Saturday, January 21, 2012

လွယ်လွယ်ကူကူ ဗွီဒီယိုလုပ်မယ် (Window Live Movie Maker)

ကန်ဒီကြိုက်တဲ့ Video Editing software လေးတစ်ခု Share မလို့ပါ။ အဲ့ဒါလေး မပြောခင် ကန်ဒီ ဘာEditing Software တွေသုံးလဲဆိုတာ အရင်ပြောပြပါရစေ။ ကန်ဒီ့ဗွီဒီယိုတွေကို ဘာနဲ့ Edit လုပ်လဲ မေးတဲ့သူတွေ ရှိလို့ပါ။ ကန်ဒီသုံးတဲ့ Software တွေက...

(၁) VAIO Movie Story...
ကန်ဒီ့ကွန်ပျူတာမှာ အစတည်းကပါတာလေ။ သိပ်မကောင်းဘူး။ သူက Auto movie လုပ်ပေးတာ။ ကိုယ့်စိတ်ကြိုက်သိပ်ပြင်လို့ မရဘူး။ ဆည်းလည်းသံသီချင်းလေးနဲ့ကန်ဒီလုပ်ထားတဲ့ ဗွီဒီယို ကြည့်ဖူးတယ်မလား။ ဒီပိုစ့်မှာ ရှိသည်။ အဲ့ဒါ VAIO Movie Story နဲ့ လုပ်တာလေ။

(၂) Sony Vagas Pro...
ှSony Vagas က ကန်ဒီ ဟိုတလောကမှ သူငယ်ချင်းဘလော့ဂါတယောက်ဆီက ရထားတာ။ သိပ်မကျွမ်းကျင်သေးဘူး။ သူက Pro Softwareလေ။ အရမ်းအရမ်း မိုက်တယ်။ နည်းနည်းလည်း ရှုပ်တယ်။ ခုမှ လေ့လာနေတုန်း။ လောလောဆယ်တော့ မြန်မာလို စာတန်းမထိုးတတ်လို့ အခက်တွေ့နေတယ် >.<

(၃) Window Live Movie Maker 2011...
ဒါကတော့ ကန်ဒီအကျွမ်းကျင်ဆုံးပေါ့။ သုံးတာလည်း ကြာပြီလေ။ သုံးရ အရမ်းလွယ်တယ်။ နောက်ပြီး Free Software လေးလေ။ Proတော့ မဟုတ်ဘူး။ ဒါပေမယ့် Feature တော်တော်စုံတယ် ပြောလို့ရတယ်။ Editing software တခုမှာ လိုအပ်တဲ့ Feature တွေပါတယ်လေ။ အဲ့တော့ သာမာန်ဗွီဒီယိုလေး တခုတော့ ကောင်းကောင်းထွက်တယ်။ ခရီးသွားရင်ပဲဖြစ်ဖြစ် ကိုယ်ရိုက်သမျှ ဓာတ်ပုံလေးတွေ ရှုခင်းလေးတွေကို ဗွီဒီယိုလေးတစ်ခုအဖြစ် သိမ်းထားရင် ဘာပဲဖြစ်ဖြစ် အမှတ်တရလေးဖြစ်တာပေါ့။ ဒီနေ့ အဲ့ဒီ Software လေးကို Share ချင်လို့ပါ။ ဒေါင်းလုပ်လုပ်ချင်ရင် ဒီနေရာ ကိုနှိပ်ပါ။ (ဒီနေရာဆိုတဲ့နေရာကို Pointer တင်ပြီး နှိပ်ပါ)

ကန်ဒီ့ ရုံးပတီသီးဟင်း ဗွီဒီယိုအတွက် လုပ်ထားတဲ့ Project လေးကို Screenshot ရိုက်ပြထားတယ်။ သူ့မှာပါတဲ့ Feature လေးတွေကိုလည်း ပုံလေးတွေနဲ့ ရှင်းမယ်လေ။ ဓာတ်ပုံတွေက Qualityတော့ တော်တော်မကောင်းဘူး။ ကန်ဒီပဲ Screenshot မရိုက်တတ်လို့လား မသိဘူး။ နည်းနည်းတော့ သည်းခံပေးနော်။ ဟုတ်ဘူး များများ သည်းခံပေး :P


ဒါက Edit လုပ်နေရင် မြင်ရမယ့်အနေအထား။ ဘယ်ဖက်မှာ ကိုယ်ပြင်ထားတဲ့ ဗွီဒီယိုကို ကြည့်လို့ရတယ်။ ညာဖက်ကတော့ ကိုယ်ထည့်ချင်တဲ့ Video Clip တွေ ဓာတ်ပုံတွေ ထည့်ရတာပေါ့။


Home မှာဆို ဒါလေးတွေပါတယ်။ Snapshot က ကိုယ့်ဗွီဒီယိုထဲကပုံကို ဓာတ်ပုံပြန်လိုချင်ရင် သုံးဖို့ပေါ့။ Candy's burmese ပိုစ့်မှာ ကန်ဒီထည့်ထားတဲ့ပုံက ဒီကနေ Snapshot နဲ့ ပြန်ရိုက်ထားတာ။ အပျင်းအရမ်းကြီးရင်တော့ Auto Movie Theme ကိုသုံးလို့ရပါတယ်။ သူ့ဟာသူ movie တစ်ခု လုပ်ပေးလိမ့်မယ်။ ကိုယ်က ခေါင်းစဉ်လေးလောက် ထည့်ရုံပဲလေ။


Animation နဲ့ Visual effect နဲ့က နည်းနည်းဆင်တယ်။ ဘာကွာလဲဆိုတော့ Animation က Transition သဘော။ Clip တခုနဲ့ တခု အပြောင်းမှာ ထည့်လို့ရတဲ့ Effect တွေပေါ့။ ဓာတ်ပုံဆိုလည်း Pan and Zoom မှာ Zoom ဆွဲလို့ရတယ်။ Visual effect ကကျတော့ Clip တခုလုံးကို Effect ထည့်တာမျိုးပေါ့။ အဲ့မှာ အလင်းအမှောင်လည်း ပြင်လို့ရတယ်။


Project က ကျတော့ ကိုယ့်ဗွီဒီယိုပေါ်မယ့် Ratio ကို ပြင်ချင်ရင် သုံးဖို့ပေါ့။ View ကတော့ သိပ်မသုံးပါဘူး။ ကိုယ် Edit လုပ်တဲ့အခါ မြင်ရတဲ့ Clip အရွယ်အစားတွေ ကြီးချင် သေးချင်ရင်ပေါ့။ Video နဲ့တော့ မဆိုင်ဘူး။


အရေးကြီးတဲ့အပိုင်း ရောက်လာပြီ။ Video Tool နဲ့ Music Tool မှာ Fade in .. Fade out ရှိတယ်နော်။ Video Tool က Fade in .. Fade out က Video ထဲမှာပြောတဲ့ ကိုယ့်အသံစ၀င်တာနဲ့ ပြီးတာကို ပြင်တာ။ Music Tool က Fade in.. Fade out ကကျတော့ သီချင်းအ၀င်နဲ့ အပြီးကို ပြင်တာ။ အဲဒါလေးထည့်မှ ကောင်းတယ်။ အထူးသဖြင့် အပြီးကိုပေါ့။ သီချင်းက မပြီးသေးဘူး ဗွီဒီယိုက ပြီးသွားတဲ့အခါမျိုးဆို Music ကို Fade out မလုပ်ထားရင် ဒုံးတိကြီး ပြီးသွားတတ်တယ်။ Video volume မှာ ကိုယ့်Videoထဲက အသံကို adjust လုပ်လို့ရတယ်။ ဒီဗွီဒီယိုမှာဆို အဲ့ဒါကို ကန်ဒီ Off ထားတယ်။ Music နဲ့ပဲ သွားထားတာလေ။

Video Tool အကြောင်းဆက်မယ်နော်။ အဲ့မှာ Trim Tool ဆိုတာက ကိုယ်လျှောက်ရိုက်ထားတဲ့ Video တွေမှာ မလိုတာတွေကို ဖယ်တာပေါ့။ Split ကကျတော့ Clip တခုစီ ဖြတ်တာ။ ဒီနေရာမှာ Editing Software တခုနဲ့ တခု အသုံအနှုန်းတွေ ကွာတတ်တယ်။ သဘောကတော့ အဲ့ဒါပါပဲ။ Speed ကကျတော့ မြန်တာ နှေးတာပေါ့။ Slow motion လုပ်ချင်လား။ မြန်မြန်လုပ်ချင်လားပေါ့။ အဲ့ Feature က အရင် Version မှာ မပါဘူး။ 2011 Version မှာမှ သူတို့အသစ်ထည့်ထားတဲ့ Feature လေ။ မိုက်တယ် :D


ဒါကတော့ Text Tool ပါ။ အဲ့မှာ ကိုယ်ထည့်ထားတဲ့စာကို ဘယ်လိုပုံစံနဲ့ ၀င်ချင်လဲ ပြင်လို့ရတယ်။ Font.. Font size.. Text Duration အစုံပေါ့ :D


ဒါက Edit လုပ်နေတဲ့ အနေအထားမှာ မြင်ရတာကို ပြထားတာ။ နံပါတ် (၁)က Music လေ။ သူက အပေါ်မှာ ပြတယ်။ နံပါတ် (၃)က Music တခုနဲ့ တခု အဆက်ကို မြင်အောင် ၀ိုင်းပြထားတာ။ ကန်ဒီ ပထမသုံးထားတာက ငှက်သံလေးတွေ။ ပြီးမှ တကယ့်သီချင်းဝင်တာပေါ့။ နံပါတ် (၂)က စာတန်းထိုးတာကို ပြထားတာ။ သူက အောက်မှာ ပြတယ်။ နံပါတ် (၄)မှာ Transtion effect ကို ကန်ဒီ ၀ိုင်းပြထားတယ်။ မြင်အောင်လို့လေ။ ကြည့်ကြည့် ကန်ဒီ Clip တိုင်းကို Tansition မထည့်ဘူး (မမြင်ရလောက်ဘူး >.<) လုပ်လက်စ Video ကို သိမ်းချင်ရင် Save Project နဲ့သိမ်းနော်။ အားလုံးပြီးလို့ Movie File ပြောင်းချင်ရင်တော့ Save Movie နဲ့ ပြောင်းပေါ့ :D :D

ရှင်းပြတာတော့ ပြီးသွားပြီ။ အရမ်း လိုက်ရှင်းပြနေသလိုများ ဖြစ်သွားလား?? အဲ့လိုဖြစ်သွားရင်လည်း ကန်ဒီ့စေတနာလေးကို နားလည်ပေးနော် ဟီးဟီး။ အားလုံးပြီးတော့မှ ထွက်လာတဲ့ Result ကို မပြရင် တမျိုးကြီး ဖြစ်နေမယ်ထင်လို့ ကန်ဒီ့ ဗွီဒီယိုလေးပါ တင်ပေးလိုက်တယ်နော်။ ဒီဗွီဒီယိုလေးကို ဟင်းချက်သင်နေတယ်ဆိုတာမျိုးအနေနဲ့ မကြည့်ဘဲ ကန်ဒီ လက်ဆော့ထားတဲ့ ဗွီဒီယိုလေးတခုအနေနဲ့ပဲ ကြည့်ပေးပါ။ ကန်ဒီ ဟင်းသိပ်မချက်တတ်တာလည်း အားလုံး သိတာပဲ။ ကန်ဒီ့အတွက်က ဟင်းချက်ချင်တယ်ဆိုတာထက် ဗွီဒီယိုလုပ်ချင်တယ် ဆိုတာက အဓိကလေ :P



ဟိုနေ့ကပဲ နန်းကြီးသုပ်လုပ်နည်း ဗွီဒီယိုလုပ်ပေးပါတဲ့။ မန့်သွားတယ်။ ခုနန်းကြီးသုပ်လုပ်နည်းတွေ လိုက်ဖတ်နေတယ်။ အဲ့လိုတော်တာ ဟီး :P Chinese New Year Holidayမှာ ဘာလုပ်ကြမှာလဲ??? ကန်ဒီကတော့.......................................... ပြောဘူး :P xD

ပျော်ရွှင်ပါစေနော်..

33 comments:

ဆူးသစ် said...

ဗဟုသုတတွေအများကြီးရပါတယ်ညီမရေ။ အစ်ကိုကတော့ ကွန်ပျူတာသိပ်မကျွမ်းတော့ အဲဒါတွေသိပ်နားမလည်ပါဘူး။ ဘာပဲဖြစ်ဖြစ်မသိသေးတဲ့သူတွေအတွက်ကတော့ အကျိုးပြုမှာပါ။ ကျေးဇူးတင်ပါတယ်။

ဆူးသစ် said...

ငှက်ကလေးတွေရဲ့အသံကို ဗွီဒီယိုထဲမှာထည့်ထားတာတော်တော်နားထောင်ကောင်းလိုက်တာ။ ရိုက်နေရင် မျက်လုံးက ကင်မရာကိုကြည့်တာလွဲနေတယ်ထင်တယ်ညီမ။ ညီမမျက်လုံးက တစ်ခါတစ်ခါ ဘေးကို ကြည့်နေသလိုပဲ။ အဲဒါလေးသတိထားပေါ့။

Candy said...

ဟုတ်ကဲ့ အစ်ကို.. ညီမဘေးကို ကြည့်နေတာက ညီမပြချင်တဲ့ပစ္စည်း ပါမပါ ကင်မရာပေါ်က Front Screen မှာ ကြည့်နေတာပါ.. တကူးတက လာဖတ်ပေးတာ ကျေးဇူးနော်.. အစ်ကိုက လာခဲလို့ပါ :D :D

jasmine(တောင်ကြီး) said...

နားမလည်တာကို နားလည်သလိုလိုနဲ့လုပ်ပြီးဖတ်ခဲ့တယ်
အက်ရှင်ပေါ့နော်
ချစ်တဲ့မမဂျက်

cool emerald said...

Nice video. I like the background music very much :) Such a right choosing of music may be the talent that cannot be learnt.

မေမြို့မိုး said...

အစ်ကိုသုံးတာကတော့ Corel Video Studio Pro X4 ကို ဒေါင်းလုပ်ချပြီးတော့ ခရက်ချိုးပြီးသုံး
တာညီမလေး..။ ညီမလေးသုံးတဲ့ဟာလေးက ရိုးရိုးလေးဆိုတော့ ကောင်းတာပေါ့..။အရင်တုန်း
ကတော့ Ulead Vedio Studio(Corel ကပဲထုတ်တာ.)ခေတ်စားလိုက်သေးတယ်.။
အခုတော့ ဘာမှမလုပ်ဖြစ်ပါဘူးညီမလေးရာ..
ဂစ်တာဆော့ဝဲလေးတွေ လိုက်စမ်းနေတယ်.။
ဗွီဒီယို မလုပ်ဖြစ်သေးဘူး..။ သီချင်းပဲ လုပ်ချင်စိတ်ပေါက်နေတာ..။ Valentine Day အမီပေါ့...။

mstint said...

တီတင့်ကတော့နည်းပညာပိုင်းတွေမှာအားနည်းတယ်
သကြားလုံးလေးရေ။ ဗဟုသုတအဖြစ်လေ့လာသွားပြီ။
ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nandar said...

မမကန်ဒီရေ စာလာဖတ်သွားတယ်။ ဒေါင်းလုပ်လဲ ချသွားတယ်။ တနင်္လာနေ့ ဖေဖေ့အလုပ်က ခွင့်ရလို့ ရန်ကုန်ကို တစ်မိသားစုလုံးပြန်ရမှာ အရမ်းပျော်တာပဲ ချစ်သူလေးနဲ့တွေ့တော့မယ်။ ၃ပတ်နေမှာ မမဘလော့ကို ပြန်လာရင် စာတွေလာဖတ်ဦးမယ်နော်။ ခုတော့ ဒီကနေပဲ နှုတ်ဆက်သွားပီ။

♫♪★လွမ်းပိုင်ရှင်★♪♫: said...

ရောက်ခဲ့တယ်နော် ဟင်းချက်ကျွမ်းတယ်ထင်တယ်

Anonymous said...

ဘီဒိုကတော့လောလောဆယ်
ပလေးခဏလုပ်ပြီး
(မြတ်ကြည်ပြောသလို)
ခဏရပ်ထားရပါတယ်း)
သဘောတရားလေး
နားလည်သလိုလိုရှိလို့
စမ်းကြည့်ကြည့်မယ်ကန်ဒီး)

ချစ်ခင်လျှက်
သမီးစံ

Anonymous said...

သဘောကျပေမယ့် ကွန်နယ်ရှင်က လေးတော့မဒေါင်းတော့ပါဖူးကွယ်
နောက်များမှပဲ ဒေါင်းတော့မယ်
တရုတ်နှစ်သစ်ကူးမှာဘာလုပ်မှာလဲဆိုတော့ အမ်ပေါင်းပေးမယ့်သူတွေကိုလိုက်ရှာမယ်း)း)


မောင်ဘကြိုင်

ညိမ်းနိုင် said...

ဟန်ကျတာပဲ....အကိုလိုချင်နေတာနဲ့ ကန်ဒီတင်ပေးတာ
နဲ့က တိုင်းယက်သည် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်
ဆိုသလိုပါပဲလား....ကျေးကျေးဗျား...၊

အောင်အောင် said...

ဘီဒိုလေးဖွင့်ပြီး "ရုံးပတီးသီးဟင်း..."လေးယူသွားပြီ...ချက်ကြည့်အုံးမယ်...Chef CANDY...!

Anonymous said...

ပါးကွက်ကြားကလေးနဲ့ ချစ်စရာလေးး) အဲဒိရုံးပတီသီးဟင်းကတော့ အရမ်းကြိုက်...

ပန်းချီ..

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ မျက်နှာပြောင်နေတာ ကြည့်နေတာနဲ့ ဘာဟင်းချက်မှန်းတောင် မသိလိုက်ဘူး။ နောက်မှ ပြန်ကြည့်ရတယ်။ ရုံးပတီသီးဟင်းတဲ့။း)

ပေးထားတဲ့ ဆော့ဖွဲလေး ဒေါင်းသွားတယ်။ အသုံးလိုအပ်မယ်ထင်လို့။ လိုအပ်ရင် သူကြီးမင်း ဖြတ်ထုံး ဗီဒီယိုမှတ်တမ်းတွေ တင်ပေးရအောင်လို့။း)

Angelhlaing(May everybody be happy and healthy! said...

Candy ကတော်လိုက်တာနော်.... ဟင်းချက်လဲကောင်း..သရုပ်ဆောင်လည်းတော်... လူကလည်း ချစ်ဖို့ကောင်း..ကဲ ..ဘာလိုသေးလဲ :):)

camomilla said...

ဘီဒိုထဲကမော်ဒယ်လေးက ချစ်ချာလေးတော့...
ရုံးပတီသီးလေးစားသွားတယ် ရှလွတ်! ကောင်းမှကောင်း..

အောင်သက်ခိုင် said...

လာအားပေးသွားပါတယ်မမကန်ဒီရုံးပတီသီးချက်နည်းလေးကိုမှတ်သားသွားပါတယ်ဟီးးးးးးးး

ဘိုဖြူ said...

ကန်ဒီရေ
ရုံးပတီးသီး ဆိုရင်တော့သတိနော် ကိုဒုကိုမေးကြည့်လိုက်

Anonymous said...

ရုံးပတီသီးတော့မမြင်ဘူးအေ
မယ်တော်လေးကိုဘဲ ကြည့်သွားတယ်
ပါးကွက်လေးကိုချစ်လို့း)

ချစ်တဲ့

အမ
မဒိုးကန်

လွင်ပြင်လှိုင်းငယ် said...

လေ့လာသွားတယ် ညီမလေးရေ

ဆူးသစ် said...

အရင်က လင့်မယူထားတော့ အသစ်တက်တာမသိလို့ပါ။ အခုတော့ အသစ်တက်တိုင်းသိပြီမို့ ကြိုးစားပြီးလာပါ့မယ်။ တစ်ခါတစ်ခါတော့လည်း ပို့စ်တောင် အသစ်မတင်နိုင်အောင် မအားတာပါညီမရေ။ လာတဲ့အခါကျရင်သာ အားလုံးစုပြီး ရှင်းရင်း အကုန်ဖတ်မိတော့တာပါပဲ။

Anonymous said...

ယူသွားပြီ ကန်ဒီရေ ကျေးဇူးများကြီးတင်ပါတယ်
အိမ်ပြန်ကလိလိုက်အုံးမယ်..ပျော်ရွှင်နိုင်ပါစေဗျာ
နောင်များလည်း ရှယ်နိုင်ပါစေ..
............အာကာမိုးနိုင်

8Yar said...

ခစ်ခစ်... :P စာမဖတ်ပဲ video ကြည့်သွားတယ်။ လုပ်ထားတာလေးကောင်းတယ်။ :D

laylwintlu said...

video လာကြည့်တာမမတီ downသွားတယ်(videoမဟုတ်ပါ software)
ခင်မင်လေးစားလျက်-လေလွင့်

တွတ်တွတ် said...

ဒီလိုဆိုတော့လဲ.ချိုချဉ်လေးက..တယ်တော်ပါလားဗျာ..မင်္ဂလာဆောင်မှပဲ..အတ်ဒစ်လုပ်ခိုင်းအုံးမယ်..ဟိဟိ...power director နဲ့ win dvd creator software နှစ်ခုလဲ..သုံးလို့ကောင်းတယ်...

Anonymous said...

ကန်ဒီရေ

အခုပဲ valentine day အတွက် အမျိုးသားဖို့ video file လေးတစ်ခုလုပ်ဖြစ်သွားတယ်
software ကသုံးရတာ အရမ်းလွယ်ပြီးအဆင်ပြေလို့ ညီမလေးကို ကျေးဇူးအရမ်းတင်တယ်
အရင်က အဲလိုတွေလုပ်ရတာအရမ်းပျင်းတယ် မလုပ်တတ်ဘူး အခုတော့ ကန်ဒီ့ကျေးဇူးကြောင့် ပထမဆုံးလုပ်ဖြစ်သွားတယ်

ဝိုင်း

Anonymous said...

hi!!!

Candy said...

@၀ိုင်း<< ဟုတ်လား မမ၀ိုင်း.. ကျေးဇူးတင်စရာမလိုပါဘူး.. ကန်ဒီရေးတဲ့စာ အကူအညီဖြစ်တယ်ဆိုရင်ပဲ ညီမက ပျော်နေတာ ဟီးဟီး :D :D

@Anonymous<< Hi Hello :P

Anonymous said...

:)ကန်ဒီ ဟုတ်ပါပြီ ကန်ဒီအချိန်ရရင် ဟင်းချက်တဲ့video တွေတင်မကပဲ beauty n style video တွေပါ youtube မှာတင်ပါလား foundation routie တို့ skin care တို့ စသဖြင့် တခြား make up guru တွေလိုပေါ့ ကန်ဒီကချစ်စရာလေး ပြီးတော့ အလှအပပို့စ်တွေလဲ အရင်ကတင်နေကျပဲမလား english စကားပြောနဲ့ပဲဖြစ်ဖြစ် မြန်မာလိုပဲဖြစ်ဖြစ်ပေါ့ အဲဒီမှာက မြန်မာ make up guru ကသိပ်မရှိတော့ ဥရောပသူတွေ တရုတ်တွေအသားအရေတွေနဲ့ လိမ်းထားတဲ့ tutorial တွေဆို မြန်မာမိန်းကလေးတွေ အသားရောင်နဲ့ လိုက်လုပ်လို့ အဆင်မပြေဘူးလေ အဲလိုမျိုးတင်ဖြစ်ရင် အားပေးမယ်

ဝိုင်း

Candy said...

ဟီးဟီး.. မမကတော့ လုပ်ပြီ...
အဲ့လိုကြီးလုပ်ဖို့ကျ သတ္တိမရှိသေးဘူးဂျ..
ကိုယ်ကလည်း သိပ်တတ်တာမဟုတ်တော့ :P :P :P

phyo soe said...

ကျေးဇူးပါဗျာ

phyo soe said...

ကျေးဇူး