Saturday, January 14, 2012

သူမ


သူမကိုမွေးဖွားခဲ့တာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလ။ ညီအစ်မတွေထဲမှာတော့ အလတ်ပေါ့။ တချို့သူတွေ ပြောတာကြားဖူးတယ်။ အလယ်အလတ်မွေးတဲ့သူတွေက လစ်လပ်နေတတ်တယ်တဲ့။ အကြီးဆုံးဆိုလည်း သားဦး သမီးဦးမို့ အချစ်ပိုတတ်ပြီး အငယ်ဆုံးဆိုလည်း အထွေးလေးမို့ အလိုလိုက်အခံရဆုံး အချစ်ဆုံးတဲ့လေ။ အဲ့ဒါအမှန်လား? ကန်ဒီတို့ မိသားစုမှာတော့ အဲ့လိုမရှိပေမယ့် သူကတော့ ညီအစ်မတွေထဲမှာ အလျော့ပေးတတ်ဆုံးသူ။ အမေက သူ့သမီး (၃)ယောက်အတွက် ပစ္စည်း (၃)ခု ၀ယ်လာရင် ကန်ဒီနဲ့ အငယ်ဆုံးညီမက မွေးလလည်းတူ ကြိုက်တာချင်းလည်းတူလို့ လုနေတဲ့ အချိန်မှာ သူကတော့ နောက်ဆုံးကျန်တာပဲ အမြဲယူတတ်တယ်။ အမြဲအလျော့ပေးတတ်တဲ့ မိန်းကလေးမျိုးပေါ့။ ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်နေတတ်တယ်။ ပြောရရင် ကန်ဒီ့လို တခုခုကို အကြာကြီး စိတ်ညစ်မနေတတ်ဘူး။ လူမကြောက်ဘူး။ သူက စိတ်အရမ်းရှည်သလောက် ဒေါသလည်းအရမ်းကြီးတယ်။ သူ့ကို ဒေါသထွက်အောင်တော့ မဆွလိုက်နဲ့။ သူ့ထက် ဒေါသကြီးတဲ့သူတောင် သူလောက် မကြီးဘူး။ လူဖြောင့် စိတ်တိုပေါ့။


အသက်ကြီးလာတဲ့အခါမှာ အဲ့ဒီအလျော့ပေးတတ်တဲ့အကျင့်က သူ့ရဲ့ အားနည်းချက်တစ်ခု ဖြစ်လာတယ်။ သူငယ်ချင်းတွေကို ကူညီတယ်။ သူဘယ်လောက်ပင်ပန်းနေပါစေ သူတတ်နိုင်တဲ့ဘက်က လုပ်ပေးတတ်တယ်။ ဒါကောင်းတဲ့အကျင့်ပါ။ အားပေးတယ်။ အဲ့လို ညီမမျိုးရထားတာ ဂုဏ်ယူတယ်။ ဒါပေမယ့် မသိတတ်တဲ့လူမျိုးတွေကျတော့ သူ့ကို ခိုင်းဖတ်တစ်ခုလို သဘောထားတယ်။ သူက ခိုင်းရင်လုပ်ပေးပါတယ် ဆိုပြီး အရေးမပါတာတွေ ခိုင်းတယ်။ စားဖို့ ခေါက်ဆွဲပြုတ်ခိုင်းတာမျိုး။ စိတ်တိုင်းမကျရင် သူ့ကိုကျွန်တယောက်လို အော်ငေါက်ဆက်ဆံတာမျိုး။ အလျော့ပေးတယ်ဆိုပြီး သူလုပ်တာတွေကိုလည်း ကန့်သတ်ကြတယ်။ ဒီနေ့ ဒေါက်ဖိနပ်မစီးနဲ့ ဆိုတာမျိုး။ ဒီထက်ပြောရင် ပေါက်ကွဲမိတော့မယ်။ ကန်ဒီလည်း အားနာတတ်ပါတယ်။ သူများ အကူအညီတောင်းရင် လိုက်လုပ်ပေးတတ်တယ်။ ဒါပေမယ့် ကန်ဒီ့ကိုသူများ လွှမ်းမိုးတာ မခံဘူး။ ဖိနပ်စီးတဲ့ ကိစ္စလိုမျိုးပေါ့။

ကန်ဒီ သူ့လောက် စိတ်မရှည်ပါ။ အဲ့ဒါ အမှန်အတိုင်းဝန်ခံတာ။ ကန်ဒီ့အကျင့်က အပေါင်းအသင်းနဲ့ ပတ်သက်ရင် အစွဲအလန်းမကြီးဘူး။ ဘယ်သူဖြစ်ဖြစ်ပေါင်းတယ်။ ကန်ဒီ ကူညီနိုင်တာဆို ကူညီတယ်။ သူ့လောက်အလျော့ပေးတာမျိုးမရှိသလို သူများကိုလည်း ဒုက္ခမပေးဘူး။ ပုံမှန်ပဲ ဆက်ဆံတယ်။ သူက အဲ့လိုမဟုတ်ဘူး။ သူ့သူငယ်ချင်း စိတ်ဆိုးမှာ ကြောက်နေတာမျိုး.. အဲ့လိုမျိုးတွေ ရှိတယ်။ အဲ့တော့ အလိုက်မသိတဲ့ သူမျိုးကျတော့ သေးသေးမွှားမွှားကအစ သူ့ကိုခိုင်းတယ်။ သူ့လွတ်လပ်မှုတွေကို ကန့်သတ်တယ်။ ကန်ဒီက အဲ့လို အနိုင်ကျင့်တာမျိုးဆို အရမ်းမုန်းတယ်။ သူကတော့ သူ့ကိုအနိုင်ကျင့်လို့ ကျင့်နေမှန်းတောင် သိရဲ့လား မသိဘူး။ ကိုယ်ကသာ ဘေးကကြည့်ပြီး စိတ်မကောင်းဖြစ်နေတာ။


ဇန်န၀ါရီလ ၁၁ရက်နေ့ သူမမွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးပါဆိုရင် ကောင်းကင်ကျယ်ကြီးမှာ အနှောင်အဖွဲ့ကင်းတဲ့ ငှက်တကောင်လို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပါစေလို့.................. အဲ့လို ဆုတောင်းလို့ အားလုံးကကြီးကျယ်လိုက်တာလို့ ထင်ကောင်းထင်နိုင်တယ်။ ဟုတ်တယ်။ ခုကန်ဒီ့မျက်လုံးထဲမှာသူ့ကို လှောင်အိမ်ထဲက ငှက်တစ်ကောင်အနေနဲ့ပဲ မြင်နေတယ်။ တော်ပြီ။ ဒီအကြောင်းတွေ ဒီနေရာမှာတင် ရပ်။ ပျော်စရာလေးတွေပဲ ပြောတော့မယ်။


ဒါသူ့အတွက် ကန်ဒီ့လက်ဆောင်ပေါ့။ ဈေးမကြီးဘူး။ ဒါပေမယ့် သူကြိုက်တာ သူသုံးတာလေးတွေပေါ့။ သူ့ Fashion Style က "Emo" လေ။ အဲ့လို လက်ကောက်တွေ သူဝတ်တတ်တယ်။ Lip Balm ကလည်း သူနေ့တိုင်း သုံးနေကြ။ နောက်ဘာဆက်ဝယ်ရမလဲ မသိတော့လို့ အဲ့နှစ်ခုပဲ ပေးလိုက်တာ။ ဒါနဲ့ ကန်ဒီ့ကိုလည်း သူဘာမှ မကျွေးသေးဘူး :P

ဆက်ပြီး သူနဲ့ပုံလေးတွေ တင်ပါမယ်။ သူများပုံ ကန်ဒီ့ဘလော့မှာ တင်ရရင် သိပ်ပျော်တာ ဟီး။ ဟုတ်တယ်လေ.. လာလည်တဲ့သူအားလုံးလည်း အားနေ ကန်ဒီ့ပုံပဲ ကြည့်နေရတာ။ ပျင်းမှာပေါ့။ ကန်ဒီ သိပါတယ်။ သူငယ်ချင်းတွေနဲ့ ရိုက်တဲ့ပုံတွေ တင်ချင်ပေမယ့် သူများမကြိုက်မှာစိုးလို့ မတင်ရတာ။ သူ့ပုံကတော့ရတယ်။ သူက အေးဆေး။ သဘောကောင်းတယ် :)

သူက ကန်ဒီ့ထက် ၂နှစ်ငယ်တယ်.. OMG!! အကျီင်္လည်း ပါဘူး -^.^-


ဟီးဟီး.. ပုံစံလေးတွေက ရှက်ကိုးရှက်ကန်းနဲ့.. ဟုတ်တယ် ကန်ဒီငယ်ငယ်က ဓာတ်ပုံရိုက်မှာ အရမ်းကြောက်တာ။ ဒီပုံမှာ ဦးထုပ်ဆောင်းထားတာ အကြောင်းရှိတယ်။ နှစ်ယောက်လုံး ကတုံးလေးတွေဖြစ်နေလို့။ ကန်ဒီတို့ ငယ်ငယ်က ကတုံးအမြဲတုံးရတယ်။ အမေက ဆံပင်ရှည်လာတာနဲ့ တုံးတာပဲ >.< ကျောင်းတက်တော့လည်း တုံးတယ်။ ဒီနေ့စာမေးပွဲကြီးပြီးရင် နောက်နေ့ကတုံးဖြစ်ပြီပဲ။ ကတုံးတုံးပြီးရင် ခေါင်းကို ကွမ်းရွက်ရည်နဲ့ လိမ်းတယ်။ မျက်ခုံးကို ကွမ်းရိုးနဲ့ ဆွဲတယ်။ ဆံပင်သန်အောင်တဲ့။ အဲ့လို ကတုံးတုံးခံခဲ့ရလွန်းလို့ ကန်ဒီဆံပင်အရှည်ကို အရမ်းကြိုက်တာ :D

ဒါကတော့ အရွယ်ရောက်သွားတဲ့ပုံပေါ့ xD

ငယ်ငယ်က ကင်မရာရှေ့ အိနြေ္ဒရသလောက် ကြီးတော့ အဲ့လိုဖြစ်သွားကြတယ် :D

နောက်ပိုစ့်အတွက် အမြည်း :P

ဒီနေ့ Toa Payoh ဘုန်းကြီးကျောင်းရောက်တယ်။ ပထမဆုံးရောက်တာပေါ့.. အမြည်းက များသွားဦးမယ်။ တော်ပြီ.. နောက်ပိုစ့်မှ ဆက်မယ်။ အဓိက အမြည်းထည့်ရခြင်း အကြောင်းက စင်္ကာပူက စာဖတ်သူတွေကို ဒါလေးမြန်မြန် အသိပေးချင်လို့...

ဆရာတော် ဦးပုညသေဋ္ဌ၊ ကမ္မဋ္ဌာနာစရိယ၊ သဲအင်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ မှော်ဘီမြို့၏ "ဒုတိယအကြိမ်မြောက်" စင်္ကာပူသာသနာပြု အစီအစဉ်

တရားပွဲ အစီအစဉ်

♣ 9 Jan 2012 to 13 Jan 2012
♣ 15 Jan 2012 to 22 Jan 2012
ညစဉ် 8:00PM to 9:00PM (တရားပို့/ တရားထိုင်)
နေရာ - ဦးမျိုးမြင့်နှင့် ဒေါ်မြင့်မြင့်သိန်းနေအိမ် Blk 676 #04-447, Choa Chu Kang Crescent, Singapore. 680676 (Near Yew Tee MRT)

♣ 14 Jan 2012 (Saturday)
အချိန် - 6:30PM to 9:00PM
နေရာ - Clementi ကျောင်း 23A, Jalan Mas Puteh, Along West Coast Road, Singapore. 128628

♣ 15 Jan 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - Function Room 1, The ARENA Country Club, 511 Upper Jurong Rd, S638366 (Near Joo Koon MRT)

♣ 4 Feb 2012 (Saturday)
အချိန် - 6:30PM to 8:00PM
နေရာ - Toa Payoh ဘုန်းကြီးကျောင်း

♣ 5 Feb 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - နေရာကို သစ္စာပါရမီအဖွဲ့မှ ထပ်မံကြေညာပါမည်။

ဆက်သွယ်ရန်...
ဒေါ်မြင့်မြင်သိန်း
(RES) 6762 8232, (H/P) 9299 1406
ဒေါ်စိုးစိုး
(H/P) 9141 3931

အဲ့လို အဲ့လို တရားပွဲတွေ ရှိပါတယ်ဆိုတဲ့အကြောင်း နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါတယ်ရှင် ^_^

28 comments:

မေမြို့မိုး said...

သကြားလုံး ရေ..အစ်ကိုလာသွားတယ်..
အစောဆုံးပဲဟ.. ဘယ်သူမှလည်းမရောက်
သေးဘူး..။း)
ညီမလေး အကြောင်းလည်း ပို့စ်တင်တာပဲ.။
တော်တော်ချစ်တယ်ထင်တယ်..း)

တွတ်တွတ် said...

ဖိုတိုပဲပိတ်ပိတ်ရှိုးနေတော့.စာဖတ်ဖို့တောင်.မေ့သွားတယ်...နောက်တစ်ခေါက်မှလာဖတ်တော့မယ်နော်..:P

သမီးစံ said...

happy birthday ပါ
လတ်လတ်လေးရေး)
မွေးနေ့မှစ..နှစ်တစ်ရာတိုင်ပါစေရှင်
(ဘယ်သူကပိုလှမှန်းတောင်မသိတော့ဘူး
ရွေးရခက်သွားပြီး)

ချစ်ခင်လျှက်

မောင်(စွယ်စုံကျမ်း) said...

happy birthday ပါ နော်

ပုံ တစ်ယောက်သောသူ...




ဟိုတစ်ကောင်တော့ မပြောတော့ဘူး ပြောလည်း နိုင်ဘူး ပြန်ပြန်ဟောင်တယ် ဟတ်တယ်မလား ဖွားလေအန်တီ-ကန်တီ

အောင်အောင် said...

ညီမနှစ်ယောက်လုံး ချေားတယ်နော်...!

မောင်မောင် said...

မောင်နှမတွေ ချစ်ချစ်ခင်ခင်ရှိတာ ကောင်းပါတယ်ဗျာ။ကန်ဒီထက် ပိုချောတယ် နော် :P

camomilla said...

ငယ်ငယ်ကပုံလေးတွေအရမ်းချစ်ဖို့ကောင်းတယ် ဟီးဟီး
ကြီးလာတော့လဲတယောက်တစ်မျိုးစီလှကြတယ်။
မွေးနေ့မှာရော မွေးနေ့မဟုတ်တဲ့နေ့တွေမှာပါ ကြီးမားကျယ်ပြန့်တဲ့ကောင်းကင်ပြာပြာအောက်မှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ပါစေလို့ ကန်ဒီ့ညလေးအတွက်ဆုတောင်းပေးပါတယ်.

san htun said...

ကန်ဒီညီမက အလတ်ပေမဲ့ စိတ်ရှည် အလျော့ပေးတယ်..စန်းထွန်းလို အလတ်ကတော့ အလျော့ပေးဖို့  နေနေသာသာ ဗိုလ်ကျတာဗျား..
ညီအမတွေ တယောက်တမျိုး ချောကြသလို တယောက်ကိုတယောက် ချစ်ချစ်ခင်ခင်ရှိကြတဲ့ပုံကို မြင်ရတာ စိတ်ချမ်းသာစရာ..မွေးနေ့ ရှင်ကြီး ကျန်းမာပျော်ရွှင်ပါစေဗျား

လမင်းငယ် said...

ချိုလေးရေ ညီမနှစ်လုံးချောတယ်ကွယ်
မွေးနေ့လေးမှာပျော်ရွှင်နိုင်ပါစေကွယ်
လက်ဆောင်ပေါ့
လူတိုင်းကိုတော့အားမနာပါနဲ့ ညီမလတ်ရေ
ဘ၀မှပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ

မဒမ်ကိုး said...

ညီမကပိုလန်းနေသလားလို့ ဟိဟိ
စတာနော် ကန်ဒီလေး
ငါတို့သကြားလုံးလေးလဲချောတာပဲ
မော်ဒယ်ညီအမတွေပေါ့

ပျော်ရွှင်ကြပါစေး)

ချစ်တဲ့
မဒိုးကန်

ပန်းချီ said...

ကန်ဒီရဲ့ ညီမလေးရေ...
Happy Birthday နော်။ ညီအစ်မတွေ အပြိုင်အဆိုင်လန်းနေပါလားး))

မြတ်ကြည် said...

ကန်ဒီရေ၊ ညီမလေးကို Happy Birthday လို့ပြောပါတယ်လို့။ :)

ချောကလက်ကျူးပစ်လေး said...

မမကန်းဘီ..အဲလေပာုက်ပါဘူး မမကန်ဒီရေ
ပြောပေး...မမညီမကို
..................
.............
.........
....

ပီားးပီားးး
happy birthday လို့:P

ညိမ်းနိုင် said...

မွေးနေ့ရှင်လည်း ပျော်ရွင်ပါစေ...၊မွေးနေ့ပို့စ်တင်တဲ့
ချိုချဉ်လည်း ပျော်ရွင်ပါစေဗျား.......။

Nandar said...

မမကန်ဒီနဲ့ ညီမ နဲ့တော်တော်တူတယ်။ ညီမ သူငယ်တန်းတုန်းကလဲ သူငယ်ချင်းတစ်ယောက်က ညီမမုန့်ဖိုးတစ်နေ့ ၅ကျပ်ရတာကို အဲ့သူငယ်ချင်းကို နေ့တိုင်းပေးရတယ်တဲ့မေမေပြောပြတာ။ ၁တန်းနှစ်တော့ မပေးရတော့ဘူး ညီမက ကျောင်းပြောင်းသွားလို့ ဟဲဟဲ။

rose said...

Happy Birthday to your sweet younger sister, Candy lay. You two look alike each other. At first, when I see the first photo, I think it's Candy. Your childhood photo are so so cute. You know what, our mother shaved me and my sisters' head also when we were children, same like you :D.

jasmine(တောင်ကြီး) said...

happy birthday ပါညီမလေးရေ
ပိုစ့်တင်ပေးတဲ့ ကန်ဒီလဲတော်လိုက်တာနော်
ကိုယ်ညီမလေးကိုသိတတ်လိုက်တာ
အားကျတယ်အဲလိုမျိုးလေးတွေ
ဒီလိုလိမ္မာတဲ့ညီမလေးတွေလဲ လိုချင်တယ်

ကိုကိုမောင်(ပန်းရနံ့) said...

ငယ်ငယ်တုန်းက ပိစိက ပိုလှတယ်။
နဲနဲ အရွယ်ရောက်လာတော့ ညီမလတ်က ပိုလှတယ်။
အခု အသက်ကြီးလာတော့ အတူတူ လှကြပြန်ရော။
ဒါပေမဲ့
တဂျင်းမီး အလှကိုတော့ မီမယ်မထင်။း)

နိဗ္ဗာန်ဆော်မလေး ပိစိ။ နိဗ္ဗာန်ကို လိုသလောက် ရနိုင်ပါစေ။း)

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ ကန်ဒီ့ညီမလေးရေ..

ကန်ဒီတို့ ညီအစ်မ နှစ်ယောက်လုံး ချောတယ်။

မြတ်မှာလည်း ညီမလေး တစ်ယောက်ရှိတယ်။း)

ခင်မင်စွာဖြင့်
မြတ်

မိုးငွေ့...... said...

ညီအမတွေချစ်ဖို့ကောင်းတယ် မျက်လုံးလေးတွေလှကြတယ်....။
မွေးနေ့ရှင်ညီမလေး တစ်သက်လုံးမိသားစုနဲ့တူ ပျော်ရွှင်အေးချမ်းစွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေ...။

ညီရဲ said...

ညီမကောင်းလေး တစ်ယောက်ရထားတာပေါ့... နောက်ကျနေပြီ ဖြစ်တဲ့ မွေးနေ့ ဆုတောင်းလေး ဖြစ်ပေမယ့်လို့ happy birthday ပါ ညီမရေ... နောင်မွေးနေ့ တိုင်းကိုလဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်...

သော်ဇင်စိုး said...

ရုပ်ကြည့်လိုက်တာနဲ့ မနှင်းဆီမဲက ဒီလို စိတ်ကောင်းမရှိတဲ့ လူလို့ ထင်တော့ထင်သား အခုလို သကြားလုံး ပြောပြတော့ ထင်ထားတာ ပိုသေချာသွားတာပေါ့.. သကြားလုံး ညီမ စွံပုံကတော့ ယူကျူက မြန်မာမိန်းကလေးများဆိုလား အဲဒီမှာတောင် အတင်ခံရသေးတယ်ဆိုတော့ ချောကြောင်းလှကြောင်း သူများ အမြင်ကပ်နေမှာစိုးလို့ ထည့်မပြောတော့ပါဘူး.. :)))))

Angelhlaing(May everybody be happy and healthy! said...

Happy Birthday ပါ ညီမလေးရေ...နောက်ကျဆုတောင်းလေးအတွက် ခွင့်လွတ်ပါလို့... ညီမလေးတစ်ယောက်လောက်တော့ လိုချင်လိုက်တာနော်... ခုတော့....:( သူတို့လေးတွေ ဘာလို့များ ဒီလောက် ချစ်ဖို့ကောင်းရတာပါလိမ့်...:):)

ဟန်ကြည် said...

အင်း ညီမလေးတွေအကြောင်း ဖတ်ရတော့ ဦးဟန်ကြည်ညီမကို သတိရလိုက်တာလေ...ငယ်ငယ်က ကိုယ်အနိုင်ကျင့်ခဲ့သမျှကို ကြီးမှပြန်ပြီး အလျော်ပေးတဲ့အနေနဲ့ အလိုလိုက်နေရတယ်...ငပေါမလေးလဲ ဦးဟန်ကြည်နဲ့ ထိုနည်းလည်းကောင်း ဖြစ်နေပြီပေါ့...

စကားမစပ်...သူကြီးမင်းကို နောက်တစ်ခါ ပါးကိုလိမ်မဆွဲခဲ့နဲ့တော့...သူကြီးမင်းကြိမ်းနေတယ်နော...နော်တစ်ခါလုပ်ရင် ကိုက်ထည့်မယ်တဲ့ဗျား..း)

သဒ္ဓါလှိုင်း said...

Happy Birthday ပါ ချစ်စရာကောင်းတဲ့ လှပချောမောတဲ့ မွေးနေ့ရှင်လေးရေ။ ခုမှရောက်တာကို စိတ်မဆိုးနဲ့နော် ညီမလေးကန်ဒီ။။။
ချစ်တဲ့
မမသဒ္ဓါ

925 said...

သူမရော သူမ အစ်မရော ရုပ်ဆင်ဆင်လေးနော်....
ညီအစ်မမို့လို့နဲ့တူတယ် :D

mabaydar said...

ညီအစ်မ ၂ယောက်လုံး အချောလေးတွေချည်းပဲ... ကန်ဒီ သူ့အကြောင်းရေးတာ သူသိလား... ကန်ဒီ့ဘလော့လေးကိုရော သူလာဖတ်လေ့ရှိလား...

Candy said...

ဟုတ်... သူတခါတလေ လာဖတ်လေ့ရှိတယ်မမ :D