Friday, June 10, 2011

တစ်နေ့သော June

မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ Clementi mall က Seoul garden မှာ ဘူဖေးလိုက်ကျွေးတယ်လေ.. student pass နဲ့ဆို half price နီးပါးပဲ... ပုံမှန်က 26+ ကို student pass နဲ့ဆို 13+ ပဲ.. တော်တော်တန်တယ်ပြောရမယ်... ဒါပေမယ့် အဲ့ဒီ price နဲ့က နေ့ခင်းပဲရတယ်... 11:30am to 4:00 pm..... Bugis က Seoul garden လိုသိပ်အနံ့မထွက်ဘူး... air con တော်တော်နိုင်တယ် ပြောရမယ်..


စားသောက်ပြီးတော့ 2:30pm လောက်... ညလည်းအတန်းရှိတယ်... ကြားထဲမှာ (၄)နာရီလောက်ကအားနေတော့ Botanic gardens ကိုသွားမယ်ဆိုပြီး plan ထားတာလေ.. ကန်ဒီ့သူငယ်ချင်း နှစ်ယောက်ကလည်း သူတို့ semi-pro Camera တွေယူလာတယ်... သူတို့က ၀ါသနာပါလို့ ၀ယ်ထားတာ.. Pro တွေတော့မဟုတ်ဘူး... သူတို့ကလည်း စမ်းရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ယောက်လုံး ယူလာတယ်... ကန်ဒီနဲ့ မွေးနေ့ရှင် ကန်ဒီ့သူငယ်ချင်းကတော့ သူတို့ အရိုက်ခံပေါ့... ဟီး...




ကန်ဒီလည်းဝါသနာပါတယ် photography ကို ... Photography ဆိုတာ art တစ်ခုပဲလေ... ဓာတ်ပုံကောင်းတစ်ပုံမှာ photographer ရဲ့ creativity အများကြီးပါတယ်... လူတော်တော်များများက အရိုက်ခံရတဲ့သူရဲ့ အလှကိုပဲ ကြည့်ဖြစ်တာများတယ်... ရိုက်တဲ့သူရဲ့ creativity ကိုမမြင်ကြဘူး... ခုချိန်မှာတော့ ကန်ဒီ ဓာတ်ပုံကြည့်တတ်တာကလွဲလို့ photography ပိုင်းကို သိပ်နားမလည်သေးဘူး.. camera ၀ယ်ပြီးမှ လေ့လာရမှာ...



ဒီလောက်ကြိုးစားတဲ့ photographer ဘယ်မှာသွားရှာမလဲ....
ကန်ဒီတို့ အိတ်တောင်လွယ်ပေးလိုက်သေးတယ်.... ဟီး...

Camera ကောင်းတာနဲ့ မကောင်းတာ quality တော်တော်ကြီးကွာတာနော်... သူတို့လုပ်တာ ကန်ဒီ့ camera ပိစိလေးတောင် မျက်နှာငယ်ပြီး သိပ်မရိုက်ဖြစ်ဘူး (သူတို့ ရိုက်တာခံနေရတာလည်း ပါတာပေါ့လေ)... ကန်ဒီလည်း အလုပ်ရရင် ပိုက်ဆံစုပြီး camera ကောင်းကောင်းလေးတစ်လုံးလောက် ၀ယ်ဦးမယ်... ခုလောလောဆယ်တော့ ကန်ဒီ့မှာ camera လည်းကောင်းကောင်းမရှိဘူးဆိုတော့ အရိုက်ခံပေါ့.. ဟီး.. modelling ကလည်းမဆိုးပါဘူး.. ကိုယ့်ပုံလှလှလေးတွေရတာပေါ့... :P

သူတို့ practice လုပ်တာကိုလည်း အရိုက်ခံပေးရသေးတယ်... ပြီးတော့ ပြောသေးတယ် သူတို့က ... "နင်ပြုံးတာ လေ့ကျင့်ဖို့ လိုတယ်".. ဆိုပဲ ... =(

Monkey... :P



One of my Dreams... :D

ညအတန်းထဲလည်းရောက်ရော ပင်ပန်းပြီး အိပ်ချင်တာအရမ်းပဲ.. မနည်းအားတင်းထားရတယ်... တကိုယ်လုံးလည်း ညစ်ပတ်ပြီး စီးကပ်နေတာ... အိမ်ရောက်တော့ 10:00pm.. ရေချိုးခေါင်းလျှော် တစ်ခါတည်း တန်းအိပ်တော့တာပဲ....

Credit: Photo by AK & WLA

Tuesday, June 7, 2011

မျက်ဝန်း....

(ဒီပိုစ့်လေးကို ကန်ဒီ့ အတွေ့အကြုံရယ် ဖတ်ဖူးတာလေးတွေရယ် ပေါင်းပြီးရေးမှာပါ။ သင်ရလို့တော့ မဟုတ်ပါဘူး။ ရေတိမ်အတွက်ဆေးတွေပဲ ကန်ဒီနည်းနည်းသင်ဖူးတယ်။ မျက်စိမှုန်တာ ဆေးမှမသောက်ရတာ။ ဟုတ်တယ်မလား.. နောက်တစ်ခုက ကန်ဒီ့လိုမဖြစ်အောင် သတိပေးချင်တာရယ်ကြောင့်ပါ... ^^)

Eye prescription ဖတ်နည်း

O.D. −1.00 −3.50 x180

O.D. = Right eye
O.S. = Left eye
SPH = Sphere power (−1.00)
CYL = Cylinder power ( −3.50)
(+) = အနီးမှုန်
(−) = အဝေးမှုန်
Axis = 180 degree


မျက်စိမှုန်တယ်ဆိုတာ မျက်လုံး sphere ကြောင့် ဖြစ်နိုင်သလို Astigmatism (ခေါ်) cylinder ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Astigmatism ဆိုတာက မျက်လုံး၊ မျက်ဆံ အားလုံးကို ဖုံးထားတဲ့ အလွှာပါးလေး (cornea) ပုံမှန်မဖြစ်ဘဲ ဘောလုံးပုံ (သို့) ဇွန်းမှောက်ထားရင် ခုံးနေသလိုမျိုး ပုံမှန်ထက် ပိုခုံးနေလို့ မျက်လုံးတွင်းဝင်လာတဲ့အလင်းတွေကို ပုံမှန် reflect မလုပ်နိုင်ဘဲ အမြင်အာရုံ ချွတ်ရွင်းရတာပါ။ Cylinder power ကို axis နဲ့ တွဲပြောလေ့ရှိပါတယ်။ Axis ဆိုတာကတော့ astigmatism ဘယ်လောက်ဒီဂရီလောက် စောင်းနေသလဲ ဆိုတာကို ဖော်ပြတာပါ။ Cylinder ကမွေးရာပါလည်း ရှိတတ်ပါတယ်။ Sphere power ရှိရတာကတော့ မျက်လုံး (sphere) တွင်း ပုံမှန်မဟုတ်လို့ ဖြစ်နိုင်သလို cornea ပုံမှန်မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Sphere power တပ်ရတဲ့သူတွေက မျက်မှန်ထူထူကြီးတွေ တပ်ရတတ်ပါတယ်။ Cylinder သမားတွေကတော့ power များရင်တောင် မျက်မှန်သိပ်မထူတတ်ပါဘူး (ကန်ဒီ့ လေ့လာချက်အရပါ။) Cylinder power က အတက်အကျရှိပါတယ်။ မျက်မှန်ပုံမှန်တပ်ရင် cylinder power လျော့သွားနိုင်ပါတယ်။

My History


ကန်ဒီ (၆)တန်းလောက်တည်းက မျက်မှန်တပ်ရတယ်။ Cylinder ပဲရှိတာ.. ဘယ်ဖက်မျက်လုံးတစ်ဖက်ပဲ။ ညာဖက်မျက်လုံးက လုံးဝကောင်းတယ် (အဲ့အချိန်တုန်းကပေါ့)။ ဘယ်ဖက်မျက်လုံးကတော့ တော်တော်မမြင်ဘူး (ကန်းသလောက်နီးပါးပဲ)။ ဒါပေမယ့် ညာဖက်ကမြင်နေတော့ သူများတွေလို ခေါင်းကိုက်တာတို့ ဘာတို့မဖြစ်ဘူး။ အဲတုန်းက မျက်စိစမ်းဖြစ်တယ် ဆိုတာကလည်း ကန်ဒီ့အဒေါ်တစ်ယောက်က မျက်စိအထူးကုလေ။ ကန်ဒီ ညီမအငယ်ဆုံးက မျက်စိသိပ်မမြင်ချင်တော့ သူ့ကိုစမ်းရင်းနဲ့ ညီအမ(၃)ယောက်လုံးစမ်းဖြစ်တာ။ ကန်ဒီ့မျက်လုံးမကောင်းတာပေါ်တော့တာပဲ။ အလတ်က လုံးဝကောင်းတယ်။ ကန်ဒီနဲ့ အငယ်ဆုံးနဲ့က မကောင်းဘူး.. (ဒါနဲ့ မျိုးရိုးဗီဇက များသောအားဖြင့် တဆင့်ကျော်သွားလေ့ရှိတယ်)

အဲဒါနဲ့ တစ်ဖက်ကမြင်တော့ မျက်မှန်ကို မတပ်ဘူး။ တပ်လိုက် မတပ်လိုက်နဲ့ ဘွဲ့ရတဲ့အထိပဲ။ ဒီလည်းရောက်ရော မျက်လုံးကမရတော့ဘူး။ ညာဖက်ကပါ power ရှိလာတယ်။ ဒီအချိန်အထိ ညာဖက်တစ်ဖက်တည်းနဲ့ ကြည့်လာတာကိုး။ သူလည်းဘယ်ခံနိုင်မလဲ။ ခုဆိုမျက်မှန် မတပ်လို့ မရတော့ဘူး။ မျက်လုံးက တော်တော်ဆိုးသွားပြီ မျက်မှန်မတပ်ရင် ခေါင်းကိုက်တတ်လာပြီ။ ကန်ဒီက မျက်မှန်တပ်ရမှာ သိပ်ပျင်းတဲ့လူလေ။ အဓိက ကတော့ မျက်မှန်ကြီး ပင့်ပင့်တင်နေရတာကို အလုပ်ရှုပ်တယ် ထင်တာ။ အဲဒါနဲ့ ကိုယ့်ကိုကိုယ် မတပ်လို့မရတာ သိလိုက်တော့ မျက်ကပ်မှန် လုပ်ထားတယ်။ အပြင်သွားရင် မျက်ကပ်မှန်တပ်တယ်။ အိမ်မှာနေရင် မျက်မှန်တပ်တယ်။ မျက်ကပ်မှန်အကြောင်းကိုတော့ ကန်ဒီ နောက်ပိုစ့်တစ်ခုအနေနဲ့ တင်မယ်နော်။ ဒီပိုစ့် အရမ်းရှည်သွားမှာ စိုးလို့ပါ။

(ဗီဇတစ်ဆင့်ကျော်သွားတာကို စိတ်ဝင်စားသူများဖတ်ဖို့ပါ။ အမြဲတော့ မမှန်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်က အဲလိုသွားတတ်ပါတယ်။ မောင်နှမချင်း တစ်ယောက်ကျော် သွားတတ်သလို generation တစ်ဆင့်ကျော်လည်းသွားတတ်တယ် ( အဖွား နှင့် မြေး)။ ဥပမာ.. ကန်ဒီတို့ ညီအမမှာဆို ကန်ဒီနဲ့ အငယ်ဆုံးက မျက်လုံး မကောင်းဘူး။ အဲလိုပဲ ကန်ဒီအမေမှာ မောင်နှမလေးယောက်ရှိတယ်။ အကိုအကြီးဆုံး .. ပြီးရင် အမေ.. ပြီးရင် ညီမနှစ်ယောက်။ သူတို့ဆိုလည်း အကိုအကြီးဆုံး (ကန်ဒီ့ ဘဘ)ဆို ရေတိမ်ခွဲထားရတယ်။ ကန်ဒီ့ အမေကကောင်းတယ်။ အသက်ကြီးလို့ မျက်စိမှုန်တာပဲရှိတယ်။ ကန်ဒီ့ အမေအောက်က အဒေါ်လည်း ဘဘလိုပဲ မျက်လုံးခွဲထားရတယ်။ အငယ်ဆုံးအဒေါ်ကကောင်းတယ်။ နောက်ပြီး ကန်ဒီ့ အဖေရော အမေရော မျက်လုံးကောင်းတယ်။ ဒါပေမယ့် ကန်ဒီတို့ မကောင်းဘူး။ ကန်ဒီအမေဘက်က အဘွားက မျက်လုံးမကောင်းဘူး။ ကန်ဒီ့လိုပဲ တစ်ဖက်ပဲ ဖြစ်တာ။ ထူးဆန်းတယ်နော်... မျိုးရိုးသွားပုံက ... ^^)

Wednesday, June 1, 2011

Unlucky girl???

မနေ့က ကန်ဒီတို့ကျောင်းက mail ရတယ်.. ထုံးစံအတိုင်း workshop timetable ပို့တာလေ... အဲဒီ workshop က local တွေမတက်ရဘူး... ကန်ဒီတို့ပဲ တက်ရတာ.. စာလည်းသင်တာမဟုတ်လို့ ကန်ဒီတို့လည်း သွားလိုက်မသွားလိုက်နဲ့.. ကျောင်းက mail ပို့ခေါ်မှသွားတယ်... အဲဒါ မနေ့က mail ရတော့ ဒီနေ့သွားလိုက်မယ်ပေါ့.. အခြေအနေသိရအောင်... ကန်ဒီသူငယ်ချင်းတွေက မသွားဘူး (သူတို့က နေမကောင်းတာရော၊ ပျင်းတာရောပေါင်းပြီး မသွားဘူးတဲ့...)... ကန်ဒီကတော့ သွားလိုက်မယ်ပေါ့... ညလည်းအတန်းရှိနေတာဆိုတော့ မထူးဘူးဆိုပြီး... ဒါပေမယ့် အချိန်ကြီးကတော့ ကိုးလိုးကန့်လန့်ကြီး... workshop က 12:30pm to 3:30pm ... တကယ့် class က 7:00pm to 10:00pm .. ကြားထဲမှာက လွတ်နေတယ်... သွားကြည့်ပါမယ်လေ ဆိုပြီးသွားတော့....

ဘယ်သူမှလည်းမလာဘူး... ပေးထားတဲ့ အခန်းကလည်း lab ခန်းကြီး... lab coat ကလည်း မပါတော့ မ၀င်ရဲဘူး... အဲလိုနဲ့ ဟိုလျှောက် ဒီလျှောက်လုပ်နေတုန်း.. ကန်ဒီတို့ workshop အတန်းက Vietnamese တစ်ယောက်တွေ့တော့ ၀မ်းသာအားရနဲ့ အတန်းရှိလား.. ဘယ်သူမှလာဘူး .. ဘာညာပြောပြီး... သူနဲ့ ဟိုလျှောက်ဒီလျှောက် coordinator ကိုသွားမေး.. coordinator ကလည်း ရေရေလည်လည်မသိဘူး..

နောက်ဆုံးတော့ ဟုတ်ပါတယ်.. အတန်းရှိပါတယ်... lab ခန်းမှာပါတဲ့... အမ်.. lab coat လည်းမပါ... (သူတို့အလိုရှိတော့ lab coat မပါလည်းဝင်ပါတဲ့.. တော်တော်ကောင်းတယ်.. hee ) သူတို့က ကန်ဒီတို့ နောက်ပိုင်း module တွေက lab ခန်းသိပ်မ၀င်ရတော့လို့ lab ခန်းနဲ့ရင်နှီးစေချင်လို့ပါ ဆိုပြီး... (ညာပြီး.. :P) ကန်ဒီတို့ကို lab ခန်းမှာ ကူခိုင်းပါတယ်... အဲဒါနဲ့ lab ခန်းမှာ သူများ practical လုပ်ဖို့ လိုအပ်တာတွေပြင်ပေး.. ပြီးတော့ သူများသုံးပြီးသား test tube တွေ.. beaker တွေ.. measuring cylinder တွေ... ဆေးခဲ့ရတယ်...

မောတယ်... အရမ်းပဲ... =(