ပြီးခဲ့တဲ့ တနင်္ဂနွေက အိမ်မှာ သူငယ်ချင်းတွေနဲ့ လုပ်စားဖြစ်တာလေးတွေကို အားလုံးသရေကျအောင် တင်လိုက်ဦးမယ်။
Sunday Menu ကတော့...
ကြာဆံကြော်
ယိုးဒယား သခွားသီးသုပ်
စွန်တန်ဟင်းရည်
ကြာဆံကြော်နဲ့ စွန်တန်လုပ်နည်းကတော့ အားလုံးသိပြီးသားဆိုတော့ မပြောပြတော့ဘူး။ ယိုးဒယား သခွားသီးသုပ်နည်းကတော့ ထူးထူးခြားခြားလေးမို့ ပြောပြမယ်နော်။ အသုပ်ထဲထည့်တဲ့ အနှစ်က ကန်ဒီလုပ်ထားတာလေ (ကြွားတာ)။ တော်တယ်လို့ မချီးမွမ်းပါနဲ့ (ချီးမွမ်းမှာလည်း မဟုတ်ပါဘူး အကြောင်းသိတွေဆိုတော့ =.=)။ သူငယ်ချင်းက ဟိုဟာထည့်ဆို ထည့်တယ်။ ဒီဟာထည့်ဆို ထည့်တယ်။ အဲ့လို အဲ့လို လုပ်ထားတာ ဟီးဟီး။
(၁) သခွားသီးနဲ့ မုန်လာဥနီကို အနေတော်လှီးပါ။ အမှန်ကတော့ သခွားသီးခြစ်တဲ့အတံလေးနဲ့ အချောင်းမျှင်မျှင်လေးတွေရအောင် ခြစ်ရတာပါ။
(၂) အသုပ်ထဲ ထည့်မယ့် အနှစ်ဖျော်ရပါမယ်။ ကြက်သွန်ဖြူကို ထုပြီး သေးသေးလေးတွေလှီးပါ။ နံနံပင်နဲ့ ငရုတ်သီးတောင့်ကို ညှပ်ထည့်ပါ။ မြေပဲကို မညက်တညက် ထောင်းထည့်ပါ။ နှမ်းအသင့်အတင့်ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဆား အချိုမှုန့် သကြား ပဲငံပြာရည်(အနောက်)ထည့်ပါ။ အမှန်က ပုဇွန်ငံပြာရည် ထည့်ရတာ။ မရှိလို့ ပဲငံပြာရည်(အနောက်) ထည့်ထားတယ်။ ပြီးရင် ရေကျက်အေး ထည့်ပါ။ အရသာမြည်းပါ။ အနှစ်ပြီးပါပြီ :)
အဲ့ဒီအနှစ်ကို ခုနက လှီးထားတဲ့ သခွားသီးနဲ့ မုန်လာဥနီပေါ်လောင်းပြီး စားလိုက်ရုံပဲ။ ကြာဆံကြော်နဲ့ဆိုတော့ ကွက်တိပေါ့။ အချဉ်သဘောမျိုး ဖြစ်သွားတာလေ။ မအီတော့ဘူး။ ရှလွတ် (သရေကျကုန်ပြီမလား :P)
ဒါက အချိုတည်းဖို့... (ရေချိုးပြီး ခေါင်းတောင် မခြောက်သေးဘူး ဗိုက်ဆာလို့ တွယ်တာ :P)
အားလုံးကို ဒီလိုဒီလိုကျွေးမွေးပြီးပြီဆိုတော့ ကန်ဒီပြောတာလေး နည်းနည်း နားပူခံပေးကြပါဦး။
► Today Tuesday = Unlucky day
ဒီနေ့ တော်တော်စိတ်မောရတယ်။ ကန်ဒီ့ကွန်ပျူတာ အစုတ်ပလုတ်ကြောင့်ပေါ့။ အတန်းမရှိတော့ မနက်တည်းက အိမ်သန့်ရှင်းရေးလုပ်နေတာ။ မီးဖိုချောင်၊ ဧည့်ခန်း ဖုန်သုတ် တံမြတ်စည်းလှည်း၊ ပြီးတော့ ရေချိုးခန်းဆေး။ အားလုံးပြီးတော့ ရေချိုးခေါင်းလျှော်ပြီး ကွန်ပျူတာလေးဖွင့်လိုက်ပါတယ်။ အဲ့ဒီမှာ ပြဿနာက စတာပဲ။
သူကပွင့်တော့ ပွင့်လာတယ်။ ပွင့်လာတဲ့ Desktop က ကန်ဒီ လုပ်ထားတဲ့ Setting မဟုတ်ဘူး။ ကွန်ပျူတာ အသစ်ကြီးလို ဖြစ်ပြီး Font တွေကလည်း တမျိုးကြီး။ ကန်ဒီ့ File တွေလည်း ရှိတဲ့ဟာ ရှိတယ်။ ပျောက်တဲ့ဟာ ပျောက်နေတယ်။ Library မှာဆို အရင်က Public ရှိတယ်။ ခု မရှိဘူး။ အဲ့တော့ ကန်ဒီထင်လိုက်တာက ကန်ဒီတခုခုမှားနှိပ်မိလို့ Vaio က Personalized desktop ကို ဖွင့်နေတာလားပေါ့။ အဲ့လိုတခေါက်ဖြစ်ဖူးတယ် (အဲ့တုန်းက ပြန်ဖွင့်တော့ ရသွားတယ်)။ အဲ့ဒါနဲ့ Restart လုပ်တယ်။ Shut down လုပ်ပြီးမှလည်း ပြန်ဖွင့်တယ်။ မရဘူး။ ကန်ဒီ Dissertation ရေးဖို့ ရှာထားတဲ့ Scientific paper တွေ မရှိတော့ဘူး။ အဲ့မှာတော်တော်စိတ်ပူသွားတာ။ အဲ့ဒါတွေက ပြန်ရှာရင် အချိန်ထပ်ပေးရဦးမှာ။ Google နဲ့ နှစ်ပါးသွားရဦးမှာ။ အဲ့ဒါရှာတာလောက် ခေါင်းရှုပ်တာမရှိဘူး။ အဲဒါနဲ့ ဘာမှလည်း လုပ်လို့မရတော့ ဒေါပွပြီး အိပ်လိုက်တယ် :P
အိပ်ယာက နိုးတော့ မဖြစ်သေးပါဘူး ဆိုပြီး ဖုန်းနဲ့ အွန်လိုင်းခဏတက်၊ အားကိုးဖို့ ကိုဇောင်းတို့ ဖိုးမောင်တို့ကို ရှာတယ်။ ကိုဇောင်းက မရှိဘူး။ ဖိုးမောင်က အနီပြထားတော့ မေးရမှာ အားနာတယ်။ အဲ့ဒါနဲ့ သူငယ်ချင်းဆီ ဖုန်းဆက်တယ်။ သူက သူ့သူငယ်ချင်းတယောက်ဆီ မေးပေးတော့ Virus ကိုက်တာ Restore လုပ်တဲ့။ အဲ့ဒါနဲ့ "အုံဖွ" ဆိုပြီး Restore လုပ်လိုက်တာ ရသွားတယ်။ ကံကောင်းလို့။ ပြန်ရတော့ ထခုန်ပြီး File တွေ သိမ်း.. ပြီးတော့ ကွန်ပျူတာကို Microsoft Security Essential နဲ့ Scan လုပ်တယ်။ Scan လုပ်တော့ ဘာမှ မတွေ့ဘူး။ Protected တဲ့။ အဲ့ဒါ ယုံလို့ရလား?
အရင်ရက်တွေတည်းက Firefox က တခုခုဖွင့်လိုက်ပြီဆို Not Responding ခဏဖြစ်ပြီးမှ ပွင့်တယ်။ ဒီကွန်ပျူတာကြီး မကောင်းတာလား.. Virusပဲ ကိုက်နေတာလား.. Firefoxကပဲ ဖြစ်နေတာလားတော့ မသိဘူး။ ခု Scan ပြီးတော့လည်း Firefoxက ဒီတိုင်းပဲ။ ဘာတွေမှန်းကို မသိဘူး။ ခေါင်းရှုပ်တယ်။ တော်ပြီ။ တော်ပြီ။ ဆက်မညည်းတော့ဘူး ဟီးဟီး။ ကန်ဒီ့ကို ငြူစူကုန်ဦးမယ် :P

♥ အသဲကွဲပျောက်ဆေး??

မေးချင်တာလေးက အသဲကွဲရင် ဘာလုပ်ရပါသလဲ?? အသဲကွဲနေတဲ့သူကို ဘယ်လိုနှစ်သိမ့်သင့်ပါသလဲ?? ကန်ဒီဆိုတဲ့ ကောင်မလေးကလည်း အဲ့လိုနှစ်သိမ့်အားပေးစကားပြောတဲ့နေရာမှာ တော်တော်လေး ပါရမီမပါလာဘူး။ ခဲတံပျောက်လို့ ငိုနေတဲ့ ကလေးတစ်ယောက်ကို သူ့ခဲတံလေးပဲ ပြန်ရှာပြီး ပေးလိုက်ချင်တယ်။ "ကလေးရယ် မငိုပါနဲ့... ရေခဲမုန့်ကျွေးမယ်နော်.. မမလည်း စားမယ်.." ဆိုပြီး မချော့တတ်တော့လည်း ခက်သား :P
အရင်းနှီးဆုံး သူငယ်ချင်းတယောက် အသဲကွဲနေတယ်။ သူ့ကို ကန်ဒီအားပေးနေပုံတွေက ရိုက်ပေါက်တွေချည်း ဖြစ်နေတယ် :P ကန်ဒီဆိုတာကလည်း တည့်တည့်ပဲ ပြောတတ်တာကိုး။
ကန်ဒီ့ရဲ့ အလွန့်အလွန် နားထောင်ချင်စဖွယ်ကောင်းတဲ့ အားပေးစကားတွေကတော့....
♥ နင့်အပေါ် မကောင်းတဲ့လူကို အဲ့လိုခံစားနေတော့ တန်လား? (ပြောပုံတွေက :P)
♥ သူ့အကြောင်းလည်း မသိတာကျနေတာပဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့သူ၊ နင့်အသက်က ငယ်ငယ်လေးရှိသေးတာ နင့်ကိုတကယ်ချစ်တဲ့သူ တွေ့လာမှာပေါ့။ အဲ့ဒါ နင်မရွေးတတ်လို့ဖြစ်တာ။ ( <_< သူဂျိုကြည့် ကြည့်သည်)
♥ နင်သူ့ကို Block လိုက်တော့ FB ရော Gtalk ရော။ အဆက်အသွယ်လုပ်နေရင် ပိုခံစားရမယ်။ ဖြတ်ရင် အပြတ်ဖြတ် (:P)
♥ နင်သွားချင်တဲ့ နေရာတွေ လျှောက်သွားလိုက်.. စားချင်တာစားလိုက်။ သူ့အကြောင်း တွေးမနေနဲ့။
♥ နင် ငိုရင် နင်ရှုံးတာပဲ။ ဘာမှ မဖြစ်သလိုနေ ဒါပဲ (:P)
သူ : "အဲဒါ နင်အသဲမကွဲဘူးလို့ ပြောတာ"
ကန်ဒီ : ":/" (ဘာပြောရမလဲ မသိတော့ပါ)
သူ : "ငါအရင်လို လိမ်လိမ်မာမာ မနေတော့ဘူးဟာ... ရည်းစားတွေလည်း ထားမယ်။ ကလပ်သွားမယ်။ သူ့ကြောင့် ငါဒီလိုဖြစ်ရတယ်ဆိုပြီး သူနောင်တရ.. ခံစားရအောင် လုပ်မယ်" (ဘယ်လိုများ တွေးလိုက်လဲ မသိဘူး အံသြတယ် >.<)
ကန်ဒီ : "ဘာာာာာာ...... နင်ရူးနေလား။ နင်အဲ့လိုလုပ်တာ ဘယ်သူနစ်နာတာလဲ သိလား? နင်ပဲ နစ်နာတာ။ သူက ဘာမှမဖြစ်ဘူး အေးဆေးပဲ။ အဲ့လိုတွေလုပ်နေလို့ နင်ပဲ နာမည်ပျက်မှာ.. နင့် အရင်စိတ်တွေ ဘယ်ရောက်ကုန်လဲ.. ငါ ဒေါပွလာပြီနော်.."
အဲ့လို အဲ့လိုတွေ ချိုချိုသာသာလေး အားပေးနေပါတယ်။ ဘယ်လိုဆက်ပြီး အားပေးရမလဲဆိုတာလည်း ခေါင်းခဲနေပါတယ် :P :) ကျွမ်းကျင်သူများရှိရင် အကြံဥာဏ် ပေးကြပါ xD

အားလုံး ပျော်ရွှင်ပါစေနော်..
(၁) ကွန်ပျူတာ ဒုက္ခမပေးပါစေနဲ့...
(၂) အသဲမကွဲပါစေနဲ့ ^_^
(၁) ကွန်ပျူတာ ဒုက္ခမပေးပါစေနဲ့...
(၂) အသဲမကွဲပါစေနဲ့ ^_^

27 comments:
မချိုချဉ် စားစရာတွေသရေယိုသွားတယ်...။
အသဲကွဲသူကိုနှစ်သိမ့်တာကလဲကြောက်စရာ...ပဲဗျာ့။
(၁) ကွန်ပျူတာ ဒုက္ခမပေးပါစေနဲ့...
(၂) အသဲမကွဲပါစေနဲ့ ^_^
နိမိတ်ဖတ်နေသလိုပဲကြောက်တယ်နော်..:P
သခွားသီးသုတ်လေးလဲစိတ်ဝင်စားတယ်
စာကြောင်းနှစ်ကြောင်းလဲစိတ်ဝင်စားတယ်
အဲတာကတော့ (၁) ကွန်ပျူတာ ဒုက္ခမပေးပါစေနဲ့...
---------- (၂) အသဲမကွဲပါစေနဲ့ ^_^
ချစ်တဲ့ မမကြီး
ကျွန်တော်လည်း ကွန်ပျူတာ ဒုက္ခပေးနေလို့ 2ရက်လောက် တိုင်ပတ်နေတယ်ဗျာ...Restore ပြန်လုပ်မှကောင်းသွားတယ်..။((၁) ကွန်ပျူတာ ဒုက္ခမပေးပါစေနဲ့...
(၂) အသဲမကွဲပါစေနဲ့ ^_^)ဒီနှစ်ခုကောင်းဘူး...!မပြေားနဲ့.. ပျော်ရွှင်ပါစေနော်..!
ကွန်ပျူတာပျက်တာတော့ မပြင်တတ်ဘူးကွယ်...အသည်းကွဲတဲ့သူငယ်ချင်းကိုတော့ နားဝင်အောင်ရှင်းပြဖို့ စကားသင်ပေးလိုက်မယ်...
သူ့ကောင်လေးက ပစ်ထားခဲ့လို့ နောက်တစ်ယောက်နဲ့တွဲနေလို့ အသည်းကွဲတယ်ဆိုရင် အခုလိုပြောလိုက်ပေတော့...
“သူငယ်ချင်းရယ်...နင့်ချစ်သူ သစ္စာမရှိတာကို အခုလို စောစာစီးစီးသိရတာ ဂုဏ်ယူစမ်းပါ...တကယ်လို့ အဲဒီလိုလူနဲ့များ အိမ်ထောင်ကျပြီးမှ အခုလိုမျိုးဗွေဖောက်သွားရင် ကိုယ့်မှာ အလိုလို ရာထူးတက်သွားလိမ့်မယ်...ဒါကြောင့် သစ္စာမရှိတဲ့လူရဲ့လက်ထဲကနေ ဘေးကင်းရန်ကင်းနဲ့ စောစောလွတ်ခွင့်ရတာကို ငိုမနေပါနဲ့“လို့
ငပေါမလေးရဲ့ သူငယ်ချင်းကို စောင့်ကြည့်နေလိုက်ပါ...နောင်လေးငါးနှစ်ကြာတဲ့အခါ အခုချစ်သူနဲ့ လမ်းခွဲခဲ့ရတာကို ကံကောင်းတယ်လို့ သေသေချာချာ နားလည်လာပါလိမ့်မဗျား...
နံမည်ရေးမလို့ “ဟ”တစ်လုံးပဲ ရိုက်ရသေးတယ် enter သွားခေါက်မိလို့ တက်ပြေးသွားရော...ဆောရီးငပေါမလေးရေ...
အသည်းကွဲတဲ.ရောဂါ လွယ်လွယ်နဲ.လည်းမပျောက်ပါ ဆိုတဲ.အတိုင်းပါလား ဗျာ
မောင်မောင်. မှာ သူငယ်ချင်းဆီက ယူထားတဲ.စာလေး ရှိတယ်ပေးဖတ်ခိုင်းကြည်.ပေါ.
ခွဲခွါခြင်း
အကယ်ေ၇ွ့ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ
သူများကသူကိုချစ်ဖို့အခွင့်အေ၇းပေးလိုက်ပါ....
အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ
တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့....
တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ.....
တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်၇မယ်....
ဘ၀မှာအမျိုးမျိုး၇ှိတယ်.....
ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။
တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ...
တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး...
လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ...
ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ ကောင်းကောင်းလေးသူ့ကိုပြန်ချစ်ပါ.....
ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ်
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်၇လို့ဖြစ်တယ်
အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်.....
အကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်....
အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........
အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ?????
အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား?????
အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ?????
အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ??????
ကိစ္စတော်တော်များဟာ ပြီးသွားမှ ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်....ဖြစ်နေချိန်မှာ ဒုက္ခဆို၇င်တောင် ဒုက္ခလို့မခံစားမိဘူး...........
ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲ အဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်...
eeekkkk...ဗိုက်ဆာနေတဲ့အချိန်မှ ၀င်ကြည့်မိတာ..မှားပါဘီဗျာ...ရေပဲသောက်ရတာပေါ့လေ....:D....အနီးကပ်ဒုတ်ခပေးမဲ့ချစ်ချစ်မရှိတော့..အသဲကွဲစရာ အကြောင်းမရှိကွယ်...ကွန်ပူထှာ ဒုတ်ခမပေးအောင်တော့ ရှိသမျှ အန်တီဗိုင်းရပ်၊အန်ကယ်ဗိုင်းရပ်၊ ဂရန်းဖားသားဗိုင်းရပ်၊ ဂရန်းမားသားဗိုင်းရပ်..အစရှိသော ခံတပ်ပေါင်းစုံဖြင့်ကာကွယ်ထားပါကြောင်း...:P
တနင်္ဂနွေစားဖွယ်ဆိုလို့အပြေးလေးလာခဲ့တယ် ကန်ဒီလေးရေ ကြာဇံကြော်အရမ်းကြိုက်တယ် သခွားသီးသုတ်လေးနဲ့လိုက်မှလိုက်
ကွန်ပျူတာနဲ့ပတ်သက်ရင် သုံးဘဲသုံးတတ်တယ် ကျန်တာဘာမှအတိဝူး..း)
သြော... ဒါကြောင့် တနင်္ဂနွေနေ့ က အပြင်မထွက်တာကိုး... ဟင်း... အသဲကွဲနေတဲ့ သူငယ်ချင်းကို ခုချိန်မှာ ဘာမှ သွားမဖျောင်းဖျနဲ့ သူနားဝင်မှာ မဟုတ်ဘူး။ သူ့ ကို အပြင်ခေါ်ပြီး လျှောက်လည်ပစ်လိုက်... နဲနဲ သွေးအေးသွားပြီးမှ သူ့ ကို ဖျောင်းဖျ... ဖျောင်းဖျတဲ့နေရာမှာလဲ သူ့ ဘဲရဲ့ မကောင်းတာလေးတွေကို အပြစ်တင် စကားလေးတွေပြောပြီး ဖျောင်းဖျ...ဒါဆို ပိုအဆင်ပြေလိမ့်မယ်...(ဟုတ်မဟုတ်တော့ မသိဘူး ဆရာတော့ လုပ်ခဲ့ပြီ)
ကွဲနေတဲ့ ကွန်ပျူတာရှိတဲ့ ပိစိ
ကွဲနေတဲ့ အသဲပိုင်ရှင်သူငယ်ချင်းရှိတဲ့ ပိစိ။
သူငယ်ချင်းကို ပြောပြလိုက်ပါ။
ကွန်ပျူတာကွဲတာထက်
အသဲကွဲတာထက်
အရှက်ကွဲတာက ပိုပြီး အကွဲကြီးတယ်လို့။း)
ကွန်ကဲ သဲကွဲ
ထိုနှစ်ကွဲထက်
ရှက်ကွဲ ကွဲပျက်
ပို ရှဲကွက်၏။
..
ကောင်မလေးလူကိုသရေကျအောင်လုပ်ပြီ
ကွန်ပျုတာလေးကောင်းပါစေ
သူငယ်ချင်းလဲအမြင်မှန်ရပါစေနော် :)
သခွာသီးသုတ်လေးလုပ်စားမယ်
ကွန်ပြူတာက Temporary Files တွေ Cache တွေများလို့ အဲလို ဖြစ်သွားတာပါ။ Restore ပြန်လုပ်တတ်တာ တော်တော် တော်တယ်။ အကူအညီလိုရင် လှမ်းပြောလို့ရပါတယ်ကွယ်...
ပျက်နေတဲ့ ကွန်ပျုတာ က Restore ပြန်ုလုပ်တာ မှန်ပါတယ်ကွယ်..ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ..ကွန်ပျုတာကို shutdown မချပဲ ခလုပ်ပိတ်လိုက်ရင်လဲ..အဲ့လိုဖြစ်တတ်တယ်.ဖြစ် တတ်တဲ့အကြောင်းလေးတွေကတော့ များသကွဲ့ ..ပါဝါလာ လို့  windowွှလုပ်လုပ်နေသေးရင် ဖိုးမောင် တာဝန်ထား မီပူနဲ့ နော်....
Ms Security က စိတ်ချရပါတယ် ယောက်ခမ ထုတ်တာလေ အေးဆေးသုံး ဘာမှမဖြစ်စေရဘူးနော် အဲံ အတဲကွဲတာကိုလည်း Restore ပြန်လုပ်လိုက် လို့  မရဘူးဘားဟင်..မရရင်လည်း ဟိုတစ်ခါလို Team Viewer နဲ့ ကြည့်ပေးမယ်နော်..ဖွားလေ ဆီခေါ်ထားလိုက် ဖိုးမောင်ရှိတယ်လို့  လူပျက်တာလည်းရတယ် ကါန်ပျုတာ ပျက်တာလည်းရတယ်လို့ နော်..လောလောဆယ် စားဆေး အားဆေးလေးပေးလိုက်မယ်...
အသဲဆိုတာ1ခါကွဲပြီးရင်နာသွားတယ်
နာတဲ့အတွက်ရောင်သွားတယ် ရောင်တဲ့အတွက်
အသဲကကြီးသွားတယ် ကြီးတဲ့အတွက်နောက်
1ယောက်ပိုဆန့်သွားတယ်!!!!!
မရရင်ပြောနော်...ဖိုးမောင် ကိုယ်တိုင် သူ့ကို Restore လုပ်ပေးမယ်...တိန်..နာဟက်လိုက်တာ ..မှတ်ပလားးမှတ်ပလား..ပျက်သွားမယ်နော် ဟဲဟဲ...
3 things i usually told to the heart-broken persons..
1. you may not forget him, i agree, you may remember him for the rest of your life.. so, don't try too hard to forget tim
2. if you love him, just give respect to his wish, you can see him happy.
3. if you were that happy when you were with the wrong guy, imagine how much you will be happy when you find the right person, your better half :)
(sorry, my burglish to myanmar converter is not working :P) you can tell your friend to add me. I am a relationship consultant among my friends :D
ဗိုက်ဆာလိုက်တာနော်...... ရှလွတ် ရှလွတ်......
ကွန်ပျူတာပျက်ရင် နေပူလှန်းပေးရတယ်၊ မလှန်းခင် ရေခဲခန်းထဲမှာ ၁ညလောက်သိပ်ထား အဲ့ဒါဆို ဗိုင်းရပ်စ်တွေ သေသွားရော... ဟဲ ဟဲ နောက်တာ။
အသဲကွဲတဲ့လူရှိရင် တစ်ပတ်လောက် အရက်မူးအောင် နေ့ဆက် ညဆက် အရက် တိုက်ပစ်လိုက်၊ တစ်ပတ်ကျော်သွားရင် ရူးကြောင်ကြောင်ဖြစ်သွားလိမ့်မယ်၊ အဲ့ဒါကိုမှ ပြန်ကောင်းအောင်လုပ်။ ကွန်ပျူတာတွေကို Format ချသလိုပေါ့။ ဟီး ဟီး ဟီး
စားစရာလေးတွေ သရေကျသွားတယ်
သကြားလုံးလေးရေ ပိုစ့်မတက်ဘူးဟ ခုမှမြင်တား(
သွားရေကျအောင်လုပ်တယ် သိသားပဲ
သတင်းကကြိုရပြီးပြီနော်
အိကုဂျီးပြောဒါ အဲနေ့ကလေ ညီရဲရယ်အိကုရယ် တန်းပနီ့မောမှာလေ လေပန်းကြတယ်း)
ချစ်တဲ့
မဒိုးကန်
အသဲကွဲတဲ့ခံစားမှုကိုစိတ်ကြိုက်လွှတ်ပေးလိုက်တာ
အကောင်းဆုံးပဲလို့ယူဆမိတယ် ချိုချဉ်လေးရေ။
Yield Point ရောက်ပြီးသွားရင်
အလိုလိုပြန်ကျသွားပြီး ပုံမှန်ဖြစ်သွားလိမ့်မယ်။
ဗိုက်ဆာလိုက်တာ မစားရအညှော်ခံပါလားနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြာဇံကြော် သခွားသီးသုပ်ကိုအ၀တီးလိုက်တယ်အရင်...။
အသဲကွဲတဲ့သူငယ်ချင်းက မိန်းကလေးလား ယောကျာ်းလေးလား...။ အသဲကွဲတယ်ဆိုတဲ့ အရသာက ကိုယ်သိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကို ထိုင်သောက်နေရသလိုပါပဲ....။
သခွားသီးသုပ်အရမ်းကြိုက်တာ အခုလိုနည်းတော့ မသုပ်ဖူးဘူး မနက်ဖြန်လုပ်စားမယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
သြော်ကွယ်... ကိုယ့်ကိုမချစ်တော့လို့ သစ္စာရှိရှိလမ်းခွဲ သွားတဲ့သူကို နားလည်ပေးခိုင်းလိုက်ပါ...သူသာသစ္စာမရှိပဲ ချစ်ချင်ယောင်ဆောင်ပြီး ဆက်တွဲနေရင် ဘယ်လောက် ဝမ်းနည်းဖို့ကောင်းမလဲ... :D
ဟိ..တူတူပဲအားပေးပုံ..အားပေးနည်းကတော့..ငယ်လေးလည်း.သူငယ်ချင်းကအသဲကွဲတယ်ဆိုလို့..မက်လောက်စရာဘာရှိလို့လဲလို့...ခပ်မာမာနေလို့ မိန်းခလေးပဲ မာနလေးလည်းထားပါလို့..အစုံပဲပြတ်ဖို့ချည်းပြောလိုက်တာ ခုလေးတင်ပဲ...သခွားသီးသုတ် သုတ်စားအုံးမယ်..နည်းမှတ်သွားတယ်..ကျေးဇူးပါနော်..
ကြာဇံကြော်နဲ့ စွန်တန်ဟင်းရည် ကိုသောက်သွားတယ်။ ယိုးဒယား သခွားသီးသုပ်ကိုတော့ မစမ်းရဲလို့ မစားတော့ဘူး။ :P
Sony Computer ကကောင်းပါတယ်။ Firefox က အခုနောက်ပိုင်းနဲနဲကြောင်တယ်။ ဘာပဲဖြစ်ဖြစ် Bucket ထားတာအကောင်းဆုံးပဲ။
အသည်းကွဲတာကတော့ တော်တော်ခံစားရမှာ ကူညီချင်ရင်တော့ စိတ်နဲနဲရှည်မှရမယ် ပျော့ပျော့လေးပြောရတဲ့အခါရှိသလို၊ ခပ်မာမာပြောရတဲ့ အခါမျိုးလည်းရှိပါတယ်။ ဆိုဆုံးမလို့မရရင် တိုက်ပေါ်ခေါ်သွားပြီး တွန်းချလိုက်။ ဟိဟိ.. :P နောက်တာနော်။ တကယ်သွားမလုပ်နဲ့အုံး။ ပြောချင်တာက ပျက်စီးပြီး နာမည်ပျက်မှာဆိုးလို့။ လူသာသေပါစေ နာမည်မသေစေနဲ့ လို့ဆိုရိုးရှိတယ် မဟုတ်လား။ (မှတ်ချက် အသည်းကွဲရင် Candy ကိုမရှာပါ။)တိန်! :D
ညည်းသူငယ်ချင်းကိုပြောလိုက် အသည်းကွဲတယ်ဆိုတာ ဟာသဇတ်မြူးတပုဒ်ဖတ်ရသလိုပဲလို့
နောက်ကျရင်သိလာလိမ့်မယ်လို့
ဆြာမောင်ဘကြိုင်
ကန်ဒီရေ အသည်းကွဲ သူကို ဒီလိုချော့လိုက်ပါ...လောကမှာ သူတယောက်တည်းရှိတာမှမဟုတ်တာ ပိုချော ပိုလှတဲ့ လူတွေပေါလွန်းလို့...ဒါငိုစရာမလိုဘူး။
အသစ် အသစ်စက်စက်တွေ အများကြီးပဲ...ဒီလို
ဟဲဟဲဟဲ မချော့တတ်ဘူး
သူငယ်ချင်းတွေ အသဲကွဲလာရင် တစ်ခွန်းပဲ မေးတယ်.. ဟေ့ကောင်.. ကစ်မလား.. ဆိုတာလေ.. ဟီးဟီး.. :D
ကွန်ပျူတာက သတိထား အစ်မရေ. Desktop
ပေါ်နဲ့ Library ထဲမှာ ဘာမှထည့်မထားတာအ
ကောင်းဆုံးပဲ.. Drive တစ်ခုခုထဲမှာထည့်ထား
မှဖြစ်မှာပါ..။ လွယ်လွယ်ဖွင့်ချင်ရင်..ဖိုဒါရဲ့
Shortcut ကို Desktop ပေါ်တင်ထားလိုက်ပေါ့.။
အဲဒီရှော့ကပ်ကနေသွားပေတော့..။ ဖြစ်သေးပါ
ဘူး.။ အဲဒါနဲ့ပတ်သတ်တာတစ်ခုလောက်..အား
ရင်ရေးပါဦးမယ်.။
Post a Comment