Saturday, December 31, 2011

အလှူငွေများ ကောက်ခံနေပါသည် ^_^


(၂၈)ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွက် အခုအလှူငွေတွေ ကောက်ခံနေပါတယ်။ ရရှိတဲ့ အလှူငွေတွေကို ၈.၁.၂၀၁၂ နေ့မှာ စုပေါင်းလှူဒါန်းမှာပါ။ နိုင်ငံအလိုက် အဖွဲ့ဝင်တယောက်စီက တာဝန်ယူပြီး ကောက်ခံနေပါတယ်။

ဗြိတိန်မှ လှူဒါန်းလိုသူများအတွက်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
++၄၄ ၇၇၄၀ ၉၈၃၉ ၄၂
MR U JANAKA (Barclays Bank account) 20-42-73 10039764

အမေရိကန်မှ လှူဒါန်းလိုသူများအတွက်
ဗညားရှိန်@လင်းခေတ်ဒီနို
+၁၂၀ ၁၈၈၈ ၉၇၅၁
lynnkhitdeno301@gmail.com
http://www.facebook.com/profile.php?id=1510725850

စင်္ကာပူမှ လှူဒါန်းလိုသူများအတွက်
(၁) ကိုညိမ်းနိုင်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
http://www.facebook.com/profile.php?id=100001398712690
(၂) မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှူဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
http://www.facebook.com/notes/

မလေးရှားမှ လှူဒါန်းလိုသူများအတွက်
(၁) ဇင်ငြိမ်းဦး(မလေးရှားနိုင်ငံ)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
(၂) လွင်ပြင်လှိုင်းငယ်(Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
http://www.facebook.com/lwinpyinhlaingnge
(၃) မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/maung

မြန်မာနိုင်ငံမှ လှူဒါန်းလိုသူများအတွက်
andrewkc @ကျော်စွာစိုးမြတ်
andrewkc189kc@gmail.com
+၉၅ ၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewma

အဲ့လို အဲ့လို အသီးသီးတာဝန်ယူထားပါတယ်။ သူတို့ဆီ ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ ဂျီမေးလ်၊ ဖေ့ဘွတ်လိပ်စာတွေကို ဒီဆိုဒ်(နှိပ်ပါ) မှာလည်း အပြည့်အစုံရေးထားပါတယ်။ ပေါက်ကွဲမှုအဖြစ်အပျက်သတင်း ဖတ်ချင်ရင်တော့ ဒီမှာ နှိပ်ပါ။ နည်းတယ်များတယ် မဟုတ်ပါဘူး။ လှူချင်တဲ့စိတ်လေးသာ အဓိကပါ။ ကန်ဒီလည်း ပိစိညှောင့်တောင့် စလုံးဒေါ်လာ ၂၀ လှူထားပါတယ် :D :D

ဒီနေ့ဟာ ၂၀၁၁ရဲ့ နောက်ဆုံးနေ့နော်။ ၂၀၁၂အစကို အလှူအတန်းလေးနဲ့ စလိုက်ပါလား။ ပိုအဓိပ္ပာယ်ရှိသွားတာပေါ့။ အဟိ.. လှူဖို့မြူဆွယ်ပုံက သိပ်များကလေးဆန်နေလား။ ဘာဖြစ်ဖြစ် လှူရင်ပြီးရော ဒါပဲ(ဘဲ) ဟိုဟာကြက် :P

စာကြွင်း - ကိုရင်က စီပုံးမှာ ဗုံးတလုံးနဲ့ လာခြိမ်းခြောက်ထားလို့ ကြောက်ကြောက်နဲ့ ရေးရပါတယ်။ ဟီးဟီးဟီး.. နောက်တာပါ။ ဒီလိုတဖက်တလမ်းက ကူညီခွင့်ရလို့ ပျော်ပါတယ် Peace :D :D

နောက်ထပ်စာကြွင်း - အစက လိပ်စာတွေမရေးပေးဘဲ ကိုရင်ရေးပြီးသားလင်ခ့်ပဲ ပေးထားတာပါ။ လင်ခ့်ကို မမြင်ကြလို့ ကိုရင့်ဆီက လိပ်စာတွေ ပြန်ကော်ပီလိုက်ရပါတယ် =.= ကိုရင်ရေ... ခွင့်လွှတ်တယ်မလားဟင် :P

နောက်ဆုံးစာကြွင်း - အလှူငွေများ ကောက်ခံခြင်း ပြီးစီးသွားပါပြီ။ အလှူဓာတ်ပုံနှင့် သတင်းများကို ဒီလင့်ခ်လေးမှာ သွားဖတ်ရှုနိုင်ပါတယ်ရှင် ^_^

Friday, December 30, 2011

Candy is Burmese

ကန်ဒီ ပိုစ့်တစ်ခုနဲ့တစ်ခု ဆက်တိုက် မတင်တတ်တာ အားလုံးအသိပါ။ မပြောမပြီး မတီးမမြည်မို့လို့ ပြောပြပါရစေ။ စိတ်ကသိကအောင့် ဖြစ်စရာလေးပါ။ စာဖတ်သူများ.. ဘလော့ဂါသူငယ်ချင်းများကို အလွန့်အလွန်ချစ်သောကန်ဒီသည် Gtalk Request များကို လက်ခံပါသည်။ ဇာတ်လမ်းအစကတော့....

Someone: hi
Candy: hi hi
Someone: နေကောင်းလားဗျာ
Candy: ကောင်း၏ မင်္ဂလာ ညချမ်းပါ :D
Someone: me too
Candy: အင် you too လုပ်ပါ
သူ့ကျမှ me too တဲ့
Someone: မှာတာရှိရင်တောင်းပန်ပါတယ်
စောရိနော်
စာမတတ်လိုပါ
Candy: အင် စနေတာပါ ဟဟ
Someone: ...... ပါ
တာနဲဘယ်မှာနေတာလဲ
ဒိက မြေနိကုန်းမှာနေပါတယ်
Candy: ရန်ကုန်မှာတုန်းကလား
မရမ်းကုန်းမှာပါ
Someone: ခုနယ်မှာလား
အော်
ခုနယ်မှာပေါ
Candy: ခုက စင်္ကာပူမှာ
Someone: အော်
တောတောဟိုက်တာပေါ
တာကြောင်ဒိုကိုဖဲတာပေါ
Candy: အင်.. ဖဲ့မိလို့လား
Someone: ခုနကလေ
စင်္ကာပူသူဖြစ်တွာပြိဆိုတော အေပေါလေ
Candy: ဖဲ့တယ် မခေါ်ဘူး
အဲ့တာ နောက်တာ
Someone: မြန်မာပြည်သားတွေကိုတောဖဲပြိပေါလေ
Candy: ဟဟ စလုံးသူမဟုတ်ပါဘူး
မြန်မာပါ
Someone: တူတူပဲလေ
အဲရောက်ပြိဆိုရင်လူတွေက
ကိုနှိင်ငံကိုကိုယ် အမိနှိင်ငံလို
မထင်ကြတောဘူးလေ
ငယ်၂လေကတဲကနေပြိတော
Candy: ဟဟဟ ဒီရောက်တဲ့သူတွေကို အမြင်စောင်းနေပုံပဲ
အဲ့လိုမဟုတ်ပါဘူး
ရန်ကုန်ကိုလည်း လွမ်းတာသေတော့မယ်
Someone: နောက်ဆိုလဲမြန်မာပြိကတိုးတတ်တောမှာပါ
Candy: ခုတောင် တိုးတက်နေပြီလေ
Someone: ကျောင်းတတ်နေတာလား
Candy: ဟုတ်တယ်
ပြီးတော့မယ်
Someone: ပြန်မလာတောဘူပေါ
Candy: တချိန်ချိန်တော့ ပြန်လာမှာပေါ့
ဒီမှာ မပျော်ဘူး
Someone: ဒိလိုပဲပြောကြတာပါ
Candy: ဟဟဟ
ဘာမှ ဆက်မပြောလိုပါ
Someone: ဘာကိုလဲ
Candy: အော် အမြင်စောင်းနေတဲ့သူကို ဘာဆက်ပြောရမလဲ
Someone: အော် အော်
ဆက်မပြောချင်တောဘူးပေါ
မြန်မာပြည်မှာလဲမိန်းမလေတွေလဲမကောင်းကြပါဘူး
Candy: အင်... ဘယ်လိုဖြစ်လို့လဲ
Someone: ယာဉ်ကျေးမှုတွေပြောက်နေတယ်လေ
Candy: အင်း ဒါတော့ ဟုတ်တယ်
Someone: နှိင်ငံခြားသူတွေကမြန်မာလိုဖြစ်နေတယ်လေ
Candy: နိုင်ငံခြားသူတွေလိုဖြစ်နေတယ်လို့ ပြောချင်တာလား
Someone: အင်ပေါ မြန်မာမိန်းကလေတွေပေါ
Candy: ဟုတ်ကဲ့
Someone: ပြန်တောမယ်နော် စလုးံသူလေ
Candy: ဟုတ်ကဲ့ရှင့် တာ့တာ

(Block လိုက်ပါပြီ ရာသက်ပန်တာ့တာပါ :P :D)

အဲ့ဒါပါပဲ။ အားလုံး သတိထားမိကြလား မသိဘူး။ ကန်ဒီ စလုံးကလို့ ပြောလိုက်တဲ့အချိန်ကစပြီး စကားပြောပုံတွေက သိသိသာသာပြောင်းလဲသွားတာ။ အဲ့ဒါဘာလို့လဲ။ စလုံးမှာနေတာနဲ့ မြန်မာမဟုတ်တော့ဘူးလား။ ဒီမှာ နေနေရတာကို တော်တော်သက်သက်သာသာနဲ့ ပျော်ပျော်ကြီးနေနေကြတယ်များ ထင်နေတာလား။ ကျောင်းသားဆိုလည်း ကျောင်းသားအလျောက် သေလုမတတ် စာလုပ်ရတယ်။ အလုပ်လုပ်တဲ့ သူတွေကလည်း သေမတတ်လုပ်ရတာ။ သူများနိုင်ငံမှာ နေနေရတာ လွယ်တယ်များ ထင်နေလား မသိဘူး။ မိဘဆွေမျိုးမရှိ ကိုယ့်ကိစ္စအားလုံး ကိုယ်တိုင်လုပ်နေရတာ။ ဖျားရင်တောင် ဂရုတစိုက်မေးမယ့်လူ မရှိဘူး။ တချို့ကျောင်းသားတွေဆို ကျောင်းလခမလုံလောက်လို့ Part time ခိုးလုပ်ရတယ်။ Private ကျောင်းတွေဆို အလုပ်လုပ်ခွင့်မရှိဘူးလေ။ Part time လုပ်ရတာ ဘယ်လောက်ပင်ပန်းလဲ ကိုယ်တိုင်လုပ်ဖူးမှ သိတာ။ ကန်ဒီတရက်လုပ်ဖူးတယ်လေ။ အဲ့တရက်လူလိုတယ်ဆိုပြီး သူငယ်ချင်းခေါ်လို့။ ပြန်ရောက်တော့ အိမ်သာထဲမှာ ငိုတာ။ တခါမှ အဲ့လောက် ၀မ်းမနည်းဖူးဘူး။ ကန်ဒီ ကိုယ်တိုင်က ပျော့ညံ့တာလည်း ပါပါတယ်။ သူများတွေ လုပ်နိုင်ပြီး ကန်ဒီမလုပ်နိုင်လို့လေ။ ကန်ဒီတောင် တရက်ထဲလုပ်ပြီး ဒီလိုဖြစ်တာ နေ့တိုင်းလုပ်နေတဲ့ သူတွေကို အရမ်းကိုယ်ချင်းစာတယ်။ ပြောချင်တာက အဲလောက် မလွယ်ကူဘူးလို့ ပြောချင်တာ။ ဒီမှာ တချို့သူတွေ အလုပ်မရသေးခင်စပ်ကြား တနေ့ တနေ့စားရဖို့တောင် ရုန်းနေရတာ ကန်ဒီတွေ့ဖူးတယ်။ မြန်မာပြည်မှာဆို ဘယ်လောက်ဆင်းရဲဦးတော့ မိဘရှိတယ်။ အချိန်တန်ရင် ထမင်းတော့စားရတယ်။

ကိုယ့်နိုင်ငံကို အမိနိုင်ငံလို့ မထင်တော့ဘူးတဲ့။ ပြောပုံဆိုပုံတွေက မဟုတ်ဘူး။ တဖက်စောင်းနင်းတွေချည်းပဲ။ ကန်ဒီ့ဓာတ်ပြားဟောင်း ပြန်ဖွင့်ရရင်... အရာအားလုံးမှာ သူ့အကြောင်းနဲ့ သူရှိတယ်။ လူတစ်ယောက်စီမှာလည်း သူဦးတည်ရာနဲ့သူရှိတယ်။ အဲ့ဒါတွေကို မသိဘဲနဲ့ သူဘာလုပ်နေ လုပ်နေ သူ့ကိုမှန်တယ် မှားတယ် ပြောပိုင်ခွင့်မရှိဘူး။ မပြောသင့်ဘူး။ မြန်မာလူမျိုးဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာပဲ။ မြန်မာလူမျိုးတိုင်း မြန်မာပြည်ကို ချစ်တယ်။ ကန်ဒီလည်း မြန်မာပဲ။ မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီလိုအဖြစ်မျိုး ကိုမောင်သန့်ရေးဖူးတယ် ထင်တယ်။ ဖတ်ဖူးသလိုပဲ.. ကိုယ်တိုင်တော့ ခုမှကြုံဖူးတယ်ဗျို့ =.=

မှတ်ချက် - ထုံစံအတိုင်း Gtalk username ပြောင်းထားပါတယ်။

မြန်မာနဲ့တူပါတယ်နော် ^_^

Thursday, December 29, 2011

ကြိုက်မိသော သီချင်းများ ♫♪


လတ်တလော ကြိုက်နေတဲ့သီချင်းလေးတွေပါ။ သီချင်းကို ဘယ်လိုစိတ်ဝင်စားအောင် ရေးရမလဲ။ ရော့.. ဒီသီချင်းတွေကောင်းတယ် နားထောင်ကြည့်.. ဒါပဲ(ပုဒ်မ)ဆိုလည်း မဟုတ်သေးဘူး :P အဲ့တော့ ကန်ဒီကြိုက်တဲ့ သီချင်းထဲကစာသားလေးကိုပါ ကြော်ငြာလေးတွေ ၀င်သွားမယ်နော် :D

ရွှေအိမ်မက်
တေးဆို - ဆိုတေး



ဒီသီချင်းခေါင်းစဉ်က ဘယ်ဟာအမှန်လဲမသိဘူး တချို့က "ငါ့အနား"လို့ရေးတယ်။ တချို့က "ရွှေအိမ်မက်"တဲ့။ ဘာဖြစ်ဖြစ်ပါ။ သီချင်းရဲ့အဓိကအကြောင်းအရာလေးက အဝေးကိုခဏထွက်သွားတဲ့ချစ်သူ သူ့ကိုမေ့သွားမှာ စိုးရိမ်နေတဲ့သီချင်းလေးပေါ့။ သီချင်းလေးအစက လေယာဉ် ပျံတက်သွားတဲ့ အသံလေးနဲ့စပြီး သီချင်းအစ စာသားက...
♫♪ မိုးမြင့်ကောင်းကင် တိမ်တိုက်ကြား တိုးလို့ ပေါက်ထွက်ပျံသန်းသွား
လေယာဉ်ကြီးရဲ့ အနောက်ဖက် မင်းငါ့ကိုပစ်ထားသွားပလား.. ♫♪ တဲ့ သနားစရာလေး :(

ကန်ဒီနောက်ထပ် ကြိုက်တာ Chorus အပိုဒ်လေး...
♫♪ငါ့အနားမင်းမရှိခဲ့တဲ့ အချိန်လေးများ..
ငါ့အနားအမြဲမင်းရှိသလိုနေပေးပါ
တို့နှစ်ယောက်ဝေးကွာစဉ်ခဏ..
ဘေးစကားများလည်း မင်းမယုံနဲ့ကွာ
ရွှေအိမ်မက်လေးလည်း ပျက်မှာစိုးတာ... ♫♪
ကန်ဒီ ဒီကိုထွက်လာတဲ့အချိန်မှာ သူအဲ့လိုစိတ်ပူနေမှာပေါ့နော် >.<

အဝေးရောက်ချစ်သူ
တေးဆို - ဆိုတေး၊ Dဖြိုး၊ David



ဒီသီချင်းလေးကလည်း ဝေးနေရတဲ့ ချစ်သူနှစ်ဦးအကြောင်းလေးပေါ့။ ဘာလို့ ယောက်ျားလေး ၃ယောက်ဆိုထားလဲ မသိဘူး။ ဒီသီချင်းလေးက မိန်းကလေးနဲ့ယောက်ျားလေး စုံတွဲဆိုရင် ပိုအဓိပ္ပာယ်ရှိမှာ :D ဒီလိုလေးဆို ပိုကောင်းမယ် အဟဲ

ကောင်လေး : ♫♪ရေမြေတွေ ခြားနေပေမယ့် ခေါ်သံလေးနားထဲ ကြားသလိုပဲ
အဆင်ပြေမလားတွေးရင်းနဲ့ ရင်မော နင်နေများကောင်းရဲ့လား.. ♫♪

ကောင်မလေး : ♫♪မိုင်ထောင်ချီဝေးနေပေမယ့် နင်ငါ့အနားအမြဲတမ်း ရှိသလိုပဲ
ယုံကြည်လိုက်အချစ်ရဆုံးသူလေး အတူတူပဲ တွေးရင်းစိတ်ပူတယ်..♫♪

ကောင်လေး : ♫♪တကယ်လို့သာ ပြန်မဆုံနိုင်ဖြစ်ခဲ့ရင်.. နင်ငါ့ကိုသာ မေ့သွားခဲ့ရင်.. ရင်ကွဲရပြီပဲ ချစ်ရသူလေးရယ်.. ဘယ်ဆီမှာ နားမလဲ ဘယ်ရင်ခွင်နားမလဲ ဒီအချိန်ဆို ဘယ်သူနဲ့ ရှိနေမလဲ ♫♪

ကောင်မလေး : ♫♪စိတ်ချလိုက်ချစ်သူရေ.. မပြောင်းလဲမယ့် အချစ်တွေနဲ့ ထာဝရမင်းတယောက်တည်းကိုပဲ ♫♪

ကောင်လေး : ♫♪ယုံကြည်ချင်မေရယ် ပြန်လာရင်ပွေ့ဖက် ရှောင်ဖယ်ကာ ဟိုးအဝေးမသွားပါနဲ့.. ♫♪

ကောင်မလေး : ♫♪ငါ့ဘ၀ရဲ့ နားခိုရာ.. အအေးချမ်းဆုံးဆောက်တည်ရာ.. ယုံကြည်ပါချစ်ရတဲ့သူရာ.. ကိုယ်တစ်ယောက်တည်းကိုချစ်တာ... ♫♪

ကောင်လေးနေရာမှာက ချစ်သူ.. ကောင်မလေးနေရာမှာ ကန်ဒီ့ကိုထည့်လိုက်နော်။ အပေါ်က "ရွှေအိမ်မက်" သီချင်းမှာ သူကစိတ်ပူထားတော့ ကန်ဒီက ပြန်ဆိုပြတဲ့ သဘောပေါ့ xD


သတိရညနေခင်း
တေးဆို - Zay ye Feat- ရဲလေး Vs KH$



ဒီသီချင်းလေးကတော့ Hip Hop သီချင်းလေးပါ။ ကန်ဒီ များသောအားဖြင့် သီချင်းအေးအေးလေးတွေပဲ ကြိုက်တတ်တယ်။ ဒါပေမယ့် တချို့တချို့သော Hip Hop သီချင်းလေးတွေတော့ ကြိုက်တယ်။ မြူးမြူးလေးနဲ့.. နားထောင်ရင်း လူကလေထဲရောက်နေတာလေ xD ခံစားကြည့် လေပေါ်ရောက်သွားစေရမယ်။ အာမခံတယ်..

♫♪Yeah.. ထပ်ထပ်ထပ်ထပ်
ဇာတ်လမ်းတွေ ဆက်ဆက်ဆက်ဆက်
နှစ်ယောက်အတူ ဖျတ်ဖျတ်ဖျတ်ဖျတ်
အနာဂတ်တွေက လှပ်လှပ်လှပ်လှပ်.. ခက်ခက် ခက်ခက်
လောလောဆယ်မင်းရဲ့ အသိုင်းအ၀ိုင်းကြားက ထွက်လာပါ
ညနေတိုင်းတွေ့နေကျ.. တွေ့နေကျတိုင်းက ရက်ရာဇာ ♫♪

ရို့ ရို့ အဟိ အဟိ (လေပေါ်ရောက်နေသော အသံ :P)

ပျော်ရွှင်ပါစေ.. ^_^
မှတ်ချက် - ကန်ဒီ့ ဗွီဒီယိုများ မဟုတ်ပါ။ သူများလုပ်ထားတာကို ပြန်Shareတာပါ :D

Sunday, December 25, 2011

နားနားပြီး မူးကြပါ...


နောက်ထပ် ကန်ဒီ့ရဲ့ ပေါက်ကွဲသံစဉ်လေး နားဆင်ပေးကြပါဦး.. အဲ ဖတ်ပေးကြပါဦး။ ဒီနေ့ ကန်ဒီပြောမယ့် Topic က မိန်းကလေးတွေ အလွန်အကျွံမူးတဲ့ကိစ္စပါ။ ဒီလိုရေးမယ်ဆိုတော့ ကန်ဒီကရော ဘယ်လောက်တောင် လိမ္မာနေလို့လဲလို့ မေးစရာရှိလာတယ်။ ကန်ဒီလည်း အပြစ်ကင်းတဲ့ မိန်းကလေးမဟုတ်ပါဘူး။ ကန်ဒီအရက်မသောက်ဖူးပေမယ့် မူးတယ်ဆိုရုံ မူးဖူးပါတယ်။ အဲ့တုန်းက မူးတဲ့အကြောင်း အကျဉ်းချုပ်ပြောရရင် အသက်နည်းနည်းကြီးလာတော့ အမေက သင်္ကြန်မဏ္ဍပ်ထိုင်ခွင့်ပြုတယ်။ ချစ်သူနဲ့ပေါ့။ သူက လူတမျိုးရယ်။ မိန်းကလေး အရက်သောက်တာ သူအားမပေးပါဘူး။ ဒါပေမယ့် ကန်ဒီ့ကို သိထားတယ်ဆိုရုံလေးတော့ လုပ်ဖူးစေချင်တယ်။ ကန်ဒီကို Spy သောက်ကြည့်ဆိုလို့ အဲတုန်းက သောက်တယ်။ တပုလင်းပဲ.. နည်းနည်း မူးတယ်။ ကိုယ့်ကိုကိုယ် မူးနေမှန်းလဲ သိတယ်။ အဲ့တစ်ခါတော့ မှတ်မှတ်ရရ သောက်ဖူး.. မူးဖူးတယ်။ ကန်ဒီ့အကြောင်းပြောပြီးပြီဆိုတော့ ဆက်မယ်နော်။

ကန်ဒီပြောချင်တာက မသောက်ရဘူး မဟုတ်ဘူး။ ဒီလိုခေတ်အခါမှာ မသောက်တဲ့သူကိုတောင် လူတွေက ဒိတ်အောက်တယ်လို့ ပြောချင်နေကြတာလေ။ ဒါတွေကလည်း ကိုယ်ဂရုစိုက်မှ ဖြစ်တာပါ။ အဲ့တော့ ကြိုက်ရင်သောက်ပါ။ လူမှန်းသူမှန်းသိအောင် သောက်ပါ။ ကိုယ့် Limit ကိုယ်သိပါ။ မူးပြီး လမ်းမလျှောက်နိုင်လို့ သူများချီပိုးပို့ရတဲ့ ဘ၀တော့ မရောက်ပါစေနဲ့။ ကောင်လေးတွေကို မေးပါရစေ။ အဲ့လို မိန်းကလေးတစ်ယောက် ပြဲကွဲနေအောင်မူးတာ ကြည့်လို့ကောင်းတယ် ထင်ပါသလား။ အဲ့လိုဖြစ်နေတဲ့ မိန်းကလေးကို အထင်ကြီးပါသလား။ ကန်ဒီသာယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဖြေက "NO"ပါ။

ကန်ဒီ့သူငယ်ချင်းတွေ ရှိတယ်။ တချို့က သောက်တယ်။ မူးတယ်။ သူမနိုင်တော့ဘူးဆို သူသိတယ်။ ရပ်လိုက်တယ်။ တချို့ကျတော့ သောက်တယ်။ မူးတယ်။ ဆက်သောက်တယ်။ ထိန်းမနိုင် သိမ်းမရမူးတယ်။ မူးပြီးမိုးရေထဲ သွားတယ်။ ရွှံ့ထဲမှာ အိပ်တယ်။ ရေဗူးနဲ့ ကိုယ့်ဟာကိုယ်လောင်းတယ်။ သဲထဲလူးတယ်။ အဲ့လောက်ကြီးဖြစ်တဲ့လူ ကန်ဒီတွေ့ဖူးပါတယ်။ အဲလိုဖြစ်တော့ ဒုက္ခရောက်တာ ဘယ်သူတွေလဲဆိုတော့ သူ့သူငယ်ချင်းတွေ။ အဲဒါတွေကြောင့် သူတို့သောက်ရင် ကန်ဒီမလိုက်တာ။ ကန်ဒီက ကိုယ်မလုပ်လို့ သူများလည်း မလုပ်ရဘူးဆိုတဲ့ လူမျိုးမဟုတ်ဘူး။ ကန်ဒီရှေ့မှာသောက်လို့ ရတယ်။ မူးလို့ရတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်စေနဲ့။ ဖြစ်ရင် မမူးတဲ့လူက ထိန်းရတာလေ။ အဲ့လိုလူတွေပဲ ပင်ပန်းတာ။ သူတို့ကမူးနေတော့ ဘာမှမသိဘူးလေ။ ပထမဆုံးပင်ပန်းတာက ယောက်ျားလေးသူငယ်ချင်းတွေ။ သူတို့ ထမ်းရတယ်။ အိပ်ယာပေါ်ရောက်ရင် ဆက်ပင်ပန်းတာက မိန်းကလေး သူငယ်ချင်းတွေ။ စိုရွှဲပြီး သဲတွေနဲ့ ညစ်ပတ်နေတဲ့ အင်္ကျီကို လဲပေးရတယ်။ အကျီင်္အသစ် ၀တ်ပေးရတယ်။ အကျီင်္လဲပေးတာများ လွယ်လွယ်လေးလို့ မတွေးပါနဲ့။ ကလေးတစ်ယောက်ကို လဲပေးရသလို မလွယ်ပါဘူး။ ကိုယ့်ဝိတ်နဲ့တန်းတူ (သို့) ကိုယ့်ထက်များတဲ့ဝိတ်ကို လဲပေးရတာပါ။ နောက်ပြီးမူးနေပါသေးတယ်။ ကန်ဒီက သူတို့သွားရင် များသောအားဖြင့် မလိုက်တတ်တော့ ဒါတွေမလုပ်ပေးရပါဘူး။ သူတို့ပြန်လာတဲ့အချိန်ဆို ကန်ဒီကအိပ်နေပြီလေ။ အဲ့လိုလူမျိုးနဲ့တူတူသောက်တဲ့ သူငယ်ချင်းတွေကိုပဲ သနားတာ။ သူတို့ခမျာ ကိုယ်တိုင်က နည်းနည်းမူးနေတာတောင် အကုန်လိုက်လုပ်ပေးနေရတာလေ။ တခါကဆို သူငယ်ချင်းအစ်ကိုတွေ ထမ်းရတာ။ MRT ကနေ အိမ်အထိ။ ကန်ဒီတို့အိမ်နဲ့ MRTက (၇)မိနစ်လောက် လမ်းလျှောက်ရတယ်။ အစ်ကိုနှစ်ယောက် တလှည့်စီထမ်းတာ။ အိမ်ရောက်တော့ နှစ်ယောက်လုံး ပြိုင်းနေပြီ။ ရေလေးဘာလေးသောက် အမောဖြေပြီးမှ ပြန်သွားရှာတယ်။

အဲ့တော့ ကန်ဒီပြောချင်တာက ကိုယ်မူးရင် ဘာဖြစ်မယ်ဆိုတာလေး နည်းနည်းထည့်တွေးပြီးမှ Limit လေးနဲ့ သောက်ကြပါ။ သူများအတွက်လည်း စဉ်းစားပါ။ ကိုယ့်အတွက်လည်း စဉ်းစားပါ။ သူများအတွက်ဆိုတာက "ငါမူးရင် ငါ့သူငယ်ချင်းတွေ ပင်ပန်းရှာမှာပဲ" ဆိုတဲ့အတွေး။ ကိုယ့်အတွက်ဆိုတာက "ငါဒီလိုမူးနေလို့ မိန်းကလေးတစ်ယောက်အနေနဲ့ သင့်တော်ရဲ့လား.. ငါ့ကိုသူများတွေ ဘယ်လိုထင်ကြမလဲ" ဆိုတဲ့အတွေး။

တော်သင့်ပြီ.. ပေါက်ကွဲတာတွေ များနေပြီ ဟိဟိ xD

Thursday, December 22, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)


TAG ပိုစ့်မရေးတာတောင် ကြာပေါ့။ ဒါလေးက မမရိုစ့် ကန်ဒီကို သတိတရတက်ဂ်ထားတဲ့ တက်ဂ်ပိုစ့်လေးပါ။ ခရစ်စမတ်နဲ့ပတ်သက်ပြီး ငယ်ဘ၀အမှတ်တရလေးတွေ အများကြီးရှိတယ်။ မြန်မာနှစ်ကူးတဲ့ သင်္ကြန်ထက်တောင် အမှတ်တရများသေးတယ်။ ဘာလို့လဲဆိုတော့ ကန်ဒီ့အမေက ကန်ဒီတို့ အသက်တော်တော်ကြီးတဲ့အထိ သင်္ကြန်ဆိုပေးမလည်လို့လေ။

အမှတ်တရများ
ခရစ်စမတ်ဆိုတာနဲ့ ကန်ဒီပထမဆုံးအမှတ်ရတာက ကန်ဒီကို ငယ်ငယ်ထဲက အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာမပါ။ သူက ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်ပေါ့။ အဲ့ဒီတီချယ်က ကန်ဒီတို့ရဲ့ဆရာမဆိုတာထက် အစ်ကိုတွေအစ်မတွေကိုလည်း သူပဲသင်ခဲ့တော့ မိသားစုလိုဖြစ်နေတာ။ ကန်ဒီ ၂နှစ် သမီးလောက်တည်းက သူက သီချင်းတွေဆိုပြတယ်။ A B C D သင်ပေးတယ်။ နောက်ပြီး "Candy" ဆိုတဲ့ နာမည်ကလည်းတီချယ်ပဲ ပေးခဲ့တာလေ။ ကန်ဒီတို့ ညီအစ်မ(၃)ယောက်မှာ အင်္ဂလိပ်နာမည်တစ်ခုစီရှိတယ်။ ကန်ဒီ့ ညီမအလတ်က "Pinky".. ညီမအငယ်ဆုံးက "Sweety"။ တီချယ်ကလည်း အဲ့နာမည်တွေပဲခေါ်တယ်။ ကန်ဒီ့နာမည်အရင်းတောင် မသိဘူးထင်တယ်။ ခရစ်စမတ်ဆို တီချယ်က သူ့အိမ်မှာ မုန့်လာစားဖို့ အမြဲဖိတ်မယ်။ ကန်ဒီတို့က မုန့်သွားစားရင် တီချယ့်အတွက် လက်ဆောင်ယူသွားတယ်။ လက်ဆောင်ကတော့ များသောအားဖြင့် ချည်ထည်လေးတွေပါ။ မုန့်စားပြီးရင် တီချယ်နဲ့ အတူသီချင်းဆိုတယ်။ အဲ့ဒါကတော့ ဟိုးပိစိညှောင့်တောက်လေးတည်းက ၈တန်း ၉တန်းလောက်ထိ နှစ်စဉ်လုပ်ဖြစ်လာတဲ့ ခရစ်စမတ်အမှတ်တရလေးပေါ့။

နောက်ကန်ဒီ့အတွက် ကြီးကျယ်တဲ့ အမှတ်တရတစ်ခုက Santa Claus ပါ။ ကန်ဒီငယ်ငယ်က Santa ကိုတကယ်ရှိတယ် ထင်ခဲ့တယ်။ ကန်ဒီ့ဆီလည်း သူကနှစ်တိုင်း လက်ဆောင်အမြဲပေးတယ်လေ။ အဲ့တော့ သူ့ကိုတကယ်ရှိတယ်လို့ ကန်ဒီထင်တာမမှားပါဘူး။ နောက်ဆုံးမှ တရားခံကို မိတော့တယ်။ အမေက ခရစ်စမတ်မတိုင်ခင် ၂၄ရက်နေ့ည ကန်ဒီတို့အိပ်ရင် သူကြိုတင်စီစဉ်ထားတဲ့ လက်ဆောင်ထုပ်ကို ခေါင်းအုံးဘေးလာချထားတတ်တယ်။ ကန်ဒီတို့ မနက်ရောက်လို့ လက်ဆောင်တွေ့ရင် အရမ်းပျော်တာလေ။ အမေကို ပြေးပြေးပြီးပြောရတာ အမော။ အမေ သမီးကို Santa Clausဘိုးဘိုးကြီးက လက်ဆောင်ပေးတယ်ဆိုပြီးပြောရင် အမေက အင်း.. အဲ့ဒါ သမီးလိမ္မာလို့ ပေးတာပေါ့.. Santa Claus ဘိုးဘိုးကြီးက မလိမ္မာတဲ့ကလေးတွေကို လက်ဆောင်မပေးဘူး သမီးရဲ့ .. ဆိုပြီး အမြဲပြောတာ။ အဲ့တော့ ကန်ဒီတို့က ခရစ်စမတ်ဆို အမြဲရင်ခုန်ရတယ်လေ။ လက်ဆောင်ရပါ့မလားဆိုပြီး။ နောက်ဆုံး အမေလုပ်မှန်းသိသွားတာကတော့ တနှစ်မှာ အမေပေးမယ့်လက်ဆောင်ကို packing မလုပ်ခင် ကန်ဒီမြင်သွားတာပါ။ တကယ်လည်း လက်ဆောင်ရရော ဒါကို တွေ့ဖူးနေတယ်ဆိုပြီး ဖြစ်တာပေါ့။ အဲ့အချိန်ကစပြီး အမေလုပ်မှန်း သိသွားတာပါပဲ။ အိမ်မှာတော့ Christmas Tree တွေနဲ့ ပြင်ဆင်လေ့မရှိဘူး။

စိတ်ကူးထဲက ခရစ်စမတ်..
နှင်းတွေကို တခါမှမမြင်ဘူးတော့ မြင်ဖူးချင်တယ်။ နှင်းဖြူဖြူလေးတွေက ခရစ်စမတ်ရဲ့ အရသာကို ပိုပေါ်လွင်စေမယ်လို့ ကန်ဒီထင်တယ်။ ခရစ်စမတ်မှာ မိုးရွာတာတော့ တော်တော်ဆိုးတယ်။ ဒီခရစ်စမတ်လည်း စင်္ကာပူမှာ မိုးရွာမယ့်ပုံပဲ။ ဆောင်းတွင်းဆို ကန်ဒီသိပ်ကြိုက်တာ ဆွယ်တာတွေပေါ့။ တချောင်းထိုး နှစ်ချောင်းထိုး နည်းမျိုးစုံနဲ့ ထိုးထားတဲ့ ဆွယ်တာတွေသိပ်ကြိုက်တယ်။ ခရစ်စမတ်လိုနေ့မျိုးမှာ ဆွယ်တာလေးဝတ်ထားရတာ.. သူများတွေ ၀တ်ထားတာမြင်ရင် သိပ်သဘောကျတယ်။ ဆောင်းမရှိတဲ့ ဒီလိုနေရာမှာတော့ မဖြစ်နိုင်ပါဘူး :(

ဒီဇင်ဘာမှာ လုပ်ဖြစ်တာတွေ..
ငယ်ငယ်တုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ဆို အမေအားရင် ခရီးသွားဖြစ်တယ်။ ခရီးသွားရတာကို အရမ်းကြိုက်တယ်။ ခရီးသွားရင် တနေရာကို အေးအေးဆေးဆေးသွားပြီး ကြာကြာနေရတာမျိုးကို ပိုသဘောကျတယ်။ အမေက မအားတော့ အဲ့လိုခရီးမျိုးတခါမှ မသွားဖူးဘူး။ နေရာတော်တော်များများတော့ ရောက်တယ်ဆိုရုံလေး ရောက်ဖူးတယ်။ တခါကလည်း တောင်ကြီးသွားတာ တညအိပ်ပြီးပြန်လာတယ်။ ဘယ်မှမရောက်ဘူး >.< ဒီခရစ်စမတ်တော့ ဘယ်ခရီးမှ သွားဖြစ်မှာ မဟုတ်ပါဘူး။ သွားစရာဆိုလို့ Orchard ပဲရှိတယ်။ ဒီရက်ပိုင်း Vivo သွားဖို့ချိန်နေတယ် :P။အားလုံးကတော့ ခုချိန်ဆို အစီအစဉ်ကိုယ်စီနဲ့နေမှာပဲနော်။ ရန်ကုန်ပြန်မယ့်လူနဲ့ မလေးသွားလည်မယ့်လူနဲ့.. ပျော်စရာကြီး :D

Happy New Year
New Year မှာတော့ ဘာမှသိပ်မလုပ်တတ်ဘူး။ အစ်ကိုတွေ ရန်ကုန်မှာရှိတုန်းကဆို တခါတလေ သူတို့ခြံထဲမှာ ဘာဘီကြူးလုပ်တတ်တယ်။ ကန်ဒီတို့က သွားစားတာပေါ့။ ကလေးဆိုတော့ စားပြီးပြန်တာပဲ။ အစ်ကိုတွေနဲ့က ၈နှစ် ၉နှစ်လောက်ကွာတယ်လေ။ သူတို့ကတော့ ညထိပေါ့။ Countdown လုပ်တာတွေ ဘာတွေနဲ့။ New year ဆိုညဘက် ၁၂နာရီရောက်မှာကို စောင့်နေတတ်တယ်။ ကိုယ်တိုင် Countdown မလုပ်ပေမယ့် သူများတွေလုပ်တာကြားရတာနဲ့တင် ပျော်တယ်။ နှစ်တစ်နှစ်ကုန်သွားလို့ နှမြောတာမျိုးတော့ မရှိပါဘူး။ New Year resolution ရယ်လို့လည်း သီးသန့်ကြီး မချတတ်ဘူး။ ချလည်း မလုပ်ဖြစ်ဘူး ဟီးဟီး။

ဒါလေးကတော့ ကန်ဒီ့ရဲ့ခရစ်စမတ်နဲ့ ပတ်သက်သမျှ အမှတ်တရအကုန်ပါပဲ။ သတိတရ တက်ဂ်တဲ့ မမရိုစ့်ကိုလည်း ကျေးဇူးတင်တယ်နော်။ မပြောဘူး မပြောဘူး.. သူစိမ်းဆန်သွားမှာစိုးလို့ အဟိ :P။ TAG ဆိုတဲ့အတိုင်း ဆက်တက်ဂ်မယ်နော်။ ကန်ဒီ့ Blogger List ထဲမှာ ရှိရှိသမျှ ဘလော့ဂါအားလုံးကို တက်ဂ်ချင်ပါတယ်။ အဲ့လိုပြောရင် လေးလေးနက်နက်မတက်ဂ်ရာ ကျသွားမလား။ ရေးနိုင်သလောက် နာမည်တွေချရေးကြည့်မယ်နော်။

ကိုလွင်ပြင် (လွင်ပြင်လှိုင်းငယ်)၊ ကိုမောင်သန့်၊ နန္ဒာ (My Happy Memory)၊ အိပ်ယာ၊ ဖိုးမောင် (စွယ်စုံကျမ်း)၊ ကိုညီရဲသစ်၊ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)၊ ကိုဖြိုး (ရေးမိရေးရာ အဖြာဖြာ)၊ မမမိုးငွေ့ (မိုးငွေ့နှင့်အတူ)၊ ကိုပဥာက် (ထာဝရသစ္စာ)၊ အစ်ကိုချင်း၊ ကိုအာကာမိုးနိုင်၊ မမလမင်းငယ်၊ မြှားနတ်မောင် (ချောကလက်ကျုပစ်လေး)၊ ကိုတွတ်တွတ်၊ မမ မဒမ်ကိုး၊ မမcamomilla (နှလုံးသားဖြင့်ရင်းသော)၊ ကိုမြတ်မင်း၊ ကိုအောင်သက်ခိုင်၊ မပစ်ပစ် (ခံစားမှုသံစဉ်)၊ ကိုတူး (KO2)၊ မမခင်ဦးမေ၊ တီတီ (Thet Nandar Family)၊ ကိုလွမ်းပိုင်ရှင်၊ အိမ်မက် (အိမ်မက်စေရာ)၊ မပူးပူး၊ သူကြီးမင်း (ကိုကိုမောင် ပန်းရနံ့)၊ မမဂျက်စ် (Jasmine)၊ အိမ်လွမ်းသူ၊ မမသမီးစံ၊ မောင်မောင် (မြစ်ဆုံ)၊ မဗေဒါ (မဗေဒါရဲ့ ဗေဒါလမ်း)၊ ကိုZP (ZP.LINTAN)၊ ကိုသော်ဇင် (The Starry Night)၊ မောင်ဘုန်း (ကောင်းကင်ဖြူ)၊ ကိုဘိုဖြူ၊ ကိုမိုးဇက် (နှလုံးသားတစ်ခု၏ စွတ်ကြောင်း)၊ ကိုAH၊ ကိုထွဋ်၊ ကိုမင်းဧရာ (နွေတေးရှင်)၊ Quu Te ၊ မမသဒ္ဓါလှိုင်း၊ မမမိုးပန်းချီ၊ မအော်တန်၊ ကိုရဲထွန်းဇော် (အမှတ်တရနေ့စွဲများ)၊ မမခရမ်းနွယ်၊ ကိုဇောင်း၊ ခွန်မောင်ပန် (ဒီဇင်ဘာမောင်မောင်)။

မမရိုစ့်တက်ဂ်ပြီး ပိုစ့်လည်းရေးပြီးတဲ့သူတွေ.. စာသိပ်မရေးတော့တဲ့သူတွေ.. လုံးဝရေးနိုင်ချေမရှိတဲ့ သူတွေကို ကန်ဒီချန်ထားပါတယ်။ နာမည်ပါလို့ အတင်းကြီး ရေးရမယ်လို့ မဆိုလိုဘူးနော်။ ဒီလို နာမည်ချရေးတယ်ဆိုတာကလည်း ခင်မင်မှုကို ပြတာပါ။ အားမှ အဆင်ပြေမှ ရေးပါနော်။ ရေးမယ်ဆိုရင် ပါရမယ့် အကြောင်းအရာလေးတွေကတော့ (မမရိုစ့်ဆီက ကူးထားတာ :P).....

ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

အားလုံးပဲ Merry Christmas & Happy New Year ပါ ^_~

Sunday, December 18, 2011

Orchard မှာ ဒီလို ဒီလို....

ဟိုနေ့က Orchard ရောက်ဖြစ်တယ်။ ဟိုနေ့ဆိုတာ ဘယ်နေ့လဲဆိုတော့ ပထမဆုံးအနီလိုင်းရထားပျက်တဲ့နေ့။ မနေ့ကလည်း ရထားပျက်တယ် ပြောတယ်။ ဗဟုသုတ အလွန်နုံချာပြီး ဘာသိဘာသာနေတတ်တဲ့ ကန်ဒီက တကူးတကသွားမဖတ်တော့ ဘာလို့ပျက်လဲ သေချာမသိပါဘူး။ အဲ့ဒီနေ့က သူငယ်ချင်းတယောက်နဲ့ City Hall မှာ ငါးကင်စားပြီး Orchard ဆက်သွားဖြစ်တာပါ။ ကိုယ်သွားမယ်ဆိုမှ ရထားကပျက်တော့ City Hall ကနေ Taxi စီးသွားတယ်။ ဘက်စ်ကားလည်း မစီးတတ်လို့လေ။ ခုဆို Orchard မှာတော်တော်လှနေပြီ။ တချို့အရုပ်တွေက မပြီးသေးပေမယ့် Christmas Tree တွေက ပြီးနေပြီ။ ဓာတ်ပုံရိုက်နေတဲ့သူတွေလည်း အများကြီးပဲ။

ဒီပိုစ့်က ဓာတ်ပုံရိုက်ချင်တဲ့သူတွေ သွားရိုက်လို့ရအောင် သတိပေးတဲ့ပိုစ့်ပါ ဟိဟိ။ ၂၅ရက်နေ့ကျရင်လည်း ရိုက်လို့ရပေမယ့် အားလုံးက ရိုက်ချင်နေကြတာဆိုတော့ လုရိုက်နေရမှာလေ။ ခုချိန်စောစောစီးစီးသွားရိုက်ထားတာ ပိုကောင်းတယ်လို့ပြောမလို့ပါ။ တကယ်တော့ ကန်ဒီက ဓာတ်ပုံရိုက်ဖို့သွားတာ မဟုတ်ဘူး။ ဒီတိုင်း လှတယ်ဆိုလို့ သွားကြည့်တာ။ ဒါပေမယ့် ထုံးစံအတိုင်း ကန်ဒီဘယ်သွားသွား နည်းနည်းလေးတော့ ရိုက်ရမှဆိုတော့ ဒီလိုတွေ ရိုက်ဖြစ်ခဲ့ပါတယ်။

အပေါ်က အပင်နှင့်.. :)



လှတယ်ဟုတ် :D

ဒါက ကန်ဒီအကြိုက်ဆုံး Christmas Tree.. ပန်းရောင်လေး :D

ကိုယ့်ဟာကိုယ် ရိုက်တယ်ကွာ :P

အပြန်ကျတော့လည်း ဖွားဖွားကန်ဒီက ရထားပျက်နေတာမေ့ပြီး ရထားဆီသွားလိုက်ပါသေးတယ် :P .. ၂၅ရက်နေ့ကျရင် အဲ့ကိုထပ်သွားဖြစ်မလား မပြောတတ်ဘူး။ သွားတာကတော့ သွားချင်တယ်။ အဲ့နေ့ကျရင် Orchard တလမ်းလုံးပိတ်တယ်ထင်တယ်။ ပိတ်ပြီး တီးဝိုင်းတွေရော။ ပြင်ဆင်ထားတာတွေလည်း အခုထက် အများကြီးလှတယ်။ ညီမနဲ့ သူငယ်ချင်းတွေသွားရင်တော့ သွားမယ်။ အဲ့နေ့က လူနည်းနည်းများတော့ ကန်ဒီတယောက်တည်း မသွားချင်ဘူး။ မတော်လို့ လူဆိုးတွေဘာတွေ ဖမ်းသွားမှ ဒုက္ခ :P

ဆင်သူခိုးလေးနှင့်...

အ၀ါရောင် ခရစ်စမတ် ထရီး :P

ဘာမဆိုင် ညာမဆိုင် အရုပ်တွေနှင့် :D

မနှစ်က ခရစ်စမတ်ကတော့ သူငယ်ချင်းတွေနဲ့ သွားဖြစ်တယ်။ ဗွီဒီယိုတောင် လုပ်ထားသေးတယ်။ အဲ့တုန်းက Orchard မသွားခင် Jurong Point Shopping Centre အရင်ရောက်သွားသေးတယ်။ ဘာသွားလုပ်တာလဲတော့ မမှတ်မိတော့ဘူး။ Orchard လမ်းမကြီးကတော့ ၂၅ရက်နေ့ဆို ဒီလိုမျိုးပေါ့။ ကန်ဒီနဲ့ ကန်ဒီ့ညီမ ပါနေတာကိုတော့ သည်းခံပြီး ကြည့်ကြပါ (ဒါလွန်ခဲ့သော တစ်နှစ်က ကန်ဒီပေါ့ :P)




အားလုံးပဲ ပျော်စရာ Weekend လေးဖြစ်ပါစေ ^_^

Thursday, December 15, 2011

အီစီကလီ


အိုကေ.. ဒီနေ့ပြောမှာက လူငယ်တွေကြားမှာ အလွန့်အလွန်မှ ရေပန်းစားလှတဲ့ အီစီကလီ (ခေါ်) ကျူခြင်း (ခေါ်) စမာခြင်း...

အားလုံးကတော့ ထင်မှာပဲ။ ကန်ဒီတယောက် ဒီအကြောင်းရေးမယ်ဆိုတော့ သူတော်တော်နားလည်လို့များလားလို့။ ဟဟဟ.. တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ စမာတယ်ဆိုတဲ့စကားတောင် ဟိုတလောကမှ သူငယ်ချင်းတယောက်ပြောပြောနေလို့ ကြားဖူးတာ။ မြန်မာဗန်းစကားတွေကလည်း များသား။ တခါကလည်း သူငယ်ချင်းတစ်ယောက်ပြောတာ "သူက ပွမ်တယ်.." တဲ့။ ကန်ဒီနားလည်တဲ့ ပွမ်တယ်ဆိုတာက နားညည်းတယ်.. နားပူနားဆာလုပ်တယ်.. ပွစိပွစိလုပ်တယ်ပေါ့။ သူဆိုလိုချင်တာက ပွမ်တယ်ဆိုတာ ရွတာ.. ကဲတာတဲ့.. ဟဟဟ အဲ့ဒါသာ ကြည့်တော့ xD

ဒါနဲ့ ပြောနေတာဘယ်ရောက်သွားပြီလဲ? အင်း.. ကျူတယ် (အဲ့လို စာလုံးပေါင်းတာလား @_@).. အီတယ်ဆိုတာကို ကန်ဒီနားလည်ထားတာက တကယ်မဟုတ်ပဲ တကယ်မချစ်ဘဲနဲ့ ရည်းစားမကျ ဘာမကျစကားတွေပြော ဖုန်းတွေပြော ချက်တင်တွေထိုင်တာပါ။ ပထမဆုံး ကန်ဒီမေးချင်တာက ကျူတာကောင်းတယ်လို့ ထင်လား? ကန်ဒီကတော့ တော်တော်မကောင်းဘူးလို့ ထင်တယ်။ တဖက်လူက ကျူနေပေမယ့် နောက်လူက တကယ်ကြီးထင်ခဲ့ရင် ဘယ်လိုလုပ်မလဲ? တဖက်သားနစ်နာပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူလည်း မဟုတ်ဘဲနဲ့ ဘာလို့သူ့ကိုအချိန်ပေးနေမှာလဲ။ ကိုယ်တကယ်ချစ်တဲ့သူမို့ ကြိုးစားနေတာကို ကန်ဒီမဆိုလိုပါဘူး။ ခုခေတ်မှာ ကျူတာတော်တော်ရေပန်းစားတယ်။ ဘယ်လောက်တောင်လဲဆို ကျူနေရတာကိုတောင် ဂုဏ်ယူပြီးပြောနေတဲ့သူတွေ ကန်ဒီ့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရလို့ပါ။ ယောက်ျားလေးတွေလည်း ကျူတယ်။ မိန်းကလေးတွေလည်း ကျူတယ်။ အဲ့ဒီအတွက် ခံရတာက ကျူတာကိုမသိတဲ့ တဖက်လူတွေပါ။

စဉ်းစားကြည့်လေ... တဖက်လူက ရင်ထဲကမပါဘဲ ပါးစပ်ထဲရှိရာပြောနေတဲ့စကားတွေကို နောက်လူက တကယ်ကြီးတွေထင်ပြီး အပျော်ကြီးပျော်နေရအောင် တန်လို့လား? အဲတော့ အရေးကြီးတာက ကိုယ့်ကိုကျူနေမှန်း သိဖို့ပါ။ မသိပဲ သူပြောတာတွေယုံစားမိရင်တော့ သွားပြီပဲ။ Chat room တွေကတော့ ကျူတဲ့သူတွေရဲ့ အဓိက ကျက်စားရာပေါ့။ ဒါပေမယ့် အပြင်မှာ ကျူတာတွေလည်း အများကြီးပါ။

ဒါတွေပြောနေလို့ ကန်ဒီကို ဆရာကြီးလို့ မထင်ပါနဲ့။ ကျူလို့ကျူမှန်း ချက်ချင်းမသိတဲ့အထဲမှာ ကန်ဒီလည်းပါခဲ့တယ်။ ကန်ဒီ့ကို အင်တာနက်က ပထမဆုံးကွင်းကွင်းကွက်ကွက်ပြလိုက်တာ အဲ့ဒီကျူတာတွေပေါ့။ ကန်ဒီတက္ကသိုလ်ဒုတိယနှစ်လောက်က အမေက အိမ်မှာအင်တာနက်ဆင်ပေးတယ်။ ဆင်ပေးတဲ့သူကလည်း MIRC chat room လား ဘာလား အဲ့ဒါတွေထည့်ပေးသွားတယ်။ အဲ့ဒီမှာတင် အင်တာနက်မှာ ဒီလိုတွေ ရှိပါလားဆိုတာ ကန်ဒီကောင်းကောင်းကြီးနားလည်လိုက်တယ်။ ကန်ဒီ သင်ခန်းစာအများကြီးရလိုက်တယ်။ ကန်ဒီစိတ်ရင်းနဲ့ ခင်သလောက် လူတွေကကန်ဒီ့ကို တကယ်ခင်ကြတာမဟုတ်ဘူးလေ။ တချို့ကအကောင့် ၂ခု နာမည် ၂ခုနဲ့ လူကိုလာချက်ပြီး အရူးလုပ်နေကြတယ်။ အဲ့အချိန်ကစပြီး ဘယ်တော့မှ Public chat room မ၀င်တော့ဘူး။ Gtalk မှာလည်း သိမယ်ထင်တဲ့သူပဲ လက်ခံတယ်။ ဖေ့ဘွတ်မှာလည်း အဲ့လိုပဲ။

ဒီနောက်ပိုင်း Gtalk မှာလာအပ်တဲ့ သူတချို့ကို ကန်ဒီ့ဆီ လာလာလည်နေတဲ့သူတွေများ ဖြစ်နေမလားဆိုပြီး လက်ခံဖြစ်တယ်။ ဟိုနေ့ကပဲ စကားလာပြောတော့ ကောင်းကောင်းပြန်ပြောတာပေါ့။ နောက်တော့ သူကမေးတယ်။ Boy or Girl တဲ့... တော်တော်ရီချင်သွားတယ်။ candy ဆိုတာ Boy ဖြစ်နိုင်လား.. khine ဆိုတာကလည်း မိန်းကလေးဖြစ်ဖို့များတာပဲ.. ကန်ဒီလည်း အမြင်ကတ်လို့ Boy လို့ ဖြေလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး စကားလာမပြောတော့ဘူး။ မျိုးတူရင် တွန်းကန်တဲ့သဘောရှိတယ်ထင်တယ်နော် ဟဟဟ... ရီတော့ရီရတယ်။ ကိုယ်ချက်တဲ့သူရဲ့ နာမည်တောင် မကြည့်ဘူးလား မသိဘူး =.="

ကန်ဒီက လူတိုင်းကို လေးလေးနက်နက် ခင်သလောက် သူများက ပေါ့ပျက်ပျက်နိုင်ကြတာများတယ်။ ကန်ဒီ့ကို လာကျူတာတော့ ရှားပါတယ်။ ကိုယ်ကလည်း သိတဲ့သူလောက် လက်ခံတာဆိုတော့။ လာလာကျူကြလို့ စိတ်ညစ်တယ် စိတ်ညစ်တယ်နဲ့ သူငယ်ချင်းတစ်ယောက်က ညည်းတယ်။ ညည်းတာလား ကြွားတာလားတော့ မသိဘူး (အမှန်တွေ ပြောမိရင်သည်းခံပါ :P)။ အဲ့လိုအကျူမခံချင်တာများ လွယ်လွန်းလို့.. Profile picture တွေကို Couple ပုံတင်လိုက်.. ဒါမှမဟုတ် Cartoon ပုံတင်လိုက်.. လို့ အကြံပေးလိုက်တယ်။ ဒီလိုကျတော့လည်း မလုပ်ချင်ဘူး။ အဲ့ဒါဘာဖြစ်တာလဲ နားကိုမလည်ဘူး >.<

အင်တာနက်မှာကျူတာကို ဒီမှာတင်ရပ်ပြီး အပြင်လောကမှာ ကျူတာကိုနည်းနည်းပြောရအောင်။ အပြင်လောကမှာလည်း တော်တော်ကြောက်စရာကောင်းတဲ့ သူတွေရှိပါတယ်။

ကောင်မလေးတစ်ယောက်မှာ ချစ်သူရှိတယ်။ ချစ်သူနဲ့ ခဏခွဲနေရတဲ့ အနေအထားပေါ့။ အဲ့ဒီလူက အဲဒီ့ကောင်မလေးရဲ့ သူငယ်ချင်းရဲ့သူငယ်ချင်းဆိုတော့ သူငယ်ချင်းပဲပေါ့။ ဖေ့ဘွတ်မှာလာအပ်တော့ ကောင်မလေးက Accept လိုက်တယ်။ ချစ်သူရှိတယ်လားမေးတော့ ကောင်မလေးက အင်း.. ရှိတယ်ပေါ့။ နောက်တော့ အဲ့ဒီလူက ကောင်မလေးကို ရည်းစားစကားပြောတယ်။ ကန်ဒီ ဒါကိုမှားတယ် မဆိုလိုပါဘူး။ လူတိုင်းမှာ ချစ်ပိုင်ခွင့်ရှိတယ်။ ချစ်တာကိုလည်း ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ကောင်မလေးချစ်တာ မချစ်တာ လက်မခံနိုင်တာ သူ့အပိုင်းပဲလေ။ ကောင်မလေးက မဖြစ်နိုင်ပါဘူး.. သူ့မှာ ချစ်သူရှိပါတယ်ပြောတော့ အဲ့လူက မျက်နှာပြောင်တိုက်ပြီး ကောင်မလေးကို ဘာပြောတယ်ထင်လဲ.. ကောင်မလေးချစ်သူမရှိတဲ့အချိန်လေးပဲ သူ့နားနေပေးပါတဲ့။ ကောင်မလေးချစ်သူပြန်လာရင် သူထွက်သွားပေးမယ်တဲ့။ ဒါကောင်မလေးကို အထင်သေးတာပဲ။ ကောင်မလေးအဆင့်က ဘယ်ရောက်သွားမလဲ စဉ်းစားသာကြည့်တော့။ အဲ့အချိန်ကစပြီး ကောင်မလေးလည်း အဲ့ဒီလူကို သိပ်မခေါ်မပြောတော့ဘူး။ နောက်ပိုင်း ကောင်မလေးကြားရတာက အဲ့လူက တော်တော်ရှုပ်ဆိုပဲ။ မိန်းကလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက်တွဲတယ်တဲ့။ ကန်ဒီ ပြောချင်တာက အဲ့ကောင်မလေးနေရာမှာ တခြားရည်းစားမရှိတဲ့ မိန်ကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်... သူပြောတာတွေထဲမှာ အရည်ပျော်ပြီး သူနဲ့ကြိုက်မိမယ်ဆိုရင် မတွေးရဲစရာပဲလေ။ ဒါပေမယ့် တကယ်ကိုယ့်အပေါ်အလေးထားတာနဲ့ မထားတာတော့ သိသာပါတယ်။

နောက်တစ်ခုက မိန်းကလေးတွေကလည်း မကြိုက်နိုင်ရင် မကြိုက်နိုင်ဘူး တည့်တည့်မပြောပဲ မျှော်လင့်ချက်တွေပေးပြီး အီနေတဲ့ကိစ္စပါ။ တကယ်တော့ အဲ့လိုလုပ်တာ သူများကို ဒုက္ခပေးရာရောက်တယ်။ မချစ်နိုင်ရင် မချစ်နိုင်ဘူးပြောပေါ့။ သူလည်း အချိန်မကုန်ဘူး။ ကိုယ်လည်း အချိန်မကုန်ဘူး။ အဲ့လိုအီတဲ့လူတွေ အများကြီးနဲ့ လုံးလည်လိုက်နေတဲ့ မိန်းကလေးတွေ တွေ့ဖူးတယ်။ အဲ့လိုတွေလုပ်နေတော့ ကိုယ်ပဲသိက္ခာကျတယ်... လူပြောစရာဖြစ်တယ်လေ။

ဒီပိုစ့်ရေးလို့များ ကန်ဒီ့ကိုမုန်းကြမလား? ဒါကန်ဒီ့အမြင်သက်သက်ပါ။ အကြောင်းတိုက်ဆိုင်သွားရင် အားလုံးပဲ အမိုက်အမဲလေးကို ခွင့်လွှတ်ပါလို့ ^_~

Monday, December 12, 2011

ဘူဖေး (Again xD)

စားကြပါဦးရှင့် ^_^

ဒီနေ့ ဘလော့ဂါအစ်ကိုတွေနဲ့ ဘူဖေးသွားစားတယ်။ ဘာစားမယ်ဆိုတာကို တော်တော်ရွေးလိုက်ရတယ်။ ဟိုအစ်ကိုမေးလည်း သဘော... ဒီအစ်ကိုမေးလည်း သဘော.. သဘောတွေချည်းတွေ့နေတယ်။ အဲ့ဒါနဲ့ ကြံရာမရတော့ ကိုယ်စဉ်းစားမိသမျှမေးရတာပေါ့။ ငါးကင်စားမလား ငါးကြိုက်လား။ ငါးကြိုက်ရင် မာလာငါးဖြစ်ဖြစ် ငါးကင်ဖြစ်ဖြစ်စားမယ်ပေါ့။ ဟိုမေး ဒီမေး.. နှစ်ယောက်လုံးကလည်း သဘော။ နောက်ဆုံး ဘူဖေးဆိုင်ရောက်သွားတယ်။

အော်.. ဘယ်သူတွေလဲ ပြောဖို့မေ့နေလိုက်တာ.. သူတို့ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကိုညီရဲသစ်နဲ့ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)။ တီတင့်အိမ်မှာ ဆုံဖူးတာလေ။ နှစ်ယောက်လုံး စာရေးအရမ်းကောင်းတာ။ ကန်ဒီနဲ့တော့ တခြားစီပေါ့ ဟိဟိ။ ဆိုင်က Tanjong Pagarက မြန်မာတွေဖွင့်တဲ့ ဘူဖေးဆိုင်။ မြန်မာဖွင့်တာဆိုပေမယ့် မြန်မာအစားအစာတော့ မဟုတ်ဘူး။ ဆိုင်နာမည်က His.tori BBQ တဲ့။ ထုံးစံအတိုင်း ဆိုင် Info ကို အောက်ဆုံးမှာရေးပေးမယ်နော်။ သွားချင်ရင် သွားလို့ရအောင်။ ကိုညိမ်းနိုင်က ရောက်ဖူးတော့ သူပဲဦးဆောင်ပြီးခေါ်သွားတာလေ။

၆နာရီက ထိုးနေပြီ။ အလုပ်အလွန်ရှုပ်သော ကိုညီရဲက ပေါ်မလာဘူးလေ။ မင်းသားဆိုတော့ သူ့ကိုစောင့်ရတယ်။ ကိုညိမ်းနိုင် ဗိုက်ကလည်း တဂွီဂွီနဲ့။ သူခမျာ အအေးလေးသောက်ပြီး ဗိုက်ခဏဖြည့်ထားရရှာတယ်။ သနားစရာ :P


ကိုညီရဲကို ဒီလို တိုက်တွေဝန်းရံထားတဲ့ ခုံတန်းကစောင့်ပါတယ်။

ကိုညီရဲရောက်လာတော့ ဘူဖေးဆိုင်ကို လမ်းလျှောက်ပါတယ်။ MRT ကဆို ၅မိနစ်လောက်ပဲ လျှောက်ရတယ်။ ဟိုရောက်တော့ ဒီလို ၀ါးတီးဆွဲပါတယ်။ နည်းနည်း နည်းနည်း စားလိုက် နားလိုက်နဲ့ တန်အောင်စားပါတယ်။

ကန်ဒီ့ပန်းကန်ကတော့ ထုံးစံအတိုင်း ပုစွန်နဲ့ ကြက်သားပေါ့။ ၀က် အမဲ မစားတော့။

လက်က ကိုညီရဲရဲ့ လက်ဖြစ်ပြီး ဟိုဖက်မှာထိုင်နေတာကတော့ ကိုညိမ်းနိုင်ဖြစ်ပါတယ်။
ကိုညီရဲကို တမင်လက်လှမ်းခိုင်းထားတာ :P

လေပေါလိုက် စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ သူများထပြန်တာတောင် ကန်ဒီတို့မပြန်ပဲ ပေကပ်နေပါတယ် ဟီးဟီး။ ဒီလိုနဲ့ ၆နာရီခွဲလောက်ထဲက ထိုင်စားလိုက်တာ ၉နာရီကျော်မှ ပြန်ပါတယ်။ ဓာတ်ပုံရိုက်တယ်ဆိုလို့ ကန်ဒီနဲ့သွားရမှာ မကြောက်ပါနဲ့နော်။ ကန်ဒီ သူများ Privacy ကိုနားလည်ပါတယ်။ ကန်ဒီ့ဘလော့မှာ အခွင့်မရှိပဲ မတင်ပါဘူး :D

ကိုညီရဲ၏ ရိုက်ချက်

အချိုတည်းကြပါဦး။ ဖရဲသီး နှစ်ပန်းကန်လုံး ကန်ဒီစားတာ xD

ဒီနေ့စားတာ ပိုက်ဆံတပြားမှ မကုန်ဘူးလေ။ ကိုညီရဲနဲ့သွားလည်း သူကကျွေး။ ဒီတခေါက်လည်း ကိုညိမ်းနိုင်ကျွေးတာ။ သူတို့နဲ့သွားရတာ အားတောင်နာလာပြီ။ ကွန်ဖူးလေးဘာလေး သင်ထားဦးမှ။ သူတို့ ပိုက်ဆံမပေးခင် ကိုယ်ဖော့သိုင်းနဲ့သွားပြီး အရင်ဦးအောင်ပိုက်ဆံပေးနိုင်အောင်လို့။ ကျေးဇူးပဲ အစ်ကိုတို့ရေ။ နောက်တခေါက်တော့ ညီမကို ပေးခွင့်ပြုကြပါ။ (မျက်နှာငယ်နှင့်ပြောသည်)

မနက်ဖြန်ကျောင်းပြန်တက်ရတော့မယ်။ ကျောင်းပိတ်ရက်ကလည်း တိုလိုက်တာ။ ဒါပေမယ့် ဒီ Term က Dissertation ရှိတော့ကျောင်းသိပ်မသွားရဘူး။ အိမ်မှာပဲ စာတွေခေါင်းမူးအောင်ဖတ် ပြီးရင် အဲ့ဒါကြီး ထိုင်ရေးရမှာ။ ကန်ဒီ့ Topic က "Can synthetic hormones be used as weight loss drugs?" တဲ့။ သုံးလို့ရနိုင်ပေမယ့် ခုချိန်မှာ လူနဲ့တောင် သိပ်မစမ်းသပ်ရသေးဘူး။ တော်တော်ရှာရမယ်။ ၀ိတ်ချချင်တဲ့ သူများတန်းစီပါ။ ကန်ဒီ့ကို ယုံကြည်ရင်ပေါ့လေ :P .. ဒါနောက်ဆုံး Term လေ။ ဒါပြီးရင် ကျောင်းပြီးပြီ။

စားသောက်ဆိုင်လိပ်စာက
His.tori BBQ
20 Tanjong Pagar Road, Singapore. Tel: +65 6224 6539
Opening Hours
Mon–Fri: 11.30am–2.30pm, 5.30pm–10.30pm
Sat: 5.30pm–10.30pm (Closed on Sun)

အားလုံးပဲ ပျော်ရွှင်ပါစေ ^_^

Saturday, December 10, 2011

မျက်ကပ်မှန်များ (သို့) Contact lenses


Contact lens အိုင်ဒီယာကို (၁၅၀၈)ခုနှစ်မှာ အီတလီလူမျိုး Leonardo da Vinci ကစတင်ဖော်ပြခဲ့တာပါ။ ပထမဆုံး မျက်ကပ်မှန်ကို ဖန်သား(glass)နဲ့ (၁၈၈၇)ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်ကပ်မှန်ဟာ မျက်လုံးတပြင်လုံးကို ဖုံးအောင် တပ်ရတဲ့ပုံစံပါ။ မျက်ကပ်မှန်ကို (၁၉၃၉)ခုနှစ်မှာ ပလပ်စတစ်(plastic)နဲ့ စတင်ပြုလုပ်ခဲ့ပြီး (၁၉၄၈)ခုနှစ်မှာတော့ မျက်ကပ်မှန်ကို မျက်ဆံနေရာမှာပဲတပ်ဆင်နိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရှေးတုန်းက မျက်ကပ်မှန်လေ.. အကြီးကြီးပဲနော်

မျက်ကပ်မှန်ကို အဓိကအားဖြင့် Hard နဲ့ soft ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Hard contact lens ဆိုလို့ လန့်မသွားနဲ့ဦးနော်။ Hard ကိုအရင်က glass နဲ့လုပ်ပေမယ့် ခုချိန်မှာ plastic နဲ့ပဲ လုပ်ပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ အားသာချက်က အကြမ်းခံတယ်။ ပြုလုပ်တဲ့ပစ္စည်းတွေမှာ ရေမပါလို့ သူကပိုပြီး ကြာကြာခံတယ်။ အားနည်းချက်ကတော့ သိပ်ပြီး သက်တောင့်သက်သာ မရှိတာပါ။ Soft contact lens တွေက ရေပမာဏများများနဲ့ ပြုလုပ်ထားတယ်။ ပိုပါးတယ်။ ပိုပြီးသက်တောင့်သက်သာရှိတယ်။ အကြမ်းတော့ သိပ်မခံဘူး။

အဲ့လို မျက်ဆံကို ကြီးသွားစေတယ်..

ခုနောက်ပိုင်းလူငယ်တွေကြားမှာ ရေပန်းစားနေတာကတော့ Circle lens တွေပါ။ Circle lens တွေက မျက်ဆံကိုပိုကြီးသွားစေတော့ ကလေးလေးလို ချစ်စရာအသွင်ဖြစ်သွားစေတယ်လေ။ Circle lens တွေကို America မှာ FDA က ရောင်းချခွင့်နဲ့ တင်သွင်းခွင့်မပြုသေးပေမယ့် Korea တို့ Japan တို့မှာတော့ Regulate လုပ်ပြီး ရောင်းနေတာပါပဲ။ သူတို့ Regulation က ခွင့်ပြုတယ်ဆိုမှတော့ safe ဖြစ်လို့နေမှာပေါ့နော်။ ရိုးရိုးမျက်ကပ်မှန်တွေနဲ့ ဘာကွာလဲဆိုတော့ Circle lens တွေက ရိုးရိုးမျက်ကပ်မှန်တွေလောက် အောက်ဆီဂျင်မဖြတ်နိုင်ဘူး။ ဒီတော့ ရိုးရိုးမျက်ကပ်မှန်ကို (၈)နာရီလောက်ဝတ်လို့ ဘာမှမဖြစ်ပေမယ့် Circle lens နဲ့ဆို (၈)နာရီလောက်နေရင် မျက်လုံးခြောက်ခြောက်ကြီး ခံစားရတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကန်ဒီသိသလောက်က Circle lens နဲ့ colored lens အချို့ကို ကန်ဒီတို့လို Cylinder အရမ်းများတဲ့သူတွေ တပ်လို့မရဘူး။

လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ မျက်ကပ်မှန်သုံးသူအများစုဟာ သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့စည်းမျဉ်းတွေကို မလိုက်နာကြပါဘူးတဲ့။ တကယ်ဆို လူ့ခန္ဓာကိုယ်မှာ မျက်လုံးက အရမ်းအရေးပါတဲ့ အစိတ်အပိုင်းပဲနော်။ ဒီတော့ ပိုဂရုစိုက်သင့်တာပေါ့။ မျက်ကပ်မှန်တပ်နေကြတဲ့သူတွေကတော့ ကန်ဒီပြောမှာတွေ သိပြီးသားဖြစ်မှာပါ။ တပ်ဖို့ရည်ရွယ်တဲ့သူတွေ နောက်ပြီး Circle lens တွေ Onlineက မှာဝယ်တပ်တဲ့သူတွေ မသိမှာစိုးလို့ ရေးပြတာပါ။

(၁) သန့်ရှင်းရေး


မျက်ကပ်မှန်မတပ်ခင် လက်ကိုအရင်ဆေးပါ။ ဖြစ်နိုင်ရင် မျက်နှာကိုဘာမှမလိမ်းခင်တပ်တာအကောင်းဆုံးပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအတွက်ပြောတာပါ။ မိတ်ကပ်တွေဘာတွေလိမ်းပြီးမှတပ်ရင် Eye makeup တွေ အခန့်မသင့်ရင် မျက်လုံးထဲ ၀င်နိုင်တယ်လေ။ တကယ်မျက်စိမကောင်းတဲ့သူတွေကတော့ ဘာမှမလုပ်ခင်ပဲ တပ်ကြတာပါ။ မတပ်ရင် မြင်မှမမြင်ကြတာ။ မျက်ကပ်မှန်ချွတ်တဲ့ အခါကျရင် မျက်နှာမသစ်ခင် အရင်ချွတ်ပါနော်။ ချွတ်ပြီးသား မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးတဲ့ solution လေးနည်းနည်းထည့်ပြီး လက်ပေါ်မှာ အရင်ပွတ်ပြီးမှ ဗူးထဲပြန်ထည့်ပါ။ ဗူးထဲကိုလည်း solution အသစ်ပြန်ထည့်ပါ။ မျက်ကပ်မှန်ကို အလှတပ်တဲ့သူတွေအများစုဖြစ်တတ်တာက မျက်ကပ်မှန်ထည့်သိမ်းထားတဲ့ဗူးထဲက solution ကို ပုံမှန်မလဲတာပါ။ တပတ်တခါတော့ solution ပုံမှန်လဲပေးပါနော်။

(၂) မှန်ကန်တဲ့အနေအထားနဲ့ တပ်ပါ

မျက်ကပ်မှန် ပြောင်းပြန်ကြီး တပ်ထားရင် ကြည့်ရတာ မကောင်းသလို မျက်လုံးထဲမှာ ခိုးလိုးခုလုကြီးဖြစ်တတ်ပါတယ်။ "ပ" စောက်ပုံ ခုံးနေတဲ့အနေအထားက မှန်ကန်တဲ့အနေအထားပါ။ ဘယ်လိုတပ်လဲဆိုတာတော့ ပြောပြလို့လည်း မရတော့ မပြောပြတော့ပါဘူး။ မျက်လုံးကို ညင်ညင်သာသာလေးတော့ လုပ်ပါနော်။ စစတပ်ချင်းပဲ အခက်တွေ့တာပါ။ အလေ့အကျင့်ရသွားရင် ဘာမှမခက်ဘူး။ ကန်ဒီမျက်ကပ်မှန် စတပ်တုန်းကဆို အဲ့ဒါလေးမျက်လုံထဲဝင်ဖို့ကို တော်တော်ကြာကြာတပ်ရတာ။ ချွတ်ရင်လည်း အကြာကြီးပဲ။ ခုဆို အေးဆေးဖြစ်သွားပြီ :)

(၃) မျက်ကပ်မှန်ကို ပုံမှန်လဲပါ

မျက်ကပ်မှန်တချို့က တစ်နှစ်ခံတယ်။ တချို့က တစ်လခံတယ်။ ကိုယ့်မျက်ကပ်မှန် သက်တမ်းကုန်တဲ့အချိန်ရောက်ရင် အသစ်လဲပေးပါ။ Expire ဖြစ်နေတာကြီး ဆက်မတပ်ပါနဲ့နော်။ ဈေးနှုန်းကတော့ ပါဝါ၊ Cylinder ကိုလိုက်ပြီးကွာတယ်။ Cylinder ကဈေးပိုကြီးတယ်။ မျက်ကပ်မှန်အသစ်ကို သူ့ဗူးထဲကထုတ်ပြီးရင် မျက်ကပ်မှန်စိမ်တဲ့ solution နဲ့ အနည်းဆုံး (၈)နာရီ အရင်စိမ်ပြီးမှ စတပ်ပါ။ ဗူးအသစ်ထဲက solution မှာ preservative တွေပါလို့ ချက်ချင်းမတပ်သင့်ပါဘူး။ မျက်ကပ်မှန်ကို ဘယ်တော့မှ ရေနဲ့မဆေးနဲ့နော်။ ရေထဲမှာ bacteria တွေပါလာနိုင်တယ်။ သူ့ solution နဲ့သူဆေးပါ။

(၄) Contact lens solution ကို ပုံမှန်ဝယ်ပါ


Solution တစ်ဗူးဟာ ဖွင့်တဲ့အချိန်ကစပြီး (၃)လ ပဲခံပါတယ်။ (၃)လပြည့်ရင် အသစ်လဲပေးပါ။ မျက်ကပ်မှန်ပုံမှန်တပ်တဲ့သူတွေအတွက်တော့ အဲ့ဒီတစ်ဗူးက (၃)လနေရင် ကုန်ပါတယ်။ ပုံမှန်မတပ်တဲ့သူဆိုရင်တော့ ဂရုစိုက်ပြီးလဲပေးပါနော်။ မျက်လုံးခြောက်တတ်လို့ မျက်စဉ်းသုံးလေ့ရှိရင်လည်း ဂရုစိုက်လဲပေးပါ။ များသောအားဖြင့် မျက်စဉ်းတွေက ဖွင့်တဲ့ရက်ကစပြီး (၁)လ ပဲခံပါတယ်။ တချို့ (၂)လခံတာတွေလည်း ရှိပါတယ်။ ဗူးပေါ်ကစာကို သေချာဖတ်ပါနော်။ မျက်စဉ်းဗူးပေါ်မှာရေးထားတဲ့ Expiry date ကိုမယူရဘူးနော်။ အဲ့ဒါက ဗူးမဖွင့်ရင် ခံမယ့် date ကိုပြောတာ။

(၅) ကိုယ့် Limit ကိုယ်သိပါ

လူတယောက်နဲ့ တယောက် မျက်ကပ်မှန်နဲ့ နေနိုင်တဲ့ အချိန်ချင်းမတူပါဘူး။ တချို့လူတွေက တနေကုန်တပ်ထားလည်း ဘာမှမဖြစ်ပေမယ့် တချို့ကျတော့ ၆ နာရီလောက်ဆို မျက်လုံးခြောက်ပြီး နေရခက်လာတာတွေရှိပါတယ်။ ဒါတွေက ကိုယ့်မျက်လုံးရဲ့ ခံနိုင်ရည်နဲ့ဆိုင်သလို ပါဝါ၊ Cylinder ကွာတာနဲ့လည်း ဆိုင်ပါတယ်။ Cylinder များတဲ့သူတွေက Power တပ်တဲ့သူတွေလောက် မျက်ကပ်မှန်ကြာကြာ မတပ်နိုင်ကြဘူး။ ကန်ဒီဆို Cylinder က 350 လောက်ရှိတယ်။ မျက်ကပ်မှန်ကို အလွန်ဆုံး (၅)နာရီပဲ တပ်နိုင်တယ်။ မျက်ကပ်မှန်ကိုချည်း အားကိုးလို့မရဘူး။ ကန်ဒီလည်း အပြင်သွားမှ တပ်တာပါ။ အိမ်မှာ မျက်မှန်ပဲတပ်တာ။ ကြုံတုန်းလေး ပြောပြလိုက်ဦးမယ်။ ကန်ဒီမျက်ကပ်မှန် စလုပ်တုန်းက မျက်စိလည်း စစ်တော့ ပါဝါ အပြောင်းအလဲရှိတယ်တဲ့။ ကန်ဒီကမျက်ကပ်မှန်လည်း လုပ်မယ်.. မျက်မှန်ကိုလည်း မှန်ပြန်လဲမယ်ပေါ့။ အဲ့ဆိုင်မှာ မှန်လဲဖို့ အခက်အခဲရှိနေတယ်။ ဘာလို့လဲတော့ မမှတ်မိတော့ဘူး။ ဒါနဲ့ အရောင်းကောင်တာကအစ်မက မျက်ကပ်မှန်ရှိနေပြီပဲတဲ့ မျက်မှန်က မလိုတော့ပါဘူးတဲ့။ သူတို့ပြောတာယုံပြီးတော့ မျက်မှန်ကိုတော့ မပစ်လိုက်ကြပါနဲ့နော်။ တကယ်တမ်း မျက်ကပ်မှန်က အကြာကြီးတပ်နိုင်တာမဟုတ်ဘူး။

(၆) သတိထားသင့်သောအရာများ

ဘယ်လောက်အိပ်ငိုက်ငိုက် မျက်ကပ်မှန်လေးတော့ ချွတ်ပြီးမှ အိပ်ပါနော်။ ခရီးသွားရင် မျက်မှန်လေးပဲ တပ်သွားပေါ့။ မီးဖိုနား အပူနားသွားရင်လည်း ဂရုစိုက်ပါ။ ဟိုတလောကပဲ ဖေ့ဘွတ်မှာ တွေ့လိုက်သေးတယ် မျက်ကပ်မှန်တပ်ပြီး မီးဖိုနားသွားလို့ ဆေးရုံရောက်သွားတာလေ။ Plastic က မီးဖိုကအပူနဲ့ဆိုတော့ အရည်ပျော်တာ ထင်တာပဲ။ ကြောက်တော့ ကြောက်စရာပဲ။ ဒါပေမယ့် ဂရုစိုက်ရင်တော့ မဖြစ်ပါဘူးနော်။

**********************************

ဒီပိုစ့်ကို ရေးမယ်ဆိုပြီး ပြောထားတာတော်တော်ကြာပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒါမျိုးပုံစံရေးဖို့ကျတော့ စာတွေလိုက်ဖတ်ရတယ်လေ။ ခုလို ကျောင်းပိတ်လို့ နည်းနည်းအားနေမှပဲ စာတွေလိုက်ဖတ်နိုင်တာဆိုတော့ ခုမှပဲ ရေးဖြစ်တော့တယ် Sorry :P

Wednesday, December 7, 2011

Ready for Winter??

စင်္ကာပူမှာ ဆောင်းမရှိပေမယ့် ခုချိန် ဆောင်းတွင်းရောက်နေတဲ့သူများအတွက် ရည်ရွယ်ပြီး ဒီပိုစ့်လေးရေးလိုက်တာပါ။ ကန်ဒီ မြန်မာပြည်ဆောင်းအတွက်ပဲ အဓိကရည်ရွယ်ပြီး ရေးထားပါတယ်။

*******************************


ဆောင်းရာသီမှာအသားအရေခြောက်သွေ့တတ်တာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ခြောက်သွေ့ပြီး အဖတ်တွေကွာနေတဲ့အသားအရေဟာ မိတ်ကပ်လိမ်းရင်တောင် ချောမွေ့မှုမရှိဘဲ မလှမပဖြစ်တတ်တယ်လေ။ ဒီတော့ ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းဖို့ ဘာတွေလိုအပ်မယ်ဆိုတာလေးကို ဒီပိုစ့်လေးနဲ့ အကြံပြုပါရစေနော်။

(၁) အစိုဓာတ်ထိန်းသိမ်းပါ


ပုံမှန်သုံးနေကြ Moisturizer ထက် ပိုပြီးထူတဲ့ Moisturizer မျိုးကို ဒီရာသီမှာ ပြောင်းသုံးလိုက်ပါ။ အဆီပြန်တဲ့အသားအရေပိုင်ဆိုင်တဲ့သူတွေတောင် ဆောင်းရာသီမှာ အသားအရေခြောက်တတ်ကြပါတယ်။ Cream အမျိုးအစား Moisturizerတွေဟာ Gel အမျိုးအစား Moisturizerတွေထက်ပိုပြီး သင့်တော်ပါတယ်။ Alcohol ပါတဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေကို ပိုခြောက်သွေ့စေတတ်လို့ ရှောင်ပါ။ မျက်နှာတင်မဟုတ်ပဲ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ Body Lotion မှန်မှန်လိမ်းပေးပါ။ Shea butter, Petrolatum, Mineral oil, Tea tree oil နဲ့ Glycerin အစရှိတဲ့ အမယ်ပစ္စည်းတွေပါတဲ့ အလှကုန်တွေဟာ ခြောက်သွေ့တဲ့အသားအရေအတွက် အထူးသင့်တော်ပါတယ်။ Moisturizer တို့ Body Lotion တို့ကို ပိုပြီးထိရောက်မှုရှိအောင် ရေချိုးပြီးစအချိန်မှာ လိမ်းသင့်ပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးထားရင်တော့ အကောင်းဆုံးပေါ့။ အဲ့ဒီအရေပြားရဲ့စုပ်ယူနိုင်မှုအားက ပုံမှန်ထက်ပိုကောင်းတယ်လေ။ ဖြစ်နိုင်ရင် အနည်းဆုံး တစ်ပတ်တခါလောက် Mask သုံးပါ။ Clay mask တွေဟာ အသားအရေကို ပိုခြောက်သွေ့စေတတ်လို့ ရှောင်ပါနော်။ ရေများများသောက်ပေးပါ။

(၂) နှုတ်ခမ်းလေးတွေအတွက်



ဆောင်းရာသီမှာ နှုတ်ခမ်းတွေကွဲတာကတော့ အဆိုးဆုံးပါပဲ။ ဒီတော့ နှုတ်ခမ်းအစိုဓာတ်ထိန်းဖို့ လိုအပ်လာတာပေါ့။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lip Balm မျိုးရွေးသုံးပါ။ တချို့ Lip balm တွေက အဆီလိုဖြစ်သွားတာပဲ ရှိတယ်။ တကယ် အစိုဓာတ်ထိန်းပေးလားဆိုတော့ အဲ့လိုမထိန်းပေးတာတွေ အများကြီးပါ။ ကိုယ်နဲ့အဆင်ပြေမယ့် Lip balm လေးတွေ စမ်းဝယ်သုံးကြည့်ပါ။ ကန်ဒီ အကြံပေးရရင်တော့ NIVEA က Lip balm လေးတွေ ကောင်းပါတယ်။ ကန်ဒီအကြိုက်ဆုံးတွေကတော့ Hydro care နဲ့ Pure and natrual Lip balm ပါ။ Tea Tree oil ပါတဲ့ Lipbalm တွေဟာ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေအတွက် အထူးသင့်လျော်ပါတယ်။ Body shop မှာ Tea Tree oil Lip balm ရှိပါတယ်။ နှုတ်ခမ်းမကွဲအောင် နောက်လုပ်နိုင်တာလေးတစ်ခုက တစ်ပတ်တခါ နှုတ်ခမ်းကို ပျားရည်လေးနဲ့ သကြားလေး ရောပြီးပွတ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်အသေတွေ ဖယ်ရှားပေးတဲ့အပြင် နှုတ်ခမ်းလေးကိုလည်း ပိုနူးညံ့စေတယ်လေ။

(၃) ခြောက်သွေ့တဲ့ ဆံသားအတွက်



ဆောင်းရာသီမှာ အသားအရေတွေတင်မဟုတ်ပဲ ဆံပင်တွေပါခြောက်သွေ့တတ်ပါတယ်။ Dryer ကိုလျော့သုံးပေးပါ။ ဆံပင်ပျော့ဆေး ပုံမှန်သုံးပေးပါ။ တစ်ပတ်တခါ (သို့) နှစ်ခါ ပေါင်းတင်ပေးပါ။ ဆိုင်မှာသွားပြီး ပေါင်းတင်စရာမလိုပါဘူး။ ပစ္စည်းကောင်းလေး လမ်းညွှန်ရရင် Essential ကထုတ်တဲ့ Hair Maskလေးတွေကောင်းပါတယ်။ ခေါင်းလျှော်ပြီးတဲ့ဆံပင်မှာလိမ်း.. ဆယ်မိနစ်လောက်ထားပြီး ရေနဲ့ပြန်ဆေးလိုက်ရုံပဲလေ။

(၄) အိပ်ရေး၀၀အိပ်ပါ


ဒါကတော့ဆောင်းတွင်းမှမဟုတ်ပါဘူး။ အသားအရေအတွက် အမြဲလုပ်ဆောင်သင့်တဲ့ အချက်ပါ။ အောက်ဆီဂျင်ပမာဏဟာ အိပ်ရေးမ၀ရင်လျော့ကျတတ်ပါတယ်တဲ့။ အောက်ဆီဂျင်ပမာဏ လျော့ကျရင် ဆဲလ်တွေအသစ်ပြန်လည်ဖြစ်ပေါ်ဖို့ နှေးကွေးစေတယ်လေ။ ဒါတွေက အိုမင်းရင့်ရော်မှုရဲ့အစပေါ့။ ဒီတော့ အနည်းဆုံး ၇နာရီလောက် အိပ်ရေး၀၀အိပ်ပေးပါ။

အားလုံးပဲ Sweet December ပါနော်... ^_~
Candy

Sunday, December 4, 2011

စုံစီနဖာ

မနေ့က အိမ်မှာမနေချင်တာနဲ့ ညနေလောက်ရောက်တော့ Bugis သွားတယ်။ တလလုံးလုံး အိမ်ကပ်နေရတာ ပျင်းလာလို့လေ။ ထုံးစံအတိုင်း တစ်ယောက်တည်းပေါ့။ ဖိနပ်လည်း ၀ယ်စရာရှိတယ်.. နောက်ပြီး Christmas အတွက် ပြင်ဆင်နေတာလေးတွေလည်း ကြည့်ချင်လို့။

Bugis Junction မှာ... အဲ့ဒါကြီးနဲ့ တွဲရိုက်မယ် :D

လက်ထဲကရေခဲမုန့်အရင်ကုန်အောင် စားလိုက်ဦးမယ်နော်...

Candy ၏ ရိုက်ချက်.. အနောက်ကဟာလည်း မပါဘူး.. လူလည်း နှာခေါင်းပြတ်နေတယ် >.<

ရပြီကွ... :D :D

BHG မှာလည်း Sale တွေချနေတယ်.. ၀ယ်စရာရှိရင်ဝယ်ကြပါ...

လိုအပ်တာတွေ ၀ယ်ပြီးတော့ City Hall ဆက်သွားတယ်။ အဲ့မှာ ညစာစားတယ်။ 1818(ဖုန်းကတ်) ၀ယ်တယ်။ နံနံပင်ဝယ်တယ် (ဟိုနေ့က ကာလသားဟင်းချက်စားမလို့ အားလုံးဝယ်ပြီးမှ နံနံပင်မေ့ခဲ့လို့ မချက်ရသေးဘူးလေ)။ City Hall မှာလည်း Christmas Tree လေးတစ်ပင်တွေ့တယ်။ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ City Hall မှာဆို အတတ်နိုင်ဆုံး ဘာမှမလုပ်ဘူး။ မြန်မာများတယ်လေ။ ဘာလို့လဲတော့ မသိဘူး။ မြန်မာတွေက စလုံးတွေထက် ပိုဂရုစိုက်တတ်လားလို့.. ဘယ်လိုပြောရမလဲ.. ကန်ဒီတခြားနေရာမှာ ဘာလုပ်လုပ် ဘယ်သူမှ ဂရုစိုက်ကြည့်မနေဘူး။ သူတို့ဟာသူတို့လုပ်စရာရှိတာ လုပ်နေတာ။ City Hall ရောက်ရင်မရဘူး။ ကိုယ့်ဟာကိုယ် ပုံမှန်ရုပ်တည်နဲ့နေရင်တောင် စချင်နေကြတာ။ မိန်းကလေးတိုင်း အဲ့လိုပဲ အစခံရလားဟင်? ဟိုတလောကလည်း ကန်ဒီဝယ်စရာရှိတာ ၀ယ်နေတာ အပေါ်ထပ်ဆိုင်မှာ။ အဲ့ဒါ ကန်ဒီ့လိုပဲ ဈေးဝယ်နေတဲ့ လူနှစ်ယောက်က သူတို့ဟာသူတို့စကားပြောနေရာကနေ ကန်ဒီလည်းလာရော "ပြုတ်ကျသွားပြီတဲ့" ကန်ဒီက တကယ်တစ်ခုခုပြုတ်ကျတယ်ထင်လို့ လိုက်ရှာနေတာ (သူတို့ကလည်း ရုပ်တည်ကြီးနဲ့ကို)။ နောက်တော်တော်ကြာမှ "စိတ်ဓာတ်" တဲ့။ ဘယ်လောက်အမြင်ကတ်ဖို့ကောင်းလဲ >.<

ဒီနေရာက တရားဟောတဲ့နေရာလေ.. ရှိတာ သိပ်မကြာသေးဘူး.. အရင် Clementi ကျောင်းနားမှာပဲ...

ဒီနေ့မနက်ကျတော့ အာရုဏ်ဆွမ်း သွားကူတယ်လေ။ Clementi ဘုန်းကြီးကျောင်းမှာ။ ဖက်ထုပ်ပြုတ်ကျွေးတာ။ နောက်ပြီး ကောက်ညှင်းပေါင်း။ သရေယိုကုန်ပြီလား.. ဟဲဟဲ

ဘုန်းကြီးကျောင်းသွားတော့ အဖွားကြီးစတိုင်လ်ပေါ့ :P

ကြာပန်းတွေ...

အာရုဏ်ဆွမ်းကပ်တဲ့သူက နှစ်ဖွဲ့ဖြစ်သွားလို့ လူတွေများနေတာလေ.. (နောက်မှာကြည့်ရန်)

စကားမစပ် ဇာတ်လမ်းကောင်းလေးတစ်ခု ပြောပြမလို့။ အမှန်အတိုင်းပြောရရင် ကန်ဒီမြန်မာကားကို ဘယ်တော့မှပြီးအောင် မကြည့်ဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းအလယ်လောက်ရောက်ရင် ဘာဖြစ်မယ်ဆိုတာ သိနေတာလေ။ ဒီကားကတော့ မြန်မာကားထဲမှာ ကန်ဒီအကြိုက်ဆုံးကားလို့ ပြောလို့ရတယ်။ ဇာတ်လမ်းနာမည်က "အငြိတစ်ချက်မှာ အသက်ပါသွားတယ်" မင်းသမီးက ဖွေးဖွေးနဲ့ ခိုင်သင်းကြည်.. မင်းသားက ခန့်စည်သူ။ အရမ်း အရမ်းကောင်းတယ်။ အပြင်မှာလည်း တကယ်ဖြစ်နိုင်ချေရှိတယ်။ ဖွေးဖွေးသရုပ်ဆောင်ထားတာ အရမ်းမိုက်တယ်။ မြန်မာသရုပ်ဆောင်ထဲမှာဆို ရဲတိုက်နဲ့ ဖွေးဖွေးကိုကြိုက်တယ်။ ဇာတ်လမ်းအကြောင်းကို မပြောပြတော့ဘူး။ ကြည့်မယ့်သူတွေ အရသာပျက်သွားမှာစိုးလို့။

တာ့တာ ^_~

Thursday, December 1, 2011

စိတ်ထဲရှိရာများ..

စိတ်ထဲရှိတာတွေ အများကြီးပဲ။ အပြင်မှာဆို သူများကို ထုတ်ပြောလေ့မရှိဘူး။ ထုံးစံအတိုင်း ဒီမှာပဲ ရေးပါရစေ။ စာမေးပွဲလည်း ပြီးပြီလေ :D

ဟိုတလောက သူငယ်ချင်းတစ်ယောက် လင်ခ့်ပေးတာနဲ့ ဘလော့ဂါတွေကို ဖဲ့ထားတဲ့ ဆိုဒ်လေးဆီ ရောက်သွားတယ်။ အထူးသဖြင့် ကန်ဒီ့လိုစာမျိုး ရေးတဲ့သူတွေကိုပေါ့။ ဖတ်ပြီး စိတ်မကောင်းဘူး။ အားလုံးကိုခြုံပြီး ဖဲ့ထားတယ်။ တချို့ကိုဆို နာမည်နဲ့တောင် ဖဲ့ထားတယ်။ ကန်ဒီအံ့သြသွားတယ်။ ဒီလိုဆိုဒ်မျိုးလည်း ရှိတယ်ပေါ့ ဆိုပြီး။ လူတယောက်နဲ့ တယောက် အကြိုက်ချင်းမတူနိုင်ဘူးဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါပေမယ့် သူတပါး ၀မ်းနည်းအောင် စိတ်မကောင်းဖြစ်အောင် အပင်ပန်းခံပြီးတောင် ရေးပြီးပိုစ့်တင်မယ်လို့ ကန်ဒီ မထင်ထားဘူးလေ။ နောက်ပိုအံ့သြသွားတာက သူ့ပိုစ့်အောက်မှာ ရေးတဲ့comment တွေက သူ့ကိုအားပေးထားကြတယ်။ ဒါနဲ့ ကန်ဒီစဉ်းစားမိတယ်။ ကန်ဒီ့ပိုစ့်တွေဖတ်မိပြီး ကန်ဒီ့ကို မုန်းနေတဲ့သူတွေလည်း ရှိနိုင်တာပဲလို့။ အကြောင်းရင်းတော့ ကန်ဒီနားမလည်ဘူး။ ဟိုရက်ပိုင်းကလည်း မမရိုစ့်ဆီ နှောင့်ယှက်တဲ့ comment တွေရတယ်ဆိုလို့ စိတ်မကောင်းဘူး။ ဘာလို့များ အဲ့လိုတွေလုပ်လဲဆိုတာ စဉ်းစားလို့ မရဘူး။ လူတိုင်းမှာ သူ့ခံယူချက်နဲ့ သူရှိတယ်လေ။ သူ့ဟာနဲ့သူတော့ မှန်နေတာပဲ။ ကိုယ်မကြိုက်လို့ သူမှားတယ်လို့ ပြောလို့မှ မရတာ။ ကန်ဒီဆို ကန်ဒီ့ဆိုဒ်မှာတင်တဲ့ ပုံတော်တော်များများကို ကန်ဒီရိုက်တာဖြစ်ချင်တယ်။ မတတ်သာမှ Google ကယူချင်တယ်။ အဲ့လိုပေါ့။ ဘလော့တစ်ခုနဲ့တစ်ခု ဖန်တီးထားပုံတွေကလည်း ရေးတဲ့သူရဲ့ ခံယူချက်ကိုလိုက်ပြီး ကွဲပြားမှာပဲလေ။ အဲ့လိုပဲ စာဖတ်တဲ့သူတွေမှာလည်း သူ့အကြိုက်နဲ့သူရှိတာပဲ။ ကဗျာတွေ၊ ၀တ္တုတိုတွေဖတ်ချင်တဲ့ သူကျတော့ ကန်ဒီ့ဆီဘယ်လာမလဲ။ ဒီလိုပေါ့။ အားလုံးသူ့ဟာနဲ့ သူမှန်နေကြတာချည်းပဲလေ။

ခုနကပြောသလို မကောင်းမြင်တဲ့လူကလည်း လူနည်းစုပဲဖြစ်မှာပါလေ။ မြန်မာအများစုက ကိုယ်ချင်းစာတရားထားတဲ့နေရာမှာ သူများထက်ပိုတယ်လို့ ကန်ဒီယုံတယ်။ ဟိုတလောက ကန်ဒီစိတ်ညစ်တော့ပဲ ကြည့်လေ။ ဘလော့မောင်နှမတွေ အပြင် comment မရေးဖူးတဲ့ သူတွေကပါ လာအားပေးသွားတော့ အရမ်းပျော်တယ်။ စိတ်သက်သာရာ ရတယ်။ မမ မဒိုးကန်ဆို ပိုစ့်လေးတောင် သီးသန့်ရေးပြီး အားပေးထားတယ်။ တကယ်အားရှိတာပါ။ အဲ့အချိန်မှာ ဒီဘလော့လေးရှိနေတာကိုပဲ ကျေးဇူးတင်မိတယ်။

**************************

ခုခရီး အရမ်းသွားချင်နေတယ်။ နီးနီးနားနား မလေးကို သွားမယ်ဆိုတော့လဲ သွားလို့ အဆင်မပြေဘူး။ ကန်ဒီ့အစ်မ၀မ်းကွဲကမလေးမှာ ရှိတယ်လေ။ သူ့ကို လာမယ်ပြောမလို့ စကားစရုံရှိသေးတယ်။ သူက နေမကောင်းဘူးတဲ့။ အလုပ်လည်း ရှုပ်နေတယ်တဲ့။ အဲ့ဒါနဲ့ ဆက်မပြောဖြစ်တော့ဘူး။ ကန်ဒီ့ သူငယ်ချင်းတွေမလေးသွားမှာ ဒီလကုန်.. ရန်ကုန်က Tour နဲ့ S$ 550 တဲ့။ ဈေးကြီးလားလို့။ ကန်ဒီလိုက်လို့လည်း မဖြစ်ပါဘူး။ အစ်မရှိရဲ့သားနဲ့ Tour နဲ့သွားရင် အိမ်ကပြောမှာပေါ့။ မလိုက်တော့ဘူးလို့ ငြင်းထားတယ်။ တကယ်တော့ သွားချင်နေတာ။

ဒီနေ့တောင် ကျောင်းကအပြန်ကားစောင့်ရင်းနဲ့ တခါမှမတွေ့ဘူးတဲ့ Singapore-Malaysia ဆိုတဲ့ ကားကြီးတွေ့သေးတယ်။ သွားချင်နေပါတယ်ဆို စိတ်ကိုလာဆွနေတယ် =.=

ခရီးဆိုလို့ ကန်ဒီ့ညီမ ရန်ကုန်ပြန်တုန်းက ပြင်ဦးလွင်သွားတယ်လေ။ အဲ့မှာ သူရိုက်လာခဲ့တဲ့ ပုံလေးတွေ အမှတ်တရတင်ဦးမယ်။ ကန်ဒီ့ပိုစ့်မှာ ဓာတ်ပုံမပါရင် စိတ်ထဲတစ်မျိုးကြီး :P

ညီမအလတ်...

ညီမအငယ်...

သူတို့ တ၀တပြဲ စားခဲ့သောက်ခဲ့ကြတယ်လေ..
ပုရစ်ကြော်က ကြောက်စရာကြီး.. စားရဲပါဘူး >.<

ပန်းကအပြာရောင်လေး.. လှလိုက်တာ ^_^

ပန်းခင်းကြီးပေါ့...

ကန်ဒီ ပြင်ဦးလွင်မြို့ကို အရမ်းကြိုက်တယ်။ အဲ့ဒီမြို့ကို အဓိကကြိုက်ရတဲ့အကြောင်းရင်းက ပန်းတွေကြောင့်။ ကန်ဒီပန်းအရမ်းချစ်တယ်။ ငယ်ငယ်တုန်းက အတန်းပိုင်ဆရာမကို နှင်းဆီပန်းလေးတွေဝယ်ပြီး ပေးတယ်။ ဆရာမခေါင်းမှာ ကန်ဒီပေးတဲ့ပန်းလေး ပန်ထားတာကို တနေ့လုံးကြည့်ပြီး ပျော်နေတတ်တာလေ။ ညနေကျ ဆရာမခေါင်းပေါ်က နှင်းဆီပန်းလေး ညှိုးသွားရင်ဝမ်းနည်းသလိုလို။ ဒါနဲ့ နောက်ပိုင်းကျတော့ နှင်းဆီပန်း မပေးတော့ဘူး။ သစ်ခွပန်းပေးတယ်။ သစ်ခွပန်းဆို ညနေရောက်လည်း မညှိုးလို့လေ။ ဒါလည်း စိတ္တဇတမျိုးပဲနော်။

သူပြန်လာတော့ ထုံးစံအတိုင်း ရန်ကုန်က စားစရာတွေပါလာတာပေါ့။ ကန်ဒီက ခုချက် ခုစားရတာကို ပိုကြိုက်တယ်။ အဲ့ဒါကြောင့် အမေ့ကို စားစရာအခြောက်တွေ သိပ်မထည့်ပေးနဲ့လို့ ပြောထားတယ်။ အဲ့တော့ ဘာထည့်ပေးလဲ သိလား။

ဟင်းအနှစ်တွေနဲ့ လက်ဖက်.. အားလုံးအဆင်သင့်..
ကန်ဒီ့ကို ကြက်သွန်တောင် ဆီမသတ်တတ်သေးဘူး ထင်နေလား မသိဘူး :P


နောက်ပြီး ဒီအင်္ကျီ။ အဲ့ဒါမျိုး ၄၊ ၅ ထည်လောက်ပါတယ်။ အိမ်မှာနေရင်း ၀တ်ဖို့တဲ့။ အိမ်မှာနေရင်း ၀တ်ဖို့များ တကူးတကအင်္ကျီစ၀ယ်ပြီး ချုပ်ပေးနေသေးတယ်။ ဒီလောက် ရယ်ဒီမိတ်တွေ ပေါနေတာကို >.<

အမေက သူချစ်တာကို လိုအပ်တာတွေဖြည့်ဆည်းပေးပြီး ဖော်ပြတတ်တယ်။ စကားလုံးတွေ အပြုအမူတွေနဲ့ မဖော်ပြတတ်ဘူး။ (ကန်ဒီ သူ့ဆီက အမွေရထားတာ အဲ့အကျင့်တွေလည်းပါတယ်။) တခါတလေ စကားလုံးနဲ့ ဂရုစိုက်တာမျိုးတွေ လိုချင်ပေမယ့် ခွဲနေရတဲ့ အချိန်မှာတော့ ဒီလိုမျိုး လိုတာလေးတွေ လုပ်ပေးတာနဲ့တင် မိဘမေတ္တာကို အများကြီးခံစားရပါတယ်။

ပိုစ့်က အရမ်းရှည်သွားပြီလား မသိဘူး...
အခု 1:33 AM
အားလုံးပဲ Good Night^^