Wednesday, December 7, 2011

Ready for Winter??

စင်္ကာပူမှာ ဆောင်းမရှိပေမယ့် ခုချိန် ဆောင်းတွင်းရောက်နေတဲ့သူများအတွက် ရည်ရွယ်ပြီး ဒီပိုစ့်လေးရေးလိုက်တာပါ။ ကန်ဒီ မြန်မာပြည်ဆောင်းအတွက်ပဲ အဓိကရည်ရွယ်ပြီး ရေးထားပါတယ်။

*******************************


ဆောင်းရာသီမှာအသားအရေခြောက်သွေ့တတ်တာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ခြောက်သွေ့ပြီး အဖတ်တွေကွာနေတဲ့အသားအရေဟာ မိတ်ကပ်လိမ်းရင်တောင် ချောမွေ့မှုမရှိဘဲ မလှမပဖြစ်တတ်တယ်လေ။ ဒီတော့ ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းဖို့ ဘာတွေလိုအပ်မယ်ဆိုတာလေးကို ဒီပိုစ့်လေးနဲ့ အကြံပြုပါရစေနော်။

(၁) အစိုဓာတ်ထိန်းသိမ်းပါ


ပုံမှန်သုံးနေကြ Moisturizer ထက် ပိုပြီးထူတဲ့ Moisturizer မျိုးကို ဒီရာသီမှာ ပြောင်းသုံးလိုက်ပါ။ အဆီပြန်တဲ့အသားအရေပိုင်ဆိုင်တဲ့သူတွေတောင် ဆောင်းရာသီမှာ အသားအရေခြောက်တတ်ကြပါတယ်။ Cream အမျိုးအစား Moisturizerတွေဟာ Gel အမျိုးအစား Moisturizerတွေထက်ပိုပြီး သင့်တော်ပါတယ်။ Alcohol ပါတဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေကို ပိုခြောက်သွေ့စေတတ်လို့ ရှောင်ပါ။ မျက်နှာတင်မဟုတ်ပဲ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ Body Lotion မှန်မှန်လိမ်းပေးပါ။ Shea butter, Petrolatum, Mineral oil, Tea tree oil နဲ့ Glycerin အစရှိတဲ့ အမယ်ပစ္စည်းတွေပါတဲ့ အလှကုန်တွေဟာ ခြောက်သွေ့တဲ့အသားအရေအတွက် အထူးသင့်တော်ပါတယ်။ Moisturizer တို့ Body Lotion တို့ကို ပိုပြီးထိရောက်မှုရှိအောင် ရေချိုးပြီးစအချိန်မှာ လိမ်းသင့်ပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးထားရင်တော့ အကောင်းဆုံးပေါ့။ အဲ့ဒီအရေပြားရဲ့စုပ်ယူနိုင်မှုအားက ပုံမှန်ထက်ပိုကောင်းတယ်လေ။ ဖြစ်နိုင်ရင် အနည်းဆုံး တစ်ပတ်တခါလောက် Mask သုံးပါ။ Clay mask တွေဟာ အသားအရေကို ပိုခြောက်သွေ့စေတတ်လို့ ရှောင်ပါနော်။ ရေများများသောက်ပေးပါ။

(၂) နှုတ်ခမ်းလေးတွေအတွက်



ဆောင်းရာသီမှာ နှုတ်ခမ်းတွေကွဲတာကတော့ အဆိုးဆုံးပါပဲ။ ဒီတော့ နှုတ်ခမ်းအစိုဓာတ်ထိန်းဖို့ လိုအပ်လာတာပေါ့။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lip Balm မျိုးရွေးသုံးပါ။ တချို့ Lip balm တွေက အဆီလိုဖြစ်သွားတာပဲ ရှိတယ်။ တကယ် အစိုဓာတ်ထိန်းပေးလားဆိုတော့ အဲ့လိုမထိန်းပေးတာတွေ အများကြီးပါ။ ကိုယ်နဲ့အဆင်ပြေမယ့် Lip balm လေးတွေ စမ်းဝယ်သုံးကြည့်ပါ။ ကန်ဒီ အကြံပေးရရင်တော့ NIVEA က Lip balm လေးတွေ ကောင်းပါတယ်။ ကန်ဒီအကြိုက်ဆုံးတွေကတော့ Hydro care နဲ့ Pure and natrual Lip balm ပါ။ Tea Tree oil ပါတဲ့ Lipbalm တွေဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေအတွက် အထူးသင့်လျော်ပါတယ်။ Body shop မှာ Tea Tree oil Lip balm ရှိပါတယ်။ နှုတ်ခမ်းမကွဲအောင် နောက်လုပ်နိုင်တာလေးတစ်ခုက တစ်ပတ်တခါ နှုတ်ခမ်းကို ပျားရည်လေးနဲ့ သကြားလေး ရောပြီးပွတ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်အသေတွေ ဖယ်ရှားပေးတဲ့အပြင် နှုတ်ခမ်းလေးကိုလည်း ပိုနူးညံ့စေတယ်လေ။

(၃) ခြောက်သွေ့တဲ့ ဆံသားအတွက်



ဆောင်းရာသီမှာ အသားအရေတွေတင်မဟုတ်ပဲ ဆံပင်တွေပါခြောက်သွေ့တတ်ပါတယ်။ Dryer ကိုလျော့သုံးပေးပါ။ ဆံပင်ပျော့ဆေး ပုံမှန်သုံးပေးပါ။ တစ်ပတ်တခါ (သို့) နှစ်ခါ ပေါင်းတင်ပေးပါ။ ဆိုင်မှာသွားပြီး ပေါင်းတင်စရာမလိုပါဘူး။ ပစ္စည်းကောင်းလေး လမ်းညွှန်ရရင် Essential ကထုတ်တဲ့ Hair Maskလေးတွေကောင်းပါတယ်။ ခေါင်းလျှော်ပြီးတဲ့ဆံပင်မှာလိမ်း.. ဆယ်မိနစ်လောက်ထားပြီး ရေနဲ့ပြန်ဆေးလိုက်ရုံပဲလေ။

(၄) အိပ်ရေး၀၀အိပ်ပါ


ဒါကတော့ဆောင်းတွင်းမှမဟုတ်ပါဘူး။ အသားအရေအတွက် အမြဲလုပ်ဆောင်သင့်တဲ့ အချက်ပါ။ အောက်ဆီဂျင်ပမာဏဟာ အိပ်ရေးမ၀ရင်လျော့ကျတတ်ပါတယ်တဲ့။ အောက်ဆီဂျင်ပမာဏ လျော့ကျရင် ဆဲလ်တွေအသစ်ပြန်လည်ဖြစ်ပေါ်ဖို့ နှေးကွေးစေတယ်လေ။ ဒါတွေက အိုမင်းရင့်ရော်မှုရဲ့အစပေါ့။ ဒီတော့ အနည်းဆုံး ၇နာရီလောက် အိပ်ရေး၀၀အိပ်ပေးပါ။

အားလုံးပဲ Sweet December ပါနော်... ^_~
Candy

13 comments:

မောင်ဘုန်း said...

ချစ်သူ အတွက် coppy လုပ်သွားတယ် နော် ....

မောင်(စွယ်စုံကျမ်း) said...

မမ မောင်ဘုန်းပြောသလိုပဲနော
ဟန်ဂျီအင်းအတွက် ကော်ပီလုပ်သွားမနေဘူး
လှချင်ရင် မမကန်ဒီဆိုဒ်ကိုသွားလို့ ပြောလိုက်မယ်နော
နော ဖွားလေးအန်တီ

မဒမ်ကိုး said...

ဟုတ်ကဲ့မမသကြားလုံးလေး
တို့တွေက အိုပြီိဆိုတော့ ဒါတွေအရေးကြီသအေ ...နော
ချစ်တဲ့

အဒေါ်ကြီး ဒိုးကန်

8Yar said...

အင်း အလှပျက်လို့ဖြစ်ဘူး ကောင်းကောင်းအိပ်ရမယ် ၇နာရီ နည်းတယ် ၈နာရီအိပ်မယ်.... ဟီး.... :P ပြောရင်တောင် အိပ်ချင်လာပြီ။

Anonymous said...

ဆောင်းတွင်းရောက်ရင်..
လက်တွေ.ကွာတာတော့
နှစ်တိုင်းပဲကန်ဒီ
အဲ့အတွက်.နည်းကောင်းလေးများရှိရင်
မ.စ.ပါအုံးရှင်:)
ခင်မင်စွာဖြင့်
သမီးစံ

rose said...

နည်းလမ်းကောင်းလေးတွေ မျှဝေလို့ ကျေးဇူးပါ ကန်ဒီရေ...။ ညီမစံ ပြောသလိုပဲ အစ်မလည်း လက်တွေ အရမ်းခြောက်တယ်။ Hand cream တွေ လိမ်းရင်လည်း သိပ်မထိရောက်ဘူး။

jasmine(တောင်ကြီး) said...

မှတ်သားထားပါ့မယ်
လိုအပ်တဲ့အချိန်အသုံးပြုလို့ရအောင်
ချစ်တဲ့ jasmine

ညီရဲ said...

မိန်ကလေးတွေကတော့ အလှကြိုက်ပါ့...
အစ်ကိုတို့ အတွက်ကတော့ အသုံးမဝင်ပါဘူး...
မိန်ကလေးတွေ အတွက်တော့ တော်တော်လေး အသုံးဝင်မယ်...

ညီရဲ said...

မိန်ကလေးတွေကတော့ အလှကြိုက်ပါ့...
အစ်ကိုတို့ အတွက်ကတော့ အသုံးမဝင်ပါဘူး...
မိန်ကလေးတွေ အတွက်တော့ တော်တော်လေး အသုံးဝင်မယ်...

လမင်းငယ် said...

လာရောက်ဖတ်သွားတယ် ချိုချိုလေးရေ

နွေတေးရှင် (မင်းဧရာ) said...

ဒီလိုလုပ်လို့ ဘယ်ရမလဲဗျာ.....
အစ်မကြီးတွေအတွက် တင်ပေးပြီး
အစ်ကိုကြီးတွေအတွက် တင်မပေးလို့ကတော့
ဟင်း...ဟင်း...အလွယ်ဘူးမှတ်းးp။

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ပို.စ်လေးလာဖတ်သွားတယ် ချစ်ညလေးေ၇..
ချမ်းမြေ.ပါစေ...

camomilla said...

ကျေးဇူးညီမလေးရေ..
မှတ်သားသွားပါတယ်
ခင်တဲ့
မမိုး