Esplanade နားမှာ လုပ်ထားတဲ့ မီးကပွဲကို ရောက်သွားတယ်။ သူတို့လုပ်ထားတာ အရမ်းမိုက်တယ်။ ဒီလိုဖျော်ဖြေနိုင်ဖို့အတွက်ဆို ကနည်းကိုလည်း သိရမယ်။ နောက်ပြီး နည်းပညာနဲ့လည်း တွဲရမယ်။ အကြာကြီးပြတာ မဟုတ်ပေမယ့် လွယ်တော့ မလွယ်ဘူးနော်။ ဒါလည်း အနုပညာပဲ။ အရမ်းအရမ်း သဘောကျတယ်။ မကြည့်လိုက်ရတဲ့သူတွေ မပူပါနဲ့။ ကန်ဒီဗွီဒီယိုရိုက်လာပါတယ် ဟဲဟဲ (ငါကွ)
ကန်ဒီ့ရဲ့အသံသေး အသံကြောင်နဲ့ ဘေးနားကလူတွေရဲ့ စကားပြောသံတွေကိုတော့ သည်းခံပေးပါနော်...
မနေ့က Cathay မှာ "The Hunger Games" သွားကြည့်တယ်။ OMG!! OMG!! အရမ်းမိုက်တယ်။ တစ်ကားလုံး လုံးဝမပျင်းရဘူး။ သူက တကယ့်လူတွေနဲ့ ဂိမ်းဆော့တဲ့ ပုံစံမျိုး။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား။ ကြည့်လို့ကောင်းတာတော့ သေချာတယ်။
ဒီရက်ပိုင်း ခဏနားနေတယ်။ Thesis မရေးသေးဘူး။ မြန်မာကားလည်း ကြည့်တယ်။ ရဲတိုက်၊ ဟက်ကက်နဲ့ ဖွေးဖွေးရဲ့ "အမည်ခံ အချစ်" ဆိုတဲ့ကား ကောင်းတယ် (Quality ကလွဲရင်.. မင်းသားကို အနောက်က စာသားတိုင်ပေးတဲ့လူအသံက ထွက် ထွက်လာတယ် >.<)။ အပြင်မှာ အဲ့ကားထဲက ရဲတိုက်လို Character မျိုး အနုစားတွေ အများကြီးရှိတယ်။ တော်ပြီ မပြောတော့ဘူး။ မကြည့်ရသေးရင် သိမှာ မဟုတ်ဘူး :P
ဒီရက်ပိုင်း ခဏနားနေတယ်။ Thesis မရေးသေးဘူး။ မြန်မာကားလည်း ကြည့်တယ်။ ရဲတိုက်၊ ဟက်ကက်နဲ့ ဖွေးဖွေးရဲ့ "အမည်ခံ အချစ်" ဆိုတဲ့ကား ကောင်းတယ် (Quality ကလွဲရင်.. မင်းသားကို အနောက်က စာသားတိုင်ပေးတဲ့လူအသံက ထွက် ထွက်လာတယ် >.<)။ အပြင်မှာ အဲ့ကားထဲက ရဲတိုက်လို Character မျိုး အနုစားတွေ အများကြီးရှိတယ်။ တော်ပြီ မပြောတော့ဘူး။ မကြည့်ရသေးရင် သိမှာ မဟုတ်ဘူး :P
ဒီရက်ပိုင်းတွေမှာ သိပ်နာမည်ကြီးနေတဲ့ "အ" အက္ခရာနှစ်လုံးနဲ့ (နှစ်လုံးလုံး တူတယ် :P) အဆိုတော်တယောက်ကို ကန်ဒီမနေ့ကမှ သိလိုက်တယ်။ ကန်ဒီ့သူငယ်ချင်းတွေက "နင်ဒါမသိတာတော့ ခေတ်မမှီတာပဲ"တဲ့။ ဒါနဲ့ "ဘာလို့လဲ"ဆိုတော့ "ညကျလင်ခ့်ပေးမယ်" တဲ့။ သူပေးတဲ့လင်ခ့်ကိုကြည့်မိမှ "အော်... ဒါကြောင့်ကိုးးး" ဆိုပြီး ဖြစ်သွားတယ်။ အဲ့ဒီအဆိုတော်က အသစ်ထင်တယ်။ သူရဲ့ အဲ့ဒီ VCD က တကယ်ထွက်တာလား.. ဆင်ဆာမဖြတ်ဘူးလားဆိုပြီး အရမ်းတုန်လှုပ်မိတယ်။ ရိုက်ထားတာတွေက အရမ်း Sexy ဖြစ်တယ်။ ( "Don't U Know?" ဆိုတဲ့ သီချင်းတပုဒ်ဆို တော်တော်ဆိုးတယ်)။ အဲ့ဘက်ကို အားသာထားတယ်။ ကန်ဒီ့ရဲ့ မြန်မာမျက်လုံးနဲ့ လုံးဝအံမ၀င်ဘူး ဖြစ်နေတယ်။ မြန်မာတွေ ဒီလိုမျိုးလုပ်တာ တခါမှ မတွေ့ဖူးတော့ တမျိုးကြီးပဲ။ လူတကိုယ် အကြိုက်တမျိုးဆိုတော့လည်း ကြိုက်တဲ့သူတွေ ကြိုက်မှာပေါ့လေ။ ဒီနောက်ပိုင်း ၀တ်တာစားတာတွေကအစ လွတ်လပ်ပြီး ခေတ်ကိုအရမ်းလိုက်လာတာ ထားပါ။ သူတို့ပြောတဲ့ ခေတ်ရေစီးကြောင်းပေါ့။ ဒါပေမယ့် ခုလိုမျိုး နိုင်ငံခြားဇာတ်လမ်းတွေထဲကလို ဟိုလိုအခန်းမျိုး ထည့်တာတော့ ကန်ဒီသဘောမတွေ့ဘူး။ သိပ်မကြာခင် အချိန်အတွင်းမှာ တကယ့်မမြင်အပ်တဲ့အခန်းတွေပါ မြန်မာတွေရိုက်လာကြမလားလို့ တွေးပူမိတယ်။ လွတ်လပ်တယ် လွတ်လပ်တယ်နဲ့ ဒါမျိုးတွေများလာရင် ယဉ်ကျေးမှုပျောက်လိမ့်မယ်။
မကြည့်ရသေးတဲ့လူတွေတော့ ကန်ဒီ့ကို ကျိန်ဆဲနေလောက်ပြီ ဒီကောင်မလေး ဘာတွေပြောနေလဲဆိုပြီး ဟီးဟီး။ ကန်ဒီ လင်ခ့်မပေးချင်ဘူး။ Hint နှစ်ခုတော့ ပေးထားတယ် :P :P
Have a nice day :D
စာကြွင်း - ဒီပိုစ့်ကို Blogger new interface နဲ့ ပထမဆုံးစမ်းရေးတာ အောင်မြင်သွားတယ်။ ပုံတွေက ပိုကြည်တယ်နော်.. အဟိ မိုက်တယ်။
Have a nice day :D
စာကြွင်း - ဒီပိုစ့်ကို Blogger new interface နဲ့ ပထမဆုံးစမ်းရေးတာ အောင်မြင်သွားတယ်။ ပုံတွေက ပိုကြည်တယ်နော်.. အဟိ မိုက်တယ်။
25 comments:
လာအားပေးသွားတယ်candyရေ
လာလည်သွားတာတွေ့တယ်ကျေးဇူးနော်
မီးကပွဲက မိုက်၏။ ဟို MTV လိုလိုဟာကတော့မနေ့က ကျွန်တော့် အမျိုးသမီးက လာကြည့်ဆိုပြီးပြတယ်... ဘာတွေဖြစ်ကုန်ပြီတုန်းဟုလည်းမေးသည်၊ မကြည့်ရဲလို့ ဆက်မကြည့်တော့.... ကန်ဒီပြောသလို မျက်လုံးထဲမှာ ထော်လော်ကန့်လန့်ကြီးဖြစ်နေသည်။ လွတ်လပ်မှု့ဆိုတာဘာလဲဟု ကိုယ့်ဟာကိုယ်ပြန်မေးမိသည်၊ ဖွံ့ဖြိုးသည်၊ တိုးတက်သည်၊ ခေတ်မီသည် စသော အသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားမိသည်။ အဖြေမထွက်.......
အ အက္ခရာနဲ့ စတဲ့ အဆိုတော် ကန်ဒီပြောမှရှာကြည့်ကြည့်ဦးမယ်။ မြတ်ကြည်လည်း ခေတ်နောက်ကျနေပြီ။
ကန်ဒီလေးပြောတဲ့ အဆိုတော်မသိဘူး
မီးကပွဲ ကတော့ကန်ဒီရဲ့ပုံမှာကြည့်ဖူးတာလေ
အရမ်းလှတယ်
နာလည်း ခေတ်နောက်ကျတဲ့အထဲပါသွားပြီ.. :) အ အက္ခရာနဲ့စတဲ့ အဆိုတော်ဆိုတာ လုံးဝမသိဘူးတော့. :D
နာလဲတိဝူး ဘူယဲအဲ့တာ နာတိချင်ဒယ်
ပီးတော့နာကပိန်းတယ်ဟ ဒဲ့ပြောမှတိမှာ
:)
ညလေးရေ မီးကပွဲလေး လာကြည့်သွားတယ်။
ညလေးပြောတဲ့ အဆိုတော် ဘယ်သူဘာလိမ့်..
မကြီးလွမ်းလည်း ခေတ်နောက်ကျပြီး ခေတ်နောက်
ပြန်နေပြီ။
ညလေး အစစအရာရာ အောင်မြင်ပါစေကွယ်
ခင်မင်တဲ့
မကြီးလွမ်း
အ အက္ခရာဆိုတာ အခြောက်လိုလို ဘာလိုလိုကောင်ကိုပြောတာမလားအစ်မ. ကြည့်ပြီးပြီ ကျက်သရေတုံးလိုက်တာဗျာ . သူ့မိဘတွေ ဘာမှ မပြောဘူးလားမသိဘူး..(ကောင်မလေးရော၊ အဲ့ကောင်ရော)
လွတ်လပ်မှုကိုအလွှဲသုံးစားလုပ်တာ ပဲနော့..။
ဒါနဲ့ မီးကပွဲ ဆိုတဲ့ခေါင်းစဉ်က ၀ဆွဲကြီး တစ်ပိုင်းပျက်နေတယ်. ဟိဟိ..
ကန်ဒီ နင်စာမေးပွဲပြီးလို့ သွားကဲထားတာပေါ့...ဟုတ်လား...ဟဲဟဲ.....မိုက်ပါတယ်ဗျာ......နင်တင်ပေးမှဘဲ မီးကပွဲကို ကြည့်ဖူးတော့တယ်.....မိုက်၏........နင်ပြောတဲ့ အဆိုတော်က တော်တော် ကျက်သရေတုန်းတယ်.....လူကဖြင့် အခြောက်လိုလိုနဲ့...ရိုက်လိုက်ရင် တလွဲ.....သရုပ်ဆောင်ပေးတဲ့ကောင်မလေးတွေကလည်း အံ့သြပါ့....ငါသိတယ်....ဒီကောင့်ကို....အိန်း..... မလား..:D
စနေညမှာမီးကပွဲသွားကြည့်ဦးမှပဲ...၊အဲ့ရုပ်ရှင်လည်း
ကြည့်ချင်တယ်...။နောက်မှ ဒေါင်းကြည့်တော့မယ်
ကွယ်...။အ အက္ခရာနဲ့အဆိုတော်ဟုတ်လား....
လင့်လေးဘာလေး ဦးလေးကိုပေးပါတော့လား တူမရယ်
ညည်းကလည်း ဘာမှအားမကိုးရဘူး......:P
ငါ့ညီမ အညွှန်းကောင်းလို့ အဲဒီရုပ်ရှင်တွေ ရှာကြည့်ကြည့်ဦးမယ်...
မီးကပွဲလေးလာကြည့်တာ
တို့လဲခေတ်နောက်ကျနေပြီ.. ကြည့်ချင်တယ် ..
လင့်ခ်လေးပေးအုံးးP
လာကြည့်သွားပါတယ် ညီမရေ
ညီမပြောတဲ့အခွေအမလည်းကြည့်ဖူးဘူးဟီး
လိုင်းမကောင်းလို့ မီးကပွဲလေးမကြည့်ရသေးဘူး ချိုချဉ်ရေ ဘယ်အဆိုတော်ပါလိမ့် တိတ်တိတ်ကလေး မေးလ်ကိုလင့်ပို့လိုက်စမ်းဘာ....။ သူတို့တွေ ယဉ်ကျေးမှုကို ပပျောက်ဖို့ လုပ်နေကြတာ တော်တော်ဆိုးတယ်...။
ဘယ်အဆိုတော်လဲဆိုတာ
အရမ်းသိချင်သွားတယ်..
"The Hunger Games"ကမိုက်တယ်နော်..အကိုလည်းကြိုတ်တယ်...
ရဲတိုက်ကားလဲကြည့် ပြီးသွားပြီ ကောင်းတယ်။
အ နှစ်လုံးကောင်ရဲ့  ဟာကို ကြည့် ပြီး
သူ့ ရောမင်းသမီးရော နရင်းကြည့် တီးခြင်တယ်
အနားမှာရှိနေရင်။ဟီး ...
မသိဘူးလား ဆိုလား ဘာလား..
ဟုတ်လားဟင်..
=)
အားပေးသွားတယ် ညီမလေးရေ
ဟဟဟ... ဟုတ်တယ်...
မင်းက ဒါကို မသိဘူးလား ~~~~
အဲ့ဒါ :P
CANDY နီပြေားတဲ့ အဆိုတော်နာသိတယ်...နာ့ဘလော့ အမည်တစ်လုံးနဲ့တူတယ်လေ...ဟုတ်လား...နီပြေားတဲ့ သီချင်းတော့ နာမကြည့်ရသေးဝူး
Hunger games ကို Taylor Swift ရဲ့ Safe and Sound သီချင်းထွက်ကတည်းက စိတ်ဝင်စားနေတာ.. မြန်မာပြည်မှာ ရုံတင်မှ သွားကြည့်ဦးမယ်..
အ နှစ်လုံးနဲ့အဆိုတော်ကတော့ ကေပေါ့ပ်လိုလို တရုတ်လိုလိုနဲ့.. ကြည့်ရတာ အဆင်မပြေလို့ သူ့သီချင်းတွေကို နားကိုမထောင်ဖြစ်ဘူး.. သူ့လို လူတွေများလာရင် မြန်မာအဆိုတော်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရမယ်
တစ်ခုတော့လိုနေတယ် လိုနေတယ် နဲ့
ဘာလိုနေတယ်လဲ
အစ်မ candy ကို blog list ထဲမှာ
မတွေ့မိဘူး ဖြစ်နေတယ်
ဟိုတလောက Template ပြောင်းတာ
ပြန်မထည့်မိဘူး ဖြစ်နေတာ
( မရောက်ဖြစ်တာ စိတ်မဆိုးနဲ့နော် )
အစ်မရေ . . .
မြန်မာပြည်ရဲ့ကွန်အရ
အစ်မတို့တင်ပေးတဲ့ video file တွေ
ကြည့်လို့မရဘူး
သူများ၏ comment တွေဖတ်ပြီး
အရသာယူနေရတယ်
" အ " နှစ်လုံးနဲ့ အဆိုတော်ကို အစက မသိဘူး
အစ်ကို Z@! က တရုတ်လိုလို ဘာလိုလိုဆိုမှ
သိသွားတာ
မကြည့်တော့ မကြည့်ရသေးဘူး
ကြည့်လိုက်ဦးမယ်
အခု ကျွန်တော်ကြည့်ရတဲ့အခွေထဲက
နာမည်ကြီးမင်းသမီးလေးဆိုလည်း ထိုအတိုင်းပါပဲ
မြန်မာကားပါ
ဇာတ်ကားနာမည်က
" မိန်းမသုံးယောက်ယူမယ့် လူ " တဲ့
မင်းသားက နေတိုး
အစ်မရေ ရှာကြည့်လိုက်ဦး
ဝေါ့ ဝေါ့ အေ ကြည့်ပြီးမျက်လုံးကို လကွင်းလောက်ပြူးသွားတယ်
နာရင်းပါးရင်းကို ဂျပန်လို အချက်နှစ်ဆယ်လောက်အုပ်ပစ်လိုက်ချင်တယ်
မြန်မာနိုင်ငံဒီမိုကရေစီရရင် ဖာနိုင်ငံဖြစ်မှာ
စိတ်ပျက်တယ်း((
Candy... မီးကပွဲကြည့်ချင်တယ်။ ကားလေးလည်း ကြည့်ချင်တယ်။ :P အ အ ဆိုတဲ့ အဆိုတော်ကိုတော့ မကြည့်ချင်ဘူး။ တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးပြီး ကိုယ်အောင်မြင်မယ်ဆိုရင် ဘာလုပ်ရ၊ လုပ်ရ လုပ်တဲ့သူတွေကို အားမပေးဘူးဗျာ။ Candy သူငယ်ချင်းပြောတဲ့ "နင်ဒါမသိတာတော့ ခေတ်မမှီတာပဲ" ဆိုတဲ့ စကားအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ :(
Post a Comment