Valentine's day ရောက်တော့မယ်နော်။ ကန်ဒီ အားလုံးအတွက် V-day နဲ့လိုက်ဖက်တဲ့ သီချင်းလေးတွေ ရှာဖွေထားတယ်။ သီချင်းလေးတွေကို ထုံးစံအတိုင်း အကြောင်းအရာလေးတွေနဲ့ ကန်ဒီကြိုက်တဲ့ Lyricလေးတွေ တွဲပေးထားတယ်။ လူတော်တော်များများက ကိုယ်နဲ့အကြောင်းအရာတိုက်ဆိုင်ရင် ပိုကြိုက်တတ်တယ်လေ။ နောက်ပြီး သီချင်းက နည်းနည်းများတော့ ကိုယ်နဲ့တိုက်ဆိုင်တာလေးပဲ ရွေးနားထောင်ချင်ရင်ရအောင်လို့ အကြောင်းအရာထည့်ရေးပေးထားတာ။ စေတနာတွေ စေတနာတွေ.. :D :D
ဒီသီချင်းလေးနှစ်ပုဒ်က V-day မှာ ခွဲနေရတဲ့ ချစ်သူတွေအတွက်။ ကန်ဒီနဲ့ ဘ၀တူတွေအတွက်ပေါ့ :P ကန်ဒီအကြိုက်ဆုံးကတော့ ဆိုတေးရဲ့ "အမှတ်တရနေ့" :D
♥ အမှတ်တရနေ့
တေးဆို - ဆိုတေး
တေးဆို - ဆိုတေး
♫♪ မေ့ပစ်လို့မရ အမှတ်တရများစွာ
မင်းလက်လေးတွဲ လမ်းလျှောက်ဖူးတာ
မေ့ဖျောက်ဖို့ ခွန်အားလည်း မရှိနိုင်ပါ..
.....
....
...
..
Happy Valentine's Day ငါတို့ နှစ်ယောက်အတူ ဆုံတဲ့နေ့
အမှတ်တရ အတူနှစ်ယောက်တွဲ ဓာတ်ပုံလည်း ရိုက်ခဲ့ဖူးတယ်..
Happy Valentine's Day ငါတို့ နှစ်ယောက်အတူ ဆုံတဲ့နေ့
အမှတ်တရ အတူနှစ်ယောက်ထဲ အနမ်းတွေလည်း ပေးခဲ့ဖူးတယ်..
ပြန်လိုချင်တယ် Valentine's Day ပဲ ♫♪

♥ မင်းမရှိတဲ့ Valentine
♫♪ Valentine... မင်းမရှိတဲ့နေ့တွေတိုင်း...
အိပ်မရတဲ့ငါ့မှာ ခံစားမိ
ပြန်ဆုံချိန်တွေရေတွက်ရင်း လွမ်းခဲ့
မေ့မရတဲ့နေ့ဟာ Valentine.... ♫♪
ဒီသီချင်းလေးသုံးပုဒ်က အရမ်း Sweet ဖြစ်တယ်။ ချစ်သူနှစ်ဦး ဘယ်လောက်ချစ်ပြီး ဘယ်လိုသစ္စာမပျက်ပါဘူးဆိုတာကို ဖွဲ့နွဲ့ထားတာ။ ကန်ဒီ အကြိုက်ဆုံးက "ဒီထက်မက" သီချင်းလေးလေ။ အရမ်း မြူးတယ်။
♥ Love Valentine
တေးဆို - Double-Nyi & Thae Chit Ko Feat Air

♫♪ မပြောင်းလဲတဲ့ သစ္စာတွေနဲ့ မင်းအနားနားရှိမယ် ထာဝရငါ
မင်းအတူတူရှိနေပေး.. အခက်အခဲတွေ ကြုံနေလည်း
နူးညံ့တဲ့အနမ်းတို့နဲ့အတူ အချစ်တို့ သက်သေပြုဖို့
ဒီနေ့လေး မင်းလေးရောက်လာပေး
...
..
.
ငါတို့အချစ်တွေ သက်ဆုံးထိလေ
ဒီထက်မကလေ လှနေနိုင်စေဖို့
အို.... My Valentine ♫♪
♥ ဒီထက်မက
တေးဆို - ဆောင်းဦးလှိုင် + ၀ိုင်းစုခိုင်သိန်း
♫♪ ရင်ထဲအပြီးသိမ်းဆည်းထားတဲ့အချစ်တွေ မမြင်နိုင်ဘူးဆို
ဒီထက်မက တိုးလို့ သစ္စာတရားတွေ ခိုင်မာပါရစေ..
ထာဝရနဲ့ တသက်တာ မင်းဘေးနားမှာ ရှင်သန်သွားတော့ သာယာပါစေချစ်သူနော်... ♫♪
♥ သီးသန့်ဖြစ်တည်မှု
တေးဆို - L ဆိုင်းဇီ
ဒီထက်မက တိုးလို့ သစ္စာတရားတွေ ခိုင်မာပါရစေ..
ထာဝရနဲ့ တသက်တာ မင်းဘေးနားမှာ ရှင်သန်သွားတော့ သာယာပါစေချစ်သူနော်... ♫♪
♥ သီးသန့်ဖြစ်တည်မှု
တေးဆို - L ဆိုင်းဇီ
♫♪ သူသာ လေညှင်းလေးဆို ကိုယ်ဟာလေညှင်းအထိအတွေ့ကို ခံစားခွင့်ရှိတဲ့ ပန်းလေးဖြစ်ချင်ခဲ့...
ယုံပါလို့လည်း မပြောချင် မြင်စေချင်တဲ့ ကိုယ့်အချစ်တွေ
ရင်ထဲအပြည့်ပေါ့လေ
လိုချင်တာတွေရမယ်ဆို...
ဒါနောက်ဆုံးအချစ်တခုနဲ့ ဒီဘ၀ခရီးစချင်တယ်..
ကိုယ့်ရဲ့ရင်မှာ ၀င်လာ ဖြစ်တည်နေတဲ့ အချစ်တို့ရှိတယ်
ထာဝစဉ် သိမ်းဆည်းထားခဲ့
မင်းလေးယူနိုင်တယ် ဒါမင်းအတွက် သီးသန့်ပဲ.. ♫♪
ဒီနောက်ဆုံးတပုဒ်ကတော့ အထီးကျန်နေတဲ့ လူပျိုကြီးတွေအတွက် ဟာသသီချင်းလေး။ အထီးမကျန်ပါနဲ့။ ချောကလက်ပေးရမယ့်သူမရှိရင် ကန်ဒီ့ကိုလာပေး။ စားပေးမယ် :P :P
♥ Valentine Day
တေးဆို - G3

♫♪ ကျွန်တော်ချစ်သော မိန်းမပျို.. တွေ့သမျှပျိုတိုင်းပဲမို့
တွေ့သမျှ ပျိုတိုင်းက မကြိုက်တာ ကျွန်တော့ရဲ့ ဇာတ်သိမ်းဗျို့
ကျွန်တော်လိုချင်တဲ့ မိန်းမပျို.. တွေ့သမျှပျိုတိုင်းပဲမို့
တွေ့သမျှ ပျိုတိုင်းက မကြိုက်တာ ကျွန်တော့ရဲ့ ဇာတ်သိမ်းဗျို့
အားကျလိုက်တာ ဘော်ဒါတွေကြည့်
အားကျလိုက်တာ ပျော်စရာတွေချည်း
အားကျလို့ပါ စော်ရှာနေမိ
အားကျတယ် စော်လိုချင်ပါသည် ♫♪
Gift Idea ♥♥
ချစ်သူကို လက်ဆောင်ပေးဖို့ စဉ်းစားပြီးပြီလား?? စဉ်းစားရကြပ်နေသူတွေအတွက် ကန်ဒီစဉ်းစားမိတာလေး ပြောပြကြည့်မလို့ပါ။ တယောက်ယောက်အတွက် အထောက်အကူဖြစ်သွားရင် ကန်ဒီလည်း ပျော်ရတာပေါ့။ လူတော်တော်များများက သူ့အတွက် အချိန်ပေးပြီး ဖန်တီးထားတာမျိုးကို သဘောကျတတ်တယ်လေ။ သူများတော့ မသိဘူး.. ကန်ဒီက အဲ့လိုမျိုး သဘောကျတယ်။
ကိုယ့်ချစ်သူနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ စုပြီး သီချင်းလေးနဲ့ ဗွီဒီယိုလေးတစ်ခု လုပ်ပေးရင် ဘယ်သူမဆို သဘောကျမယ်ထင်တာပဲ။ ကန်ဒီအပေါ်မှာ တင်ပေးထားတဲ့ သီချင်းတပုဒ်ပုဒ်ကို သုံးပေါ့။ ပြီးတော့ Editing Software ကလည်း ကန်ဒီတင်ပေးပြီးပြီလေ။ တခါမှ မသုံးဖူးတဲ့သူတွေဆိုရင်တော့ Window Live Movie Maker က ပိုအဆင်ပြေမယ်ထင်တယ်။ ဒီပိုစ့်မှာ သွားဖတ်ပြီး ဒေါင်းပါ။ Professional Software သုံးချင်ရင်တော့ CyberLink Power Director သုံးကြည့်နော်။ ကန်ဒီလည်း ခုမှ စသုံးကြည့်နေတာ။ ဟိုတလောကပဲ ဖိုးမောင် မောင်(စွယ်စုံကျမ်း) တင်ပေးလို့လေ။ Sony Vagas ထက်ပိုပြီး User Friendly ဖြစ်တယ်။ ကန်ဒီ သေချာသုံးကြည့်ပြီးမှ သူ့အကြောင်းသီးသန့်ရေးပေးမယ်နော်။ ဒေါင်းချင်ရင် ဖိုးမောင်ရဲ့ ဒီပိုစ့်မှာ သွားဖတ်ပြီး ဒေါင်းပါ။ နောက်တခုအကြံပေးချင်တာက ချောကလက်ကို ရိုးရိုးဝယ်ပေးတာထက် စတော်ဘယ်ရီလေးနဲ့ ကိုယ့်ဟာကိုယ် Customize လုပ်ပြီးပေးရင် ဘယ်လောက်မိုက်လဲ။ ဒီလိုလေးလေ...

ပျော်ရွှင်ပါစေနော် ^_^
24 comments:
စတော်ဘယ်ရီ ချောကလက်လေးက စားချင်စရာလေး
iငါလည်း ဟန်ဂျီအင်းအတွက် ဘာလုပ်ရင်ကောင်းမလဲဆိုတော့..................................................................................................................................................
sweet!!
iora
မြတ်ကြည်တော့ သိုးမွေး မာဖလာ ထိုးပေးဖူးတယ်။ :)
သီချင်းလေးတွေအားလုံးကောင်းတယ်ပုံတွေလဲကြည့်ခဲ့တယ်
စုံတွဲပုံလေးတွေ နှစ်ယောက်လုံးကောင်းတယ်လှတယ်နော်
ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်များ အမြဲပိုင်ဆိုင်ပါစေ
ချစ်တဲ့
မကြီး
အားကျထှာ
ဒီကလေးမပျောက်နေပါတယ်တွေးနေတာ
ဘယ်ဟုတ်မလဲအလုပ်များနေတာကို
ဓာတ်ပုံလေးတွေကြည့်ပြီပျော်ရွှင်ရပါတယ်
ထာဝရလက်တွဲနိုင်ပါစေ
ချိုချဉ်လေးရေ
စိတ်ကူးကောင်းတယ်ရော ... မောင်ဘုန်း တော့ ဘာလုပ်ရမလည်း စဉ်းစားနေရင်း ဘာမှ မလုပ်ဖြစ်သေး ဘူး ... သီချင်း တွေ တော့ အကုန် ဒေါင်း သွားပြီနော် ...
ကျေးဇူးပဲ .... လေဘာတီရေ ....
ခင်မင်စွာဖြင့်
မောင်ဘုန်း
သကြားလုံးတို့ ကတော့ V-day အတွက် အကြီးကြီး ကြံနေပါလားနော်.... ဆယ်ရက်လောက်လိုသေးတာကိုတောင်မှ အကြံတွေ အများကြီးထွက်နေပြီ.... :P
သီချင်းလေးတွေ နားထောင်သွားတယ် ညီမရေ...
ချောကလက်ဆမ်းထားတဲ့စတော်ဘယ်ရီကိုသားရေယိုတယ်
ဗီဒီိယိုကိုတော့ကြည့်ပြီးအားကျတယ်..:P
လုပ်လည်းလုပ်တတ်ပါ့.. စတော်ဘယ်ရီလေးတွေ..။ ကျွန်တော်တို့မြို့မှာ
စတော်ဘယ်ရီ သိပ်ပေါတယ်..။
V-day ကတော့ လက်ဆောင်ပို့လိုက်ပြီ..။
ပျော်ရွှင်ပါစေ.. အစ်မ သကြားလုံးရေ..။
အားကျပါတယ်ဗျာ. ။ တားတို့ကတော့..
ဝေးနေတယ်..။
ဟင်းဟင်းးဟင်းးး
ငါနော်..အဲလို video လိုက်လုပ်လိုက်ရနော်
video ထဲက မင်းသားရော
မင်းသမီးရော ချောတယ်ဗျိုးးး
သီချင်းလေးတွေ လာနားထောင်သွားတယ် ကန်ဒီရေ..လက်ဆောင်လေးကလည်း ချစ်စရာလေး..ကန်ဒီတို့  နှစ်ယောက်လုံး ချစ်စရာလေးတွေ..မြန်မြန် ဆုံစည်းနိုင်ပါစေလို့  ဆုတောင်းပေးတယ်နော့..
အေးအတူပူအမျှ အတူတကွ အမြန်ဆုံး ဆုံစည်းနိုင်ပါစေ...ပျော်ရွှင်ခြင်းများဖြင့်ပြည့်စံနိုင်ပါစေ...!
သီချင်းစာသားလေးတွေ ဖတ်သွားတယ်။ ပုံလေးတစ်ချို့ကြည့်ပြီး ကြည်နူးမိတယ်။ သီချင်းတွေကိုတော့ ညမှ လာနားထောင်တော့မယ်။
အမြဲတမ်း ပျော်ရွှင်ပါစေ ကန်ဒီလေး။
ခင်တဲ့
မြတ်
သဘောကျသအေ ..သီချင်းလေးကြိုက်လို့ပို့ပေးပါလားကွယ်
ဓာတ်ပုံလုပ်ထားတဲ့ဖိုင်ကသီချင်းလေးနော်း)
ချစ်တဲ့
အမ
မဒိုးကန်
သူများတွေများ ကြည်နူးစရာ အပြည့်ပါလား ...နော် အဲဒီနေ့နဲ့ ရန်ဖြစ်ထားတဲ့ သူတွေ အတွက်တော့.. သြော်.... အားကျ ရုံမှ တပါး အခြားမရှိ ဆိုသလို ..:P:P
♫♪ ကျွန်တော်ချစ်သော မိန်းမပျို.. တွေ့သမျှပျိုတိုင်းပဲမို့
တွေ့သမျှ ပျိုတိုင်းက မကြိုက်တာ ကျွန်တော့ရဲ့ ဇာတ်သိမ်းဗျို့
ကျွန်တော်လိုချင်တဲ့ မိန်းမပျို.. တွေ့သမျှပျိုတိုင်းပဲမို့
တွေ့သမျှ ပျိုတိုင်းက မကြိုက်တာ ကျွန်တော့ရဲ့ ဇာတ်သိမ်းဗျို့
အားကျလိုက်တာ ဘော်ဒါတွေကြည့်
အားကျလိုက်တာ ပျော်စရာတွေချည်း
အားကျလို့ပါ စော်ရှာနေမိ
အားကျတယ် စော်လိုချင်ပါသည် ♫♪
ဒီကောင်မလေး..
ငါ့အတွက်ကိုများ ရွဲ့တင်ပေးထားသလားမသိဘူး
(တိုက်ဆိုင်ပုံ တိုက်ဆိုင်ပုံ) အစ်ကိုကြီးတို့ကအဲလိုပဲ ဟီးးးး။
သီချင်းလေး တွေ တော်တော်ကောင်းတာပဲ။
နောက်ဆုံး ဗွီဒီယိုလေး ဖန်တီးထားတာလဲ သဘောကျတယ်။
Valentine လက်ဆောင်တွေ သီချင်းတွေကိုလာငမ်းသွားတယ်...ချိုချဉ်လေးရေ...။ ကိုယ်နဲ့ကသိပ်မဆိုင်ဘူးလားလို့...း)
စတော်ဘယ်ရီ ချောကလက်စမ်းလေး သဘောကျတယ်..တခြားနည်းလေးတွေ ရှိသေးရင် ရှယ်ပါဦး နော် candy ရေ..
ချစ်တဲ့
အိမ်မက်
မကြာမကြာရောက်ဖြစ်ပေမယ့် ကွန်မန့် သိပ်မပေးတတ်လို့ မပေးဖြစ်ခဲ့တာများတယ်..။ ဒီပို့စ်လေးမှာတော့ ကြည့်ပြီး ကန်ဒီ့မျက်လုံးလေးက ဝေးနေရလို့ ဝမ်းနည်းနေသလိုများ ဖြစ်နေတာလား တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။
အမြန်ဆုံး ဆုံဆည်းနိုင်ကြပါစေ ဆုတောင်းပေးပါတယ်..။ :)
p.s. The way you blogging is awesome. I love it!
ဆုတောင်းပေးတဲ့အတွက်ရော.. ကွန်မန့်ပေးခဲ့တဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် Sis ရေ..
ဒီနေရာလေးက Sis ကို အမြဲ Welcome ပါနော် ^_^
Post a Comment