ဒီပိုစ့်လေးက ShweBeautyမှာ တင်ပြီးတာ ကြာပြီ။ ကန်ဒီ့ဆိုဒ်မှာ မတင်ရသေးဘူး။ ဒီလို မအားတဲ့အချိန် တင်ရအောင် တမင်ချန်ထားတာလေ ဟိဟိ :D ကန်ဒီ့အကြံပိုင်တယ်မလား :P :P
*****************************************************************

ဒီပိုစ့်လေးကတော့ ပျိုမေတို့အတွက်တင်မဟုတ်ဘဲ ၀က်ခြံတွေပေါက်လို့ စိတ်ညစ်နေတဲ့အစ်ကိုတွေ မောင်တွေအတွက်ပါ ရည်ရွယ်ပါတယ်။ ကြည်လင်တဲ့ အသားအရည်ပိုင်ဆိုင်စေဖို့ ဘယ်လိုလွယ်လွယ်ကူကူနည်းလမ်းလေးတွေနဲ့ အသားအရည်ထိန်းသိမ်းနိုင်တယ်ဆိုတာ ဒီပိုစ့်လေးနဲ့ ပြောပြမယ်နော်။ အသားအရည်ကို အဓိကရုပ်ဆိုးစေတဲ့အရာကတော့ အားလုံးသိတဲ့အတိုင်း ၀က်ခြံပေါ့။ ၀က်ခြံပေါက်ခြင်းနဲ့ ဆက်နွယ်နေတဲ့အချက်တချို့ကတော့ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံ၊ ကိုယ်လက်သန့်စင်ခြင်းနှင့် အစားအသောက်အလေ့အကျင့်များပါ။ လူတဦးနဲ့ တဦး ကွဲပြားတဲ့ ဒီအချက်တွေကို အခြေခံပြီး ၀က်ခြံပေါက်ခြင်း မပေါက်ခြင်းမတူညီတာတွေ ဖြစ်ရတယ်လေ။
ဒါဆိုဆောင်ရန် ရှောင်ရန်လေးတွေနဲ့ စလိုက်ရအောင်နော်...
(၁) မျက်နှာသန့်စင်ခြင်း
ဝက်ခြံဆိုတာအရေပြားပေါ်က ဆဲလ်အသေတွေနဲ့
ထွက်လာတဲ့အဆီပေါင်းစပ်ပြီး အရေပြားပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေ ပိတ်ဆို့ရာကဖြစ်လာတာပါ။ ဒီတော့ မျက်နှာပုံမှန်သစ်ဖို့အရေးကြီးတာပေါ့နော်။ တနေ့နှစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးပါ။ အဆီအရမ်းပြန်တယ်ဆိုပြီး မျက်နှာခဏခဏသစ်ရင်လည်း ၀က်ခြံပိုပေါက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာခဏခဏသစ်တဲ့အတွက် ပုံမှန်မျက်နှာပေါ်မှာ ရှိသင့်တဲ့အစိုဓာတ်မရှိတဲ့အခါ ခန္ဓာကိုယ်က အဆီပိုထုတ်တတ်ပါတယ်။ ဒါကြောင့် ခဏခဏသစ်တဲ့မျက်နှာဟာ အဆီထွက်နှုန်းပိုများပြီး ၀က်ခြံပိုပေါက်ရတာပါ။ အထူးသဖြင့် မိန်းကလေးတွေ အိပ်ခါနီးဆို မိမိလိမ်းထားသမျှ မိတ်ကပ်ကို စင်ကြယ်အောင်ဖျက်ပေးဖို့လိုပါတယ်။ မိတ်ကပ် Remover နဲ့ အရင် မိတ်ကပ်တွေဖျက်ပြီးမှ ရိုးရိုးမျက်နှာသစ်ဆေးနဲ့ သစ်ပါနော်။ မျက်နှာသစ်တဲ့နေရာမှာ ရေနွေးနွေးလေးနဲ့ သစ်တာဟာ မျက်နှာပေါ်ရှိအပေါက်ငယ်လေးတွေ အတွင်းထိအောင် သန့်စင်စေတဲ့အပြင် နောက်ဆက်လုပ်မယ့် Skin care စိမ့်ဝင်မှုကိုလည်း အများကြီး အထောက်အကူပြုပါတယ်။
ဝက်ခြံအတွက်သင့်တော်တဲ့ မျက်နှာသစ်ဆေးတွေ ခုဆို ဈေးကွက်မှာ အများကြီးပါ။ အဓိကပါဝင်ပစ္စည်းကတော့ Salicylic acid (သို့) benzoyl peroxide ပါ။ Acne wash တွေဟာ မျက်နှာကိုပုံမှန်ထက်ပို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် Moisturizer ကို နိုင်နိုင်လိမ်းပေးပါ။ အကြံပေးချင်တာကတော့ တနေ့မျက်နှာ (၂)ကြိမ်သစ်ရင် (၁)ကြိမ်ကိုပဲ Acne wash နဲ့သစ်ပြီး နောက်တချိန်ကိုတော့ ပုံမှန် Gentle cleanserနဲ့သစ်ပါလို့။ နောက်ပြီး Cleanser တစ်ခုတည်းကို အမြဲမသစ်ပဲ ပုံမှန်လေး ပြောင်းသစ်ပေးပါ။ Cleanser တခုတည်းကိုပဲစွဲသစ်ရင် ကြာရင်ထိရောက်မှု မရှိဘဲဖြစ်တတ်လို့ပါ။
(၂) အသားအရည်ထိန်သိမ်းမှု
အသားအရည်ထိန်းသိမ်းဖို့ အခြေခံလိုအပ်တာကတော့
Toner, Moisturiser ပါ။ Toner တစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်ခြင်း မတူပါဘူး။ တချို့က ချွေးပေါက်ကျဉ်းစေပြီး တချို့က moisturizer စိမ့်ဝင်မှုကို ပိုအားကောင်းစေပါတယ်။ Moistruizer ကတော့ မျက်နှာအစိုဓာတ်ထိန်းပေးတာပါ။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် Alcohol ပါတဲ့ Toner ကိုရှောင်ပြီး Moisturier ရွေးချယ်ရင်တော့ Cream type moisturizer ရွေးပါနော်။ အဆီပြန်တဲ့အသားအရေပိုင်ဆိုင်ရင်တော့ Gel type moisturizer က ပိုသင့်တော်ပါတယ်။ Oil-free လို့ရေးထားတဲ့ အလှကုန်မျိုးကို ရွေးသုံးပါ။ တပတ်တစ်ခါ (သို့) နှစ်ခါ Mask သုံးပေးပါနော်။ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ထားခြင်းဟာ သုံးသမျှ Toner, Moisturzier တွေကို ပိုစိမ့်ဝင်စေဖို့ အများကြီး ကူညီပေးပါတယ်။ ဒါတွေကမိန်ကလေးတွေပဲ လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူးနော်။ ယောက်ျားလေးတွေလည်း လုပ်သင့်ပါတယ်။ အနည်းဆုံးတော့ Moisturizer လေးမျက်နှာသစ်ပြီးတိုင်း လိမ်းပေးပါနော်။
(၃) ၀က်ခြံ ညှစ်သင့်လား?
လူတော်တော်များများက ၀က်ခြံကိုမညှစ်ဖို့ပဲ
အားပေးကြတာ အားလုံးအသိပါ။ ကန်ဒီက ညှစ်သင့်တယ်လို့ပြောရင် ကန်ဒီ့ကို ဘာလုပ်ကြမလဲဟင်? ဟုတ်ပါတယ်။ မှည့်နေတဲ့ ၀က်ခြံကို ညှစ်သင့်ပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်မှန် ညှစ်ဖို့တော့ လိုပါတယ်။ ဖတ်ဖူးတဲ့ ၀က်ခြံညှစ်တဲ့ နည်းလမ်းလေးကတော့ ဒီလိုပါ။
အရင်ဆုံး လက်ကိုစင်ကြယ်အောင်ဆေးပါ။ မျက်နှာသစ်ပါ။ ညှစ်တဲ့နေရာမှာ လက်သူကြွယ်ကို သုံးပါ (လက်သူကြွယ်က တခြားလက်ချောင်းတွေလောက် အားသိပ်မပါဘူးလေ)။ သန့်စင်တဲ့ တရှုးစကို ယူပါ (လက်သည်းနဲ့ မျက်နှာမထိအောင်လို့ပါ)။ ညှစ်မယ်ဆိုရင် ပေါက်နေတဲ့ဝက်ခြံရဲ့ ဘေးတ၀ိုက်ကနေ အတွင်းကို ဖိပေးပါ။ အဆံထွက်လာတဲ့ အထိပေါ့။ အကြံပေးချင်တာက မမှည့်သေးတဲ့ ၀က်ခြံ၊ နာနေသေးတဲ့ ၀က်ခြံကို မညှစ်ပါနဲ့။ အဲ့လိုဝက်ခြံမျိုးက ညှစ်လည်း အဆံမထွက်တတ်ပါဘူး။ အဆံမထွက်လာရင် မပျောက်ပါဘူး။
(၄) Diet
ရေများများသောက်ပေးပါ။
တနေ့ကို ရေ (၈)ခွက်သောက်ပေးသင့်ပါတယ်။ အသားအရည်ကိုလည်း ကြည်လင်စေတယ်လေ။ Antioxidant များတဲ့ အစားအစာများများစားပါ။ အဓိကကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ဦးစားပေးစားပါ။ ဆီကြော်စာတွေ၊ အသင့်လုပ်ပြီးသား အစားအစာတွေ၊ အချိုတွေ ရှောင်ပါ။ ဒါတွေဟာ အစာချေဖျက်မှုကို နှေးစေပြီး လိုအပ်တဲ့ အာဟာရတွေ ခန္ဓာကိုယ်က စုပ်ယူမှုကိုလည်း တားဆီးပါတယ်။ နို့ထွက်ပစ္စည်းတွေလည်း လျော့စားပါ။ နို့ထွက်ပစ္စည်းတွေမှာ ဟော်မုန်းပါပါတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း ၀က်ခြံဖြစ်စေတဲ့ အဓိက အကြောင်းရင်းလေ။ ဆယ်ကျော်သက်အရွယ်နဲ့ ဓမ္မတာလာတဲ့အချိန်မှာ ၀က်ခြံပိုပေါက်ရတာ ဟော်မုန်းအပြောင်းအလဲကြောင့်ပေါ့။ များသောအားဖြင့် မေးရိုးတလျှောက်ပေါက်တဲ့ ၀က်ခြံတွေဟာ ဟော်မုန်းကြောင့်လို့ ယေဘူယျပြောလို့ရပါတယ်။ ဗဟုသုတအနေနဲ့ ထပ်ပြောပြရရင် ပါးနားတ၀ိုက်ပေါက်တဲ့ ၀က်ခြံတွေဟာ အစားအသောက်နဲ့ဆိုင်ပြီး နဖူးနဲ့နှာခေါင်းတ၀ိုက်ပေါက်တဲ့ ၀က်ခြံတွေကတော့ စိတ်ဖိစီးမှုကြောင့်လို့ ဖတ်ဖူးပါတယ်။
(၅) Lifestyle
စိတ်ဖိစီးမှုကို လျော့ပါ။ တနေ့ (၈)နာရီ အနည်းဆုံးအိပ်ပါ။ အိပ်ရေး၀၀အိပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုလျော့နည်းစေတဲ့ ဟော်မုန်းထွက်လာစေပါတယ်။ ဆေးလိပ်သောက်ခြင်း အရက်သေစာသောက်စားခြင်းကို ရှောင်ကြည်ပါ။
(၆) သတိထားသင့်သော အချက်များ
မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့။ ခေါင်းအုံးစွတ်ကို မကြာခဏလျှော်ပေးပါ။ ဖုန်းပြောရင် ပါးနဲ့မထိအောင် သတိထားပါ (သို့) ဖုန်းကို သန့်စင်အောင်ထားပါ။ Make up brush တွေကို ပုံမှန်ဆေးပါ။ ခြုံပြောရရင်တော့ မျက်နှာကို ထိမယ့်အရာမှန်သမျှဟာ သန့်ရှင်းပါစေ။ ခေါင်းကို သိပ်စီးကပ်တဲ့အထိမထားပါနဲ့။ နှစ်ရက်ခြားတစ်ခါခေါင်းလျှော်ပါ (နေ့တိုင်းလျှော်ဖို့ မလိုဘူးနော်.. ဆံပင်ပျက်စီးတတ်တယ်)။ အထူးသဖြင့် ဆံပင်ရှေ့ချထားတတ်တဲ့သူတွေ ပိုသတိထားသင့်ပါတယ်။ ဒါဟာ နဖူးနဲ့ ဆံစတလျှောက်ဝက်ခြံပေါက်ရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ ယောက်ျားလေးတွေဆိုလည်း Hair Product တွေ အရမ်းမသုံးစေချင်ဘူး။ Hair Product တွေနဲ့ ချွေးတွေနဲ့ ရောပြီး ဆံစတလျှောက်ဝက်ခြံပေါက်နိုင်ပါတယ်။
ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။ အော်... အရေးကြီးတဲ့တချက်မေ့တော့မလို့။ အဲ့ဒါကတော့ စိတ်ကို ဖြူဖြူစင်စင်လေးနဲ့ ကြည်လင်အောင်ထားပါလို့.. စိတ်ကြည်မှ ရုပ်ကြည်တာလေ :)
စာဖတ်သူအားလုံး လှပတဲ့ အသားအရည် ပိုင်ရှင်နိုင်ကြပါစေရှင့်..
Candy ^_~
(၁) မျက်နှာသန့်စင်ခြင်း
ဝက်ခြံဆိုတာအရေပြားပေါ်က ဆဲလ်အသေတွေနဲ့
ထွက်လာတဲ့အဆီပေါင်းစပ်ပြီး အရေပြားပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေ ပိတ်ဆို့ရာကဖြစ်လာတာပါ။ ဒီတော့ မျက်နှာပုံမှန်သစ်ဖို့အရေးကြီးတာပေါ့နော်။ တနေ့နှစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးပါ။ အဆီအရမ်းပြန်တယ်ဆိုပြီး မျက်နှာခဏခဏသစ်ရင်လည်း ၀က်ခြံပိုပေါက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာခဏခဏသစ်တဲ့အတွက် ပုံမှန်မျက်နှာပေါ်မှာ ရှိသင့်တဲ့အစိုဓာတ်မရှိတဲ့အခါ ခန္ဓာကိုယ်က အဆီပိုထုတ်တတ်ပါတယ်။ ဒါကြောင့် ခဏခဏသစ်တဲ့မျက်နှာဟာ အဆီထွက်နှုန်းပိုများပြီး ၀က်ခြံပိုပေါက်ရတာပါ။ အထူးသဖြင့် မိန်းကလေးတွေ အိပ်ခါနီးဆို မိမိလိမ်းထားသမျှ မိတ်ကပ်ကို စင်ကြယ်အောင်ဖျက်ပေးဖို့လိုပါတယ်။ မိတ်ကပ် Remover နဲ့ အရင် မိတ်ကပ်တွေဖျက်ပြီးမှ ရိုးရိုးမျက်နှာသစ်ဆေးနဲ့ သစ်ပါနော်။ မျက်နှာသစ်တဲ့နေရာမှာ ရေနွေးနွေးလေးနဲ့ သစ်တာဟာ မျက်နှာပေါ်ရှိအပေါက်ငယ်လေးတွေ အတွင်းထိအောင် သန့်စင်စေတဲ့အပြင် နောက်ဆက်လုပ်မယ့် Skin care စိမ့်ဝင်မှုကိုလည်း အများကြီး အထောက်အကူပြုပါတယ်။ဝက်ခြံအတွက်သင့်တော်တဲ့ မျက်နှာသစ်ဆေးတွေ ခုဆို ဈေးကွက်မှာ အများကြီးပါ။ အဓိကပါဝင်ပစ္စည်းကတော့ Salicylic acid (သို့) benzoyl peroxide ပါ။ Acne wash တွေဟာ မျက်နှာကိုပုံမှန်ထက်ပို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် Moisturizer ကို နိုင်နိုင်လိမ်းပေးပါ။ အကြံပေးချင်တာကတော့ တနေ့မျက်နှာ (၂)ကြိမ်သစ်ရင် (၁)ကြိမ်ကိုပဲ Acne wash နဲ့သစ်ပြီး နောက်တချိန်ကိုတော့ ပုံမှန် Gentle cleanserနဲ့သစ်ပါလို့။ နောက်ပြီး Cleanser တစ်ခုတည်းကို အမြဲမသစ်ပဲ ပုံမှန်လေး ပြောင်းသစ်ပေးပါ။ Cleanser တခုတည်းကိုပဲစွဲသစ်ရင် ကြာရင်ထိရောက်မှု မရှိဘဲဖြစ်တတ်လို့ပါ။
(၂) အသားအရည်ထိန်သိမ်းမှု
အသားအရည်ထိန်းသိမ်းဖို့ အခြေခံလိုအပ်တာကတော့
Toner, Moisturiser ပါ။ Toner တစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်ခြင်း မတူပါဘူး။ တချို့က ချွေးပေါက်ကျဉ်းစေပြီး တချို့က moisturizer စိမ့်ဝင်မှုကို ပိုအားကောင်းစေပါတယ်။ Moistruizer ကတော့ မျက်နှာအစိုဓာတ်ထိန်းပေးတာပါ။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် Alcohol ပါတဲ့ Toner ကိုရှောင်ပြီး Moisturier ရွေးချယ်ရင်တော့ Cream type moisturizer ရွေးပါနော်။ အဆီပြန်တဲ့အသားအရေပိုင်ဆိုင်ရင်တော့ Gel type moisturizer က ပိုသင့်တော်ပါတယ်။ Oil-free လို့ရေးထားတဲ့ အလှကုန်မျိုးကို ရွေးသုံးပါ။ တပတ်တစ်ခါ (သို့) နှစ်ခါ Mask သုံးပေးပါနော်။ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ထားခြင်းဟာ သုံးသမျှ Toner, Moisturzier တွေကို ပိုစိမ့်ဝင်စေဖို့ အများကြီး ကူညီပေးပါတယ်။ ဒါတွေကမိန်ကလေးတွေပဲ လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူးနော်။ ယောက်ျားလေးတွေလည်း လုပ်သင့်ပါတယ်။ အနည်းဆုံးတော့ Moisturizer လေးမျက်နှာသစ်ပြီးတိုင်း လိမ်းပေးပါနော်။(၃) ၀က်ခြံ ညှစ်သင့်လား?
လူတော်တော်များများက ၀က်ခြံကိုမညှစ်ဖို့ပဲ
အားပေးကြတာ အားလုံးအသိပါ။ ကန်ဒီက ညှစ်သင့်တယ်လို့ပြောရင် ကန်ဒီ့ကို ဘာလုပ်ကြမလဲဟင်? ဟုတ်ပါတယ်။ မှည့်နေတဲ့ ၀က်ခြံကို ညှစ်သင့်ပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်မှန် ညှစ်ဖို့တော့ လိုပါတယ်။ ဖတ်ဖူးတဲ့ ၀က်ခြံညှစ်တဲ့ နည်းလမ်းလေးကတော့ ဒီလိုပါ။အရင်ဆုံး လက်ကိုစင်ကြယ်အောင်ဆေးပါ။ မျက်နှာသစ်ပါ။ ညှစ်တဲ့နေရာမှာ လက်သူကြွယ်ကို သုံးပါ (လက်သူကြွယ်က တခြားလက်ချောင်းတွေလောက် အားသိပ်မပါဘူးလေ)။ သန့်စင်တဲ့ တရှုးစကို ယူပါ (လက်သည်းနဲ့ မျက်နှာမထိအောင်လို့ပါ)။ ညှစ်မယ်ဆိုရင် ပေါက်နေတဲ့ဝက်ခြံရဲ့ ဘေးတ၀ိုက်ကနေ အတွင်းကို ဖိပေးပါ။ အဆံထွက်လာတဲ့ အထိပေါ့။ အကြံပေးချင်တာက မမှည့်သေးတဲ့ ၀က်ခြံ၊ နာနေသေးတဲ့ ၀က်ခြံကို မညှစ်ပါနဲ့။ အဲ့လိုဝက်ခြံမျိုးက ညှစ်လည်း အဆံမထွက်တတ်ပါဘူး။ အဆံမထွက်လာရင် မပျောက်ပါဘူး။
(၄) Diet
ရေများများသောက်ပေးပါ။
တနေ့ကို ရေ (၈)ခွက်သောက်ပေးသင့်ပါတယ်။ အသားအရည်ကိုလည်း ကြည်လင်စေတယ်လေ။ Antioxidant များတဲ့ အစားအစာများများစားပါ။ အဓိကကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ဦးစားပေးစားပါ။ ဆီကြော်စာတွေ၊ အသင့်လုပ်ပြီးသား အစားအစာတွေ၊ အချိုတွေ ရှောင်ပါ။ ဒါတွေဟာ အစာချေဖျက်မှုကို နှေးစေပြီး လိုအပ်တဲ့ အာဟာရတွေ ခန္ဓာကိုယ်က စုပ်ယူမှုကိုလည်း တားဆီးပါတယ်။ နို့ထွက်ပစ္စည်းတွေလည်း လျော့စားပါ။ နို့ထွက်ပစ္စည်းတွေမှာ ဟော်မုန်းပါပါတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း ၀က်ခြံဖြစ်စေတဲ့ အဓိက အကြောင်းရင်းလေ။ ဆယ်ကျော်သက်အရွယ်နဲ့ ဓမ္မတာလာတဲ့အချိန်မှာ ၀က်ခြံပိုပေါက်ရတာ ဟော်မုန်းအပြောင်းအလဲကြောင့်ပေါ့။ များသောအားဖြင့် မေးရိုးတလျှောက်ပေါက်တဲ့ ၀က်ခြံတွေဟာ ဟော်မုန်းကြောင့်လို့ ယေဘူယျပြောလို့ရပါတယ်။ ဗဟုသုတအနေနဲ့ ထပ်ပြောပြရရင် ပါးနားတ၀ိုက်ပေါက်တဲ့ ၀က်ခြံတွေဟာ အစားအသောက်နဲ့ဆိုင်ပြီး နဖူးနဲ့နှာခေါင်းတ၀ိုက်ပေါက်တဲ့ ၀က်ခြံတွေကတော့ စိတ်ဖိစီးမှုကြောင့်လို့ ဖတ်ဖူးပါတယ်။(၅) Lifestyle
စိတ်ဖိစီးမှုကို လျော့ပါ။ တနေ့ (၈)နာရီ အနည်းဆုံးအိပ်ပါ။ အိပ်ရေး၀၀အိပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုလျော့နည်းစေတဲ့ ဟော်မုန်းထွက်လာစေပါတယ်။ ဆေးလိပ်သောက်ခြင်း အရက်သေစာသောက်စားခြင်းကို ရှောင်ကြည်ပါ။
(၆) သတိထားသင့်သော အချက်များ
မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့။ ခေါင်းအုံးစွတ်ကို မကြာခဏလျှော်ပေးပါ။ ဖုန်းပြောရင် ပါးနဲ့မထိအောင် သတိထားပါ (သို့) ဖုန်းကို သန့်စင်အောင်ထားပါ။ Make up brush တွေကို ပုံမှန်ဆေးပါ။ ခြုံပြောရရင်တော့ မျက်နှာကို ထိမယ့်အရာမှန်သမျှဟာ သန့်ရှင်းပါစေ။ ခေါင်းကို သိပ်စီးကပ်တဲ့အထိမထားပါနဲ့။ နှစ်ရက်ခြားတစ်ခါခေါင်းလျှော်ပါ (နေ့တိုင်းလျှော်ဖို့ မလိုဘူးနော်.. ဆံပင်ပျက်စီးတတ်တယ်)။ အထူးသဖြင့် ဆံပင်ရှေ့ချထားတတ်တဲ့သူတွေ ပိုသတိထားသင့်ပါတယ်။ ဒါဟာ နဖူးနဲ့ ဆံစတလျှောက်ဝက်ခြံပေါက်ရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ ယောက်ျားလေးတွေဆိုလည်း Hair Product တွေ အရမ်းမသုံးစေချင်ဘူး။ Hair Product တွေနဲ့ ချွေးတွေနဲ့ ရောပြီး ဆံစတလျှောက်ဝက်ခြံပေါက်နိုင်ပါတယ်။
ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။ အော်... အရေးကြီးတဲ့တချက်မေ့တော့မလို့။ အဲ့ဒါကတော့ စိတ်ကို ဖြူဖြူစင်စင်လေးနဲ့ ကြည်လင်အောင်ထားပါလို့.. စိတ်ကြည်မှ ရုပ်ကြည်တာလေ :)
စာဖတ်သူအားလုံး လှပတဲ့ အသားအရည် ပိုင်ရှင်နိုင်ကြပါစေရှင့်..
Candy ^_~
*****************************************************************
ကန်ဒီ့ကို ဒီလို Beautyပိုစ့်နဲ့ ပက်သက်ပြီး Sis တယောက် (အစ်မလား ညီမလား မသိလို့ပါ :P) ရေးဖို့တောင်းဆိုထားတာလေးလည်း အားတာနဲ့ရေးပေးမယ်နော် :D :D နောက်ထပ် ရေးစေချင်တာရှိလည်း ပြောခဲ့လို့ရပါတယ် Peace :D
ကန်ဒီ့ကို ဒီလို Beautyပိုစ့်နဲ့ ပက်သက်ပြီး Sis တယောက် (အစ်မလား ညီမလား မသိလို့ပါ :P) ရေးဖို့တောင်းဆိုထားတာလေးလည်း အားတာနဲ့ရေးပေးမယ်နော် :D :D နောက်ထပ် ရေးစေချင်တာရှိလည်း ပြောခဲ့လို့ရပါတယ် Peace :D
16 comments:
အစ်မ သားကလေ.. ၀က်ခြံက သူများတွေလို
မဟုတ်ဘူး .။ လူမမြင်ရတဲ့နေရာတွေမှာပေါက်တာ.။
ဆံပင်ကြားတို့.. နားရွက်အထဲထဲတို့.. ဆံပင်ကြားက
ဘာမှမဖြစ်ပေမယ့် နားရွက်ထဲတို့ နှာခေါင်းထဲတို့
ကျတော့ ဘာနဲ့ဆိုင်လဲ.. ဘာလုပ်ရမလဲ..။ အရင်က
တည်းက မျက်နှာပေါ် မပေါက်သလောက်ပဲ.။
နားရွက်ထဲ ၊နှာခေါင်းထဲက. ပိုနာသလိုပဲ. ။
အကြံပိုင်သောကင်ဒီလေး..
စာအရေးအသားပြေပြစ်ပြီးရှင်းလင်းတယ်။ ထိမိတယ်။
စာရေးကောင်းသူလေးမို့ ပိုသဘောကျသွားပြီ။
အိုင်အိုရာ
စာဖတ်သူအားလုံး လှပတဲ့ အသားအရည် ပိုင်ဆိုင်နိုင်ကြပြီး
candy လေးလဲ ထာဝရ ရှင်းသန့်ကြည်လင်ပါစေလို့ပြန်ဆုတောင်းပေးခဲ့တယ်နော်
ချစ်တဲ့ sis jasmine
ချိုချဉ် အသားဖြူလာအောင် လုပ်လို.ရတဲ. နည်းလေး ရှိလား ဟိဟိ တင်ပေးပါအုန်းနော် နင်.သူငယ်ချင်း ညိုချောလေးကနေ ဖြုချောလေးဖစ်သွားအောင်
Shwe Beauty မှာဖတ်ပြီးပေမယ့်
ပိုပြီးမှတ်မိအောင်လို့ ဒီမှာလဲထပ်ဖတ်သွားပါတယ်း)
ချစ်ခင်တဲ့ camomilla
ကောင်းတယ်သကြားလုံးလေးရေ ဂွတ်ထတယ်
အိုတဲ့သူတွေလဲလုပ်ရမယ်အေ..အိုဘီဆိုတော့ကျားကန်ရမယ်း))
ချစ်တဲ့
အမဂျီး
ဂျာရစ်
မမကန်ဒီကျေးဇူးအလန်းတင်တယ်ဗျာတားတားကောင်မလေးအတွက်ဒီပို့စ်လေးဖတ်သွားတယ်နော်
မမကန်ဒီရေ...
အလှအပပို့ စ်လေးတင်ချင်ပေမယ့် အခုထိမတင်ဖြစသေးဘူး။
အလှအပကိုလည်း စိတ်ဝင်စားလို့ လေ။
နောက်ထပ်လည်း စာဖတ်သူအတွက်
အကျိုးရှိစေတဲ့ ဆောင်းပါးကောင်းလေးတွေ
ရေးပေးပါဦးလို့ တောင်းဆိုပါတယ်။
အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ထော်ဦး
ညလေးရေ မမတော့ဝက်ခြံမပေါက်တတ်ပေမဲ့
ချစ်သူလေးအတွက်ဖတ်သွားတယ်နော် :Pစိတ်ကို ဖြူဖြူစင်စင်လေးနဲ့ ကြည်လင်အောင်ထားပါလို့.. စိတ်ကြည်မှ ရုပ်ကြည်တာလေ :)
စိတ်ကြည်မှရုပ်ကြည်တာ....မှန်လိုက်လေ ငါ့ညီမရယ်...။ အလှအပရေးရာဆို မိန်းမပီပီ စိတ်ဝင်စားတယ် ဒါကြောင့် သေသေချာချာဖတ်မှတ်ထားပါတယ်...။ ကျေးဇူးကလေးလေး ... နောက်ထပ်လဲ များများရေးပပေးဦး...။
အော်မေ့တော့မလို့..ပါးနဲ့မထိအောင်ဖုန်းပြောဆိုတော့
Death Notes ကား..ထဲ.က L လိုမျိုးပြောရမယ်
ထင်တယ် အစ်မ. ခိခိ.
ဒီကောင်လေး လူကိုလာနောက်နေတယ်.. ဟွန်း ဟွန်း
လူမမြင်တဲ့နေရာမှာပေါက်တာ အပူကြောင့်လို့ထင်တယ်။ သေချာတော့ မသိဘူး >.<
CANDY နာကတော့ 1နေ့ကို ရေ 10ခွက်မကဘူး သောက်တယ်...ပိတ်ရက်တွေဆိုရင်ပိုတောင် သွားတယ်..ပူလို့ပြေားတာနော်...ရေအများကြီးသောက်တာ..
အသက်ကြီးပြီကွယ်...တော်ကြာ ရူပါတွေ အဖြူးလွန်သွားရင် အိမ်ရှင်မက စိတ်မချလို့ တုတ်တစ်ချောင်းကိုင်ပြီး နောက်ကနေ တကောက်ကောက် လိုက်နေဦးမယ်...ကျန်းမာရေးကိုပဲ ဂရုစိုက်တော့မယ်...ကလေးတွေပဲ လှအောင်လုပ်ပေတော့...စကားမစပ်...အိမ်ထောင့်က ဓာတ်ပုံကိုကြည့်ပြီး ကြောက်ပါ့ကွယ်...စပ်ဖြဲဖြဲနဲ့း)
Thanks for the tips sis. Can you share with us on how to get rid of blackheads and block pores? Thanks! =)
ဟုတ်ကဲ့.. ကန်ဒီအချိန်ရတာနဲ့ ရေးပေးပါ့မယ်.. ရေးရမယ့် List ထဲမှာ မှတ်ထားလိုက်ပြီနော်.. :D
Post a Comment