Friday, December 30, 2011

Candy is Burmese

ကန်ဒီ ပိုစ့်တစ်ခုနဲ့တစ်ခု ဆက်တိုက် မတင်တတ်တာ အားလုံးအသိပါ။ မပြောမပြီး မတီးမမြည်မို့လို့ ပြောပြပါရစေ။ စိတ်ကသိကအောင့် ဖြစ်စရာလေးပါ။ စာဖတ်သူများ.. ဘလော့ဂါသူငယ်ချင်းများကို အလွန့်အလွန်ချစ်သောကန်ဒီသည် Gtalk Request များကို လက်ခံပါသည်။ ဇာတ်လမ်းအစကတော့....

Someone: hi
Candy: hi hi
Someone: နေကောင်းလားဗျာ
Candy: ကောင်း၏ မင်္ဂလာ ညချမ်းပါ :D
Someone: me too
Candy: အင် you too လုပ်ပါ
သူ့ကျမှ me too တဲ့
Someone: မှာတာရှိရင်တောင်းပန်ပါတယ်
စောရိနော်
စာမတတ်လိုပါ
Candy: အင် စနေတာပါ ဟဟ
Someone: ...... ပါ
တာနဲဘယ်မှာနေတာလဲ
ဒိက မြေနိကုန်းမှာနေပါတယ်
Candy: ရန်ကုန်မှာတုန်းကလား
မရမ်းကုန်းမှာပါ
Someone: ခုနယ်မှာလား
အော်
ခုနယ်မှာပေါ
Candy: ခုက စင်္ကာပူမှာ
Someone: အော်
တောတောဟိုက်တာပေါ
တာကြောင်ဒိုကိုဖဲတာပေါ
Candy: အင်.. ဖဲ့မိလို့လား
Someone: ခုနကလေ
စင်္ကာပူသူဖြစ်တွာပြိဆိုတော အေပေါလေ
Candy: ဖဲ့တယ် မခေါ်ဘူး
အဲ့တာ နောက်တာ
Someone: မြန်မာပြည်သားတွေကိုတောဖဲပြိပေါလေ
Candy: ဟဟ စလုံးသူမဟုတ်ပါဘူး
မြန်မာပါ
Someone: တူတူပဲလေ
အဲရောက်ပြိဆိုရင်လူတွေက
ကိုနှိင်ငံကိုကိုယ် အမိနှိင်ငံလို
မထင်ကြတောဘူးလေ
ငယ်၂လေကတဲကနေပြိတော
Candy: ဟဟဟ ဒီရောက်တဲ့သူတွေကို အမြင်စောင်းနေပုံပဲ
အဲ့လိုမဟုတ်ပါဘူး
ရန်ကုန်ကိုလည်း လွမ်းတာသေတော့မယ်
Someone: နောက်ဆိုလဲမြန်မာပြိကတိုးတတ်တောမှာပါ
Candy: ခုတောင် တိုးတက်နေပြီလေ
Someone: ကျောင်းတတ်နေတာလား
Candy: ဟုတ်တယ်
ပြီးတော့မယ်
Someone: ပြန်မလာတောဘူပေါ
Candy: တချိန်ချိန်တော့ ပြန်လာမှာပေါ့
ဒီမှာ မပျော်ဘူး
Someone: ဒိလိုပဲပြောကြတာပါ
Candy: ဟဟဟ
ဘာမှ ဆက်မပြောလိုပါ
Someone: ဘာကိုလဲ
Candy: အော် အမြင်စောင်းနေတဲ့သူကို ဘာဆက်ပြောရမလဲ
Someone: အော် အော်
ဆက်မပြောချင်တောဘူးပေါ
မြန်မာပြည်မှာလဲမိန်းမလေတွေလဲမကောင်းကြပါဘူး
Candy: အင်... ဘယ်လိုဖြစ်လို့လဲ
Someone: ယာဉ်ကျေးမှုတွေပြောက်နေတယ်လေ
Candy: အင်း ဒါတော့ ဟုတ်တယ်
Someone: နှိင်ငံခြားသူတွေကမြန်မာလိုဖြစ်နေတယ်လေ
Candy: နိုင်ငံခြားသူတွေလိုဖြစ်နေတယ်လို့ ပြောချင်တာလား
Someone: အင်ပေါ မြန်မာမိန်းကလေတွေပေါ
Candy: ဟုတ်ကဲ့
Someone: ပြန်တောမယ်နော် စလုးံသူလေ
Candy: ဟုတ်ကဲ့ရှင့် တာ့တာ

(Block လိုက်ပါပြီ ရာသက်ပန်တာ့တာပါ :P :D)

အဲ့ဒါပါပဲ။ အားလုံး သတိထားမိကြလား မသိဘူး။ ကန်ဒီ စလုံးကလို့ ပြောလိုက်တဲ့အချိန်ကစပြီး စကားပြောပုံတွေက သိသိသာသာပြောင်းလဲသွားတာ။ အဲ့ဒါဘာလို့လဲ။ စလုံးမှာနေတာနဲ့ မြန်မာမဟုတ်တော့ဘူးလား။ ဒီမှာ နေနေရတာကို တော်တော်သက်သက်သာသာနဲ့ ပျော်ပျော်ကြီးနေနေကြတယ်များ ထင်နေတာလား။ ကျောင်းသားဆိုလည်း ကျောင်းသားအလျောက် သေလုမတတ် စာလုပ်ရတယ်။ အလုပ်လုပ်တဲ့ သူတွေကလည်း သေမတတ်လုပ်ရတာ။ သူများနိုင်ငံမှာ နေနေရတာ လွယ်တယ်များ ထင်နေလား မသိဘူး။ မိဘဆွေမျိုးမရှိ ကိုယ့်ကိစ္စအားလုံး ကိုယ်တိုင်လုပ်နေရတာ။ ဖျားရင်တောင် ဂရုတစိုက်မေးမယ့်လူ မရှိဘူး။ တချို့ကျောင်းသားတွေဆို ကျောင်းလခမလုံလောက်လို့ Part time ခိုးလုပ်ရတယ်။ Private ကျောင်းတွေဆို အလုပ်လုပ်ခွင့်မရှိဘူးလေ။ Part time လုပ်ရတာ ဘယ်လောက်ပင်ပန်းလဲ ကိုယ်တိုင်လုပ်ဖူးမှ သိတာ။ ကန်ဒီတရက်လုပ်ဖူးတယ်လေ။ အဲ့တရက်လူလိုတယ်ဆိုပြီး သူငယ်ချင်းခေါ်လို့။ ပြန်ရောက်တော့ အိမ်သာထဲမှာ ငိုတာ။ တခါမှ အဲ့လောက် ၀မ်းမနည်းဖူးဘူး။ ကန်ဒီ ကိုယ်တိုင်က ပျော့ညံ့တာလည်း ပါပါတယ်။ သူများတွေ လုပ်နိုင်ပြီး ကန်ဒီမလုပ်နိုင်လို့လေ။ ကန်ဒီတောင် တရက်ထဲလုပ်ပြီး ဒီလိုဖြစ်တာ နေ့တိုင်းလုပ်နေတဲ့ သူတွေကို အရမ်းကိုယ်ချင်းစာတယ်။ ပြောချင်တာက အဲလောက် မလွယ်ကူဘူးလို့ ပြောချင်တာ။ ဒီမှာ တချို့သူတွေ အလုပ်မရသေးခင်စပ်ကြား တနေ့ တနေ့စားရဖို့တောင် ရုန်းနေရတာ ကန်ဒီတွေ့ဖူးတယ်။ မြန်မာပြည်မှာဆို ဘယ်လောက်ဆင်းရဲဦးတော့ မိဘရှိတယ်။ အချိန်တန်ရင် ထမင်းတော့စားရတယ်။

ကိုယ့်နိုင်ငံကို အမိနိုင်ငံလို့ မထင်တော့ဘူးတဲ့။ ပြောပုံဆိုပုံတွေက မဟုတ်ဘူး။ တဖက်စောင်းနင်းတွေချည်းပဲ။ ကန်ဒီ့ဓာတ်ပြားဟောင်း ပြန်ဖွင့်ရရင်... အရာအားလုံးမှာ သူ့အကြောင်းနဲ့ သူရှိတယ်။ လူတစ်ယောက်စီမှာလည်း သူဦးတည်ရာနဲ့သူရှိတယ်။ အဲ့ဒါတွေကို မသိဘဲနဲ့ သူဘာလုပ်နေ လုပ်နေ သူ့ကိုမှန်တယ် မှားတယ် ပြောပိုင်ခွင့်မရှိဘူး။ မပြောသင့်ဘူး။ မြန်မာလူမျိုးဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာပဲ။ မြန်မာလူမျိုးတိုင်း မြန်မာပြည်ကို ချစ်တယ်။ ကန်ဒီလည်း မြန်မာပဲ။ မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလိုအဖြစ်မျိုး ကိုမောင်သန့်ရေးဖူးတယ် ထင်တယ်။ ဖတ်ဖူးသလိုပဲ.. ကိုယ်တိုင်တော့ ခုမှကြုံဖူးတယ်ဗျို့ =.=

မှတ်ချက် - ထုံစံအတိုင်း Gtalk username ပြောင်းထားပါတယ်။

မြန်မာနဲ့တူပါတယ်နော် ^_^

24 comments:

Angelhlaing(May everybody be happy and healthy! said...

ကိုယ်ကိုတိုင်ထက် ဘယ်သူကများ ပိုသိမှာလဲ ကန်ဒီရေ... ထားလိုက်ပါ..လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား...

zp said...

ဟေး ဟေး ကန်ဒီရေ ဒါကြောင့် ကျနော်နဲ့ မချက်တာ
ခက်ခက်ခက်...ရီသံနော်

နိုင်ငံခြားမှာ နေတယ် အလုပ်လုပ်တယ်ဆိုတာ ကန်ဒီ ပြောသလိုပဲ မလွယ်ပါဘူး။ကျောင်းစာ အိမ်စာကလည်း ဆရာတွေ ပေးတာများလွန်းတယ်။ကျနော်ဆိုရင် တခါတခါ မေ့တယ်လို့ လိမ်တာ မမောသေးဘူး။

တွတ်တွတ် said...

အားရိုးရိုး...မိန်မိန်းကန်ဒီနော်...ကောကောတွတ်တွတ်နော်..ချိုင်းနိစ်နော်...မင်းကုလားဘာ လို့နှုတ်ဆက်တာက..မင်္ဂလာပါလို့ပြောပါတယ်နော်...စင်္ကာပူအကြောင်းလေးတစ်ခါရေးမိပါတယ်..တွတ်ကိုလဲ.ဘလော့ထဲပို့လိုက်တာလားမသိဖူး..ဒါကြောင့်ခုတလောမတွေ့တာဖြစ်မှာ..:( ကျို့မိယ....

san htun said...

ဟုတ်တယ် ကန်ဒီရေ..ဒီမှာ နေမကောင်းရင် ကြည့်မဲ့သူ မရှိနဲ့  ဘယ်လောက်စိတ်ပင်ပန်းမှန်း ရောက်နေတဲ့သူ အချင်းချင်းပဲ ကိုယ်ချင်းစာတာ..block ပစ်လိုက်

Junemoe said...

ဒီလိုပါပဲ ညလေးရေ..လူအမျိုးမျိုးရှိတာကိုး...
အမတော့ မြန်မာပြည်မှာနေပေမယ့် နိုင်ငံရပ်ခြားက မြန်မာတွေကို စာနာမိတယ်။ အမျိုးမျိုးကြားနေရတယ်လေ..။ ကန်ဒီလေးက ချစ်ချာရေး... ပါးကွက်လေးနဲ့...ဒါကိုမှ မြန်မာမဟုတ်ဘူးဆိုရင်လည်း...ပြောတော့ပါဘူးကွယ်နော..:)

ချစ်ခင်လျက်

MG THANT said...

ဟိုးစစတုန်းက သူငယ်ချင်းအရင်းတွေနဲ့တောင် အဲလိုတွေ ပြောခဲ့ရဖူးတယ်... ကယ်ပဲ...

လမင်းငယ် said...

မှန်လိုက်တာချစ်ညီမရေ
ပြောလိုက်ပါမြန်မာဟာမြန်မာပဲလို့ 

မဒမ်ကိုး said...

တူပါတယ် တူပါတယ် မြန်မာမလေးပါး)

ဘလော့ပစ်လိုက်ဟေ့ မျက်စိရှုပ်တယ် အချိန်ပေးရတယ် လက်ညောင်းတယ် အာပေါက်တယ်
မယုံလာကြည့် နိုင်ငံခြားကလူတွေဘယ်လို အလုပ်လုပ်နေထိုင်နေရတယ်ဆိုတာ
သူတို့လို အိမ်က ၅၀၀ လောက်ယူ အင်တာနက်ဆိုင်လေး လာ ကျု လက်ဖက်ရည်ဆိုင် အားတိုင်းထိုင်လို့ရတဲ့ဘ၀များမှတ်နေလားမသိ
မြန်မာပြည်ကမိန်းခလေးတွေအဟော့လွန်နေတာ တော့သိပါတယ်
နိုင်ငံခြားရောက်တိုင်း သူ့ဒေသနဲ့သူဝတ်ပေမယ့်တခါမှာ လန်ထွက်နေအောင်မ၀တ်ဖူးပါဘူး ဘီယာ ဗူးတောင်မကိုင်မိဘူး .
တွေ့လိုက်ချင်တယ် အဲလိုမျိုးတွေ .
တချို့ဆိုဆဲတောင်ဆဲပါတယ်ဆို
ဘာတွေမှန်းကိုမသိဘူး အာရုံနောက်တယ် သကြားလုံးလေးရေ ဘလော့သာဘလော့လိုက်ကောင်းတယ်း)

ကိုကိုမောင်(ပန်းရနံ့) said...

စလုံးသူလေးး)
အစောကြီးထပြီး ပေါက်ကွဲနေတာလား။ ကန်ဒီပိစိပေါက်ကွဲတာနဲ့ အပေါ်က ဒိုးကန်တောင် ရောယောင် ပေါက်ကွဲသွားတယ်။ ခုတလော ပေါက်ကွဲတာတွေ များလွန်းလို့ ကြောက်နေပါတယ်ဆိုမှ။း)

အင်း.. ဘယ်သူတွေ ထပ်လာပြီး ပေါက်ကွဲကြပြန်ဦးမလဲ မသိ။ မြန်မြန်လှစ်မှ။

Anonymous said...

မြန်မာမှ.မြန်မာအစစ်ပါရှင်း)
(တူပါတယ်)
လူအမျိုးမျိုး.စိတ်အထွေထွေပေါ့ကွယ်
ကြည့်ရှောင်ပါကန်ဒီရေး))
ပုံစံကြည့်ရတာတော့..
သူ့ဘက်ကတခုခုဖြစ်နေလို့နေမှာပေါ့

နှစ်သစ်မှာပျော်ရွှင်ပါစေကန်ဒီရေ

ချစ်ခင်စွာဖြင့်
သမီးစံ

chocolatecupidlay said...

သိပ်ဂရူစိုက်မနေနဲ့အဲလိုမျိုးတွေကို

မောင်(စွယ်စုံကျမ်း) said...

မောင်လေးကိုလည်း ဘလော့လိုက်ပြီလား...........ဟင်..
ငှဲငှဲငှဲ..ဘီလော့လိုက်ပီလားမသိဘူး..တွေဘူးပဲ
ဘယ်ရောက်နေပါလိမ့်..တိန်


မြန်မာနိုင်ငံမှာနေပြီး ဗမာလူမျိုးဖြစ်ရတာကို
ဂုဏ်ယူတယ်ဆိုရင် ကြိုက်တယ်..
ဟစ်တလာလို့  ကိုယ်အမျိုးပဲချစ်ပီးဂျုးလူမျိုးတွေ
သတ်တဲ့ နာဇီစနစ်တော့မကြိုက်ဘူး ဒါပေမယ့်
ကိုယ့်လိုမျိုးကို ချစ်ပြီး သူများလူမျိုးကို မနစ်နာစေတဲ့
လူတိုင်ကို အလေးပြုတယ်..အော် နောက်တစ်ခု
ကိုယ့်ဘ၀ကောင်းစားရေးပဲကြည့်ပြီး နိုင်ငံခြားသားကို လက်ထပ်တဲ့ အမျိုးဖျက်ဆိုရင်လည်း ကြည့်မတတ်ဘူး
ဘာကြောင့်ပဲယူယူ အမျိုးသားရေအမြင်နဲ့ မုန်းတယ်ကွာ..အချစ်ရေးနဲ့ ကြည့်ပြန်တော့လည်း...ကိုယ်ချင်းစာပါတယ်..အချစ်မှာမျက်စိမ၇ှိတယ်..တိန်..ဘာပဲပြောပြော ..ပေါက်ကွဲချင်နေတာမဟုတ်ဘူး ငါက ဖောက်ခွဲချင်နေတာနော်ဖွားလေး ကြည့်နေကြည့်စား...ဟွင်ဟွင်း ကွန်မန့် တော်တော်၇ှည်သွားဘီ....

ညိမ်းနိုင် said...

ဟုတ်ပါ့ဗျာ....၊ကိုယ်တွေက စလုံးရောက်မှခံရတာမဟုတ်
ဘူးဗျိုး...၊ညန်မာပြည်မှာရှိနေစဉ်အချိန်တုန်းက သူငယ်
ချင်းတွေကစလုံးမှာလေ....၊အဲ့ကတည်းက သူငယ်ချင်း
တွေကိုပြောလွန်းလို့ ဒိုင်ခံရန်ဖြစ်ပေးနေရတာကလား...။
ကိုယ်တိုင် ဒီရောက်တော့လည်း ဒီလိုပဲ....၊ဒီမှာသေအောင်
လုပ်နေရတာတောင် ကိုယ့်ခံစားခွင့်၊ရပိုင်ခွင့်တွေကို
စစ်တိုက်သလို တိုက်ယူနေရတဲ့အပြင်၊လူလိမ်ခံရတာက
တစ်မျိုး၊ပတ်စပို့သက်တမ်းတိုးတိုင်း အလှူကြီးပေးလိုက်
ရတာကတစ်မျိုး...၊ဟင်း ပြောရရင် ပေါက်ကွဲသံစဉ်တွေ
ပါလာတော့မယ်နော်...၊အဲ...ပေါက်ကွဲပြီးသွားဘီ....:))

မြတ်ကြည် said...

အဲဒီလူကိုက အလုပ်မဟုတ်တာ။ သူ့ကိုပြောလိုက်လို့ ရှက်ရမ်းရမ်းပြီး လျှောက်ပြောနေတာ။ ကန်ဒီရေ၊ မသိတဲ့လူဆို accept မလုပ်နဲ့။

jasmine(တောင်ကြီး) said...

ကန်ဒီတော်တော်စိတ်ရှည်တာပဲ
မဂျက်ဆိုရင်တော့မရဘူး အဲဒီလောက်က်ုစိတ်မရှည်နိုင်တာ
တစ်ခါထဲ Block လိုက်တာပဲ

Anonymous said...

အားပေးဖတ်ရှုသွားပါတယ် ကန်ဒီရေ

ဘိုဖြူ said...

ညီမငယ်ရေ နောက်ဆိုရင်တော့ သတိနော်

camomilla said...

သနပ်ခါးလေးနဲ့ချစ်စရာလေး

အောင်အောင် said...

သူက ဦးသန့် ရေးထားတဲ့ စာမတွေ့လို့လားနော်...!
"ဘယ်နေရာရောက်ရောက် မြန်မာဟာ မြန်မာပါဘဲ.."

မိုးဇက် said...

ညင်းညင်း ............ ဒါမျိုးကို အလျှော့ပေးလို့ဘယ်ဖစ်မလဲ ဒီဒီရယ် ၊ ချချ ၊ နင့်နောက်မှာငါရှိတယ် ၊ လုပ်ပလိုက် ..........ညင်းညင်း

မုန်တိုင်း said...

Block မလုပ်ပဲ ဒီ post လေးပေးဖတ်လိုက်ပါလား

8Yar said...

ဟုတ်ပါ့ နိုင်ငံခြားရောက်တိုင်း ဘဝင်ကိုင်တယ်ထင်နေကြတယ်။ အမှန်က သူတို့က အမြင်စောင်းနေကြတာ။ ပြောပြန်ရင်လဲ ယာယာလွန်ရာကျမယ်။ ဒီမှာ စိတ်ညစ်စရာပေါင်း သောင်းခြောက်ထောင်နဲ့ ရပ်တည်နေရတာတော့ မသိကြဘူး။ ဘယ်လိုလူတွေမှန်းကိုမသိဘူး။ ဟတ်ဟတ် :D :D :D သနပ်ခါးဘဲကြားကြီးနဲ့ တူတယ် ခစ်ခစ်။ :P

mabaydar said...

နောက်ပြီးတွေ့နေမြင်နေရတာတွေရှိသေးတယ်... စကာင်္ပူကမိန်းကလေးတွေဆိုရင် ပျက်စီးနေတယ်လို့ပြောကြတာ... ဖေ့ဘွတ်တို့ ဘာတို့ပေါ်မှာ လက်ချိုးရေလို့ရတဲ့ အရေအတွက်လေးကို ဓာတ်ပုံတွေဘာတွေ့တွေ့... ဖော်ဝက်မေးလ်တွေကနေ သူတို့ကိုထားသွားတဲ့မိန်းကလေးကို ယောကျာင်္းတွေတန်မဲ့ အသားရေလိုက်ဖျက်(ပြောတော့ မိန်းကလေးတွေကောင်းစေချင်လို့ဆိုတဲ့ အကာအကွယ်နဲ့)... မမြင်ချင်မှအဆုံး...

နောက်ဆုံးကျတော့ မြန်မာပြည်ကလူတွေက စလုံးရောက်ရင်ပဲ မိန်းကလေးတွေပျက်စီးနေသလိုလိုထင်... မဗေဒါလဲ အဲလိုလူမျိုးတွေတွေ့ပါများလို့နောက်ပိုင်းဆို လာအက်ရင် ဘလော့စာဖတ်သူလားလို့မေးတယ်... မဟုတ်ရင် ဘလောက်လိုက်တာပဲ...

ရှိသေးတယ်... မြန်မာပြည်ကတချို့အမျိုးတွေနဲ့ သူငယ်ချင်းတွေ... နိုင်ငံခြားရောက်တာနဲ့ ဒူးနှံ့ပြီး ရွှေတွင်းထဲကနှိုက်ယူလို့ရနေတယ်ထင်နေလားမသိဘူး... ဘယ်သူနဲ့တွေ့တွေ့ ကိုယ့်ပဲလိုက်ကျွေးခိုင်းတယ်... လက်ဆောင်လဲကိုယ့်ပဲတောင်းတယ်... မြန်မာပြည်ပြန်လဲကိုယ်ပေးရ... နိုင်ငံခြားရောက်လဲကိုယ်ပဲ ဒကာခံရ... မပေးချင် မကျွေးချင်လို့ပြောတာမဟုတ်ဘူး... ဒါပေမဲ့ နိုင်ငံခြားကလူမို့ နင့်မှာတာဝန်ရှိတယ်ဆိုတဲ့ အထာနဲ့လာပြောတာကို စိတ်တိုတာ...

ဟိုးတစ်လောက မြန်မာပြည်ပြန်လာမယ်လို့ အွန်လိုင်းစာရေးတဲ့အသိုင်းအ၀ိုင်းသူငယ်ချင်းတချို့ကိုပြောတော့ အားပါးတရပြန်လာတဲ့ ငါလူစုထားမယ်တဲ့... ကိုယ်ကတော့ပျော်သွားတာပေါ့... နောက်တော့ နင်ဘယ်ဆိုင်လဲရွေးဆိုတော့... ကိုယ်ကလဲ American system ထင်တာပေါ့... ဘယ့်နှယ့် အယောက် ၂၀လောက်ရှိတာ... နောက်မှ ကိုယ်ကတွေ့ချင်မှတော့ ကိုယ်ကကျွေးရမှာပေါ့တဲ့... ကျွေးလိုက်ရတာကိစ္စမရှိဘူး... ခင်လို့လာတယ်ဆိုတာပဲဖြစ်စေချင်တယ်... ကျွေးလို့လာတာမဖြစ်စေချင်ဘူး... ကိုယ်ပဲခင်စရာမကောင်းလို့ထင်ပါတယ်... အဲကိစ္စက လွန်ခဲ့တဲ့ ၂နှစ်လောက်ကဖြစ်တာပါ... ဘယ်သူ့မှမပြောဖြစ်သလို ဘလော့ပေါ်လဲမရေးဖြစ်ဘူး...

မေမြို့မိုး said...

သနပ်ခါးနဲ့ပုံလေးကိုမြင်တော့ မြန်မာပြည်ကြီးကို
လွမ်းလိုက်တာဗျာ...း(