Sunday, December 30, 2012

100th

မင်္ဂလာနံနက်ခင်းပါ :D

ခု ကော်ဖီသောက်ရင်း ဘာရေးရင်ကောင်းမလဲ စဉ်းစားနေပါသည်(:D)။ ထုံးစံအတိုင်း ဟိုဟိုဒီဒီပဲဖြစ်မယ်ထင်တယ်။ ကန်ဒီ့ညီမကတော့ ထူးထူးခြားခြား ဟင်းချက်နေလေရဲ့... သူချက်တော့ ကန်ဒီက ဇိမ်ပေါ့(:D)။ မနေ့က အစ်ကိုနဲ့ "The Hobbit" သွားကြည့်တယ်။ ကြိုက်တယ်... မပြီးသေးဘူး။ သူလည်း အပိုင်းနဲ့သွားမှာပဲ။  ဇာတ်လမ်းက သုံးနာရီနီးပါးကြာတယ်... အရှည်ကြီးပဲ။ ဒါပေမယ့် အချိန်ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး ^_^


ဒီနေ့အကယ်ဒမီပေးမှာ ထင်တယ်။ အကယ်ဒမီပေးပွဲတွေကို ကန်ဒီသူများတွေလောက် ရင်မခုန်တတ်ဘူး(:D)။ ဒါနဲ့ မြန်မာကားတွေ တဖြည်းဖြည်း ပိုဆိုးလာတယ်နော်... ဖြစ်သလို လုပ်လာတယ်။ အနောက်က Script တိုင်ပေးတဲ့လူတွေအသံကို ဇာတ်လမ်းတွေထဲမှာ ကြားကြားနေရတယ်။ Editor တွေ သေချာမလုပ်ဘူးလား မသိဘူး... ရှက်စရာကောင်းတယ် (>.<)။ နောက် မြန်မာကားတွေထဲမှာ ကန်ဒီနားမလည်နိုင်ဆုံးအခန်း ရှိတယ်။ ဘာလဲ သိလား?? မင်းသားနဲ့မင်းသမီး မှားယွင်းကြပြီး မင်းသမီးငိုတဲ့အခန်း (xD :P)။ မိန်းကလေးက ဘာမှန်းမသိဘဲ နေရင်းထိုင်ရင်း အဲ့လိုအနိုင်ကျင့်ခံရလို့ ငိုတာဆို ထားပါတော့။ ကောင်လေးနဲ့ ကောင်မလေးက ချစ်သူတွေ... သူတို့အချင်းချင်း မှားယွင်းမိလို့ မိန်းကလေးငိုတာကို နားမလည်တာ။ သူလည်း အလိုတူ အလိုပါပဲဟာကို... လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ။ ပြီးရင် ကောင်လေးကိုပြောသေးတယ်... "ရှင် မကောင်းဘူး.. ကျွန်မကို ဒီလိုလုပ်တယ်.. ဟင့် ဟင့် ဟင့် ဗြဲ" LOL (xD)။ မြန်မာကားဆိုလို့ "လေပြေညှင်းရဲ့ အသက်ဆက်တေး"ဆိုတဲ့ကားလေးက စင်္ကာပူမှာ လာရိုက်ထားတာ။ ဇာတ်လမ်းကြီးကိုတော့ မကြိုက်ဘူး။ ဒါပေမယ့် ကိုယ်မြင်နေကျ နေရာလေးတွေမှာ ရိုက်ထားတော့ တစ်မျိုးလေး ကြည့်ကောင်းတယ် :D

New Year's Eve အတွက် ဘာအစီအစဉ်တွေ ရှိကြလဲ?? ကန်ဒီကတော့ East Coast သွားဖြစ်မလား မသိဘူး။ အဲ့မှာ အခန်းငှားထားတယ် ပြောတယ်။ ကမ်းခြေမှာ ဆော့ဖို့ မီးရှူးမီးပန်း ၀ယ်သွားရင်ကောင်းမယ်(:D)။ သူများတွေက သောက်ဖို့... ကန်ဒီက ဆော့ဖို့ ခိခိ(xD)။ ဒီရက်ပိုင်း ဓာတ်ပုံရိုက်ဖို့ လုံးဝစိတ်မပါဘူး။ ကိုယ့်မျက်နှာတောင် ကိုယ်မကြည့်ချင်တဲ့ အနေအထားဖြစ်နေလို့။ ကန်ဒီ့အစ်ကို လက်ဆောင်ပေးတဲ့ Body Shop က Vitamin E moisturizer သုံးမိတာ... မတည့်တာလား မသိဘူး။ မျက်နှာတစ်ခုလုံး အဖုတွေ အမာရွတ်တွေနဲ့ ဖြစ်နေတယ် >.<

ကန်ဒီ Galaxy Note လက်ဆောင်ရထားလို့ ဖုန်းပြောင်းကိုင်နေတယ်။ အရမ်းကြီးတယ်။ နောက်ပြီး Touch နဲ့ စာမရိုက်တတ်လို့ တချိန်လုံးမှားနေတယ်(>.<)။ ကန်ဒီ့ အရင် Blackberry အဖြူလေးကို ပိုကြိုက်တယ်။ စာရိုက်လို့ ကောင်းတယ်။ ဒါပေမယ့် Blackberry က App မကောင်းဘူး။ မြန်မာလိုလည်း ရိုက်လို့မရဘူး။ Viber မရဘူး။ ခု ဒါနဲ့ဆိုတော့ အားလုံးရသွားပြီ။ ရန်ကုန်အိမ်နဲ့လည်း Viber ကနေ ပြောလို့ရပြီ ^_^

ဒီမှာ စာရေးတာနဲ့ပက်သက်လို့ ကန်ဒီ့လောက် လျှို့ဝှက်တာလည်း ကန်ဒီပဲ။ ကန်ဒီက ဖုံးတယ်... အမေက ဖွတယ်(xD)။ ခုဆို တမျိုးလုံး သိတော့မယ်... ဘယ်လိုလုပ်ကြမလဲ(>.<)။ ကိုယ်တိုင်က စာကောင်းကောင်းရေးတတ်တယ်ဆို ဘာမှမဖြစ်ပါဘူး။ ခုဟာက ရေးချင်တာ ရေးနေတာဆိုတော့ ရှက်စရာ(>.<)။ သူငယ်ချင်းတစ်ယောက်က ကန်ဒီက Privacy မှ မထားတာတဲ့။ အကုန်ရေးနေ ဓာတ်ပုံတွေတင်နေတော့ သိပြီပေါ့တဲ့။ မြန်မာဘလော့ဂါအများစုက ဓာတ်ပုံတွေဘာတွေ မတင်ဘဲ စာဆိုစာချည်းရေးတာဆိုတော့ ကန်ဒီတစ်ယောက်တည်း ဖောက်နေသလို ဖြစ်တာပေါ့။ တကယ်တော့ Privacy လုံးဝမထားတာတော့ မဟုတ်ပါဘူး။ ကန်ဒီ နေတဲ့လိပ်စာ တခါမှ မပြောဖူးသလို တက်တဲ့ကျောင်းတောင် ကျောင်းပြီးမှ ပြောတာလေ... အဲ့လိုပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာဖို့က အဓိကဆိုတော့ I don't care :P

အစက ပြောမယ်ဆိုပြီး စဉ်းစားထားတာတွေ အများကြီးပဲ။ ခုတကယ်ချရေးမယ်ဆိုတော့ မေ့ကုန်ပြီ(@_@)။ OK နောက်ဆုံးအနေနဲ့ ပဟေဠိ ၀ှက်မယ်။ သိပ်တော့မခက်ပါဘူး။ ကန်ဒီ့ ဒီပိုစ့်ခေါင်းစဉ်က ဘာကိုဆိုလိုချင်တာလဲ??? ဖြေပါ xD

တာ့တာ
Happy New Year 2013!!

Wednesday, December 26, 2012

Rewind 2012 (Tag)

OMG!! 2012 တောင် ကုန်တော့မယ်နော်။ နှစ်ကုန်တာနဲ့တပြိုင်တည်း မမပစ်ပစ်က "2012 ကို ပြန်လှည့်ကြည့်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ပိုစ့်လေးတစ်ခု Tag လာတယ်။ တဂ်ပိုစ့်တွေမရေးရတာကြာလို့ ရေးချင်နေခဲ့ပေမယ့် ဒီခေါင်းစဉ်ကိုလည်းတွေ့ရော "ဟင်..."ဆိုပြီး ရေးရင်ကောင်းမလား မရေးရင်ကောင်းမလား တွေဝေသွားမိတယ်။ ကန်ဒီ ဒီနှစ်ကို မကြိုက်ဘူး... ပြန်လည်း လှည့်မကြည့်ချင်ဘူး။ ဒါပေမယ့် မမပစ်ပစ်က သတိတရ ခင်မင်လို့ တဂ်ထားပြန်တော့လည်း မရေးဘဲ မနေချင်ပြန်ဘူး။ ဒါနဲ့ပဲ...

Chinese New Year Sentosa Flower Festival, My Birthday & Volunteering

ကန်ဒီဘယ်လမှာ ဘာတွေလုပ်ပြီး ဘယ်တွေသွားခဲ့တယ်ဆိုတာတွေ အသေးစိတ် ချရေးပြမနေတော့ဘူးနော်။ အားလုံးက ကန်ဒီ့ Diary ပိုစ့်တွေထဲမှာ လအလိုက်ရှိပြီးသားပါ။ ကြီးကြီးမားမားအမှတ်တရတွေကတော့ Volunteering စလုပ်ဖြစ်တာ၊ မတွေ့ရတာကြာပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း စင်္ကာပူကို လာလည်တာ၊ "Bintan" ဆိုတဲ့ အင်ဒိုနီးရှားကျွန်းလေးဆီ သွားလည်ဖြစ်တာနဲ့ ဘွဲ့ယူတာပေါ့။ Humm.. အဲ့လိုပြန်ကြည့်မယ်ဆိုတော့လည်း ဒီနှစ်မှာ တော်တော်များများ လုပ်ဖြစ်သလိုလို။ ဒါပေမယ့်....

My Friend's Wedding...

ဒီနှစ်ထဲမှာ ကန်ဒီစိတ်ကျန်းမာရေး မကောင်းဘူး။ အဓိကအကြောင်းရင်းကတော့ လုပ်စရာမရှိလို့ စိတ်ဓာတ်ကျနေတာ။ နှစ်ဝက်လောက်ကတည်းက စာမေးပွဲဖြေပြီး ကျောင်းမတက်ရတော့ဘူးလေ။ အဲ့ဒီမှာတင် လူက လုပ်စရာမရှိ ကိုင်စရာမရှိနဲ့ ဘုံစပျောက်တာ။ အမေက ဒီမှာအလုပ်လုပ်စေချင်တော့ အလုပ်စရှာတယ်။ ကန်ဒီ့ဘွဲ့နဲ့ဆိုင်တဲ့အလုပ်က ဒီမှာတော်တော်ရှားတာပဲ... တစ်နေ့မှာ ၁၀ခု ၁၅ခုလောက် လျှောက်မိရင်တောင် ကံကောင်း။ ကြာလာတော့ လူက ဒေါပွလာတယ်။ စိတ်ဓာတ်လည်း ကျလာတယ်။ ဘာမှမလုပ်ချင်တော့ဘူး။ အဲ့အချိန်တွေမှာ ဒီဘလော့ဂ်လေးရှိနေလို့ ခံသာတာ။ စိတ်နှစ်ထားစရာ တစ်နေရာ ရှိနေတယ်လေ။ ဒါမရှိရင် လူကပိုအူကြောင်ကြောင်ဖြစ်မှာ... 

စိတ်က အရင်ကလောက် မပါတာတော့ အမှန်ပဲ။ ကန်ဒီရှာနေတာ ၆လလောက်ရှိတော့မယ်။ ဘာမှမှ မထူးခြားလာတာ။ ကန်ဒီ ဒီမှာအချိန်ဖြုန်းနေသလိုပဲ ခံစားရတယ်။ ကန်ဒီ့စိတ်တိုင်းကျဆို ရန်ကုန်ပဲ ပြန်ချင်တယ်။ အဲ့မှာပဲ အလုပ်လုပ်ချင်တယ်။ ဟိုးအရင်ကတည်းက ကန်ဒီ ဒီမှာအကြာကြီးနေဖို့ အစီအစဉ်မရှိခဲ့ဘူး။ တသက်လုံးလည်း မနေနိုင်ဘူး။ မြန်မာပြည်မှာပဲ နေချင်တာ။ ကန်ဒီသိသလောက်က ဒီမှာအလုပ်လုပ်ပြီး အသက်ကြီးမှ မြန်မာပြည်ပြန်တဲ့လူတော်တော်များများက ဟိုရောက်ရင် ဘာစလုပ်လို့ လုပ်ရမှန်း မသိဘဲ ကြားထဲရောက်သွားကြတာများတယ်။ အဲ့ဒါကြောင့် ကန်ဒီက အစကတည်းက မြန်မာပြည်မှာပဲ စချင်တယ်။ ကန်ဒီ့အမေကတော့ ငယ်တုန်း ဒီက Experience ယူတဲ့ >.<

Universal Studio, Garden by the Bay, Trip to Bintan & St. John's Island

လူတော်တော်များများက ကန်ဒီသေချာမရှာလို့ အလုပ်မရတာတဲ့။ NO!!! ကန်ဒီ့အတွက် လျှောက်လို့ရတဲ့အလုပ်ကိုက ရှားနေတာ။ ကန်ဒီနဲ့ Same Batch သူငယ်ချင်းတွေလည်း ခုထိအလုပ်မရကြသေးဘူး။ အမေကတော့ ပြောပါတယ်... "ပေါ့ပေါ့ပါးပါးပဲ ရှာ.. စိတ်ဓာတ်လည်း မကျနဲ့.. မရလည်း ကိစ္စမရှိဘူး... ရန်ကုန်မှာ လုပ်စရာတွေ အများကြီး"တဲ့။ ဒါပေမယ့် သူက ဒီမှာလုပ်စေချင်တာ သိနေတော့လည်း ကန်ဒီက နေရင်းထိုင်ရင်း Stress ရတယ်။ အဓိကက သူ့ကို စိတ်ချမ်းသာစေချင်လို့ပါ။

Graduation & Family gathering

အဲ့လို ကန်ဒီစိတ်ရောဂါတွေဖြစ်.. အဲ စိတ်ဓာတ်တွေကျတော့ အရင်ဆုံးမဲမိတာက ချစ်သူပေါ့ (သူ့ပဲ မဲစရာရှိတာလေ)။ သူကလည်း အလုပ်တွေရှုပ်... ကန်ဒီမှာထားတာတွေ မပို့လာ။ အဲ့ဒါနဲ့ သူ့ကိုစိတ်တိုပြီး ကောက်တာ ၃လနီးပါးရှိတယ် ဟီးဟီးဟီး(xD)။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကန်ဒီဘက်ကပဲ သူ့အပေါ် မကောင်းခဲ့တာပါ။ စိတ်တွေလေပြီး သူ့ကို မေ့ထားမိတယ်။ ရည်စားမထားချင်ဘူး... တစ်ယောက်တည်းပဲ နေချင်တယ်ဆိုတဲ့ စိတ်ကြီးလည်း ၀င်လာသေးတယ်။ တကယ်တမ်း သူ့ကို ထားခဲ့နိုင်လားဆိုတော့လည်း ကန်ဒီ့အနွံတာခံတာ သူပဲရှိတာဆိုတော့ မထားခဲ့နိုင်ပြန်ဘူး xD

OK OK... ဒီလောက်ဆို လုံလောက်ပြီ။ စိတ်ညစ်စရာတွေ မရေးချင်တော့ဘူး။ ကန်ဒီ့စာတွေဖတ်ပြီး ပျော်သွားတယ်ဆိုတာပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် ဒီလိုရေးလိုက်တော့လည်း ပေါ့သွားတာပေါ့နော်(:D)။ ၂၀၁၃ အတွက်ဆို...

၁) ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ခုလို စိတ်ဓာတ်မကျအောင်နေရမယ်။
၂) လေ့ကျင့်ခန်းလုပ်ရမယ် (လေ့ကျင့်ခန်းလုပ်တာ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လေ)။
၃) ကလေးဆန်တာတွေ လျော့ပြီး လူကြီးတစ်ယောက် ဖြစ်အောင်နေရမယ်။ 
၎) အမေ့စိတ်တိုင်းကျ ဒီမှာအလုပ်ဆက်ရှာရင်း မြန်မာပြည်က သတင်းတွေဖတ်မယ်။ ရန်ကုန်က ဆေး Market အကြောင်း လေ့လာရမယ်။

အတိုင်းအတာတစ်ခုအထိ အမေ့ယုံကြည်မှုရပြီ ရန်ကုန်ကဖြစ်ဖြစ် ဒီကဖြစ်ဖြစ် အတွေ့အကြုံလည်း နည်းနည်းရပြီဆို ကန်ဒီရန်ကုန်မှာ တစ်ခုခုလုပ်ချင်တယ်။ အခုချိန်မှာတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု လုံးဝမရှိသေးဘူး။ ဒါပေမယ့် စောင့်ကြည့်ရမှာပေါ့ နော့။ ကန်ဒီကြိုးစားမှာပါ :D

စိတ်ညစ်စရာတွေ ၂၀၁၂ မှာထား... ၂၀၁၃ အတွက် ကန်ဒီနဲ့အတူ မောင်းတင်စို့နော်...
Cheers ^_^

Saturday, December 22, 2012

Fun Christmas Nail Art + Song

ခရစ္စမတ်နားနီးပြီဆိုတော့ အားလုံးအတွက် Christmas Nail Art လေး တင်ပေးရမှာပေါ့(:D)။ အစက ဒီဇိုင်း နှစ်ခု သုံးခုလောက်လုပ်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီတော့ ဒါလေးနဲ့ပဲ ကျေနပ်ပေးပါလို့ (^_^)။ မနက်ဖြန် သဘက်ခါပဲ ခရစ္စမတ်ရောက်တော့မှာဆိုတော့ ဒီပိုစ့်ကို အပြေးအလွှား ခုံပျံကျော်လွှားပြီး တင်ရမယ်... ဟတ်ချလောင်းးးး :P


ဒီ ဒီဇိုင်းလေးက လူကြီးအကြိုက်နဲ့တော့ ကိုက်ချင်မှ ကိုက်မယ်။ ဘာပဲဖြစ်ဖြစ် Just for Fun ပေါ့။ ကလေးတွေကို လုပ်ပေးရင်တော့ ကြိုက်ကြမယ် ထင်တာပဲ(:P)။ ပိုရိုးရှင်းချင်တယ်ဆိုရင်တော့ လက်သူကြွယ်နေရာမှာ ခရစ္စမတ်ဘိုးဘိုးကြီးပုံမထည့်ဘဲ တခြားလက်ချောင်းလေးတွေလိုပဲ ဆိုးလိုက်နော် :)


ဦးထုပ်ရဲ့အနီအပိုင်းကို ဆိုးတဲ့နေရာမှာ ပြီးရင် အဖြူပြန်ထပ်မှာဆိုတော့ ညီစရာမလိုဘူး။ ဦးထုပ်က အဖြူအခုံးလေးတွေကိုကျတော့ Dotting Tool နဲ့ အ၀ိုင်းစက်လေးတွေကို ဆက်အောင်ချသွားရင် ရတယ်။ ကန်ဒီကတော့ ရိုးရိုး Nail Art Brush နဲ့ပဲ အကွေးလေးတွေ ဆွဲသွားတာ။ ဒါလည်းသိပ်ညီစရာ မလိုဘူးနော်... အခုံးလေးတွေက မညီလေ ပိုသဘာဝကျလေပဲ(:D)။ ကျန်တာတော့ သိပ်ရှင်းပြစရာမလိုတော့ဘူး ထင်တယ်။ ပုံကြည့်လုပ်ရင် ဖြစ်တယ်ဟုတ်(^_~)။ အားလုံးပြီးပြီဆိုရင် ဦးထုပ်ကအနီနေရာလေးတွေမှာ Glitter Nail Polish တစ်ခုခု ဆိုးလိုက်ပါ... အဲ့ဒါဆို ပိုလှတယ် :D

Nail Art ပိုစ့်တွေ တင်မယ့်သာတင်နေတာ ကိုယ့်လက်အခြေအနေ ကိုယ်သိတော့ မရဲတရဲ တင်ရတယ်။ ဒီကြားထဲ လက်နဲ့ပက်သက်ပြီး အဆိုးမြင်တဲ့ကွန်မန့်ရပြီဆို လူကသိမ်ငယ်ပြီး Nail Art ပိုစ့်တွေ တင်ကိုမတင်ချင်တော့တာ..(>.<)။ အပြင်မှာ ကန်ဒီ့လက်က တော်တော်ရုပ်ဆိုးတယ်ဆိုတဲ့ အထဲမှာပါတယ်။ လက္ခဏာတွေလည်း အရမ်းရှုပ်တယ်။ ဓာတ်ပုံထဲမှာတော့ နည်းနည်းကြည့်ပျော်ရှုပျော်ရှိအောင် လက္ခဏာတွေကို မဆိုသလောက် ၀ါးပေးထားပါတယ် >.<

Humm... အချိန်ရှိခိုက် လုံ့လစိုက်ပြီး ဟိုဘက်ဆိုဒ်(ShweBeauty)မှာလည်း သွားတင်လိုက်ဦးမယ်။ အမှန်အတိုင်းပြောရရင် အဲ့ဆိုဒ်မှာတင်ရတာ ဒီမှာတင်ရတာလောက် အားမရဘူး။ လူတွေတော့ များပါတယ်။ ဒါပေမယ့် ကန်ဒီ့ဆီလာနေတဲ့လူတွေလောက် ရင်းနှီးမှုမရှိသလိုပဲ။ တုံ့ပြန်မှုလည်း မရှိဘူး။ ဘလော့ဂါတော်တော်များများ ပိုစ့်တစ်ပုဒ်တင်ပြီးရင် ကြည့်တတ်တာက ကွန်မန့်ရယ်... လာလည်တဲ့လူဦးရေရယ်။ ဒါတွေသိမှ ကိုယ့်ပိုစ့်အခြေအနေကိုယ်သိမှာလေ။ အဲ့ဆိုဒ်မှာတင်ရင် ကွန်မန့်လည်း မလာဘူး။ လူဘယ်လောက်ရောက်လာတယ်ဆိုတာလည်း ကြည့်လို့မရဘူး။ အဲ့တော့ တင်ရတာ အားမရှိဘူး(>.<)။ Okie Dokie... ကန်ဒီအရမ်းကြိုက်နေတဲ့ ဒီခရစ္စမတ်သီချင်းလေးနဲ့ အဆုံးသတ်မယ်နော် ^_^


♫♪ Have yourself a merry little Christmas,
Let your heart be light
From now on, our troubles will be out of sight.

Have yourself a merry little Christmas,
Make the Yule-tide gay,
From now on, our troubles will be miles away.

Here we are as in olden days,
Happy golden days of yore.
Faithful friends who are dear to us
Gather near to us once more.

Through the years
We all will be together,
If the Fates allow
Hang a shining star upon the highest bough.
And have yourself A merry little Christmas now. ♫♪


Merry Christmas & Happy Holiday everyone^^

Wednesday, December 19, 2012

မေတ္တာဈေးကွက်

ကန်ဒီ ဒီနေ့ပိုစ့်အသစ်တင်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ညစာစားရင်း အမှတ်မထင်ဖတ်ဖြစ်ခဲ့တဲ့ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ရေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်က စဖတ်ဖတ်ချင်းမှာတင် ကန်ဒီ့ကိုမျက်ရည်ဝဲစေခဲ့တယ်။ ဖတ်လို့ပြီးတဲ့အချိန်မှာ မျက်ရည်တွေကျနေပြီ။ ကန်ဒီ ဒီဝတ္ထုတိုလေးကို နက်နက်နဲနဲခံစားမိရတဲ့ အကြောင်းရင်းကတော့ အဲ့ဝတ္ထုထဲက ဇာတ်ကောင်မောင်ထွန်းသူလေးလို ခံစားခဲ့ရတဲ့ ကောင်မလေးတစ်ယောက် အပြင်လောကမှာ ရှိခဲ့ဖူးလို့ပါ။ ၀တ္ထုထဲက စာပိုဒ်တချို့ကို ကန်ဒီပြန်ရေးပြမယ်နော်...


ဆရာမဒေါ်စန်းစန်းသည် မောင်ထွန်းသူ၏ "ကျွန်တော့အဖေအကြောင်း" စာစီစာကုံး ပထမတစ်ကြောင်းလောက် ဖတ်ပြီးသည်နှင့် "ဟင်" ဟူသော အာမေဍိတ်သံနှင့်အတူ မျက်နှာတစ်ချက် ကွက်ခနဲဖြစ်သွားသည်။ သုံးတန်းကျောင်းသား မောင်ထွန်းသူလေးက သူမ၏နေရာနှင့် အနီးဆုံးရှေ့တန်းထိုင်ခုံမှာ ရှိသောကြောင့် ချက်ချင်းလှမ်းကြည့်လိုက်မိသည်။ သေချာပါပြီ... ကလေး၏မျက်လုံးအိမ်ထဲတွင် မျက်ရည်တွေဝဲနေသည်ကို တွေ့ရသည်။ တစ်မျက်နှာစာစီစာကုံး အတိုလေးကို ဒေါ်စန်းစန်း ဆက်ဖတ်လိုက်သည်။

"ကျွန်တော်သည် အဖေ့ကို တအားချစ်ပါသည်။ အဖေက ကျွန်တော့်ကို မချစ်ပါ။ အစ်ကိုနှင့် အငယ်ဆုံးနှမလေးကိုသာ ချစ်ပါသည်။ အဖေအလုပ်ပြန်လာချိန် အိမ်ရှေ့ထွက်ပြီး အတူကြိုကြလျှင် နှမလေးကိုသာ ပွေ့ချီနမ်းရှုတ်သော်လည်း ကျွန်တော့ကိုကား ဂရုမစိုက်ပါ။ အစ်ကိုကြီး ရှစ်တန်းအောင်စဉ်က စက်ဘီးဝယ်ပေးပါသည်။ ကျွန်တော်နှစ်တန်းအောင်စဉ်က ဘာမျှမ၀ယ်ပေးပါ။ အဖေ့ကို မေးကြည့်သောအခါ "ရှစ်တန်းအောင်မှ ၀ယ်ပေးမည်" ဟုပြောပါသည်။ အဖေသဘောကျသောအတန်းမှာ ရှစ်တန်းသာဖြစ်သောကြောင့် ကျွန်တော်ရှစ်တန်းစာကိုသာ သင်ချင်နေပါသည်။ ရှစ်တန်းစာမှတစ်ပါး ကျန်အတန်းစာများကို မသင်ချင်တော့ပါ။ ညအိပ်ရာဝင်ခါနီးရောက်သောအခါ ပုံပြင်ပြောပြဖို့ တောင်းဆိုသော်လည်း အဖေက ပြောမပြပါ။ "အလုပ်ပင်ပန်းလို့"ဟု ပြောပါသည်။ တစ်ခါတစ်ရံ အမေက ပြောပြပါသည်။ အဖေပြောပြသော ပုံပြင်ကိုလည်း နားထောင်ချင်ပါသည်။"

ကန်ဒီပြောတဲ့ကောင်မလေးလည်း မောင်ထွန်းသူလေးလို ခံစားခဲ့ရရှာတယ်။ သူမရဲ့ ညီမအငယ်ဆုံးကို သူမအမေက တယုတယ နမ်းရှုံ့တတ်သလောက် သူမကိုကျ အကြီးပီပီ အကြီးလိုပဲ ဆက်ဆံခဲ့တယ်လေ။ ကန်ဒီသိသလောက်တော့ ဒီကောင်မလေးတစ်ယောက် သူမအမေရဲ့ လှိုက်လှိုက်လှဲလှဲ အနမ်းတစ်ပွင့်တောင် မရခဲ့ဖူးပါဘူး။ "အကြီးဖြစ်ပြီး အငယ်တွေကို အလျော့မပေးဘူး။ တစ်ကိုယ်ကောင်းဆန်လိုက်တာ..."စတဲ့ စကားတွေလည်း သူမနားထဲ ပဲ့တင်ရိုက်သလို ကြားခဲ့ဖူးတယ်။ ၀တ္ထုလေးအကြောင်းဆက်ရရင် နောက်တစ်နေ့မှာပဲ ဆရာမဒေါ်စန်းစန်းဟာ မောင်ထွန်းသူလေးရဲ့ အဖေဦးအုန်းနဲ့တွေ့ဖို့ သူတို့အိမ်ကို ရောက်ခဲ့တယ်။ ဦးအုန်းနဲ့တွေ့တော့ မောင်ထွန်းသူလေးကို တတ်နိုင်သမျှဂရုစိုက်ယုယဖို့ ပြောတော့တာပေါ့။

"အေးဗျာ... ကျွန်တော်ကလည်း အလုပ်နဲ့ ကိုယ်ဆိုတော့ အဲ့ဒီလောက်ကြီး သတိမထားမိဘူးဗျာ။ ဖအေတစ်ယောက်အနေနဲ့ သားသမီးတွေရဲ့ စားဝတ်နေရေး ပြည့်စုံအောင် ရှာဖွေပေးရင် ကျေနပ်ပြီလို့ပဲ သိထားတာ ခက်နေတယ်ဗျာ"

"ဟုတ်ပါတယ်။ ကျွန်မတို့လည်း စိတ်ပညာကိုမလေ့လာမီက ဒီအတိုင်းပဲ သိထားတာပါ။ လူမှာ အာဟာရနှစ်မျိုး လိုအပ်ပါတယ်။ ရုပ်အာဟာရနဲ့ နာမ်အာဟာရပါပဲ။ စားဝတ်နေရေးဆိုတာ ရုပ်အတွက်လိုအပ်တဲ့ အာဟာရပါ။ ယုယတာ၊ ကြင်နာတာ၊ ချစ်ခင်ခံရတာ၊ အရေးပေးခံရတာ ဆိုတာ နာမ်အာဟာရပါ။ ရုပ်အာဟာရပြည့်စုံစွာရရင် ကျန်းမာရေးကောင်းပါတယ်။ နာမ်အာဟာရပြည့်စုံစွာရရင် နာမ်ကျန်းမာရေးကောင်းပါတယ်"

"နာမ်ကျန်းမာရေးမကောင်းဘူးဆိုတာ စိတ်မှာရောဂါဖြစ်သွားတာပါပဲ။ စိတ်ရောဂါဆိုတာ ရူးသွားတာတစ်မျိုးတည်းကို ဆိုတာမဟုတ်ပါဘူး။ တစ်နေရာရာမှာ လွန်ကဲနေတာမျိုးပါ။ ဥပမာအားဖြင့် ငယ်ငယ်က မကြာခဏ အရိုက်ခံရတဲ့ ကလေးဟာ သူကြီးလာရင် အရိုက်ကြမ်းတဲ့မိဘ၊ အရိုက်ကြမ်းတဲ့ဆရာ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါစိတ်ရောဂါတစ်မျိုးပါပဲ။"

အဲ့ဒါသိပ်မှန်တာပဲ။ တကယ်တော့ စိတ်ရောဂါဆိုတာ ရူးနေတဲ့သူတွေမှာမှ ရှိတတ်တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အနေအထိုင် အပြောအဆို အမူအကျင့်တွေဟာ အဲ့ဒီလူငယ်ရွယ်စဉ်က ခံစားခဲ့ရတဲ့ ခံစားချက်တွေနဲ့ အများကြီးဆက်နွယ်နေတယ်။ အမြဲတမ်း အဆူခံရတဲ့ကလေးဟာ သူ့ကိုယ့်သူယုံကြည်မှုပျောက်နေမှာပဲ။ အမြဲတမ်း ချီးမွမ်းခံရတဲ့ကလေးဟာ ကိုယ့်ကိုကိုယ် ယုံကြည်နေမှာ အသေချာပဲ။ 

အဲ့လိုနဲ့ ဦးအုန်းကိုနားချပြီး ဆရာမဒေါ်စန်းစန်းလည်း ပြန်သွားတယ်။ တစ်ညနေ ဦးအုန်းရုံးက စိတ်မကြည်မလင်နဲ့ ပြန်လာပြီး ထိုင်ခုံပေါ်ထိုင်နားနေတုန်း မောင်ထွန်းသူလေးက သူ့နားရစ်သီရစ်သီလုပ်နေတာနဲ့ ဆရာမနားချထားတာကို သတိရပြီး သူ့သားကို ဂရုတစိုက်မေးတော့တာပေါ့။

"သားလတ်လေး... လာလေ၊ ဖေဖေ့ကို ဘာမေးချင်လို့လဲ"
"ဖေဖေ.. ဖေဖေ့လစာကို နေ့တွက်နဲ့တွက်လိုက်ရင် တစ်ရက်ကို ဘယ်လောက်ရသလဲဟင်"

ဦးအုန်း ထောင်းကနဲ ဒေါသထွက်သွားပြီး မောင်ထွန်းသူလေးကို "ဟေ့ကောင်.. အဲ့ဒါမင်းနဲ့ ဘာဆိုင်သလဲ၊ ကလေးက ကလေးစကားမပြောဘူး" ဆိုပြီး အော်လိုက်မိပြီးမှ ကလေးဆတ်ခနဲတုန်သွားတာကြည့်ပြီး နောင်တရပြန်သည်။

"ကဲ... သားလေးလာ၊ သားလေးသိချင်တာ ပြောပြမယ်။ ဖေဖေ့ရဲ့ တစ်ရက်နေ့တွက်က သုံးထောင်ရတယ် သားရဲ့"
"ဖေဖေ့မှာ ငါးရာလောက် အလွယ်ရှိလားဟင်"
"ဟင်... သားက ဘာလုပ်မှာတုန်း"
"ခဏ ချေးမှာလေ၊ တစ်ပတ်လောက်ရှိတော့ ပြန်ပေးမှာပေါ့"
"ဟာ၊ ဒီကောင် နားရင်းရိုက်မိတော့မယ်။ ဒီအရွယ်လေးကများ အဖေ့ဆီက ပိုက်ဆံလာချေးရတယ်လို့" ဟုပြောရင်း လက်ကို မြှောက်လိုက်မိရာ မောင်ထွန်းသူလေးသည် ၀မ်းနည်းပန်းနည်း ရှိုက်ကြီးတငင် ငိုပါလေတော့သည်။ ငိုနေသော သားကိုကြည့်ပြီး ဦးအုန်းတော်တော် စိတ်မကောင်းဖြစ်သွားသည်။

"ဟောဒီမှာ သားလေးလိုချင်တဲ့ ငါးရာ ရော့... ယူ"
"၀မ်းသာလိုက်တာ ဖေဖေရယ်" ဟုပြောပြီး မောင်ထွန်းသူလေးက ဦးအုန်းလက်ထဲမှ ငါးရာတန်ကိုလှမ်းယူပြီးလျှင် သူ့အိပ်ရာဘက်သို့ ထွက်သွားလေသည်။ ဦးအုန်းက စိတ်ဝင်တစား သေချာလိုက်ကြည့်နေမိသည်။ မောင်ထွန်းသူသည် သူ့ခေါင်းအုံးကိုယူပြီး ခေါင်းအုံးအောက်ပိုင်း ခေါင်းအုံးစွတ်ကြားထဲသို့ နှိုက်လိုက်သည်။ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ ငါးဆယ်တန်များ၊ တစ်ရာတန်များ ပါလာသည်။ ဦးအုန်းသေချာသိလိုက်ပါပြီ။ သားလေးသည် သူ့တစ်ရက်မုန့်ဖိုးငါးဆယ်ရသည်ကို မစားရက် မသောက်ရက် စုထားခြင်းပါလား။ သားလေး ဘာများဝယ်ချင်လို့ပါလိမ့်။ သားလေး သူ့နားကို ပိုက်ဆံတွေကိုင်လျက် ရောက်လာသည်။

"ဟောဒီမှာ သားမုန့်ဖိုးရတဲ့ ငါးဆယ်ကို နေ့တိုင်းစုထားတာ နှစ်ထောင့်ငါးရာ၊ အခုဖေဖေ့ဆီက ငါးရာ စုစုပေါင်း သုံးထောင်၊ ရော့ အဲ့ဒါဖေဖေယူလိုက်"
"ဟင်... သားဆီက ငွေတွေယူပြီး ဖေဖေက ဘာလုပ်ရမှာတုန်း"
"ဖေဖေ တစ်ရက် အလုပ်မသွားဘဲ သားနားမှာနေပေးရမယ်။ ပြီးတော့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ရမယ်လေ"
"သားလေးရယ်..."

ဦးအုန်း မျက်ရည်မဆည်နိုင်တော့။ သားလေးကို ဖက်ပြီး သားရဲ့မျက်နှာတစ်ပြင်လုံး နေရာအနှံ နမ်းလိုက်မိသည်။ ဦးအုန်းမျက်ရည်တို့ကလည်း သားမျက်နှာနှင့် တကိုယ်လုံးမှာ စိုရွှဲကုန်ပါပြီ။ တကယ်တော့ သားလေးက သူ့ဆီက ဖခင်မေတ္တာကို တစ်ရက်စာသူစားမယ့် ရက်ငါးဆယ်စာ မုန့်ဖိုးလေးတွေကိုစုပြီး ၀ယ်နေတာ မဟုတ်ပါလား...

အရမ်းကောင်းတဲ့ ၀တ္ထုတိုလေးပဲနော်။ ကန်ဒီ့ရင်ကို ထိတယ်။ အရမ်းလည်း ၀မ်းနည်းတယ်။ ဒီဝတ္တုတိုလေးကပေးတဲ့ သင်ခန်းစာလေးကို သားသမီးရှိတဲ့မိဘတိုင်း ယူတတ်စေချင်တယ်။ သားသမီးတိုင်းကို တန်းတူယုယမှုမျိုးပေးပါ။ အငယ်ဆုံးမို့အချစ်ဆုံး အကြီးဆုံးမို့အချစ်ဆုံး အလတ်လေးကတော့ ဘယ်သူနဲ့တူလို့အချစ်ဆုံး ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ တစ်စုံတစ်ယောက်သောသူအတွက် ယုယကြင်နာမှုတွေ လစ်လပ်မကျန်ခဲ့ပါစေနဲ့လို့.....

Candy^^

Monday, December 17, 2012

Room Deco + Shopping

ခုနေမကောင်းချင်သလိုလို ဖြစ်နေတယ်။ မနေ့ကတည်းက ခေါင်းကိုက်နေတာ ခုထိမပျောက်သေးဘူး။ ဆေးကလည်း ကုန်နေတယ်။ အိပ်လိုက်ရင်ပျောက်သွားမလားဆိုပြီး အိပ်တာလည်း မပျောက်ဘူး (>.<)။ အမေတို့ပြန်သွားလို့ လွမ်းဖျား လွမ်းနာကျနေတာများလား :P

မပြန်ခင်တစ်ရက်အလို...
အမေ : ကြက်သားဟင်းချက်ခဲ့တယ်။ အဲ့ဒါ အရင်စား...
ကန်ဒီ : ဟုတ်ကဲ့
အမေ : ငါးဟင်းတွေလည်း ချက်ပေးခဲ့တယ်။
ကန်ဒီ : ဟုတ်ကဲ့
အမေ : မုန်လာဥသုပ်ဖို့ အဆင်သင့်လုပ်ပြီးသား... စာခါနီးရင် ဆီချက်နဲ့ မြေပဲမှုန့် ထည့်သုပ်စား...
ကန်ဒီ : ဟုတ်ကဲ့
အမေ : ရေခဲသတ္တာထဲမှာ ကျောက်ဖရုံသီးနည်းနည်းကျန်သေးတယ်။ ဟင်းရည်လုပ်သောက်...
ကန်ဒီ : ဟုတ်ကဲ့..
........
.....
...
ကန်ဒီတယောက် "ဟုတ်ကဲ့" ပေါင်းသောင်းခြောက်ထောင်နှင့် ကျန်ခဲ့လေသည်။

ကန်ဒီလည်း အမေ့လို ဟင်းချက်ဝါသနာပါပါတယ်။ မချက်တတ်ရုံပဲ ဟဟဟ(xD)။ သူပြန်ခါနီး နည်းနည်းတော့ သင်ပေးသွားတယ်(:D)။ အရင်က ကန်ဒီချက်ချင်သလို ချက်နေတာလေ (:P)။ ဟင်းချက်တာကလွဲ၍ အိမ်သန့်ရှင်းရေး ဘာညာ သာဓကာတော့ အကုန်ရတယ်။ အမေကတောင် ချီးကျူးသွားသေးတယ်။ "ငါ့သမီးက အိမ်ကိုကောင်းကောင်းထိန်းသိမ်းတတ်နေပြီ"တဲ့ ဟီးဟီး (xD)။ အမေတို့လာတော့ အိမ်သန့်ရှင်းရေးကို ပိုဂရုစိုက်ရတယ်။ သူတို့ညစ်ပတ်လို့ မဟုတ်ပါဘူး... တစုံတခုကြောင့် အသန့်ကြိုက်တဲ့အိမ်ရှင်က တခုခုပြောလိုက်လို့ သူတို့စိတ်မကောင်းဖြစ်သွားမှာ စိုးလို့။ ရှေ့မှာ "ဟီးဟီး ဟီးဟီး" လုပ်ပြီး နောက်ကွယ်အတင်းပြောတာမျိုးလည်း ကန်ဒီအဖြစ်မခံနိုင်ဘူးလေ =.='

ကန်ဒီက "ငါဘာလုပ်လိုက်ရင် တခြားသူဘာဖြစ်သွားမယ်" ဆိုတာမျိုး အမြဲတွေးတတ်တယ်။ ဒါပေမယ့် ကိုယ်တွေးပေးသလောက်လည်း ကိုယ့်စေတနာကို မြင်ချင်မှ မြင်တတ်တာ။ တခါကလည်း အိမ်ရှင်က Night Duty ဆင်းပြီး အိပ်နေတုန်း ကန်ဒီက နေ့လည်စာချက်မယ်ဆိုတော့ သူအနံ့ရပြီး နိုးမှာစိုးလို့ ပိတ်ထားတဲ့ အိမ်ရှေ့တံခါးကို ဖွင့်ပြီးချက်တယ်။ အဲ့တုန်းက ဘေးအိမ်က အိမ်ပြင်နေတော့ အဲ့ကအလုပ်သမားတွေကလည်း စကားအကျယ်ကြီးတွေ ပြောနေရော။ သူတို့စကားသံတွေကြောင့် သူအိပ်ရေးပျက်မှာစိုးလို့ဆိုပြီး ကန်ဒီဟင်းချက်ပြီးတော့ တံခါးတွေ ပြန်ပိတ်ပေးထားတယ်။ သူလည်း နိုးလာရော... ဟင်းချက်တာ တံခါးပိတ်ချက်လို့ ဟင်းနံ့တွေဝင်ပါတယ်ဆိုပြီး ပြောပါလေရော။ အဲ့လိုမျိုးပေါ့။ ဒါတွေက နိုင်ငံခြားမှာနေနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ကိုယ့်အိမ်မှာ နေရတာနဲ့တော့ ဘယ်တူမလဲနော်။ အဲ့ဒါကြောင့် မိဘနဲ့ ကိုယ့်အိမ်ကိုယ့်ခြံမှာ နေနေရတဲ့အချိန်ကို တန်ဖိုးထားသင့်တယ် ^_^

OK OK တော်သင့်ပြီ။ ဒီပိုစ့်ရဲ့ အဓိကအကြောင်းအရာကို ခုထိမရောက်သေးဘူး (xD)။ ကန်ဒီဈေးပေါပေါနဲ့ အခန်းအလှဆင်တဲ့ Idea လေး ပြောပြမလို့ :D 


Daiso ကို အားလုံးသိမှာပါ။ နှစ်ဒေါ်လာဆိုင်လေ။ ရန်ကုန်မှာလည်း ရှိတယ်လို့ ကြားမိတယ်။ အဲ့မှာ အနံ့ပါတဲ့ ပန်းအခြောက်လေးတွေ ရောင်းတယ်။ ကန်ဒီဝယ်လာတာဆို နှင်းဆီအနံ့။ Lavender အနံ့လည်း ရှိတယ်။ နောက်ပြီး အဲ့မှာပဲ ကြိမ်ဗန်းလေးတွေ(ဗန်းခေါ်မလား... စကောခေါ်မလား @_@) ရောင်းတယ်။ အဲ့လိုဗန်းလေးပေါ် ပန်းခြောက်လေးတွေတင်ပြီး ဧည့်ခန်းစားပွဲမှာ တင်ထားရင် အရမ်းလှတယ်... အနံ့လေးလည်း မွှေးတယ်လေ :D

အားလုံးပေါင်း လေးဒေါ်လာပဲ ကျတယ်...

အဲ့မှာ ဗန်းအကြီးတွေလည်း ရှိတယ်။ ကန်ဒီအကြိုက်ဆုံးက သစ်ကိုင်းခြောက်နဲ့လုပ်ထားတဲ့ပုံစံ ဗန်းလေးတွေ (Hand Craft နေရာမှာ ရှိတယ်)... အဲ့ဗန်းလေးနဲ့ဆို ပန်းခြောက်လေးတွေနဲ့ အရမ်းလိုက်မှာ။ ဒါပေမယ့် သူကကြီးတော့ ထားစရာနေရာမရှိလို့ ကြိမ်ဗန်းသေးသေးလေးပဲ ၀ယ်ခဲ့ရတယ်။ နှစ်ဒေါ်လာ မတန်ဘူး >.<


ကန်ဒီ့ Rose Hip Oil ကုန်သွားတာ ကြာလှပြီ။ ဈေးကြီးလို့ ထပ်မ၀ယ်ဖြစ်ဘူး။ မနေ့က ကန်ဒီ့ညီမနဲ့ Shopping သွားမှ Watson မှာ Discount ချနေတာ တွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ပုံမှန်ဈေးထက် ၁၀ဒေါ်လာတောင် သက်သာတာ နည်းလား (:D :D)။ Rose Hip Oil အကြောင်း ကန်ဒီရေးဖူးတယ်နော် (ဖတ်ချင်ရင် ဒီမှာနှိပ်ပါ)။ Face shop က အလှကုန်တွေ တခါမှ မသုံးဖူးဘူး။ သူကသဘာဝပစ္စည်းတွေ အဓိကသုံးထားတယ်ဆိုတာနဲ့ စိတ်ဝင်စားလို့ Strawberry Face mask (~S$18) ၀ယ်ခဲ့တယ်။ တစ်ဗူးဆိုလည်း အကြာကြီး သုံးလို့ရတယ်လေ။ လက်သည်းဆိုးဆေးက ရွှေရောင်(~S$7)... ခရစ်စမတ်နားနီးပြီဆိုတော့ အဲ့အရောင်က Perfect ပဲ :D


ကန်ဒီ့ညီမ အမေ့အတွက် တစ်ချောင်းထိုး ဒီဇိုင်းစာအုပ်လေး ၀ယ်ပေးရင်းနဲ့ ကန်ဒီပါ တစ်အုပ်အဆစ်ဝယ်ခဲ့တယ်။ အဲ့စာအုပ်ကို ဟင်းချက်တဲ့စာအုပ်လို့ မထင်နဲ့နော်။ တချောင်းထိုးနဲ့ မုန့်ပုံစံမျိုးစုံ ထိုးထားတာ။ အရမ်းမိုက်တယ်။ Kinokuniya Book Store က ၀ယ်လာတာ ^_^


Wall Deco တွေ IMM မှာရှိတဲ့ Home Fix က ၀ယ်လာတယ်။ အဖေက သူလိုအပ်တာတွေ ၀ယ်နေတုန်း ကန်ဒီလည်း ကပ်မြှောင်လိုက်ဝယ်တာပေါ့ (:P)။ Sticker လေးတွေပဲ ဈေးကြီးတာပါ(~S$18)... ကျန်တာတွေက ပေါတယ်။ အကုန် Daiso က ၀ယ်ထားတဲ့ နှစ်ဒေါ်လာတန်တွေချည်းပဲ ^_^



အဲ့ Christmas Bell လေးတွေကတော့ အမေဒီမှာရှိတုန်း ထိုးပေးသွားတာ။ သိုးမွေးနဲ့ ထိုးထားတဲ့ Bell လေးတွေပေါ်မှာ ၀ယ်ထားတဲ့ ခေါင်းလောင်းလေးတွေ တပ်လိုက်တာလေ။ အစကတော့ ကန်ဒီထိုးမလို့။ ကန်ဒီအပျင်းတစ်နေတာနဲ့ သူပဲထိုးပေးသွားတယ် xD xD

Have a Wonderful Day^^

Wednesday, December 12, 2012

Yummy Apple Strudel ♥

Apple Strudel!!!!!
ရှလွတ်... Nom Nom Nom

ကန်ဒီ့ညီမက ဘိုစာတွေစားတတ်တယ်။ ကြိုက်တတ်တယ်။ လုပ်လည်းလုပ်တတ်တယ်။ ကန်ဒီက မြန်မာအစားအစာတွေ ပိုကြိုက်တယ်။ အဲ့ဒါကြောင့် များသောအားဖြင့် ဘိုစာစားဖို့ အထူးတလည် ဆိုင်တွေဘာတွေသွားပြီး စားမကြည့်တတ်ဘူး။ သူက နေရာစုံရောက်တော့ ဘယ်ဆိုင်က ဘယ်ဟာကောင်းတယ်ဆိုတာ သူကပိုသိတယ်။ ကန်ဒီကြိုက်မယ်ထင်တဲ့ဟာမျိုးဆို စားကြည့်ခိုင်းတတ်တယ်။ ဟိုတခေါက်ကလည်း Marks & Spencer က မုန့်ကို သူကျွေးလို့ ကြိုက်သွားတာလေ။ ခုလည်း "Ritz" ဆိုတဲ့ဆိုင်က Apple Strudel က အရမ်းကောင်းဆိုပဲ။ အထဲမှာ ပန်းသီးကို Bake လုပ်ထားပြီး တခြား Cream တွေနဲ့ ရောညှပ်ထားတယ်။ Half Length ကို ~S$11... ပုံထဲမှာပါတဲ့ အပိုင်းမျိုး ၄ပိုင်းပါတယ်။  အရမ်းစားကောင်းတယ်။ ကြုံရင် ၀ယ်စားကြည့်နော် ^_^


အစားအသောက်နဲ့ပက်သက်ပြီး ဆက်ပြောရမယ်ဆို အမေတို့ရောက်ပြီးကတည်းက အမေချက်ကျွေးတာတွေ တဗြဲနှစ်ဗြဲစားပြီး အခုဘာဖြစ်နေတယ်ထင်လဲ???(>.<)။ ၀ိတ်တွေ တက်နေတယ်!!!! အမေ့ကို အဲ့လိုပြောတော့ ဘယ်မှာဝလို့လဲတဲ့... ဒီလောက်ပိန်ညှောင်နေတာကိုတဲ့။ တကယ်တော့ကိုယ့်ဟာကိုယ်အသိဆုံးပဲ။ ၀တ်နေကျဘောင်းဘီ နည်းနည်းကျပ်နေပြီဆို ပုံမှန်ထက် ၀လာလို့ပေါ့။ ပေါင်ချိန်ကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်းပဲ(=.=')။  သူတို့ပြန်မှ လေ့ကျင့်ခန်းလေး ဘာလေးလုပ်... အစားလေးဘာလေး လျော့စားပြီး ၀ိတ်ပြန်ချရမယ်။ ခုတော့ တခါတလေလေး ကောင်းကောင်းစားရတုန်း ဆက်စားလိုက်ဦးမယ် xP

အစားအသောက်ထိန်းတာနဲ့ ပက်သက်လို့ကတော့ ကန်ဒီ့အတွက် သိပ်အခက်အခဲမရှိဘူး။ ကန်ဒီက များသောအားဖြင့် Healthy ဖြစ်တာတွေပဲ ရွေးစားတတ်တယ်လေ။ နောက်ပြီး ဗိုက်ဝတယ်ဆိုရုံစားတယ်။ အဲ့ဒါက အရမ်းအရေးကြီးတယ်နော်။ တော်တော်များများက စားကောင်းတယ်ဆိုတာနဲ့ ဇွတ်စားတာ... ဗိုက်ကြီးတင်းပြီး မအီမလည်ဖြစ်တဲ့အထိပေါ့။ အထူးသဖြင့် ယောက်ျားလေးတွေ အဲ့လိုအရမ်းလုပ်တတ်တယ်... အဲ့ဒါမကောင်းဘူး။ အစားနည်းနည်းကို ခဏခဏစားတာက ပိုကောင်းတယ်။ ဟီး... ကြုံလို့ တစ်ခုပြောပြဦးမယ်။ အစားအသောက်ကိုလေ အငမ်းမရစားတာ ဘယ်လိုမှ ဆွဲဆောင်မှု မရှိဘူး သိလား??? (ကန်ဒီ့အမြင်ပေါ့)။ အများကြီးမစားရဘူး မဟုတ်ပါဘူး... ဘယ်လောက်များများစားစား သပ်သပ်ရပ်ရပ်လေးစားရင် ပိုကြည့်မကောင်းဘူးလား။ တချို့တွေများ စားတာ မျက်လုံးပြူး မျက်ဆံပြူး... သူတို့ကြည့်ပြီး ကိုယ်စားနေတာတောင် စားချင်စိတ်ပျောက်သွားတယ်(>.<)။ ကိုယ်ကြိုက်နေတဲ့ မိန်းကလေး/ယောက်ျားလေးရှေ့မှာ အဲ့လိုသွားမလုပ်နဲ့နော်...  မြင်မြင်ချင်း စိတ်ကုန်သွားမယ် xD

လေ့ကျင့်ခန်းအကြောင်းတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်လွန်းလို့ မပြောချင်ဘူး (အဲ့ဒါပြောချင်လို့ အိုက်တင်ခံတာနော် :P)။ ကန်ဒီတို့နားမှာ ဘောလုံးကွင်းရှိတယ်။ အဲ့ကွင်းကို ပတ်ပြေးတာ ကွင်းတ၀က်လောက်ရောက်ရင် ဟောဟဲ ဟောဟဲဖြစ်နေပြီ။ ခုထိကွင်းတပတ်ပြည့်အောင် ဆက်တိုက်မပြေးနိုင်သေးဘူး။ မပြေးနိုင်ဆို ပုံမှန်လည်း ပြေးမှ မပြေးတာ။ ပြေးလိုက် အပျင်းထူပြီး မပြေးလိုက် လုပ်နေမှတော့ ဘယ်လိုလုပ်အောင်မြင်မှာလဲ။ ကန်ဒီနဲ့အတူ လိုက်ပြေးမယ့်လူရှိရင် ကောင်းမယ်။ တစ်ယောက်တည်း ပြေးတာထက်စာရင် လူများများဆို ပိုပြီးများ Motivate ဖြစ်မလားလို့ :P :D


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆရာတော်အရှင်ဇ၀နကို နေ့ဆွမ်းကပ်ပြီး တရားနာတဲ့အခမ်းအနားလေးမှာ သွားကူလိုက်သေးတယ်။ ဧည့်သည်တွေကို ဒံပေါက်ကျွေးတယ် (ကန်ဒီ့အကြိုက်ပေါ့ :P)။ အဲ့လို အဖွဲ့လေးနဲ့ ဝေယျာဝစ္စကူရတာလည်း တမျိုးပျော်စရာကောင်းတယ်။ အမှန်အတိုင်းပြောရရင် ကန်ဒီအဖွဲ့အစည်းတွေထဲ မပါချင်ဘူး။ ပြဿနာတွေ များလွန်းလို့လေ။ အဲ့ထဲကိုလည်း ဘယ်လိုက ဘယ်လိုရောက်သွားမှန်းတောင် မသိပါဘူး။ ခုတော့လည်း အဲ့မှာ ပျော်တတ်နေပြီ။ တကယ်တော့ အဓိကက ကိုယ်နေတတ်ဖို့ပဲ။ ကိုယ်လုပ်ပေးနိုင်တာရှိ လုပ်ပေး... စကားအခွန်းတိုင်းကို Seriously မတွေးနဲ့။ ဒါဆို အိုကေပြီ :D


သူများဝိုင်းမှာ မုန့်သွားလုစားတာ :P

ဒီနေ့မနက်တင် Facebook ကြည့်မိတော့ Status တိုင်းလိုလိုက 12/12/12 နဲ့ ဆိုင်တာတွေချည်းပဲ။ ဆုတောင်းတဲ့သူက ဆုတောင်းပေါ့။ ဆုတောင်းတာတွေကို ယုံလားဟင်??? တခုခုလိုချင်လို့ ဘုရားရှိခိုးပြီး ဆုတောင်းတာမျိုးပေါ့။ ကန်ဒီဘုရားရှိခိုးရင် ဆုမတောင်းတတ်ဘူး။ ကိုယ်တိုင်မလုပ်ဘဲ ဖြစ်ဖို့ကံပါမလာဘဲ ဘာမှသူ့အလိုလို ဖြစ်မလာဘူး ထင်တာပဲ။ ဒါကလည်း လူတစ်ယောက်ချင်းစီရဲ့ အယူအဆနဲ့ ဆိုင်တယ်နော်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ပြောလို့မရပြန်ဘူး။ ဗေဒင်တွေဘာတွေဆိုလည်း ကောင်းတာဆို လက်ခံတယ်။ မကောင်းတာဆို လက်မခံဘူး။ ပြီးရော... ကိုယ်စိတ်ချမ်းသာဖို့က အဓိက ဟဟဟ xD

အမေတို့ကို J Cube လိုက်ပို့တုန်းက...

ကန်ဒီ့ညီမနဲ့...

အထက်တန်းကျောင်းတုန်းက ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ကလေးလေးတွေ မွေးကြတာ Facebook မှာ တွေ့တော့ ကိုယ့်အသက်မငယ်တော့ဘူးဆိုတာ တွေးမိလာပြန်ရော(=.=')။ ဟုတ်မဟုတ်တော့ မသိဘူး... အမေက ပြောတယ်... "ညည်းအဖေက မြေးချီချင်လို့"တဲ့ LOL(xD)။ သူတို့သမီးတွေကဖြင့် ယောက်ျားယူဖို့တောင် မစဉ်းစားသေးဘူး။ ဘယ်နားက မြေးကပါလာတာလဲ မသိဘူး (xD xD)။ အမေတို့အဲ့လိုပြောတာ တသက်နဲ့တကိုယ် တခါမှမကြားဖူးတော့ အံသြရသေးတယ်(xP)။ ငယ်ငယ်ကဆို ပညာရေးကအဓိကနော်... ပြီးမှ ကျန်တာစဉ်းစား ဘာညာ ဘာညာ ပိကျိ ပိကျိဆိုတော့ ခုနကလိုစကားကြီးကြားတော့ တမျိုးကြီး(xD)။ လာမယ့်စနေဆို အမေတို့ ပြန်ပြီ ဟင့် :(

ဒါက 313 Somerset မှာ...

ခရစ်စမတ်ပိတ်ရက်နဲ့ဆိုတော့ ဒီရက်ပိုင်း မြန်မာပြည်ပြန်တဲ့လူတွေ များတယ်နော်။ သူငယ်ချင်းတွေကလည်း သူတို့အမေတွေနဲ့အတူ မြန်မာပြည်အလည်လိုက်ပြန်သွားကြတယ်။ ကန်ဒီသာ ဒီမှာသောင်တင်နေတာ။ ရန်ကုန်မှာ Shopping Mall အသစ်တွေ အများကြီးဖွင့်တယ်တဲ့။ စင်္ကာပူစတိုင်လ်တွေ လုပ်ထားတယ်ပြောတယ်။ မရောက်ဖူးသေးဘူး။ ခုနောက်ပိုင်း ခရီးသွားရင်လည်း အရမ်းအဆင်ပြေတယ်တဲ့။ ကားကြီးတွေက အရမ်းကောင်းဆိုပဲ။ ပြင်ဦးလွင်သွားချင်တယ်။ ပြောရင်း ၀မ်းနည်းလာပြီ(T_T)။ ပြောမယ့်သာ ပြောတာပါ။ မြန်မာပြည်မှာ သူငယ်ချင်းရှားတယ်။ ဒီမှာ သူငယ်ချင်းများတယ်... ဟီးဟီး ဒီလိုပဲ ကိုယ့်ဟာကိုယ်ဖြေသိမ့်ရတာပဲ :P xD

Have a Great Day!!
တာ့တာ^^

Saturday, December 8, 2012

Random Beauty Tips

Hi^^
Beauty Post တွေ မရေးတာ ကြာလှပြီနော်။ ဒီနေ့ပြောပြမှာက အလှအပနဲ့ဆိုင်တဲ့ တိုတိုထွာထွာ မှတ်စရာလေးတွေပေါ့ :D

► Quick Gradient Nail


Gradient Nail လုပ်နည်းကို ဟိုးးးး အရင်တုန်းက ကန်ဒီရေးထားဖူးတယ် (ဒီမှာ ဖတ်ပါ)။ သူက Sponge သုံးပြီး လုပ်ရတာလေ။ Sponge ရဲ့ အားနည်းချက်က လက်သည်းဆိုးဆေးတွေကို အရမ်းစုပ်တယ်။ အဲ့တော့ မကုန်သင့်ဘဲ ကုန်တာပေါ့။ ဒီနောက်ပိုင်း ကန်ဒီဘယ်လိုလုပ်ဖြစ်လဲဆိုတော့....
၁) ပထမဆုံး လက်သည်းဆိုးဆေးနဲ့တို့ပြီးသား Sponge ကို လက်သည်းတပြင်လုံးကို တို့လိုက်ပါ။
၂) လက်သည်းဆိုးဆေးဗူးနဲ့တွဲပါတဲ့ Brush နဲ့ပဲ ဗူးထဲက Product ကို တစ်ကြိမ်ယူလိုက်နော် (အဲ့တစ်ကြိမ်ပဲ ယူပါ)
၃) ပထမဆုံး လက်သည်းထိပ်ကို အရင်စဆိုးပါ(နံပါတ် ၁)... ပြီးရင် ပိုတဲ့ Product နဲ့ပဲ အောက်တစ်ဆင့် ထပ်ဆိုးပါ(နံပါတ် ၂)။ အဲ့လို ပိုနေတာနဲ့ဆိုးတဲ့အတွက် အောက်တဆင့်ရောက်တဲ့အခါ အပေါ်အဆင့်မှာလောက် Product တွေ မများနေတော့ဘူးလေ...
၎) ပြီးရင် ဒုတိယအဆင့်နဲ့ လက်သည်းအရင်းနားက အရောင်အနုဆုံးအဆင့်နဲ့ဆက်အောင် ခုနက Sponge နဲ့ပဲ အဲ့ဆက်တဲ့နေရာလေးကိုပဲ ပြန်တို့ပေးလိုက်နော်... ဒါဆိုပြီးပြီ (ဒီနည်းလမ်းက လက်လက်လေးတွေပါတဲ့ လက်သည်းဆိုးဆေးမျိုးနဲ့ဆို ပိုလှတယ် :D)

► ကွဲနေတဲ့နှုတ်ခမ်းလွှာကို ဖုံးဖို့


နှုတ်ခမ်းကွဲပြီးလို့ အနာကျက်ခါစဆို ကွဲခဲ့တဲ့နေရာက နီနေတတ်ပြီး ကြည့်မကောင်းတဲ့အပြင် နှုတ်ခမ်းနီဆိုးတဲ့အခါလည်း အရောင်မညီတတ်ဘူးလေ။ အဲ့ဒါကို အမြန်ပြင်ဖို့အတွက်ဆို အသားရောင်(ကိုယ့်နှုတ်ခမ်းသားရောင်) Lipliner လေး တစ်ချောင်းပဲ လိုတယ်။ နီနေတဲ့နေရာကို Lipliner နဲ့ဖုံးလိုက်ရုံပဲလေ။ ပြီးမှ ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီကို အပေါ်ကဆိုးတဲ့အခါ အရောင်ညီညီညာညာလေး ထွက်တာပေါ့။ နောက်ပြီး ကိုယ့်နှုတ်ခမ်းသားရောင် Lipliner ကို နှုတ်ခမ်းအစွန်းမှာရှိတတ်တဲ့ အရောင်မညီတဲ့နေရာတွေ ဖုံးဖို့အတွက်လည်း သုံးနိုင်တယ်။ တကယ်တော့ ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီအရောင်နဲ့ကိုက်တဲ့ Lipliner တွေအများကြီးမလိုပါဘူး။ ကိုယ့်နှုတ်ခမ်းသားရောင် Lipliner တစ်ချောင်းနဲ့တင် တော်တော်အလုပ်ဖြစ်နေပြီ :D

အဲ မေ့တော့မလို့... ဒါက အရောင်မညီတဲ့နှုတ်ခမ်းတွေအတွက်ပဲနော် နှုတ်ခမ်းခြောက်ပြီး အဖတ်တွေဖြစ်နေတဲ့နှုတ်ခမ်းမျိုးဆိုရင်တော့ ဒီနည်းမသုံးလိုက်ပါနဲ့။ ပိုကြည့်ရဆိုးသွားတတ်တယ်။ အရင်ဆုံး ပိုနေ/လန်နေတဲ့နှုတ်ခမ်းအရေပြားတွေကို Exfoliate လုပ်ပြီးမှ ဒီနည်းသုံးပါ။ နှုတ်ခမ်းကို Exfoliate လုပ်နည်းကတော့ လွယ်ပါတယ်။ ပျားရည်နဲ့သကြားကို နှုတ်ခမ်းမှာပွတ်ပေးလိုက်ရုံပဲ။ ပျားရည်မရှိလည်း သကြားပဲသုံးပေါ့။ အလွယ်ဆုံးနည်းကတော့ သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ နှုတ်ခမ်းကိုပါ တိုက်ပေး... ဒါဆို လန်နေတဲ့အသားတွေ သူ့ဟာသူ ထွက်သွားလိမ့်မယ် ^_^

► ဖောင်ဒေးရှင်း(Foundation) နဲ့ ကွန်စီလာ(Concealer) ဘယ်ဟာအရင်လိမ်းမလဲ??
ကိုယ်သုံးတဲ့ Foundation က အရည်(သို့)ခရင်ဆိုရင် Foundation အရင်လိမ်းနော်... ပြီးမှ Concealer လိမ်း။ Foundation အရည်ကို နောက်မှလိမ်းရင် ကိုယ်လိမ်းထားတဲ့ Concealer တွေ နေရာရွေ့သွားပြီး ဖုံးထားတဲ့အရာတွေ ပြန်ပေါ်လာတတ်လို့လေ။ အဲ့နှစ်ခုလုံးပြီးမှ ပေါင်ဒါနဲ့ ပြန် Set လုပ်ပေါ့။ ကိုယ်သုံးတဲ့ Foundation က အမှုန့် (Mineral Powder Foundation လိုမျိုး)ဆို Concealer ကို အရင်လိမ်းနော်။ ပြီးမှ Foundation လိမ်း... အဲ့ဒါမျိုးဆိုရင်တော့ ပေါင်ဒါနဲ့ ပြန် Set လုပ်စရာမလိုတော့ဘူး :) (အစ်မတစ်ယောက် မေးဖူးလို့ပါ)

► မျက်တောင်တုတစ်ခုကို အကြိမ်များစွာသုံးနိုင်အောင်
ကန်ဒီကိုယ်တိုင်က မျက်တောင်တု တစ်ခါမှမသုံးဖူးဘူး။ ဒါပေမယ့် မျက်တောင်တုတပ်တတ်တဲ့ မိန်းကလေးတွေအတွက် အဆင်ပြေအောင် ကန်ဒီဖတ်ဖူးတာလေး ပြောပြချင်လို့ (:D)။ မျက်တောင်တုတပ်တော့မယ်ဆို ကိုယ့်မျက်တောင်ကို အရင် Eyelash curler နဲ့ ကော့ပြီး Mascara သုံးထားပါ။ ပြီးမှ မျက်တောင်တုကို တပ်ပါ။ တပ်ပြီးရင် Mascara ထပ်မသုံးပါနဲ့... Eyelash Curler နဲ့ ထပ်ကော့ချင်ရင် ကော့ပါ။ အဲ့လိုလုပ်ရင် မျက်တောင်တုတစ်ခုကို အကြိမ်များစွာ တပ်လို့ရပါတယ်တဲ့...

► Curved mascara wand


ကွေးနေတဲ့ Mascara wand တွေက သုံးတတ်ရင် မျက်တောင်အထူ (Volume) အတွက်ရော အရှည် (Length) အတွက်ရော နှစ်မျိုးသုံးနိုင်ပါတယ်။ ကွေးနေတဲ့ဘက်ကနေ ကော့မယ်ဆို မျက်တောင်ကို ပိုထူစေပြီး ခုံးနေတဲ့ဘက်ကနေသုံးမယ်ဆို မျက်တောင်ကို ပိုရှည်စေတယ် :)

► ခေါင်းလျှော်ရင်
ခေါင်းလျှော်တဲ့အခါ Shampoo ကို ဆံပင်အရင်းပိုင်းမှာ ပိုသုံးသင့်တယ်။ Shampoo ဆိုတာ ဆံပင်မှာရှိနေတဲ့ အဆီတွေ ချေးတွေကို ဖယ်ရှားပေးတာဆိုတော့ အဖျားပိုင်းအတွက် သိပ်မလိုအပ်ဘူး။ အဆီတွေဘာတွေကလည်း ဦးရေဖျားပိုင်းမှာပဲ ရှိတတ်တာမလား။ Shampoo က ဆံပင်ကို ခြောက်သွေ့စေတယ်။ မလိုအပ်တဲ့ဆံပင်အဖျားပိုင်းကို Shampoo တွေအများကြီးသုံးရင် ဆံပင်တွေ ပိုခြောက်ကုန်တတ်တယ်။  Conditioner က ဆံပင်ကိုပျော့ပျောင်းစေတာဆိုတော့ ဆံပင်အဖျားပိုင်းအတွက် ပိုလိုအပ်တယ်။ ဆံပင်အရင်းပိုင်းတွေက နဂိုမူလ ခေါင်းကထွက်တဲ့အဆီနဲ့ သူ့ဟာသူအဆင်ပြေနေပြီးသားလေ။ ဆံပင်အဖျားပိုင်းကျတော့ ခေါင်းကအဆီကလည်း အဲ့ထိမရောက်တတ်တော့ သူ့အတွက် Conditioner ပိုလိုအပ်တယ်။ ခေါင်းလိမ်းဆီတွေဘာတွေလိမ်းရင်လည်း ဆံပင်အဖျားပိုင်းကို ပိုဦးစားပေးလိမ်းပေးပေါ့ :D

► ဓာတ်ပုံရိုက်မယ်ဆို
မင်္ဂလာဆောင်သွားတာပဲဖြစ်ဖြစ် အလှဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် အဲ့လိုဓာတ်ပုံအရိုက်ခံရမယ့်ပွဲမျိုးတွေသွားရင် SPF ပါတဲ့ ဖောင်ဒေးရှင်းကို ရှောင်ပါ။ တနည်းအားဖြင့် Sunscreen မလိမ်းသင့်ပါဘူး။ အထူးသဖြင့် Titanium Dioxide (သို့) Zinc Oxide ပါတဲ့အလှကုန်တွေဟာ Flash နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ကြည့်မကောင်းတတ်ဘူး။

► Eyeshadow Tip
ယေဘူယျအားဖြင့် မျက်လုံးရဲ့ Crease နေရာမှာ လက်လက် လက်လက်တွေပါတဲ့ Shimmery Eyeshadow တွေ မသုံးသင့်ဘူး (Crease ဆိုတာ မျက်ရစ်အပေါ်နားမှာ ရှိတတ်တယ်။ အလွယ်ပြောမယ်ဆို မျက်လုံးအပေါ်နားကို Brush နဲ့ထောက်ကြည့်လို့ ချိုင့်ဝင်သွားတဲ့နေရာက Crease ပေါ့)။ အထူးသဖြင့် အသက်ကြီးလာလို့ မျက်ခွံကျနေတဲ့မျက်လုံးမျိုး၊ နဂိုတည်းက မျက်ခွံကျတဲ့မျက်လုံးမျိုးတွေမှာ (အဲ့လိုမျက်လုံးမျိုးကို Hooded Eyes လို့ခေါ်တယ်) Shimmery Eyeshadow မျိုး မသုံးသင့်ဘူး။ အဲ့လိုသုံးခြင်းဟာ ကျနေတဲ့မျက်ခွံကို ပိုသိသာစေတယ်။ အဲ့ဒါကြောင့် ရိုးရိုး Matt Eyeshadow မျိုးပဲ သုံးသင့်တယ်။ ကန်ဒီ့မျက်လုံးတစ်ဖက်က အဲ့လိုဖြစ်ချင်ချင် ဖြစ်နေတယ်လေ >.<



► ဆိုင်မှာ နှုတ်ခမ်းနီအရောင် စမ်းမယ်ဆို
နှုတ်ခမ်းပေါ်မှာဆိုးတဲ့အခါ ထွက်တဲ့နှုတ်ခမ်းနီအရောင်နဲ့ ဆိုင်မှာဝယ်ဖို့ လက်ပေါ်မှာစမ်းတဲ့အခါထွက်တဲ့ နှုတ်ခမ်းနီအရောင် မတူညီတာ အားလုံးသတိထားမိမှာပါ။ အဲ့လိုမဖြစ်ဖို့ဆို နှုတ်ခမ်းနီအရောင်ကို လက်ချောင်းထိပ်လေးတွေမှာ စမ်းပါတဲ့။ လက်ချောင်းထိပ်လေးတွေမှာပေါ်တဲ့ နှုတ်ခမ်းနီအရောင်ဟာ ကိုယ့်နှုတ်ခမ်းမှာပေါ်မယ့်အရောင်နဲ့ လုံးဝဆင်တူပါတယ်တဲ့ :D

► မျက်ခုံး
မျက်ခုံးမွှေးထူထူဟာ လူကိုပိုနုစေပါတယ်။ ပိုသဘာဝကျတဲ့ မျက်ခုံးလေးရဖို့ဆို Powder Eyeshadow နဲ့ဆွဲပါ။ ဒီနေရာမှာ ကြာကြာခံပါ့မလားလို့ မေးစရာရှိလာတယ်။ မျက်ခုံးမှာ အမွှေးရှိရင် (တချို့တွေက အဖျားပိုင်းမှာ မျက်ခုံးမွှေးမရှိတတ်ဘူးလေ) ကြာကြာခံပါတယ်။ မျက်ခုံးမွှေးမရှိတဲ့နေရာဆိုရင်တော့ Eyebrow pencil တွေ သုံးတာပိုကောင်းလိမ့်မယ်။ Pencil တွေသုံးတဲ့အခါ ပုံဆွဲသလို မျဉ်းတကြောင်းတည်းကို တခါတည်း မဆွဲလိုက်နဲ့နော်။ မျဉ်းတိုလေးတွေနဲ့ ဖြည်းဖြည်းချင်း မျက်ခုံးကိုဖြည့်ပါ။ ပြီးရင် မျက်ခုံးမှာသုံးတဲ့ Brush နဲ့ ပြန်ညှိပေးဖို့လည်း မမေ့ပါနဲ့။ အဲ့တော့မှ မျက်ခုံးက အရမ်းထင်းထင်းကြီး ဖြစ်မနေမှာလေ။

ခုလောလောဆယ်တော့ ဒီလောက်ပဲ စဉ်းစားမိသေးတယ်...
နောက်သတိရလာရင် ပေါင်းပြီး ဒီလိုပိုစ့်မျိုးလေး ထပ်ရေးပေးမယ်နော်... တာ့တာ ^_^

Tuesday, December 4, 2012

One Sweet Day of Nov

Humm... ဒီပိုစ့်ကို ဘယ်ကစပြီး ဘာလိုရေးရမလဲတောင် မသိဘူး။ ဓာတ်ပုံတွေများပြီး စာနည်းနေမှာတော့ သေချာတယ်။ ကန်ဒီဘယ်ကျောင်းမှာတက်တယ်ဆိုတာ ဘလော့ဂ်မှာတစ်ခါမှ တရားဝင်ထည့်မရေးဖူးဘူးနော်။ အကြောင်းကတော့ အဲ့ဒါသိသွားရင် မသမာသူတွေက ကန်ဒီ့ကျောင်းလာပြီ ချောင်းရိုက်မှာစိုးလို့ (ဟဟဟဟဟ xD)။ ပြောလို့ရမလား... ကန်ဒီ့ကို အမြင်ကတ်တဲ့လူလည်း ရှိရင်ရှိနေမှာပေါ့ ဟုတ်တယ်ဟုတ်(:P)။ ခုတော့ ကျောင်းပြီးပြီဆိုတော့ ပြောလို့ရပြီ(:D)။ ကန်ဒီ့ကျောင်းက Management Development Institute of Singapore (MDIS)။ သူက တခြားနိုင်ငံကကျောင်းတွေနဲ့ တွဲဖွင့်ထားတဲ့ စင်္ကာပူက Private ကျောင်းတစ်ကျောင်းပေါ့။ ကန်ဒီယူတဲ့ Pharmaceutical Management Course ဆို University of Bradford(UK) နဲ့ MDIS တွဲထားတဲ့ Program လေ။ Module တွေအကုန် ဟိုမှာသင်တာနဲ့ တူတူပဲ... အမှတ်စစ်တာလည်း MDIS မှာ တစ်ကြိမ် Bradford မှာ တစ်ကြိမ် နှစ်ကြိမ်စစ်တယ်။ အဲ့ဒါကြောင့် ကန်ဒီတစ်ခါတစ်ခါ စာမေးပွဲဖြေပြီးတိုင်း Result ထွက်ဖို့ ကြာနေတာ...


စင်္ကာပူမှာကျောင်းတက်ဖို့ ကျောင်းရွေးတာနဲ့ ပက်သက်လို့ နည်းနည်းပြောပြရရင်... ကန်ဒီက ရန်ကုန်မှာ ဆေးဝါး(Pharmacy)နဲ့ ကျောင်းပြီးတယ်လေ။ အဲ့လို ဆေးနဲ့ပက်သက်တဲ့ဘာသာတွေနဲ့ မြန်မာပြည်မှာကျောင်းပြီးတဲ့သူတွေ ဒီမှာကျောင်းဆက်တက်မယ်ဆို တော်တော်များများရွေးကြတာက ဒီ Course တွေပေါ့...

(1) B.Sc in Pharmacy - National University of Singapore (NUS)
(2) B.Sc (Hons) in Pharmaceutical Management - Management Development Institute of Singapore (MDIS)
(3) B.Sc (Hons) in Biomedical Sciences - MDIS
(4) B.Sc (Hons) in Biotechnology - MDIS

NUS က အစိုးရကျောင်း... ၀င်ဖို့တော်တော်ခက်တယ်။ နောက်ပြီး အကြာကြီးတက်ရမှာမို့(၄နှစ်) MDIS ပဲ ရွေးလိုက်တာ။ ကန်ဒီတို့လို ရန်ကုန်မှာဘွဲ့ရထားရင် ပထမနှစ်တက်စရာမလိုတော့ဘူး။ အဲ့တော့ ပိုက်ဆံကုန်လည်း သက်သာ အချိန်လည်း အရမ်းမကုန်တော့ဘူးပေါ့။ ဒါတွေပြောပြနေတာ စင်္ကာပူမှာ ကန်ဒီ့လိုဘာသာမျိုးနဲ့ ကျောင်းတက်ချင်တဲ့လူတွေအတွက် အဆင်ပြေအောင်လို့နော်။ တစ်ခါက ဖိုးမောင်က ပြောဖူးတယ်။ ကျောင်းနဲ့ပက်သက်တဲ့ပိုစ့်လေး ရေးပါလားတဲ့။ သူပြောတာ ကြာလှပြီ... ခုမှပဲ ရေးဖြစ်တော့တယ် :P

စာသင်ပုံတွေ ဘာတွေကတော့ မြန်မာပြည်နဲ့ တခြားစီပေါ့။ မြန်မာပြည်မှာက အားလုံးသိတဲ့အတိုင်း အလွတ်ကျက်တဲ့စနစ်လေ။ ဆရာမတွေကလည်း  ကျောင်းသားတွေအတွက် အဆင်သင့်Noteတွေ ထုတ်ထားပေးပြီးသား... ကိုယ်ကကျက်ရုံပဲ။ ဒီမှာတော့ ဒါမျိုးမရဘူး(>.<)။ ကန်ဒီတို့ Lecture note ဆို ပါးပါးလေး... အဲ့ထဲမှာ PowerPoint Slideshow တွေပဲရှိတယ်။ အခန်းတစ်ခန်းကို Slide နှစ်ဆယ်လောက်နဲ့ ပြီးသွားတယ်။ Slide ထဲမှာကလည်း စာထက် ပုံကခပ်များများ။ စာမေးပွဲမှာ အဲ့အတိုင်းသွားဖြေလို့ကတော့ တစ်မှတ်ရရင်တောင် ကံကောင်း(=.=')။ စာမေးပွဲနီးပြီဆို မူရင်း Text Book အထူကြီးတွေ Library မှာဖတ်ပြီး ကျက်ဖို့ Note အရင်ထုတ်ရတယ်။ Note တွေထုတ်ပြီးမှ စာစကျက်ရတယ်။

စာမေးပွဲတွင်းဆို အဲ့လို... ဟဟဟဟ xD


Group Presentation တွေရှိရင်လည်း ပြင်ဆင်ရတာအမော။ Report တင်စရာရှိတာတွေနဲ့ တိုက်နေရင် ပို Stress များတယ်။ စာမေးပွဲနားနီးမှဆို ပိုဆိုးးး... (>.<)။ ဒုတိယနှစ်မှာ Final Year Dissertation အတွက် ဘာလုပ်မယ်ဆိုတဲ့ Protocol တစ်ခုရေးရတယ်။ အဲ့တုန်းက Supervisor က တော်တော်ဆိုးတာ... သူကရတယ်ဆိုလို့ ရေးလိုက်တဲ့ Protocol က Final Year လည်း ရောက်ရော.. Final Year Supervisor က မရဘူး ဆိုလို့ အကုန်အသစ်ပြန်စဉ်းစား ပြန်ရေးတင်ရတယ် >.<

 Presentation အတွက် ပြင်ဆင်နေတာ... ဟီးး xD

Lab ခန်းထဲမှာ သောင်းကျန်းနေတာ xD

ကန်ဒီတို့ Course က Lab သိပ်မ၀င်ရဘူး။ Management နဲ့ တွဲထားလို့လည်း ပါမှာပေါ့။ ကျောင်းပြီးတဲ့အချိန်ထိ Lab ၀င်ရတဲ့အချိန်ကို လက်ချိုးရေလို့ရတယ်။ ရန်ကုန်ကျောင်းတုန်းကတော့ အနည်းဆုံး တစ်ပတ်နှစ်ရက် Lab ၀င်ရတယ်။ ဒီကျောင်းမှာ Lab ခန်းဝင်ရမယ်ဆို အရမ်းစိတ်ညစ်တယ်။ သူတို့သုံးတဲ့ပစ္စည်းတွေက အရမ်းခေတ်မှီနေတော့ ရန်ကုန်မှာသုံးတာတွေနဲ့ မတူဘူးလေ။ တချို့ဟာတွေဆို ကြားပဲကြားဖူးပြီး ခုမှမြင်ဖူးတာမျိုးတွေ... သူတို့အတွက် ဒါတွေက Basic တွေဖြစ်နေပေမယ့် ကန်ဒီတို့အတွက်ကတော့ လုံးဝအသစ်တွေ။ ဆရာမတွေကလည်း သိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မပြတော့ဘူးလေ။ အဲ့တော့ အဖွဲ့လိုက်လုပ်ရတဲ့ Test မျိုးဆို တချို့စက်တွေမကိုင်တတ်လို့ သူများကိုလုပ်ခိုင်းရတယ်။ အားငယ်တာ (>.<)။ အဲ့ဒါကြောင့် Lab မ၀င်ချင်တာ။ အပေါ်ကပုံက Lab တစ်ချိန်ကတော့ သွေးခုန်နှုန်းတိုင်းတာတို့ ဘာတို့ပဲဆိုတော့ ပျော်စရာကောင်းတယ် ^_^

တဂျင်းမီရော ကိုမင်းဧရာရော အတန်တန်မှာတယ်...  ဘွဲ့ဝတ်စုံနဲ့တော့ ပြောင်ချော်ချော်မလုပ်ပါနဲ့တဲ့ 
ရုပ်တည်နဲ့ဆို ကြည့်တဲ့လူပျင်းမှာစိုးလို့ပါ ဟီးဟီး xD

Laboratory နဲ့ပက်သက်တဲ့အလုပ်မျိုး ပိုသဘောကျရင် Biomedical လို Course မျိုးက ပိုအဆင်ပြေလိမ့်မယ်။ သူတို့က တစ်ချိန်လုံး Lab ၀င်နေရတာ။ ကန်ဒီတို့ကျ Final Year လောက်ရောက်တော့ Management ဘာသာတွေ ပိုများလာတယ်။ ဆေးနဲ့ဆိုင်တဲ့ Management မျိုးပေါ့။



ကန်ဒီက အစောကြီး ၈နာရီခွဲအရောက် အဲ့ကိုသွားရတယ်။ အမေတို့ကို ပွဲစခါနီး ၁၁နာရီလောက်မှ လာခိုင်းလိုက်တယ်။ သူတို့ကို ကန်ဒီ့ညီမ လိုက်ပို့တယ်လေ။ ဧည့်သည်က နှစ်ယောက်ပဲခေါ်လို့ရတော့ ကန်ဒီ့ညီမက အမေတို့ကိုလိုက်ပို့ပြီး ပြန်သွားတယ်။

With Mom & Dad ^_^ (Dad is hiding his belly with his coat xD)

 Butterfly Candy... Ready to fly ^_~


အဲ့ဒီအရုပ်လေးက အလကားမရဘူး... သူတို့ပေးတဲ့ Survey ဖြေမှ ရတာ။ အရုပ်လိုချင်လို့ သွားဖြေထားတာလေ (ဟီးဟီး xD)။ သူများတွေလို ပန်းစည်းပေးမယ့်လူ မရှိတော့လည်း ဒီအရုပ်လေးပိုက်ပြီး (ပိုက်လို့တောင် မရဘူး >.<) ကိုင်ပြီးပဲ ရိုက်ရတာပေါ့နော်။ ၀မ်းနည်းတာ... 

ဒါနဲ့ ဂုဏ်ယူစရာပြောပြရဦးမယ်။ Course တစ်ခုမှာ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆုဆိုပြီး ဆုသုံးခုပေးတယ်လေ။  ကန်ဒီတို့ Course အတွက်ရတဲ့ ရွှေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုရှင်နှစ်ယောက်လုံးက မြန်မာတွေချည်းပဲ (:D :D :D)။ ရွှေတံဆိပ်ဆုရှင်က ကန်ဒီ့သူငယ်ချင်း။ သူက အစတည်းက တော်တဲ့ ဒေါက်တာစာကြမ်းပိုး(:P) ကန်ဒီ့လို မဟုတ်ဘူး ဟီး... သူ့အတွက်ပျော်တယ် :D

ဘွဲ့ယူပြီးလို့ သားအဖနှစ်ယောက် ဖရီးဝါးတီး :D


 
My inspiration, my mom ^_^


တချိန်လုံး ဟိုဝတ်ရုံကြီး ၀တ်ထားရတာလည်း ကောင်းတယ်။ ကန်ဒီက ပုံမှန်ဆို စကပ်မ၀တ်တော့ စကပ်အတိုနဲ့ မနေတတ်ဘူး။ အောက်စလွတ်နေသလိုလို မလုံမလဲကြီး ခံစားရတယ် (ထိုင်လိုက်ရင် ပိုဆိုး ဟဟဟ xD)။ မိတ်ကပ်ကတော့ ကန်ဒီလိမ်းနေကျပုံစံ ရိုးရိုးပဲ... ဘာမှ အထူးတလည်ကြီး လုပ်မနေဘူး။ ဆံပင်ကိုက အစက ရိုးရိုးပဲချမလို့... နောက်တော့ Formal အကျီကြီးနဲ့ ဆံပင်ကြီးချထားရင် မသပ်ရပ်ဘူးဆိုပြီး စည်းတယ်ဆိုရုံလေး ဘေးနှစ်ဘက်ကိုလိမ်ပြီး နောက်မှာစုစည်းထားတယ်။ ဒါကတော့ ဘွဲ့ယူမယ့်ကောင်မလေးတွေအတွက် ဆံပင်စတိုင် Quick Tip ပေါ့ :P

The End...
တာ့တာ^^

Friday, November 30, 2012

My Other Half ♥ My Family

ဒီရက်ပိုင်း ကန်ဒီတစ်ယောက် အရမ်းအရမ်းကို ဇိမ်ကျနေတယ်။ ကိုယ်တိုင်လည်း ဘာမှချက်စရာမလိုဘူး။ ဟင်းတွေကလည်း အရမ်းကောင်း... အရမ်းစား... မကြာခင် ဖက်တီးဘုတ်ဖြစ်တော့မယ်(:D :D)။ ရန်ကုန်မှာတုန်းကဆို မနက်စာကို ကော်ဖီအပြင် ထမင်းကြော်ဖြစ်ဖြစ် ပဲပြုတ်ဆီထမင်းဖြစ်ဖြစ် အဲ့လိုမျိုး ဗိုက်ပြည့်တာတစ်ခုခု အမြဲစားတတ်တယ်။ ဒီရောက်တော့ ကော်ဖီပဲသောက်ဖြစ်တာ များတယ်။ တခါတလေ လမ်းကြုံမှ ပေါင်မုန့်ဝယ်ထားဖြစ်တယ်။ တကယ်တော့ မနက်စာက အရမ်းအရေးကြီးတယ်။ ကျန်းမာချင်ရင် မနက်စာကို ဗိုက်ပြည့်အောင်စားရတယ်လို့ ဖတ်ဖူးတယ်။ ခုတလောတော့ ဟဲဟဲ... အိပ်ယာကနိုးပြီဆို မနက်စာက အဆင်သင့် xD

 ပဲပြုတ်ဆီထမင်း၊ ငါးကြော်နဲ့ ကော်ဖီ :)

ကန်ဒီ ဘယ်သူနဲ့ ပိုတူလဲ?? :D

ထမင်းဝိုင်းဆိုလည်း ဟင်းတွေကိုစုံလို့။ ငါးပိရည်နဲ့တို့စရာတောင် ပါလိုက်သေး... ရှလွတ် (:D)။ ရန်ကုန်မှာဆို အဲ့လိုမိသားစုတူတူ ထမင်းမစားရဘူး။ အမေတို့ကလည်း အလုပ်က ရှုပ်ပါဘိဆိုတော့... ခုမှပဲ ကန်ဒီလိုချင်တဲ့ ထမင်းဝိုင်းလေး ရတော့တယ်။ အဲ... စားတာတွေချည်းလှိမ့်ပြောနေမိတယ် ဟီးဟီး။ တကယ်တော့ အမေတို့ဒီလာတာ ကန်ဒီ့ Convocation တက်ဖို့ပေါ့။ ဘွဲ့ကယူပြီးသွားပြီ။ အဲ့ပိုစ့်ကိုနောက်မှ တင်ပေးမယ်နော်။ ဓာတ်ပုံတွေ မရွေးရသေးလို့... ခဏတော့စောင့် (:D)။ သူတို့နဲ့မတွေ့တာ နှစ်နှစ်ပြည့်တော့မယ်။ ခုပြန်တွေ့တော့လည်း အရင်လိုပဲ... ဘာမှသိပ်မပြောင်းလဲကြဘူး။ အဖေကတော့ နည်းနည်းဝလာတယ် ထင်တယ်။ ရန်ကုန်ကအဒေါ်(အမေ့ညီမ)ကလည်း ကန်ဒီကြိုက်တတ်တဲ့ အာလူးကတ်တလိပ်ကြော်ပြီး ဗူးလေးနဲ့ ထည့်ပေးလိုက်တယ်။ ဆူးပုတ်ရွက်က ပါသေးတယ်။ ကန်ဒီက ဆူးပုတ်နဲ့ ဘဲဥကြော်ရင် ကြိုက်တတ်လို့တဲ့။ တကယ်တမ်း ကန်ဒီတို့က အဒေါ်တွေလက်ပေါ်ကြီးလာတာဆိုတော့ သူတို့က ကန်ဒီတို့ဘာကြိုက်တတ်လဲ အသိဆုံးပေါ့။

 ချိုချဉ်ပိစိပုံ ^_^ (အမေယူလာပေးတာ...)

My Two Little Sisters :)

ကန်ဒီတို့က ညီအစ်မသုံးယောက်။ အလတ်က ကန်ဒီနဲ့တူတူနေနေတော့ သူ့ကိုခဏခဏမြင်ဖူးမှာပဲ။ အငယ်ဆုံးကတော့ ရန်ကုန်မှာနေတော့ သူ့ကိုသိပ်မမြင်ဖူးလောက်ဘူးနော်။ တကယ်တော့ သူက ကန်ဒီနဲ့ရုပ်ပိုဆင်တယ် (ထင်တာပဲ)။ အငယ်ဆုံး အဆိုးဆုံးပေါ့ (:P)။ ကန်ဒီက အကြီးဆုံး အလိမ္မာဆုံး ဟဟဟဟ (xD)။ အပေါ်ကပုံကြည့်ပြီး တော်တော်တောင် အံ့သြသွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော် ကန်ဒီနဲ့တွေ့တုန်းက သူအဲ့လောက်မပိန်ပါဘူးလို့... ဒီပုံကိုကြည့်ကြည့်...

နောက်ဆုံးတခေါက် ရန်ကုန်ပြန်တုန်းကပုံ :)

သူ့ကိုအမေတို့နဲ့လိုက်လာလည်ဖို့ ပြောတာ လိုက်မလာဘူးလေ။ မလာချင်လို့ အကြောင်းအမျိုးမျိုး ပြနေလေရဲ့။ နောက်မှ သူ့ကိုတစ်ယောက်တည်း ဒီလွှတ်လိုက်လို့ အမေ့ကိုပြောထားတယ်။ ဒီကအစ်မနှစ်ယောက်က သူ့ကိုပညာကောင်းကောင်းပေးဖို့ အားခဲထားတယ် ဟဟဟ။ သူက အိမ်မှာဆို မင်းသမီးလိုနေတာလေ။ အကုန်လိုက်လုပ်ပေးရတာ။ ဒီမှာနေလို့ကတော့ ဒါမျိုးမရဘူး။ ကိုယ့်ကိစ္စကိုယ်လုပ်မှ ရတယ်။ အဲ့လိုဘ၀မျိုးကို သူ့ကိုသိစေချင်တယ်။ သူများကိုအားကိုးတတ်တဲ့စိတ်ကို ဖျောက်စေချင်တယ်။ ကန်ဒီကိုယ်တိုင်လည်း ရန်ကုန်မှာနေတုန်းက ဘာမှမလုပ်ရပါဘူး။ ထမင်းစားချိန်ဆို စားလိုက်ရုံပဲ။ ဒါပေမယ့် ကန်ဒီက အနည်းဆုံးတော့ ကိုယ့်ထမင်း ကိုယ်ခူးစားတတ်တယ်။ ကိုယ့်အခန်းဆိုလည်း ကိုယ့်ဟာကိုယ်ပဲ ရှင်းတတ်တယ်။ သူကျတော့ သူ့ကိစ္စတွေလုပ်ဖို့ လူတစ်ယောက်က အမြဲရှိနေရတယ်။ အဲ့ဒါမျိုးကို ကန်ဒီလုံးဝမကြိုက်ဘူး။ နိုင်ငံခြားမှာ မိဝေးဖဝေးနေရမှ အဲ့လိုပုံစံမျိုးအမြဲမရဘူးဆိုတာ နားလည်လာမှာ။ ယုံမလားတော့မသိဘူး... ကန်ဒီကိုယ်တိုင်တောင် အိမ်သာဘယ်လိုဆေးရတယ်ဆိုတာ ဒီရောက်ပြီး အိမ်သန့်ရှင်းရေးတွေ လုပ်ရမှ သိတာ >.<



ကန်ဒီတို့ ရန်ကုန်အိမ်က လမ်းမကြီးပေါ်မှာဆိုတော့ ခြံမရှိဘူး။ ဒါပေမယ့် ကန်ဒီတို့အိမ်နား(လမ်းလျှောက်သွားရင် ရတယ်)မှာ အမေက ခြံလေးဝယ်ထားတယ်။ ခြံထဲမှာ အပင်တွေအများကြီးပဲ... ပန်းပင်၊ သရက်ပင်၊ ဗူးပင်၊ ဒန့်ဒလွန်ပင် အစုံစိုက်ထားတယ်။ အဲ့မှာ ခြံစောင့်ဦးလေးကြီးပဲနေတယ်။ ကန်ဒီက ခြံနဲ့ဝင်းနဲ့ အေးအေးဆေးဆေး နေရတာကြိုက်တယ်။ အသက်ကြီးလာရင် အဲ့လိုလေးပဲ နေချင်တယ်။ ခြံထဲမှာ ညမွှေးပန်းတွေလည်း ရှိတယ်။ ညဘက်ဆို မွှေးနေတာပဲ။ ကန်ဒီသိတာ အရင်က မောင်နီဆိုတဲ့ ခွေးလေးရှိတယ်။ သူက သေသွားပြီတဲ့။ အခု မိဖြူဆိုတဲ့ ခွေးလေး ရှိတယ်။ ဟိုလို ၀ယ်မွေးတာ မဟုတ်ဘူးနော်။ ခြံထဲလာလာနေလို့ ခေါ်မွေးထားတာ။ သူက ပေါင်မုန့်ကြိုက်တယ်တဲ့ ^_^


ကန်ဒီငယ်ငယ်တည်းက ကြောင်တွေအများကြီးနဲ့ ကြီးလာတာ ဟဟဟ။ အိမ်မှာ ကြောင်တွေအများကြီးရှိတယ်။ ငယ်ငယ်က ကန်ဒီအမှတ်ရဆုံးနဲ့ အချစ်ဆုံးကြောင်နာမည်က "အကျိုး" တဲ့။ သူကကားတိုက်ပြီး ခြေထောက်လေး နည်းနည်းကျိုးသွားလို့ အဲ့လိုခေါ်တာ (နာမည်ပေးတော်တယ်နော် xD)။ သူက အရမ်းလှတဲ့ ကြောင်ထီးကြီးပေါ့။ သူ့လောက်လှတဲ့ကြောင် မတွေ့ဖူးသေးဘူး။ သူသေသွားတော့ ကန်ဒီငိုတောင်ငိုတယ် (တိတ်တိတ်လေး)။ သူများတွေက ရုပ်ရှင်တွေဘာတွေကြည့်လို့ မင်းသမီးမင်းသား သေရင်ဖြစ်ဖြစ် အမေလုပ်တဲ့လူ သေရင်ဖြစ်ဖြစ် ငိုတတ်ကြတယ်။ ကန်ဒီက အဲ့ဒါမျိုးဆို အေးဆေးပဲ။ ဒါပေမယ့် အကောင်လေးတွေကားကြည့်ရင်း သေပြီဆို မရတော့ဘူး... ငိုချင်လာရော။ အဲ့ဒါကြောင့် တိရိစ္ဆာန်ဇာတ်လမ်းတွေ သိပ်မကြည့်ချင်ဘူး။ ၀မ်းနည်းလွန်းလို့။ အပေါ်ကကြောင်က နောက်မှပေါက်တဲ့ကောင်။ ကန်ဒီမသိတော့ဘူး။ အဲ့ကောင်က "အကျိုး"နဲ့ဆင်တယ် :D :D

မွေးပြန်ပြီ တစ်သုတ် :D xD

ကန်ဒီစင်္ကာပူစရောက်တော့ အရင်ဆုံးသတိထားမိတာ ကြောင်တွေပဲ။ ဒီကကြောင်တွေက အမြီးပြတ် နားရွက်ပြတ်လေးတွေ။ ကန်ဒီ့ညီမကို ဘာလို့ အဲ့လိုဖြစ်နေတာလဲ မေးကြည့်တော့... သူတို့အစိုးရက ပိုင်ရှင်မရှိတဲ့ကြောင်တွေဆို အဲ့လိုလုပ်ထားတယ်တဲ့။ ခွေးတွေဆိုလည်း လိုက်ဖမ်းတာပဲလေ။ ကြောင်တွေကိုတော့ ဖမ်းမထားဘူး။ အဲ့လိုလုပ်ပစ်ပြီး လွှတ်ထားတယ်။ သနားပါတယ်။ ပိုင်ရှင်ရှိတဲ့အကောင်တွေဆို လည်ပတ်ပါတယ်။ နောက် လည်ပင်းမှာ သူတို့ ID Code ကို မြှပ်ထားတယ်။ သူတို့မှာလည်း လူတွေလို ID ရှိတယ်နော်... အထင်မသေးနဲ့ ဟဟ :D

Woww!!! စာအရမ်းရှည်သွားပြီ ဆောရီး :D
တာ့တာ^^