အောက်ဆုံးထပ်...
ပြီးခဲ့တဲ့ စနေနေ့က Toa Payoh ဘုန်းကြီးကျောင်းမှာ တရားပွဲရှိတယ်။ အဲ့ဒါ ကန်ဒီတို့က ရေသန့်ဗူး အအေးဗူးဝေတာတို့.. လက်ကမ်းစာစောင်ဝေတာတို့.. အဲ့လို တိုလီမုတ်စလေးတွေကူဖို့ သွားတာ။ အစကတော့ အဲ့မှာကူဖို့ လူမလောက်ဖူးထင်လို့လေ။ တကယ့်တကယ်သွားတော့ တရားနာတဲ့လူကသိပ်မလာဘူး။ ခန်းမပဲ ကျယ်နေလို့လား မသိဘူး။ တခြားတရားပွဲတွေလောက် လူမစည်ဘူး။ ကူတဲ့သူတွေလည်း များတော့ ကန်ဒီတို့တောင် ဘာမှသိပ်မလုပ်လိုက်ရဘူး။
ပထမထပ်...
ဒုတိယထပ်... (တရားပွဲ ကျင်းပရာနေရာ)
ကန်ဒီတို့ ခေါက်ထားတာ.. တရားခွေ၊ ပြက္ခဒိန်.. အစုံပဲ..
ဒါကတော့ ဘယ်သူတွေလည်း မသိပါဘူး :P :P
လောက ဓမ္မတာ။
ကောင်းပင်ပျိုးက ကောင်းကျိုးရ
လောက ဓမ္မတာ။
Toa Payoh ဘုန်းကြီးကျောင်းကို ဒါပထမဆုံးအကြိမ် ရောက်ဖူးတာ။ ကန်ဒီသွားနေကျက Clementi ဘုန်းကြီးကျောင်း။ Toa Payoh မှာကြတော့ ဘုရားဆင်းတုတော်တွေက အကြီးကြီးတွေ။ အဲ့လို မမြင်တာကြာလို့လား မသိဘူး။ အရမ်း သပ္ပာယ်တာပဲ။ (ကန်ဒီ စကားလုံး သုံးနှုန်းတာတွေ မှားရင် သည်းခံပေးနော်..) တရားပွဲက ည(၇)နာရီစတယ်။ တရားပွဲမစခင် သိမ်ဆင်းသေးတယ်။ အဲ့မှာ အားလုံး တန်းစီပြီး လှူကြတာပေါ့။ အဲ့လိုမျိုးလေး တွေ့ရတော့ ပျော်တယ်။ ကန်ဒီတို့က (၅)နာရီထဲက ကူဖို့ရောက်နေတာလေ။ လက်ကမ်းစာစောင်အတွက် စာရွက်တွေ ခေါက်တယ်။ ရောက်နှင့်နေတဲ့ သူတွေကို ဝေတယ်။ ရေသန့်ဗူး အအေး ပြက္ခဒိန်ဝေတယ်။ ဆရာတော်က အသက်တော်တော်ကြီးပြီ။ (၁)နာရီပဲ ဟောတယ်။ သံဝေဂတရားကို အဓိက ဟောသွားတယ်။ ဆရာတော် သင်ပေးတဲ့ ကဗျာလေးက..
ဆိုးပင်ပျိုးက ဆိုးကျိုးရလောက ဓမ္မတာ။
ကောင်းပင်ပျိုးက ကောင်းကျိုးရ
လောက ဓမ္မတာ။
အားလုံးပြီးတော့ (၈)နာရီကျော်လောက်ပေါ့။ ပြန်တော့ အောက်ထပ်မှာ ထမင်းနဲနဲ့ အအေးတွေ ဝေနေတယ်။ အဲ့ဒါနဲ့ ထမင်းနဲထုပ် ဆွဲခဲ့တာပေါ့ ဘယ်ရမလဲ အဟိ။ မစားရတာ ကြာပြီလေ။ အဲ့ကနေ Bus နဲ့ပြန်တယ်။ အဲ့နေ့က လုပ်ဖြစ်တာဆိုရင်တော့ ဒါပါပဲ။
ဘတ်စ်ကားဂိတ်တွင် ထမင်းနဲ စားနေသည်။
ကြုံတုန်းလေး ကန်ဒီတွေးမိတာလေးတွေ နည်းနည်းဆက်ပြောဦးမယ်။ သိမ်ဆင်းတော့ တန်းစီပြီး လှူကြတယ်မလား။ အဲ့မှာ ဓာတ်ပုံတွေလည်း ရိုက်ကြတာပေါ့။ အန်တီကြီးတယောက်က သူ့အလှူငွေအိတ်လေးကို ဆရာတော်က ထိထားပြီး သူကကပ်နေတဲ့ပုံလေး ဓာတ်ပုံထဲမှာ ပါချင်တယ်ပေါ့။ အဲ့ဒါနဲ့ ဓာတ်ပုံဆရာက ရိုက်တယ်။ ဘာဖြစ်တယ်မသိဘူး။ အဆင်မပြေဘူး။ ပြန်ရိုက်တယ်။ အဲ့မှာတင် ဆရာတော်ကို အဲ့ဒါ ၃ခါလောက် ကပ်လိုက်တယ်။ ဆရာတော်ကလည်း ဆက်မသွားနိုင်။ ဟိုက ကင်မရာက ပြဿနာဖြစ်နေတာကိုး။ ဒကာမကလည်း ရိုက်ချင်တော့ ကပ်ပြီးရင်းကပ် ဟီး။ အနောက်က တန်းစီလာတဲ့ ဆရာတော်တွေလည်း ဆက်သွားလို့မရ။ အဲ့မှာတင် လမ်းပိတ်နေတယ်။ အဲ့အဖြစ်လေး ကြည့်ပြီး ရီချင်သွားတယ်။ အဲ့ဒီအချိန်မှာ အမှန်ဖြစ်သင့်တာက ကိုယ်လှူတဲ့ကုသိုလ်လေးကို အောက်မေ့နေသင့်တာမလား?? ခုတော့ ကင်မရာဆီကိုပဲ စိတ်တွေရောက်ပြီး အလှူကိုရော တွေးမိရဲ့လား မသိဘူး ဟီးဟီး
တချို့ဒကာဒကာမတွေက ဆရာတော်အစွဲသိပ်ထားတယ်။ တရားပွဲတခုပြီးရင် သူတို့သဘောကျတဲ့ ဆရာတော်ဟောတာနဲ့ယှဉ်ပြီး ဝေဖန်တာမျိုးတွေရှိတယ်။ တကယ်တော့ ဘယ်လိုဟောဟောပါ။ အဲ့ဒီဝေဖန်လိုက်တဲ့စိတ်နဲ့တင် ငရဲက အလကားနေရင်း ရဦးမယ်။ နောက်ရှိသေးတယ်။ ဘုန်းကြီးကျောင်း ဝေယျဝစ္စတွေလုပ်တဲ့ ဒကာ ဒကာမတွေအချင်းချင်း ကြိတ်ဖိုက်နေတာလေ ဟီးဟီး။ အဲ့ဒါတွေ ကန်ဒီအရင်က မသိဘူး။ ဒီရောက်ပြီးမှ ဘုန်းကြီးကျောင်းလည်း ခဏခဏသွားဖြစ်နေတော့ မြင်နေကြားနေရတာလေ။ ဥပမာ - သူက သူ့ဆရာတော်မို့လို့ ပိုလုပ်ပေးတာ.. စသဖြင့် စသဖြင့် ပြောရရင် ရှုပ်နေတာပဲ။ အံ့သြစရာကောင်းတာက အဲ့လိုတွေဖြစ်နေတဲ့သူတွေက ဘုရားတရား အရမ်း အရမ်းလုပ်တဲ့ လူကြီးပိုင်းတွေ။ အားလုံးကုသိုလ်ယူနေကြတာချင်းတူတူ ဘာလို့အဲ့လိုစိတ်တွေထားနေကြတာလဲ ကန်ဒီနားမလည်ဘူး။ အားလုံးက ကန်ဒီ့ထက်ပိုသိမှာပါ။ "သတိ"က အရမ်းအရေးကြီးတယ်လေ။ ဒီနေရာမှာ "သတိ"ဆိုတာကို ကန်ဒီနားလည်တာက တရားထိုင်တဲ့နေရာမှာ ၀င်လေထွက်လေကို သတိလေးနဲ့ ကပ်ပြီးမှတ်နေတာတင် ပြောတာမဟုတ်ဘူး။ ကိုယ်ဘာလုပ်နေတယ် ကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတာကိုပါ မြင်တတ်တာကို ဆိုလိုတာ။ ဥပမာ- ဒါ ငါမနာလိုဖြစ်နေတာပဲ။ ငါဒေါသတွေဖြစ်နေတာပဲ။ အဲ့လိုလေးတွေးမိလိုက်ရင် အဲ့ဒါတွေက အလိုလိုလျော့သွားတယ်။ ခုနေရာမှာလည်း အဲ့လိုဖြစ်နေတဲ့ သူတို့စိတ်တွေကို သူတို့မမြင်ကြဘူးလား??
ဒါ ကန်ဒီ့အတွေးသက်သက်ပါ။ မှားတာရှိ ခွင့်လွှတ်ပါနော်။ ဘွာတေး :P ဟိုနေ့က တရားပွဲ Infoတွေ ပြန်ကော်ပီပေးမယ်နော်။ ကန်ဒီ့အကြောင်းလည်း သိတဲ့အတိုင်း။ ဒီပိုစ့်တင်တာစောင့်နေရင် သွားချင်တဲ့သူတွေ တရားပွဲလွတ်ကုန်မှာစိုးလို့ ဟိုနေ့က အမြည်းအနေနဲ့ ထည့်လိုက်ရတာ။
သိမ်ဆင်းလှူနေကြတာ...

မမြင်ရဘူး မလား?? မပူပါနဲ့.. ပြန်ရေးပေးထားပါတယ် ဟဲဟဲ
ဆရာတော် ဦးပုညသေဋ္ဌ၊ ကမ္မဋ္ဌာနာစရိယ၊ သဲအင်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ မှော်ဘီမြို့၏ "ဒုတိယအကြိမ်မြောက်" စင်္ကာပူသာသနာပြု အစီအစဉ်
တရားပွဲ အစီအစဉ်
♣ 9 Jan 2012 to 13 Jan 2012
♣ 15 Jan 2012 to 22 Jan 2012
ညစဉ် 8:00PM to 9:00PM (တရားပို့/ တရားထိုင်)
နေရာ - ဦးမျိုးမြင့်နှင့် ဒေါ်မြင့်မြင့်သိန်းနေအိမ် Blk 676 #04-447, Choa Chu Kang Crescent, Singapore. 680676 (Near Yew Tee MRT)
♣ 14 Jan 2012 (Saturday)

အချိန် - 6:30PM to 9:00PM
နေရာ - Clementi ကျောင်း 23A, Jalan Mas Puteh, Along West Coast Road, Singapore. 128628
♣ 15 Jan 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - Function Room 1, The ARENA Country Club, 511 Upper Jurong Rd, S638366 (Near Joo Koon MRT)
♣ 4 Feb 2012 (Saturday)
အချိန် - 6:30PM to 8:00PM
နေရာ - Toa Payoh ဘုန်းကြီးကျောင်း
♣ 5 Feb 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - နေရာကို သစ္စာပါရမီအဖွဲ့မှ ထပ်မံကြေညာပါမည်။
ဆက်သွယ်ရန်...
ဒေါ်မြင့်မြင်သိန်း
(RES) 6762 8232, (H/P) 9299 1406
ဒေါ်စိုးစိုး
(H/P) 9141 3931

အားလို့ အဆင်ပြေရင် တရားသွားနာလိုက်ပေါ့။ စိတ်ချ အကျိုး(အကျိုးကျေှးဇူး) ပဲ ရမှာ :D
22 comments:
ဆိုးပင်ပျိုးက ဆိုးကျိုးရ
လောက ဓမ္မတာ။
ကောင်းပင်ပျိုးက ကောင်းကျိုးရ
လောက ဓမ္မတာ။
သဘောကျလို့မှတ်သွားတယ် .သကြားလုံး
လေးရေ.. ။ ခုခေတ်ကလေးတွေကလည်းခက်ပါ
တယ်နော်..ကိုယ့်ဘလော့မှာဓါတ်ပုံတင်ထားတာ
ကို. ဘယ်သူတွေမှန်းမသိပဲတင်ထားသေးတယ်။
း) .
ဓါတ်ပုံ ခိုးရိုက်တာတော့ကြုံဖူးသေးဘူး..။ ရုပ်
ချောလို့လား မသိဘူး.တစ်ယောက်မှ ခိုးရိုက်တာ
ခံရသေးဘူး..း)..။
ဦးကျော်ဟိန်း လိုပြေားလိုက်မယ် "အသိနှင့်သတိ"ရှိပါ...။သာဓု လို့ ၂ကြိမ်ခေါ်ပေးတယ်...နော်...။
သာဓု၊သာဓု၊...၊နောက်တစ်ခါမှ အပြည့်ခေါ်မယ်...။
ထမနဲ နဲနဲကျွေး
ဆိုးပင်ပျိုးက ဆိုးကျိုးရ
လောက ဓမ္မတာ။
ကောင်းပင်ပျိုးက ကောင်းကျိုးရ
လောက ဓမ္မတာ။
ဟုတ်တာပေါ့ အဲတာအမှန်ဆုံးပါပဲညီမလေးရေ
သာဓု ခေါ်ရင်း ဖတ်သွားတယ်နော်... :)
ခင်မင်လျက်
ဘုန်းကြီးကျောင်းမရှိတဲ့ နေရာမှာ နေရတော့ ဘုန်းကြီးကျောင်းသွားတဲ့ ကန်ဒီတို့တွေကို သိပ်အားကျတာ..
မချိုချဉ်ရေပို့စ်လေးဖတ်သွားတယ်ဗျာ့
ဓါတ်ပုံခိုးရိုက်ခံရတာဂုင်္ဏယူလိုက်စမ်းဘာ
ငါချောလို့..ပဲာ့လို့....ပိားးစ်:P
သာဓု ခေါ်ရင်း ဖတ်သွားပါတယ် ညီမရေ ထမနဲ နဲနဲကျွေးပါ့လား ဟိ
ကန်ဒီရေ
ဓာတ်ပုံရိုက်တာ အသားလည်းပဲ့ပါမသွားတာတော့ မှန်ပါတယ် ကိုယ်ကလဲ ဘာလဲဆိုတော့ ဘာမှ မဟုတ်ပါဖူး သူလိုငါလိုပါပဲ ဇာတ်လမ်းဖြစ်ချင်လို့ ပြဿနာရှာတာတော့ ဘယ်ဟုတ်မလဲနော် ရိုက်တဲ့လူက ဘယ်လိုရည်ရွယ်ချက်နဲ့ရိုက်လဲ
မိန်းမ တယောက်အနေနဲ့ မွေးရာပါ ၀ဲလ်ပါဝါနဲ့ ခန့်မှန်းကြည့်လို့ရပါတာပဲ မဟုတ်ဖူးလား နောက်တခုက ဓာတ်ပုံရိုက်နေတဲ့လူက ဘယ်လိုလူမျိုးလဲ ဘယ်လိုစိတ်ဓာတ်ရှိလဲ ဆိုတာလဲအရေးကြီးတယ်လေ ကိုယ်ပုံတွေကို အလွဲသုံးလုပ်လိုက်ရင် ကိုယ်က အချောင်နစ်နာရအုံးမယ် ဘယ်လိုရည်ရွယ်ချက်ပဲရှိရှိကွာ နောက်တခါ အဲလို ချောင်းရိုက်တာတွေ့ရင် ပေါ်တင်ပြန်ဖိုက်ခဲ့ ဘာအတွက်လဲ ဘာလုပ်ဖို့လဲ (ဘာပဲဖြစ်ဖြစ် ကိုယ်က မိန်းမလေး သိက္ခာရှိတယ် ကိုယ်ဂုဏ်နဲ့ကိုယ်နေတာ ခိုးလုပ်တယ်ဆိုတာသိသိကြီးနဲ့ ပြန်မလာနဲ့ ကျားလား) ဟီးးးးးဟီးးးး ကွန်မန်း တော်တော်ရှည်သွားပြီး
(စစ်ဂူလိုရင်ပြော ဖုန်းထဲကနေ ငုတ်တုတ်သေသွားအောင် ပြောပစ်လိုက်မယ်)
သာဓု သာဓု သာဓုပါချိုချဉ်လေးရေ။
ဘယ်လိုအလှူဖြစ်ဖြစ် သိမ်ဆင်းလောင်းတာကို
မြင်ရရင် ဝမ်းသာပီတိဖြစ်မိတယ်။
နှစ်ယောက်စလုံးမျက်လုံးပြူးပြူးလေးတွေချစ်ဖို့ကောင်းပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဲ မယ်သကြားလုံး 4 feb သွားမယ်သတင်းပေးပါး)
အဲလိုလူကြိးပိုင်းတွေကပိုဆိုးတယ် အသိနဲ့သတိကိုး မကပ်နိုင်ကြပဲ ပြိုင်နေကြတာ
အသိနဲ့သတိကိုကြည့်ချင်ရင် နှင်းဆီရင်ခွင်သာ ကြည့်တော့အေး)
ချစ်တဲ့
မဒိုးကန်
မဆီမဆိုင်မေးရဦးမယ် အန်းပေါင်းတောင်းနေတာ ရပြီလား ရအောင်တောင်းပါ မပို့နိုင်ရင်လူကြုံနဲ့ပေးလိုက်ပါလို့ပြောပါး)
တချို့ကျတော့ ချောတဲ့ကောင်မလေးတွေကို ဓာတ်ပုံရိုက်ပြီး ငါရိုက်တဲ့ လျှပ်တပျက် ရှော့က ဘယ်လောက်လှတာ၊ ပြန်ပြကြတယ်။ :) (သူငယ်ချင်းထဲတွင်ရှိသည်)
မမ Daily News မှာ ပါတာက ဘာသတင်းလည်းဟင် စားရတော့မလား မြန်မြန်လေးနော်ေ၇ှ့ ကားမထွက်တော့ နောက်ကား မောင်းမရဘူးဖြစ်နေတယ်..ဟဲဟဲ..ပုံတစ်ယောက်သောသူ
ညီမရေ ဓာတ်ပုံနှင့်တစ်ကွ ကြည်နူပီတိဖြစ်ရပါတယ်
သာဓု သာဓု သာဓု ပါ ချစ်ညီမရေ
ကိုယ်တွေကို ဒါပုံလာခိုးရိုက်ရင်တော့ မသိမသာလေးကို
ပဲပေးလိုက်ဦးမှာ...:)))
ကန်ဒီရေ ကျနော် ကတော့ အရုပ်ဆိုးလွန်းလို့လား မသိဘူး...ဘယ်သူကမှ ငါ့ကို ဓာတ်ပုံ မရိုက်ချင်ဘူး ဟဲဟဲ
ဟင်း... ညီမတော်ကတော့ မေးခွန်းမေးသလိုလိုနဲ့ ကြွားသွားပြန်ပြီ... :D လုပ်လိုက်ဟ... ငါ့ညီမရ... မြှောက်ပေးသွားတယ်...
ညီမလေးရေ
ခုမှအားတာနဲ့ရောက်ခဲ့တယ်
အလုပ်တွေများနေလို့ပါ စာတောင်မတင်နိုင်ဘူး ဒီနေ့မှ
အိမ်တွေလည်ရင်းပေါ့
ညီမလေးရဲ့စာကိုဖတ်ပြီးသာဓုခေါ်သွားတယ်နော်
စုံနေတာဘဲ။ ရေးထားတာလေးက။
ဖတ်လို့ ကောင်းတယ်။
အိုင်အိုရာ
ပိစိ။
တရားပွဲမှာ ဝေယျာဝေစ္စလုပ်ရင်း တရားသွားနာတယ်ပေါ့။ လိမ်မာလိုက်တဲ့ ပိစိ။ ဒါပေမဲ့ ခေါင်းပေါ်မှာ ဖားပျံတစ်ကောင် တက်နေတာကိုတော့ သတိထားပါဦး။ တရားပွဲကအပြန် ဘယ်ချောင်ခြားတိုးလာသလဲ မသိ။ ခေါင်းပေါ်မှာ ဖားပျံကြီးနဲ့။ ဟာ ဟ။
ဘာသာရေးအလုပ်ဟာ.စိတ်နှလုံးအေးချမ်းစေတဲ့အတွက် များများလုပ်နိုင်ဖို့.တိုက်တွန်းအားပေးပါတယ်ဗျာ...ကျွန်တော်လဲ ဝေယျာဝစ္စကူလုပ်ဖူးတော့..ကြည်နူးခံစားမှုကို ကိုယ်ချင်းစာရင်း.မုဒိတာပွားရပါတယ်ဗျာ....
တရားပွဲသွားရင်း တရားနာရတဲ့အပြင်လူတွေအကြောင်းပါ အမြတ်ထွက်တာပေါ့ ညီမရေ။ လောကကြီးထဲမှာ ဆက်ကြုံရမယ့်အကြောင်းတွေ ပြောရရင် မဆုံးတော့ပါဘူး။ အားလုံးမှာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ပါ။ ကုသိုလ်တွေလုပ်ဖြစ်တာဝမ်းသာပါတယ်။ သာဓု..သာဓု..သာဓု
Post a Comment