ဒီနေ့ပြောပြမှာက Photoshop သုံးပြီး အလွယ်ဆုံး ဓာတ်ပုံပြင်နည်းလေးပါ။ အဆင့်(၃)ဆင့်ပဲ.. အခြေခံသဘောပေါ့။ ဒါပေမယ့် အသေးစိတ်ပြင်လို့ရတယ်။ ကန်ဒီ့ပုံတွေကို အမြဲအဲ့လိုပြင်လေ့ရှိလားလို့ မေးခဲ့ရင်... အလွန့်အလွန် အပျင်းထူတဲ့ကန်ဒီက အဲ့လို အမြဲမလုပ်ပါဘူး။ ကန်ဒီ့ဆိုဒ်ကပုံတွေအတွက် ကန်ဒီအလွယ်သုံးတဲ့ Software က Photoscape ပါ။ သူ့အကြောင်းကို ဒီပိုစ့်မှာ အကြမ်းဖျင်းရေးပေးထားပါတယ်။ Photoshopနဲ့ကတော့ တခါတလေပျင်းမှ လက်ကမြင်းတာပါ :)
ကဲ.. အပြောလေးတွေလျော့ပြီး စမယ်နော်.....
အဆင့်(၁) အစက်အပြောက်ဖျောက်ခြင်း

ပထမဆုံး ၀က်ခြံ အမာရွတ် အစရှိတဲ့ အစက်အပြောက်တွေ ဖျောက်မယ်။ ကန်ဒီ့ပုံမှာဆို မြှားပြထားတဲ့နေရာတွေက အသားရောင် မညီတာတွေ အဖုတွေကို ဖျောက်ပြမယ်။ မမြင်ရမှာစိုးလို့ မြင်ရလောက်တဲ့ မှဲ့ကိုလည်းဖျောက်ပြမယ်နော်။ ပြီးရင် နံရံက အစင်းကြောင်းဖျောက်ပြမယ်။ Clone Stamp Tool (တံဆိပ်နှိပ်တဲ့ ပုံလေးနဲ့) ကို ရွေးပါ။ ပြီးရင် ကိုယ်ဖျောက်ချင်တဲ့နေရာနဲ့ အနီးဆုံး အရောင်ညီညာတဲ့နေရာကို Alt နှိပ်ရင်း Click တချက်နှိပ်ပါ။(အဲလိုလုပ်တာဟာ အဲ့နေရာကို ကော်ပီလိုက်တဲ့သဘောပါ) ပြီးရင် ဖျောက်ချင်တဲ့နေရာကို Click တချက်ထပ်နှိပ်ပါ။ ဒါဆို ပျောက်သွားပြီ။ အဲ့မှာ သတိထားရမှာရှိတယ်။ အဲ့ဒါကတော့ အလင်းအမှောင်။ ဥပမာ နံရံက အစင်းကို ဖျောက်မယ်ဆိုပါစို့... အဲ့ဒီအစင်းက အလင်းနဲ့အမှောင် ၂နေရာမှာရှိနေတယ်လေ။ အဲ့တော့ အလင်းဘက်ခြမ်းက အစင်းကိုဖျက်ဖို့ အလင်းဘက်နေရာကို Alt+Click နှိပ်ကော်ပီပြီး အစင်းနေရာမှာ Click ပြန်နှိပ်ရမယ်။ အဲ့လိုပဲ အမှောင်ဘက်ခြမ်းက အစင်းအတွက် အမှောင်နေရာကို Alt+Click နဲ့ ကော်ပီပြီး ဖျက်ရမယ်။
အဆင့်(၂) အလင်းအမှောင်
အဆင့်(၂) အလင်းအမှောင်
နောက်တဆင့် အလင်းအမှောင်ပြင်မယ်။ Enhance>>> Adjust Lighting>>> Brightness/Contrast
Brightness တိုးရင် Contrast ကိုလည်း သူနဲ့ ဆတူ နီးပါး တိုးဖို့ မမေ့နဲ့နော်။
Brightness တိုးရင် Contrast ကိုလည်း သူနဲ့ ဆတူ နီးပါး တိုးဖို့ မမေ့နဲ့နော်။
အဆင့်(၃) ချောမွေ့သော အသားအရည်
ဒါလုပ်ဖို့ ပထမဆုံး Layer ခွဲလိုက်ပါ။ Layer boxက ညာဖက်အောက် ထောင့်နားမှာ ရှိပါတယ်။ Background Layerကို Right Click နှိပ်ပြီး Duplicate layer ကိုနှိပ်ပါ။ ပြီးရင် နာမည်ပေးပါ (ကန်ဒီက Surface blur လို့ပေးထားတယ်)။ အဲ့လို Layer ခွဲလိုက်တဲ့အတွက် မပြင်ခင်နဲ့ ပြင်ပြီးအနေအထားကြည့်လို့ရတယ်။ နောက်ပြီး ကိုယ်ပြင်တာကို သဘောမကျရင် အဲ့ Layer ကိုဖျက်လိုက်ရုံပဲလေ။ စမပြင်ခင် Layer အသစ်မှာ Highlight ရှိလား စစ်ပါ။ သဘောက အဲ့Layer ပေါ်မှာ ပြင်မှာပါ။ Background ဆိုတာက မပြင်ခင်အနေအထားပါ။ Filter>>> Blur>>> Surface Blur ကိုရွေးပြီး ကိုယ်လိုသလောက်ရှေ့တိုးနောက်ဆုတ် ချိန်ယူပါ။


အောက်ကပုံက မျက်လုံးတွေ မျက်ခုံးတွေ ထင်းသွားတယ်။
(မြင်ရလားတော့ မသိဘူး >.<)
အဲ့ဒါပြီးရင် နောက်ဆုံးလုပ်ရမှာက Eraser Tool ကိုရွေးပါ။ ပြီးရင် မျက်လုံး နှုတ်ခမ်း ဆံပင် အစရှိသဖြင့် ကိုယ်ထင်ရှားစေချင်တဲ့နေရာကို Eraser Tool နဲ့ လိုက်ဖျက်ပါ။ ခုနက Surface Blur effect ကြောင့် ဓာတ်ပုံတပြင်လုံး ၀ါးသွားတာကို မလိုချင်လို့ အဓိက အစိတ်အပိုင်းတွေ ပြန်ထင်ရှားအောင် လုပ်တဲ့သဘောပါ။
Photoshop က စိတ်ပါရင် ပါသလောက် နည်းလမ်းမျိုးစုံသုံးပြီး ပြင်လို့ရပါတယ်။ ဒါလေးက Photoshop မှာ ကန်ဒီအကျွမ်းကျင်ဆုံးနဲ့ အလွယ်ဆုံးဓာတ်ပုံပြင်နည်းပါ။ ကန်ဒီကိုယ်တိုင်က Photoshop သင်တန်းတက်ပြီး တတ်လို့ပြောပြတာ မဟုတ်ဘူးနော်။ ကန်ဒီသိသလောက်လေး Share တဲ့ သဘောပါ :)
ဒီနေ့ Dissertation အကြမ်းတင်ပြီးသွားပြီဆိုတော့ လူကနည်းနည်း တက်ကြွနေတယ် (စာမလုပ်ရဘူးဆို အဲ့အတိုင်းပဲ)။ အဲ့တော့ အားလုံးအတွက် အသုံးဝင်မယ့်ဟာလေး တခုခုတင်ပေးချင်တယ်ဆိုပြီး စဉ်းစားတော့ ဒီပိုစ့်လေး စိတ်ကူးရလို့လေ။ ကန်ဒီဘယ်လောက်ချစ်ဖို့ကောင်းလဲ အားလုံးအတွက် သတိရတယ် (ကိုယ့်ဟာကိုယ်ပြောသည်)။ ကြုံတုန်းလေး သတိပေးလိုက်ဦးမယ်။ Photoshopက ၀တဲ့သူကိုလည်း ပိန်အောင်လုပ်နိုင်တယ်။ လူတယောက်ကို လုံးဝPerfectဖြစ်သွားအောင် ပြောင်းလဲနိုင်တယ်ဆိုတာ မမေ့နဲ့နော်။ အဲ့တော့ အွန်လိုင်းပေါ်က ကောင်မလေးပုံတွေ ကောင်လေးပုံတွေက Photoshop နဲ့ပြင်ထား မထား ဘယ်သူသိနိုင်မလဲ? ကန်ဒီလည်း အပြင်မှာ ၀တုတ်ကြီး ဖြစ်ရင် ဖြစ်နေနိုင်တာပဲ အဟိဟိဟိဟိ :P :P :P
အင်း... Weekend ဘယ်သွားရင် ကောင်းမလဲ?? :P :P
Have a nice weedend Everyone ^_^
ဒီနေ့ Dissertation အကြမ်းတင်ပြီးသွားပြီဆိုတော့ လူကနည်းနည်း တက်ကြွနေတယ် (စာမလုပ်ရဘူးဆို အဲ့အတိုင်းပဲ)။ အဲ့တော့ အားလုံးအတွက် အသုံးဝင်မယ့်ဟာလေး တခုခုတင်ပေးချင်တယ်ဆိုပြီး စဉ်းစားတော့ ဒီပိုစ့်လေး စိတ်ကူးရလို့လေ။ ကန်ဒီဘယ်လောက်ချစ်ဖို့ကောင်းလဲ အားလုံးအတွက် သတိရတယ် (ကိုယ့်ဟာကိုယ်ပြောသည်)။ ကြုံတုန်းလေး သတိပေးလိုက်ဦးမယ်။ Photoshopက ၀တဲ့သူကိုလည်း ပိန်အောင်လုပ်နိုင်တယ်။ လူတယောက်ကို လုံးဝPerfectဖြစ်သွားအောင် ပြောင်းလဲနိုင်တယ်ဆိုတာ မမေ့နဲ့နော်။ အဲ့တော့ အွန်လိုင်းပေါ်က ကောင်မလေးပုံတွေ ကောင်လေးပုံတွေက Photoshop နဲ့ပြင်ထား မထား ဘယ်သူသိနိုင်မလဲ? ကန်ဒီလည်း အပြင်မှာ ၀တုတ်ကြီး ဖြစ်ရင် ဖြစ်နေနိုင်တာပဲ အဟိဟိဟိဟိ :P :P :P
အင်း... Weekend ဘယ်သွားရင် ကောင်းမလဲ?? :P :P
Have a nice weedend Everyone ^_^
24 comments:
မသုံးဖြစ်တာ နှစ် တော်တော်ကြာပြီ။
အားရာ .... ချိုချဉ် တို့  တော့ Photoshop တော်တော် ပိုင်တာပဲ ... သင်တန်း ပေ မယ်ဆိုရင် ပြောအုံးနော်
အခု ကတည်း က နာမည် ပေးထားမယ် ...
အခုပဲ ပုံတစ် ပုံ ကို paint နဲ့  ဆွဲ ပြီ Photoshop နဲ့  ပြင်နေတာ လုပ်သလို မဖြစ်လာတော့ ဖြစ်သလို ပဲ တင်လိုက် တော့ တယ် ... :D
ပန်ဒါ မျက်လုံးကို ဘယ်လို ဖျက်ရလဲ၊ အရုပ်မ မျက်လုံးလို ၀ိုင်းဝိုင်းစက်စက်ကလေး ဘယ်လို လုပ်ရလဲ ဆိုတာ သင်ပေးပါဦး..
=)
-m
ဝါသနာပါပေမဲ့စက်ကအဆင်ပြေဘူးညီမရေ
သူပါသာတောင်ဟမ်းဟမ်းနေလို့ 
ချော့သုံးနေရတယ် ၀ယ်မယ်ဆိုတော့လည်း
ပိုက်ပိုက်ကုန်မှာကြောက်တာနဲ့ ဟူးးးးး
ညည်းသွားတာ
၂ခွမ်းနီတွေဘာတွေနဲ့ .နာ့အစ်မက. ကျေးဇူးနော်
မနေ့က လာချော့လို့. . အားတော့နာတယ်.. ။အဲ့
အကြောင်းရေးဦးမယ်.။
CANDY...တော်တယ် Photoshop လုပ်တဲ့နေရာမှာ နာ့ကို1ခုကူညီပါလား ရော်နယ်ဒို ရဲ့သွားလေးတွေကို လှအောင်လုပ်ချင်လို့...နာလုပ်နေတာမရလို့...(ကန်ဒီလည်း အပြင်မှာ ၀တုတ်ကြီး ဖြစ်ရင် ဖြစ်နေနိုင်တာပဲ အဟိဟိဟိဟိ :P :P :P) ထင်ပါတယ် CANDY က "ပွင့်"လိုခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတာလို့...ဟဲ..ဟဲ(ပြေးပြီ...)
လေ့လာသွားပါတယ်
ဒါပေမယ့်လုပ်ရမှာအလွန်ပျင်းပါတယ်..
နောက်ဆိုကန်ဒီလေးဆီဘဲအပ်လိုက်မယ်လေး) ကောင်းဘူးလား
မမဝဝကို slim လေးဖြစ်အောင်လုပ်ပေးနော်း)
camomilla
ကိုရင်တို့က လှပီးသား..ဖိုတိုရှော့ မလိုဝူး :D
အသက်ကြီးလာရင် ပြင်ရအောင်တော့ မှတ်သွားသပ :D
စိတ်ရှည်လက်ရှည် စေတနာထားပြီး မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ကန်ဒီရေ...။ အစ်မ နောက် ပြင်ချင်၊ အသုံးပြုချင်ရင် သေချာ ထပ်လာဖတ်ဦးမယ်နော်။
သင်တန်းတက်မယ်ဗျို့... :)
အသုံးဝင်သလိုအပျင်းပြေလျှောက်စမ်းနေလည်းပညာတိုးတာဘဲနော်။
အရင်တုန်းကပိုစတာတွေပင်းန်ဖလက်တွေဒီဇိုင်းလုပ်တုန်းကတချိန်လုံးကလိနေခဲ့ဘူးတယ်။ မလုပ်တာကြာတော့မေ့ကုန်ပြန်ရော။ စစ်စတမ်တွေကွန်ပြူတာတွေပြောင်းသုံးနေရတာလည်းပါမလားမသိဘူး။
အသုံးဝင်တဲ့ပို့ စ်လေးမို့ ကျေးဇူးပါကန်ဒီလေးရေ။
အို်င်အိုရာ
အင်း... Weekend ဘယ်သွားချင်လဲ... ပြော... ညီမတော်...?
သင်တန်းသူအသစ်တွေလက်ခံနေပြီလား
စာရင်းပေးထားတယ်နော်
ဟီး
ညလေးပုံတွေတ၀ကြည့်ခဲ့တယ်
ချစ်တဲ့ sis jasmine
သုံးကြည့်ဦးမယ် ကလေးလေး...း)
မှတ်သားသွားပါတယ်
ဟီးးးးးး ဓာတ်ပုံကြော်ငြာတယ်ေိေိ
မှတ်သားသွားပါတယ်နော်
ခင်မင်စွာဖြင့် (လွမ်း) www.lwanpaishin.blogspot.com
ငါ့ညီမလေးက တော်လိုက်တာ
မသုံးဖူးသေးဘူး..အသုံးဝင်တယ်..ဝေမျှတာ ကျေးဇူး..
သုံးကြည့်အုံးမယ်
ဒါပေမဲ့ ကင်မရာကလဲရှိပါဝူး
ဖုန်းနဲ့ကျတော့လဲ မရိုက်ဖြစ်
ကင်မရာအရင်ဝယ်နိုင်အောင်
ကျိုးစားလိုက်အုံးမယ် ကန်ဒီရေ
photoshop မသုံးတတ်ဘူးညီမလေးရေ။ ရှက်တောင်ရှက်ပါရဲ့။ အသုံးဝင်မှန်းသိပေမယ့် သက်တမျှနဲ့ လုံးလည်ချာလပတ်လိုက်နေလို့ မသုံးဖြစ်ဘူး။ အိမ်ကလူက သင်ပေးလည်း မမှတ်မိဘူးးD ကျေးဇူး ကလေးရေ။
ဟီး... photoshop ကိုင်ရမှာပျင်းနေတာ။ သင်ပေးတဲ့သူရှိတော့လဲ ကလိကြည့်ရတာပေါ့နော်။ အရှင်းရင်မေးမယ်နော်။ အခုတစ်ခုမေးသွားမယ်။ နှုတ်ခမ်းစူနေတာကို ပြားအောင်လုပ်လို့ရဘူးလားဟင်?? တိန်!!! :P
ဒလိုဆိုပြန်တော့လဲ..မမကန်ဒီက..တယ်တော်ပါကလား..တွတ်ရဲ့ပုံဆိုးပန်းဆိုးပုံကိုလဲ..သ..ပေးအုံးနော်..ပရိုဖိုင်ပုံအလန်းစာနဲ့.မဒီကညာလေးတွေကို..မြူဆွယ်ညျိ့ငင်လို့ရအောင်..ဟိဟိ...
နှစ်ပုံလုံး နှုတ်ခမ်းထော်တယ် .. ဒါပေမယ့် လှပါတယ် ဟီးဟီးးး
မဆိုဘူးမိုက်တယ်မြန်လည်းမြန်တယ် ကျေးဇူး
Post a Comment