သူများတွေ ရေးပြီးကုန်ပြီ။ ကန်ဒီက ခုမှ တရေးနိုးသလိုများ ဖြစ်နေလား?? :P :P ကန်ဒီသိသလောက် ဒီ Tag ကို စဖန်တီးသူက ကလေးလေး နွေလ။ ကန်ဒီ့ကို Tag တဲ့သူတွေကတော့ ဘုရားပွဲသွားပြီး ပျော်နေတဲ့ မမသမီးစံ၊ V-dayမှာ ဘယ်သူ့ကိုပစ်ရလဲချောင်းနေတဲ့ မြှားနတ်မောင် (ခေါ်) ချောကလက်ကျူးပစ်လေးနဲ့ လူကိုနှိပ်ကွပ်ရရင် အလွန့်အလွန်ပျော်တဲ့ ဦးလေးဖိုးဖိုးမောင် (ခေါ်) မောင် စွယ်စုံကျမ်း။ ကန်ဒီ့အမှတ်တရတွေက သိပ်တော့ စိတ်ဝင်စားဖို့မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ရေးတယ်ကွာ... :P
♦ ၁၉၈၈ မေလ ၂ရက် - အူဝဲ

ကန်ဒီကို ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အမေမွေးတယ်။ အမေပြောဖူးတာတော့ ကန်ဒီငယ်ငယ်က ထမင်းကျွေးရအရမ်းခက်တယ်တဲ့။ ကန်ဒီ့ကို ထမင်းကျွေးမယ်ဆို လူ၂ယောက်လောက် လိုတယ်တဲ့။ တယောက်က မင်းသမီးပုံကြီးကို ထောက်ပြ။ ကန်ဒီမော့ကြည့်နေတုန်း နောက်တယောက်က ထမင်းအတင်းခွံရတာတဲ့။
♦ တတန်း - Bad Luck
သူငယ်တန်းအတန်းတင်စာမေးပွဲမှာ ပထမလားမသိဘူး ရတယ်။ အဲ့ဒါ တတန်းရောက်တော့ ဆရာမက ဆုယူဖို့ ဖိတ်စာကို ပေးလိုက်တယ်။ ဖိတ်စာကို ဖတ်လည်း မဖတ်ဘူး။ ယူပြီး အိမ်ပြန်လာတယ်။ အမေ့ကိုလည်း မပြဘူး။ နောက်နေ့ ကျိုက်ထီးရိုးသွားရမှာပဲ စိတ်ထဲရှိတယ်။ သောကြာနေ့(ဆုယူရမယ့်နေ့)တောင် ကျောင်းဖျက်လိုက်သေးတယ်။ သောကြာ စနေ တနင်္ဂနွေ ခရီးသွားကြမှာလေ။ ခရီးက ပြန်လာတော့မှ ဖိတ်စာကို အမေ့ကိုပြတယ်။ အဆူခံရတယ် >.<
အငယ်တန်းတွေ အားတဲ့အချိန်တွေဆို ဆရာမတွေကအတန်းဆူမှာစိုးလို့ စကားမပြောရဘူးဆိုပြီး ခေါင်းမှောက်ခိုင်းတယ်မလား။ တယောက်က မတ်တပ်ရပ်ပြီး စကားပြောတဲ့လူကို နာမည်မှတ်ရတယ်လေ။ ကန်ဒီက စကားနည်းတဲ့လူပါ။ တခါမှလည်း အဲ့လိုစကားမပြောဘူး။ အဲ့နေ့က ဘေးနားက ကောင်မလေးက စကားလာပြောတယ်။ ကန်ဒီက ပြန်မပြောဘူး။ ပါးစပ်ကို ပလာစတာနဲ့ ကပ်ထားသလိုကို ပိတ်ထားတယ်။ အဲ့ဒါကိုမရဘူး။ အတင်း ခဏခဏ လာလာပြောနေလို့ နောက်ဆုံး စိတ်မရှည်တာနဲ့ "မပြောနဲ့"လို့ တခွန်းပဲပြောလိုက်တာ။ ကန်ဒီ့နာမည်ကို မှတ်သွားတယ်။ တတွတ်တွတ်ပြောနေတဲ့ ကောင်မလေးနာမည်ကျတော့ မမှတ်ဘူး။ အဲနေ့က ဆရာမ အရိုက်ခံရတယ် >.<
♦ နှစ်တန်း - Sad
အဖိုးဆုံးတယ်။ စွန်မလွှတ်ရတော့ဘူး။
♦ ငါးတန်း - Evil Candy
ဘေးနားက ကောင်မလေး ကန်ဒီ့စာအုပ်မှာ ဘောပင်နဲ့လာခြစ်တာကို ဒေါတွေပွပြီး ဆရာမနဲ့ သွားတိုင်တယ်။ ခုစဉ်းစားကြည့်ရင် ရီစရာကြီး ဟီးဟီး။ အဲ့ဒီကောင်မလေးက ခုချိန်မှာ ကန်ဒီရဲ့ အခင်ဆုံးသူငယ်ချင်း ဖြစ်လာလိမ့်မယ်လို့ အဲ့တုန်းကမသိခဲ့ဘူး။ ကျောင်းတုန်းကတော့ တော်တော်အမြင်ကတ်ခဲ့တာ :P
♦ ၆တန်း - ပထမဆုံး အဖေကို မြင်ဖူးခြင်း
ကန်ဒီ သိတတ်စအရွယ်ထဲက အဖေဆိုတာကို ဓာတ်ပုံထဲပဲ မြင်ဖူးခဲ့တယ်။ အဖေက ဂျပန်မှာ အလုပ်သွားလုပ်နေတာလေ။ တခါမှ ပြန်မလာဘူး။ အဲဒီနှစ်မှာ အဖေ အပြီးပြန်လာတယ်။ နောက်ပြီး မိသားစုတွေ အဖေ့ဇာတိကို သွားလည်ကြတယ်။ သင်္ကြန်တွင်း ဧပြီလကြီးတောင် အရမ်းအေးတယ်။ အထက်မြန်မာပြည် ကချင်ပြည်နယ် ရွှေကူမြို့လေ။ အဲ့ဒါ အဖေမွေးတဲ့မြို့။ ဆွေမျိုးတွေ အများကြီးပဲ။ မြန်မာစကားမပီကြဘူး။
♦ ၇တန်း - It's Embarrassing
မုန့်စားဆင်းချိန် ခုံပေါ်တက် ကမြင်းနေတုန်း ဘေးနားက ကောင်မလေးက နောက်ပြီး ထမီကိုဆွဲချွတ်တယ်။ အားးးးးးးးးးးးးးး........... သိပ်မကျွတ်သွားပါဘူး။ ကံကောင်းလို့။ ကျွတ်များ ကျွတ်သွားလို့ကတော့ ပွဲကြည့်သလိုဖြစ်မှာ။ ကိုယ်က ထိုင်ခုံပေါ်မတ်ရပ်တပ်ပြီး ဆော့နေတာလေ။ သူကလည်း ကန်ဒီစကပ်ထမီဝတ်တတ်မှန်းသိလို့ မကျွတ်ဘူးထင်လို့ စလိုက်တာ။ အဲ့နေ့မှ ရိုးရိုးထမီ ၀တ်သွားတယ် >.< သူဆိုတာ ခုနက ကန်ဒီဆရာမနဲ့ သွားတိုင်တဲ့ မိန်းမပဲ =.=
♦ မြေခပေမယ့် မွှေးပါသည်
ငယ်ငယ်က အဘွားတို့အိမ်သွားလည်ရင် အရမ်းပျော်တာ။ အဘွားတို့ အိမ်နားမှာ ခရေပင် အကြီးကြီး ရှိတယ်လေ။ ညနေဆို ခရေပန်းတွေကောက်.. ရေဆေးပြီး နှီးကြိုးနဲ့သီတယ်။ သီပြီး ကြိုးရဲ့ထိပ်နှစ်ဖက်ကို ထပ်စည်းလိုက်တော့ အ၀ိုင်းလေးဖြစ်သွားတယ်။ အဲ့ဒါကို ခေါင်းပေါ်စွတ်ထားတယ် (စဉ်းစားကြည့်ရင် ရီစရာကြီး ဟီး)။ အရမ်းမွှေးတာ။ နောက်ပိုင်း မကောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ဘုရားမှာ ပန်းလေးတွေသီပြီး ရောင်းတဲ့ ကလေးလေးတွေလည်း လာကောက်ကြတယ်လေ။ ကိုယ်က ဒီတိုင်းအပျော်ကောက်တဲ့သူဆိုတော့ ကန်ဒီကောက်ရင် သူတို့နည်းနည်းပဲ ရကြမှာ စိတ်မကောင်းလို့။
♦ ၈တန်း - အကျေနပ်ဆုံး ဆုတံဆိပ်
အေရိုးဗစ်ပြိုင်ပွဲမှာ မြို့နယ်အဆင့် ပထမ တိုင်းအဆင့် ဒုတိယရတယ်။ အရမ်းပျော်တယ်။ သူများတွေထက် ပျော်တယ်။ ဘာလို့လဲဆိုတော့ အဲ့ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ ကန်ဒီက သူများတွေထက် နှစ်ဆကြိုးစားရတယ်။ ကန်ဒီခြေထောက်က နည်းနည်းလေး မသိမသာခွင်တယ်။ ဆရာမက အစက ကန်ဒီ့ခြေထောက်ကြောင့် အနောက်တန်း(အရံ)ပို့ထားတယ်။ ကန်ဒီ့အကျင့်က မလုပ်ရင် လုံးဝမလုပ်ဘူး။ လုပ်ရင်လည်း ပထမ မရရင်နေပါစေ.. နောက်ဆုံးမှာတော့ မနေချင်ဘူး။ ကန်ဒီ အဲ့ဒီခြေထောက်ကို ပုံမှန်လူအတိုင်းဖြစ်အောင် ကစားတယ် (ဒါနဲ့ အေရိုးဗစ်ကို ရုပ်ရှင်တွေထဲမှာ မင်းသမီးတွေ ဆော့ပြနေသလို ဖြည်းဖြည်းလေး ဆော့ရတာလို့ မထင်နဲ့နော်။ အဲ့လောက် မလွယ်ဘူး။ ပြိုင်ပွဲဝင်ဖို့ဆို ခြေဖျားလေးနဲ့ဆော့ရတာ။ လူက လေပေါ်မှာရောက်နေရတယ်)။ နောက်ဆုံး ကန်ဒီ ပြိုင်ပွဲဝင်ခွင့်ရသွားတယ်။ အဲ့တုန်းကအပျော်က ဘယ်ဟာနဲ့မှ လဲလို့မရဘူး။ ဆုရတော့ ပိုပျော်တာပေါ့ :D
♦ ၉တန်း - ဆရာ့မျှော်လင့်ချက်တွေ ဖျက်ဆီးခဲ့သည်
ကျူရှင်မှာစစ်တဲ့ အစမ်းစာမေးပွဲမှာ သင်္ချာကျတယ်။ ဆရာ ရိုက်တာခံရတယ်။ စာမေးပွဲအကြီးကြီး မဟုတ်ပေမယ့် ကျတာက ကျတာပဲလေ။ ဆရာ့ယုံကြည်မှုတွေ ဆုံးရှုံးတယ်။ ကန်ဒီက လပတ်စာမေးပွဲတိုင်း သူ့ဆီက ဆုတွေယူနေကျမို့ အစမ်းစာမေးပွဲမှာ သူကန်ဒီ့ကို အရမ်းမျှော်လင့်ထားတယ်။ ကန်ဒီ ကျတော့ ဆရာ့မျက်နှာပျက်သွားတယ် :( ဘာလို့ကျတာလဲဆိုတော့ စာမေးပွဲမနက်ဖြန်ဖြေရမှာကို စာမလုပ်ပဲ အိပ်ပျော်သွားလို့ >.<
♦ သစ်ရွက်လေးတွေ လှုပ်သည်.. ပြုံးမိသည် :P
သဘောကျတဲ့ ကောင်လေးတွေ ရှိခဲ့ဖူးတယ်။ သဘောကျတယ်လို့ပဲ ပြောတာနော်။ ကြိုက်တယ် မပြောဘူး။ ဆိုလိုတာက သူတို့ကို တွေ့ရရင် ပျော်တယ်။ ခိုး ခိုးကြည့်မိတယ်။ အဲ့ဒါ ရည်းစားထားချင်လို့လား ဆိုတော့လည်း မဟုတ်ဘူး။ ကြည့်ပဲ ကြည့်နေချင်တာ။ ဒါဆို ရင်ခုန်ခြင်းလား?? ခုချိန်မှာ အဲ့ဒီအကြောင်းတွေ တွေးမိရင် အရမ်းရီချင်တယ် xD
♦ ၁၀တန်း - ယတြာ
၁၀တန်းစာမေးပွဲကြီးဖြေဖို့ အမေက ဗေဒင်မေးတော့ ယတြာက ပန်းပန်သွားရမယ်တဲ့။ ဘာပန်းလဲဆိုတော့ ဂန္ဓမာပန်းတဲ့ >.< ရှက်လိုက်တာ။ ဂန္ဓမာပန်းကို ဘယ်သူက ပန်လို့တုန်း။ တော်သေးတယ် အမေက သေးတဲ့ဂန္ဓမာအမျိုးအစားလေး ရွေးဝယ်ပေးတယ်။ အမေ့ကို မလွန်ဆန်နိုင်တော့ ပန်ရတယ်။
♦ အောင်စာရင်း - အမေ့မျှော်လင့်ချက်တွေ ရိုက်ချိုးခဲ့သည်
အမေဖြစ်စေချင်တဲ့ ဆရာဝန်ဖြစ်ဖို့ (၇)မှတ်လိုတယ်။ အမေ ရင်ထုမနာပေါ့ :( ကန်ဒီကတော့ ဘာမှမဖြစ်ပါ :P
♦ ၂၀၀၈ ဇွန်လ ၁၆ရက် - in a relationship
သူ့ကို အဖြေပေးခဲ့သည်။
♦ ၂၀၀၉ ဇန်န၀ါရီ - ဘွဲ့လက်မှတ်
ဧည့်ခန်းထဲမှာ ဓာတ်ပုံလေး ချိတ်လို့ရပြီပေါ့ ဟိဟိ။
♦ ၂၀၁၀ ဇန်န၀ါရီလ ၂ရက် - Bye Bye Yangon :(
ကျောင်းက အကြောင်းကြားစာရောက်တာနဲ့ ချက်ချင်းထွက်ခဲ့ရတာ။ လေယာဉ်လက်မှတ်တောင် ၀ယ်လို့မရဘူး။ Holiday season ကြီးလေ။ ထိုင်း Tansitနဲ့ လာခဲ့တာ။ ပထမဆုံး လေယာဉ်စီးတယ်။ Transit စီးရတယ်။ နောက်ဆုံး စင်္ကာပူကို ခြေချခဲ့တယ်။
♦ ၂၀၁၀ မေလ ၂ရက် - မွေးနေ့
သူငယ်ချင်းတွေနဲ့ ကန်ဒီ့ညီမ တိုးတိုးတိတ်တိတ်လုပ်ပေးခဲ့တဲ့ ၂၂နှစ်ပြည့်မွေးနေ့။ ညကြီး မင်းကြီး Birthday cake ကြီးနဲ့ ၀င်လာတာလေ။ မထင်ထားဘူး။ ဓာတ်ပုံရိုက်တာတောင် အိပ်ခါနီးရုပ်နဲ့ :D

25 comments:
(၇)မှတ်နဲ့ ဆရာဝန်မဖြစ်ခဲ့လို့ အားမငယ်ပါနဲ့ညီမရယ်
အမှတ်တရ နေ့တွေကို မှတ်မှတ်ရရ ဖတ်သွားပါတယ်
ကန်ဒီ ကန်ဒီ လာဖတ်တယ်နော်...ကန်ဒီက ကချင်မလေးနော်... ကျနော်ကချင်ပြည်ကို ၄တန်းကစပြီး ရောက်တယ်။ကျနော်ကနွေရာသီ ကျောင်းပိတ်ရင် ကချင်ပြည်မှာ ပျော်နေတာ။ အခုတော့ လွမ်းပဲလွမ်းခွင့်ရတယ်...ပြန်မရောက်နိုင်တော့ဘူး ကန်ဒီရေ.......
သူများ လို အဖြေရတဲ့နေ့ လည်းမပါဘူး..ဟွင်း ဟွင်း အဖြေပေးတဲ့နေ့ တဲ့......ကိုဖြိုးမောင်က ကိုဖိုးထောင်ရဲ့ ညီ ကိုဖိုးသောင်ရဲ့လေးဝမ်းကွဲ ဖအေမတူ အမေကွဲ မောင်နှမ အရင်း ဟုတ်တယ်မလား...ဂတ်ဂတ် ဂတ်..ငှဲ..ငှဲ..ငှဲ.. နာမနှိပ်ကွပ်ပဲနဲ့ ..နချိုအပြစ်..နအကြောင်းတိမယ်
အမလေး တစ်နှစ်ပြည့်ဓါတ်ပုံထဲ မှာ တို့ကန်န်ဒီက လူကြီးပြုံးလေးနဲ့ ပဲ ကို များတယ် ဟွန့်...
အမှတ်တရလေးတွေ ခံစားသွားတယ်နော်...
ချစ်တဲ့
အိမ်မက်
မှတ်မှတ်ရရလေးတွေဖြစ်ကုန်တာပေါ့း)
ဖတ်ရင်းဖတ်ရင်းပြုံးပြုံးသွားရတယ်။
ချစ်ခင်လျှက်
သမီးစံ
ဟုတ်ကဲ့ ကျေနပ်ပါတယ် ခင်ဗျာ။ အခုရော ခိုးခိုးကြည့်တတ်သေးလား။ မကြည့်တတ်ဖူးဆိုရင် ပေါ်တင်ကြည့်တာဖြစ်ရမယ်။ :P ဟိဟိ နောက်တာ ချိတ်ချိုးနဲ့။ Good night ပါခင်ဗျာ။
ကလေးကတည်း က ဆော့မယ့်ရုပ်လေးနော်.။
ဟီဟိ..။အစ်မ ပို့စ်ကိုဖတ်မှ ကျွန်တော်တစ်ခု ကျန်ခဲ့မှန်းသတိရတယ် ..နောက်မှ ပေါင်းရေးတော့မယ်.။ ဟိဟိ..။
လောလောဆယ် ဖျားနေတယ်.။
မမတီ..
စုံနေတာပဲနော် :p ဖတ်ရင်းနဲ့ မျောသွားတယ် ဟုတ်ပါဝူးးး
မောသွားတာ:) ပျော်ရွှင်ဖွယ်ဘဝမှာ ချစ်သူနဲ့ ရာသက်ပန်
လက်တွဲလို့  ဘဝအမောတွေပြေပါစေ မမတီ...
ခင်မင်လေးစားလျက်-
လေလွင့်လူ
အမှတ်တရနေ့စွဲလေးတွေအကြောင်း ဖတ်သွားတယ်ကန်ဒီလေးရေ...
ပျော်ရွှင်ပါစေ.
ချစ်တဲ့ မမ camomilla
တစ်နှစ်ပြီးတစ်နှစ်သေချာလေးမှတ်ထားတာ
အကျင့်ကောင်းလေးပါပဲ ကိုဖြိုးမောင်နဲ့
အမြဲအတူလက်တွဲရပါစေလို့
ချစ်တဲ့မကြီးဂျက်
မမ Candy က တော်တော် တော်တာပဲ
အားကျ၏ကွာ
ကျွန်တော် လပတ်စားမေးပွဲ စာမေးပွဲကျဖူးတယ်
Bio နဲ့ ကျတာ
ကျက်ရတာ ပျင်းလို့
လာဖတ်သွားတယ်
ဖတ်ရင်း ပြုံးမိတယ်
မမက ချစ်ဖို့ကောင်းတယ်
အတော်မျောက်ခြောက်ခဲ့သကိုး...မှတ်ဥာဏ်လည်း ကောင်းပါပေ့...သစ်ရွက်လှုပ်တဲ့အချိန်အကြောင်းရေးထားတာ ပြုံးမိတယ်...
ဆရာဝန်ဖြစ်လို့ ၇ မှတ်လိုလို့ပေါ့ လိုများမလိုရင် ဦးဟန်ကြည်တို့ ဆေးလောကမှာ ငပေါတစ်ကောင် ထပ်တိုးလာဦးမယ် ဟဲ ဟဲး)
ကန်ဒီလေးရဲ့အမှတ်တရတွေကို
လာဖတ်သွားတယ်နော်
ညီမရေ အမှတ်တရနေ့ ရက်ကလေးတွေ အကြောင်းကို ဖတ်သွားတယ်နော်... ဂန္ဓာမာပန်းကြီးနဲ့ စာမေးပွဲဖြေနေတဲ့ ပုံကို မြင်ယောင်သွားတယ်...
အားလုံးက အမှတ်တရလေးတွေပေါ့နော်
ဖတ်ခဲ့ပါပြီညီမငယ်ရေ
အမှတ်ရစရာတွေ နောက်ဆိုပိုလို့ များလာမှာနော်။
အမြဲပျော်စရာအမှတ်တရလေးတွေဖြစ်ပါစေလို့ ..
အိုင်အိုရာ
အရင်တုန်းက ထမင်းကျွေးရင် လူ2ယောက်လိုသည်..!အခုထမင်းစားရင် လူ2ယောက်စာစားသည်...!အရင်တုန်းက သဘောကျတဲ့ ကောင်လေးတွေဆိုရင် ခိုးခိုးကြည့်သည်...!အခု ပေါ်တင်ကြည့်သည်...!(မှတ်ချက်...စတာပါ ဆိုးနဲ့စိတ်)ကိုဖြိုးမောင်နှင့် အမြန်ဆုံး အာဝါဟ ဝိဝါဟ ဆင်နွှဲနိုင်ပါစေ ပျော်ရွှင်တဲ့ အမှတ်တရနေ့တွေနှင့်သာ ကြုံပါစေ...CANDY...
ကိုဖြိုးမောင်ဆိုတဲ့ ပုံလေးကို ကြည့်ပြီးပြုံးမိတယ်။ ဟီးဟီး မြတ်ကြည်က အားကစားအရာမှာ ဆို ချာမှချာပဲ။ :D
ကျေနပ်စရာ အမှတ်တရလေးတွေ ပါလား ကန်ဒီ ငယ်ငယ်ထဲက ချစ်ဖို့ကောင်းသလို တော်လည်းတော်တဲ့ ကန်ဒီပဲ...အားကျမိတယ်..:):)
အမှတ်တရတွေအကြောင်းဖတ်သွားတယ်မကန်ဒီရေ
(၇)မှတ်နဲ့ ဆရာဝန်မဖြစ်တာနာတယ်စိတ်ကောင်းဘူးဗျာ..:(
ကန်ဒီတနှစ်သမီး ဓာတ်ပုံလေးက ချစ်စရာလေး..ဇွဲကြီးတယ်တော့..
မမကန်ဒီက သားထက် 22 ရက်ကြီးတယ် ..ဟီးး
ရိုရိုသေသေဆက်ဆံမှ ..ငရဲကြီးတတ်တယ်
အလုပ်များနေတဲ့ချိုလေးရေ အမှတ်တရတဂ်လေး
ဖြစ်သွားပါတယ် ချစ်သူနဲ့ထာဝရလက်တွဲနိုင်ပါနော်နော် :)
^_^ ^_@ ^_~
လောလီးပေါ့ ထမီးကျွတ်တုန်းကအနားမှာမရှိတာနာသဟား))
ဘာဘဲပြောပြောအားမငယ်နဲ့
ညေးအဲတုန်းက ၇ မှတ်ပြည့်ခဲ့ရင် ခုအပြင်ဆေးခန်းထိုင်လို့မရတော့တဲ့ဘ၀ရောက်ပြီ ဟိဟိ
ချစ်တဲ့
အမဂျီး မဒိုးကန်
Post a Comment