Friday, March 30, 2012

မီးကပွဲ++



Esplanade နားမှာ လုပ်ထားတဲ့ မီးကပွဲကို ရောက်သွားတယ်။ သူတို့လုပ်ထားတာ အရမ်းမိုက်တယ်။ ဒီလိုဖျော်ဖြေနိုင်ဖို့အတွက်ဆို ကနည်းကိုလည်း သိရမယ်။ နောက်ပြီး နည်းပညာနဲ့လည်း တွဲရမယ်။ အကြာကြီးပြတာ မဟုတ်ပေမယ့် လွယ်တော့ မလွယ်ဘူးနော်။ ဒါလည်း အနုပညာပဲ။ အရမ်းအရမ်း သဘောကျတယ်။ မကြည့်လိုက်ရတဲ့သူတွေ မပူပါနဲ့။ ကန်ဒီဗွီဒီယိုရိုက်လာပါတယ် ဟဲဟဲ (ငါကွ)

ကန်ဒီ့ရဲ့အသံသေး အသံကြောင်နဲ့ ဘေးနားကလူတွေရဲ့ စကားပြောသံတွေကိုတော့ သည်းခံပေးပါနော်...



မနေ့က Cathay မှာ "The Hunger Games" သွားကြည့်တယ်။ OMG!! OMG!! အရမ်းမိုက်တယ်။ တစ်ကားလုံး လုံးဝမပျင်းရဘူး။ သူက တကယ့်လူတွေနဲ့ ဂိမ်းဆော့တဲ့ ပုံစံမျိုး။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား။ ကြည့်လို့ကောင်းတာတော့ သေချာတယ်။


ဒီရက်ပိုင်း ခဏနားနေတယ်။ Thesis မရေးသေးဘူး။ မြန်မာကားလည်း ကြည့်တယ်။ ရဲတိုက်၊ ဟက်ကက်နဲ့ ဖွေးဖွေးရဲ့ "အမည်ခံ အချစ်" ဆိုတဲ့ကား ကောင်းတယ် (Quality ကလွဲရင်.. မင်းသားကို အနောက်က စာသားတိုင်ပေးတဲ့လူအသံက ထွက် ထွက်လာတယ် >.<)။ အပြင်မှာ အဲ့ကားထဲက ရဲတိုက်လို Character မျိုး အနုစားတွေ အများကြီးရှိတယ်။ တော်ပြီ မပြောတော့ဘူး။ မကြည့်ရသေးရင် သိမှာ မဟုတ်ဘူး :P

ဒီရက်ပိုင်းတွေမှာ သိပ်နာမည်ကြီးနေတဲ့ "အ" အက္ခရာနှစ်လုံးနဲ့ (နှစ်လုံးလုံး တူတယ် :P) အဆိုတော်တယောက်ကို ကန်ဒီမနေ့ကမှ သိလိုက်တယ်။ ကန်ဒီ့သူငယ်ချင်းတွေက "နင်ဒါမသိတာတော့ ခေတ်မမှီတာပဲ"တဲ့။ ဒါနဲ့ "ဘာလို့လဲ"ဆိုတော့ "ညကျလင်ခ့်ပေးမယ်" တဲ့။ သူပေးတဲ့လင်ခ့်ကိုကြည့်မိမှ "အော်... ဒါကြောင့်ကိုးးး" ဆိုပြီး ဖြစ်သွားတယ်။ အဲ့ဒီအဆိုတော်က အသစ်ထင်တယ်။ သူရဲ့ အဲ့ဒီ VCD က တကယ်ထွက်တာလား.. ဆင်ဆာမဖြတ်ဘူးလားဆိုပြီး အရမ်းတုန်လှုပ်မိတယ်။ ရိုက်ထားတာတွေက အရမ်း Sexy ဖြစ်တယ်။ ( "Don't U Know?" ဆိုတဲ့ သီချင်းတပုဒ်ဆို တော်တော်ဆိုးတယ်)။ အဲ့ဘက်ကို အားသာထားတယ်။ ကန်ဒီ့ရဲ့ မြန်မာမျက်လုံးနဲ့ လုံးဝအံမ၀င်ဘူး ဖြစ်နေတယ်။ မြန်မာတွေ ဒီလိုမျိုးလုပ်တာ တခါမှ မတွေ့ဖူးတော့ တမျိုးကြီးပဲ။ လူတကိုယ် အကြိုက်တမျိုးဆိုတော့လည်း ကြိုက်တဲ့သူတွေ ကြိုက်မှာပေါ့လေ။ ဒီနောက်ပိုင်း ၀တ်တာစားတာတွေကအစ လွတ်လပ်ပြီး ခေတ်ကိုအရမ်းလိုက်လာတာ ထားပါ။ သူတို့ပြောတဲ့ ခေတ်ရေစီးကြောင်းပေါ့။ ဒါပေမယ့် ခုလိုမျိုး နိုင်ငံခြားဇာတ်လမ်းတွေထဲကလို ဟိုလိုအခန်းမျိုး ထည့်တာတော့ ကန်ဒီသဘောမတွေ့ဘူး။ သိပ်မကြာခင် အချိန်အတွင်းမှာ တကယ့်မမြင်အပ်တဲ့အခန်းတွေပါ မြန်မာတွေရိုက်လာကြမလားလို့ တွေးပူမိတယ်။ လွတ်လပ်တယ် လွတ်လပ်တယ်နဲ့ ဒါမျိုးတွေများလာရင် ယဉ်ကျေးမှုပျောက်လိမ့်မယ်။

မကြည့်ရသေးတဲ့လူတွေတော့ ကန်ဒီ့ကို ကျိန်ဆဲနေလောက်ပြီ ဒီကောင်မလေး ဘာတွေပြောနေလဲဆိုပြီး ဟီးဟီး။ ကန်ဒီ လင်ခ့်မပေးချင်ဘူး။ Hint နှစ်ခုတော့ ပေးထားတယ် :P :P

Have a nice day :D

စာကြွင်း - ဒီပိုစ့်ကို Blogger new interface နဲ့ ပထမဆုံးစမ်းရေးတာ အောင်မြင်သွားတယ်။ ပုံတွေက ပိုကြည်တယ်နော်.. အဟိ မိုက်တယ်။

Wednesday, March 28, 2012

အာပေတူး မော်ဒယ်လ် :P

Helllloooo!!!!

အဟင့်.......
စာမေးပွဲ ဖြေနိုင်ဘူးးးးး :(
ပုစ္ဆာတွက်တာမှားတယ်။ တခြားဟာတွေ ရွေးဖြေလို့ရရဲ့သားနဲ့ ဆရာမက ပုစ္ဆာပါရင်ဖြေပါလို့ အတန်တန်ပြောထားတော့ စကားနားထောင်ပြီး ဖြေတယ်။ ဖြေပြီး မှားတယ်။ ခုတော့အမှတ်တွေ ပလုံကုန်ပြီ :( နောက်တခေါက် ပြန်မဖြေချင်ဘူးးးး >.<

စာမေးပွဲပြီးတော့ အတန်းထဲကလူတွေနဲ့ Plaza sing က Fish market မှာ Gathering.. လုံးဝမပျော်ဘူးးး
မကျက်တဲ့ဟာမေးလို့ မဖြေနိုင်ရင် ဘာမှ မဖြစ်ဘူး။ ခုတော့ ကျက်ရဲ့သားနဲ့ ဒီလိုဖြစ်တယ် :(((
စာမေးပွဲ မဖြေနိုင်ဘူးးးးးး :(

တော်ပြီ။ ဒါတွေ ခေါင်းထဲက ထုတ်လိုက်တော့မယ်။ ကိုယ်အကောင်းဆုံးလုပ်ခဲ့တာပဲ။ ပြန်ဖြေရမယ်ဆိုလည်း ပြန်ဖြေလိုက်မယ် (အဟင့်)။ တခြားလုပ်စရာတွေ ရှိသေးတယ်။ Thesis လည်း ဆက်ရေးရဦးမယ် @_@

Okieee.... Let's Cheer up!!!!!! :D :D

မတ်လဆန်းလောက်က ကန်ဒီ့သူငယ်ချင်းတွေနဲ့ Lake side ဘက်မှာ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ Lake side mrt ကနေဆင်းပြီး Chinese garden ဘက်ကို လမ်းလျှောက်တယ်။ ဓာတ်ပုံရိုက်လိုက် လျှောက်လိုက်ပေါ့။ သူငယ်ချင်း Photographer လောင်းလျာလေးတွေအတွက် ကန်ဒီနဲ့ နောက်သူငယ်ချင်းတယောက်က အလကား အလကား.. ထမင်းသိုး ဟင်းသိုး.. အာပေတူး မော်ဒယ်လ် လုပ်ပေးတာပေါ့ ဟိဟိ (:P)။ မလုပ်ချင်လုပ်ချင် လုပ်ပေးတယ်တော့ မထင်ပါနဲ့။ ကင်မရာအကောင်းစားနဲ့ အရိုက်ခံရတာ နည်းတဲ့ အခွင့်အရေးလား :P :P


ကန်ဒီတို့ ရောက်ရောက်ချင်း ၂ပုံလားပဲ ရိုက်ရသေးတယ်.. မိုးက ရွာလာရော။ အဲ့ဒါနဲ့ မိုးတိတ်အောင် စောင့်ရသေးတယ်။ ကိုယ့်ဟာကိုယ်ရိုက်ရတာ လွယ်သလောက် သူများရိုက်တာကို မော်ဒယ်လ်လုပ်ပေးရတာ မလွယ်ဘူး။ ကိုယ်တိုင်ကလည်း အာပေတူး မော်ဒယ်လ်လေ :P


Candy: ငါမော်ဒယ်လ် ဖြစ်နိုင်လားဟင်... (စပ်ဖြီးဖြီး ရုပ်နှင့်)
My friend: အင်း.. နင် ကောက်ကြောင်းတွေ ပြနိုင်ရင်တော့ ဖြစ်ရင်ဖြစ်မယ်...
Candy: =/

အင်း.. သူပြောတာလည်း ဟုတ်သလိုလို။ ခုခေတ်"မော်ဒယ်လ်"ဆိုတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အဲ့လို ကောက်ကြောင်းတွေကို အဓိက ပြကြတယ်နော်။ နောက်ပြီး မလုံ့တလုံလေးတွေ။ မော်ဒယ်ဆိုတာ အဲ့လိုမှ ဖြစ်တာလား စဉ်းစားစရာတောင် ဖြစ်လာတယ်။

ကမ်းနားမှာလေ....

မော်ဒယ်လ်လုပ်ပေးတဲ့ နောက်သူငယ်ချင်း တယောက်ရှိသေးတယ်။ သူ့ပုံလေးတွေလည်း တင်ချင်ပေမယ့် မကြိုက်မှာစိုးလို့ မတင်တော့ဘူးနော်။ ကန်ဒီ့ပုံတွေပဲ ဖျစ်ညှစ်ပြီး ကြည့်ပေးကြပါ :P :P

သူ့ကို မကြည့်ပါနဲ့တဲ့.. မမြင်ရလေ လှလေ ထင်တယ် =.='

ဒါ ကန်ဒီအကြိုက်ဆုံးပုံ... သစ်ပင်ကြီး အကြီးကြီးနဲ့ :D

ခုံတန်းလေးပေါ်မှာ...

အဲ့ဒီမြက်ခင်းက မိုးရွာပြီးခါစ ရေစိုနေတယ်။ ဒါလည်း ထိုင်တာပဲ အဟိ

Chinese Garden ဘက်ရောက်နေပြီ။

တခါလာလည်း ဒီလိုရီ.. နောက်တခါလာလည်း ဒီလိုပြုံး.. ပုံစံပြောင်းပြီး ရီနည်းရှိရင် ကောင်းမယ်နော်။ တပုံနဲ့ တပုံမထပ်အောင် ဟီးဟီး xD


ကန်ဒီရုပ်တည်နဲ့ပုံတွေချည်းပဲ ကြည့်နေရရင် ပျင်းနေဦးမယ်။ ပြောင်ချော်ချော် ပုံလေးတွေလည်း ထည့်ဦးမှ။

ဒါက ကန်ဒီ့ အိုင်ဒီယာ။
ငါ့ကို ဒီလိုရိုက်ပေးစမ်းပါ ဆိုပြီး ရိုက်ခိုင်းထားတာ အဟိ

လျှပ်တပြတ်ရိုက်ချက်..

အဲ့ဒါပြောတာပေါ့။ လျှပ်တပြတ်တွေ မရိုက်ပါနဲ့ဆိုတာ။ လူက ကိုးရိုးကားယားနဲ့ ပြောင်ချော်ချော်တွေပဲ ထွက် ထွက်လာတယ်။ ပုံတွေက ဘလော့ပေါ်တင်ရင် Quality ကျသွားသလိုပဲ။ ၀ါးသလို ဖြစ်တယ်။ ပုံပေါ် Click ကြည့်ရင်တော့ ကြည်တယ်။ အဲ့ဒါ ဘာလို့လဲ မသိဘူး။ သိတဲ့သူများ ရှိရင် ပြောပြကြပါနော် :D

တော်သင့်ပြီ ထင်တယ်။ မတော်လည်း ခဲနဲ့ ထုကြတော့မယ် xD
အိပ်ပြီ တာ့တာ....

Photo Credit: AK and WLA

Monday, March 19, 2012

Candy is Back and Thanks!!!


ကန်ဒီက ဘယ်သွားလို့ ဘယ်က ပြန်လာတာလဲဆိုပြီး တွေးနေလား??? ကန်ဒီဘယ်မှ မသွားပါဘူး။ အားလုံးသတိထားမိလားတော့ မသိဘူး။ ကန်ဒီ စိတ်ညစ်လို့ Diary မရေးတာ ကြာပြီ။ ဘာလို့စိတ်ညစ်လဲဆိုတာတော့ မမေးပါနဲ့။ အားလုံး သိမယ်ထင်ပါတယ် :P

အစ်ကိုတယောက်ကို ပိုစ့်တပုဒ်ရေးပြီး အားပေးဖူးတယ်။ ဟုတ်တယ်။ ကန်ဒီ ကိုယ်တိုင် လဲကျခဲ့တယ်။ ဒါတွေ ထားလိုက်ပါတော့။ ခု ကန်ဒီ ပြန်လာပြီ။ အရင်ဆုံး ကန်ဒီကျေးဇူးတင်စကားပြောချင်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ နည်းမျိုးစုံနဲ့ အားပေးခဲ့တဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ၊ နောက်ပြီး ကန်ဒီ ဘာမှမပြောခဲ့ မရေးခဲ့တာတောင် အလိုလိုရိပ်မိပြီး စီဘောက်မှာ အားပေးခဲ့တဲ့ စာဖတ်သူတွေ၊ ခုချိန်ထိ ကန်ဒီ့ဆီ လာလည်နေသေးတဲ့သူတွေလည်း အပါအ၀င် အားလုံး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် :D :D

အင်း.. ကန်ဒီ့အကြောင်း မပြောတာကြာပြီဆိုတော့ ဘာအရင် စပြောရင်ကောင်းမလဲ???

(မေးစေ့ကို လက်နဲ့ပွတ်နေသည်)

အကြီးမားဆုံးကိစ္စကတော့ လာမယ့်သောကြာနေ့ စာမေးပွဲရှိတယ်။ ခုစာတွေ လုပ်နေရတယ်။ ဒီရက်ပိုင်း အစားလည်း ကောင်းကောင်းမစားရဘူး။ ဟင်းမှ မချက်နိုင်တာ။ အစားဆိုလို့ ပြရဦးမယ်။ ခေါက်ဆွဲခရမ်းရောင်တဲ့။ ကန်ဒီ့ ညီမ၀ယ်လာတာ။

ချဉ်စပ်အရသာ။ မဆိုးပါဘူး။ ခရမ်းရောင်ဆိုတော့ ထူးဆန်းလို့ ဓာတ်ပုံရိုက်ထားတာ။

ဘာရယ်မဟုတ်။ ဒီပုံလေး ကြည့်ပြီး ရီချင်သေးတယ် ဟိဟိ
မွှားမွှား = အာဘွား :P

ဘဏ်က ကန်ဒီလည်း Request မလုပ်ဘဲနဲ့ ကတ်အသစ်ထပ်ပို့တယ်။ ပို့တော့လည်း ယူလိုက်တာပေါ့။ ATM မှာ Activate လုပ်တာ မရဘူး။ ကိုယ်ပဲ ညံ့လို့လား မသိဘူး။ Block ဖြစ်သွားတယ်။ Block ဖြစ်သွားတော့ ပြန်ဖွင့်ခိုင်းဖို့ ဘဏ်သွားရတယ်။ ကိုယ့်ဟာကိုယ် အေးအေးနေနေတာကို ကတ်အသစ်ပို့ပြီး အလုပ်ရှုပ်အောင်လုပ်တယ်။ အဲ့ဒါနဲ့ စနေနေ့က ညီမနဲ့ Tiong Bahru ကဘဏ်သွားတာ Tanjong Pagar မှာဆင်းတယ် (>.<)။ ၂ဂိတ်ပြန်စီးရတယ်။ ဟိုရောက်တော့ လိုအပ်တာတွေလုပ်ပြီး နေ့လည်စာကို MosBurger မှာစားတယ်။ ပုံမှန်ဆို ကန်ဒီ Burger မကြိုက်ဘူး။ အထူးသဖြင့် McDonald တို့ဘာတို့ မကြိုက်ဘူး။ မဖြစ်မနေမှ စားတယ်။ ညီမက တခါတလေလေး အပြင်ထွက်တာ စားကြည့်တဲ့။ ဟိဟိ ကန်ဒီအိမ်တွင်းပုန်းတာ ပေါ်ကုန်ပြီ။ MosBurger ကတော့ မဆိုးဘူး။ စားကောင်းတယ်။ Fast food မဟုတ်တာလည်း ပါမယ်ထင်တယ်။ ပို Fresh ဖြစ်တယ်လို့ ထင်တယ်။ စောင့်ရတာလည်း တော်တော်ကြာတယ် >.<

သူ့ဒီဇိုင်းလေးကို သဘောကျလို့...
ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ဆွဲထားသလိုမျိုးလေး :D

Yummy....

ကုတင်ပေါ်မှာတင်ထားတဲ့ဖုန်းကို ဒူးနဲ့ တိုက်ချလိုက်တယ်။ နည်းနည်း ပဲ့သွားတယ်။ ဖုန်းက အဖြူဆိုတော့ Correction pen နဲ့ တို့လိုက်တယ်။ မသိသာအောင် အဟိဟိဟိ :P :P ပုံမှန်ညဘက် စောစောအိပ်လေ့မရှိပေမယ့် စာလုပ်နေတော့ အိပ်ချင်တယ်။ တခုခုစားနေရရင် မအိပ်ချင်ဘူး။ အဲ့ဒါကြောင့် သရေစာမုန့်တွေဝယ်ထားတယ်။

ရေခဲချောင်းးးး... အဲ့ဟာ စားလို့ကောင်းတယ်။ တကယ့်အသီးကနေ လုပ်တာတဲ့။
ဆိုးဆေးနဲ့ preservative တွေ မပါဘူး။ ကျန်းမာရေးအတွက် သင့်တော်တယ် ဟဲဟဲ

လိုင်ချီး အရင်စားတယ်။

အစ်ကို ချစ်သူမောင်နဲ့ မောင်လေး မေမြို့မိုးက ပိုစ့်နှစ်ပုဒ် တဂ်ထားတယ်။ ပိုစ့်နှစ်ပုဒ်လုံးက နည်းနည်းမြင့်တယ်။ နှံနှံစပ်စပ်သိမှ ပြောနိုင် ရေးနိုင်မယ့်ဟာမျိုး။ ကန်ဒီ့လို ပုဇွန်ဦးနှောက်က လိုက်မမှီဘူး ဖြစ်နေတယ်။ ရေးဖို့စာလိုက်ဖတ်မယ်ဆိုရင်တောင် တော်တော်ဖတ်ရမယ်။ ခုစာမေးပွဲလည်း ရှိနေတော့ မဖတ်နိုင်ဘူး ဖြစ်နေတယ်။ သေချာမသိဘဲလည်း မရေးချင်တော့ မရေးဖြစ်တာ ခွင့်လွှတ်ပေးပါနော် (အချိုသပ်ပြီး စပ်ဖြီးဖြီးရုပ်နှင့် ပြောသည်)။ သူတို့ ရေးထားတဲ့ပိုစ့်လေးတွေ သွားဖတ်ချင်ရင်ရအောင် လင်ခ့်ချိတ်ပေးလိုက်မယ်နော်။

ဆန္ဒမစောကြပါနဲ့ (ချစ်သူမောင်)
ရင်နာခဲ့ရတဲ့နေ့ (မေမြို့မိုး)

အဲ့ဒါ ဘယ်နေရာလို့ ထင်လဲ?? (သဲလွန်စ မရှိသောပုံကို တမင်ပေးသည် :P)

သွားထားတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က.. ပိုစ့်တင်မယ်ဆိုပြီး စိတ်တွေ မကြည်လို့ မတင်ဖြစ်တာ။ ခုလည်း စာမေးပွဲနဲ့ဆိုတော့ စာမေးပွဲပြီးမှ တင်တော့မယ်။ စာမေးပွဲက ၂၇ ရက်နေ့ပြီးမယ်။ ဒီကြားထဲ ကန်ဒီပျောက်နေရင် သည်းခံပေးနော်။ လွမ်းရင်တော့ တကြောင်း နှစ်ကြောင်းရေးပြီး ပိုစ့်တင်ဦးမယ် အဟိဟိဟိ :D :D

သူငယ်ချင်းတယောက်ရဲ့ အားပေးစကားက>> အရင်လို ပေါသောသောလေး နေပါဟာတဲ့.. ဟိဟိဟိ
Yep... That's real me :D :D (အင်.. ဒီပုံကနေ သဲလွန်စရသွားလောက်ပြီ :P)

Good Night Everyone... mwah :D

Thursday, March 15, 2012

Rose Hip oil အကြောင်း တစေ့တစောင်း

ဒီနေ့ Skin care product တမျိုးဖြစ်တဲ့ Rose hip oil (or) Rose hip seed oil နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rose hip oil ဆိုတာ Rosa moschata or Rosa rubiginosa လို့ခေါ်တဲ့ ပန်းပင်တမျိုးရဲ့ အစေ့ကနေ ထုတ်ယူရရှိတဲ့ သဘာဝအဆီတမျိုးပါ။ အဲ့ဒီအပင်ကို Europe မှာစတင် တွေ့ရှိခဲ့ပြီး United Kingdom မှာအများအပြား စိုက်ပျိုးပါတယ်။ Rose hip oil မှာ အသားအရည်အတွက် အထောက်အကူဖြစ်စေတဲ့ Vitamin များစွာပါဝင်တဲ့အတွက် အခုဆို Skin care product တော်တော်များများမှာ ပါဝင်ပစ္စည်းတမျိုးအဖြစ် အသုံးပြုနေပါပြီ။


Rose hip oil မှာ Vitamin A (Retinol), Vitamin C တွေအပြင် Essential fatty acid တွေဖြစ်တဲ့ Omega-3 နဲ့ Omega-6 အစရှိတဲ့ အသားအရည်အတွက် အကျိုးရှိတဲ့ ပစ္စည်းတွေ အမြောက်အများ ပါဝင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Vitamin C ပမာဏဟာ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးတလုံးထက် အဆ ၄၀ ပိုများတယ်လို့ သိရပါတယ်။ ဒါဆို ဒီလို Vitamin တွေပါဝင်လို့ သူက ဘာအတွက် အသုံးဝင်လဲ ဆက်ပြောပြမယ်နော်။


Rose hip oil မှာ Antioxidant များစွာပါဝင်တဲ့အတွက် free radicals တွေကြောင့် အသားအရည်ပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ Collagen ထုတ်လုပ်မှုကို အားပေးတဲ့အတွက် သူ့ကို Anti-wrinkle အရေးအကြောင်းလျော့စေတဲ့ အလှကုန်ပစ္စည်းတွေမှာ အများဆုံး အသုံးပြုပါတယ်။ Skin regeneration လို့ခေါ်တဲ့ ဆဲလ်အသေတွေ ဖယ်ရှားပြီး အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် နေလောင်ဒဏ်ရာများ ၀က်ခြံအမာရွတ်များ စတာတွေကို လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။ အသားအရည် အစိုဓာတ်ကိုလည်း ပုံမှန်ထက် ပိုထိန်းသိမ်းပေးလို့ ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ခုဆို Rose hip oil ပါဝင်တဲ့ Skin care productတွေ ဈေးကွက်မှာ တွေ့နေရပါပြီ။ Rose hip oil ချည်းပဲ သီးသန့်လည်း ၀ယ်ယူနိုင်ပါတယ်။ ဒီနေရာမှာ ကန်ဒီတခုထောက်ပြချင်တာ ရှိပါတယ်။ လူတော်တော်များများက အဆီကို မျက်နှာပေါ်လိမ်းရမှာ ကြောက်တတ်ကြပါတယ်။ တချို့အဆီတွေကသုံးဖို့ မသင့်တော်ပေမယ့် တချို့အဆီတွေကတော့(သဘာဝအဆီများ) အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။

Rose hip oil ကို အသုံးပြုပုံကတော့ မျက်နှာသစ်ပြီးရင် အဲ့ဒီအဆီလေး ၂စက်လောက်ကိုလက်ဖ၀ါးပေါ်ပွတ်ပြီး မျက်နှာပေါ် လိမ်းပေးပါ။ အဲ့ဒါလေး လိမ်းပြီးမှ Moisturizer ကိုလိမ်းပါ။ စစလိမ်းချင်းတော့ မျက်နှာက အဆီပြန်သလိုဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် သူက ချက်ချင်းစိမ့်ဝင်နိုင်တယ်။ နည်းနည်းကြာတာနဲ့ အဆီသိပ်မပြန်ဘဲ ပုံမှန် ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။ အဆီပြန်မှာစိုးလို့ မနက်မလိမ်းချင်လည်း ညအိပ်ခါနီးလိမ်းပါ။ နောက်နေ့မနက်မှာတင် အသားလေးက တင်းပြီးစိုစိုလေးဖြစ်နေတာ တွေ့ရလိမ့်မယ်။ ကန်ဒီကိုယ်တိုင်သုံးနေတာ ခုဆို ၂လပြည့်တော့မယ်။ ထူးခြားမှုကို တကယ်တွေ့လို့ အားလုံးကို လက်တို့တဲ့သဘောပါ။ အဲ့ဒါသုံးပြီးနောက်ပိုင်း ၀က်ခြံပေါက်လို့ ကျန်ခဲ့တဲ့အမာရွတ်တွေ သိသိသာသာ မြန်မြန်ပျောက်တာ တွေ့ရတယ်။ နောက်ပြီး အသားအရည်လည်း တင်းတင်းလေးဖြစ်ပြီး စိုစိုလေးဖြစ်နေသလို ခံစားရတယ်။ တခုထပ်ပြောပြချင်တာက သူက အမာရွတ်ပဲ ပျောက်စေတာပါ။ ၀က်ခြံကို ကာကွယ်တာ မဟုတ်ပါဘူး။ ၀က်ခြံအတွက် ကောင်းတဲ့ သဘာဝအဆီတမျိုးကတော့ Tea Tree oil ပါ။ ကိုယ်တိုင်တော့ မသုံးဖူးသေးပါဘူး။ Rose hip oil ကတော့ အခု ကန်ဒီ့အသဲစွဲပေါ့။

မှတ်ချက် – Skin care product တခုကို တပတ်လောက်သုံးပြီး ကောင်းတယ် မကောင်းဘူး ပြောလို့မရဘူးနော်။ စွဲသုံးကြည့်ပါ။ အနည်းဆုံး (၂)ပတ် (၃)ပတ်လောက် သုံးကြည့်ပြီးမှ ကောင်း မကောင်း မှတ်ချက်ချပေါ့နော် :D

လှပတဲ့အသားအရည် ပိုင်ဆိုင်နိုင်ကြပါစေရှင်
Candy ^_^

Sunday, March 11, 2012

တနေ့တော့ ♫♪

ဖိုးမောင်: နင်သီချင်းဆို... ငါ Flash song လုပ်ပေးမယ်..
Candy : ဆိုချင်စိတ် မရှိပါဘူး..
ဖိုးမောင် : ဒါဆို ဟိုတလောက ဆိုထားတာကို လုပ်ပေးမယ်..
Candy : အဲ့ဒါက ပျက်သွားပြီလေ..
ဖိုးမောင် : နေဦး.. ငါ့ဆီမှာရှိလား ကြည့်လိုက်ဦးမယ်..
Candy : အင်း...
ဖိုးမောင် : ရှိတယ် ရှိတယ်.. တနင်္ဂနွေနေ့ကျ လုပ်ပေးမယ်.. စာသားပို့လိုက်
Candy : ဟေးဟေး.. တကယ်လား... ပျော်စရာကြီး.. အားတာနဲ့ရေးပြီး ပို့လိုက်မယ် :D

ကန်ဒီကလည်း သီချင်းဆိုပြီးရင် အဲ့ဆိုဒ်ကနေ ဒေါင်းလုပ် မလုပ်တတ်တော့ ဆိုထားတဲ့သီချင်းတွေက ပျက်ပျက်သွားတယ်။ ဟိုတလောက ကန်ဒီ့ဆိုဒ်မှာတင်ဖူးတဲ့ "တနေ့တော့" သီချင်းလေးကို သူက ဒေါင်းပေးထားတယ်တဲ့။ အဲ့လို အလွန်ချစ်ဖို့ကောင်းတဲ့ ဖိုးမောင်က ကန်ဒီ့အတွက်ဆိုပြီး Flash song လေး လုပ်ပေးပါတယ်။ ဒါသူလုပ်ပေးတဲ့ ဒုတိယမြောက် Flash song လေးပါ။ သူကတော့ ဘာမှ မပြောပေမယ့် ကန်ဒီစိတ်ညစ်နေတာ သိလို့များ စိတ်ချမ်းသာအောင် လုပ်ပေးတာလားလို့ တွေးမိတယ်။ ဘာလိုပဲဖြစ်ဖြစ် ကျေးဇူးပါဗျို့............... :D

သီချင်းနားထောင်ချင်ရင် ဒီမှာ နှိပ်ပါ။

တကယ်တော့ နှိပ်စရာမလိုဘဲ သီချင်းတိုက်ရိုက်ပွင့်အောင်လုပ်ဖို့ သူ HTML Code ပေးပါတယ်။ ဒါပေမယ့် အသံကလည်း ကောင်းတာမဟုတ်တော့ လာလည်တဲ့သူတွေကို ရောက်ရောက်ချင်း နားဒုက္ခမပေးချင်လို့ပါ :P

ကန်ဒီ့ဆီ လာလည်နေကျသူတွေ အားလုံးကို ပျော်စေချင်ပါတယ်။
ပျော်ရွှင်ပါစေ ^_^

စာကြွင်း : ဖိုးမောင် = မောင် (စွယ်စုံကျမ်း)

Friday, March 9, 2012

အနာကြီးရောဂါသည်ဂေဟာအတွက် စုပေါင်းအလှူ


အားလုံးပဲ နေကောင်းကြလား? စိတ်ထဲမှာ ကန်ဒီက အဝေးကြီးရောက်နေသလိုပဲ။ ကန်ဒီ စာမရေးဖြစ်တာကို ခွင့်လွှတ်ပေးပါနော်။ ဒီနေ့ပိုစ့်လေးက အနာကြီးရောဂါဝေဒနာသည်တွေအတွက် သင်္ကြန်မတိုင်ခင်လေး စုပေါင်းအလှူလုပ်ဖို့ အလှူငွေကောက်ခံခြင်းပါ။ ပထမဆုံး အနာကြီးရောဂါနဲ့ ပက်သက်လို့ အကြမ်းဖျင်းလေး ပြောပြပါရစေ။

ကမ္ဘာတ၀ှမ်း အနာကြီးရောဂါကြောင့် မသန်မစွမ်းဖြစ်နေသူဦးရေ 3 million နီးပါး ရှိတယ်လို့ ဆိုပါတယ်။ အနာကြီးရောဂါဖြစ်ပွားမှုနှုန်းမှာ ပထမဆုံးဦးဆောင်နေတဲ့နိုင်ငံက India ပါ။ Brazil ကတော့ ဒုတိယနေရာမှာ ရှိပြီး တတိယနေရာမှာ ဘယ်သူနေရာယူတယ် ထင်ပါသလဲ။ ဟုတ်ပါတယ်။ ကန်ဒီတို့ မြန်မာနိုင်ငံပါ။ အနာကြီးရောဂါဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး mycobacterium leprae နဲ့ mycobacterium lepromatosis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတာပါ။ ကြာရှည် ထိတွေ့မှုနဲ့ nasal droplet များမှတဆင့် ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ၂ ပတ်လောက် စတင်ကုသမှုခံယူပြီးတာနဲ့ မကူးစက်နိုင်တော့ပါဘူး။

အနာကြီးရောဂါအတွက် ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ဆေးကတော့ Dapsone ပါ။ သူ့ကို ၁၉၅၀မှာ စတင်တွေ့ရှိ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့တမျိုးတည်းသုံးရင် ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်တာ တွေ့ခဲ့ရပါတယ်။ ၁၉၇၀လောက်မှာ Dapsone ရဲ့ ဆေးယဉ်ပါးမှုကို ကာကွယ်ဖို့ Clofazimine နဲ့ Rifampicin ဆိုတဲ့ဆေးတွေနဲ့ စတင်တွဲဖက် စမ်းသပ်ကုသခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ အနာကြီးရောဂါအတွက် ကုသမှု နည်းလမ်းအဖြစ် Multidrug Therapy (MDT) ဆိုပြီး Dapsone, Clofazimine နဲ့ Rifampicin ဆေးသုံးမျိုးပေါင်းကို World Health Organization (WHO) ကနေ စံသတ်မှတ်ပေးခဲ့ပါတယ်။ ဆေးသုံးမျိုးကို တမျိုးစီသုံးရင် ဆေးယဉ်နိုင်လို့ ခွဲသုံးလို့ မရပါဘူး။ ခုချိန်ထိလည်း စံကုသနည်းအဖြစ် အသုံးပြုနေဆဲပါ။

ဟိုတလောက စက်ဆန်းမီးဘေးအတွက် အလှူငွေတွေ ကောက်တာ မှတ်မိသေးလား မသိဘူး။ အခုလည်း အဲ့အဖွဲ့ပါပဲ။ မြန်မာမုဒိတာ လူငယ်များ အဖွဲ့ပါ။ အဲ့ဒီဆိုဒ်က ဒီအလှူနဲ့ပက်သက်ပြီး ရေးထားတဲ့ ပိုစ့်လေးကို ကန်ဒီ ဒီမှာ ပြန်ကူးပေးပါမယ်။ ဒီလင့်ခ်မှာ နှိပ်ပြီးလည်း သွားဖတ်နိုင်ပါတယ်။

*********************************************************************

မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း

အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး ငွေသားအလှူ၊ ဆေး၊ ဆန်အလှူ၊ အ၀တ်အထည်၊ ၀ှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။

နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။ ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။

ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့်
လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
http://www.facebook.com/profile.php?id=1510725850

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
http://www.facebook.com/profile.php?id=100001398712690

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
http://www.facebook.com/blackroze.flower

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
http://www.facebook.com/lwinpyinhlaingnge

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/profile.php?id=100003148141589&ref=tn_tnmn

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။ andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewmahkc#!/andrewmahkc

၂။ သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်အား ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား
အလှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)

****************************************************************

ကန်ဒီတို့လည်း တက်အားသရွေ့ ပါဝင်ကူညီလိုက်ကြရအောင်နော် ^_^
အစစ အရာရာ အဆင်ပြေပါစေ။