အားလုံးပဲ နေကောင်းကြလား? စိတ်ထဲမှာ ကန်ဒီက အဝေးကြီးရောက်နေသလိုပဲ။ ကန်ဒီ စာမရေးဖြစ်တာကို ခွင့်လွှတ်ပေးပါနော်။ ဒီနေ့ပိုစ့်လေးက အနာကြီးရောဂါဝေဒနာသည်တွေအတွက် သင်္ကြန်မတိုင်ခင်လေး စုပေါင်းအလှူလုပ်ဖို့ အလှူငွေကောက်ခံခြင်းပါ။ ပထမဆုံး အနာကြီးရောဂါနဲ့ ပက်သက်လို့ အကြမ်းဖျင်းလေး ပြောပြပါရစေ။
ကမ္ဘာတ၀ှမ်း အနာကြီးရောဂါကြောင့် မသန်မစွမ်းဖြစ်နေသူဦးရေ 3 million နီးပါး ရှိတယ်လို့ ဆိုပါတယ်။ အနာကြီးရောဂါဖြစ်ပွားမှုနှုန်းမှာ ပထမဆုံးဦးဆောင်နေတဲ့နိုင်ငံက India ပါ။ Brazil ကတော့ ဒုတိယနေရာမှာ ရှိပြီး တတိယနေရာမှာ ဘယ်သူနေရာယူတယ် ထင်ပါသလဲ။ ဟုတ်ပါတယ်။ ကန်ဒီတို့ မြန်မာနိုင်ငံပါ။ အနာကြီးရောဂါဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး mycobacterium leprae နဲ့ mycobacterium lepromatosis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတာပါ။ ကြာရှည် ထိတွေ့မှုနဲ့ nasal droplet များမှတဆင့် ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ၂ ပတ်လောက် စတင်ကုသမှုခံယူပြီးတာနဲ့ မကူးစက်နိုင်တော့ပါဘူး။
အနာကြီးရောဂါအတွက် ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ဆေးကတော့ Dapsone ပါ။ သူ့ကို ၁၉၅၀မှာ စတင်တွေ့ရှိ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့တမျိုးတည်းသုံးရင် ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်တာ တွေ့ခဲ့ရပါတယ်။ ၁၉၇၀လောက်မှာ Dapsone ရဲ့ ဆေးယဉ်ပါးမှုကို ကာကွယ်ဖို့ Clofazimine နဲ့ Rifampicin ဆိုတဲ့ဆေးတွေနဲ့ စတင်တွဲဖက် စမ်းသပ်ကုသခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ အနာကြီးရောဂါအတွက် ကုသမှု နည်းလမ်းအဖြစ် Multidrug Therapy (MDT) ဆိုပြီး Dapsone, Clofazimine နဲ့ Rifampicin ဆေးသုံးမျိုးပေါင်းကို World Health Organization (WHO) ကနေ စံသတ်မှတ်ပေးခဲ့ပါတယ်။ ဆေးသုံးမျိုးကို တမျိုးစီသုံးရင် ဆေးယဉ်နိုင်လို့ ခွဲသုံးလို့ မရပါဘူး။ ခုချိန်ထိလည်း စံကုသနည်းအဖြစ် အသုံးပြုနေဆဲပါ။
ဟိုတလောက စက်ဆန်းမီးဘေးအတွက် အလှူငွေတွေ ကောက်တာ မှတ်မိသေးလား မသိဘူး။ အခုလည်း အဲ့အဖွဲ့ပါပဲ။ မြန်မာမုဒိတာ လူငယ်များ အဖွဲ့ပါ။ အဲ့ဒီဆိုဒ်က ဒီအလှူနဲ့ပက်သက်ပြီး ရေးထားတဲ့ ပိုစ့်လေးကို ကန်ဒီ ဒီမှာ ပြန်ကူးပေးပါမယ်။ ဒီလင့်ခ်မှာ နှိပ်ပြီးလည်း သွားဖတ်နိုင်ပါတယ်။

*********************************************************************
မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း
အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး ငွေသားအလှူ၊ ဆေး၊ ဆန်အလှူ၊ အ၀တ်အထည်၊ ၀ှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။
သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။
အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။ ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။
ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။
ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
http://www.facebook.com/profile.php?id=1510725850
စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
http://www.facebook.com/profile.php?id=100001398712690
၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
http://www.facebook.com/blackroze.flower
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
http://www.facebook.com/lwinpyinhlaingnge
၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/profile.php?id=100003148141589&ref=tn_tnmn
၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁
၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957
မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။ andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewmahkc#!/andrewmahkc
၂။ သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1
ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်အား ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား
အလှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)
အစစ အရာရာ အဆင်ပြေပါစေ။

****************************************************************
ကန်ဒီတို့လည်း တက်အားသရွေ့ ပါဝင်ကူညီလိုက်ကြရအောင်နော် ^_^အစစ အရာရာ အဆင်ပြေပါစေ။

16 comments:
အမယ် ငါက နင့်ကိုပို့တင်ပေးပါလို့ပြောမလို့ရှိသေး ......... နင်ကတင်ပလိုက်ပီ ....... ကောင်းတယ်ဝေ့ ....... တက်အားသရွေ့လုပ်ကြမယ် ........
ခင်တဲ့ သယ်ချင်း
ဂီတအနုပညာရှင် ကဗျာဆရာလေး မိုးဇက်
ဘယ်ဒွေရောက်နေမှန်းတိဝူး
ဒီခလေးမ အိမ်တော့ပြန်လာတတ်တယ်နော်
တော်သေးတာပေါ့။ အလှူအတန်းလက်မနှေးရအောင်
အမေ့ ဖျာအောက် ငါနှိုက်မလေ့ဟဲ့ ဟေလာမောင်ရို့
အပေါ်ဆုံးက စာပိုဒ်လေးကိုသဘောကျတယ်....၊အဲ့သလို
မျိုးလေး ရေးပေးရမှာ...အချက်အလက်လေးတွေလေ...၊
ုခုတော့ကိုယ်တွေကဘာမှ လိုက်မရှာနိုင်ဘူးဖြစ်နေတယ်..။
ကျေးဇူးဟေ့......။
တော်လိုက်တဲ့ ပိစိလေး။
အမှန်က အဲဒီလို နိဒါန်းမျိုး ရေးရမှာ။ စာခန့်သွားတာပေါ့။
သာဓုx3
မြတ်ကြည်တို့ ဆီက အဖွဲ့ကို လက်တို့ကြည့်ဦးမယ်နော်။ :)
ပို့စ်တွေ တက်မလာလို့ စိတ်ပူနေတာ..လိမ္မာလိုက်တဲ့ candy လေး.အိမ်မက်တို့လဲ အနာကြီးရောဂါသည်တွေ ကူညီဖူးတယ်..ဘုရားကျောင်းက တာဝန်ယူပြီးစောင့်ရှောက်ထားတာ လေ.ဒီလိုကူညီတဲ့ အဖွဲ့တွေ အများကြီးရှိတာ အရမ်းကောင်းပါတယ် ..ဖုန်းနံပါတ်လေးတွေ မှတ်သွားတယ် နော်..ဆက်သွယ်ရအောင်လို့..
ချစ်တဲ့
အိမ်မက်စေရာ
ဟုတ်ကဲပါ ဖွားလေး....သားလည်း ထည့်ပါ့မယ်..
နိ post လေးကိုဖတ်သွားတယ်... လေးစားပါတယ် အခုလိုအဖွဲ့လေးတွေရှိတာ အရမ်းကိုဝမ်းသာပါတယ်...
အနီးနားကလူတွေ လက်တို့ကြည့်မယ်နော်...အဆင်ပြေရင် ဆက်သွယ်လိုက်မယ်...လိပ်စာလေးတွေမှတ်သွားတယ်...နိ ကCbox ပိတ်ထားတော့ ဒီမှာရေးတယ်(မှတ်ချက် ဗုံး...ထားခဲ့သည် ပြောင်ပြသည်) ဒါဘဲ CANDY..
သာဓု၊သာဓု၊သာဓုပါး)
ပြုရတဲ့ကုသိုလ်ကောင်းမှုကြောင့်ရော
နှိုးဆော်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်ပါ
စိတ်သွားတိုင်းကိုယ်ပါ၊လိုအင်ဆန္ဒတွေ
တစ်လုံးတစ်ဝပြည့်စုံပါစေနော်..။
ကန်ဒီ(ပိစိ) :D
ချစ်ခင်လျှက်
တားတို့လည်းလုပ်မှာ..
နာဗုံးလာထောင်တွားဒယ်း)))))
လေးစားပါတယ် ..အဒီ
ကန်ဒီ့ပို့ စ်ကို ဖတ်မှ ကမ္ဘာမှာ တတိယလိုက်တယ်ဆိုတာ သိတယ်..ဆေးအကြောင်းလည်း ဗဟုသုတ တိုးတယ်..နိုင်သလောက် ပါမယ်ဝေး..
ကန်ဒီရေ...အလည်ရောက်တယ်နော..cboxပိတ်ထားလို့/ ဒို့လည်းထည်ဝင်ကူညီဖို့ ဘကြီးအောင်ကို လက်တို့ထားတယ်..သယ်ရင်း
ကောင်းမွန်သောအကျိုးဆောင်လုပ်ရပ်လေးပါ....
အလွမ်းမျက်ရည်
အလွမ်းမျက်ရည် တဲ့ ...........
လွမ်းလွန်းလို့  ရူးရတော့မယ်
ချစ်သူရယ် ငါကပဲမှားသလား
ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့
နင့်အချစ်တွေထဲ ပျော်မွေ့ မိတဲ့အဖြစ်ပျက်
ငါအတွက်တော့ ခါးသပ်နေခဲ့တယ်.
.လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..
Post a Comment