Thursday, February 9, 2012

စိတ်ရှုပ်လို့ပါ..

လုပ်နေတဲ့ Dissertationက ၂၄ရက်နေ့ အကြမ်းတင်ရမှာမို့ စာလုပ်နေရတယ်။ စာတွေဖတ်ရတာ စဉ်းစားရတာ ခေါင်းတွေမူးတယ်။ ဦးနှောက်စားတယ်။ စိတ်ရှုပ်တယ်။ ဒီပိုစ့်ကတော့ မဟုတ်က ဟုတ်က တွေးသမျှရေးမယ်။ ဒီရက်ပိုင်း တွတ်ပီကံမကောင်းဘူး ဖြစ်နေတယ်။ ဟိုနေ့ကလည်း ရထားပေါ်မှာ ထိုင်တာ။ ဆံပင်မှာ ပီကေကပ်တယ်။ စင်္ကာပူလို ပီကေ စားခွင့်မရှိတဲ့နိုင်ငံမှာ ဆံပင်ကို ပီကေလာကပ်တယ်ဆိုတော့ စဉ်းစားသာကြည့်တော့။ ကံကောင်းလား မကောင်းလား? ကပ်တာတောင် စားပြီးလို့ ထွေးထားတဲ့ အကြီးကြီးကပ်တာ မဟုတ်ဘူး။ သေးသေးလေးတွေ ဟိုတစ ဒီတစ။ မသိရင် မကျေနပ်လို့ပဲ နည်းနည်းစီခွာပြီး လာကပ်ထားသလိုလို >.<

လက်ကို အပူလောင်တယ်။ ထမင်းချက်ထားတဲ့ အိုးပေါ်က ဖြတ်ပြီး မီးခလုတ်လှမ်းဖွင့်လိုက်တာ လက်ကိုအငွေ့နဲ့ အပူလောင်တာ။ အငွေ့လေးထိတာကို အမာရွတ်တောင် ကျန်တယ်။ ဆိုးပါ့ >.<

>.<

Mustafa ရှုခင်း :P

လူတွေ အဲ့လိုများတာ။ ခေါင်းက ပါလာသေးတယ်။ အဲ့ဒါပေါ့ တွတ်ပီကံမကောင်းဘူး ဆိုတာ..

ဟိုနေ့က Mustafa ရောက်တယ်။ Samsung Galaxy Note သွားဝယ်တာ။ ကန်ဒီ့အတွက် မဟုတ်ဘူး။ တအိမ်လုံးရဲ့အလိုလိုက်ခြင်းခံရသော(ကန်ဒီ မပါပါ) အလွန်တရာမှ ဆိုးသွမ်းသော အငယ်ဆုံးညီမက လိုချင်တယ်ဆိုတော့ နှစ်ခွန်းမပြောလိုက်ရဘူး... အမေက ကန်ဒီတို့ကို အ၀ယ်တော်လွှတ်လိုက်တယ် ဆိုပါတော့။ S$800 ပေးရတယ်။ Mustafa ဆိုတော့ warranty မပါဘူး။ တကယ်တော့ ညီမအလတ်ဝယ်ပေးတာပါ။ အလိုလိုက်ခံရတဲ့ ကလေးက ဆိုးတယ်ဆိုတာ မမေ့နဲ့နော်။ နောက်ပြီး လူကြီးအပေါ် Respect နည်းတယ်။ ကန်ဒီကလေးရရင် အရမ်းအလိုမလိုက်ဘူး။ ကန်ဒီ့ညီမဆိုးတာက ဟိုလိုမဟုတ်တာလုပ်တာမျိုး မဟုတ်ဘူး။ သူက ပိုက်ဆံစားတဲ့သရဲ။ ဟိုတလောကပဲ(တနှစ်တောင် မပြည့်သေးဘူး) Apple itouch ၀ယ်ပေးထားတာကို ခုဒါထပ်ဝယ်တယ်။ အမှန်အတိုင်းပြောရရင် ကန်ဒီတခါမှ သူ့လောက်ဈေးကြီးတာ မပူဆာဖူးဘူး။ အမေ့ကို ကြောက်တာလဲပါတယ်။ ခုကိုင်နေတဲ့ ဖုန်းလေးဝယ်တုန်းကတောင် အမေ့ကို မပြောဘူး။ ကိုယ့်ဟာကိုယ် အသုံးလျော့ပြီး Plan နဲ့ဝယ်ထားတာ။

ကန်ဒီ့ဖုန်းနဲ့ ယှဉ်ပြီးရိုက်ပြထားတာ.. (အကြီးကြီးပဲ...)

ဒါက ကျောင်းမသွားခင် ကင်မရာကို စမ်းထားတာ..
သူ့အစ်မပုံ လွမ်းရင်ကြည့်လို့ရအောင်ပေါ့.. ဟိဟိ :P (မထင်ပါ)

Galaxy Note ကြီးက အကြီးကြီးနော်။ ဖုန်းပြောရင် တော်တော်ရီရမယ်။ ခေါင်းကို အဲ့ဒါနဲ့ထုရင်တောင် တော်တော်နာမယ်။ Touch ကတော့ မဆိုးဘူး မိုက်တယ်။ ကြီးတော့ စာရိုက်လို့လည်း အဆင်ပြေတာပေါ့။ ကန်ဒီ့လို Touch နဲ့ စာမရိုက်တတ်တဲ့ လူမျိုးတွေအတွက် အဆင်ပြေတယ် ဟိဟိ။ ပိန်းတယ်ပဲပြောပြော ကိုယ်ထိလက်ရောက် နှိပ်လိုက်ရမှ ကျေနပ်တာ။ ခလုတ်ပြောတာနော်။ အဲ့ဒါကြောင့် iPhone မသုံးတာ။ ကန်ဒီကိုယ့်ဟာကိုယ် ပိုက်ဆံရှာနိုင်ရင် အမေနဲ့အဖေအတွက် နောက်ဆုံးပေါ် ဖုန်းကောင်းကောင်းလေးဝယ်ပေးမယ်။ iPhone ဖြစ်ဖြစ် Blackberry ဖြစ်ဖြစ်ပေါ့။ အမေတို့က သူ့သမီးတွေအတွက်သာ လုပ်ပေးနေတာ။ သူတို့ကိုယ်တိုင်သုံးတဲ့ဖုန်းက တော်တော်ဆိုးတယ်။ ဖုန်းပြောလို့ရတယ်ဆိုရုံပဲ သုံးတာလေ >.<

Mustafa ရောက်မှတော့ ကုလားစာ စားတာပေါ့ (ကုလားလို့သုံးတာ ရိုင်းသွားလား အိန္ဒိယစာ?? အင်.. မဟုတ်သေးပါဘူး။ ကုလားလို့ပဲ ပြောတာပဲကို @_@)။ ကန်ဒီစားတာက တိုရှည်.. ကြက်သားနဲ့။ သူတို့ခေါ်တာ Dosi ဆိုလား Dosa ဆိုလား? သိဘူး။ ကောင်း၏။ လူတွေကတော့ တော်တော်များတယ်။ တနင်္ဂနွေနေ့မို့ထင်တယ်။

ကီးမားနဲ့ ဒံပေါက် (ကန်ဒီ့ညီမနဲ့ ဦးကျောက်ပိစားတာ)

ကန်ဒီက တိုရှည် စားတယ်....

သူ့တိုရှည်က အထဲမှာ အစာပါတယ် :D

ဟိုတနေ့က မြန်မာ Celebrity မှာတင်တဲ့ ဗွီဒီယိုကြည့်ပြီးပြီလား? Website တော့ သွားဖတ်လေ့မရှိပေမယ့် YouTube မှာ Subscribe လုပ်ထားတော့ သူတင်သမျှဗွီဒီယိုတွေ မြင်တယ်လေ။ ရန်အောင်ရဲ့ Music Performance အပိုင်း(၂)မှာ နာမည်ကြီးမင်းသမီးတယောက် ၀တ်ထားတာကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အသားကပ်အကျီင်္ အသားရောင်ပါးပါးလေးနဲ့ အပေါ်မှာ ရေကူးဝတ်စုံလို့ထင်ရတဲ့ ပန်းရင့်ရောင်အကျီင်္ကို ထပ်ထားတယ်။ No No No...... ကန်ဒီတော်ရုံတန်ရုံ အဲ့ဒါမျိုးတွေ ပြောလေ့မရှိပါဘူး။ နာမည်မရှိတဲ့သူ ၀တ်ရင် "အော်.. သူဝတ်တယ်။ ဒီလောက်ပဲ" နာမည်ကြီးတဲ့ Celebrity တွေဝတ်တာမျိုးကျတော့ သူတို့ကိုသဘောကျတဲ့ လူငယ်တွေက အတုယူတတ်တယ်။ ဒါမျိုးဝတ်တာလှတယ်လို့ ယူဆပြီး အတုယူမှားကုန်ရင် မတွေးရဲစရာပဲ။ Performance မို့ဝတ်တာဆိုပေမယ့်... တော်ပြီ ဒီမှာတင်ရပ်ပါ ဒေါ်ကန်ဒီ (ကိုယ့်ကိုကိုယ် သတိပေးခြင်း)။ နည်းနည်းတော့ ဆက်ဦးမယ် ဟီး... တကယ်တော့ ဖော်ပြီးဝတ်မှ လှတာ မဟုတ်ပါဘူး။ လုံလုံခြုံခြုံနဲ့ လှအောင်ဝတ်လို့ရတာတွေ အများကြီးပါ။ မ၀တ်တတ်ရင် ကန်ဒီ့ကို လာမေး။ ယုံကြည်ရင်ပေါ့လေ :P

ဒီရက်ပိုင်း အာဟာရတွေ ပျက်နေတယ်။ ဟင်းမချက်တာ တော်တော်ကြာပြီ။ Library နဲ့ ကျောင်းနဲ့ ပြေးနေတယ်။ ည ကျောင်းရှိလည်း မချက်။ Library သွားလည်း မချက်။ နေ့လည်စာကို ဖြစ်သလိုစားနေတာ။ မနက်ဖြန်တော့ ပုစွန်ဟင်းချက်မယ်။ ကညွှတ်ကြော်မယ်။ ဒီနေ့ ဈေးသွားဝယ်ထားတယ်။

ဟို မမ၊ ဦးလေးနဲ့ မောင်လေး သုံးယောက်ပေါင်းပြီး ကျွေးထားတဲ့ တက်စာ(Tag)လည်း ရေးမယ်နော်။ မအားလို့ မရေးဘူး မထင်ပါနဲ့။ ခင်လို့ တဂ်တာကို ရေးမှာပေါ့။ ဖြည်းဖြည်းပေါ့နော် ဟီး :D စာတော့ မရေးဘူးမပြောဘူး။ ကိုယ့်အကြောင်း ကိုယ်သိလွန်းလို့။ အမြဲ စာလုပ်မယ် စာမရေးဘူးပြောတိုင်း ဟိုဟာရေးလိုက် ဒီဟာရေးလိုက် လုပ်လွန်းလို့ :P

အဲ့လိုတွေ စိတ်ရော လူရော ရှုပ်နေလို့ ဘလော့မလည်နိုင်.. စာလိုက်မဖတ်နိုင်ဖြစ်နေတာ ခွင့်လွှတ်ပေးနော် :P

ကြော်ငြာအချပ်ပို

နောက်ဆုံးကြော်ငြာဝင်လိုက်ဦးမယ်။ ကြော်ငြာခ ဘယ်လောက်ရလဲဆိုတော့ ဘယ်လောက်မှ မရပါဘူး။ ငယ်ချင်း မောင်နှမတွေဆိုတော့လည်း လုပ်ပေးရတာပေါ့ :D ဘလော့ဂါ မမ ကိုကို ဦးဦး ဒေါ်ဒေါ် မောင်လေး ညီမလေးများ ဒိုမိန်းဝယ်ချင်တယ်ဆိုရင် ဒီလ 10 Feb မှ 15 Feb အထိ အထူးလျော့ဈေးရှိပါတယ်။ ရောင်းတဲ့သူကတော့ အားလုံးသိတဲ့ ဘလော့ဂါ ကိုဇောင်းပါ။ သူ့ကြော်ငြာဆိုင်းဘုတ်ကတော့ ဒီလိုလေးပါ။

"ချစ်သူများနေ့ အထူးအစီအစဉ်"

ဒိုမိန်းများကို မိမိ၏ချစ်သူ ခင်သူ / သူငယ်ချင်းများ အား ချစ်သူများနေ့ အမှတ်တရ လက်ဆောင်ပေးလို သူများ ဈေးနှုန်းသက်သာစွာ ၀ယ်လိုယူသူများအတွက် ZMyanmar မှ အထူးလျော့ဈေးဖြင့် ဒိုမိန်း နှစ်ခုကို သက်သာစွာ ရောင်းချပေးနေပါသည်။

.com (တစ်နှစ်စာ - 7500 ) (နှစ်နှစ်စာ -15000)Kyat
.net (တစ်နှစ်စာ - 7500 ) (နှစ်နှစ်စာ -15000)Kyat ဖြင့် 10-2-2012 မှ 15-2-2012 အထိ (5)ရက်သာ လျော့ဈေးဖြင့်ရောင်းချပေးနေပါသည်။

ဆက်သွယ်ရန်
Email : mail@zmyanmar.com (အဲ့ဒီမေးလ်ကို ဂျီတော့မှာ Add လို့ရတယ်။ သိချင်တာရှိရင် ကိုဇောင်းကိုမေးနော်။ သူက သဘောကောင်းတယ် :D)
Phone : 0949311140 ( Myanmar Phone ) | 0845225713 ( Thai Phone )

ဒီလင်ခ့်မှာလည်း ရေးထားတယ်။ အဲ့ဒါ ရောင်းတဲ့ဆိုဒ်လေ။ ၇၅၀၀ဆိုတာ တော်တော်တန်တာနော်။ ကန်ဒီဝယ်တုန်းကဆို .com ကို ၉၅၀၀ပေးရတာ။ သူ့ဆီကပဲ ၀ယ်တာ။ နှစ်နှစ်စာ ၀ယ်ထားတာလေ။ သူ့ဆိုဒ်ဝယ်တုန်းကဆို .net ကို ၁၆၀၀၀ ပေးရတာတဲ့။ အစက ကန်ဒီထင်တာ ဒိုမိန်းတွေက ဈေးအရမ်းကြီးမယ်ပေါ့။ နောက်တော့ ဖိုးမောင်နှိုးဆော်တာနဲ့ တနှစ်ကို ၉၅၀၀ဆိုတော့ မဆိုးဘူး ဆိုပြီး ၀ယ်လိုက်တာလေ။ blogspot.com က မြန်မာပြည်မှာ ၀င်ရခက်တယ်လို့ ပြောတယ်။ ကန်ဒီ့အရင် ဘလော့လိပ်စာက www.myfreedom-candy.blogspot.com လေ။ www.candykhine.com ပြောင်းပြီးတော့ မြန်မာပြည်က လာလည်တဲ့သူတွေ သိသိသာသာများလာတာ တွေ့တယ်။ အဲ့ဒါကတော့ Counter မှာမြင်ရတာကို ပြောပြတာပါ။ ကိုယ်တိုင်တော့ မြန်မာပြည်ကနေ blogspot.com ကိုမ၀င်ဘူးတော့ ၀င်ရလွယ်မလွယ်သေချာမပြောတတ်ဘူး။

အားလုံးပဲ ပျော်ရွှင်ပါစေနော်...
ကန်ဒီတော့ စာနဲ့ နပန်းလုံးလိုက်ဦးမယ် >.<

25 comments:

မေမြို့မိုး said...

Touch ကိုမကြိုက်တာတော့ အစ်မနဲ့ကျွန်တော်
တူသွားပီ. ဟိဟိ.. မှန်မှန်ကန်ကန် စဉ်းစားတွေး
ခေါ်မှုလေးတွေကို လေးလေးစားစားဖတ်သွားတယ်
နော်အစ်မ.

jasmine(တောင်ကြီး) said...

အမလဲကိုဇောင်းဆီကပဲလေ
ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတဲ့ညီမလေး

blackroze said...

တိုရှည်မြင်တော့
စားချင်လိုက်တာ တိုရှည်ကိုပဲဟင်း
အနှစ်တွေနဲ့စာရင်..ရိုးရိုးဘဲဥနဲ့
သကြားနဲ့စားရတာမျိုးပိုကြိုက်တယ်..
ကျမလည်းဖုန်းကိုဈေးကြီးပေးကိုင်တာမျိုး
သဘောမကျဘူး..
ရန်အောင့်သီချင်းခွေမှာတွေ့လိုက်တယ်
အလိုမဝတ်သင့်ဘူးဆိုတာမှန်တယ်..
မြန်မာပြည်လေ..မြန်မာမိန်းကလေးကအဲလို
မဝတ်သင့်ဘူး..

ချစ်စံအိမ် said...

ချိုလေးရေ ပိုစ့်လေးလာဖတ်သွားပါတယ်
အမှတ်တရတဂ်လေးလည်းစောင့်မျှော်လျှက်ပါ

အောင်အောင် said...

ကြော်ငြာတော့်တဲ့ ထက်ထက်ရေ နာရွေးကောက်ပွဲမှာနိုင်ရင် နင့်ကို အကယ်ဒမီပေးမယ် နာလည်းဝယ်မလို့ စိတ်ကူးနေပြီ..နာကဒူဘိုင်းမှာဆိုတော့ဘယ်လိုလုပ်ရပါ့...နာ့ကောင်မလေးကပြေားတယ်နာ့ဘလော့ကဖွင့်ရတာခတ်တယ်တဲ့...ဟင်း..ဟင်း...........နင့်ရဲ့ ဘဝအမှတ်တရ ဘယ်တော့ ဖတ်ရမှာလည်း နာကတော့ စိတ်မရှည်တော့ဝူး...CANDY...သကြားလုံးရေ............

Anonymous said...

ကန်ဒီလေးရေ အစစအရာရာဂရုစိုက်နော်....
မနက်ဖြန်ကျရင်ပုဇွန်ဟင်းနဲ့ ကညွတ်ကြော်လာစားမယ်နော် ညီမလေးကဟင်းချက်တော်လို့း)
ညီမအလိမ္မာလေး စာကြိုးစားနော်
ချစ်တဲ့ မမ camomilla

ချောကလက်ကျူးပစ်လေး said...

Galaxy Note ကိုလိုချင်လိုက်တာဗျာ
တိုရှည်ဆိုတာကြီးကတော့ကြားဖူးတယ်
မြင်ဖူးဘူးခုမှမြင်ဘူးတာ...စားလို့ကောင်းလား..??
မြန်မာပြည်ကနေblogspot.com ကိုဖွင့်ပီဆိုပေမယ့်စကိုင်းနက်တို့ဘာတို့မှာတော့ပိတ်ထားဆဲ
ဒါကြောင့်သားတို့တော့ဒိုမိန်းတပ်ထားရတယ်...
ဝယ်လိုက်ဗျို့တန်တယ်တစ်နှစ်စာမှ7500ထဲရယ်..

Aung Htut said...

စာတမ်းကို စုံစုံလင်လင်နဲ့ ချောချောမွေ့မွေ့ တင်နိုင်ပါစေဗျား..... ဂလက်ဆီနုတ်က အဖုံးမပါဘူးနော်.. အဖုံးပါရင် ပိုလှသဗျ။ ကုလားစားတွေကိုတော့ သွားရည်ကျသွားသည်။ လောလောဆယ် ဗိုက်ဆာနေသည်။ ဂလု ဂလု ဂလု :)

မြတ်ကြည် said...

ကန်ဒီ ကံမြန်မြန်ကောင်းအောင်၊ အန်ပေါင်းပေးလိုက်မယ်၊ ရော့အင့်။ မြတ်ကြည်ဝယ်တုန်းကလည်း ၉၅၀၀ပဲ။ ကိုဇောင်းဆီကပဲ ဝယ်တာ။ visitor count တက်တာကတော့ ဟုတ်တယ်။ အရင်ကထက် မြန်မာပြည်က visitor များလာတယ်။

မိုးငွေ့...... said...

ဟုတ်ပါ့ touch တွေက အထိမခံလေ စာရိုက်လို့မကောင်းဘူး...။ ချိုချဉ်လေး....ဂရုစိုက်ဦး တွတ်ပီကံမကောင်းဘူးဆိုလို့....အဟာရရှိတာလေးတွေ စားပါ စာတွေလုပ်တာများတော့ ဦးနှောက်အဟာရလိုတယ်...။

မောင်(စွယ်စုံကျမ်း) said...

ပြောမပြောချင်းဘူး ငါ့ကိုများ ဖိုးမောင်တဲ့..နာမည်ဖျက်တယ်..ဟွင်းဒါဘဲ...စကားလက်ဆောင်..မကျက်ချင်သော စာများကို ကျက်နေ၇ခြင်းသည် စိတ်ရောဂါဝေဒနာရှင် ဖြစ်စေရုံသာမက ဂေါက်တောက်တောက် ကြောင်တောင်တောင် ဘ၀ကိုပါ အလွယ်တူ ရောက်စေနိုင်ပါသည်..ဖွားလေအန်တီ..မမကန်ဒီ..ဒါဘဲ..ကျန်တာ မန်ဒါလီ

ညီရဲ said...

အပူငွေ့ ထိတာတောင် လက်အမာရွတ် ကျန်တယ်ဆိုတော့ တော်တော်လေး နုတယ်ပေါ့... ငါ့ညီမက မယ်နုပေါ့...

မဒမ်ကိုး said...

လာလောလီးပေါ့ ထုကြည့်မယ်ညေးကိုအဲတက်စကင်နဲ့ အရင်စမ်းကြည့်ရအောင်လေ .း))

အင်းး စာသေချာလုပ်ပါ တိုရှည်တွေစားပြီး အတိုအရှည်မညီဘဲနေမယ် ..ကြည့်စားး)))))

စာသေချာလုပ်ပါ အိပ်မငိုက်နဲ့ အိပ်ငိုက်ရင် ထုပ်တန်းနဲ့ ဆံပင်နဲ့တွဲချည်ထား သိလား

ချစ်တဲ့အမဂျီး
မဒိုးကန်

Junemoe said...

စိတ်ရှုပ်လို့ရေးထားတဲ့ စာလေးကို ဖတ်ကောင်းလို့ စိတ်ရှည်စွာနဲ့ အဆုံးထိ ဖတ်သွားတယ် ကန်ဒီလေးရေ... ကန်ဒီလေးက ချစ်စရာလေး.. :)

ခင်မင်လျက်
Junemoe

Anonymous said...

ပီကေကပ်တာလောက်မုန်းတာမရှိဘူး။
တရက်သိပ်ကြိုက်တဲ့ ကုတ်အင်္ကျီလေးဝတ်သွားတာ။
ဘယ်ကဘယ်လိုကပ်လာမှန်းမသိဘူး ရင်ပတ်မှာကပ်နေတာ။ ကျောပိုးအိတ်ကြိုးကနေတဆင့်ပြန်ကပ်သွားတာ။ အရမ်းလည်းရွံတာဘဲ။
နည်းမျိုးစုံနဲ့ ချွတ်တာကိုနဲနဲကျန်နေသေးတယ်။း(
ကန်ဒီလည်းတော်တော်စိတ်တိုသွားမှာဘဲနော်။
အိုင်အိုရာ

သမီးစံ said...

ပီကယ်ကပ်ရင်.ဓာတ်ဆီနဲ့ခွာရတယ်ဆိုလား..
ဆံပင်ကိုတော့မလုပ်နဲ့ပေါ့း)
ဟိုပေါ်က.ဇွန်းတွေတင်ထားတာက
ချာပါတီမို့လား..စားချင်ထာ..
ဒိုမိန်းကတော့..လောလောဆယ်
ဘလော့စပေါ့လေးနဲ့
အဆင်ပြေနေသေးလို့ဝယ်ဖြစ်သေးဘူးး)
မာကတ်တင်းလေးက..ချစ်စရာ :D

အလင်းသစ် said...

အိုကွယ်...အရင်တုန်းကဆိုရင် ကြိုးဖုန်းကိုတောင် သူများခေါ်ပေးမှ စကားပြောတတ်တာ.. အခုလက်ကိုင်ဖုန်းတောင် ကိုင်ဖူးနေပီပဲ.. အိုင်ဖုန်းပဲဖြစ်ဖြစ်..ယူဖုန်းပဲဖြစ်ဖြစ်.. ဂလက်ဇီပဲဖြစ်ဖြစ်.. ဂျလက်စီပဲဖြစ်ဖြစ် တူတူပါပဲလေ.. ဖုန်းပြောရင် အသံပဲကြားတာပဲနော..

BRAINLESS said...

ကန်ဒီရေ...မင်းကို တရားစွဲရမယ်။ကျွန်တော့်ရဲ့မူပိုင်မှတ်ပုံတင်ထားတဲ့ တွတ်ပီ ရဲ့ ဒီနေ့ကံမကောင်ပါလား" ကိုဘာလို့ယူပြီးသုံးထားရတာလဲ?ကျွန်တော့်ရဲ့ ကံမကောင်းခြင်းတွေကိုတော့ အားမကျကြပါနဲ့ဗျာ...ကံကောင်းပါစေ ကန်ဒီရေ...

san htun said...

အရှုပ်တွေ လုပ်နေတဲ့ ကန်ဒီလေး အဆင်ပြေပါစေနော်..ဒီမှာလည်း မရည်ရွယ်ဘဲ Sumsung တွေနဲ့ ပဲ တိုးနေတယ်..ကန်ဒီလေးက သမီးကြီးပီပီ လိမ္မာသား..မဖေါ်ဘဲနဲ့  လှအောင် ဘယ်လိုဝတ်ရမလဲဆိုတဲ့ ပို့ စ်တပုဒ်လောက် ရေးပစ်လိုက် ကန်ဒီရေ..ကန်ဒီကြေငြာကောင်းတာနဲ့  ဒိုမိန်းဝယ်ချင်သော်ငြား ပိုက်ပိုက်မရှိသေး..မူဆဖာနားက လက်ဖက်ရည်၊ တိုရှည်တွေ တကယ်စားကောင်းတယ်

မောင်မောင် said...

ကန်ဒီ ပဲပေးတာများသွားလို. လက်အပူလောင်သွားပြီ ဟိဟိ ။ ဂရုစိုက်မှပေါ. ပဲလည်းနည်းနည်းလျှော.ဖို.လိုတယ်။

mstint said...

အခုလိုရင်ဖွင့်ရေးချလိုက်တော့ စိတ်ရှုပ်တာတွေ
သက်သာသွားပြီဟုတ်? ညစ်လာရင်ထွက်ပေါက်
တစ်ခုခုလုပ်ပေးမှ သက်သာတယ်လေ။ ထမင်းအိုး
အပေါ်ကနေအမှတ်တမဲ့လက်ဖြတ်သွားတတ်တာမျိုး
ဖြစ်တတ်ပါတယ်။ ရေခဲ ချက်ခြင်းအုပ်ရင်အမာရွတ်
မကျန်ဘူး ချိုချဉ်လေးရေ။ နောက်မှတ်ထားနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘိုဖြူ said...

စိတ်ရှုပ်နေတ်ာဆိုလို့ ရှင်ပေးမလို့
လာတာပါဗျာ

Angelhlaing(May everybody be happy and healthy! said...

သများတွေ ကိုင်တာမြင်တော့ အားကျတယ်ဝေ့ ကိုယ်တွေများတော့ မကိုင်နိုင်ဘူးတော်...:):)
ကြိုးစားထား ကန်ဒီရေ....အားပေးနေသူတွေ ရှိတယ်လို့..

ချင်းလေး(KMC) said...

အားပေးတာကျေးဇူးတင်တယ်ညီမလေးချိုချဉ်! :) မကြာခဏတော့ညီမတို့ဆီကိုအလည်ရောက်ပါတယ်။
အသံမပေးပဲနေမိတာပါ။ညီမကကလေးရရင်အလိုမလိုက် ဘူးဆိုထားတော့ကလေးရဖို့လမ်းတွေဘာတွေတွေ့ထားပြီပေါ့လေ..ဟဲဟဲ တော်တော်အကြံကြီးကြီးနဲ့မသိမသာ လေးကြောငြာလိုက်တာပဲ...မိုက်တယ်ကွာ. အိုခေညီမလေးချိုချဉ်...အစစအရာရာအဆင်ပြေပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

သိပါဘူး။ ၀က်ခြေထောက်ကြီး မချက်ပြုတ်ခင် ရေဆေးပြီး အ၀တ်စပေါ်မှာ ရေစစ်ထားတာလားလို့။ စာဖတ်ကြည့်လိုက်တော့မှ ပိစိလက်ကြီး အပူလောင်ထားတာတဲ့။

အင်းးး ဒါကြောင့် ပုံကြည့်ပြီး ဒီဝက်ခြေထောက်က ပိစိလက်နဲ့ ခပ်ဆင်ဆင်ဘဲလို့ ထင်တော့ ထင်ခဲ့မိသား။