ဟိုနေ့က Orchard ရောက်ဖြစ်တယ်။ ဟိုနေ့ဆိုတာ ဘယ်နေ့လဲဆိုတော့ ပထမဆုံးအနီလိုင်းရထားပျက်တဲ့နေ့။ မနေ့ကလည်း ရထားပျက်တယ် ပြောတယ်။ ဗဟုသုတ အလွန်နုံချာပြီး ဘာသိဘာသာနေတတ်တဲ့ ကန်ဒီက တကူးတကသွားမဖတ်တော့ ဘာလို့ပျက်လဲ သေချာမသိပါဘူး။ အဲ့ဒီနေ့က သူငယ်ချင်းတယောက်နဲ့ City Hall မှာ ငါးကင်စားပြီး Orchard ဆက်သွားဖြစ်တာပါ။ ကိုယ်သွားမယ်ဆိုမှ ရထားကပျက်တော့ City Hall ကနေ Taxi စီးသွားတယ်။ ဘက်စ်ကားလည်း မစီးတတ်လို့လေ။ ခုဆို Orchard မှာတော်တော်လှနေပြီ။ တချို့အရုပ်တွေက မပြီးသေးပေမယ့် Christmas Tree တွေက ပြီးနေပြီ။ ဓာတ်ပုံရိုက်နေတဲ့သူတွေလည်း အများကြီးပဲ။
ဒီပိုစ့်က ဓာတ်ပုံရိုက်ချင်တဲ့သူတွေ သွားရိုက်လို့ရအောင် သတိပေးတဲ့ပိုစ့်ပါ ဟိဟိ။ ၂၅ရက်နေ့ကျရင်လည်း ရိုက်လို့ရပေမယ့် အားလုံးက ရိုက်ချင်နေကြတာဆိုတော့ လုရိုက်နေရမှာလေ။ ခုချိန်စောစောစီးစီးသွားရိုက်ထားတာ ပိုကောင်းတယ်လို့ပြောမလို့ပါ။ တကယ်တော့ ကန်ဒီက ဓာတ်ပုံရိုက်ဖို့သွားတာ မဟုတ်ဘူး။ ဒီတိုင်း လှတယ်ဆိုလို့ သွားကြည့်တာ။ ဒါပေမယ့် ထုံးစံအတိုင်း ကန်ဒီဘယ်သွားသွား နည်းနည်းလေးတော့ ရိုက်ရမှဆိုတော့ ဒီလိုတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
ဒီပိုစ့်က ဓာတ်ပုံရိုက်ချင်တဲ့သူတွေ သွားရိုက်လို့ရအောင် သတိပေးတဲ့ပိုစ့်ပါ ဟိဟိ။ ၂၅ရက်နေ့ကျရင်လည်း ရိုက်လို့ရပေမယ့် အားလုံးက ရိုက်ချင်နေကြတာဆိုတော့ လုရိုက်နေရမှာလေ။ ခုချိန်စောစောစီးစီးသွားရိုက်ထားတာ ပိုကောင်းတယ်လို့ပြောမလို့ပါ။ တကယ်တော့ ကန်ဒီက ဓာတ်ပုံရိုက်ဖို့သွားတာ မဟုတ်ဘူး။ ဒီတိုင်း လှတယ်ဆိုလို့ သွားကြည့်တာ။ ဒါပေမယ့် ထုံးစံအတိုင်း ကန်ဒီဘယ်သွားသွား နည်းနည်းလေးတော့ ရိုက်ရမှဆိုတော့ ဒီလိုတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
အပေါ်က အပင်နှင့်.. :)
လှတယ်ဟုတ် :D
ဒါက ကန်ဒီအကြိုက်ဆုံး Christmas Tree.. ပန်းရောင်လေး :D
ကိုယ့်ဟာကိုယ် ရိုက်တယ်ကွာ :P
အပြန်ကျတော့လည်း ဖွားဖွားကန်ဒီက ရထားပျက်နေတာမေ့ပြီး ရထားဆီသွားလိုက်ပါသေးတယ် :P .. ၂၅ရက်နေ့ကျရင် အဲ့ကိုထပ်သွားဖြစ်မလား မပြောတတ်ဘူး။ သွားတာကတော့ သွားချင်တယ်။ အဲ့နေ့ကျရင် Orchard တလမ်းလုံးပိတ်တယ်ထင်တယ်။ ပိတ်ပြီး တီးဝိုင်းတွေရော။ ပြင်ဆင်ထားတာတွေလည်း အခုထက် အများကြီးလှတယ်။ ညီမနဲ့ သူငယ်ချင်းတွေသွားရင်တော့ သွားမယ်။ အဲ့နေ့က လူနည်းနည်းများတော့ ကန်ဒီတယောက်တည်း မသွားချင်ဘူး။ မတော်လို့ လူဆိုးတွေဘာတွေ ဖမ်းသွားမှ ဒုက္ခ :P
ဆင်သူခိုးလေးနှင့်...
အ၀ါရောင် ခရစ်စမတ် ထရီး :P
ဘာမဆိုင် ညာမဆိုင် အရုပ်တွေနှင့် :D
မနှစ်က ခရစ်စမတ်ကတော့ သူငယ်ချင်းတွေနဲ့ သွားဖြစ်တယ်။ ဗွီဒီယိုတောင် လုပ်ထားသေးတယ်။ အဲ့တုန်းက Orchard မသွားခင် Jurong Point Shopping Centre အရင်ရောက်သွားသေးတယ်။ ဘာသွားလုပ်တာလဲတော့ မမှတ်မိတော့ဘူး။ Orchard လမ်းမကြီးကတော့ ၂၅ရက်နေ့ဆို ဒီလိုမျိုးပေါ့။ ကန်ဒီနဲ့ ကန်ဒီ့ညီမ ပါနေတာကိုတော့ သည်းခံပြီး ကြည့်ကြပါ (ဒါလွန်ခဲ့သော တစ်နှစ်က ကန်ဒီပေါ့ :P)
အားလုံးပဲ ပျော်စရာ Weekend လေးဖြစ်ပါစေ ^_^
23 comments:
မရောက်ဘူးတော့လဲ
သူများတင်တာပဲကြည့်ရတာပေါ့
ဗြဲ.:P
သေသေချာချာကြည့်သွားတယ် ညီမရေ
ဓါတ်ပုံကော သရုပ်ဆောင်ကော ရူ့ခင်းကော အားလုံးလန်းတယ်
လာအားပေးသွာပါတယ်မcandy
ဘာလိုလိုနဲ့  christmas ရောက်တော့မှာ ပါလား ... အင်း တစ်နှစ်တော့ ကုန်ပြန်ပြီ .....
သူငယ်ချင်းရေ ... ပုံလေးတွေ အရမ်း လှတယ် နော် ....
မမတီ လှတယ် ရှု့ခင်းတွေ ဟီဟီ..:p မထုနဲ့နော် မမလည်းလှပါတယ်
ခင်မင်လျက်-
ခရစ်စမတ်နေ့ ကျသွားရင် သတိထားသွားနော်... လူဆိုးတွေ ဖမ်းသွားမယ်...
ပုံတွေလဲလှတယ် လူလဲလှတယ်
အာဘွားးးးးးးးးးးးးးးးးးး
ပုံလေးတွေလှလိုက်တာဗျာ ကြည့်ရလို့ကျေးဇူးပါညီမငယ်ရေ
လှပတဲ့ ရှုခင်းတွေဟာ ကန်ရဲ့အလှအပအောက်မှာပဲ လက်မြှောက်အရှူံးပေးလိုက်ရတာကတော့..အင်မတန်..စိတ်မကောင်းစရာပါပဲဗျာ...
ဦးထုပ်လေးက အသည်းယားစရာ။
ဓာတ်ပုံလေးတွေလှတယ်ညီမရေ
လူလဲလှတယ် :)
မနာလိုစရာ ကောင်းလှအောင်ပါပဲ ကန်ဒီရေ....:):)
ခရစ်စမတ်နဲ့အတူ ပျော်ရွှင်ခြင်းတွေနှင့်ပြည့်စုံပါစေ...
လူဆိုးတွေက မဖမ်းပေါင်...လူကောင်းတွေကပဲ ငမ်းကြမှာ...
လေယာဉ်ဝယ်ပြီးမှပဲ ဓာတ်ပုံလာရိုက်ဦးမယ်...
ဒီမယ် မသကြားလုံး တော်ယုံဘဲဆွပေးပါ
ဒီမှာမသွားနိုင်လို့ စိတ်ညစ်နေတာနော်ဟွန့် ဟွန့်း)
ကြားတယ်...ကြားတယ်....အဲ့နေ့က ညည်း အောချက်
သွားတယ်လို့....:)။ပျော်ရွင်ဖွယ်ခရစ်စမတ်လေးဖြစ်ပါစေ
ဗျား.........။
အောချတ် ကလည်းလှ..
သကြားလုံးကလည်းလှ..း)
လှလိုက်တာ..မရောက်ဘူးတော့ တင်တာကြည့်ရတာပေါ့နော်.. :P
လူလည်းလှ ရှုခင်းလည်းလှ ရိုက်ချက်လေးတွေလှလို့ဖြစ်မယ်... :)
အပြင်အဆင်လေးတွေလှလိုက်တာ သကြားလုံးလေးရေ။
ရောင်စုံမီးတွေကြားက ကန်ဒီလေးကလည်းလှ။
ဒီလို ဒီလိုလေးတွေမြင်လိုက်ရတော့ Orchard ကို
ရောက်သွားသလိုပါပဲကွယ်။
ပျော်ရွှင်ဖွယ်ခရစ်စမတ်ပွဲတော်နဲ့
နှစ်သစ်ကူးပွဲတော်လေး ဖြစ်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ခရစ်စမတ်ညမှာ ဘယ်တုန်းကမှ ဘာမှမလုပ်ခဲ့ဖူးဘူး ဒီနှစ်တော့ မြို့ထဲလျှောက်လည်ရင်ကောင်းမလားလို့..
မကန်ဒီကိုအားကျလို့လေ
Candy ကင်မရာသစ်လေးက ဘယ်ဆိုးလို့လဲ မိုက်တယ်။ :)
ပျော်ကြပေါ့။ ငယ်သေးတာကိုး။ အဘတို့ကတော့ ခရစ်စမတ်မှာ တရားစခန်းဝင်ရမလားလို့။း)
ဘယ်လိုနေနေ ချစ်ဖို့ကောင်းတဲ့ ညမလေးကန်ဒီ ရေ မချမ်းဘူးလား အင်္ကျီလက်တိုလေးနဲ့
Tag ပို့ဒ်လေးရေးပြီးသွားပြီညလေးရေ..
Post a Comment