ဟိုနေ့က ရေးသမျှကို လစ်လျူရှုလိုက်နော် ဟီးဟီး :P လူက၀မ်းနည်းရင် စိတ်မကောင်းဖြစ်ရင် အဲ့လိုပဲ ထ ထ ရေးတတ်တယ်။ ဘာမှ စိတ်ပူမနေနဲ့တော့နော်။ အလှူနေ့လေးအကြောင်း ပြောပြမယ်။
24th Jan 2012 (Tuesday)
အလှူ
အလှူ
► မနက် ၆နာရီလောက်..
အိပ်မှုံစုံမွှားထပြီး မျက်နှာသစ်တယ်။ ပြီးတော့ အရွက်ကြော်ဖို့ အဆင်သင့်ဖြစ်အောင် ပန်းဂေါ်ဖီ၊ ရိုးရိုးဂေါ်ဖီ၊ ကန်စွန်းရွက်၊ မှို .... အဲ့ဒါတွေ ပြင်ပါတယ်။ လက်ဖက်နှပ်ထားတာ ချဉ်နေတယ်ဆိုလို့ ပုဇွန်ခြောက်နဲ့ ငရုတ်သီး ထောင်းပြီး ရောပါတယ်။ ထမင်းပွဲက အိပ်ခန်းထဲမှာ ပြင်မှာမို့လို့ ကုတင်တွေ ခဏ အိမ်ပြင်ပို့တယ်။ အဲ့ဒါတွေက သူငယ်ချင်းတွေနဲ့ ကန်ဒီ့ညီမလုပ်တယ်။ ကန်ဒီက မီးဖိုမှာပဲ ကူတယ်။ ကန်ဒီ့ကိုတောင် သူတို့နာမည်ပေးလိုက်သေးတယ်။ Chicken Helper တဲ့ :P (Kitchen Helper မှဆင်းသက်သည်)။
အိပ်မှုံစုံမွှားထပြီး မျက်နှာသစ်တယ်။ ပြီးတော့ အရွက်ကြော်ဖို့ အဆင်သင့်ဖြစ်အောင် ပန်းဂေါ်ဖီ၊ ရိုးရိုးဂေါ်ဖီ၊ ကန်စွန်းရွက်၊ မှို .... အဲ့ဒါတွေ ပြင်ပါတယ်။ လက်ဖက်နှပ်ထားတာ ချဉ်နေတယ်ဆိုလို့ ပုဇွန်ခြောက်နဲ့ ငရုတ်သီး ထောင်းပြီး ရောပါတယ်။ ထမင်းပွဲက အိပ်ခန်းထဲမှာ ပြင်မှာမို့လို့ ကုတင်တွေ ခဏ အိမ်ပြင်ပို့တယ်။ အဲ့ဒါတွေက သူငယ်ချင်းတွေနဲ့ ကန်ဒီ့ညီမလုပ်တယ်။ ကန်ဒီက မီးဖိုမှာပဲ ကူတယ်။ ကန်ဒီ့ကိုတောင် သူတို့နာမည်ပေးလိုက်သေးတယ်။ Chicken Helper တဲ့ :P (Kitchen Helper မှဆင်းသက်သည်)။
မနက်စာ ဆီထမင်းနဲ့ ကော်ဖီ
► ၉နာရီခွဲကျော်ကျော်လောက်...
အားလုံးပြီးတော့ ရေမိုးချိုးပြီး ဘုန်းဘုန်းတွေမကြွခင် လိုအပ်တာတွေပြင်ဆင်ပြီး စောင့်နေတာပေါ့။
အားလုံးပြီးတော့ ရေမိုးချိုးပြီး ဘုန်းဘုန်းတွေမကြွခင် လိုအပ်တာတွေပြင်ဆင်ပြီး စောင့်နေတာပေါ့။
► ၁၀နာရီခွဲပြီး နောက်ပိုင်း..
ဘုန်ဘုန်းတွေကြွတော့ တရားအရင်နာတယ်။ တရားနာပြီးတော့ ဘုန်းဘုန်းတွေ ဆွမ်းစားနေတုန်း အချိုပွဲ အသီးလှီးတယ်။ ပြီးတော့ လူတွေစားဖို့ပြင်ပေါ့။ အားလုံးပြီးတော့ ကန်ဒီတို့စားတယ်လေ :D :D :D
အလုပ်တွေရှုပ်နေတုန်း အပြင်မှာခဏထားထားတဲ့ ကုတင်ကြီးကို သူများက ပစ်ထားတယ်ထင်ပြီး မ သွားလို့ ပြန်သွားတောင်းရသေးတယ်။ ပြီးတော့ အဲ့ဒါတွေသူ့နေရာနဲ့သူပြန်ထည့်။ ကော်ဇောတွေသိမ်း။ အိုးတွေလှယ် ပန်းကန်တွေဆေး။ မီးဖိုချောင်သန့်ရှင်းရေးလုပ်။ တံမြက်စည်းလှည်း။ ကြမ်းတော့ မတိုက်နိုင်တော့ဘူး (မောလို့ :P)။ အားလုံးပြီးတော့ ၄နာရီလောက်။
ဘုန်းဘုန်းတွေ အချိုပွဲ ဘုန်းပေးနေတုန်းပဲ အားတယ်။ အဲ့အချိန်လေး မြန်မြန် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်လိုက်သေးတယ် :P
ဆံပင်က ပွနေတယ်.. ထိုင်နေပုံကလည်း မိန်းကလေး ပီပီသသပဲ ဟီးဟီး
ကောလင်းသားလေး ဦးကျောက်ပိနှင့် :P
ဦးကျောက်ပိဆိုတာ သူ့နာမည်ပြောင်ပါ။ ဒီပိုစ့်က ပုံ အားလုံးနီးပါး သူရိုက်ပေးတာလေ။ ကန်ဒီ မအားလို့ သူ့ကို ကင်မရာပေးထားတာ။ နောက်ပြီး ကန်ဒီ့ဘလော့မှာပြောပြလေ့ရှိတဲ့ ဟင်းချက်နည်း တော်တော်များများကလည်း သူ့ဆီက မေးတာပါ ဟီးဟီး
သူ့ကိုတော့ အားလုံးသိပါတယ် :D
အားလုံး အားလုံးပြီးတော့ ကိုယ့်ဟာကိုယ် ဒီလို ဒီလို ရိုက်တယ် :D
21st Jan 2012 (Saturday)
နှစ်ကူး Dinner
စနေနေ့က ကိုကြီးတို့လင်မယားရယ်.. ကိုလေးရယ်.. ကန်ဒီတို့ညီအစ်မနှစ်ယောက်ရယ် Kallangမှာ ညစာသွားစားကြတယ်။ နှစ်ကူးလည်းဖြစ်တော့ မောင်နှမတွေ ဆုံတဲ့သဘောပါပဲ။ ကန်ဒီတို့က တရုတ်နည်းနည်းလေး စပ်တယ်။ အမေဘက်က အဘွားက တရုတ်လေ။ ရန်ကုန်မှာဆိုရင်တော့ နှစ်ကူးဆို အိမ်မှာ ကန်တော့လေ့ရှိတယ်။
Kallang မှာ နာမည်ကြီးတာ (၃)ခုရှိတယ်။ ဖားသားဆန်ပြုတ်ရယ်... ဒူးရင်းသီးရယ်.. နောက်တခုကတော့ အားလုံးသိပါတယ် ဟဲဟဲ မိန်းမပေါ့။ ကန်ဒီက အစက ဖားသားဆန်ပြုတ်ကျွေးမယ်ဆိုတာ မသိဘူး။ ဟိုရောက်တော့မှ ဘာသားလဲဆိုတော့။ ဖားသားတဲ့ >.< အဲ့လိုထူးဆန်းတာတွေဆို ကြောက်လို့ မစားတတ်ပါဘူးဆိုမှ ဖားသားကျွေးတယ်။ အဲ့ဒါနဲ့ မစားရဲတော့ မစားဘူးပေါ့။ ဖားသားတောင် ကိုယ်မစားတော့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ ထုံးစံအတိုင်း အရွက်ရယ်.. ပုဇွန်ရယ်ပဲ စားတယ်။ ငါးလိပ်ကျောက်လည်း စားသေးတယ် :D အဲ့နားမှာ စားစရာတွေ တော်တော်ပေါတယ်။
အဲ့လို အိုးလေးတွေနဲ့..
ငါးလိပ်ကျောက်.. ကောင်း၏ :D
ကန်ဒီလည်း လိပ်စာတော့ အတိအကျ မသိဘူး။ မဖြူ (ကိုကြီးရဲ့ ဇနီး) ပို့ပေးတဲ့ sms ထဲကလိပ်စာကို သွားစားချင်တဲ့လူတွေ အဆင်ပြေအောင် ပြန်ကူးပေးလိုက်မယ်နော် :P :D
Frog Porridge Restaurant
At the corner of Geylang Road and Lor 9 (Between Kallang and Aljunied Mrt)
Frog Porridge Restaurant
At the corner of Geylang Road and Lor 9 (Between Kallang and Aljunied Mrt)
အားလုံးပဲ ပျော်ရွှင်ပါစေ ^_^
သူငယ်ချင်းပုံတွေက သူတို့ခွင့်ပြုလို့ တင်တာပါ :D
23 comments:
ဖားဆန်ပြုတ်စားသောက်ဆိုင် :P
သာဓုဗျာသာဓု.. ကျွန်တော်တို့လို ဘုန်းကြီးမရှိ
တဲ့အရပ်ရောက်နေသူ တွေအားကျစရာပါ..။
အစ်မကလည်း မျိုးမျိုးပဲ..း)
ဖားသားတော့စားတယ်....ဆန်ပြုတ်တော့ ကြိုက်ဝူးဟ..။
အင်း...အလှူထမင်းဝိုင်းကြီးကတော့ဟာ......သရေကျ
ချင်စရာ.....:)))
မြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးနဲ့
ဒီညီအစ်မနှစ်ယောက်ချစ်စရာလေးတွေပါလားး)
ဖားသားမစားနဲ့ကန်ဒီ
မားသားကပိုကောင်းတယ်း)
ငါးလိပ်ကျောက်တော့မစားဖူးဘူး
ကောင်းတယ်ညွှန်းတော့.စားချင်လာပြီ :P
အလှူလှူရတဲ့အကျိုးကြောင့်ရော
chicken helperလုပ်ရတဲ့
အကျိုးအားကြောင့်ပါ
သက်ရှည်ကျန်းမာပါစေကွယ်း)
ခင်မင်လျှက်
မြန်မာဝတ်စုံလေးနဲ့ လှနေကြပါလား
သာဓုခေါ်ရင်ပီတိဖြစ်သွားပါတယ်
ချိုလေးရေ
အခုလိုလှူလိုက်ရသော အကျိုးအားကြောင့် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ(ဘုန်းကြီး လေသံနှင့်ဆုပေးသည်..)သာဓု...3ခါခေါ်ရင်း ပီတိတွေ ဖြာနေပါကြောင်း...CANDY
ဖားဆန်ပြုတ်ကို ညီမတွေပြောပြတာကြားဖူးနေပေမယ့် ခုမှမြင်ဖူးတာ....။ ကောင်မလေး ဟိုနေ့ကတော့ ပေါက်ကွဲပြီး ခုတော့သူမဟုတ်တဲ့အတိုင်းပဲ...။ ကဲ အမောပြေ ကိုယ့်အိမ်မှာ ကဗျာလာဖတ်လှည့်....။
ဦးဟန်ကြည်တို့လည်း တရုတ်စပ်တယ်...( စပ်သမှ လျှာတွေတောင် ပူလို့း)
တစ်ခုပဲ ရှိတယ်...တရုတ်ငချိပ်ဆိုတော့ အသားက ချောကလက်ရောင်ဘက်ကို တူလုနီးပါး နည်းနည်းရောက်တာပဲ ကွာပေသပေါ့...
အလှူမှာ ၀ိုင်းပြီးရှုပ်ပေးတော့ သဟတ္ထိကဒါန မြောက်ပေသပေါ့ကွယ်...အဲဒီအတွက် သာဓုခေါ်ပါရဲ့...ဖားသားဆန်ပြုပ်ကို မားသားကြီးနဲ့ သွားသောက်လိုက်ရရင် ဘယ်လောက်များ ကမောက်ကမ နိုင်လိမ့်မလဲ စဉ်းစားမိပါရဲ့း)
ရေခြားမြေခြားမှာအလှူလုပ်ရတာမွန်မြတ်တယ်ကျွန်တော်ထင်တယ်မကန်ဒီ
သာဓု.သာဓု.သာဓု ......ပါဗျာ
မ သွားတဲ့ ကုတင်ကြီးကို ပြန်လိုက်တောင်းတော့ မ သွားတဲ့သူတွေက ဘာပြောလဲ မသိဘူး။း)
မနက်စောစောစီးစီး လာဖတ်ပြီး ပုံတွေကြည့်လို့  ဗိုက်တောင်ဆာသွားပြီ... တစ်ခုခု ချက်စားလိုက်ဦးမယ်...
အလှူက ကန်ဒီတို့လှူတာလား အိမ်ရှင်လှူတာလား? ရှုပ်သွားလို့... ပြီးတော့ living room မှာမဟုတ်ပဲ ဘာလို့ အိပ်ခန်းထဲမှာ ကျွေးတာလဲဟင်....
ကုတင်ကြီးကိုပြန်လိုက်တောင်းဖို့ ဘယ်သူမသွားလဲ ဘယ်လိုသိလဲ? မနေတုန်းတွေ့လို့ပြောလိုက်တာလား...?
ငါးဆိုမကြိုက်ဘူး... ဒါပေမဲ့ ငါးလိပ်ကျောက်တော့ ကြက်သွန် ငရုပ်သီးနိုင်နိုင်နဲ့ ချက်တဲ့ မလေးBBQ စတိုင်ဆိုကြိုက်တယ်... ဆန်ပြုတ်တော့မကြိုက်ဘူး...
ညီအစ်မ ၂ယောက်လုံး ခရမ်းရောက်ကြိုက်တယ်ထင်တယ်... ၂ယောက်လုံး လှတယ်... မတိမ်းမယိမ်းလေးတွေဆိုတော့ အဖော်ရတာပေါ့...
ညီအမနှစ်ယောက်လုံးချစ်စရာလေး။
ဝတ်ထားတဲ့အရောင်လေးတွေကလည်း ကိုယ့်အကြိုက်အရောင်လေးတွေ။
ဖားသားတော့ဘာလို့ မှန်းကိုမသိ မစားရဲဘူး။
အလှူနေ့ ကတော်တော်မောသွားမှာဘဲနော်။
အော်...လင့်လေးယူသွားခွင့်ပြုပါနော်။
အိုင်အိုရာ
@မဗေဒါ... ညီမတို့ လှူတာမဟုတ်ဘူးလေ.. အဲ့လိုမလှူနိုင်သေးပါဘူး.. အိမ်ရှင်လှူတာပေါ့.. ညီမတို့က ၀ိုင်းကူရုံပဲ :D
ကုတင်ကြီးက မ နေတုန်းတွေ့လို့ ပြန်လိုက်တောင်းရတာ ဟီး အောက်ဆုံးထပ်တောင်ရောက်နေပြီ သူတို့ မသွားတာ
Living room မှာက တရားနာတယ်မမ.. အိပ်ခန်းထဲမှာက ထမင်းပွဲပြင်တယ်။ အိမ်ကျဉ်းလို့လေ :D
@မမအိုင်အိုရာ ဟီး ခွင့်တောင်းစရာလားမမရ :D
သာဓု သာဓု သာဓု
ညီမရေ လင့်လေးပြန်ချိတ်ပေးပါ့လား လင့်အဟောင်းကပျက်သွားလို့
http://lwinpyinhlaingngenge.blogspot.com/
ငါးလိပ်ကျောက်က Newton Circus ကကောင်းတယ်။ ဖားသားလည်းကြိုက်တယ်။ ဒါပေမယ့် မစားတာ တော်တော်ကြာပြီ။
ကုတင်ကြီးမသွားတယ်ဆိုတာကို တွေးပြီးရယ်မိနေတယ်။ အလှူကတော့ မြင်တာနဲ့တင်အားကျလိုက်တာ။ လူလုပ်သူတွေလည်း ကုသိုလ်တော်တော်ရမယ်။ အိပ်ရေးပျက်ရကြိုးနပ်မှာပါ။ ဖားသားတော့ ကြိုက်တယ်ဗျ။ စားကောင်းမှာပါ။
နှစ်ဦးမှာ အလှုထူးပေးသော ကန်ဒီတစ်ယောက် ကုသိုလ်တွေ အများကြီး ရပါစေဗျား... :P
မမ ဘုစု ခရုစုလေးတွေ ကြီးလာရင်လှုနော် ..ဒန်..ဒန်း..ဒံ
ကုသိုလ်လဲရ..၀မ်းလဲဝ..တာမို့...အမြဲမဟုတ်တောင်..မကြာမကြာခုလိုလေး..ဒါနလုပ်နိုင်ပါစေဗျာ...
ဟေ့ Chiken Helper ရေ ဖားသားဆိုလို့ ဘုန်းဘုန်းတို့ငယ်ငယ်က ဘုန်းဘုန်းရဲ့ အဖေနဲ့အစ်ကိုတွေက ဖားသားစားတာကို သွားသတိရတယ်။ ဘုန်းဘုန်းကတော့ မစားရဲပေါင်။ ကန်ဒီလိုပဲ ရိုးရိုးဆံပြုတ်လေးပဲ စားချင်တယ်။ (မှတ်ချက်။ ။ မနေ့ည စာမဖတ်လိုက်ရဘူး။ ကမန်းကတန်းနဲ့ ပုံတွေကြည့်ပြီး လှည့်ပြန်သွားခဲ့တယ် ကန်ဒီရေ)
ဖားသားတော့စားဖူးတယ်
ဖားသားဆန်ပြုတ်တော့မစားဘူးဖူး..
ဖားသားကကြက်သားလိုပါဘဲ
စားကောင်းပါတယ်
ငါးလိပ်ကျောက်တခါမှ မစားဖူးဘူး
ကန်ဒီတို့ညီအမကမြန်မာဝတ်စုံလေးနဲ့
ချစ်စရာလေး
သာဓု သာဓု သာဓု
မြန်မာဝတ်စုံလေးတွေနဲ့  လှတယ် ကန်ဒီရေ
Post a Comment