Monday, January 23, 2012

ပေါက်တဲ့စိတ်


အခု ည ၈နာရီ ၁၀မိနစ်။

တကိုယ်လုံးညောင်းပြီး မောနေတယ်။ တနေကုန် ကြက်သွန်တွေနွှာ အာလူးနွှာ.. ကောဇောခင်း ခုံတွေရွေ့.. ဒါတောင် မပြီးသေးဘူး။ အဲ့လို အဲ့လို စေတနာတွေ ကိုယ်ချင်းစာစိတ်တွေ ဗရဗွနဲ့ အိမ်မှာတူတူနေတဲ့ အန်တီကို ကူညီနေပါတယ်။ အကြောင်းကတော့ မနက်ဖြန် အိမ်မှာ ဘုန်းကြီး သုံးပါး နေ့ဆွမ်းကပ်မှာ မို့လို့ပါ။

စေတနာဗရဗွဆိုတာက...
သူတစ်ယောက်တည်း လူနှစ်ဆယ်စာလောက် ချက်ရမှာကို မကြည့်ရက်လို့ပါ။ ကန်ဒီ ဘာမှသိပ်မလုပ်တတ်ပေမယ့် ဟိုဟာခွာပေး ဒီဟာခွာပေးဆို သူချက်ရုံပဲလေ။ သူနည်းနည်း သက်သာတာပေါ့။ ဒီနေရာမှာ သူတယောက်တည်းလို့ ပြောရခြင်း အကြောင်းက သူ့သမီးက သူ့ကိုသိပ်ကူလေ့မရှိသလို မနက်ဖြန်အလှူရှိတာကို ဒီနေ့ Sentosa သွားပါတယ်။ အဲ့တော့ သူတယောက်တည်းပါ။ သူ့သမီးက ပြန်လာရင် ကြမ်းတိုက်ပေးမယ် ပြောခဲ့ပေမယ့် လူကြီးတွေက စိတ်လောတတ် စိတ်ပူတတ်တော့ သူပဲလုပ်နေမယ် ဆိုတာ ကန်ဒီသိတယ်။

ကန်ဒီစိတ်ကူးထားတာက Chinese New Year Holiday မှာ တနေရာရာသွားမယ်ပေါ့။ Sentosa မှာ ပန်းပြပွဲရှိတယ်။ ကန်ဒီ အရမ်းသွားချင်နေတယ်။ ကန်ဒီ ပန်းအရမ်းချစ်တယ်။ သူ့သမီးကလည်း ကန်ဒီနဲ့ ရွယ်တူပဲ။ ကန်ဒီ့ညီမရော သူတို့ရော သွားမယ်ဆိုတော့ အရမ်းလိုက်ချင်တယ်။ ဒါပေမယ့် အဲ့လို အလှူအတွက် တယောက်တည်းချက်နေရတဲ့ အန်တီ့ကို ထားခဲ့ရအောင် ကန်ဒီ့မှာ အင်အားမရှိပါ။ အဲ့တော့ အိမ်မှာ ကူဖို့နေခဲ့ပါတယ်။ အဲ့ဒါတင်ပဲလားဆိုတော့။ မဟုတ်သေးပါဘူး။ မနက်ဖြန်ကျရင် ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)တို့ ကိုညီရဲသစ်တို့ကလည်း Sentosa သွားမယ်တဲ့။ ကန်ဒီ့ကို နေ့လည်ကတင် ဖုန်းဆက်ခေါ်တာ။ မလိုက်နိုင်ဘူး ပြောလိုက်ရတယ်။ အလှူအတွက် ကူရမယ်။ ကိစ္စမရှိပါ။ ကုသိုလ်ရတာပေါ့။

သို့သော် သို့သော် သို့သော်....
မသိတတ်တဲ့စကားတွေနဲ့ ထိုးနှက်ခံရတယ်။ စဉ်းစားကြည့်ပါ။ ကန်ဒီက တကယ်ဆိုအနေသာကြီး။ သူ့သမီးတောင် သွားချင်ရာသွား ပျော်နေတာ။ ကန်ဒီက စေတနာသက်သက်နဲ့ ကန်ဒီသွားချင်တာတွေ လုပ်ချင်တာတွေ ဖျက်ပြီး သူ့ကိုကူညီပေးနေတာ။ ဒါကို နားမလည်ဘူးလား?? ဖြစ်တဲ့အကြောင်းကတော့ ဟိုပိုစ့်မှာရေးဖူးတဲ့ ဇာတ်လမ်းဟောင်းကြီးပါပဲ။ သူ့အသိအိမ်လာတော့ ကန်ဒီနဲ့ ဖုန်တူတူသုတ်နေတယ်။ အဲ့မှာ သူပြောတဲ့စကားက "ငါက ပေါ်တင်ပဲ ပြောတတ်တယ်။ ဒီအိမ်မှာ ဘယ်သူမှ မလုပ်ဘူး။ ငါပဲ လုပ်နေရတာ။ ငါလည်း ပင်ပန်းတော့ ဖုန်မသုတ်နိုင်။ အဲ့မှာ မြင်တဲ့အတိုင်း ဖုန်တွေနဲ့ပေါ့"

ကန်ဒီ ဟိုတခေါက်ကိစ္စဖြစ်ပြီးတည်းက ထပ်ပြောခံရမှာစိုးလို့ အများကြီးလိုက်လုပ်ပေးနေတာ။ ဒါကိုတောင် သူများရှေ့မှာ အဲ့လိုပြောတယ်။ အဲ့ဒီအတွက် ကန်ဒီ့ Response က ဘာမှ မရှိဘူး။ ပြုံးပြလိုက်တယ်။ ပြီးပြီ။ ဒါပဲ။ ဒီနောက်ပိုင်းတွေ သူ့ကို ဘေးမဲ့ပေးထားတယ်။ ဟိုကိစ္စဖြစ်ပြီးတော့ အရမ်းဝမ်းနည်းခဲ့ရတယ်။ အဲ့တုန်းက သူကန်ဒီ့ကို စကားမပြောခဲ့ဘူး။ ကန်ဒီတို့ အခန်းပေါက်မှာ အ၀တ်တန်းထားပြီး သွားရလာရခက်အောင်လုပ်... မသိမသာ ဆန္ဒပြတာတွေ သူလုပ်ခဲ့ပေမယ့် ကန်ဒီ့ဘက်ကပဲ ပြန်စကားပြော ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားခဲ့တယ်။ အဲ့လိုကြိုးစားနိုင်ခဲ့တာလဲ "ခွင့်လွှတ်ခြင်း"ဆိုတဲ့ လုပ်ရခက်သလောက် အရမ်းအေးချမ်းတဲ့စိတ်ကို ကြိုးစားမွေးယူခဲ့လို့။ ခုလည်း ခွင့်လွှတ်ပါတယ်။ စိတ်ကသာ ခဏထောင်းကနဲဖြစ်သွားတာ။ ငါဒီလိုသိတတ်သလောက် သူမမြင်ပါလား ဆိုတဲ့ အတွေးလေးလည်း ဖြစ်သွားတယ်။

ကန်ဒီ့စိတ်ကို ကန်ဒီ့လက်တွေ့ဘ၀က သူငယ်ချင်းတွေ မောင်နှမတွေ အားလုံးအားလုံးထက် ဒီဘလော့ကို ဖတ်နေတဲ့သူတွေ အသိဆုံးပဲ။ ကန်ဒီက အဲ့လို ခံစားချက်ကို လက်တွေ့ဘ၀မှာ မဖော်ပြတတ်တဲ့လူမျိုး။ အရင်ကရော ခုရော နောင်ရော ကန်ဒီ့ကိုဘာပဲပြောနေနေ လူကြီးကို ပြန်ပြောဖြစ်မှာမဟုတ်ဘူး။ စိတ်ထဲကတော့ မကောင်းဘူးပေါ့။ လူတွေမှာ စိတ်တမျိုးစီ ရှိကြတယ်။ အဲ့စိတ်တွေကို လိုက်ဖတ်နေရတာ.. သိလာရတာလဲ စိတ်ဝင်စားစရာပဲ။

ဒီပိုစ့်ရေးတဲ့အချိန်မှာ ကန်ဒီတွေးတာတွေက မှားကောင်းမှားနေနိုင်တယ်။ ဒါက ထောင်းကနဲ ဖြစ်နေတဲ့အချိန်လေ။ ပြီးတော့ စာတွေလည်း ဟိုရောက်ဒီရောက်ဖြစ်နေမှာ ကျိန်းသေတယ်။ ခုဖြစ်နေတဲ့ ခံစားချက်ကို ခုတင် ချရေးလိုက်တာ။ ဘာမှ ပြန်မစစ်တော့ဘူး။ သည်းခံဖတ်ပေးနော် :)

34 comments:

khin oo may said...

သည်းခံပါတယ်။ မနက်ဖြန် စန်တိုဆာယလိုက်သွားလိုက်နော် သိတ်အနစ်နာခံမနေနဲ့။

khin oo may said...

ဒီနေ့ကူပြီးပြီဘဲဟာ။

khin oo may said...

တစ်ခါတစ်ခါ ကျရင်ောတ့လဲလူကြီးတွေ က ပွစီပွစီပြောတတ်ပါတယ် သည်းခံလိုက်ပါ။ စိတ်ရင်းတော့သိတ်မဆိုးရှာကြပါဘူးလေ။

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

မိုးငွေ့...... said...

ငယ်ကတည်းက အဒေါ်အိမ်မှာနေဖူးတော့ အဲဒီခံစားချက်ကြီးကို လုံးဝသိတယ် နှစ်ပေါင်းမှမနည်းပဲ အနှစ်နှစ်ဆယ်...။ ဒါပေမယ့် ခွင်လွှတ်တတ်တဲ့စိတ်ကလေးကို မွေးယူတတ်တာ ချီးကျူးစရာပါ...။ ကိုယ့်စေတနာကို တုန့်ပြန်မှုဆိုတာ လာလိမ့်မယ်...။ ခုလိုပေါက်ကွဲလိုက်တာ ပေါ့သွားတယ်မဟုတ်လား ချိုချဉ်လေးး...။

ဘိုဖြူ said...

သီးခံလက်စနဲ့ပဲ သီးခံလိုက်ပါညီမရေ
ချောလှတဲ့ကို့ညီမလေးစိတ်ဆိုးရင်
ရုပ်အလှလဲပျက်တတ်တယ်တဲ့နော်
ညီမလေးကစိတ်ကောင်းရှိပြီးသားပါ
ဒါကိုကြောက်တယ်မခေါ်ဘူးနော်
အတွေးမှားမှာစိုးလို့
ခင်တဲ့
ဘိုဖြူ

မေမြို့မိုး said...

နောက်တစ်ခါဖြစ်ရင် မကွန် ဆီသာထွက်ပြေးပေတော့..။
အစ်မရေ.. .။ အစ်မလို့ခေါ်တော့မယ်နော်.. မနေ့ကမှ.. ကျွန်တော့်ထက်ကြီှးမှန်းသိတာ..
Youtube Channel သွားကြည့်မှ...။ဟိဟိ
အစ်ကိုလုပ်နေတာ.. အစ်မက ရုပ်နုလို့ထင်တယ်။
စိတ်ကိုလျှော့ စိတ်ကိုလျှော့..း)..။ဆံပင်တွေဖြူ
ကုန်လိမ့်မယ်...း)

ညိမ်းနိုင် said...

ဟင်.....ဖစ်ရမယ်....၊သူ့ကူလုပ်ပေးနေသူမှ အားမနာ....။
ခွင့်လွတ်ပေးနိုင်တဲ့စိတ်လေးကတော့ တကယ်ကောင်းပါ
တယ်...ကိုယ့်အဒေါ်လည်းဖြစ်၊အကြီးလည်းဖြစ်သကိုး...၊
ကဲပါလေ....စန်တိုဆာမသွားဖြစ်ပေမယ့် အလှူအတွက်
ကူလုပ်ပေးတာဆိုတော့ ကုသိုလ်ရပါတယ်လေနော့...။

Thiha Lu Lin said...

အင်း ဇာတ်လမ်းကို တစ်ဝက်မှ ဝင်နားထောင်ရသလိုဖြစ်တော့... သိပ်မရှင်းပေမယ့်... ကန်ဒီ့ရဲ့ ခွင့်လွှတ်သည်းခံတတ်တဲ့ စိတ်လေးကို လေးစားချီးကျူးမိပါတယ်။ :)

blackroze said...

ကန်ဒီ
အမစိတ်ထင်ပြောရမယ်ဆိုရင်တော့
ညီမအဲလောက်ကြီး..မလျော့သင့်ဘူး
ဒီလောကကြီးမှာ အပေးနဲ့အယူဆိုတာ
နေရာတိုင်းမှာရှိတယ်ညီမ..ညီမ သူ့ကို
နားလည်ခွင့်လွှတ်မှု့တွေ
ပထမတကြိမ်ပေးပြီးပြီ..
ညီမ အချိန်တိုင်း အခါတိုင်း
ညီမ ဆန္ဒမှန်သမျှ
ချုပ်တည်းပြီး သူ့အတွက်ဘဲ ဦးစားပေးလုပ်ပေးနိုင်သလား
ညီမအခုလောက် လုပ်ပေးနေတာကိုတောင်
သူကသူ့ကိုညီမ ကူညီပေးနေတယ်ဆိုပြီး
မြင်အောင်မကြည့်တတ်ရင်
ညီမဘာမှမလုပ်ဘဲနေတဲ့အခါကျရင်
သူညီမကိုဘယ်လိုဝေဖန်မလဲ ????
လူတိုင်းကစေတနာနဲ့မတန်ဘူးကန်ဒီ
ကိုယ်ပေးတာကိုတန်ဘိုးမထားတဲ့သူကို
ဘာမှထပ်ပေးနေဖို့မလိုဘူးညီမ...
နားလည်ခွင့်လွှတ်ခြင်းဆိုတာ
ထိုက်တန်တဲ့သူကိုမှပေးလို့
ကောင်းတာပါ...

ခင်တဲ့အမ ပစ်ပစ်

သမီးစံ said...

ကျောင်းလည်းပြီးတော့မှာပဲကန်ဒီရယ်
ခဏသည်းခံထားလိုက်ပါ..
သူ့အိမ်က.ပြန်ခါနီးမှ
ပညာကောင်းကောင်းပေးခဲ့သိလားး)
ကိုယ်ပေးတိုင်းပြန်မရတတ်တဲ့အခါ
စိတ်တိုတတ်ကြပေမယ့်
ကန်ဒီကတော့..
ခန္တီပါရမီတော်တော်ရင့်သန်ပုံရပါတယ်း)
လူဆိုတာ..မရှိမှတန်ဖိုးနားလည်ကြတာလေ
တစ်နေ့တော့သူကောင်းကောင်းသိလာမှာပါ။
စိတ်လျှော့ပါနော်ကန်ဒီလေးး)

ချစ်ခင်လျှက်

Angelhlaing(May everybody be happy and healthy! said...

အားပေးတဲ့သူနဲ့ သည်းခံဖို့ပြောတဲ့ သူတွေနဲ့ ပြည့်နေလို့ ဘာမှမပြောတော့ပါဘူး ကန်ဒီလေးရယ်...:):) ဘာပဲပြောပြော ခုလို ပို့စ်အဖြစ် ချရေးလိုက်တော့ ရင်ထဲ အတော်ပေါ့သွားမယ် ထင်ပါတယ် ကျောင်းပြီး ခါနီးပြီပဲ အားတင်းထားနော် ကန်ဒီ ...

8Yar said...

အလှူအတွက်ကူပေးတာ သာဓု၊ သာဓု၊ သာဓု ဗျာ။ တခါ တခါမှာ လူကြီးတွေက လူငယ်တွေထက်ပို မိုက်တတ်တယ်။ အဲလိုကြီးမိုက်တွေနဲ့တွေ့ရင် အတော်စိတ်ညစ်ရမှာပဲ။ အဲဒီတော့ မတွေ့အောင်နေဗျာ။ (သတိမြှောက်ပေးသည်။) :P အခုဆို Candy စိတ်က ကုသိုလ်စိတ်က၊ အကုသိုလ်စိတ် ပြောင်းသွားရပြီထင်တယ်။ ကဲ့... ဘာမှစိတ်မညစ်နဲ့ fri lay Candy ၊ မနက်ဖြန် Sentosa သွားသာလည်လိုက်ဗျာနော်။ :)

jasmine(တောင်ကြီး) said...

သူများတွေပြောလို့လိုက်ပြောတာမဟုတ်ပါဘူး
သီးခံခြင်းကတော့အကောင်းဆုံးပါပဲ
ဆက်လက် သီးခံလိုက်ပါ
သင့်ရှေ့မှာအောင်မြင်မှု ရှိနေတယ်နော်
ရည်မှန်းချက်ရောက်အောင်ကျိုးစားပါညလေးရေ
ချစ်တဲ့ မကြီးဂျက်

အောင်အောင် said...

ဘာပဲပြေားပြေား အတက်နိုင်ဆုံး သီးခံလိုက်ပေါ့...သီးခံချင်းဟာ မ၈င်္လာတစ်ပါးလို့ ဆိုထားတာလေ...Candy..!

Anonymous said...

ညလေးေ၇... ဒီလိုပါဘဲ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ။
တကိုယ်လုံးညောင်းပြီးမောနေတယ်ဆို နှိပ်ပေးရမလား၊ ထောပတ်သီးဖျော်တိုက်ရမလားး)
ဂရုစိုက်နော်အစစ....။
စိတ်ရှုတ်စရာတွေမေ့ထားပြီး ပန်းလေးတွေဓာတ်ပုံသွားရိုက်လိုက်နော်။ ပြီးတော့ ပန်းပုံလေးတွေရယ်..ပန်းလေးတွေနဲ့အတူလှပပြီး အမြဲလိုလိုချစ်ဖို့ကောင်းတဲ့ကန်ဒီ့ပုံလေးတွေလဲတင်အုံးနော်..။
ခင်တဲ့ မမ camomilla

ချစ်စံအိမ် said...

ညီမရေ သည်းခံခြင်းသည်အောင်မြင်ရာ၏တယ်
ကြိုးစားထားနော် ချစ်ခင်လျှက်

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုတစ်ချို့က
အရာရာမှာမပြောပလောက်တဲ့ကိစ္စလေးကို
ကြံဖန်ပြီးပြောတတ်တာသဘာဝပါကွယ်။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်တစ်ဖက်သား
ခံစားရမှာကိုထည့်မတွက်တတ်ကြဘူးလေ။
ဘာဖြစ်ဖြစ်သကြားလုံးရဲ့စိတ်ရင်းစေတနာမှန်နဲ့
ကုသိုလ်ယူနေတဲ့ဖြူစင်တဲ့စိတ်လေးမဲညစ်မသွားဘို့
အရာရာကိုဥပက္ခာပြုလိုက်ပါနော်။
ချစ်စရာကောင်းတဲ့သကြားလုံးလေးကိုနားလည်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

laylwintlu said...

မမတီ အပေါ်မှာပြောသွားတာတွေစုံသွားတော့(ဟီးးး)
စာဖတ်သွားတယ်လို့  အကြံတော့ပေးစရာရှိတော့ဝူး
ခင်မင်လေးစားလျက်-လေလွင့်

ဆူးသစ် said...

ဒီအရွယ်နဲ့သည်းခံတတ်ရင်နောက်ဆိုဒီထက်ပိုပြီးရင့်ကျက်တော့မှာပါ။ သူများကိုလိုလို့ကူညီလိုက်ပြီးမှ စော်ကားသလိုအပြောခံရတာတော့ ဘယ်သူကခံချင်ပါ့မလဲလေ။ သူ့သမီးတောင်မလုပ်တဲ့ကိစ္စ။ ကိုယ်ကကူလည်းလုပ်ပေးရသေးတယ်။ အပြောလည်းခံရတယ်ဆိုတော့ တော်တော်တင်းဖို့ကောင်းတဲ့ကိစ္စ။ ဒါပေမဲ့ညီမတော်ပါတယ်။ လူတွေကဒီလိုပါပဲ။ ခုခေတ်က ငယ်တဲ့လူတချို့က လူကြီးတွေထက်ပိုရင့်ကျက်ကြပါတယ်။ ကိုယ်လိုချင်တဲ့အနေအထားလေးရောက်ရင် ရွေ့တော့ပေါ့။

Anonymous said...

ညီမ အိမ်ဌားနေတာမလား အစက ဘာတွေလုပ်ရမယ်ပြောထားလဲ ဥပမာ အလှည်.ကျသန်.ရှင်းရေး ဘာညာပေါ. အဲဒီအတိုင်းလိုက်နာရင်ပြီးပြီ အိမ်ရှင်ကတော. ကိုယ်.အိမ်ကို သန်.ရှင်းချင်လို. သူ.အလှည်.ဟုတ်ဟုတ် မဟုတ်ဟုတ် လုပ်ချင်လုပ်လိမ်.မယ် အဲဒါကိုယ်နဲ.မဆိုင် အမလဲ အိမ်ရှင်ပါ ကိုယ်.ဟာကိုပဲလုပ်တယ် အိမ်ဌားတွေကို မလုပ်ရကောင်းလား မပြောပါဘူး အစကထဲက သူတို.ကို ကိုယ်.လုပ်ခဲ.တာ ကိုယ်တာဝန်ယူဖို.ပဲပြောခဲ.တာ ဥပမာ ကိုယ်ချက်ပြီးသား ကိုယ်.ဟာကိုယ်ရှင်းပေါ. အဲလိုအလုပ်မလုပ်တဲ. လူကြီးတွေရှိတဲ.အိမ် အဲဒါကြောင်.သိပ်မနေချင်ကြတာနေမှာ

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမရေ သည်းခံလိုက်ပါ

Candy said...

ညီမတို့ကို အစတည်းက တာဝန်ပေးထားတာက ရေချိုးခန်းဆေးဖို့ပါ။ နောက်ပြီး ဟင်းချက်ပြီးရင် မီးဖိုဝန်းကျင် သန့်ရှင်းရေး ပြန်လုပ်ပေါ့။ အဲ့ဒါပဲ ပြောတယ်။ သူတို့က အိမ်သန့်ရှင်းရေး တာဝန်ယူမယ်တဲ့။ အဲ့တော့ ညီမလည်း အိမ်သန့်ရှင်းရေးနဲ့ ပက်သက်ရင် အမြင်မတော်တာတွေ့မှ လုပ်မိတယ်။ ကိုယ့်တာဝန်ဖြစ်တဲ့ ရေချိုးခန်းတို့ မီးဖိုတို့ကိုတော့ အမြဲ ဂရုစိုက်သန့်ရှင်းအောင် ထားတယ်။

ဟိုတခေါက်က ကိစ္စဖြစ်တော့ ညီမအကုန်လုပ်တယ်။ ကြမ်းမတိုက်တာ ကြာလည်း ကြမ်းတိုက်တယ်။ တံမြက်စည်းလည်း အမြဲလှည်းတယ်။ အဲ့ဒါကို အမြင် မကြည်သေးဘူး >.< :(

ချောကလက်ကျူးပစ်လေး said...

အဲ့ဒါကို အမြင် မကြည်သေးဘူးဆိုတော့လဲ
ပီားးပီားးပြန်ချဗျာ..အမရာ
ကြားထဲကစိတ်တိုနေပီဘွားတော်ကို
:Pသားသမီးချင်းကိုချင်းမစာ...ဘူး

Anonymous said...

စိတ်ထဲမှာထားနေရင်ကိုယ်ဘဲပူလောင်နေရမှာ။
စိတ်လျှော့ပြီးပျော်စရာအကြောင်းလေးတွေဘဲစဉ်းစားလိုက်နော်။
အိုင်အိုရာ

အလင်းသစ် said...

အိုကွယ်... ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ.. လူတိုင်းဟာ ကိုယ်စိုက်ပျိုးတဲ့ အတိုင်းပဲ ရိတ်သိမ်းရတာပါညီမလေးရာ.. သည်းခံလက်စနဲ့ ဆက်သာသည်းခံလိုက်.. အဲဒီထက် ကောင်းတဲ့ လက်နက်မရှိဘူး.. :)

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ။
နောက်တစ်ခါဆို ဒီလိုလေး ပြောလိုက်။
အန်တီ အပျင်းပြေ နဘန်းသတ်တမ်းကစားရအောင်လို့။း)

ညီရဲ said...

တော်တော်ဆိုးတဲ့ အန်တီကြီးဘဲ... ငါ့ညီမ သနားပါတယ်... နောက်ဆိုရင် မကူနဲ့ ပစ်သာထားလိုက်သိလား ညီမတော်...

မဒမ်ကိုး said...

ကြားလုံးလေးရေ ညေးအိမ်ရှင်နဲ့ ကျုပ်အိမ်ရှင်အတူတူထားလိုက်ရအောင်လေ အတင်းတုတ်တဲ့အကျင့်ဆိုးကိုပိုင်တာ ပထမတန်းစားတွေမို့
ကျုပ်ကတော့နားပူလို့ အလိုက်ကန်းဆိုးမသိရိုင်းလွန်းလို့ ပိတ်ရက်ဆိုကိုယ့်အိမ်ကိုယ်ပြန်လာတယ်အေ အေးရော
ပြောင်းချင်တာ ညေးတို့အကိုကိုစောင့်နေလို့း(

mabaydar said...

အန်တီကြီးတွေက အဲလိုပဲ သူတို့ နည်းနည်းလုပ်ရတာနဲ့ အားလုံးသူတို့လုပ်ရတယ်လို့ ပြောတတ်ကြတယ်... သူ ဘယ်လောက်ပြောပြော ကန်ဒီလုပ်ပေးနေတာ သူ့အသိ က မြင်လိုက်တာပဲ... သူ့အကြောင်းသိလို့ ဘာမှ မပြောတော့တာနေမှာ...

အိမ်ရှင်နဲ့ နေရတာ စိတ်မချမ်းသာရင်လဲ ပြဿနာမဖြစ်ခင် ပြောင်းလိုက်ပါလား... ဒါမှ ခပ်ဆိုးဆိုး အိမ်ငှားတွေ့ပြီး နောင်တရနေမှာ...

သူ့သမီးတောင် သူ့အမေကြောင်းသိလို့ စတေးရှောင်နေတာ... ကန်ဒီလဲ နောက်ဆို စတေးရှောင်တတ်အောင်နေနော်...

မောင်(စွယ်စုံကျမ်း) said...

ဖွားလေး ဖြစ်လိုက်ရင်အသည်းသန်ခဲမှန်..ငိုတဲ့ပုံလေးတင်လိုက်စမ်းပါ အေးဆေးထိုင်ကြည့်မလို့ ..ဟဲဟဲ ငိုမနေနဲ့ နော်တိတ်တိတ်..မတိတ်ရင်ရစ်မှာနော်

မဒမ်ကိုး said...

သကြားလုံးရယ် အရမ်းသဘောကျလွန်းလို့ ၂ ခါပြန်မန့်တယ်အေ
ညေးအိမ်ရှင်နဲ့ကျုပ်အိမ်ရှင်နဲ့တူချက်ကတော့လန်ထွက်နေတာဘဲ
စိတ်ကုန်တယ်အေ
အတင်းကလဲပြောတာ တအိမ်လုံးလူလဲကုန်ဘီ
မဟုတ်တာပြောာတာလဲ ထိပ်ဆုံး
သူများချက်သမျှလိုချင်တာလဲ သူ့အပြင်မရှိ
လူလစ်ရင်လဲ ဗီဒိုတွေမွှေ
သားလေးက ပစ္စည်းတွေခိုး
သူလိုလိုကိုယ်လိုလိုနဲ့ ရေခဲသေတ္တာထဲကဟာတွေယူချက်

ကျုပ်လဲအဲလိုခံစားနေရတယ်အေ ဘလိုင်းကြီးကိုအကစ်ခံနေရတာ အိမ်ပြောင်းချင်တာ ပစ္စည်းတွေကများ တစ်ယောက်ထဲလဲမဖြစ်လို့ ကိုရင်ဒီပြောင်းအလာစောင့်နေရတား(
အိမ်လခဆို ၂ လစာတောင်ကြိုကြိုပေးထားတာ စကားမပြောချင်လို့

အတူတူဘဲအေ စိတ်ညစ်ထှာ အလုပ်ဖိအားကတမျိုး သူကတမျိုးနဲ့ လူလဲရူးချင်ပီ

Candy said...

မမဒမ် ပေါက်ကွဲနေပြီ ဟိဟိ.. အဖော်ရှိတယ် အားတင်းထား..

အင်.. သူ့ကိုပြန်အားပေးရတဲ့ဘ၀ ရောက်သွားပါလား LOL xD

san htun said...

ကိုယ်တိုင်လည်း ခံရဖူးလို့  ကိုယ်ချင်းလည်းစာပါတယ် ကန်ဒီရေ...