ဒီနေ့ဘာရယ်မဟုတ်ဘဲ ကန်ဒီ့ကျောင်းက မေးလ်ကိုဝင်ကြည့်တယ်။ အဲ့ဒီမေးလ်က တော်ရုံတန်ရုံ ၀င်ကို မ၀င်တာ။ ခုလုပ်နေတဲ့ Dissertationကိစ္စ UKက Supervisorနဲ့ ပြောစရာရှိမှ ၀င်တာ။ ခုလည်း ပြောစရာရှိလို့ မဟုတ်ဘူး။ သူကန်ဒီ့ဆီ မေးလ်တွေဘာတွေများ ပို့ထားမလားဆိုပြီး မ၀င်တာကြာလို့ ၀င်ကြည့်တာ။ အဲ့ဒီမှာ စတွေ့တာပဲ။
Hello Mr.!
I know that my letter will a surprising for you. I will try to explain to you. I asked the agency to find a man for a serious relationship. They gave me email address. And so I write.
My name is ..... I am .. years old. I was born in ..... But now I live in ...... I'm a lawyer in the economic. I work for a big company. I like my job, but I don't have time for relationship.
A little about me: I am very communicative girl. My friends say about me that I talk too much. But I love to speak. I like to read books. Every day I play tennis and golf. I like watching a soccer and snooker. My weight 55 kg. My height 178 cm. My hair color-light brown. My eye color - brown. Now you know a little about me. If you are interested please contact me on my personal mail.
Here is my email address - ..................
I'll have a vacation for a month. And I plan to visit UK. To me interesting to know all about UK.
I would love to see your letter and pictures. Please tell me about yourself. I'm curious to know all about you.
Have a nice day.
......
အဲ့ဒါ ဘယ်လိုသဘောကြီးလဲဟင်??? ကန်ဒီ အားမနာတမ်း ဝေဖန်ရရင် .......
...........
.......
....
..
တော်ပြီ။ မကောင်းတတ်လို့ မပြောတော့ဘူး >.<
အဲ့လို ဘယ်တော့မှ မလုပ်နဲ့နော် =.=

*************************************************
သူငယ်ချင်းတယောက်က WhatsApp ကနေ message ပို့တယ်။ "ဘယ်လိုဖြစ်လို့ နင့်ပုံကြီးက မြန်မာJokes Profile picture ဖြစ်နေတာလဲ"ဆိုပြီး ဒီလို ပုံနှင့်တကွ>>>>>အင်.. ငါလည်း မသိဘူးလို့။ လူတောင် ရူးချင်ချင်ဖြစ်သွားတယ်။ ကန်ဒီ့ပုံကပဲ ရီစရာကောင်းနေလို့လား??? ဒီလိုနဲ့ မဖြစ်နိုင်လို့ ကွန်ပျုတာထဲကနေ ဖေ့ဘွတ်ဝင်ပြီး ပြန်ကြည့်လိုက်တော့မှ..... မဟုတ်ပါဘူး။ သူ့အရင် ပင်ကွင်းပုံလေးပါပဲ။ သူငယ်ချင်းဖုန်းက တခုခုလွဲသွားတာ ထင်တယ်။ ဘာတွေဖြစ်နေမှန်းကို မသိဘူး။ ဦးနှောက်က အစတည်းက ခြောက်နေပါတယ်ဆို >.<
P.S. မြန်မာJokesကို ထိခိုက်လိုစိတ် လုံးဝမရှိပါ။
P.S. မြန်မာJokesကို ထိခိုက်လိုစိတ် လုံးဝမရှိပါ။

22 comments:
spam နဲ့တူပါတယ်အစ်မရာ. အလကားနေရင်ခေါင်း
ခြောက်ခံမနေနဲ့..။ Dating က တကယ်ဝါသနာပါသူ
တွေရှိတယ်လို့ကြားဖူးတယ်.။ ဒါပေမယ့် အီးမေးလ်က
နေတော့ အဲဒီလို ပို့သံမကြားဖူးဘူး.။ Spam ဖြစ်မှာပါ.။
အစ်မပုံက ရီစရာတော့မကောင်းပါဘူး.။ ဒါပေမယ့်
အစ်မပုံကိုမြင်ရင်. ပြုံးမိတာတော့အမှန်ပဲ.။ အဲဗားစမိုင်း
နေလို့လား မသိဘူး. ခိခိ..
ဟုတ်တယ် Sis Candy ရေ . . .
ကိုယ့်မေးလ်ကိုသုံးပြီး
ယောက်ျားတစ်ယောက်ကို မိတ်ဆက်လားဘာလား
လုပ်တာတော့ မကောင်းဘူးပေါ့
နောက်ပြီး ခွင့်ပြုချက်မရဘဲ ဓာတ်ပုံကို ယူသုံးသေးတယ်
Sis ရေ . . .
ကံဆိုးနေတယ်နဲ့ တူတယ်
ဗဒင်လေးဘာလေး မေးပြီး
ယတြာလေး ချေဦး . . . *L*
ခေါင်းခြောက်ခံမနေပါနဲ့ ညီမရေ
ဖြစ်တတ်ပါတယ် ညီမရေ ခေါင်းထဲထားမနေပါနဲ့
:):) ဖြစ်တက်တာလေးတွေမို့ ခေါင်းစားခံမနေပါနဲ့ ကန်ဒီ..
@နွေလ... အစ်မဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး မောင်လေး.. နည်းနည်းလေးတော့ လွဲနေတယ်...
ပထမကိစ္စမှာ အစ်မပြောချင်တာက မိန်းကလေးတယောက်က အဲ့လိုမိတ်ဆက်တော့ မြန်မာမိန်းကလေး မျက်စိနဲ့ကြည့်ရင် မိန်းကလေးသိက္ခာကျတာကို ပြောချင်တာ..
ဒုတိယကိစ္စမှာလည်း အစ်မပုံကိုယူသုံးလို့ တင်းနေတာ မဟုတ်ဘူး။ သူတို့ကလည်း ယူသုံးတာ မဟုတ်ဘူး။ အစ်မသူငယ်ချင်း iPhoneက တခုခုလွဲလို့ အဲ့လိုဖြစ်သွားတာကို ပြောပြနေတာ >.<
စာဆုံးအောင်မဖတ်ပဲ. မြန်မာJokesကိုပြေးကြည့်မိတယ်...ပီားးပီားး
ဘာမှမတွေ့တော့မှ
အမရေးထားတာသေချာပြန်ကြည့်ရတယ်..:D
အင်..လာပြန်ပြီ..ကြုံရဆုံရ ဘုံဘဝပေါ့.. :)
ပထမတစ်ခုက မေမြို့မိုးပြောသလို spam လို့ထင်တာပဲ။ spam သာထည့်လိုက်ပါ။ နောက်တစ်ခုကတော့ မဖြစ်ဖူးတော့မပြောတတ်ဘူး။ Have a nice day :)
ဂရုမစိုက်နဲ့  ကန်ဒီရေ..Spam ထဲ ထည့်ပစ်လိုက်..
အဲဒီလို အီးမေးလ် တဂျင်းမီးဆီ ခဏခဏ ၀င်ပါ့။ ကမ္ဘာပတ်ပြီး လင်ရှာပုံတော် ထွက်ကြတာလေ။ ဒါပေမဲ့ တစ်ခြားအကြံလဲ ရှိလောက်သေးတယ်။ ခင်မင်အောင် လုပ်ပြီးမှ အပြင်တစ်နေရာရာ တွေ့ဖို့လုပ်ပြီး အုပ်စုနဲ့ အကြပ်ကိုင် ငွေညှစ်သလိုမျိုးတွေပေါ့။
ကျားကျား မမ ဒီလိုအီးမေးလ်တွေကို မယုံသင့်ကြောင်းပါ။
ဝါသနာများပါရင် ပေါ်တင်ဒိတ်လုပ်တဲ့ ဆိုဒ်တွေ ပေါမှပေါဆိုဘဲ။ အင်းးးး ရထားတွေမှာတောင် အဲဒီလို ကြော်ငြာတွေနဲ့။ ဒီဘက်မှာလေ။
ပိစိက ယောင်ယမ်းပြီး အီးမေးလ် မပြန်လိုက်နဲ့ဦး။ ပြောလို့ရတာဟုတ်ဘူး။ သူလုပ်ချင်ရင် ဇွတ်။း)
မူးတွားဒါဘဲအေးး)
ချစ်တဲ့
အမဂျီး ဒိုးကန်
online world!!
Iora
ခေါင်းစားမခံ ပါနဲ့။ Dissertation ကိုလဲ မပေါ့နဲ့ပေါ့။ ဒီလင့် လေးလဲ အသုံးကျမယ်ထင်ပါတယ်။
http://www.learnerassociates.net/dissthes/
ဖြစ်နိုင်ရင် တစ်လတစ်ခါလောက် password ပြောင်း
ပေးနိုင်ရင်အကောင်းဆုံးပဲ ဟ ချိုချဉ်ရ့
နင်နဲ့ငါနဲ့ပဲသုံးတော့မယ်ဟာ ငါကနင့်ထက်ကြီးပေမဲ့
ငါကလပိုင်း ပဲငယ်တာ ကြိုပြောထားမယ်နော် နင်နဲ့ငါနဲ့
ခေါ်ရင်အဆင်ပြေလား မပြေလဲခေါ်တယ်ဟာ့:P
ခေါင်းထဲထည့်မနေပါနဲ့...မြောင်းထဲသာပစ်ချလိုက်
ပျော်ရွှင်ပါစေ...CANDY
အဲ့တာ လိမ်နေတာတွေ...ကြုံဖူးတယ်
အေးဆေးဘာာာ..ကန်ဒီရဲ့..နော်း))
အင်း တခါ တခါ အွန်လိုင်းက ဘာတွေမှန်းကို မသိပါဘူး။ အဲဒီ အတွက် စိတ်ညစ်ခံ မနေနဲ့ fri ။ mail လဲပြန် မနေနဲ့အုံးနော်။ mm jokes ကိုတော့ပြောသင့်တယ်ထင်တယ်။ ပုံကို မသုံးဖို့။
အမ်... လွဲပြန်ပြီ နောက်တယောက်။ သေချာမဖတ်ကြပါလား ဆိုလိုရင်းတွေ လွဲနေတယ်
ငါညံ့လို့ပဲ ထင်ပါတယ် :(
အလွမ်းမျက်ရည်
အလွမ်းမျက်ရည် တဲ့ ...........
လွမ်းလွန်းလို့  ရူးရတော့မယ်
ချစ်သူရယ် ငါကပဲမှားသလား
ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့
နင့်အချစ်တွေထဲ ပျော်မွေ့ မိတဲ့အဖြစ်ပျက်
ငါအတွက်တော့ ခါးသပ်နေခဲ့တယ်.
.လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..
အလွမ်းမျက်ရည်
အလွမ်းမျက်ရည် တဲ့ ...........
လွမ်းလွန်းလို့  ရူးရတော့မယ်
ချစ်သူရယ် ငါကပဲမှားသလား
ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့
နင့်အချစ်တွေထဲ ပျော်မွေ့ မိတဲ့အဖြစ်ပျက်
ငါအတွက်တော့ ခါးသပ်နေခဲ့တယ်.
.လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..
Post a Comment