Sunday, January 29, 2012

Dream did come true!!!


ဟိုးးးးးး......... ရှေးရှေးတုန်းက "ခြင်္သေ့ကျွန်း"လို့ခေါ်တဲ့ မြို့သေးသေးလေးမှာနေတဲ့ ကောင်မလေး တယောက်ရှိတယ်တဲ့။ သူက ပန်းတွေကို အရမ်း အရမ်းချစ်ပြီး သူတို့မြို့လေးမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတယ် ပန်းပြပွဲကို အရမ်းသွားချင်ရှာသတဲ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်တော့ မသွားဖြစ်တော့ဘူးလို့ ထင်နေတဲ့အချိန်မှာ တန်ခိုးရှင်နှစ်ပါးက "ဘွားကနဲ" ပေါ်လာပါလေရောတဲ့။ အဲ့တန်ခိုးရှင်နှစ်ပါးက "ရောက်စေ"ဆိုပြီး နှုတ်ကရွတ်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးတယောက် ပန်းခင်းကြီးထဲ ပြုတ်ကျသွားလေသတည်းတဲ့ ဟိဟိဟိ :D



ကန်ဒီပြောဖူးတယ်နော်။ ဟို တန်ခိုးရှင်ကြီးနှစ်ပါး အဲလေ ကိုညိမ်းနိုင်နဲ့ ကိုညီရဲတို့ Sentosa သွားဖို့ ကန်ဒီ့ကိုခေါ်တယ် ဆိုတာလေ။ သူတို့က အလှူနေ့က သွားမလို့ကို မသွားဖြစ်လိုက်ဘူး။ နောက်နေ့ကျတော့ ကန်ဒီနဲ့ သူတို့နဲ့ နေ့လည်စာစားကြတယ်။ စားပြီးတော့ ဘယ်သွားမလဲ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အစီအစဉ်မရှိပါဘဲ Sentosa ရောက်သွားတယ်။ အဲ့မှာတင် ကန်ဒီတယောက် ပန်းခင်းကြီးထဲ ပြုတ်ကျသွားတယ်ဆိုပါတော့...

ဖုတ်... (ပြုတ်ကျသံ)


မတ်တပ်ပြုတ်ကျတာ :P

ဒီပိုစ့်ကတော့ ဓာတ်ပုံတွေချည်း အမုန်းတင်မှာ။ ပုံတွေကို ဘလော့လိပ်စာထည့်ထားတာက လွဲရင် ဘာမှမပြင်ထားဘူး။ ပန်းတွေနဲ့ ရှုခင်းတွေ သဘာဝအတိုင်း မြင်စေချင်လို့လေ။ သူများတွေတော့ မသိဘူး။ ကန်ဒီကတော့ ဓာတ်ပုံလေးတွေနဲ့ စာလေးတွေ တွဲဖတ်ရတာ အရမ်းသဘောကျတာ။ အင်.. စာဖတ်ပျင်းတာ ပေါ်ကုန်ပြီ ဟီး။ ဒါပေမယ့် မဖတ်ဘဲတော့ ဘယ်တော့မှ မမန့်ပါဘူး.. စိတ်ချ :D

ပန်းတွေနဲ့ ဝေ...

ပန်းတွေကို အဲ့လို ပန်းခင်းကြီးလို အပေါ်တည့်တည့်ကရိုက်တာ အကြောင်းရှိတယ်။
ကန်ဒီ့ဗွီဒီယိုတွေမှာ Title Background အဖြစ်သုံးချင်ရင် ရအောင်လို့။ အဲ့လို အမျှော်အမြင်ကြီးတာ :D


အနောက်က ခုံလေးမှာ ရိုက်မလို့။ သူများတွေ ရိုက်တာမစောင့်နိုင်လို့ ငုတ်တုတ်လေး ရိုက်လိုက်တယ်။ အဲ့လို စိတ်ကြီးတယ် :D အနောက်မှာ ကန်ဒီ့ထက် စိတ်ကြီးတဲ့လူ ရှိသေးတယ်။ ကင်မရာကြီးနဲ့ ပုရွတ်ဆိတ် နှုတ်ခမ်းမွှေးကို Zoomဆွဲ ရိုက်နေတာ ဟိဟိ :P

ခြင်္သေ့ကြီးအောက်မှာ နဂါးလေး။ ဒီနှစ် နဂါးနှစ်ကို ကိုယ်စားပြုတာလေ။ ပန်းနဲ့ အလှဆင်ထားတာ :D

Merlion ကြီးနဲ့...

Merlion လေးနဲ့...

ဟိုတယ်ထဲ ၀င်ရိုက်တာ။ အဲ့ဒါ အာဒံနဲ့ ဧ၀တဲ့။ ရိုမန်းတစ် မဆန်လိုက်တာ။
အာဒံနဲ့ ဧ၀ကို ၀တယ်လို့ ဘယ်သူပြောတုန်း >.<

ဒါဘယ်သူလို့ ထင်ပါသလဲ? ကိုညီရဲသစ်ပါ.. Black coffee လို့လဲ လူသိများတယ်။
သူက ဓာတ်ပုံရိုက်တဲ့ အချိန်ကလွဲပြီး ကျန်တဲ့အချိန်ဆို အမြဲရီပါတယ် :D

ခြေထောက်ညောင်းလို့ တွေ့ရာ လှေကားမှာ ထိုင်နေတာကို ကိုညိမ်းနိုင်ကြီး Snapshot လိုက်တာ။

ကိုညိမ်းနိုင်ရဲ့ ရိုက်ချက်။ ရေပန်းတွေနဲ့ :D

Beach ရောက်သွားပြီ။

အဲ့နေ့က အိမ်ပြန်ရောက်တော့ ခေါင်းတွေကိုက်ပြီး နေမကောင်းချင်သလိုလိုဖြစ်သွားတယ်။ ကန်ဒီတို့ သွားတဲ့အချိန်က နေ့လည်ကြီးလေ။ နေ တော်တော်ပူတာ။ ပုံထဲမှာသာ နေမပူဘူး ထင်ရတာ။ ကန်ဒီ အိမ်ပြန်ရောက်တော့ အန်တောင် အန်လိုက်သေးတယ်။ ဘာလို့လဲ မသိဘူး။ City Hall မှာ မနက်စာ ညစာ စားလိုက်တာ။ အစားမတည့်လို့လား မသိဘူး။ ဖျားပြီ ထင်တာ။ အန်ပြီးတော့ တော်တော်သက်သာသွားတယ်။ မဆီမဆိုင် ဘာတွေပြောမိနေမှန်း မသိဘူး =.=

ဓာတ်ပုံကြည့်ရတာ မောသွားပြီလား? :P
ပျော်ရွှင်စရာ Weekend လေး ဖြစ်ပါစေရှင် ^_^
Credit : ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)၊ ကိုညီရဲသစ်နှင့် Candy (ကန်ဒီရိုက်တဲ့ပုံတွေလည်း ပါတယ်လေ :P)

31 comments:

Aung Htut said...

ပန်းလေးတွေ အများကြီး လှမှလှ၊ ဒါနဲ့ပဲ ဆန်တိုစာမှာ သကြားလုံးသိုင်း ကျင့်ခဲ့တယ်ပေါ့လေ... :P

အောင်အောင် said...

ဓါတ်ပုံရိုတ်တာ ဝါသနာသိပ်မပါဘူးကွယ်..ငှဲ့ ငှဲ့ စလုံးတစ်ခွင်တော့ ရိုတ်စရာမကျန်တေ့ဘူး...!

jasmine(တောင်ကြီး) said...

သူများတွေအဲလိုသွားရင် အရမ်းကိုအားကျတယ်
တရုတ်နှစ်ကူးမှာသူငယ်ချင်းတွေနဲ့သွားလိုက်တာ
ချက်ချင်းနေမကောင်းဖြစ်သွားတယ်
ညီမလေးပုံတွေလဲလှတယ် ပန်းလေးတွေကလဲချစ်ဖို့ကောင်းတယ်
ညီရဲသစ်ကလဲ လူချော် အဲလေ လူချောပဲ
ကိုညိမ်းနိုင်ကြီးပုံမပါပါလား လူပျိုကြီးရှက်နေတယ်ထင်ပါရဲ့နော်

မေမြို့မိုး said...

သူများတွေလက်ပြတ်လေးနဲ့လည်လို့ကောင်း
တုန်း .. တားတို့ကတော့. အခန်းထဲက မထွက်
နိုင်ပေါင်ဗျာ..။အစ်မ အဝေးကြီးရှောက်မသွားနဲ့
နော် ..။တော်ကြာသကြားလုံးလေးပုရွက်ဆိတ်
တွေမသွားမယ်...။

₭Ǿ2 said...

သွားနိုင်သူတွေ သွားကြပေါ့ .. အဟင့် !!

ညိမ်းနိုင် said...

ပွက်ဆိတ်နှုတ်ခမ်းမွေးအရိုက်ကောင်းလို့ ပွက်ဆိတ်ကိုက်
တာခံလိုက်ရပါရောလား......:D

သမီးစံ said...

အေ..လှထာအေး))
စည်သူလွင်လည်းတွေ့တယ်
ဝတ်မှုံရွှေရည်လည်းတွေ့တယ်
ကိုညိမ်းနိုင်တော့.မတွေ့ဘူး :P

မဒမ်ကိုး said...

အဲဒါ နာတို့မပါလို့ ညေးတို့ နေမကောင်းဖစ်တာ
ဟိုလူဂျီးပုရွက်ကိုက်တာ ခုထိ မျက်စိဂျီးယောင်နေလို့ မျက်မှန်မချွတ်ရသေးဘူးး)

ချစ်စံအိမ် said...

လှနေကြပါတယ်ပန်းနဲ့အတူပေါ့
ပန်းတွေတောင်ရောင်မှိန်သွားသလာသိဘူး
ကိုရဲကလည်းစည်သူလွင်နဲ့တူသာပဲ
ဟီဟီ ဘာစားရမလို့ပါ ဗိုက်စားနေလို့ :D

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေကော လူလေးတွေကော လှတယ်

san htun said...

ပန်းရော၊ လူရော လှတယ် ကန်ဒီရေ...

ဘုန်းဘုန်းတောက် said...

သကြားလုံးလေးရေ ပန်းလေးတွေက လှမလှပဲ။ ရယ်စရာတွေလည်း ပြောတတ်တယ်နော်။ ပုရွက်ဆိတ်ရဲ့ နှုတ်ခမ်းမွေးကို Zoom ဆွဲပြီး ရိုက်တယ် ဟုတ်လား။ ဟား ဟား ဆိုပြီး ထပ်ရယ်လိုက်ဦးမယ်။ ဒါနဲ့ ညီရဲသစ်ကိုလည်း ပြောလိုက်ပါဦး မြင်ဖူးသွားပြီလို့...။

Ƹ̵̡Ӝ̵̨̄Ʒ အာကာမိုးနိုင်Ƹ̵̡Ӝ̵̨̄Ʒ said...

ပန်းတွေအရမ်းလှတယ်...လူတွေလည်းလှတယ်
မုန့်ကျွေး..ဟီးး

Angelhlaing(May everybody be happy and healthy! said...

ပန်းတွေနဲ့ အပြိုင် လှလို့ပါလား ကန်ဒီရေ..:):)
မင်းသားတွေနဲ့ တွဲလို့ ...:P
အကို ညိမ်းနိုင်ကရော....ဘယ်ကျန်ခဲ့တာပါလိမ့်..

Junemoe said...

အိုး...ပန်းတွေကလည်း လှ..လူကလည်း ချစ်ချာ.. :)
သဘောကျတယ်ဟေ့...

ခင်မင်လျက်
Junemoe

မောင်(စွယ်စုံကျမ်း) said...

ခုတစ်ခါကြည့်သွားတယ် နောက်တစ်ခါ ပြန်လာကြည့်အုံးမယ် ကောင်းရင် မကြာမကြာလာကြည့်မယ် အသွားဝင် အပြန်လည်းဝင်မယ်နော်..ဟဲဟဲ

ညီရဲ said...

သြော်... ညီမတော် ညီမတော်... အစ်ကိုတော်ကို ပွဲထုတ်ထားတာပေါ့... နောက်မှ ညီမတော် ပရိသတ်တွေက ခဲနဲ့ ထုနေပါဦးမယ်... ဓာတ်ပုံတွေ ပြန်ကြည့်တော့ တော်တော်လေးလှတယ်... ဒါပေမယ့် အဲဒီနေ့ ကတော့ တော်တော်လေးကို ပင်ပန်းခဲ့တယ်... တကယ်...

ပစ်ပစ် said...

ဟိုညက်မှန်အမည်းနဲ့လူကြီးက
ဖောက်ခွဲရုံတင်အားမရသေးဘူး
နှုတ်ခမ်းမွေးပါ လိုက်ဆွဲတယ်..
ုဟုတ်လား..
မဖြစ်ချေဘူး..
သူ့ကိုတော့ လက်ရမိအောင်
ဖမ်းမှကိုဖြစ်တော့မယ်


CIA မှဂျယ်ရီပစ်ပစ်

မောင်မောင် said...

မင်းသမီးလေး ဆိုပါလား---- ဟဲဟဲ။ ကန်ဒီ ငါပေးထားတဲ. နာမည် မှတ်မိတယ်နော် ။ ဘာလည်း ဆိုလားးးး

ကိုရင် said...

အာဒမ်နဲ့ ဧ၀ကလည်း မဲထှာအေ..
မျောက်ကလည်း အုန်းသီးရာထားတယ်.. အုန်းရေသောက်မဲ့လူကလည်း အဆင်သင့်..
ကောင်းထှာ :D

ကိုကိုမောင်(ပန်းရနံ့) said...

တကယ်လို့များ လူသားတွေဟာ အာဒံနဲ့ဧ၀က ဆင်းသက်ခဲ့တာ မှန်ရင် ဒီလို ပုံစံကြီးတွေ ဖြစ်နေမယ်ထင်တယ်။ တော်ပါသေးရဲ့ ဗြဟ္မာတွေက ဆင်းသက်လာခဲ့ရလို့။း)

Anonymous said...

အဲ့လိုလေး..အဲ့လိုလေးတွေ အရမ်းချစ်ဖို့ကောင်းတယ် ပန်းလေးတွေရော နတ်သမီးလေးရော အရမ်းလှတယ်
နတ်ရေကန်ထဲခုန်ဆင်းခဲ့ဖူးလားး)

ချစ်တဲ့ မမ camomilla

ဧဒင်အချစ်ပုံပြင် said...

ပုံတွေက မိုက်တယ်ဂျာ......

Anonymous said...

ပန်းတွေနဲ့ အလှချင်းပြိုင်...
အိုင်အိုရာ

မိုးဇက် said...

ဟေဟေ့ .........
အာဒံနှင့်အေဝကို ဘယ်သူလေထိုးသွားသလဲပဲသိချင်တယ် ၊ ပီးတော့ အသားကဘာဖြစ်လို့မဲသွားတာလဲ ......ဟင်


ဂီတ အနုပညာရှင်ကြီး
မိုးဇက် .....

925 said...

ဓါတ်ပုံစားတာလား....ကင်မရာကောင်းတာလား....နဂိုရှိလို နဂိုင်းထွက်တာလား....တစ်ခုခုတော့ တစ်ခုခုပဲ :D

ဘိုဖြူ said...

လှပတဲ့သဘာဝ ပန်းခင်းလေးတွေအတွက်ကျေးဇူးပါညီမရေ

ဟန်ကြည် said...

ကငြိမ်းနိုင်တို့နဲ့သွားလို့ နတ်သားလေးနှစ်ပါး ပါသွားတာ...ဦးဟန်ကြည်နဲ့သာ သွားရင်တော့ အာဠာဝကနဲ့ သွားတယ်လို့များ ပုံညွှန်းတပ်မလားမသိဘူးး)

ပန်းချီ said...

ပန်းခင်းကြီးထဲ ပြုတ်ကျသွားတဲ့ မင်းသမီးလေး ခပ်ချောချောကို လာကြည့်တာ နတ်သားနှစ်ပါးပါ အဆစ်မြင်လိုက်ရတယ်း)) ကိုညီရဲက ကာတွန်းဦးငွေကြည်ရဲ့ သားနဲ့တူလိုက်တာ..လမ်းတွေ့ရင် မုန့်ကျွေးးးးးး

ချမ်းမင်းကို(ပဥာက်) said...

အမ်း..ပန်းတွေအများကြီးထဲက ညီမကိုပန်းပွင့်ထင်လို့မတွေ့လိုက်ဘူး..ဟားဟားဟားဟား..လှပါ့ဗျာပန်းပွင့်လေးရေအဲအဟြုတ်ပါဘူး..ညီမေ၇..

ညယံ said...

ပန်းတွေနဲ့ အပြိုင်လှတယ် ညလေး ..
အာဒံ နဲ့ ဧဝ က အခုခောတ် ရယ်ဒီမိတ်တွေ စားပြီး ဝသွားတာ ထင်တယ် .. :)