။ သီချင်းရဲ့အဓိကအကြောင်းအရာလေးက အဝေးကိုခဏထွက်သွားတဲ့ချစ်သူ သူ့ကိုမေ့သွားမှာ စိုးရိမ်နေတဲ့သီချင်းလေးပေါ့။ သီချင်းလေးအစက လေယာဉ် ပျံတက်သွားတဲ့ အသံလေးနဲ့စပြီး သီချင်းအစ စာသားက...
♫♪ မိုးမြင့်ကောင်းကင် တိမ်တိုက်ကြား တိုးလို့ ပေါက်ထွက်ပျံသန်းသွား
လေယာဉ်ကြီးရဲ့ အနောက်ဖက် မင်းငါ့ကိုပစ်ထားသွားပလား.. ♫♪ တဲ့ သနားစရာလေး :(

ကန်ဒီနောက်ထပ် ကြိုက်တာ Chorus အပိုဒ်လေး...
♫♪ငါ့အနားမင်းမရှိခဲ့တဲ့ အချိန်လေးများ..
ငါ့အနားအမြဲမင်းရှိသလိုနေပေးပါ
တို့နှစ်ယောက်ဝေးကွာစဉ်ခဏ..
ဘေးစကားများလည်း မင်းမယုံနဲ့ကွာ
ရွှေအိမ်မက်လေးလည်း ပျက်မှာစိုးတာ... ♫♪
ကန်ဒီ ဒီကိုထွက်လာတဲ့အချိန်မှာ သူအဲ့လိုစိတ်ပူနေမှာပေါ့နော် >.<

အဝေးရောက်ချစ်သူ
တေးဆို - ဆိုတေး၊ Dဖြိုး၊ David



ဒီသီချင်းလေးကလည်း ဝေးနေရတဲ့ ချစ်သူနှစ်ဦးအကြောင်းလေးပေါ့။ ဘာလို့ ယောက်ျားလေး ၃ယောက်ဆိုထားလဲ မသိဘူး။ ဒီသီချင်းလေးက မိန်းကလေးနဲ့ယောက်ျားလေး စုံတွဲဆိုရင် ပိုအဓိပ္ပာယ်ရှိမှာ :D ဒီလိုလေးဆို ပိုကောင်းမယ် အဟဲ

ကောင်လေး : ♫♪ရေမြေတွေ ခြားနေပေမယ့် ခေါ်သံလေးနားထဲ ကြားသလိုပဲ
အဆင်ပြေမလားတွေးရင်းနဲ့ ရင်မော နင်နေများကောင်းရဲ့လား.. ♫♪

ကောင်မလေး : ♫♪မိုင်ထောင်ချီဝေးနေပေမယ့် နင်ငါ့အနားအမြဲတမ်း ရှိသလိုပဲ
ယုံကြည်လိုက်အချစ်ရဆုံးသူလေး အတူတူပဲ တွေးရင်းစိတ်ပူတယ်..♫♪

ကောင်လေး : ♫♪တကယ်လို့သာ ပြန်မဆုံနိုင်ဖြစ်ခဲ့ရင်.. နင်ငါ့ကိုသာ မေ့သွားခဲ့ရင်.. ရင်ကွဲရပြီပဲ ချစ်ရသူလေးရယ်.. ဘယ်ဆီမှာ နားမလဲ ဘယ်ရင်ခွင်နားမလဲ ဒီအချိန်ဆို ဘယ်သူနဲ့ ရှိနေမလဲ ♫♪

ကောင်မလေး : ♫♪စိတ်ချလိုက်ချစ်သူရေ.. မပြောင်းလဲမယ့် အချစ်တွေနဲ့ ထာဝရမင်းတယောက်တည်းကိုပဲ ♫♪

ကောင်လေး : ♫♪ယုံကြည်ချင်မေရယ် ပြန်လာရင်ပွေ့ဖက် ရှောင်ဖယ်ကာ ဟိုးအဝေးမသွားပါနဲ့.. ♫♪

ကောင်မလေး : ♫♪ငါ့ဘ၀ရဲ့ နားခိုရာ.. အအေးချမ်းဆုံးဆောက်တည်ရာ.. ယုံကြည်ပါချစ်ရတဲ့သူရာ.. ကိုယ်တစ်ယောက်တည်းကိုချစ်တာ... ♫♪

ကောင်လေးနေရာမှာက ချစ်သူ.. ကောင်မလေးနေရာမှာ ကန်ဒီ့ကိုထည့်လိုက်နော်။ အပေါ်က "ရွှေအိမ်မက်" သီချင်းမှာ သူကစိတ်ပူထားတော့ ကန်ဒီက ပြန်ဆိုပြတဲ့ သဘောပေါ့ xD


သတိရညနေခင်း
တေးဆို - Zay ye Feat- ရဲလေး Vs KH$



ဒီသီချင်းလေးကတော့ Hip Hop သီချင်းလေးပါ။ ကန်ဒီ များသောအားဖြင့် သီချင်းအေးအေးလေးတွေပဲ ကြိုက်တတ်တယ်။ ဒါပေမယ့် တချို့တချို့သော Hip Hop သီချင်းလေးတွေတော့ ကြိုက်တယ်။ မြူးမြူးလေးနဲ့.. နားထောင်ရင်း လူကလေထဲရောက်နေတာလေ xD ခံစားကြည့် လေပေါ်ရောက်သွားစေရမယ်။ အာမခံတယ်..

♫♪Yeah.. ထပ်ထပ်ထပ်ထပ်
ဇာတ်လမ်းတွေ ဆက်ဆက်ဆက်ဆက်
နှစ်ယောက်အတူ ဖျတ်ဖျတ်ဖျတ်ဖျတ်
အနာဂတ်တွေက လှပ်လှပ်လှပ်လှပ်.. ခက်ခက် ခက်ခက်
လောလောဆယ်မင်းရဲ့ အသိုင်းအ၀ိုင်းကြားက ထွက်လာပါ
ညနေတိုင်းတွေ့နေကျ.. တွေ့နေကျတိုင်းက ရက်ရာဇာ ♫♪

ရို့ ရို့ အဟိ အဟိ (လေပေါ်ရောက်နေသော အသံ :P)

ပျော်ရွှင်ပါစေ.. ^_^
မှတ်ချက် - ကန်ဒီ့ ဗွီဒီယိုများ မဟုတ်ပါ။ သူများလုပ်ထားတာကို ပြန်Shareတာပါ :D

17 comments:

တွတ်တွတ် said...

ဖြူဖြူကျော်သိန်းရဲ့ ငါတော့မေ့လို့မရနိုင်ဘူး...ငါတော့မေ့လို့မရနိုင်ဘူးဆိုတဲ့ ဇာတ်ဆရာအလိုကျသီချင်းလေးနဲ့ နောက်ဆုံးပိတ်မှာ နောက်ထပ်တစ်ပုဒ်တိုးလိုက်ရင်...ပိုပြည့်စုံသွားမလားလို့.....:P

မြတ်ကြည် said...

ဘဝတူတွေဆိုတော့ အံကိုက်ပဲ :)

လမင်းငယ် said...

ကြိုက်တယ်ချိုလေးရေ
ဆိုတေးအသံလေးကိုကသနားစရာလေးနော် :D

Junemoe said...

သီချင်းလေးတွေ ခံစားနားထောင်သွားတယ် ညီမလေးရေ.. :)

ချစ်ခင်လျက်

မဒမ်ကိုး said...

လွမ်းနေလိုက်ကြပုံးများ သကြားလုံးရယ် မြတ်ကြည်ရယ်း)

အဲ ငါလဲပါသေးတယ် ဟး)

မောင်(စွယ်စုံကျမ်း) said...

အိမ်း ကြိုက်သကွယ်

jasmine(တောင်ကြီး) said...

ညလေးရေ
အဲဒီသီချင်းတွေနားမထောင်ဖြစ်ပါဘူး
မသိတာတွေများနေတာလေ
ခုတော့ညလေးရဲ့ကျေးကျေးကြောင့် စာသားလေးတွေရောသီချင်းတွေပါသိခဲ့ရတယ် ကြိုက်တယ်
နှစ်သစ်မှာပျော်ရွှင်မှုအပေါင်းပြည့်စုံပါစေ
အာဘွားးးးးးးးးးးးးးး

လွင်ပြင်လှိုင်းငယ် said...

သီချင်းတွေအတွက် ကျေးဇူးပါ ညီမလေးရေ

ညိမ်းနိုင် said...

အဲ....ကိုယ်တွေ ဒီသီချင်းတွေ နားထောင်တော့ အိမ်မှာ
ကျန်ခဲ့တဲ့ ကြောင်တွေ၊ခွေးတွေပဲ ပြေးသတိရမိတယ်...။
အဝေးမှာ လွမ်းပြီးကျန်ခဲ့သူမှမရှိတာကြီး....:)))
ဒါနဲ့ အော်....ရယ်....ရော.....ကြိုက်ဝူးလား.....:)))))

MG THANT said...

ဘလော့ ဒီဇိုင်းကို ကြိုက်တယ်... သီချင်းတွေ မကြိုက်ဘူး :D
ကောမက်ကို ဘေးမှာပဲထားပါ။ အလည်ကနေ ဖတ်ရတာ တစ်မျိုးကြီးပဲ... စိတ်ဆိုးလား.. ဆိုးပေါ့.. ပဒေါ့ :D

blackroze said...

သီချင်းတွေအကုန်လုံးကြိုက်တယ်
သကြားလုံးလေး..

san htun said...

သီချင်းတွေ နားထောင်သွား၏

အောင်သက်ခိုင် said...

လာအားပေးသွားပါတယ်မcandy သီချင်းလေးတွေကလန်းတယ်နော်

Candy said...

DJ ဆရာကြီးကလည်း.. ဟီးဟီး.. ကြိုက်တယ်ဆို တင်ရကျိုးနပ်၏ :D

thu ma said...

သီချင်းသုံးပုဒ်လုံးကြိုက်တယ်

mabaydar said...

ခုတော့အလုပ်မှာမို့ နားထောင်လို့ရသေးဘူး... အိမ်ရောက်ရင်နားထောင်မယ်... မြန်မာသီချင်းအသစ် ကောင်းတာလေးတွေဆို မသိဘူး အဆက်ပြတ်နေတာ... ကန်ဒီပြောမှ နားထောင်ဖြစ်တာ... နောက်လဲ ကောင်းတာလေးတွေရှိရင် ထပ်တင်ပေးနော်...

မိုး said...

လာအားပေးသွားပါတယ် မ candy သီချင်းတွေက ညီမနဲ့တိုက်ဆိုင်တယ် ကျေးဇူးပဲနော်