Thursday, December 22, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)


TAG ပိုစ့်မရေးတာတောင် ကြာပေါ့။ ဒါလေးက မမရိုစ့် ကန်ဒီကို သတိတရတက်ဂ်ထားတဲ့ တက်ဂ်ပိုစ့်လေးပါ။ ခရစ်စမတ်နဲ့ပတ်သက်ပြီး ငယ်ဘ၀အမှတ်တရလေးတွေ အများကြီးရှိတယ်။ မြန်မာနှစ်ကူးတဲ့ သင်္ကြန်ထက်တောင် အမှတ်တရများသေးတယ်။ ဘာလို့လဲဆိုတော့ ကန်ဒီ့အမေက ကန်ဒီတို့ အသက်တော်တော်ကြီးတဲ့အထိ သင်္ကြန်ဆိုပေးမလည်လို့လေ။

အမှတ်တရများ
ခရစ်စမတ်ဆိုတာနဲ့ ကန်ဒီပထမဆုံးအမှတ်ရတာက ကန်ဒီကို ငယ်ငယ်ထဲက အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာမပါ။ သူက ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်ပေါ့။ အဲ့ဒီတီချယ်က ကန်ဒီတို့ရဲ့ဆရာမဆိုတာထက် အစ်ကိုတွေအစ်မတွေကိုလည်း သူပဲသင်ခဲ့တော့ မိသားစုလိုဖြစ်နေတာ။ ကန်ဒီ ၂နှစ် သမီးလောက်တည်းက သူက သီချင်းတွေဆိုပြတယ်။ A B C D သင်ပေးတယ်။ နောက်ပြီး "Candy" ဆိုတဲ့ နာမည်ကလည်းတီချယ်ပဲ ပေးခဲ့တာလေ။ ကန်ဒီတို့ ညီအစ်မ(၃)ယောက်မှာ အင်္ဂလိပ်နာမည်တစ်ခုစီရှိတယ်။ ကန်ဒီ့ ညီမအလတ်က "Pinky".. ညီမအငယ်ဆုံးက "Sweety"။ တီချယ်ကလည်း အဲ့နာမည်တွေပဲခေါ်တယ်။ ကန်ဒီ့နာမည်အရင်းတောင် မသိဘူးထင်တယ်။ ခရစ်စမတ်ဆို တီချယ်က သူ့အိမ်မှာ မုန့်လာစားဖို့ အမြဲဖိတ်မယ်။ ကန်ဒီတို့က မုန့်သွားစားရင် တီချယ့်အတွက် လက်ဆောင်ယူသွားတယ်။ လက်ဆောင်ကတော့ များသောအားဖြင့် ချည်ထည်လေးတွေပါ။ မုန့်စားပြီးရင် တီချယ်နဲ့ အတူသီချင်းဆိုတယ်။ အဲ့ဒါကတော့ ဟိုးပိစိညှောင့်တောက်လေးတည်းက ၈တန်း ၉တန်းလောက်ထိ နှစ်စဉ်လုပ်ဖြစ်လာတဲ့ ခရစ်စမတ်အမှတ်တရလေးပေါ့။

နောက်ကန်ဒီ့အတွက် ကြီးကျယ်တဲ့ အမှတ်တရတစ်ခုက Santa Claus ပါ။ ကန်ဒီငယ်ငယ်က Santa ကိုတကယ်ရှိတယ် ထင်ခဲ့တယ်။ ကန်ဒီ့ဆီလည်း သူကနှစ်တိုင်း လက်ဆောင်အမြဲပေးတယ်လေ။ အဲ့တော့ သူ့ကိုတကယ်ရှိတယ်လို့ ကန်ဒီထင်တာမမှားပါဘူး။ နောက်ဆုံးမှ တရားခံကို မိတော့တယ်။ အမေက ခရစ်စမတ်မတိုင်ခင် ၂၄ရက်နေ့ည ကန်ဒီတို့အိပ်ရင် သူကြိုတင်စီစဉ်ထားတဲ့ လက်ဆောင်ထုပ်ကို ခေါင်းအုံးဘေးလာချထားတတ်တယ်။ ကန်ဒီတို့ မနက်ရောက်လို့ လက်ဆောင်တွေ့ရင် အရမ်းပျော်တာလေ။ အမေကို ပြေးပြေးပြီးပြောရတာ အမော။ အမေ သမီးကို Santa Clausဘိုးဘိုးကြီးက လက်ဆောင်ပေးတယ်ဆိုပြီးပြောရင် အမေက အင်း.. အဲ့ဒါ သမီးလိမ္မာလို့ ပေးတာပေါ့.. Santa Claus ဘိုးဘိုးကြီးက မလိမ္မာတဲ့ကလေးတွေကို လက်ဆောင်မပေးဘူး သမီးရဲ့ .. ဆိုပြီး အမြဲပြောတာ။ အဲ့တော့ ကန်ဒီတို့က ခရစ်စမတ်ဆို အမြဲရင်ခုန်ရတယ်လေ။ လက်ဆောင်ရပါ့မလားဆိုပြီး။ နောက်ဆုံး အမေလုပ်မှန်းသိသွားတာကတော့ တနှစ်မှာ အမေပေးမယ့်လက်ဆောင်ကို packing မလုပ်ခင် ကန်ဒီမြင်သွားတာပါ။ တကယ်လည်း လက်ဆောင်ရရော ဒါကို တွေ့ဖူးနေတယ်ဆိုပြီး ဖြစ်တာပေါ့။ အဲ့အချိန်ကစပြီး အမေလုပ်မှန်း သိသွားတာပါပဲ။ အိမ်မှာတော့ Christmas Tree တွေနဲ့ ပြင်ဆင်လေ့မရှိဘူး။

စိတ်ကူးထဲက ခရစ်စမတ်..
နှင်းတွေကို တခါမှမမြင်ဘူးတော့ မြင်ဖူးချင်တယ်။ နှင်းဖြူဖြူလေးတွေက ခရစ်စမတ်ရဲ့ အရသာကို ပိုပေါ်လွင်စေမယ်လို့ ကန်ဒီထင်တယ်။ ခရစ်စမတ်မှာ မိုးရွာတာတော့ တော်တော်ဆိုးတယ်။ ဒီခရစ်စမတ်လည်း စင်္ကာပူမှာ မိုးရွာမယ့်ပုံပဲ။ ဆောင်းတွင်းဆို ကန်ဒီသိပ်ကြိုက်တာ ဆွယ်တာတွေပေါ့။ တချောင်းထိုး နှစ်ချောင်းထိုး နည်းမျိုးစုံနဲ့ ထိုးထားတဲ့ ဆွယ်တာတွေသိပ်ကြိုက်တယ်။ ခရစ်စမတ်လိုနေ့မျိုးမှာ ဆွယ်တာလေးဝတ်ထားရတာ.. သူများတွေ ၀တ်ထားတာမြင်ရင် သိပ်သဘောကျတယ်။ ဆောင်းမရှိတဲ့ ဒီလိုနေရာမှာတော့ မဖြစ်နိုင်ပါဘူး :(

ဒီဇင်ဘာမှာ လုပ်ဖြစ်တာတွေ..
ငယ်ငယ်တုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ဆို အမေအားရင် ခရီးသွားဖြစ်တယ်။ ခရီးသွားရတာကို အရမ်းကြိုက်တယ်။ ခရီးသွားရင် တနေရာကို အေးအေးဆေးဆေးသွားပြီး ကြာကြာနေရတာမျိုးကို ပိုသဘောကျတယ်။ အမေက မအားတော့ အဲ့လိုခရီးမျိုးတခါမှ မသွားဖူးဘူး။ နေရာတော်တော်များများတော့ ရောက်တယ်ဆိုရုံလေး ရောက်ဖူးတယ်။ တခါကလည်း တောင်ကြီးသွားတာ တညအိပ်ပြီးပြန်လာတယ်။ ဘယ်မှမရောက်ဘူး >.< ဒီခရစ်စမတ်တော့ ဘယ်ခရီးမှ သွားဖြစ်မှာ မဟုတ်ပါဘူး။ သွားစရာဆိုလို့ Orchard ပဲရှိတယ်။ ဒီရက်ပိုင်း Vivo သွားဖို့ချိန်နေတယ် :P။အားလုံးကတော့ ခုချိန်ဆို အစီအစဉ်ကိုယ်စီနဲ့နေမှာပဲနော်။ ရန်ကုန်ပြန်မယ့်လူနဲ့ မလေးသွားလည်မယ့်လူနဲ့.. ပျော်စရာကြီး :D

Happy New Year
New Year မှာတော့ ဘာမှသိပ်မလုပ်တတ်ဘူး။ အစ်ကိုတွေ ရန်ကုန်မှာရှိတုန်းကဆို တခါတလေ သူတို့ခြံထဲမှာ ဘာဘီကြူးလုပ်တတ်တယ်။ ကန်ဒီတို့က သွားစားတာပေါ့။ ကလေးဆိုတော့ စားပြီးပြန်တာပဲ။ အစ်ကိုတွေနဲ့က ၈နှစ် ၉နှစ်လောက်ကွာတယ်လေ။ သူတို့ကတော့ ညထိပေါ့။ Countdown လုပ်တာတွေ ဘာတွေနဲ့။ New year ဆိုညဘက် ၁၂နာရီရောက်မှာကို စောင့်နေတတ်တယ်။ ကိုယ်တိုင် Countdown မလုပ်ပေမယ့် သူများတွေလုပ်တာကြားရတာနဲ့တင် ပျော်တယ်။ နှစ်တစ်နှစ်ကုန်သွားလို့ နှမြောတာမျိုးတော့ မရှိပါဘူး။ New Year resolution ရယ်လို့လည်း သီးသန့်ကြီး မချတတ်ဘူး။ ချလည်း မလုပ်ဖြစ်ဘူး ဟီးဟီး။

ဒါလေးကတော့ ကန်ဒီ့ရဲ့ခရစ်စမတ်နဲ့ ပတ်သက်သမျှ အမှတ်တရအကုန်ပါပဲ။ သတိတရ တက်ဂ်တဲ့ မမရိုစ့်ကိုလည်း ကျေးဇူးတင်တယ်နော်။ မပြောဘူး မပြောဘူး.. သူစိမ်းဆန်သွားမှာစိုးလို့ အဟိ :P။ TAG ဆိုတဲ့အတိုင်း ဆက်တက်ဂ်မယ်နော်။ ကန်ဒီ့ Blogger List ထဲမှာ ရှိရှိသမျှ ဘလော့ဂါအားလုံးကို တက်ဂ်ချင်ပါတယ်။ အဲ့လိုပြောရင် လေးလေးနက်နက်မတက်ဂ်ရာ ကျသွားမလား။ ရေးနိုင်သလောက် နာမည်တွေချရေးကြည့်မယ်နော်။

ကိုလွင်ပြင် (လွင်ပြင်လှိုင်းငယ်)၊ ကိုမောင်သန့်၊ နန္ဒာ (My Happy Memory)၊ အိပ်ယာ၊ ဖိုးမောင် (စွယ်စုံကျမ်း)၊ ကိုညီရဲသစ်၊ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)၊ ကိုဖြိုး (ရေးမိရေးရာ အဖြာဖြာ)၊ မမမိုးငွေ့ (မိုးငွေ့နှင့်အတူ)၊ ကိုပဥာက် (ထာဝရသစ္စာ)၊ အစ်ကိုချင်း၊ ကိုအာကာမိုးနိုင်၊ မမလမင်းငယ်၊ မြှားနတ်မောင် (ချောကလက်ကျုပစ်လေး)၊ ကိုတွတ်တွတ်၊ မမ မဒမ်ကိုး၊ မမcamomilla (နှလုံးသားဖြင့်ရင်းသော)၊ ကိုမြတ်မင်း၊ ကိုအောင်သက်ခိုင်၊ မပစ်ပစ် (ခံစားမှုသံစဉ်)၊ ကိုတူး (KO2)၊ မမခင်ဦးမေ၊ တီတီ (Thet Nandar Family)၊ ကိုလွမ်းပိုင်ရှင်၊ အိမ်မက် (အိမ်မက်စေရာ)၊ မပူးပူး၊ သူကြီးမင်း (ကိုကိုမောင် ပန်းရနံ့)၊ မမဂျက်စ် (Jasmine)၊ အိမ်လွမ်းသူ၊ မမသမီးစံ၊ မောင်မောင် (မြစ်ဆုံ)၊ မဗေဒါ (မဗေဒါရဲ့ ဗေဒါလမ်း)၊ ကိုZP (ZP.LINTAN)၊ ကိုသော်ဇင် (The Starry Night)၊ မောင်ဘုန်း (ကောင်းကင်ဖြူ)၊ ကိုဘိုဖြူ၊ ကိုမိုးဇက် (နှလုံးသားတစ်ခု၏ စွတ်ကြောင်း)၊ ကိုAH၊ ကိုထွဋ်၊ ကိုမင်းဧရာ (နွေတေးရှင်)၊ Quu Te ၊ မမသဒ္ဓါလှိုင်း၊ မမမိုးပန်းချီ၊ မအော်တန်၊ ကိုရဲထွန်းဇော် (အမှတ်တရနေ့စွဲများ)၊ မမခရမ်းနွယ်၊ ကိုဇောင်း၊ ခွန်မောင်ပန် (ဒီဇင်ဘာမောင်မောင်)။

မမရိုစ့်တက်ဂ်ပြီး ပိုစ့်လည်းရေးပြီးတဲ့သူတွေ.. စာသိပ်မရေးတော့တဲ့သူတွေ.. လုံးဝရေးနိုင်ချေမရှိတဲ့ သူတွေကို ကန်ဒီချန်ထားပါတယ်။ နာမည်ပါလို့ အတင်းကြီး ရေးရမယ်လို့ မဆိုလိုဘူးနော်။ ဒီလို နာမည်ချရေးတယ်ဆိုတာကလည်း ခင်မင်မှုကို ပြတာပါ။ အားမှ အဆင်ပြေမှ ရေးပါနော်။ ရေးမယ်ဆိုရင် ပါရမယ့် အကြောင်းအရာလေးတွေကတော့ (မမရိုစ့်ဆီက ကူးထားတာ :P).....

ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

အားလုံးပဲ Merry Christmas & Happy New Year ပါ ^_~

24 comments:

rose said...

Thank you so much for writing the tagged post, Candy lay. You had a great teacher. Oh.. that's how you got your name Candy. Nice.

Hehe, I think children believe in Santa Claus :D. Happy new year 2012!!

လမင်းငယ် said...

ချိုလေးကနှင်းဖြူဖြူလေးတွေမြင်ချင်တာလား
မမရိုက်ထားတာတွေရှာတင်းပေးမယ်နော်
ခရစ္စမတ်နဲ့ပက်သတ်ပြီရေးချင်ပါသော်လဲ
လွမ်းနေပါသဖြင့် :P

Angelhlaing(May everybody be happy and healthy! said...

ပျော်ရွင်ဖွယ်ခရစ်စမတ်လေး ဖြစ်ပါစေ ကန်ဒီရေ...

8Yar said...

ဟွန့် အပြောလေးကတော့ ချိုနေတာပဲ။ မုန့်တော့ခေါ်ကျွေးမယ်မရှိဘူး။ :P ဟီး.... နောက်တာ ရေးမယ်စိတ်ချ။

မောင်(စွယ်စုံကျမ်း) said...

ဟုတ်ေ၇းဆိုလည်းရေးပါ့မယ်ဗျ

chocolatecupidlay said...

ရေးစ၇ာတွေစုလိုက်ဦးမယ်ဗျို့

jasmine(တောင်ကြီး) said...

ဟုတ်ကဲ့ပါ အားတာနဲ့ရေးလိုက်ပါ့မယ်

သဒ္ဓါလှိုင်း said...

ညီမငယ်လေးရေ
ငယ်ငယ်ကပျော်ခဲ့ရဖူးတဲ့ ဒီဇင်ဘာလေးကို လွမ်းနေတာပေါ့။ ကျောင်းကိုရော မလွမ်းဘူးလား။။။ မမတော့ အောက်ကျောင်းလေးကိုလွမ်းနေမိတယ်၊ teacher ဘာသာ ကိုလွမ်းတယ်။
ချစ်တဲ့
မမသဒ္ဓါ

မောင်ဘုန်း said...

အယ် ... ဒီဇင်ဘာ ၃၁ မတိုင်ခင် ရေးဖြစ်အောင် ကြိုးစားပေးမယ်နော် .... ဟုတ်ပြီလား

ကိုကိုမောင်(ပန်းရနံ့) said...

ကန်ဒီ ပင့်ကီ ဆွိတီ ။
ခရစ်စမတ်မှာ မျက်နှာ ပိုပြောင်နိုင်ကြပါစေ။း)

ညီအမ သုံ့းဖော် ဓါတ်ပုံ များများ တင်နိုင်ကြပါစေ။
ကလေးပေါက်စနရုပ်ကလေးတွေ ကြည့်ရတာ အဘ စိတ်ချမ်းသာတယ်။ ပြုံးလို့ပျော်လို့ အပြစ်ကင်းလို့လေ။

ကန်ဒီပေါက်စန
များများလဲ ပေါနိုင်ပါစေ။း)

ဘိုဖြူ said...

ညီမလေးရေ
အကိုအားတာနဲ့ရေးလိုက်ပါ့မယ်နော်မရေးတတ်တော့
သူများရေးတာတွေကြည့်ပြီးကူးရမှာလေ
ခုတော့ ကို့ညီမရေးတာပဲဖတ်ခဲ့တယ်

တွတ်တွတ် said...

ကန်ကတော့လာစားဘီကွယ်...နာမည်လေးပါတော့လဲ ၀မ်းသာပါတယ်ဗျာ...အတည်အခန့်စာတွေမရေးတတ်တော့...(ကျန်တာလဲမတတ်ပါဘူး..:D)တော်တော်ကိုထိန်းရေးရမှာပဲဗျာ...စိတ်ကူးထဲပေါ်တဲ့အတိုင်း..ရေးရမှာပေါ့လေနော်...
မနက်ဖြန်အပြီးဖြစ်အောင်လို့...အတိတ်ကိုပြန်တွေးရင်း စိတ်ကူးနဲ့စာစီလိုက်ပါတော့မယ်........ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ္စမတ်လေးဖြစ်ပါစေလို့..ဆုတောင်းပေးလိုက်ပါတယ်......

မဒမ်ကိုး said...

သကြားလုံးစုတ်ကလေးရဲ့
ညည်းတက်တာနဲ့ ကျုပ်တက်စရာအပင်မကျန်တော့ဘူးအေ ..ဟိဟိ
ကျုပ်ကတော့အချစ်ရဲ့မွေးနေ့ခရစ္စမတ် မလေးမှာရှိနေမယ်တော် မကျေနပ်ရင်လိုက်ခဲ့ကြဒါဘဲ
(ဟိုလူကြီးကတော့မလာတော့ဘူးတဲ့ ဟွန့် တိုက်ပါ့မယ်ဆိုတာတောင် ဒူးနဲ့လို့ထင်လို့လားမသိဘူး )ဟိဟိ

Thet Nandar Family said...

Wish you have the perfect X'mas and a wonderful new year !!!!

Have a nice holidays !!!

laylwintlu said...

X'max & New year မှာ ပျော်ရွှင်ပါစေ မမတီ ရေးထားတာလေးဖတ်ပီးမျောတောင်သွားတယ်
(အိမ်ပြန်ချင်တယ် ဟူးးးးးးးအနွေးထွေးဆုံး အမေ့အိမ်... :P )
ခင်မင်စွာဖြင့်-
မောင်လေလွင့်

ညီရဲ said...

သြော... သြော... ပြောတော့ အစ်ကို့ ကို ညီမ မတဂ်ပါဘူးဆို ကလေးမ... ဟင်းးးးးးးးးးး စတာပါ ညီမ ဖြစ်သူက တဂ်လာတော့လဲ ရေးရတာပေါ့ ဟုတ်ဘူးလား ကဲ... ခုဘဲ စရေးပြီး ညီမရေ...
ပျော်စရာ ခရစ်စမတ်လေးပါ ညီမရေ...

အောင်အောင် said...

သဲကန္တာရမှာ ရောက်နေတဲ့ ကျွန်တော့်ကတော့ ဆောင်းရာသီတောင် မေ့နေသလို...(နှစ်တိုင်းကြုံကာနေမယ် ဟေမာန်ဆောင်းရယ်...ဒီအလွမ်းရယ် ချစ်တဲ့သူ မျှော်နေတော့မယ်...)သတိရလိုက်တာ ဆောင်းတညပေါ့...

လွင်ပြင်လှိုင်းငယ် said...

မရေးတတ်ပေမဲ့ ကြိုးစားပြီးရေးပေးမယ်နော် ညီမလေး

blackroze said...

သကြားလုံးလေး
ပျော်ရွှင်ဖွယ်ရာ Christmas ဖြစ်ပါစေနော်

အဖြူရောင်နတ်သမီး said...

Have a very Happy Merry Christmas & Happy New Year....my sister

ညိမ်းနိုင် said...

ပျော်ရွင်ကြည်နူးဖွယ် ခရစ်စမတ်နဲ့ နှစ်ကူးကာလလေး
ဖြစ်ပါစေ တူမကန်ဒီရေ...၊အလုပ်ရှုပ်နေလို့ ဖတ်သာပြီး
တယ်...၊မန့်ဖို့အချိန်မရလို့ ခုမှလာမန့်ရသကွယ်..။
ဒီည ဒီတဂ်ပို့စ်ကိုအပြီးရေးပေးပါ့မယ်...။တဂ်တဲအတွက်
လည်းကျေးဇူးပါဗျား

မိုးဇက် said...

မရေးတတ်တာဖြစ်သလို ၊ ရေးမတတ်တာလဲဖြစ်တယ် ၊ ရေးဖို့ တပ်ထားပေမယ့် ၊ တပ်ထားတဲ့အတိုင်း ချရေးလို့မရဘူး ၊ ချရေးလို့မရဘူးဆိုတာက ၊ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ ၊ ရောက်နေတယ်ဆိုတာက ရောက်နေတယ်ဆိုတာပဲ ၊ ခုမှပြန်ရောက်တယ် ၊ ပြန်ရောက်တယ်ဆိုပေမယ့် ၊ ကဗျာပဲထွက်ကျလာတယ် ၊

ဒီတော့ကာ.........

အန်တီ ဒီဒီရေ ၊
အဟီး ခွင့်လွတ်နော် .......
အနော် ရေးမတတ်ဘူး ။

Anonymous said...

ဖြစ်နိုင်ရင် အချိန်တွေကိုဆွဲထားချင်တယ်ကွယ်



မောင်ဘကြိုင်း)း)

Junemoe said...

Happy New Year ပါ ညီမရေ...
လွမ်းတောင်သွားတယ်... :)

ခင်မင်လျက်