Saturday, February 18, 2012

Be Yourself


ဒီနေ့ပိုစ့်လေးက အားလုံးနဲ့တော့ မသက်ဆိုင်လောက်ဘူး ထင်တယ်။ ဒါပေမယ့် အပြင်လောကမှာပါ ချဲ့ထွင်တွေးကြည့်မယ်ဆိုရင်တော့ အံဝင်လောက်မှာပါ။ ကန်ဒီပြောချင်တဲ့အကြောင်းက အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေပါ။ သူတို့ကို မမြင်ရဘူးဆိုပြီး တဖက်လူ ခံစားချက်ကို မစာနာပဲ ပြောချင်တာ ပြောခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် ဘလော့တွေမှာ အများဆုံးတွေ့ရတာပေါ့။ ဘလော့ဂါတွေလည်း ဘာနဲ့ထုထားတာ မို့လို့လဲ။ ခံစားချက်ဆိုတာ ရှိတာပဲ။ အကောင်းမြင်တဲ့ ကွန်မန့်လေးတွေဖတ်ပြီး ပျော်ရတာတွေရှိသလို အဆိုးမြင်ဝါဒီသမားတွေကြောင့် စိတ်မကောင်းဖြစ်ရတာတွေလည်း ရှိတယ်။ ကန်ဒီလည်း တခါတလေ အဲ့လို ကွန်မန့်တွေ.. စီပုံးမှာရေးသွားတာတွေ.. ရဖူးပါတယ်။ အဲ့လိုကွန်မန့်မျိုး အော်သွားတာမျိုးက အရမ်းရှားတယ်ဆိုပေမယ့် တခါတွေ့ရင် တခါဆိုသလို တော်တော်ကြာကြာ စိတ်မကောင်းဖြစ်ရတယ်။ ပြီးရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်မိတယ်။ သူတို့ပြောသလိုများ တကယ်ဖြစ်နေတာလား? ငါရှေ့ဆက် ရေးသင့်ရဲ့လား? ဆိုတဲ့အတွေးတွေက ခေါင်းထဲ ၀င်ဝင်လာတယ်။ တခါကစီပုံးမှာရေးသွားတဲ့ Message က "ဘာတွေရေးထားမှန်းမသိဘူး။ ရူးနေတယ်ထင်တယ်။ စိတ်ရောဂါကုဆေးရုံမှာ တနှစ်လောက်ကုလိုက်ပါလား" တဲ့။ အဲ့ဒါမျိုးတွေ ကြုံခဲ့ရင် ကန်ဒီကတော့ လစ်လျူရှုလိုက်တာများတယ်။ သူများမဖတ်စေချင်ရင် cbox မှာ log in လုပ်ပြီး ဖျက်လိုက်လို့ရပါတယ်။ ကန်ဒီကတော့ အရမ်းမဆိုးရင် ဖျက်လေ့မရှိဘူး။ သူတို့ရဲ့ ဘာရယ်မဟုတ် လမ်းကြုံလို့လာဖတ်ပြီး ရေးသွားတဲ့ စာတကြောင်းက ဘလော့ရေးတဲ့လူတယောက်ကို အတွေးများစွာ ဖြစ်သွားစေတယ်။ ငါမှားနေပြီလား.. ငါမှားနေပြီလား ဆိုတာမျိုး။

ဒီလိုအဖြစ်မျိုးကြုံလာရင် "ကိုယ့်ဘလော့ပဲ ကိုယ်ရေးချင်တာရေးမှာပေါ့.. ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ" ဆိုတာမျိုးတွေးတာထက် ကန်ဒီကတော့ ဒီနေရာမှာ ကိုယ့်ကို ချစ်တဲ့ဘလော့ဂါတွေ... ကိုယ့်စာတွေလာဖတ်လေ့ရှိတဲ့ စာဖတ်သူတွေ.. သူတို့ကိုပဲ ပိုဂရုစိုက်စေချင်တယ်။ ကိုယ့်ကို မကောင်းပြောတဲ့လူတယောက်ထက် ကိုယ့်ကိုချစ်တဲ့ လူအများစုက ပိုအရေးကြီးတယ်။ နောက်တချက်စဉ်းစားစေချင်တာက ကိုယ့်အတွက်ကိုယ်ပါ။ ဘယ်သူ့မှ ၀ါသနာမပါဘဲ မပျော်ဘဲ ဒဏ်ပေးထားလို့ ဘလော့ရေးနေတာမဟုတ်ဘူး။ တချို့ကလည်း စာရေးတာ ၀ါသနာပါလို့။ တချို့ကလည်း နည်းပညာတွေ မျှဝေချင်လို့။ ကန်ဒီ့လိုလူမျိုးက စိတ်ထွက်ပေါက်တခု ပျော်စရာတခုအနေနဲ့ ရေးနေတာပါ။ နောက်ဆုံး ဆန်းစစ်ကြည့်တော့ ကိုယ့်အတွက်ကိုယ်ရေးနေကြတာပဲမလား? အဲ့တော့ ကိုယ့်ပျော်ရွှင်ဖို့ ဖန်တီးထားတဲ့ ကိုယ့်ဘလော့လေးကို ဘယ်သူက ဘာပြောပြော ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး ဆက်ထိန်းသိမ်းရမှာ ကိုယ့်တာဝန်လေ။

ကန်ဒီလည်း အဲ့လိုမျိုးတွေကြုံလာရင် တော်တော်စိတ်မကောင်းဖြစ်တတ်တယ်။ ဒါပေမယ့် ကန်ဒီခုနကပြောသလိုပဲ ကြိုးစားတွေးလိုက်တယ်။ ကန်ဒီဂရုစိုက်တာ ပိုစ့်မတင်တောင် တနေ့တခါ လာလာလည်နေတဲ့သူတွေ.... နောက်ပြီး ကိုယ့်ဟာကိုယ်။ တခါတလေ တကိုယ်ကောင်းဆန်ခြင်းဟာလည်း လူပီသခြင်းတမျိုးပဲမလား? ဒါတွေက ကန်ဒီ ကြိုက်လို့ လုပ်နေတာတွေလေ။ ကိုယ်ကြိုက်လို့ လုပ်နေတာတွေကို ကိုယ်မသိတဲ့လူရဲ့စကားကြောင့်တော့ ပြန်မရုတ်သိမ်းနိုင်ဘူး (Evil Candy :P)။ အဲ့လို တွေးတတ်အောင် ကျင့်ထားတယ်။ ခုထိတော့ ခံနိုင်သေးတယ်။ ဘယ်လို ထိုးနှက်မှုမျိုးနဲ့ တွေ့ရင် ပြိုလဲမလဲတော့ မသိဘူး။ ကန်ဒီအဓိက ပြောချင်တာက ကိုယ်ဝါသနာပါလို့ ကိုယ်ပျော်လို့လုပ်နေတဲ့အရာက သူများကိုလည်း မထိခိုက်ဘူး.. ကိုယ်လည်း ကျေနပ်တယ်.. ဒါဆိုဘာလိုသေးလဲ ဟုတ်တယ်မလား? တခါတလေ ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကို လစ်လျူရှုလိုက်ပါလား....

ဒီပိုစ့်ကို ကန်ဒီအရမ်းခင်တဲ့ အစ်ကိုတယောက်အတွက် ရည်ရွယ်ပြီးရေးတာပါ။ သူ့ကဗျာတွေ ကန်ဒီအရမ်းကြိုက်သလို ကန်ဒီစာစပြန်ရေးတဲ့အချိန်တည်းက ခုချိန်ထိဘလော့ရွာလေးမှာ တူတူရှိခဲ့တဲ့မောင်နှမတွေလေ။ သူ့ဘလော့လေး ဖျက်သိမ်းတော့မယ်တဲ့။ ဘာလို့ဆိုတာ အတိအကျ မသိပေမယ့် အပေါ်က ကန်ဒီပြောတဲ့ကိစ္စကြောင့်ဆိုရင်တော့ သူ့ကို ပြန်စဉ်းစားစေချင်လို့ နောက်ဆုံးအနေနဲ့ ကန်ဒီပြောတတ်သလောက်ပြောပြီး တားကြည့်တာပါ။

လောလောဆယ် ကန်ဒီ့အကြောင်းကတော့ ကျောင်းစာပိနေတယ်။ စာတကြောင်း တကြောင်းရေးဖို့ကို တော်တော်စဉ်းစားရတယ်။ စာလုပ်ချင်စိတ်လည်း မရှိဘူး။ မလုပ်လို့လည်း မရဘူး။ လာမယ့် သောကြာထပ်ရမှာ :(

အားလုံးပဲ ပျော်ရွှင်ပါစေရှင့်
Pls Be Yourself ^_~

27 comments:

blackroze said...

ဒီလိုပါဘဲကန်ဒီ
လူဆိုတာလေတိုက်တာခံနိုင်ရတယ်
ကိုယ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်
ဘလော့မရေးဘဲရပ်လိုက်ရတာဆိုရင်
တမျိုးပေါ့လေ..။။
တခြားသူတဦးဦးရဲ့ပြောစကားကြောင့်
အနှောင်အယှက်ဖြစ်လို့
ဆက်မရေးးတာ ဆိုရင်တော့
သေချာစဉ်းစားသင့်တယ်လို့
ထင်ပါတယ်..

အောင်သက်ခိုင် said...

မမကန်ဒီသစ်ပင်မြင့်လေလေ လေကြမ်းတိုက်လေပါပဲမမကန်ဒီရာဘယ်သူတွေဘာပြောပြောကိုယ်မှန်ရင်ဂရုစိုက်စရာမလိုပါဘူးဗျာ
အခက်အခဲတွေ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အခါ ကျနော့်ကိုယ့်ကျနော် အမြဲခွန်အားပေးတဲ့အစကားလေးတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ” ခဏလေးပါ “ဆိုတဲ့ စကားလေးပါပဲ။
ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ အချိန်ပြည့်ဖြစ်နေတာမဟုတ်ပါဘူး။ တစ်ခဏပါပဲ။ အဲဒီတစ်ခဏကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ လိုပါတယ်။ ” ဒီဒုက္ခတွေဟာ အမြဲရှိနေမှာမဟုတ်ဘူး။ ခဏတာပဲဖြစ်တယ်။ အဲဒီတော့ ဒီဒုက္ခတွေကို ငါ ဘာကြောင့် အရှုံးပေးမှာလဲ။ ဒီခဏလေးအတွင်းမှာ ငါ အစွမ်းကုန်ကြိုးစားမယ်။ ဒီခဏလေးကို ကျော်လွန်သွားရင် အဆင်ပြေသွားပြီ။ “
ဒါကြောင့် ဘ၀မှာ အခက်အခဲတွေ ကြုံရတဲ့အခါ စိတ်ပျက် အားလျှော့မသွားပါနဲ့မမကန်ဒီ

မေမြို့မိုး said...

အစ်မလို စိတ်ဓါတ်မျိုးထားရမယ်.. ကျွန်တော်လည်း ပြောမယ် ပြောမယ်နဲ့.. မပြောဖြစ်သေးဘူး
နောက်မှ အားမှ ပေါက်ကွဲတော့မယ်.။

Angelhlaing(May everybody be happy and healthy! said...

အင်း ဘလော့ထဲမှာဖြစ်လေ့ရှိတဲ့ အဖြစ်ပျက်လေးတွေ ပါပဲကန်ဒီရေ...စီနီယာ ဘလော့ဂါတွေဆို ပိုသိကြမှာပါ... နောက်တော့လည်း ပြီးသွားမှာပါပဲ... ဘလော့လေးဖျက်ပစ်မယ့်အကိုသာ ပြိးရင် နှမြောနေမိမှာမို့... စိတ်လိုက်မန်ပါ မဖျက်ပါစေနဲ့လို့...

မောင်(စွယ်စုံကျမ်း) said...

ဖြစ်တတ်ပါတယ်ကွာ..ငါတော့ ရေးလာရင်ဖျက်ပစ်တာပဲ..ဘာတတ်နိုင်နိုင်မှာလည်းနော..After Approval ထားလိုက် ချက်ဘောက်လာလည်းဘန်းလိုက်ပေါ့..ဟုတ်ဘူးနား..နာဘာကူရမလဲပြောလိုက်..ဟိဟိ..လူချင်ချမလား..ပညာချင်းချမလားလို့ ..တိန်...ဖွားလေးကိုပဲစိန်ခေါ်တာနော်..ကျန်တဲ့သူမပါဝူး..တိန်

နွေလ said...

အစ်မကန်ဒီရေ . . .
ကျွန်တော်တော့ အဲ့လိုစာတွေ တစ်ခါမှတော့
မရဖူးပါဘူး
( အပေါင်းအသင်း ခပ်ရှားရှားဆိုတော့ . . . )
ဒါပေမယ့် ရလာရင်လည်း ကျွန်တော်
ဘယ်တော့မှ စိတ်ပျက်သွားမှာ မဟုတ်ဘူး
စာရေးခြင်းဆိုတာ ကျွန်တော့် ဘ၀ရဲ့အစိတ်အပိုင်း
တစ်ခုပဲ ( ကြီးကြီးကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး )
အစ်မလည်း စိတ်ညစ်မနေနဲ့နော်
စာတွေဆက်ရေးပါ
ကျွန်တော်တို့ ရှိနေတယ်လေ
ဖတ်နေသူတွေ ရှိနေတာပဲ
ဘာမှ စိတ်ညစ်မနေပါနဲ့
ပျော်ရွှင်ပါစေဗျာ

Kiwi said...

Hi..Candy..dont take it personally..alot of crazy people are online these days..to me personally, ur blog is entertaining..ur pics r lovely..

Thet Nandar Family said...

စိတ်ထဲ ထားမနေပါနဲ့လို့ ....

ကိုယ့် စိတ် နဲ့ ကိုယ့်ကို သာ နေပါ ....

Negative comment တွေနဲ့ ဘောင်ကျော်လာတာ ဂရုစိုက်မနေပါနဲ့ ....

အင်တာနက်မှာ ပြောချင် ဆိုချင် ... ဆရာကြီး လုပ်ချင်နေတဲ့လူတွေမှ အများကြီးပဲ ...

အဲဒီလို ရေးတဲ့လူတွေကို အခုခေတ် နည်းပညာနဲ့ ip tracking လည်း လိုက်လို့ ရသလို ... ban လို့လည်း ရပါတယ်။

ဂရုစိုက်မနေပါနဲ့နော်။

အကောင်းဘက်က ကြည့်ရင် အဲဒီလူကြောင့် ကိုယ့်ဘလော့တောင် Hit counts တက်ပါသေးတယ်။

နောက်ထပ် အကောင်းဘက်က ထပ်ကြည့်ပေးရင် ...

အဲဒီလူဟာ သနားစရာ အရမ်းကောင်းနေပါသေးတယ်။ သူ့မှာ အားနည်းချက်ရှိနေလို့ နောက်ကွယ်ကနေ ... ပေါက်ကွဲကြည့်တာပါ။

သမီးလည်း ပညာရေးမှာ အောင်မြင်မှု ရရှိပါစေ ....

P.S ... တီတီ ... ကွန်မန့်တွေ သိပ်တော့ မရေးပေးတတ်ဘူး။ ကိုယ် ဆိုလိုချင်တာနဲ့ .. ကိုယ် ရေးလိုက်တာ လွှဲနေမှာ စိုးလို့ ... အခုပိုစ့်ကတော့ ကိုယ်တိုင်လည်း ကြုံဖူးလို့ ရေးလိုက်တာပါ ....

Peace out :)

ညီရဲ said...

ဘာကိုမှ ဂရုစိုက်မနေပါနဲ့ ကိုယ့်ကျောင်းစာကိုဘဲ ဂရုစိုက်ပါ ညီမရေ... ဒါမျိုးတွေက ရှိတတ်ပါတယ်လေ...

နေ၀သန် said...

ဘလော့ခ်ကာဆိုတာ အရေထူရသတဲ့... ကန်ဒီ.. :D.. ပါးစပ်စည်းကမ်းမရှိတဲ့သူတွေက ဒုနဲ့ဒေးဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ လျစ်လျူရှုတာ အကောင်းဆုံးပဲလို့ထင်ပါတယ်..

ခင်မင်လျက်
နေ၀သန်

san htun said...

don't care ကန်ဒီရေ..ရေးသာရေး..တို့ တွေက ဖတ်ဖို့  အဆင်သင့်ပဲ..ဘလော့ဖျက်တော့မယ်ဆိုတဲ့ ကဗျာဆရာကို နှမြောလိုက်တာ..ဘလော့ဂါတွေ ဘလော့ကို ဘယ်လောက်သံယောဇဉ်ရှိတယ်၊ ဘယ်လောက်အချိန်ပေးပြီး အားစိုက်ထားတာ ကိုယ်တိုင်ရေးမှပဲ နားလည်တော့တယ်..

jasmine(တောင်ကြီး) said...

ချစ်စရာကောင်းတဲ့ညလေးရေ
ဘာအတွက်နဲ့မှ စိတ်ညစ်မနေပါနဲ့နော် မဂျက်ဆိုရင်
အရူးတစ်ယောက်(ဘာရူးတာလဲသူကိုယ်တိုင်သိတာမို့)
jasmine(တောင်ကြီး)ဆိုပြီးပေါချာချာကွန်မက်တွေလိုက်ရေးသေးတာခံရတာပဲ သူကသူ့အဆင့် သူ့အသိုင်းအ၀ိုင်းကိုသူကိုယ်ပြလိုက်တာလေ ဟုတ်တယ်ဟုတ် မိဘကသာ ယဉ်ကျေးအောင်သင်ပြ
ထားရင်တော့ဒီလိုဖြစ်ချင်မှဖြစ်မယ်
ဘလော့ပိတ်တဲ့ သူကိုအမလဲခင်နေတာပါ သူမှာလဲ သူ့အသူ့အကြောင်းနဲ့သူရှိမှာပေါ့ အားလုံးကိုသီးခံပြီးနားလည်မှုနဲ့သာနေပါညလေးရေ
အဆင်ပြေသွားမှာပါ အဲတာတွေကိုဒီလောက်တွေးစရာ
မလိုပါဘူးလို့သဘောထားလိုက်နော်
ချစ်တဲ့ sis jasmine

sulay said...

အဲလိုစိတ်ထဲရှိတာတွေကို လွတ်လွတ်လပ်လပ် ရေးလိုက်တာ အရမ်းကောင်းပါတယ်.. ကန်ဒီ။ လွတ်လပ်ပွင့်လင်းမှုသည် စိတ်ချမ်းသာမှုအတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲလေ..။ ဒါကြောင့် ကန်ဒီ့စာတွေမှာ လွတ်လပ်ပေါ့ပါးမှုတွေ ပါနေတာပေါ့..။ ကျောင်းစာတွေ ပိနေတဲ့ကန်ဒီရေ.. စင်္ကာပူကို တိုးတိုးတိတ်တိတ် တစ်ခေါက်ရောက်လာကြောင်းပါ...။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မိုးငွေ့...... said...

ကောင်းတယ် ဘာမှဂရုမစိုက်နဲ့ အဲလိုဆိုင်ကိုတွေကအများကြီးရယ်...ကိုယ့်စီဘောက်မှာလဲ အဲလိုတွေလာလာရေးတတ်ကြတယ်...။ ကိုယ့်မှာလွတ်လပ်စွာလုပ်ပိုင်ခွင့် ရေးပိုင်ခွင့်အပြည့်အ၀ရှိတယ် ကိုယ့်စာတွေကဘယ်သူ့မှ ထိခိုက်နစ်နာစေတဲ့ စေတနာတွေပါတာမဟုတ်ဘူးလေ...။ သူတို့ဂရုစိုက်မှ ကိုယ်နစ်နာမှာ...။ ချိုချဉ်လေး ကျောင်းစာပဲအာရုံစိုက်ပါ...။

ခင်တဲ့
မိုးငွေ့

thu ma said...

ပျော်ရွှင်စရာ၊ စိတ်မကောင်းစရာ ဘာပဲရေးရေး လာဖတ်တယ် ကန်ဒီ။ ကော်နက်ရှင်က မကောင်းလို့ ကွန့် မန့်သိပ်မရေးဖြစ်တာ။

မြတ်ကြည် said...

ကန်ဒီရေ

၊ မြတ်ကြည်ဘလော့လေးကိုလည်း လာရေးရေးသွားတယ်၊ အခုတလော ၁ပတ် ၁ခါလောက်လာရေးနေတာ မရှက်ဘူးလား ဘာလား?? ခရက်ဒစ်ပေးထားတဲ့ ပို့စ်အောက်မှာလည်း ကရစ်ဒစ် ပေးသင့်ပါတယ်ဆိုပြီးရေးလိုရေး၊ မလှဘူး ဘာဘူး လက်သည်းပုဎ်ကုန်ဦးမယ် အစုံပဲ။

မြတ်ကြည်က ကောင်းကောင်းပြန်ပြောပါတယ် အခုထက်ထိပေါ့။ သူတို့ ရေးထားတာလည်း မဖျက်ဘူး။ ဒီတိုင်းထားတယ်။ အမှတ်တရပေါ့။ ဖတ်ပြီး တခါတလေ ပြုံးမိတယ်။ သူတို့ အပင်ပန်းခံပြီး လာရေးသွားပါလားလို့။ ကန်ဒီက ကံကောင်းတယ် ပြောရမယ်။ တစ်ခေါက်တည်းရဖူးတာ။

အောင်အောင် said...

အနော်ကတော့ တက်လို့၊သိလို့ နားလည်းလို့ ဘလော့ လုပ်တာ မဟုတ်ပါဘူး...ကိုယ်သိတာလေး နည်းနည်းလေးကို သူများတွေလည်း သိစေချင်တယ်...Candy ပြေားသလို ဘလော့လုပ်ရတာ ကိုယ့်ရဲ့ထွက်ပေါက်1ခု ရသလိုလည်းခံစားရတယ်...နောက်ပြီးဘလော့လုပ်ရင်းနဲ့ သူငယ်ချင်းတွေအများကြီးလည်းရခဲ့တယ်...ဘယ်သူတွေဘာပြေားပြေား...ရှေ့ဆက်သွားစို့ သူငယ်ချင်းတို့(အားလုံးကြားအောင် အော်သည်...)CANDY ရေ ပျော်ရွှင်ခြင်းများဖြင့်ပြည့်စုံပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

"ဘာတွေရေးထားမှန်းမသိဘူး။ ရူးနေတယ်ထင်တယ်။ စိတ်ရောဂါကုဆေးရုံမှာ တနှစ်လောက်ကုလိုက်ပါလား" တဲ့။

ဒါနဲ့ ပိစိလေးကလဲ အားကျမခံ တစ်နှစ်လောက် ဆေးရုံ တက်ပစ်လိုက်ရောလား။း)

မစရ မနှောက်ရတာ ကြာလို့။း

လွင်ပြင်လှိုင်းငယ် said...

ဒါတွေကို စိတ်ထဲမှာ မထားပါနဲ့ ညီမလေးရေ

♫♪★လွမ်းပိုင်ရှင်★♪♫: said...

ဖြစ်တတ်ပါတယ်ဗျာ

Aung Htut said...

ဘာမှ မဖြစ်ပါဘူး မကန်ဒီရယ်... စီဘုံးကြီးဆိုတော့ ရေးချင်ရာ ရေးကြမှာပေါ့... တစ်မျိုးစီ ခံစားလို့ ကောင်းတာပဲ... ကောင်းတာရေးသွားတော့လည်း ကောင်းတယ်ပေါ့.. မကောင်းတာရေးသွားတော့လည်း မကောင်းဘူးပေါ့... အရသာစုံ ခံစားနိုင်သည်။ အသုတ်တောင်မှ ချဉ်ငံစပ်ကလေးမှ ကောင်းတာကိုး... ဆက်သာရေးပါ... ဟို ဘလော့ဖျက်မယ်ဆိုတဲ့ အစ်ကိုလား အစ်မကိုလားလည်း မဖျက်ပါနဲ့ လို့... ဆက်သာရေးပါလို့... :P

သမီးစံ said...

ဟုတ်တယ်ကန်ဒီ..
ကန်ဒီပြောတဲ့အစ်ကိုက
စီဘောက်လည်းပိတ်ထားတယ်။
မန့်လို့လည်းမရတော့
မေးဖို့ရာလည်း.ဘယ်လိုမှဆက်သွယ်လို့မရဘူး။
ကန်ဒီပြောသလိုများ.ဖြစ်နေလို့လားမသိဘူးနော်။
မိတ်ဆွေအချင်းချင်း၊ရေးဖော်ရေးဖက်
အော်ဖော်အော်ဖက်တွေမို့
တတ်နိုင်သမျှ.အားပေးချင်ပါတယ်။
ပြောသာပြောရတာ.ကိုယ်လည်း resistance
သိပ်မကောင်းပါဘူးး)

ပျော်ရွှင်ပါစေကွယ်

ချစ်ခင်လျှက်ပါ...

ဟန်ကြည် said...

ကွယ် ခေါင်းထဲထည့်မထားစမ်းပါနဲ့...ဂွတ်တယ်ထင်တာကို ဒူးသာဒူးလိုက်စမ်းပါ...ခံယူချက်နဲ့ ရပ်တည်နေကြတဲ့ ဘလော့ဂါတွေပဲ...မာမာပေါ့...ခပ်ရှင်းရှင်းပြောရရင်...တောင့်ထား...

8Yar said...

Blog တစ်ခုလုပ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ တစ်ခုခု ပေးဆပ်ပြီးတို့ ကြိုးစားထားရတာ။ သူငယ်ချင်း Bloger အစ်ကို ကိုပြောပေးပါ။ 8Yar ကမသွားပါနဲ့လို့ တားတယ်လို့။ စိတ်ညစ်ရင် လျှောက်သွားလို့ ဓာတ်ပုံလိုက်ရိုက်ပေးမယ်လို့။ Blog ကိုတော့ တကယ် မနားစေချင်ပါဘူး။

mabaydar said...

ဘလော့ရေးတဲ့သူတိုင်း အနည်းနဲ့ အများတော့ အဲလိုမျိုးတွေကြုံဖူးပါတယ်... မဗေဒါကိုဆိုလဲ ရုပ်ရှင်တွေနဲ့ မင်းသား မင်းသမီးတွေကြိုက်တာရေးတာကို ဘာမဆိုင် ညာမဆိုင် လင်တရူးနေတာတွေရော... ကိုရီးယားကောင်ကို ကြိုက်တဲ့ မြန်မာမတွေ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တယ်ဆိုတာတွေရော ရှုပ်နေတာပဲ... ပိုစ့်နဲ့လဲ ဘာမှ မဆိုင်တာတွေလာရေးသွားသေးတယ်...
ကန်ဒီပြောသလိုပဲ မဗေဒါလဲ အဲလိုရေးသွားရင် မဖြတ်ပါဘူး... သူတို့ စရိုက်သူတို့ပြနေတာပဲ.... ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်လို့ ကိုယ့်ဘက်က ဘယ်သူ့မှ မထိခိုက်ထားဘူးဆိုရင် ဆက်ရေးမှာပဲ...

ဝေမိုးနိုင်(မုံရွာ) said...

ကျွန်တော်ကတော့ ဘလော့ဂါဖြစ်တာ သိပ်မကြာသေးတော့ အဲဒါမျိုး မကြုံဖူးသေးဘူး။ ဘယ်တော့ ကြုံလာရမယ်မှန်းမသိပေမယ့် ကျွန်တော့်အတွေးကတော့ အဲဒီလိုကွန်မန့်ရေးသူဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ရေးရေး ကိုယ့်အလုပ်မဟုတ်ပါဘူး ။ ကိုယ်ရေးကိုယ်တာထိခိုက်တာမျိုးမဟုတ်ရင် ပို့စ်ကိုဝေဖန်တာက အတ္တနောမတိနဲ့မို့ တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူမှာမဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါးဘယ်လောက်ထိဝေဖန်ထားထား မကျေနပ်၇င် ဖျက်ပစ်ပြီး ခံနိုင်ရည်ရှိတယ်ဆို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရုံပါပဲ။

ရင်ဆူး said...

ငါ့ညီမရေ....အဆင်ပြေရဲ့လား......စီဘောက်မှာအော်လို့မရလို့ရယ်....ဒီဟာလေးနဲ့လည်း နည်းနည်းတူနေတာရယ် ကြောင့်ပါ.....စီဘောက်မှာဘာလာအော်အော် ဂရုစိုက်မနေပါနဲ့...ငါ့ညီမရယ်......အဆင်ပြေသွားမှာပါ..ဒီလိုပါဘဲ ဖြစ်တတ်ပါတယ်.....စာတွေလည်း ပြန်ရေးဦးနော်.
အစ်ကိုလည်း လာလာဖတ်ဖြစ်ပါတယ်.....လင့်ခ်တောင်ချိတ်ထားပြီးသားမှတ်နေတာ ....မချိတ်ရသေးလို့ ဒီနေ့မှ ပြန်ချိတ်ထားလိုက်တယ်.....ငါ့ညီမလေး အစစ အရာရာ အဆင်ပြေချောမွေ့ပါစေနော်....စိတ်ညစ်စရာတွေ ခေါင်းထဲကထုတ်.....ပြီးတော ချိုချဉ်စုပ်....ဟဲဟဲ..ငါ့ညီမ ညစ်နေတယ်ဆိုလို့ စတာပါ....ပျော်ရွှင်ပါစေ...ကန်ဒီရေ..