
Contact lens အိုင်ဒီယာကို (၁၅၀၈)ခုနှစ်မှာ အီတလီလူမျိုး Leonardo da Vinci ကစတင်ဖော်ပြခဲ့တာပါ။ ပထမဆုံး မျက်ကပ်မှန်ကို ဖန်သား(glass)နဲ့ (၁၈၈၇)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်ကပ်မှန်ဟာ မျက်လုံးတပြင်လုံးကို ဖုံးအောင် တပ်ရတဲ့ပုံစံပါ။ မျက်ကပ်မှန်ကို (၁၉၃၉)ခုနှစ်မှာ ပလပ်စတစ်(plastic)နဲ့ စတင်ပြုလုပ်ခဲ့ပြီး (၁၉၄၈)ခုနှစ်မှာတော့ မျက်ကပ်မှန်ကို မျက်ဆံနေရာမှာပဲတပ်ဆင်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရှေးတုန်းက မျက်ကပ်မှန်လေ.. အကြီးကြီးပဲနော်
မျက်ကပ်မှန်ကို အဓိကအားဖြင့် Hard နဲ့ soft ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Hard contact lens ဆိုလို့ လန့်မသွားနဲ့ဦးနော်။ Hard ကိုအရင်က glass နဲ့လုပ်ပေမယ့် ခုချိန်မှာ plastic နဲ့ပဲ လုပ်ပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ အားသာချက်က အကြမ်းခံတယ်။ ပြုလုပ်တဲ့ပစ္စည်းတွေမှာ ရေမပါလို့ သူကပိုပြီး ကြာကြာခံတယ်။ အားနည်းချက်ကတော့ သိပ်ပြီး သက်တောင့်သက်သာ မရှိတာပါ။ Soft contact lens တွေက ရေပမာဏများများနဲ့ ပြုလုပ်ထားတယ်။ ပိုပါးတယ်။ ပိုပြီးသက်တောင့်သက်သာရှိတယ်။ အကြမ်းတော့ သိပ်မခံဘူး။


အဲ့လို မျက်ဆံကို ကြီးသွားစေတယ်..
ခုနောက်ပိုင်းလူငယ်တွေကြားမှာ ရေပန်းစားနေတာကတော့ Circle lens တွေပါ။ Circle lens တွေက မျက်ဆံကိုပိုကြီးသွားစေတော့ ကလေးလေးလို ချစ်စရာအသွင်ဖြစ်သွားစေတယ်လေ။ Circle lens တွေကို America မှာ FDA က ရောင်းချခွင့်နဲ့ တင်သွင်းခွင့်မပြုသေးပေမယ့် Korea တို့ Japan တို့မှာတော့ Regulate လုပ်ပြီး ရောင်းနေတာပါပဲ။ သူတို့ Regulation က ခွင့်ပြုတယ်ဆိုမှတော့ safe ဖြစ်လို့နေမှာပေါ့နော်။ ရိုးရိုးမျက်ကပ်မှန်တွေနဲ့ ဘာကွာလဲဆိုတော့ Circle lens တွေက ရိုးရိုးမျက်ကပ်မှန်တွေလောက် အောက်ဆီဂျင်မဖြတ်နိုင်ဘူး။ ဒီတော့ ရိုးရိုးမျက်ကပ်မှန်ကို (၈)နာရီလောက်ဝတ်လို့ ဘာမှမဖြစ်ပေမယ့် Circle lens နဲ့ဆို (၈)နာရီလောက်နေရင် မျက်လုံးခြောက်ခြောက်ကြီး ခံစားရတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကန်ဒီသိသလောက်က Circle lens နဲ့ colored lens အချို့ကို ကန်ဒီတို့လို Cylinder အရမ်းများတဲ့သူတွေ တပ်လို့မရဘူး။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ မျက်ကပ်မှန်သုံးသူအများစုဟာ သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကို မလိုက်နာကြပါဘူးတဲ့။ တကယ်ဆို လူ့ခန္ဓာကိုယ်မှာ မျက်လုံးက အရမ်းအရေးပါတဲ့ အစိတ်အပိုင်းပဲနော်။ ဒီတော့ ပိုဂရုစိုက်သင့်တာပေါ့။ မျက်ကပ်မှန်တပ်နေကြတဲ့သူတွေကတော့ ကန်ဒီပြောမှာတွေ သိပြီးသားဖြစ်မှာပါ။ တပ်ဖို့ရည်ရွယ်တဲ့သူတွေ နောက်ပြီး Circle lens တွေ Onlineက မှာဝယ်တပ်တဲ့သူတွေ မသိမှာစိုးလို့ ရေးပြတာပါ။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ မျက်ကပ်မှန်သုံးသူအများစုဟာ သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကို မလိုက်နာကြပါဘူးတဲ့။ တကယ်ဆို လူ့ခန္ဓာကိုယ်မှာ မျက်လုံးက အရမ်းအရေးပါတဲ့ အစိတ်အပိုင်းပဲနော်။ ဒီတော့ ပိုဂရုစိုက်သင့်တာပေါ့။ မျက်ကပ်မှန်တပ်နေကြတဲ့သူတွေကတော့ ကန်ဒီပြောမှာတွေ သိပြီးသားဖြစ်မှာပါ။ တပ်ဖို့ရည်ရွယ်တဲ့သူတွေ နောက်ပြီး Circle lens တွေ Onlineက မှာဝယ်တပ်တဲ့သူတွေ မသိမှာစိုးလို့ ရေးပြတာပါ။
(၁) သန့်ရှင်းရေး

မျက်ကပ်မှန်မတပ်ခင် လက်ကိုအရင်ဆေးပါ။ ဖြစ်နိုင်ရင် မျက်နှာကိုဘာမှမလိမ်းခင်တပ်တာအကောင်းဆုံးပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအတွက်ပြောတာပါ။ မိတ်ကပ်တွေဘာတွေလိမ်းပြီးမှတပ်ရင် Eye makeup တွေ အခန့်မသင့်ရင် မျက်လုံးထဲ ၀င်နိုင်တယ်လေ။ တကယ်မျက်စိမကောင်းတဲ့သူတွေကတော့ ဘာမှမလုပ်ခင်ပဲ တပ်ကြတာပါ။ မတပ်ရင် မြင်မှမမြင်ကြတာ။ မျက်ကပ်မှန်ချွတ်တဲ့ အခါကျရင် မျက်နှာမသစ်ခင် အရင်ချွတ်ပါနော်။ ချွတ်ပြီးသား မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးတဲ့ solution လေးနည်းနည်းထည့်ပြီး လက်ပေါ်မှာ အရင်ပွတ်ပြီးမှ ဗူးထဲပြန်ထည့်ပါ။ ဗူးထဲကိုလည်း solution အသစ်ပြန်ထည့်ပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအများစုဖြစ်တတ်တာက မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဗူးထဲက solution ကို ပုံမှန်မလဲတာပါ။ တပတ်တခါတော့ solution ပုံမှန်လဲပေးပါနော်။
(၂) မှန်ကန်တဲ့အနေအထားနဲ့ တပ်ပါ
မျက်ကပ်မှန် ပြောင်းပြန်ကြီး တပ်ထားရင် ကြည့်ရတာ မကောင်းသ
လို မျက်လုံးထဲမှာ ခိုးလိုးခုလုကြီးဖြစ်တတ်ပါတယ်။ "ပ" စောက်ပုံ ခုံးနေတဲ့အနေအထားက မှန်ကန်တဲ့အနေအထားပါ။ ဘယ်လိုတပ်လဲဆိုတာတော့ ပြောပြလို့လည်း မရတော့ မပြောပြတော့ပါဘူး။ မျက်လုံးကို ညင်ညင်သာသာလေးတော့ လုပ်ပါနော်။ စစတပ်ချင်းပဲ အခက်တွေ့တာပါ။ အလေ့အကျင့်ရသွားရင် ဘာမှမခက်ဘူး။ ကန်ဒီမျက်ကပ်မှန် စတပ်တုန်းကဆို အဲ့ဒါလေးမျက်လုံထဲဝင်ဖို့ကို တော်တော်ကြာကြာတပ်ရတာ။ ချွတ်ရင်လည်း အကြာကြီးပဲ။ ခုဆို အေးဆေးဖြစ်သွားပြီ :)

(၃) မျက်ကပ်မှန်ကို ပုံမှန်လဲပါ
မျက်ကပ်မှန်တချို့က တစ်နှစ်ခံတယ်။ တချို့က တစ်လခံတယ်။ ကိုယ့်မျက်ကပ်မှန် သက်တမ်းကုန်တဲ့အချိန်ရောက်ရင် အသစ်လဲပေးပါ။ Expire ဖြစ်နေတာကြီး ဆက်မတပ်ပါနဲ့နော်။ ဈေးနှုန်းကတော့ ပါဝါ၊ Cylinder ကိုလိုက်ပြီးကွာတယ်။ Cylinder ကဈေးပိုကြီးတယ်။ မျက်ကပ်မှန်အသစ်ကို သူ့ဗူးထဲကထုတ်ပြီးရင် မျက်ကပ်မှန်စိမ်တဲ့ solution နဲ့ အနည်းဆုံး (၈)နာရီ အရင်စိမ်ပြီးမှ စတပ်ပါ။ ဗူးအသစ်ထဲက solution မှာ preservative တွေပါလို့ ချက်ချင်းမတပ်သင့်ပါဘူး။ မျက်ကပ်မှန်ကို ဘယ်တော့မှ ရေနဲ့မဆေးနဲ့နော်။ ရေထဲမှာ bacteria တွေပါလာနိုင်တယ်။ သူ့ solution နဲ့သူဆေးပါ။
(၄) Contact lens solution ကို ပုံမှန်ဝယ်ပါ

Solution တစ်ဗူးဟာ ဖွင့်တဲ့အချိန်ကစပြီး (၃)လ ပဲခံပါတယ်။ (၃)လပြည့်ရင် အသစ်လဲပေးပါ။ မျက်ကပ်မှန်ပုံမှန်တပ်တဲ့သူတွေအတွက်တော့ အဲ့ဒီတစ်ဗူးက (၃)လနေရင် ကုန်ပါတယ်။ ပုံမှန်မတပ်တဲ့သူဆိုရင်တော့ ဂရုစိုက်ပြီးလဲပေးပါနော်။ မျက်လုံးခြောက်တတ်လို့ မျက်စဉ်းသုံးလေ့ရှိရင်လည်း ဂရုစိုက်လဲပေးပါ။ များသောအားဖြင့် မျက်စဉ်းတွေက ဖွင့်တဲ့ရက်ကစပြီး (၁)လ ပဲခံပါတယ်။ တချို့ (၂)လခံတာတွေလည်း ရှိပါတယ်။ ဗူးပေါ်ကစာကို သေချာဖတ်ပါနော်။ မျက်စဉ်းဗူးပေါ်မှာရေးထားတဲ့ Expiry date ကိုမယူရဘူးနော်။ အဲ့ဒါက ဗူးမဖွင့်ရင် ခံမယ့် date ကိုပြောတာ။

Solution တစ်ဗူးဟာ ဖွင့်တဲ့အချိန်ကစပြီး (၃)လ ပဲခံပါတယ်။ (၃)လပြည့်ရင် အသစ်လဲပေးပါ။ မျက်ကပ်မှန်ပုံမှန်တပ်တဲ့သူတွေအတွက်တော့ အဲ့ဒီတစ်ဗူးက (၃)လနေရင် ကုန်ပါတယ်။ ပုံမှန်မတပ်တဲ့သူဆိုရင်တော့ ဂရုစိုက်ပြီးလဲပေးပါနော်။ မျက်လုံးခြောက်တတ်လို့ မျက်စဉ်းသုံးလေ့ရှိရင်လည်း ဂရုစိုက်လဲပေးပါ။ များသောအားဖြင့် မျက်စဉ်းတွေက ဖွင့်တဲ့ရက်ကစပြီး (၁)လ ပဲခံပါတယ်။ တချို့ (၂)လခံတာတွေလည်း ရှိပါတယ်။ ဗူးပေါ်ကစာကို သေချာဖတ်ပါနော်။ မျက်စဉ်းဗူးပေါ်မှာရေးထားတဲ့ Expiry date ကိုမယူရဘူးနော်။ အဲ့ဒါက ဗူးမဖွင့်ရင် ခံမယ့် date ကိုပြောတာ။
(၅) ကိုယ့် Limit ကိုယ်သိပါ
လူတယောက်နဲ့ တယောက် မျက်ကပ်မှန်နဲ့ နေနိုင်တဲ့ အချိန်ချင်းမတူပါဘူး။ တချို့လူတွေက တနေကုန်တပ်ထားလည်း ဘာမှမဖြစ်ပေမယ့် တချို့ကျတော့ ၆ နာရီလောက်ဆို မျက်လုံးခြောက်ပြီး နေရခက်လာတာတွေရှိပါတယ်။ ဒါတွေက ကိုယ့်မျက်လုံးရဲ့ ခံနိုင်ရည်နဲ့ဆိုင်သလို ပါဝါ၊ Cylinder ကွာတာနဲ့လည်း ဆိုင်ပါတယ်။ Cylinder များတဲ့သူတွေက Power တပ်တဲ့သူတွေလောက် မျက်ကပ်မှန်ကြာကြာ မတပ်နိုင်ကြဘူး။ ကန်ဒီဆို Cylinder က 350 လောက်ရှိတယ်။ မျက်ကပ်မှန်ကို အလွန်ဆုံး (၅)နာရီပဲ တပ်နိုင်တယ်။ မျက်ကပ်မှန်ကိုချည်း အားကိုးလို့မရဘူး။ ကန်ဒီလည်း အပြင်သွားမှ တပ်တာပါ။ အိမ်မှာ မျက်မှန်ပဲတပ်တာ။ ကြုံတုန်းလေး ပြောပြလိုက်ဦးမယ်။ ကန်ဒီမျက်ကပ်မှန် စလုပ်တုန်းက မျက်စိလည်း စစ်တော့ ပါဝါ အပြောင်းအလဲရှိတယ်တဲ့။ ကန်ဒီကမျက်ကပ်မှန်လည်း လုပ်မယ်.. မျက်မှန်ကိုလည်း မှန်ပြန်လဲမယ်ပေါ့။ အဲ့ဆိုင်မှာ မှန်လဲဖို့ အခက်အခဲရှိနေတယ်။ ဘာလို့လဲတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ အရောင်းကောင်တာကအစ်မက မျက်ကပ်မှန်ရှိနေပြီပဲတဲ့ မျက်မှန်က မလိုတော့ပါဘူးတဲ့။ သူတို့ပြောတာယုံပြီးတော့ မျက်မှန်ကိုတော့ မပစ်လိုက်ကြပါနဲ့နော်။ တကယ်တမ်း မျက်ကပ်မှန်က အကြာကြီးတပ်နိုင်တာမဟုတ်ဘူး။
(၆) သတိထားသင့်သောအရာများ
ဘယ်လောက်အိပ်ငိုက်ငိုက် မျက်ကပ်မှန်လေးတော့ ချွတ်ပြီးမှ အိပ်ပါနော်။ ခရီးသွားရင် မျက်မှန်လေးပဲ တပ်သွားပေါ့။ မီးဖိုနား အပူနားသွားရင်လည်း ဂရုစိုက်ပါ။ ဟိုတလောကပဲ ဖေ့ဘွတ်မှာ တွေ့လိုက်သေးတယ် မျက်ကပ်မှန်တပ်ပြီး မီးဖိုနားသွားလို့ ဆေးရုံရောက်သွားတာလေ။ Plastic က မီးဖိုကအပူနဲ့ဆိုတော့ အရည်ပျော်တာ ထင်တာပဲ။ ကြောက်တော့ ကြောက်စရာပဲ။ ဒါပေမယ့် ဂရုစိုက်ရင်တော့ မဖြစ်ပါဘူးနော်။
**********************************
ဒီပိုစ့်ကို ရေးမယ်ဆိုပြီး ပြောထားတာတော်တော်ကြာပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒါမျိုးပုံစံရေးဖို့ကျတော့ စာတွေလိုက်ဖတ်ရတယ်လေ။ ခုလို ကျောင်းပိတ်လို့ နည်းနည်းအားနေမှပဲ စာတွေလိုက်ဖတ်နိုင်တာဆိုတော့ ခုမှပဲ ရေးဖြစ်တော့တယ် Sorry :P
15 comments:
အရင်ကသုံးတယ်ညီမရေ
ခဏခဏပျောက်တယ် နေပူရင်လဲနေရခက်တယ်
အဲနောင်ပိုင်းတော့မျက်မှန်ကိုပဲပြန်သုံးတော့တယ်လေ
အေးတဲ့ နေရာဆိုရင်တော့သုံးပျော်ပါတယ်
ညီမလေးရေ
ရောက်နေပြီးဖတ်နေပါတယ်ဗျ
လေ့လာသွားတယ် ညီမရေ
မျက်ကပ်မှန်.researcherး)
တပ်တော့တပ်ချင်တယ်
လောလောဆယ်.ညက်လုံးက
ကောင်းနေသေးတယ် :P
တပ်ဖြစ်ရင်တော့
ကြောင်မျက်လုံးလိုဟာလေး
ဖြစ်မယ်ထင်တယ်။ ;)
ကျေးကျေးပါနော်ကန်ဒီ
ချစ်ခင်စွာဖြင့်
နာလည်းမျက်ကပ်မှန်တပ်မလားစဉ်းစားနေတာပဲ...၊
တော်ဘီ.....အလုပ်ရှုပ်တယ်....တပ်တော့ဝူးအေ....:)
မျက်ကပ်မှန်လေးတွေကိုသဘောကျတယ် အသဲယားလို့ မတပ်ဖြစ်ဘူး...။ အပေါ်က ဂျီးတော်ညိမ်းပြောသလိုပဲ အလုပ်ရှုပ်လို့ တပ်တော့ဘူး...။
မမတော့မသုံးဖူးဘူး ညလေးရေ
သိထားရတာပေါ့
တခါသုံး acuva lens ဝယ်ထားတာလေ၊ မတပ်ရဲလို့။ မျက်လုံးထဲထည့်မယ်ဆိုတာနဲ့ မျက်လုံးက ပုတ်ခက်ပုတ်ခက်လုပ်နေတာ။ နောက်တော့၊ အားလျှော့လိုက်ရတယ်။
မျက်မှန်တော့တပ်ဖြစ်တယ်
မျက်ကပ်မှန်ပြောင်းတပ်ပြီးပဲပေးမလိုလုပ်နေတုန်း..ပိားး
ခုလိုသိလိုက်ရတာကျေးဇူးပါမမချိုချဉ်ရေ
အခုတော့ မလိုသေးဘူး...
နည်းနည်းတော့ နီးနေသလိုဘဲ။
ဘယ်တော့လဲတော့ မသိရသေးဘူး
ပေကလပ်ပေကလပ် ဖြစ်ေိနတယ်။
ဖတ်သွား မှတ်သွားတယ် ကန်ဒီရေ
ခင်တဲ့
အိမ်မက်
မျက်ကပ်မှန် ပိုစ်လေး ရေးပေးတာ ကျေးဇူး ကန်ဒီရေ့ ..
မျက်ကပ်မှန်ပြောင်းတပ်မလား စိတ်ကူးနေတာ ။ လုပ်ရတာတွေ များတယ်နော်.. အရင်အတိုင်း ကိုင်းလေးနဲ့ ပဲ ကောင်းပါတယ်လေ :))))))))))
ကျတော်ကတော့မျက်ကပ်မှန်ကိုcrazyဖြစ်နေပြီ
တခါတလေ ပဲများချင်တဲ.အခါကျတပ်ပါတယ် မတပ်၇င်မြင်မှမမြင်၇တာ ဒါပေမယ်. နေပူထဲသွား၇င် မျက်လုံးကခြောက်လာေ၇ာ ပြီးတော.သတိထားနေ၇တော. မလွတ်လပ်ဘူး။ အဲဒါကြောင်. စိတ်လျှော.ပြီးမျက်မှန်ပဲတပ်ဖြစ်တော.တယ်။
ညီမခု မျက်ကပ်မှန်စတပ်မို့ အရင်ကဖတ်ဖူးတာ ခုပြန်ရှာပြီးဖတ်နေတာ :D
Post a Comment