Tuesday, February 14, 2012

ငွေရတု နှစ်ပတ်လည်++

၁၉၈၇ ဖေဖော်ဝါရီ ၁၄

ဒီပိုစ့်ကို ပျော်ပွဲရွှင်ပွဲလေးနဲ့ စလိုက်ရအောင်။ ဒီနေ့ 14th Feb 2012 ဟာ ကန်ဒီ့အဖေနဲ့အမေရဲ့ ငွေရတု (၂၅)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ဖြစ်ပါတယ်။

ဖျောင်း ဖျောင်း ဖျောင်း (လက်ခုပ်သံ)...
ရွှီး ရွှီး (လေချွန်သံ)...
ဖျောက် ဖျောက် (ဘာမှန်းမသိတဲ့ အရာတွေ မှုတ်ထုတ်သံ)....

လက်ထက်တာတောင် ဖေဖော်ဝါရီ ၁၄ မှာ လက်ထပ်တယ်ဆိုတော့ အမေတို့က ဘိုဆန်သား ဟိဟိ။ အင်း.. ဘာဆက်ပြောရမလဲ? ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေလို့ပဲ ဆုတောင်းရမလား :P ဒါမှမဟုတ် သတင်းစာတွေထဲမှာထည့်သလို ပြောရမလား? အဲ့ဒါကောင်းတယ်။ ဒယ်ဒီနဲ့မာမီ ရွှေရတု စိန်ရတုတွေထိတိုင် ချစ်တဲ့ဒီသမီးတွေနဲ့အတူတူ အကြာကြီးတူတူနေနိုင်ပါစေနော် :D :D

ဒါက တကယ်ဖြစ်စေချင်တာ။ မသေဆေးရှိရင် အမေနဲ့အဖေကို တိုက်ချင်တယ်။ (တရားမရှိပုံများ အဟိ :P) ဘာဆက်ရေးရမလဲ မသိတော့လို့ ဒီအခမ်းအနား ဒီမှာပဲ ပြီးဆုံးပါပြီ.... ဖျောင်း ဖျောင်း ဖျောင်း (လက်ခုပ်သံ)

******************************************************


ဒီနေ့ V-day။ ချစ်သူတွေ ပျော်တဲ့နေ့ပေါ့။ ကန်ဒီကတော့ စုံတွဲတွေမြင်ရင် လည်ပင်းညစ်ချင်နေတယ် (စတာပါ မလန့်ပါနဲ့ :P :P) ဒီနေ့မှာ အမှတ်တရ တခုခုရေးချင်တယ်။ သူနဲ့ကန်ဒီ့အကြောင်း ဘာရေးရင်ကောင်းမလဲစဉ်းစားတော့..... သူက ကိုယ့်ကို ဘယ်လောက်ချစ်ပြီး ကိုယ်က သူ့ကိုဘယ်လောက်ချစ်ပါတယ် ဆိုတာမျိုးရေးရတာ ရိုးပါတယ်။ အဲ့တော့ သူ့မကောင်းတဲ့အကျင့်နဲ့ ကန်ဒီ့မကောင်းတဲ့အကျင့်တွေရေးမယ်။ အဲ့တာ ပိုမိုက်တယ်။ အဲ့ဒါတွေကို သင်ခန်းစာယူပြီး ချစ်သူတွေကြားမှာ ရှောင်ကြပေါ့နော်။

သူ့မကောင်းတဲ့ အကျင့်များ...

(၁) အလွန့် အလွန် သ၀န်တိုတတ်ခြင်း
သ၀န်တိုတာ ချစ်သူတွေကြားဖြစ်တတ်ပါတယ်လို့ ကန်ဒီ့ကို ပြောမလို့မလား? တော်ရုံတန်ရုံတိုတာ ကန်ဒီလက်ခံပါတယ်။ သူတိုတာက လူကို စိတ်ကျဉ်းကျပ် စိတ်ရှုတ်စေလောက်အောင် တိုတာ။ ကန်ဒီနဲ့ သူနဲ့ အပြင်သွားတယ် ဆိုပါတော့။ တယောက်ယောက်က ကန်ဒီ့ကို ကြည့်ရင်တောင် သူကစိတ်တိုချင်နေတယ်။ သူကြည့်တယ်လို့ ယူဆတဲ့ကြည့်နည်းကလည်း ဟိုလို မကောင်းတဲ့စိတ်နဲ့ စိုက်ကြည့်နေတာမျိုး မဟုတ်ဘူး။ ဒီတိုင်း ဖြတ်သွားဖြတ်လာ တချက်လေးကြည့်ရင်တောင် အဲ့လိုဖြစ်ရော >.< သူစိတ်တိုရင် ကန်ဒီ့ကိုပြောတယ်.. ဟိုကောင်က ကြည့်တယ်ပေါ့။ အဲ့တော့ ကန်ဒီက ဘာလုပ်လို့ရတုန်း? သူရော ဘာလုပ်လို့ရတုန်း? အလကားနေရင်းထိုင်ရင်း သူပဲ စိတ်ညစ်ရတာ။ ကြားထဲက ကန်ဒီလည်း စိတ်ရှုပ်ရတယ်။ နောက်ပြီး ယောက်ျားလေးတွေနဲ့ စကားပြောရင်လည်း သူက တိုချင်သေးတယ်။ ခုတော့ သူတော်တော်လျော့သွားပါပြီ။ မလျော့လည်း ရန်ချည်းဖြစ်နေရမှာ >.< အဲ့တော့ ကိုယ့်ချစ်သူကို တိုမယ်ဆိုလည်း တော်ရုံပဲတိုကြပါနော်။ သူစိတ်ကျဉ်းကျပ်လောက်တဲ့အထိ မတိုပါနဲ့။ အဓိကက သူကိုယ့်ကိုချစ်ပြီး သစ္စာရှိနေဖို့ပဲမလား? အသေးအဖွဲတွေကို သိပ်အာရုံမထားပါနဲ့။

(၂) စိတ်မချခြင်း
စိတ်မချဘူးဆိုပြီး ဘယ်သွားသွား တကောက်ကောက်လိုက်တယ်။ လိုက်လို့ရပါတယ်။ ကန်ဒီလည်း သူနဲ့သွားရတာ ပျော်တယ်။ ဒါပေမယ့် တခါတလေ မိန်းကလေးသူငယ်ချင်းတွေနဲ့ ချိန်းပြီးမုန့်စားတဲ့အခါမျိုးလည်း သူလိုက်တယ်။ သူငယ်ချင်းတွေနဲ့သူက သိပ်မခင်ဘူးလေ (အဲ့အချိန်တုန်းက)။ အဲ့တော့ ကန်ဒီ့သူငယ်ချင်းတွေ နေရခက်တာပေါ့။ နောက်ပြီး ကန်ဒီလည်း တခါတလေ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်သွားချင်သေးတာပေါ့။ အဲ့ဒါကို နာမည်ထပ်တပ်ရရင် အလိုက်မသိခြင်း :P

နောက်တနည်း စိတ်မချတာက ရည်းစားအသစ်ရမှာတို့... သူ့ကိုပစ်သွားမှာတို့... အဲ့ဒါတွေ ခဏ ခဏပြောလေ ကန်ဒီ့ကို မယုံဘူးလို့ ယူဆလေ ပိုဒေါပွလေပဲ။ ချစ်သူကောင်မလေးကို စိတ်မချလည်း အဲ့လို ခဏ ခဏသွားမပြောပါနဲ့။ သူ့သိက္ခာကို ထိခိုက်တတ်ပါတယ်။ နောက်ပြီး သူ့ကို အတိုင်းအတာတခုအထိ လွတ်လပ်ခွင့်ပေးပါ။

(၃) အငြင်းသန်ခြင်း
သူမှန်တယ်ထင်ရင် ဇွတ်ငြင်းတာ။ အမှန်ကိုသိရင်တောင် ရှက်ရမ်းရမ်းပြီး ငြင်းသေးတယ်။ ဘာအကျင့်မှန်း မသိဘူး >.<

ကန်ဒီ့ မကောင်းတဲ့အကျင့်များ...

(၁) သ၀န်မတိုတတ်ခြင်း
သူ့လောက်မတိုတာကို ပြောတာပါ။ ကန်ဒီက သူ့ကိုတော်တော်စိတ်ချတယ်တဲ့.. တခါမှ သ၀န်မတိုဘူးတဲ့.. ဒါလည်း တဒုက္ခပဲ။ ကောင်မလေးတွေနဲ့ ဖက်လဲတကင်းတွေ့ရင်တော့ တိုမှာပေါ့ ဒေါပွမှာပေါ့။ အဲ့လိုမဟုတ်ပဲ ရိုးရိုးစကားပြောတာလောက်က တိုစရာမှ မရှိတာ >.<

(၂) ကဗျာမဆန်ခြင်း
သူက တခါတလေ ရိုမန်းတစ် ချင်တယ်။ ကန်ဒီက သိပ်မဖွဲနွဲ့တတ်ဘူး။ သဘောက ချစ်တယ် ချစ်တယ် ချစ်တယ် လို့ တဖွဖွပြောပြီး မချွဲတတ်ဘူး။ သူက အဲ့လိုဖြစ်စေချင်တယ် >.< ကန်ဒီက လက်တွေ့ကျတယ်။ သူလိုအပ်တာတွေ ဖြည့်ဆည်းပေးချင်တယ်။ အထိမ်းအမှတ်နေ့တွေမှာ ကိုယ်တိုင်လုပ်တဲ့ ပစ္စည်းလေးတွေပေးမယ်။ ဟိုလိုတော့ ခဏ ခဏပြောပြီး မချွဲတတ်ဘူး။ ကန်ဒီ့ဘလော့မှာ သူ့အကြောင်းသိပ်မရေးတာပဲ ကြည့်လေ။ အဲ့ဒါ အဲ့ဒါ ဆက်မပြောတတ်တော့ဘူး။ တကယ်တော့ လက်တွေ့ကျတာရော ဟိုလိုလေးရော မျှနေသင့်တာပေါ့နော်။ ကြိုးစားပါဦးမည် ပုံ Candy :P

(၃) ခြိမ်းခြောက်ခြင်း
ကန်ဒီဒေါပွရင်.. မကျေနပ်ရင်.. သူ့ကိုတခုခုမလုပ်စေချင်ရင် သုံးတဲ့လက်နက်ပေါ့။ "ဖြတ်လိုက်မှာနော်.. မလုပ်ဖူး မထင်နဲ့" (ရုပ်တည်နဲ့ပြောသည်) ခြိမ်းခြောက်ပုံက ကလေးများဆန်နေလား @_@ အဲ့ဒါပြောလိုက်ရင် သူလန့်သွားရော။ နောက်အဲ့လိုမပြောနဲ့ဆိုပြီး အကုန် အလျော့ပေးတယ်။ ဒါကန်ဒီလုပ်နေကျ ဟိဟိ။ ကန်ဒီက အကျင့်တော့ မကောင်းဘူးနော် ဟီး။ ဒါကြောင့် ကောင်မလေးတွေကို အရမ်းချစ်ကြောင်း သိပ်မပြပါနဲ့။ သတိ-အနိုင်ယူတတ်သည်။

(၄) အလွန်ဆိုးသွမ်းပြီး ဒေါသကြီးခြင်း

ကန်ဒီက တခြားသူတွေအပေါ် တော်တော် အားနာသည်းခံတတ်သလောက် သူ့အပေါ်တော့ တော်တော်ဆိုးတယ်။ ဒါကလည်း အပေါ်မှာ ပြောသလိုပေါ့။ လုပ်ချင်တိုင်းလုပ်လို့ရတာ သူပဲ ရှိတာ။ သူက ကန်ဒီ့အနွံအတာတော့ တော်တော်ခံနိုင်တယ်။ ကန်ဒီသေချာပြောရဲတာ ရှိတယ်။ ကန်ဒီ့လို မိန်းကလေးမျိုးကို ဘယ်ယောက်ျားလေးမှ သည်းခံနိုင်မှာ မဟုတ်ဘူး။ ရန်ဖြစ်လည်း ဘယ်တော့မှ အလျော့မပေးဘူး။ သူပဲ လိုက်ချော့ရတာ။ ကန်ဒီဘက်က တခါမှ စမလျော့ဖူးဘူး။ အဲ့လိုတွေ ဆိုးသွမ်းတာ။ ကန်ဒီ့လို မိန်းကလေးမျိုး မရှာနဲ့နော်။ ငါးပါးမှောက်မှာ ဟိဟိ။ သူ့ကို နမူနာယူ။ သူကတော့ ကံဆိုးသူဖြစ်သွားတာပေါ့ :P

(၅) မချက်ပြုတ်တတ်ခြင်း
ပြောရမှာ ရှက်ဖို့တော့ ကောင်းပါတယ်။ သူက ကန်ဒီ့ထက် ပိုချက်တတ်တယ်။ ကန်ဒီက ဟင်းချက်တာ ၀ါသနာမပါလို့ မဟုတ်ဘူး။ တခါမှ မလုပ်ဖူးလို့ မတတ်တာ။ အိမ်မှာဆို မီးဖိုချောင်ထဲဝင်ရင် ရှုပ်တယ် ညှော်တယ် မလာနဲ့ဆိုပြီး အဒေါ်တွေက မောင်းထုတ်တာ။ အဲ့ဒါကြောင့် မတတ်တာ။ ခုတော့ တော်တော်ချက်တတ်နေပါပြီ အထင်မသေးပါနဲ့ ဟဲဟဲ။ မိန်းကလေးတယောက်အနေနဲ့ ချစ်သူကို ဟင်းကောင်းကောင်းချက်ကျွေးဖို့တော့ တတ်ထားသင့်တာပေါ့နော်။ ဟုတ်၏ မှန်၏ (ယောက်ျားလေးများ ထောက်ခံသံ :P) ဒါပေမယ့် တကယ်ချစ်ရင်တော့ ဘာကြီးဖြစ်နေ ဖြစ်နေ ချစ်နေသင့်တယ်နော် ဒါပဲ။

အင်... ပြန်ဆန်းစစ်လိုက်တော့ ကန်ဒီ့မကောင်းတဲ့အကျင့်က ပိုများနေသလိုပဲ =.= တကယ်တော့ ဘယ်သူမှ မပြည့်စုံပါဘူး။ မကောင်းတဲ့ အကျင့်လေးတွေကိုယ်စီတော့ ရှိကြတာပဲ။ ကန်ဒီပြောတဲ့အချက်လေးတွေက ပုံမှန်သမီးရည်းစားကြား ဖြစ်လေ့ရှိတာလေးတွေပါ။ ဒါပေမယ့် သေးသေးလေးတွေကနေ နည်းနည်း နည်းနည်းစီစုပြီး ကြီးထွားလာတတ်တော့ မီးကိုမလောင်ခင်က တားတဲ့အနေနဲ့ ချင့်ချိန်ပြီး ညှိယူကြပေါ့ :D

သူ့ကို V-day အမှတ်တရ "ကတိ"တစ်ခုတော့ ပေးလိုက်ဦးမယ် ^_^



♫♪ မိုင်များ ခြားနားထားလည်း မရဘူး..
ဒီရင်မှာ အတိအကျ မင်းကရှိနေတော့...
အချိန်တွေရဲ့ အပြောင်းအလဲများလည်း မပါဝင်
ဒီရင်မှာကျောက်ချ မင်းက ရှိနေသူ..
......
............

မိုင်များ ဝေးဝေးသွားလည်း မကြာမီ..
ပြန်ဆုံကြဖို့ အသည်းက တောင်းဆိုတော့..
ဒီတသက်လုံး ဒီတသက်လုံး...
အမုန်းနဲ့ နှုတ်မဆက်နိုင်အောင်
မဆုံနိုင်တောင် မေ့မရ
အသက်နဲ့ ဘ၀လိုသူ..

နောင်သံသရာနေ့ရက်များလည်း အားလုံးမင်းလက်ကိုယ် ပုံအပ်ပြီး
ဘယ်အရာ မင်းထက်ပိုမှာတုန်း.. မင်းပဲ ကိုယ် မြတ်နိုးအချစ်ဆုံး
ကိုယ်ဘာတွေဆုံးရှုံးသွားသွား မင်းဘက်ကွက်လပ် မဖြစ်ရေး..
ကတိပေးတယ် အချစ်တွေ မင်းပဲယူ... ♫♪

♥♥ Happy Valentine's day Everyone ♥♥

27 comments:

မြတ်ကြည် said...

စုံတွဲနှစ်တွဲလုံး ရွှေရတု၊ စိန်ရတုများစွာ ချစ်ခင်ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းနိုင်ကြပါစေ။ :)

ဒေါသကတော့ မြတ်ကြည်ကို မမီလောက်ဘူး။ တစ်ခေါက်တုန်းက စိတ်တိုလို့ ကားပေါ်ကနေ ဖုန်းကို လွှင့်ပစ်လိုက်တာ၊ ကားတက်ကြိတ်သွားရော။ ဟီးဟီး။ :P တော်သေးတယ်၊ ဘာမှမဖြစ်တာ။

မောင်ဘုန်း said...

အဖေနဲ့  အမေ အကြောင်းပြောပြီး ...နောက်ဆုံးတော့ သူတို့ ပဲ .... အဟီး ....

Anonymous said...

Happy Valentine's Day Sis..
Love to read your blog.. =)

ချစ်တဲ့သူနဲ့အမြဲတမ်းပျော်ရွှင်နိုင်ပါစေ.. =)

မေမြို့မိုး said...

တိုက်ဆိုင်တယ်ပြောရမလား . အစ်မတို့ အဖြစ်က ကျွန်တော်တို့နဲ့တော်တော်များများတူပါတယ်.။
ကျွန်တော့် ပေါက်စလည်း ချွဲရင်မကြိုက်ဘူး.။
ငါ့ကိုအဲဒီလိုမလုပ်နဲ့ ဘာညာနဲ့ဟောက်တော့တာပဲ.။
စိတ်မကောက်တတ်ပေမယ့်.. စိတ်ဆိုးတတ်တယ်.။ စိတ်ဆိုးရင်လည်း သေမလောက်တောင်းပန်ရတယ်ဗျာ..။ကျွန်တော်ကတော့ သူ့ကိုပဲအရိပ်ကြည့်နေရတယ်.။ (လူလေးကြည့်တော့လက်တောက်လောက်နဲ့)

mstint said...

ချိုချဉ်လေးရဲ့ဒယ်ဒီနဲ့မာမီတို့ ငွေရတုမှသည်
ရွှေရတု စိန်ရတုနှစ်များထိတိုင် ကိုယ်စိတ်နှစ်ပါး
အေးချမ်းပျော်ရွှင်စွာနဲ့ ခရီးဆက်နိုင်ကြပါစေလို့။
ချိုချဉ်လေးရေးပြထားတဲ့ မကောင်းတဲ့အကျင့်များမှာ
ချိန်ခွင်ပေါ်တင်ကြည့်ရင်ချိန်ခွင်လျှာကဇောက်ထိုးကြီး
ဖြစ်နေမယ်လိမ့်မယ်လို့ တီတင့်ယူဆတယ်း))
သူများတွေအပေါ်သဘောကောင်းရင် ကိုယ့်ချစ်သူ
အပေါ်သူများတွေထက်နှစ်ဆပိုကောင်းသင့်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

မေတ္တာဖြင့်
အန်တီတင့်

သမီးစံ said...

စုံတွဲနှစ်တွဲစလုံး..နှစ်ပေါင်းများစွာ
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။
(မြတ်ကြည်ဆုတောင်းပေးသလိုဘဲး)
လူကြီးစုံတွဲက..အေးပေမယ့်
ကလေးစုံတွဲက..အတော်ဆိုးကြတာကလားး)

ချစ်စံအိမ် said...

ပျော်ရွှင်သောရတုပေါင်းများစွားကိုလျှောက်လှမ်းနိုင်ကြပါစေ
မှတ်ချက် စုံတွဲနှစ်တွဲလုံးနော် :)

Angelhlaing(May everybody be happy and healthy! said...

မနာလိုချင်စရာပါလားနော် :P:P ပျော်ရွင်ဖွယ် ချစ်သူများနေ့လေးဖြစ်ပါစေ ကန်ဒီရေ...:)
ဒီမှာ စိတ်ကောက်နေတာတောင် လွမ်းသွားပြီ...:D

Anonymous said...

စုံတွဲနှစ်တွဲစလုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ရတုပေါင်းများကို ဖြတ်သန်းနိုင်ပါစေ....
မကောင်းတဲ့အကျင့်လေးတွေလဲ တတ်နိုင်သလောက်ပြင်ကြနော်း)
ချစ်ခင်တဲ့ camomilla

ပစ်ပစ် said...

စုံတွဲနှစ်တွဲစလုံး
ပျော်ရွှင်ချမ်းမြေ့ပါစေလို့..
ဆုတောင်းပေးတယ်နော်..ကန်ဒီ

မောင်(စွယ်စုံကျမ်း) said...

ကိုယ့် လောက် ကိုယ့် ပေါ် ဘယ်သူမှ မကောင်းဘူး ကိုယ့်တစ်ယောက်ထဲသာ ကိုယ့်အတွက်ကောင်းနိုင်ဆုံး..ဟုန်း ဟုန်းဟုန်း..ဖြောင်းဖြောင်း နရင်အုပ်သံး..ပြေပြီး..ကလေးတွေကို စိတ်ပါလာအောင် ရေးပြနေတာ..နလည်း ဟန်ဂျီအင်း ရှိပ..တိလားးငှဲငှဲငှဲ..သွပ်..သွပ်..သွပ်..တိန်..

ဘိုဖြူ said...

စုံတွဲနှစ်တွဲစလုံး
ပျော်ရွှင်ချမ်းမြေ့စေပြီး
အရာအားလုံးထာဝရ အဆင်ပြေပါစေ
ချစ်သူများနေ့မှနောင်နှစ်ပေါင်းများစွာ
ခုလိုပဲပျော်ရွှင်ပါစေလို့

ညီရဲ said...

ငါ့ညီမ ဒီလောက်ဆိုးတာကို ခုမှသိတယ်... ညီမဆိုးလေး တစ်ယောက် ရထားသလိုတော့ ဖြစ်ပါပြီ...

san htun said...

ကန်ဒီ့ဖေဖေနဲ့  မေမေတို့ လို ရတုများစွာ ပိုင်ဆိုင်ပါစေ

thu ma said...

ငွေရတုမှသည် ရတုပေါင်းများစွာ ပိုင်ဆိုင်ပါစေ
ကန်ဒီတို့ စုံတွဲလည်း အမြန်ဆုံးနီးစပ်ပါစေနော်
သီချင်းလေးလည်း အရမ်းကောင်းတယ်

မဒမ်ကိုး said...

ဒီမယ် လောလီးပေါ့ကလေးရဲ့
ဒယ်ဒီမာမီဆိုပြီးဘယ်နဲ့ မိုင်ဒေါတားနဲ့သူ့ချစ်ချစ်ဖြစ်ရတာတုန်းး :D

ဖေဖေမေမေရယ် လောလီးပေါ့ကလေးတို့ရယ် နှစ်ပေါင်းများစွာတိုင်အချစ်ပြိုင်နိုင်ကြပါစေ

ချစ်တဲ့
အမဂျီးဒိုးကန်

ချောကလက်ကျူးပစ်လေး said...

ငွေရတု နှစ်ပတ်လည်ဆိုပြီးတော့အခမ်းနားအစောကြိးသိမ်းပစ်တယ်..:P
ကဲကဲမချိုချဥင်္တို့စုံတွဲယနေ့စလို့သာယာသောဘ၀ခရီးကိုတူတူလျှောက်လှမ်းနိုင်ပါစေ

မိုးငွေ့...... said...

ချစ်သူတွေ ပျော်ရွှင်ပါစေ......

အပါ said...

သကြားလုံး သိုင်းနဲ့တော့ သူ့ကို သွားပြီး မခြိမ်းခြောက်ပါနဲ့ကွယ်... သနားပါတယ်.... ပျော်ရွှင်စရာ ဗယ်လင်တိုင်း ဖြစ်ပါစေဗျား...

ဟန်ကြည် said...

ဦးဟန်ကြည် ကြည့်လို့မရတဲ့ ပုဒ်မထဲမှာ သ၀န်တိုတဲ့ ပုဒ်မက အဆိုးဆိုးပါ့...သူကတော့ သ၀န်တိုတာပဲ ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်သစ္စာနဲ့ မေတ္တာတရားကို အထင်သေးတယ် စော်ကားတယ်လို့ ခံစားရလွန်းလို့...တကယ်ဆို ကိုယ့်ကိုသာ ယုံကြည်ရိုးမှန်ရင် သ၀န်တိုစရာမလိုဘူးလို့ ထင်ပါ့ဗျား...( ဦးဟန်ကြည်တစ်ယောက်ရဲ့ ပုဂ္ဂလဓိဋ္ဌာန်အမြင်ပါ )

ငပေါမလေးက “ ဖြတ်မယ် ” လို့ ပြောတော့ ငပေါမလေးရဲ့ ချစ်ချစ်က မကြောက်ဘဲ နေပါရိုးလား...အဲလိုပြောမှတော့ လူတိုင်းကြောက်မှာပေါ့ ဟား ဟားး)

အောင်အောင် said...

ငွေရတုနှစ်ပတ်လည်ဆိုပြီး လာဖတ်တယ်...ငွေရတုက တစ်ခန်းထဲ မီးပျက်သွားတာလား...မိဘတွေ အကြောင်းပြပြီး သူ့အခန်းတွေပဲ...ရတုအဆက်ဆက် ဆင်နွဲနိုင်ပါစေ...

လွင်ပြင်လှိုင်းငယ် said...

ချစ်ကြတဲ့သူတိုင်း ချစ်နိုင် ကြင်နာနိုင်ကြပါစေ

ကိုရင် said...

သူ့ဟာကလည်း ဖျာင်းဖျောင်းဖျောင်းက များနေတယ်..
မသိပဲ လိုက်တီး၇တာ များနေတော့ တီးလိုက်ပါတယ်အေ.. အကျင့်ပါနေပီကိုးး. :D..

အစတည်းက ထင်တော့ ထင်မိတယ်..ဒီရုပ်ဟာ အကျင့်သိပ်ကောင်းပုံတော့ မပေါ်ဘူးဆိုတာ ရိပ်မိခဲ့တယ် :D

နွေလ said...

ဆိုးပေမယ့်လည်း ချစ်တဲ့သူကတော့
ချစ်နေတာပဲ . . . ဒါ အချစ်စစ်လေ
မမရေ . . . အရမ်းကြီး မဆိုးနဲ့ဦး
( အငယ်က အကြီးကို တရားချနေပါသည် )

နွေးတေးရှင်(မင်းဧရာ) said...

ကန်ဒီ အိမ်ပြန်ရောက်ရင်တော့ ခေါင်းအခေါက်ခံရမှာ မြင်သေးရဲ့
လူကြီးတွေကိုများ (ဘိုဆန်သား)လေးဘာလေးနဲ့)))၀။

ချစ်စွာသော သားသမီးမြေးမြစ်တွေနှင့်အတူ ရတု ပေါင်းများတိုင်ကြပါစေဗျာ။

အလွမ်းမြို့ said...

ကန်ဒီလေးရေ။

လာရောက်လည်ပတ် ခံစားသူတယ်။ လိုက်ဖက်ညီတဲ့ စုံတွဲလေးမို့ ရာသက်ပန်အမြဲ ထာဝရဒွန်တွဲ ရှိနိုင်ပါစေ




ခင်မင်လျှက်
မမအလွမ်းမြို့

အလွမ်းမြို့လေး said...

အလွမ်းမြို့

လာရောက်ခံစားသွားတာနော် ညလေး....ခံစားသူနဲ့ မှားလို့။။။အဟဲ...


မျောက်မှန်နဲ့မို့ ခွင့်လွှတ်ကွယ်