Tuesday, February 28, 2012

စုံပလုံစိ

Hi!!!!
ခုကန်ဒီ့ဘေးမှာ ကော်ဖီတခွက် ချထားတယ်။ အချိန်ကတော့ ည(၁၂)ခွဲ။ ကော်ဖီလေးဇိမ်ခံသောက်ရင်း တွေးမိတာတွေ ချရေးရတာလည်း အရသာတမျိုးပဲ :D အဟိဟိ သိပ်ကဗျာဆန်သွားလား? ပြီးခဲ့တဲ့စနေနေ့က ဟိုလေထဲက သင်္ဘောကြီးနားသွားတယ်။ ဓာတ်ပုံလျှောက်ရိုက်တယ်။ တကယ်တော့ ဓာတ်ပုံလျှောက်ရိုက်တယ် ဆိုတာထက် ကမ်းနားမှာထိုင် စာအုပ်ဖတ် သီချင်းနားထောင်။ ဒီလိုကျတော့ ဘ၀ကြီးက ပြီးပြည့်စုံတယ်နော် (ကြီးကြီးကျယ်ကျယ်တွေ စပြီ :P)


♫♪ ဆည်းဆာကမ္ဘာမှာ... ငှက်ကလေးတွေ သီချင်းဆို..
ကိုယ်ပြန်လာမယ် မင်းလေး အနားကို.. ♫♪

လေထဲက သင်္ဘောကြီးနဲ့ ^_^

ဘာလို့မပေါ်တာတုန်း ဟွင်းဟွင်း O_o

ကန်ဒီပေါ်ရင် သူက မပေါ်ချင်ဘူး။ သူ့ချည်းရိုက်မှ ပေါ်တယ် =.=

Peace :D

ဒီစာအုပ်က ခုထိဖတ်တုန်း မပြီးသေးဘူး။
စာအုပ်တအုပ် တအုပ်ကို အကြာကြီး ဇိမ်ခံဖတ်တာ ဘာအကျင့်မှန်းမသိဘူး။

အိမ်ရှင်အန်တီရဲ့အမျိုးတွေ အလည်ရောက်လို့ အိမ်မှာ ခဏတည်းတယ်။ ကလေးလေးတွေလည်း ပါတယ်။ တယောက်က (၇)နှစ် တယောက်က (၂)နှစ်။ ဆိုးလိုက်တာ။ တအိမ်လုံးလည်း ဆူညံနေတာပဲ။ သူတို့အမေဆို ကလေးထိန်းရတာ ပါးစပ်တောင် မပိတ်ရဘူး။ အဖေဆိုလည်း နို့ဗူးဖျော်တယ်။ ကလေးလေး အီးပါရင် (ကန်တော့) ရေဆေးပေးတယ်။ လင်မယားနှစ်ယောက်လုံး အလုပ်တွေရှုပ်နေတာပဲ။ သူတို့ကို ကြည့်ပြီး မိဘမေတ္တာကို တွေးမိတယ်။ အမေလည်း ကန်ဒီတို့ ငယ်ငယ်က ဒီလိုလုပ်ပေးခဲ့ရမှာပဲလို့။ ဒါပေမယ့် ကန်ဒီငယ်ငယ်ကတော့ အဲ့လောက်မဆိုးဘူးလို့ ထင်တာပဲ.. ဟဲဟဲ။ အမေ့ကို သတိရတယ်။ ရန်ကုန်ပြန်ချင်တယ်။ ခုအမေက ဒူးမကောင်းဘူးတဲ့။ လမ်းတောင် သိပ်မလျှောက်နိုင်ဘူးတဲ့ :( လူတယောက်က အသက်အရွယ်လိုက်ပြီး အတွေးတွေက ပြောင်းလဲတယ်နော်။ အခု ကန်ဒီနဲ့ ဟိုးလွန်ခဲ့တဲ့ (၂)နှစ်လောက်က ကန်ဒီနဲ့တောင် အတွေးတွေက မတူတော့ဘူး။ အရင်က မတွေးမိတာတွေ ခုပိုတွေးမိလာတယ်။

ဟိုနေ့က မေမြို့မိုးက ကန်ဒီ့ကို Chatroom တခုမှာတွေ့လို့ သွားChatတယ်တဲ့။ နာမည်လည်းတူ.. ရုပ်လည်း ဆင်တယ်တဲ့။ ပြီးမှ ကန်ဒီမဟုတ်မှန်း သိတယ်တဲ့။ ကန်ဒီ့ကို သူမှားလည်း မှားလောက်စရာ ဘယ်လောက်တူကြောင်း ဓာတ်ပုံတောင် မေးလ်ပို့လာသေးတယ်။ အင်း.. ဆင်တာတော့ ဆင်တယ်ပြောရမယ်။ သေချာကြည့်ရင်တော့ မတူဘူး။ အဲ့ဒါ ကန်ဒီပြောချင်တာက ကန်ဒီနဲ့နာမည်တူတွေ အများကြီးရှိနိုင်တယ် ဆိုတာပါ။ ကန်ဒီဘယ် Public Chatroom မှ မ၀င်ဘူး။ နောက်ပြီး ကန်ဒီ Ning ဆိုဒ် (စာလုံးပေါင်းမှားရင် ခွင့်လွှတ်နော်) တွေမှာလည်း စာမရေးဘူး။ ရှက်ရှက်နဲ့ဝန်ခံရရင် Ning ဆိုဒ်ဆိုတာတောင် ဘာမှန်းမသိလို့ ဟိုတလောကမှ ချောကလတ်ကျူးပစ်လေးကို တိုးတိုးတိတ်တိတ်မေးရတယ်။ အဲ့လောက်တောင် ညံတာပါ ဟိ။ ကန်ဒီစာရေးတာ ဒီကန်ဒီ့ဆိုဒ်ရယ်.. နောက် ShweBeauty ရယ်.. အဲ့နှစ်နေရာပဲ ရေးတာပါ။

► My sis was missing??!!

ကန်ဒီ့ညီမ သူ့ချစ်သူနဲ့ Austria သွားလည်တယ်။ ဟိုမှာ သူ့ချစ်သူရဲ့ မိဘတွေလည်း ရှိတယ်။ ကန်ဒီ့ကို ပြောသွားတာက ၂၆ရက်နေ့ ပြန်ရောက်မယ်တဲ့။ ၂၇ရက်ထိ ရောက်မလာဘူး။ လူက စိတ်ပူနေတာ။ ပိုပြီး စိတ်ပူရတဲ့အကြောင်း ရှိသေးတယ်။ ပြောပြရင် ကန်ဒီ့ကို ၀ိုင်းရီကြမလား မသိဘူး ဟီး။ သူသောက်နေကျ ကြွေခွက်လေးက အိမ်က အန်တီရဲ့သမီးလုပ်လိုက်တာ မတော်တဆကွဲသွားတယ်။ စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ ရုပ်ရှင်တွေ ဘာတွေမှာ အဲ့လိုဆို နိမိတ်မကောင်းဘဲ တခုခုဖြစ်တယ်မလား? သူကလည်း ပြန်ရောက်မလာတော့ စိတ်ထဲ ဘာတွေတွေးမှန်း မသိဘူး။ သူ့ချစ်သူကပဲ သူ့ကိုပြန်ပေးဆွဲသွားတာလား?? :P :P ဟိုမှာပဲ ဒုက္ခရောက်နေပြီလား?? အမေတို့ကိုက တနင်္ဂနွေနေ့ ပြန်ရောက်မယ် ပြောထားတယ်။ ရောက်ပြီလား.. မေးရင် ဘယ်လိုဖြေရမလဲ?? အဲ့လို အဲ့လိုတွေ လျှောက်တွေးနေတာ ဟီး။ မယ်မင်းကြီးမက ၂၇ရက်နေ့ညနေမှ ရောက်ကြောင်း Message ပို့တယ်။ အဲ့တော့မှ သက်ပြင်းချနိုင်တော့တယ်။ သူပြန်ရောက်မယ့် ရက်ကို မှားပြောသွားပုံရတယ် >.<

► OMG!! I love it xD
သူပြန်လာတော့ ကန်ဒီအတွက် လက်ဆောင်ပါလာတယ် :D :D ။ အရမ်းတော့ ဈေးမကြီးဘူး။ ဒါပေမယ့် ကန်ဒီအရမ်းလိုချင်နေတဲ့ဟာလေး။ အမှန်အတိုင်းပြောရရင် သူ့ကို အဲ့ဒါလေး ၀ယ်ခဲ့ခိုင်းရင် ကောင်းမလား တွေးမိသေးတယ်။ နောက်တော့ တော်ပါပြီလေ.. စင်္ကာပူမှာလည်း ရှိမှာပါ.. ကိုယ့်ဟာကိုယ် ရှာမတွေ့တာ နေမှာပါ.. ဆိုပြီး သူ့ကိုမမှာဘဲ ကိုယ့်ဟာကိုယ် ကြိတ်ရှာနေတာ။ သူအဲ့ဒါဝယ်လာတယ်ဆိုတော့ ပျော်လို့ထခုန်မတတ်ပဲ။ ကန်ဒီ့လိုချင်နေတာကို သူ့ဟာသူအမှတ်ရသားပဲ :P နောက်ထပ်သူ့ကိုအမှတ်ပေးချင်တာက ၀ယ်ခဲ့တဲ့ ဒီဇိုင်းလေး။ ကန်ဒီ အဲ့လို Vintage ဒီဇိုင်းတွေ ကြိုက်တာလည်း သူမှတ်မိတယ် ဟိဟိ။ အဲ့ဒါလေးက .............



အခန်းအနံ့မွှေးအောင်လုပ်တဲ့ ဟာလေး။ အပေါ်မှာ ကိုယ်နှစ်သက်တဲ့ အနံ့အဆီနဲ့ ရေထည့်.. ပြီးရင် အောက်က ဖယောင်တိုင်လိုမျိုးလေးနဲ့ မီးထွန်းလိုက်တာနဲ့ အနံ့သင်းသင်းလေး ထွက်လာတယ်။ ကန်ဒီက အခန်းကို လှောင်တဲ့အနံ့ထွက်နေတာ မကြိုက်ဘူး။ အနံ့ထွက်တဲ့ Candle တွေထက် အဲ့လို Decorate လည်း လုပ်လို့ရတာလေး ရှာနေတာ။ ဘယ်လိုမှ ရှာမတွေ့ဘူး။ ခုတော့ ဟဲဟဲဟဲ :D

► Just for Girls :D


Revlon ကနောက်ဆုံးထွက်ပြီး အရမ်း Popular ဖြစ်နေတဲ့ Lip Butter ကို အားလုံးသိမယ် ထင်တယ်။ ခုအဲ့ဒီ Product line စင်္ကာပူကို ရောက်နေပြီနော်။ ကန်ဒီတောင် စနေနေ့က Watson ရောက်မှ သိတယ်။ အဲ့ဒါကို ကန်ဒီမျှော်နေတာ ကြာပြီ ဟီး :D။ Colour အစုံတော့ မရောက်သေးဘူး။ ၅ရောင်လား ၆ရောင်လားပဲ ရောက်သေးတယ်။ ကန်ဒီဝယ်လာတာက Strawberry Shortcake။ Lip Balm ပုံစံမျိုးပဲ။ ကြိုက်၏ :D လက်သည်းဆိုးဆေးနှစ်ဗူးက ရည်ရွယ်ချက်မရှိဘဲ ၀ယ်လိုက်တာ။ အဲ့အရောင် နှစ်မျိုးက ဘယ်တော့မှ မတွေ့ဘူး။ အမြဲကုန်တယ်။ အဲ့နေ့က တွေ့လို့ :D တစ်ရှူးတွေက ထမင်းစားနေတုန်း အဖိုးတယောက်လာရောင်းလို့ ၀ယ်လိုက်တာ။ ဒီမှာ အသက်ကြီးကြီး အဖိုးတွေ အဖွားတွေ အဲ့လိုရောင်းကြရတယ်နော်။ သနားပါတယ်။ ကန်ဒီ့မှာ လွယ်လွယ်ကူကူ ပိုက်ဆံပေးဖို့ရှိရင် ၀ယ်တတ်တယ်။ သနားလို့ :(


ကန်ဒီဘာထူးခြားနေလဲ??? ဟဲဟဲဟဲ ဆံပင် ပြန်ဆိုးထားတယ်။ ကိုယ့်ဟာကိုယ် ဆိုးတာ။ အရောင်က Liese က Platinum Beige။ ဒီပုံမှာ အရမ်းထင်းနေသလိုပဲ။ နေအရမ်းရှိန်နေလို့လား မသိဘူး။ အပေါ်က ပုံတွေမှာတော့ အဲ့လောက် မသိသာဘူး။ ဆိုးချင်တဲ့သူတွေ Reference ကြည့်နိုင်အောင် ပြတာပါ :D

အားးးးးးးး.............. ပိုစ့်ကြီးအရမ်းရှည်သွားပြီ Sorry!!!
၃နာရီထိုးတော့မယ်။ အိပ်ပြီ။
တာ့တာ Zzzzz........

28 comments:

မိုးဇက် said...

အဲ့ဒီ သင်္ဘောကြီးကိုစိတ်ဝင်စားတယ် ၊ အလှတင်ထားတာလား ၊ လူနေလို့ရအောင်လဲလုပ်ထားသေးလား ၊ သိပ်ပနာရတယ် ၊ ဒါပေမယ့် မမကန်ဒီလောက် မလှဘူး ၊ အလှတရားတွေ ပနာမရဘူး .........တိန်


ဂီတအနုပညာရှင် ကဗျာဆရာလေး မိုးဇက်

Anonymous said...

လေထဲကသဘောင်္ပေါ်ရောက်ဖူးချင်လိုက်တာ...
ဆိုးထားတဲ့ ဆံပင်အရောင်လေးကန်ဒီနဲ့ အရမ်းလိုက်တယ်..
ချစ်ခင်တဲ့ မမcamomilla

Anonymous said...

အေးအေးချမ်းချမ်းရီလက်စ်လုပ်နေတယ်ဆိုပါတော့။
ညီမလေးဝယ်လာတာလှတယ်နော်။ သဘောကျတယ်။
အိုင်အိုရာ

လေလွင့်လူ said...

မမတီ
စာလာဖတ်တယ်:D ဓာတ်ပုံလေးတွေလှတယ်နော်(မှတ်ချက်-ရှုခင်းများသာ:P)
နောက်တာ.....
မမတီလည်းလှဒယ်...... :P
ခင်မင်လေးစားလျက်-
လေလွင့်လူ

ချစ်စံအိမ် said...

ချောလာပါရော့လား ငါ့ညီမရေ
အလည်လာအုံးမှာပဲ အဲသင်္ဘောပေါ်ရေလာကူးမလို့ :P
ရေကူးကျင့်နေတယ်:D

jasmine(တောင်ကြီး) said...

candy ကပြောတယ် candy ပေါ်ရင်သူက
မပေါ်ဘူး (သူ့ချည်းရိုက်မှ ပေါ်တယ်)
ဟီးဟီး ရယ်ရတယ်
အဲတာပဲဖတ်ခဲ့ရင်ဘုမသိဘမသိနဲ့ ဘာလဲလို့????
စတာနော်
ချစ်စရာကောင်းတဲ့ ညလေးပုံတွေကိုတော့အမြဲတစ်ဝ
ကြည့်ခဲ့ပြီနော်
ချစ်တဲ့ sis jasmine

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေကြည့်သွားပါတယ်

မျိုးဆက်သစ်မှတ်တိုင် said...

ညီမလေး ကန်ဒီရေ....>>>>>>

ဒီပို့စ်လေးကို ဖတ်ပီး လွန်ခဲ့တဲ့ နှစ်တွေက စင်္ကာပူကို အလည်ရောက်တော့ အဲဒီ လေထဲကသဘောင်္ကြီးကို
မျှော်ငေးရင်း သူငယ်ချင်းတွေနဲ့အတူ ဒူးရင်းသီး
ဧရိယာဝန်းကျင်အနီးမှာ လမ်းတွေအတူလျှောက်
စမ်းရေအတူသောက်
(ဆောရီးနော်... မှားသွားလို့
ွှအဲဘေးနားမှာ စမ်းရေဆိုင်မှမရှိတာ..အအေးဆိုင်လေးဘဲရှိတာ)
ကျွဲရိုင်းဗူးအေးအေးတွေ သောက်ခဲ့တာလေးတွေကို
ပြန်သတိရမိလေရဲ့.....

လေးစားခင်မင်လျှက်
ဆန်းသစ်အောင်

မြတ်ကြည် said...

1) အခုဆံပင်ရောင် မိုက်တယ်။

2) ရေမွှေးတည်တဲ့ ခွက်လေးက အရင်က အဒေါ်အခန်းမှာ နှစ်ယောက်သား ဝယ်ထွန်းဖူးတယ်။ ကြာကြာထွန်းရင် မှိုင်းတက်တယ် သိလား? သိပ်မကြာဘူး။ ဗီရိုထဲရောက်သွားရော။ :P

3) ပထမကြည့်တော့ လေထဲကသင်္ဘော လိုက်ရှာတာ၊ မတွေ့ဘူး။ တတိယပုံမှပဲမြင်တော့တယ်။ :)

မေမြို့မိုး said...

တင်းဘောကြီးကအစ်မလောက်ပါဝါမရှိလို့ မှိန်နေတာ
ဖစ်မယ်....။
ဂယ်တူတယ်နော်..။အဲ့အစ်မကလည်းစလုံးကပဲဆို
တာကျန်သေးတယ်.။ကျွန်တော့်အထင်..နာမည်ကြီး
မို့လို့ ဆင်တူရိုးမှားထွက်ာတာထင်တာပဲ.. ။ဘလော့
ခေါင်းစဉ်မှာတင်ထားလိုက်တော့...အတုအပ သတိပြု
လို့.. ။ ဟိဟိ.

8Yar said...

အဟင့် သားလဲလိုချင်တယ်။ အခန်းထဲမှာ ထားချင်လို့။ အမွှေးခဲတွေက ကဏဆိုကုန်ကုန်သွားတယ်။ စပရေးဘူးလည်း ခဏပဲခံတယ်။ ဒါပေမယ့် သားက မီးလဲကြောက်တတ်တယ်။ ဘယ်လိုလုပ်ရပါ့။ :(

မောင်(စွယ်စုံကျမ်း) said...

ဖွားလေးက လျှောက်သွားနေတာကိုး..ပြန်လာခဲ့ အိမ်မှာပန်းကန်ဆေးစရာရှိတယ်နော်...တိန်

ဖြိုးဇာနည် said...

အမ်မယေးးးး
နာ့တော်ဖီခွက်ကျကွဲတွားပီ
နာတေတော့မှာဘဲ ကယ်ဂျပါအုံးဂျ။

ညိမ်းနိုင် said...

အဲ့ဒီ ရနံထွက်တဲ့ဟာလေး လိုချင်တယ်....၊စလုံးမှာ တွေ့
ရင်ပြောပါအေ....:P

Nandar said...

မ အခု ဆံပင်အရောင်နဲ့လိုက်တယ်နော်

ဧဒင်အချစ်ပုံပြင် said...

နောက်တခေါက်သွားရင်ခေါ်နော်...ဟဲဟဲ

မိုးငွေ့...... said...

ကန်ဒီလဲအမလိုပဲ ကွိစိကွစိလေးတွေကိုကြိုက်တယ်နော်...။

အောင်အောင် said...

Hi!!!!
ခုကန်ဒီ့ဘေးမှာ အရက်1ခွက် ချထားတယ်။ အချိန်ကတော့ ည(24)ခွဲ။ အရက်လေးဇိမ်ခံသောက်ရင်း တွေးမိတာတွေ ချရေးရတာလည်း အမြည်းလိုတယ် :P အဟဲဟဲ သိပ်ကဗျာဆန်သွားလား? ပြီးခဲ့တဲ့စနေနေ့က ဟိုလေထဲက လှေကြီးနားသွားတယ်။ ဓာတ်ပုံထိုင်ရိုက်တယ်...၊(မှက်ချက် CANDY အရက်မသောက်ပါ)စတာနော်တယ်ချင်း စိတ်ဆိုးနဲ့ ဘာလို့ မျက်လုံးက မှိတ်ထားတာလည်း အမှိုက်ဝင်သွားလို့လား...ကဲရေးချင်ရာ ရေးပြီး ပြေးပြီ...

မဒမ်ကိုး said...

အောင်မယ် သကြားလုံး စိတ်တွေပူနေပုံများအလှတွေပြင်နေချက် ဟင်းးဟင်းး
နာလဲအေ စုထားသမျှကျပ်စေ့တွေအဲလိုဝယ်ရင်းနဲကုန်တာဘဲ
တခါယူတစ်ထုပ်ဘဲယူဖြစ်တယ်
ခုတော့အိပ်ထဲပုံနေဘီတစ်ရှုးတွေ
ကဲ နောက်ပိုစ့်မှာတဂ်ထားတယ်နော်မမ ဒါဘဲ

ချစ်တဲ့
ဂျာရစ်

ညီရဲ said...

စာအုပ်ကို အကြာကြီး ဇိမ်ဆွဲဖတ်တာ ပျင်းတာပေါ့ ညီမရဲ့ ...

ညီညီ said...

လူ့ပြည်မှအပြန်
သင်ဘာတွေ ကြံနေသနည်း.....
ငါလည်း ဖတ်ချင်လိုက်တာ အဲ့စာအုပ်.....
ခေါင်းစဉ်လေးက စိတ်ဝင်စားစရာပဲနော်....
စုံပလုံစိ ကိုလာဖတ်တာ စာအုပ်တစ်အုပ်တော့
မှတ်မှတ်ရရဖြစ်သွားပီ... ကျေးကျေးနော်....
အပြင်မှာ ရှာဝယ်ကြည့်ဦးမယ်.........။

Anonymous said...

ဆံပင်အရောင်လေး လှတယ် candy ..
ဒါနဲ့ candy ရော..
လူ့ပြည်က အပြန် ဘာတွေ ကြံနေသတုန်း...းp

ချစ်တဲ့
အိမ်မက်စေရာ

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ကန်ဒီလေး အရမ်းချစ်ဖို့ကောင်းတယ်။

ချစ်တဲ့
မြတ်

san htun said...

အခန်းအနံ့မွှေးအောင်လုပ်တဲ့ ဟာလေးက ချစ်စရာလေး..ကန်ဒီလေး လှတယ်ဟေ့...

san htun said...

အခန်းအနံ့မွှေးအောင်လုပ်တဲ့ ဟာလေးက ချစ်စရာလေး..ကန်ဒီလေး လှတယ်ဟေ့...

နွေလ said...

အစ်မတို့များ ရာသီဥတုတွေ သာယာနေလိုက်တာ
အားကျပါဘိကွယ်
ပျော်နေတယ်ဆိုတော့
ဝမ်းသာပါတယ်
အမြဲတမ်းပျော်ရွှင်ပါစေဗျာ

ဆူးသစ် said...

အလုပ်အရမ်းရှုပ်နေလို့ အခုမှလာရတော့တယ် ညီမရေ။ စုံပလုံစိကို စုံစိနေအောင် ဖတ်သွားတယ်။ ဓာတ်ပုံတွေတော့ သဘောကျမိပါရဲ့။ ကလေးကျနေတာပဲ။ စာဖတ်တာ၊ ဆံပင်ဆေးဆိုးတာစုံလို့။ အတွေးအခေါ်ပြောင်းတာကတော့ စာဖတ်လာတာနဲ့ စာရေးတဲ့လူဖြစ်လာတာ။ နောက်တစ်ခုက အရွယ်။ အဲဒါတွေနဲ့ ဆိုင်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ သနားတတ်တဲ့စိတ်ကလေးကိုလည်း အမှတ်မထင်သတိထားမိလိုက်တယ်။ တစ်ရှူးတွေ ၀ယ်တယ်ဆိုတာကိုပါ။

Vista said...

link ချိတ်ထားတယ် ကန်ဒီ ပြောဖို့ မေ့နေလို့ ပါ အရင်ချိတ်ပြီးတာကြာပြီ မျက်ကျိဆီက တွေ့ လို့ 
Cbox မှာပြောမရလို့ ဒီမှာ မန့် ခဲ့တယ်