Hello Weekend!!!
အလုပ်လည်း မလုပ်ရဘဲနဲ့ Weekend ဆိုပျော်တာ ဘာလို့မှန်းမသိဘူး။ ဒါလေးက မမပစ်ပစ်(ခံစားမှုသံစဉ်)ရဲ့ "တနေ့တာ"ဆိုတဲ့ TAG လေးပါ။ ပေါ့ပေါ့ပါးပါးလေးပဲ။ ကန်ဒီနဲ့ ကိုက်တယ် :P
အလုပ်လည်း မလုပ်ရဘဲနဲ့ Weekend ဆိုပျော်တာ ဘာလို့မှန်းမသိဘူး။ ဒါလေးက မမပစ်ပစ်(ခံစားမှုသံစဉ်)ရဲ့ "တနေ့တာ"ဆိုတဲ့ TAG လေးပါ။ ပေါ့ပေါ့ပါးပါးလေးပဲ။ ကန်ဒီနဲ့ ကိုက်တယ် :P
မေးခွန်းလေးတွေကတော့....
♥ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
♥ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
♥ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
♥ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
♥ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
♥ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
♥ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
♥ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
♥ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
♥ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
♥ ဒုတိယလုပ်မိတာလေး..
♥ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
♥ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
♥ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
♥ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
♥ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
♥ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
♥ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
♥ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
♥ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
♥ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
♥ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ဒီမေးခွန်းလေးတွေကို ကန်ဒီ့ Version နဲ့ ဒီလိုပြန်ဖြေပါတယ်ရှင်...
♥ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
♥ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
♥ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
♥ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
♥ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
♥ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
♥ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
♥ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
♥ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
♥ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
♥ ဒုတိယလုပ်မိတာလေး..
♥ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
♥ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
♥ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
♥ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
♥ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
♥ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
♥ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
♥ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
♥ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
♥ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
♥ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ဒီမေးခွန်းလေးတွေကို ကန်ဒီ့ Version နဲ့ ဒီလိုပြန်ဖြေပါတယ်ရှင်...
နံနက်ခင်း
♫♪အာရုဏ်ချိန်မနက်ခင်းဆို အလွမ်းနဲ့ကိုယ် မျက်နှာသစ်တာ... ဒါ ဒါ ဒါ ♫♪
♫♪အာရုဏ်ချိန်မနက်ခင်းဆို အလွမ်းနဲ့ကိုယ် မျက်နှာသစ်တာ... ဒါ ဒါ ဒါ ♫♪
အိပ်ယာကနိုးရင် မျက်လုံးအရင်မဖွင့်ပါဘူး။ အရင် ခေါင်းအုံးဘေးကို ဟိုစမ်းဒီစမ်း လုပ်ပါတယ်။ ဘာလဲဆိုတော့ ဖုန်းရှာတာပါ။ ရှာတွေ့ပြီဆိုမှ မျက်လုံးကဖွင့်ပါတယ်။ ဖုန်းကနာရီကို ကြည့်ပါတယ်။ (= ဖုန်းမှာပေါ်နေတဲ့အချိန်ကိုကြည့်ခြင်း.. မြန်မာစကားကလည်း ရှုပ်ပါ့.. မသိရင် ကန်ဒီမကြည့်ဘဲ ဖုန်းကပဲ နာရီကိုကြည့်သလိုလို) ဘာလို့ တကူးတကဖုန်းကနာရီကို ကြည့်လဲမေးရင် ကုတင်ပေါ်ကနေ စားပွဲတင်နာရီကို မမြင်ရလို့ပါ :P မိုးလင်းတိုင်း စိတ်ထဲဒိန်းကနဲ ဖြစ်ရပါတယ်။ နာရီကြည့်လိုက်တိုင်းအချိန်က ၁၀နာရီပဲ ဖြစ်ဖြစ်နေလို့ပါ။ နှိုးစက်က အမြဲ ၈နာရီခွဲပေးပါတယ်။ ဘယ်တော့မှလည်း မထပါဘူး။ မထမှန်းသိလည်း ပေးပါတယ်။ ဘာအကျင့်လဲ မသိဘူး >.<
နံနက်စာကို ကော်ဖီနဲ့ စမူဆာ (သို့) အီကြာကွေး (သို့) အသုတ်စုံ (သို့) ကြက်ဥထမင်းကြော် စားရတာကို အရမ်း အရမ်း အရမ်းကြိုက်တယ်။ ခုတော့ ဘကုန်းနဲ့ ၀ (ဘ၀)က ကော်ဖီနဲ့ ပေါင်မုန့်ဖြစ်နေပါတယ်။ မနက်စောစော ကော်ဖီအေးအေး (အပူမသောက်တတ်ပါ) တခွက်မသောက်ရရင် စားမ၀င် အိပ်မပျော်ဖြစ်တတ်ပါတယ်။ တနေ့ကို အဲ့တခွက်ပဲ သောက်ပါတယ်။ တခါတလေ ပျင်းလို့ တခုခုသောက်ချင်စိတ်ပေါက်နေရင် နောက်တခွက်သောက်ပါတယ်။ ကော်ဖီကို တနေကုန်သောက်ဆိုလည်း ကန်ဒီသောက်နိုင်ပါတယ်။ ညဖက်သောက်လည်း အိပ်မပျော်တာတွေ ဘာတွေ ဘာမှမဖြစ်ဘူး။ ကန်ဒီငယ်ငယ်ကဆို ကော်ဖီကို ခွက်အကြီးကြီးနဲ့ ဖျော်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားတာလေ။ ပြီးရင် တနေကုန် ရေခဲသေတ္တာဖွင့်ဖွင့်ပြီးသောက်နေတာ။ အဲ့လောက် ကော်ဖီကို ကြိုက်လွန်းအားကြီးလို့ ကိုယ့်ဟာကိုယ် ရာဇသံပေးပြီး တားမြစ်ထားတာပါ။ "တနေ့တခွက်ပဲ သောက်စေ.. "လို့။ မနက်ကော်ဖီသောက်ရင်း ဘလော့ဖတ်ရင်ဖတ် မဟုတ်ရင် YouTube ကြည့်ပါတယ်။
နေ့လည်ခင်း
နေ့လည်စာကတော့ ၁၀နာရီမှ ထတဲ့လူဆိုတော့ တခါတလေ မနက်စာနဲ့ ရောသွားတတ်ပါတယ်။ ကျောင်းရှိတဲ့နေ့ဆို နေ့လည်စာကို အလွယ်ပဲ စားတယ်။ ခေါက်ဆွဲဖြစ်ဖြစ်။ လက်ဖက်နဲ့ထမင်းဖြစ်ဖြစ် လွယ်တာလုပ်စားပါတယ်။ အမှန်တော့ အပျင်းကြီးတာပါ။ ညစာကို ကျောင်းကန်တင်းမှာစားမှာဆိုတော့ တကူးတက မလုပ်ချင်တော့ဘူးလေ။ ကျောင်းမရှိရင်တော့ ဟင်းချက်ဖြစ်တယ်။

ကျောင်း Canteen...
ခုလက်ရှိ စားချင်နေတဲ့ဟင်းက ဒန့်ဒလွန်သီးနဲ့ ငါးဟင်းပါ။ ချဉ်ချဉ်လေးလေ။ ငါးက ငါးခူလား မသိဘူး။ ရန်ကုန်အိမ်မှာဆို အမေက အမြဲချက်ကျွေးတယ်။ သိတဲ့အတိုင်း ကန်ဒီက ငါးဆို လုံးလုံးနဲ့ ၀၀ (လုံးဝ)ကို မချက်တတ်တာ။ မချက်တတ်တော့ မစားရဘူးပေါ့။ နောက်တခုစားချင်နေတာက ဒံပေါက်။ ကန်ဒီ ဒံပေါက်ကို အရမ်းကြိုက်ပါတယ်။ ပြောရင်းတောင် စားချင်လာပြီ။ City Hall မှာ သွားစားရင်ကောင်းမလား?? (ခုဒီပိုစ့်တင်တဲ့အချိန်မှာ စားပြီးသွားပါပြီ.. အစားဆိုအဲ့လိုမြန်တယ်.. ပိုစ့်ကသာ ခုမှတင်တာ :P) ကန်ဒီအစာစားနေရင် ဘာမှမတွေးပါဘူး။ အစားကိုပဲ အာရုံစိုက်ပါတယ်။ အဲ့တော့မှ အရသာရှိတာလေ :P ။ တခုရှိတာက တယောက်တည်းစားရတာကို လုံးဝမကြိုက်ပါဘူး (ဒါပေမယ့် တသက်လုံး တယောက်တည်း စားရတာများပါတယ်)။ အများနဲ့စားရင် ပိုစားဝင်ပါတယ်။ တနေ့ခင်းလုံး စာလုပ်စရာရှိရင်လုပ်ပါတယ်။ ၄နာရီခွဲလောက်ဆို ဘုရားရှိခိုး ရေချိုးပြီး ကျောင်းသွားဖို့ပြင်ပါတယ်။
ညပိုင်း
ညနေစာစားပြီးရင် အတန်းတက်ပါတယ်။ ပြီးရင် အိမ်ပြန်ပါတယ်။ မပစ်ပစ်လို အလုပ်လုပ်နေတာ မဟုတ်တော့ အိမ်ပြန်ရင် ဘာမှမခံစားရပါဘူး။ အတန်းပြီးတော့ ပြီးတယ်ပေါ့။ အဲ... စာမေးပွဲတို့ ဘာတို့ ရှိရင်တော့ ဒီနေ့ဘာလုပ်မယ် နောက်နေ့ဘာလုပ်မယ် စိတ်ထဲမှာ Plan ဆွဲနေတတ်တယ်။ ဒီလောက်ပါပဲ။ အင်း.. ဒီလိုနဲ့ ည၁၀နာရီခွဲလောက် အိမ်ပြန်ရောက်တော့ ဘာအရင်စလုပ်လဲဆိုတော့ မျက်လုံးအရင်လဲပါတယ်။ မျက်ကပ်မှန်ချွတ်တာကို ပြောတာပါ ဟီး။

ညပိုင်း
ညနေစာစားပြီးရင် အတန်းတက်ပါတယ်။ ပြီးရင် အိမ်ပြန်ပါတယ်။ မပစ်ပစ်လို အလုပ်လုပ်နေတာ မဟုတ်တော့ အိမ်ပြန်ရင် ဘာမှမခံစားရပါဘူး။ အတန်းပြီးတော့ ပြီးတယ်ပေါ့။ အဲ... စာမေးပွဲတို့ ဘာတို့ ရှိရင်တော့ ဒီနေ့ဘာလုပ်မယ် နောက်နေ့ဘာလုပ်မယ် စိတ်ထဲမှာ Plan ဆွဲနေတတ်တယ်။ ဒီလောက်ပါပဲ။ အင်း.. ဒီလိုနဲ့ ည၁၀နာရီခွဲလောက် အိမ်ပြန်ရောက်တော့ ဘာအရင်စလုပ်လဲဆိုတော့ မျက်လုံးအရင်လဲပါတယ်။ မျက်ကပ်မှန်ချွတ်တာကို ပြောတာပါ ဟီး။
မျက်နှာသစ် သွားတိုက် အိမ်နေရင်း အကျီလဲပြီး အိပ်တယ်မထင်ပါနဲ့။ ကွန်ပျူတာဖွင့်ပါတယ်။ ပြီးရင် ဒီလိုပုံဖြစ်သွားပါတယ်။
ဆံပင်ကလည်း ရှုပ်ပွ.. ပုံစံကလည်း အဖွားကြီးပုံနဲ့ >.<
များသောအားဖြင့် အဲ့အချိန် ဘလော့ရေးတတ်ပါတယ်။ ဇီးကွက်ကန်ဒီတယောက် တော်ရုံနဲ့ မအိပ်ပါဘူး။ ၂နာရီခွဲ ၃နာရီလောက်မှ အိပ်တတ်ပါတယ်။ ညမအိပ်ခင် ဘာမှမသောက်ပါဘူး။ စားလည်း မစားပါဘူး။ ညအိပ်ယာဝင်ဝင်ချင်းအချိန် တွေးတာက မနက် ၈နာရီခွဲထမယ် ဆိုတာပါ။ တကယ်ထတာ မထတာ အပထား။ အဲ့လိုစိတ်နဲ့ အမြဲအိပ်ပါတယ်။ ဘာအကျင့်မှန်းကို မသိတာပါ။ စာမေးပွဲတို့ ဘာတို့ အဲလိုမျိုးရှိရင်တော့ ထတယ်။ နှိုးစက်တောင် မလိုဘူး။ သူ့ဟာသူ နိုးနေတာ။ အိပ်မပျော်တာတွေ ဘာတွေ မရှိပါဘူး။ ည ၁၂နာရီတို့ ၁နာရီတို့ အဲ့လိုအချိန်အိပ်ရင်တော့ အိပ်မပျော်ဘူး။ အိပ်မပျော်ရင် ဟိုလိမ့် ဒီလိမ့် ကုတင်ပေါ်လိမ့်နေပါတယ်။ ကန်ဒီ့ပုံမှန်အိပ်ချိန် ၂နာရီခွဲ ၃နာရီအိပ်ရင်တော့ ခေါင်းချတာနဲ့ အိပ်ပျော်တယ်။
တခြားမေးခွန်းလေးတွေ ဆက်ဖြေရရင်......
♥ အရမ်းစိတ်ဓာတ်ကျတဲ့အခါမျိုးဆို အိမ်သာထဲ သွားငိုပါတယ်။ တခါတလေ အေးအေးဆေးဆေးတနေရာမှာ သွားထိုင်ပါတယ်။ စိတ်ပင်ပန်းတဲ့အခါမျိုးဆိုရင်တော့ အပြင်သွားပါတယ်။ Window Shopping ဖြစ်ဖြစ်.. ကိုယ်စားချင်တဲ့ မုန့်တွေဖြစ်ဖြစ် ၀ယ်စားပါတယ်။ ကန်ဒီဝါသနာပါတာလေးတွေ လုပ်ပါတယ်။
♥ အပြင်သွားတဲ့အခါ ဖုန်း၊ ကင်မရာ၊ သော့နဲ့ ကတ်မျိုးစုံထည့်ထားတဲ့အိတ်လေးကို သတိထားယူပါတယ်။ ကျောင်းသွားရင်တော့ ကင်မရာမယူပါဘူး။
♥ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူကတော့ မာမီ မေမေ ပါ။ ကန်ဒီစာထဲမှာရေးရင်သာ "အမေ"လို့နာမ်စားသုံးလေ့ရှိပေမယ့် တကယ့်တကယ် ကန်ဒီ့အမေကို "မာမီ"လို့ ခေါ်တာပါ။ အဲ့လိုခေါ်ရတာကို ကန်ဒီမကြိုက်ဘူး။ ဘိုလိုလို ဘာလိုလိုနဲ့။ ငယ်ငယ်တည်းက အဲ့လိုသင်ပေးထားတော့ နှုတ်ကကျိုးနေပြီ။ ကန်ဒီခေါ်ချင်တာက "မေမေ"ပါ :D

♥ သူစိမ်းတွေထဲမှာ အယုံကြည်ရဆုံး... ကန်ဒီ့ကို နားလည်ခွင့်လွှတ် အလိုလိုက်ဆုံးသူကတော့ ပြောစရာမလိုပါဘူး။ ချစ်သူပေါ့။ သူ့အကြောင်း ကန်ဒီ သိပ်မရေးဘူးနော်။ ကိုယ်တိုင်ကလည်း ဖွဲ့နွဲ့မနေတတ်လို့ပါ။ ကြုံရင်တော့ သူ့အကြောင်းပိုစ့်လေးတစ်ပုဒ် ရေးဦးမယ်။

♥ ကန်ဒီ့ အခင်ဆုံးသူငယ်ချင်းတွေကတော့ သူတို့ပါ။ ငါးတန်းနှစ်ထဲက ခုချိန်ထိ တူတူကြီးလာတာပေါ့။ ခုတော့ ♫♪တယောက်တနယ်ဆီမှာနေ ပိတောက်နဲ့ ချယ်ရီပမာလေ♫♪ (သီချင်းစာသားက မှန်ရဲ့လားတောင် သိဘူး :P) အဲ့လိုဖြစ်နေကြပါတယ်။ တယောက်က ရန်ကုန်မှာ.. တယောက်က UK မှာ.. ကန်ဒီက စင်္ကာပူမှာ။ သူတို့နဲ့ကတော့ အတွင်းသိ အဆင်းသိ မကောင်းတာတွေလည်း သိ :P

လွန်ခဲ့သော တစ်နှစ်ခွဲလောက်ကပုံ...
♥ ကန်ဒီ အကြိုက်ဆုံးပစ္စည်းလေးက အဲ့သူခိုးလေးပါ။ ကန်ဒီတို့ ချစ်သူမဖြစ်ခင်က သူပေးထားတာလေးပေါ့။ ရန်ကုန်မှာ ကျန်ခဲ့ရှာတယ် :(
ရန်ကုန်အိမ်က ကန်ဒီ့အခန်းလေး.. လွမ်းတယ်
♥ လက်ဆောင်ရတဲ့ပစ္စည်းလေးတွေအားလုံးကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် Handmade လေးတွေ.. ကန်ဒီ့အကြိုက်ကိုသိပြီး ပေးတာလေးတွေဆို ပိုပြီး သဘောကျတယ်။ တန်ဖိုးမကြီးချင်နေ။ သူ့စေတနာကို မြင်နိုင်တယ်လေ။ ကန်ဒီကိုယ်တိုင်လည်း ဖြစ်နိုင်ရင် အဲ့လိုမျိုးလေးတွေ ကြိုးစားပေးဖြစ်တယ်။ ကိုယ်လက်ဆောင်ပေးမယ့်လူ ဘာကြိုက်တတ်လဲ.. ခုသူဘာလိုအပ်နေလဲပေါ့။ အဲ့လိုမသိရင်လည်း သူအသုံးဝင်မယ့် ပစ္စည်းမျိုး ဒါမှမဟုတ် ကိုယ်တိုင်လုပ်တဲ့ Handmade လေးတွေ ပေးဖြစ်တယ်။
♥ ခုလောလောဆယ် အဖြစ်ချင်ဆုံးဆန္ဒကတော့ ခရီးသွားချင်နေတာပါ။ ကန်ဒီမရောက်ဖူးတဲ့ တနေရာရာကို အလည်သွားချင်နေတယ်။
♥ ခုလောလောဆယ် အဖြစ်ချင်ဆုံးဆန္ဒကတော့ ခရီးသွားချင်နေတာပါ။ ကန်ဒီမရောက်ဖူးတဲ့ တနေရာရာကို အလည်သွားချင်နေတယ်။
မမပစ်ပစ်က အားလုံးနီးပါးတက်ဂ်ပြီးသားဖြစ်လို့ ထပ်မတက်ဂ်တော့ဘူးနော်။ ရေးချင်သူများ ရှိရင် တက်ဂ်တယ်လို့ သဘောထားပြီး ရေးပါ။ တရားမစွဲပါဘူး xD xD
အားလုံးပဲ ပျော်စရာ Weekend ဖြစ်ပါစေရှင်....
မှတ်ချက် - စမူဆာပုံသည် Googleမှ ယူထားပါသည် :)
မှတ်ချက် - စမူဆာပုံသည် Googleမှ ယူထားပါသည် :)

36 comments:
ခုပဲပြောတော့မလို့
ဓာတ်ပုံတင်ပါ့လားလို့း)
အေးချမ်းပျော်ရွှင်ဖို့ကောင်းတဲ့
တစ်နေ့တာလေးပါပဲ
ကန်ဒီလေးရေ.. :P
နှစ်ကိုယ်တူ.မြန်မြန်နီးပါစေနော်း)
ချစ်ခင်လျှက်
ကန်ဒီပြတဲ့အရုပ်ကလေးက ငယ်ငယ်တုန်းက ပုံမှန်ကြည့်ခဲ့တဲ့ Dexter the laboratory ကာတွန်းကားပေါ့။ သူ့ဆီမှာ ညီမတစ်ယောက်လည်းရှိသေးတယ်။ Dee Dee တဲ့။ ချစ်ချစ်နဲ့ အမြန်ဆုံးနီးနိုင်ပါစေရှင်။ :)
ဆမူဆာလေးက စားချင်စရာလေး ဟိ
ကျေးဇူးပါ အမျိုးတွေပါ တွေ့ဖူးသွားတာပေါ့ ညီမလေးရယ်
မနက်စောစော ကော်ဖီအေးအေး (အပူမသောက်တတ်ပါ) တခွက်မသောက်ရရင် စားမ၀င် အိပ်မပျော်ဖြစ်တတ်ပါတယ်။ ... ညီမလေးထတဲ. အချိန်မစောတော.ဘူးလေ... ဟဲဟဲ
ဟီးဟီး... ဟုတ်သား :P :P
ကန်ဒီရဲ့တနေ့တာကိုလာဖတ်သွားပါတယ် ဓါတ်ပုံလေးတွေနဲ့ ဝေေ၀ဆာဆာလေးကောင်းတယ်...။ အရုပ်ကလေးချစ်ဖို့ကောင်းတယ်...။ ပန်းရောင်လေးတွေလှတယ်...။
စိတ်တူကိုယ်တူချစ်ရသူနဲ့
အမြဲလက်တွဲနိုင်ပါစေ
တနေ့တာ လာဖတ်သွားပါတယ်။ မမကန်ဒီဘလော့အသစ်တင်လားတင်လားဆိုပြီး နေ့တိုင်းဝင်ဝင်ကြည့်နေတာ ဒီနေ့မှပဲတင်တော့တယ်။ စာလေးက ဖတ်လို့ကောင်းတယ်နော်။ ချစ်တဲ့သူနဲ့မြန်မြန်နီးပါစေ ညီမကိုလဲ ပြန်ဆုတောင်းပေး ဟေးဟေး <3.
ကြားဖူးတာကတော့ ဒန့်ဒလွန်သီး၊ ကက္ကူရံခြောက် ချိုချို ချက်...ချဉ်ချဉ်ချက် ဆိုလား
ကုလားသီချင်းလိုလို ဘာလိုလိုလေ...
=P
စမူစာတွေကြည့်ပြီးစားချင်သွားတယ်...ဒီကောင်မလေး
ဘယ်ကဝယ်ပါလိမ့်စဉ်းစားနေတာ...၊လက်စသတ်တော့
ဦးဂူးဂဲဆီကကိုးးးး:)))
ညိမရဲ့တနေ့တာလေးကိုဖတ်ခဲ့ပါတယ်
စမူဆာလေးစားချင်လိုက်တာ
အားလုံးက ဒီစမူဆာကို မဲနေကြပါလား :P
အင်း.. ဟုတ်သားပဲ ဒန့်ဒလွန်သီးက ငါးခြောက်နဲ့ ချက်တာထင်တယ်။ ဘာလို့ ငါးခူကို သွားတွေးလည်း မသိဘူး >.<
ကိုယ်ကြိုက်တာတောင် ဘာနဲ့ချက်မှန်းသိဘူး။ ငါးပါတာတော့ သေချာတယ် :P :P
တော်တော်စုံတယ်
အားပါး... ငါ့ညီမ တယ်တော်ပါလား စာနဲ့ ပုံနဲ့ ကို သေချာလေး ရှင်းပြထားတာဘဲ... ညီမတော်တို့ တော်ချက်များ...
အားပေးဖတ်ရှုသွားပါတယ်
ဖတ်လို့တော့ပြီးသေးဘူး..မောနေပြီ
ရေတိုက်အုံး..နော်:P
ပျော်ရွှင်ပါစေ..ဗျာ
..................အာကာမိုးနိုင်
တနေ့တာအကြောင်လေးလာဖတ်သွားတယ်.
တစ်နေ့တာပို့စ်လေးလာဖတ်သွားတယ်မချိုချဥင်္ခင်ဗျာ့
ဒန့်သလွန်သီးနဲ့ငါးနဲ့ချက်တာသားလဲအရမ်းကြိုက်တယ်ဗျို့..
စမူဆာလိုရူပါနဲ့ တွတ်တွတ်ကလဲ တနေ့တာအစီအစဉ်ထဲ ခုလို လာမန့်ရတာလဲ..ပါတယ်နော်....:P
ကန်ဒီက မာမီနဲ့ တူလို့ ချောတာကိုးးးး :):)
ခရီးထွက်ဖြစ်ရင် ဓါတ်ပုံတွေ များများရိုက်ခဲ့နော် ..
ရိုးစင်းတဲ့ တစ်နေ့တာ တဂ်ပို့စ်လေးကလည်း ကန်ဒီလိုပဲ ချစ်ဖို့ ကောင်းပ :D
ဖွာလေးအန်တီ..အဲမှားလို့ မမကန်ဒီ..လှတယ်နော် ဘေမှထိုင်တဲ့ ဘူလေးတွေလဲ..ဟဲဟဲ
ရေးပေးလို့ကျေးဇူးပါညီမရေ..
ညီမလေး....
တစ်နေ့တာ တဂ်ပို့စ်လေးကိုဖတ်ပြီးတော့
ပြန်သုံးသပ်မိသွားတာ သြော် ပျင်တာတွေအကုန် ငါနဲ့တူပါလားးးးpp။
ပုံတွေ၊စာတွေနဲ့ တစ်နေ့တာလေးက ချိုမြိန်နေလိုက်ပုံများ အားတောင်ကျမိပါရဲ့.. :P :P
မျက်ကပ်မှန်လေးနဲ့ဆိုတော့ စာတော်တော် ကြိုးစားခဲ့လို့နဲ့ တူတယ်။ ညဘက် မီးမဖွင့်ဘဲ ကွန်ပျူတာ မကြည့်နဲ့။ မျက်စိတွေ ပိုေ၀၀ါးသွားတတ်တယ်။
ပြောစကားနားထောင်။ နားမထောင်ရင် စီဘောက်မှာ ဗုံးနဲ့ ထုမယ်။း)
ကန်ဒီ pink lady..
စမူဆာ...စမူဆာ...
ငပေါမလေးအတိုင်းပဲ ထောင့်ကိုမကျိုးတာ...း)))
လစ်မှ လက်နက်ကြီးနဲ့မထုခင်...
အိပ်ရာထတာကိုရေးထားတာဖတ်ပြီးပြုံးမိပါတယ်။ နောက်တစ်ခုက အမေကို မာမီလို့ မခေါ်ချင်ဘဲ မေမေလို့ခေါ်ချင်တယ်ဆိုတာလေးကို သဘောကျမိတယ်။ ကျွန်တော့်အဘွားမဆုံးခင်က ပြောဖူးပါတယ်။ ကျွန်တော်တို့က တစ်ခါတစ်ခါ အဖေ့ကို ကွယ်ရာမှာ ဖားသားကြီးလို့ ခေါ်ဖူးတော့အဘွားကကြားသွားပြီး မိဘဆိုတာမသေခင်ဘဲ အဖေ၊ အမေခေါ်ရတာ။ ဘယ်လောက်စီးစီးပိုင်ပိုင်ရှိသလဲတဲ့။ အဓိပ္ပါယ်လည်းအပြည့်ရှိတယ်တဲ့။ ဒါနဲ့တစ်သက်လုံးမခေါ်ဖြစ်တော့ပါဘူး။ ဒီနေ့အထိအဖေ၊ အမေပဲ ခေါ်ဖြစ်ခဲ့တော့တယ်။ ချစ်သူနဲ့ပျော်ရွှင်စွာလက်တွဲနိုင်ပါစေလို့ နှစ်သစ်မှာဆုမွန်ခြွေပါတယ်။ ပျော်ရွှင်ပါစေ။ လင့်ချိတ်ထားလိုက်ပါတယ်။ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။
ညီမလေးကအမေတူသမီးနော်
တစ်နေ့တာလေးတွေနဲ့ အမြဲပျော်ရွှင်ပါစေချစ်သူနဲ့လက်တွဲနိုင်ပါစေ
အကိုကအလုပ်များတယ်ညီမငယ်ရေ
စမူဆာ၊ ဒံပေါက်း(
ညီမလေးရဲ့ တစ်နေ့တာမှာ ချစ်စရာလေးတွေအများကြီးပါနေတယ်း))
ကန်ဒီတို့ နှစ်ယောက်က တော်တော်လိုက်တယ် ..
မျက်နှာလေးတွေလည်း ဆင်ကြတယ် ..
btw,လင့်လေးချိတ်ထားတယ် .. ခွင့်ပြုပါအုန်းနော် :)))
စမူဆာ
ကန်ဒီ့ Versionနဲ့ရေးထားတာကို 8Yar Version နဲ့ဖတ်သွားတယ်။ မနက် 10:00 မှထတယ်။ ဟင့်! :( မနာလိုဘူး။ အိမ်သာထဲ သွားငိုတယ်?? အေးပေါ့နော် အဲဒီမှာပဲ တစ်သျှူးက အလကားရတာ မဟုတ်လား။ :P ဟွန့်... စမူဆာကြော်ကျွေးခိုင်းမလားလို့ ပုံက google ကယူထားတာတဲ့ သက်သက် လူလည်ကျတာ။ စမူဆစမကြော်တတ်ရင် ကော်ပြန့်ကြော်ကျွေး ဒါဗြဲ.... :P
တစ်နေ့တာလုပ်ငန်းတွေက တော်တော် စုံတယ်နော်...အမြန်ဆုံးနီးပါစေ...
လာလည်တွားတယ်..။ ကောင်းမှကောင်း
လင့်ချိတ်ဖို့ယူတွားပီသယ်ရင်းရေ.
တကယ်ကို ပျော်ရွှင်ကြည်နူးစရာကောင်းတယ်။
(ပန်းရောင်ခွက်ကလေးကိုလည်း အရမ်းချစ်သွားတယ်။)
မိုးရွာပြီးစ ပေါ်နေတဲ့ သက်တန့်ကြီးကို မြင်မိသလို စရေးကောင်းတာကို ငေးမောကြည့်သွားပါတယ် ခင်ဗျား.. အခုခေတ်ကောင်မလေးတွေ တစ်ခုခုဆို အတတ်မြန်တာကတော့ မပြောချင်တော့ပါဘူး မပြောချင်တော့ပါဘူးလို့ ပြောချင်စရာတောင် ဖြစ်နေပြီ.. :)
Post a Comment