Hi!!!!
ခုကန်ဒီ့ဘေးမှာ ကော်ဖီတခွက် ချထားတယ်။ အချိန်ကတော့ ည(၁၂)ခွဲ။ ကော်ဖီလေးဇိမ်ခံသောက်ရင်း တွေးမိတာတွေ ချရေးရတာလည်း အရသာတမျိုးပဲ :D အဟိဟိ သိပ်ကဗျာဆန်သွားလား? ပြီးခဲ့တဲ့စနေနေ့က ဟိုလေထဲက သင်္ဘောကြီးနားသွားတယ်။ ဓာတ်ပုံလျှောက်ရိုက်တယ်။ တကယ်တော့ ဓာတ်ပုံလျှောက်ရိုက်တယ် ဆိုတာထက် ကမ်းနားမှာထိုင် စာအုပ်ဖတ် သီချင်းနားထောင်။ ဒီလိုကျတော့ ဘ၀ကြီးက ပြီးပြည့်စုံတယ်နော် (ကြီးကြီးကျယ်ကျယ်တွေ စပြီ :P)
ကိုယ်ပြန်လာမယ် မင်းလေး အနားကို.. ♫♪
အိမ်ရှင်အန်တီရဲ့အမျိုးတွေ အလည်ရောက်လို့ အိမ်မှာ ခဏတည်းတယ်။ ကလေးလေးတွေလည်း ပါတယ်။ တယောက်က (၇)နှစ် တယောက်က (၂)နှစ်။ ဆိုးလိုက်တာ။ တအိမ်လုံးလည်း ဆူညံနေတာပဲ။ သူတို့အမေဆို ကလေးထိန်းရတာ ပါးစပ်တောင် မပိတ်ရဘူး။ အဖေဆိုလည်း နို့ဗူးဖျော်တယ်။ ကလေးလေး အီးပါရင် (ကန်တော့) ရေဆေးပေးတယ်။ လင်မယားနှစ်ယောက်လုံး အလုပ်တွေရှုပ်နေတာပဲ။ သူတို့ကို ကြည့်ပြီး မိဘမေတ္တာကို တွေးမိတယ်။ အမေလည်း ကန်ဒီတို့ ငယ်ငယ်က ဒီလိုလုပ်ပေးခဲ့ရမှာပဲလို့။ ဒါပေမယ့် ကန်ဒီငယ်ငယ်ကတော့ အဲ့လောက်မဆိုးဘူးလို့ ထင်တာပဲ.. ဟဲဟဲ။ အမေ့ကို သတိရတယ်။ ရန်ကုန်ပြန်ချင်တယ်။ ခုအမေက ဒူးမကောင်းဘူးတဲ့။ လမ်းတောင် သိပ်မလျှောက်နိုင်ဘူးတဲ့ :( လူတယောက်က အသက်အရွယ်လိုက်ပြီး အတွေးတွေက ပြောင်းလဲတယ်နော်။ အခု ကန်ဒီနဲ့ ဟိုးလွန်ခဲ့တဲ့ (၂)နှစ်လောက်က ကန်ဒီနဲ့တောင် အတွေးတွေက မတူတော့ဘူး။ အရင်က မတွေးမိတာတွေ ခုပိုတွေးမိလာတယ်။
ဟိုနေ့က မေမြို့မိုးက ကန်ဒီ့ကို Chatroom တခုမှာတွေ့လို့ သွားChatတယ်တဲ့။ နာမည်လည်းတူ.. ရုပ်လည်း ဆင်တယ်တဲ့။ ပြီးမှ ကန်ဒီမဟုတ်မှန်း သိတယ်တဲ့။ ကန်ဒီ့ကို သူမှားလည်း မှားလောက်စရာ ဘယ်လောက်တူကြောင်း ဓာတ်ပုံတောင် မေးလ်ပို့လာသေးတယ်။ အင်း.. ဆင်တာတော့ ဆင်တယ်ပြောရမယ်။ သေချာကြည့်ရင်တော့ မတူဘူး။ အဲ့ဒါ ကန်ဒီပြောချင်တာက ကန်ဒီနဲ့နာမည်တူတွေ အများကြီးရှိနိုင်တယ် ဆိုတာပါ။ ကန်ဒီဘယ် Public Chatroom မှ မ၀င်ဘူး။ နောက်ပြီး ကန်ဒီ Ning ဆိုဒ် (စာလုံးပေါင်းမှားရင် ခွင့်လွှတ်နော်) တွေမှာလည်း စာမရေးဘူး။ ရှက်ရှက်နဲ့ဝန်ခံရရင် Ning ဆိုဒ်ဆိုတာတောင် ဘာမှန်းမသိလို့ ဟိုတလောကမှ ချောကလတ်ကျူးပစ်လေးကို တိုးတိုးတိတ်တိတ်မေးရတယ်။ အဲ့လောက်တောင် ညံတာပါ ဟိ။ ကန်ဒီစာရေးတာ ဒီကန်ဒီ့ဆိုဒ်ရယ်.. နောက် ShweBeauty ရယ်.. အဲ့နှစ်နေရာပဲ ရေးတာပါ။
► My sis was missing??!!
ကန်ဒီ့ညီမ သူ့ချစ်သူနဲ့ Austria သွားလည်တယ်။ ဟိုမှာ သူ့ချစ်သူရဲ့ မိဘတွေလည်း ရှိတယ်။ ကန်ဒီ့ကို ပြောသွားတာက ၂၆ရက်နေ့ ပြန်ရောက်မယ်တဲ့။ ၂၇ရက်ထိ ရောက်မလာဘူး။ လူက စိတ်ပူနေတာ။ ပိုပြီး စိတ်ပူရတဲ့အကြောင်း ရှိသေးတယ်။ ပြောပြရင် ကန်ဒီ့ကို ၀ိုင်းရီကြမလား မသိဘူး ဟီး။ သူသောက်နေကျ ကြွေခွက်လေးက အိမ်က အန်တီရဲ့သမီးလုပ်လိုက်တာ မတော်တဆကွဲသွားတယ်။ စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ ရုပ်ရှင်တွေ ဘာတွေမှာ အဲ့လိုဆို နိမိတ်မကောင်းဘဲ တခုခုဖြစ်တယ်မလား? သူကလည်း ပြန်ရောက်မလာတော့ စိတ်ထဲ ဘာတွေတွေးမှန်း မသိဘူး။ သူ့ချစ်သူကပဲ သူ့ကိုပြန်ပေးဆွဲသွားတာလား?? :P :P ဟိုမှာပဲ ဒုက္ခရောက်နေပြီလား?? အမေတို့ကိုက တနင်္ဂနွေနေ့ ပြန်ရောက်မယ် ပြောထားတယ်။ ရောက်ပြီလား.. မေးရင် ဘယ်လိုဖြေရမလဲ?? အဲ့လို အဲ့လိုတွေ လျှောက်တွေးနေတာ ဟီး။ မယ်မင်းကြီးမက ၂၇ရက်နေ့ညနေမှ ရောက်ကြောင်း Message ပို့တယ်။ အဲ့တော့မှ သက်ပြင်းချနိုင်တော့တယ်။ သူပြန်ရောက်မယ့် ရက်ကို မှားပြောသွားပုံရတယ် >.<
► OMG!! I love it xD
သူပြန်လာတော့ ကန်ဒီအတွက် လက်ဆောင်ပါလာတယ် :D :D ။ အရမ်းတော့ ဈေးမကြီးဘူး။ ဒါပေမယ့် ကန်ဒီအရမ်းလိုချင်နေတဲ့ဟာလေး။ အမှန်အတိုင်းပြောရရင် သူ့ကို အဲ့ဒါလေး ၀ယ်ခဲ့ခိုင်းရင် ကောင်းမလား တွေးမိသေးတယ်။ နောက်တော့ တော်ပါပြီလေ.. စင်္ကာပူမှာလည်း ရှိမှာပါ.. ကိုယ့်ဟာကိုယ် ရှာမတွေ့တာ နေမှာပါ.. ဆိုပြီး သူ့ကိုမမှာဘဲ ကိုယ့်ဟာကိုယ် ကြိတ်ရှာနေတာ။ သူအဲ့ဒါဝယ်လာတယ်ဆိုတော့ ပျော်လို့ထခုန်မတတ်ပဲ။ ကန်ဒီ့လိုချင်နေတာကို သူ့ဟာသူအမှတ်ရသားပဲ :P နောက်ထပ်သူ့ကိုအမှတ်ပေးချင်တာက ၀ယ်ခဲ့တဲ့ ဒီဇိုင်းလေး။ ကန်ဒီ အဲ့လို Vintage ဒီဇိုင်းတွေ ကြိုက်တာလည်း သူမှတ်မိတယ် ဟိဟိ။ အဲ့ဒါလေးက .............

အခန်းအနံ့မွှေးအောင်လုပ်တဲ့ ဟာလေး။ အပေါ်မှာ ကိုယ်နှစ်သက်တဲ့ အနံ့အဆီနဲ့ ရေထည့်.. ပြီးရင် အောက်က ဖယောင်တိုင်လိုမျိုးလေးနဲ့ မီးထွန်းလိုက်တာနဲ့ အနံ့သင်းသင်းလေး ထွက်လာတယ်။ ကန်ဒီက အခန်းကို လှောင်တဲ့အနံ့ထွက်နေတာ မကြိုက်ဘူး။ အနံ့ထွက်တဲ့ Candle တွေထက် အဲ့လို Decorate လည်း လုပ်လို့ရတာလေး ရှာနေတာ။ ဘယ်လိုမှ ရှာမတွေ့ဘူး။ ခုတော့ ဟဲဟဲဟဲ :D
► Just for Girls :D
► Just for Girls :D

Revlon ကနောက်ဆုံးထွက်ပြီး အရမ်း Popular ဖြစ်နေတဲ့ Lip Butter ကို အားလုံးသိမယ် ထင်တယ်။ ခုအဲ့ဒီ Product line စင်္ကာပူကို ရောက်နေပြီနော်။ ကန်ဒီတောင် စနေနေ့က Watson ရောက်မှ သိတယ်။ အဲ့ဒါကို ကန်ဒီမျှော်နေတာ ကြာပြီ ဟီး :D။ Colour အစုံတော့ မရောက်သေးဘူး။ ၅ရောင်လား ၆ရောင်လားပဲ ရောက်သေးတယ်။ ကန်ဒီဝယ်လာတာက Strawberry Shortcake။ Lip Balm ပုံစံမျိုးပဲ။ ကြိုက်၏ :D လက်သည်းဆိုးဆေးနှစ်ဗူးက ရည်ရွယ်ချက်မရှိဘဲ ၀ယ်လိုက်တာ။ အဲ့အရောင် နှစ်မျိုးက ဘယ်တော့မှ မတွေ့ဘူး။ အမြဲကုန်တယ်။ အဲ့နေ့က တွေ့လို့ :D တစ်ရှူးတွေက ထမင်းစားနေတုန်း အဖိုးတယောက်လာရောင်းလို့ ၀ယ်လိုက်တာ။ ဒီမှာ အသက်ကြီးကြီး အဖိုးတွေ အဖွားတွေ အဲ့လိုရောင်းကြရတယ်နော်။ သနားပါတယ်။ ကန်ဒီ့မှာ လွယ်လွယ်ကူကူ ပိုက်ဆံပေးဖို့ရှိရင် ၀ယ်တတ်တယ်။ သနားလို့ :(
ကန်ဒီဘာထူးခြားနေလဲ??? ဟဲဟဲဟဲ ဆံပင် ပြန်ဆိုးထားတယ်။ ကိုယ့်ဟာကိုယ် ဆိုးတာ။ အရောင်က Liese က Platinum Beige။ ဒီပုံမှာ အရမ်းထင်းနေသလိုပဲ။ နေအရမ်းရှိန်နေလို့လား မသိဘူး။ အပေါ်က ပုံတွေမှာတော့ အဲ့လောက် မသိသာဘူး။ ဆိုးချင်တဲ့သူတွေ Reference ကြည့်နိုင်အောင် ပြတာပါ :D
အားးးးးးးး.............. ပိုစ့်ကြီးအရမ်းရှည်သွားပြီ Sorry!!!
၃နာရီထိုးတော့မယ်။ အိပ်ပြီ။
တာ့တာ Zzzzz........