Sunday, March 11, 2012

တနေ့တော့ ♫♪

ဖိုးမောင်: နင်သီချင်းဆို... ငါ Flash song လုပ်ပေးမယ်..
Candy : ဆိုချင်စိတ် မရှိပါဘူး..
ဖိုးမောင် : ဒါဆို ဟိုတလောက ဆိုထားတာကို လုပ်ပေးမယ်..
Candy : အဲ့ဒါက ပျက်သွားပြီလေ..
ဖိုးမောင် : နေဦး.. ငါ့ဆီမှာရှိလား ကြည့်လိုက်ဦးမယ်..
Candy : အင်း...
ဖိုးမောင် : ရှိတယ် ရှိတယ်.. တနင်္ဂနွေနေ့ကျ လုပ်ပေးမယ်.. စာသားပို့လိုက်
Candy : ဟေးဟေး.. တကယ်လား... ပျော်စရာကြီး.. အားတာနဲ့ရေးပြီး ပို့လိုက်မယ် :D

ကန်ဒီကလည်း သီချင်းဆိုပြီးရင် အဲ့ဆိုဒ်ကနေ ဒေါင်းလုပ် မလုပ်တတ်တော့ ဆိုထားတဲ့သီချင်းတွေက ပျက်ပျက်သွားတယ်။ ဟိုတလောက ကန်ဒီ့ဆိုဒ်မှာတင်ဖူးတဲ့ "တနေ့တော့" သီချင်းလေးကို သူက ဒေါင်းပေးထားတယ်တဲ့။ အဲ့လို အလွန်ချစ်ဖို့ကောင်းတဲ့ ဖိုးမောင်က ကန်ဒီ့အတွက်ဆိုပြီး Flash song လေး လုပ်ပေးပါတယ်။ ဒါသူလုပ်ပေးတဲ့ ဒုတိယမြောက် Flash song လေးပါ။ သူကတော့ ဘာမှ မပြောပေမယ့် ကန်ဒီစိတ်ညစ်နေတာ သိလို့များ စိတ်ချမ်းသာအောင် လုပ်ပေးတာလားလို့ တွေးမိတယ်။ ဘာလိုပဲဖြစ်ဖြစ် ကျေးဇူးပါဗျို့............... :D

သီချင်းနားထောင်ချင်ရင် ဒီမှာ နှိပ်ပါ။

တကယ်တော့ နှိပ်စရာမလိုဘဲ သီချင်းတိုက်ရိုက်ပွင့်အောင်လုပ်ဖို့ သူ HTML Code ပေးပါတယ်။ ဒါပေမယ့် အသံကလည်း ကောင်းတာမဟုတ်တော့ လာလည်တဲ့သူတွေကို ရောက်ရောက်ချင်း နားဒုက္ခမပေးချင်လို့ပါ :P

ကန်ဒီ့ဆီ လာလည်နေကျသူတွေ အားလုံးကို ပျော်စေချင်ပါတယ်။
ပျော်ရွှင်ပါစေ ^_^

စာကြွင်း : ဖိုးမောင် = မောင် (စွယ်စုံကျမ်း)

31 comments:

ချစ်စံအိမ် said...

ငါညီမကရုပ်ချောယုံမဟုတ်ပဲအဆိုလည်းကောင်းတာကို
နားထောင်သွားပါကြောင်း

Sweety Snow said...

သီချင်းလေးကို အဆုံးထိ နားထောင်သွားပါတယ်.ဆိုထားတာ ချစ်ဖို့ကောင်းတယ်. နောက်လည်း စာတွေဆက်ရေးပါဦးနော်.အမြဲလာအားပေးနေကျပါ :D

jasmine(တောင်ကြီး) said...

ချစ်ညလေးရေ
သီချင်;လဲကောင်းတယ် စာရေးလဲကောင်းတယ်လူလဲချစ်ဖို့ကောင်းတယ်
ချစ်တဲ့ sis jasmine

san htun said...

ဆီးသီးထုတ်ရင်ပြော အားပေးမယ်နော်.

အောင်အောင် said...

"နောင်တနေ့တော့ ပြန်တွေ့တာပေါ့.."အဲစာသားလေးကြိုက်တယ် နီရေးထားတာလား CANDY...နိ Cbox ကိုပြန်ဖွင့်ပါတော့...!သီချင်ဆိုတာကောင်းလို့ လက်ဆောင်ထားခဲ့တယ်...!(မှတ်ချက်။ ။ဗုံး အလုံး 50...)ဒါဘဲ ပြန်ပြီ ဂိမ်းဆော့တော့မယ် နိုင်ရင် ထပ်ပို့ပေးမယ်(ဗုံး...)ဟဲ..ဟဲ

ချမ်းမင်းကို(ပဥာက်) said...

ငါညီမ..အကိုကျအားပေးပြီး..ဘယ်လိုဖြစ်၇တာလည်း...fighting

ဘရဏီ said...

ဆီးသီးထုတ်လို့ရပြီဗျို့  :) စတာနော်။ကန်ဒီလေးက
အသံကောင်းတယ်။

♫♪★လွမ်းပိုင်ရှင်★♪♫: said...

နားထောင်သွားပါ၏ဗျာ တစ်နေ့တော့ဆုံမှာပါဗျာ

မေမြို့မိုး said...

အစ်မ အသံမိုက်တယ်.. အခွေထုတ်ရင်လက်တို့လိုက်မယ်လေ..။ ပေါင်းထုတ်ရင် နာမည်ကြီးလောက်တယ်..။ ဟဟဟ.။ ဒါနဲ့ စီဗုံးက ဘယ်တော့ ပြန်ဖွင့်မှာတုန်း..။

Anonymous said...

သီချင်းလေးခံစားနားဆင် အားပေးသွားပါတယ်...
camomilla

မဒမ်ကိုး said...

ခပ်တည်တည်နဲ့ဖွင့်လိုက်တော့အသံမှမထွက်တာနာ့စက်က ဟိဟိ

အိမ်ကျမှနားထောင်မယ်အေ

ချစ်သောအမဂျီး

ဒိုးကန်

စိန်ကုန်သည် said...

စိန်ကုန်သည်ကြီး လာလည်သွားပါသည် ။ အချိန်ရရင် စိန်တွေကြည့်ဖို့လာလှည့်ပါဦး အသန့်လေးတွေပါလို့ လာဖိတ်တာပါ ... :D

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမက အသံကောင်းလေးပဲ အားပေးသွားပါတယ်

မြတ်ကြည် said...

ပထမ တစ်ပုဒ်ထက် ကြိုက်တယ် :)

Vista said...

အခွေထုတ်တော့ ကန်ဒီ ... ကြိုးခွေ မဟုတ်ဘူး သီချင်းခွေ။း)

သဒ္ဓါလှိုင်း said...

နားထောင်ချင်လွန်းလို့ နှိပ်ပြီးတော့ကို နားထောင်သွားပါရဲ့ ညီမကန်ဒီရေ။ နောက်လည်း ဆိုပါအုံးး အားပေးမလို့။။။
ချစ်တဲ့
သဒ္ဓါ

8Yar said...

တထေး လစ်တုန်း နားထောင်မလို့ပါချို။ နားကြပ်က မချိဘူး။ နောက်တချင်းတင်မယ်ချို အတွက် နားကြပ်လှမ်းပို့ထား။ တိန်! ဟိဟိ :P တယ်ရင်း Post အသစ်တင်တာပျော်လို့ နောက်တာ။ :D :D :D

ညိမ်းနိုင် said...

အခွေထုတ်ဖို့အစီအစဉ်ရှိရင်ပြောနော်...၊ဦးလေး...ဒီ
တစ်သက် သီချင်းနားမထောင်တော့ပဲနေမလို့....:P
စတာ....၊ဖိုးမောင်ကဂလိုလည်းလုပ်တတ်တယ်လား....၊
အတော်ပဲ.....အလှူခံစာသားတွေအသံသွင်းပြီး လိုက်
အလှူခံဦးမှပဲ...အွန်လိုင်းမှာ.....:D

အောင်အောင် said...

Cbox ရှိသားနဲ့ မဖွင့်သောသူ ရုပ်ဆိုးတက်ပါ၏....

မောင်(စွယ်စုံကျမ်း) said...

ချက်တင်အပြည့်အစုံက ဒီလိုမဟုတ်ပါဘူး..ဆင်ဆာဖြတ်ထားတယ်...တွေ့ မယ်...ဟွင်းဟွင်း..မိသကြား ပြေးထားပေတော့....နကိုဖဲ့နေတာ..နာမကျေနပ်ဘူးကွ...တိမယ်..တိမယ်..ငါတော့သီချင်းနားထောင်ပြီးအိပ်တာ..ခုမှပဲနိုးတာဟေ့...တစ်နေ့ တော့..ရန်တွေ့ မှာပေါ...

အောင်အောင် said...

ဗုံးအလုံး 1000000 ထောင်ခဲ့တယ်

မောင်(စွယ်စုံကျမ်း) said...

ငါကအခုမှနားဆင်တာ..ဟိဟိ..စာလုံးပေါင်းလေးလွဲနေတာ........ဆော၇ီးနော်..မှတ်ထား..ငါ့ကိုဖဲ့အုံး...တေဟ...တစ်နေ့ တော့..ရန်တွေ့ တာပေါ့..ိန်တစ်နေ့ တော့..ရန်တွေ့ တာပေါ့..တစ်နေ့ တော့..ရန်တွေ့ တာပေါ့..တစ်နေ့ တော့..ရန်တွေ့ တာပေါ့..တစ်နေ့ တော့..ရန်တွေ့ တာပေါ့..တစ်နေ့ တော့..ရန်တွေ့ တာပေါ့......၀ါးးးးးးးးးးး..အိပ်ချင်လာပီ.

₭Ǿ2 said...

သူများသားသမီးတွေ များ အသံလည်း ကောင်း ရုပ်လည်းချော .. အားကျထှာအေ .. အဒီ

ဟန်ကြည် said...

အိမ်း...စာမေးပွဲတွင်းမို့လို့ ပင်ပန်းနေတာ သီချင်းဖွင့်နားထောင်လိုက်မှပဲ မျက်လုံးပြဲသွားတယ်...သာဓု သာဓု ငပေါမလေးရေ...ဦးဟန်ကြည် ရှာနေတဲ့ အဆိုတော်တော့ တွေ့ချေပြီပေါ့...း)

ညီရဲ said...

သီချင်းလာ နားထောင်တယ် ညီမရေ...

mstint said...

ဘာစာမှရေးမထားရင် တကယ့်အဆိုတော်လို့
ထင်သွားကြလိမ့်မယ် လူကချစ်စရာကောင်းသလို
အသံလည်းကောင်းတယ် မုန့်ကျွေးး))
ရေစက်မကုန်ပဲပြန်လည်ဆုံတွေ့ခွင့်ရကြမှာပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ရင်ဆူး said...

ချိုချဉ်ရေ...အဆုံးထိနားထောင်သွားတယ်နော်.....ဆုံးသွားမှန်းကိုမသိလိုက်ဘူး....သီချင်းပြောတာ..နားထောင်ကောင်းကောင်းနဲ့နားထောင်နေတာ....တကယ်ကောင်းတယ်...ဟိဟိ မုန့်ဝယ်ကျွေး....ငါ့ညီမအသံခုမှကြားဖူးတယ်....
ဆီးသီးထုတ်လို့ရပြီ....ဟီဟီး.

BRAINLESS said...

သီချင်းနားထောင်သွားပါ၏...ကျေးဇူး......

Anonymous said...

ဒီနေ့ မှတစ်ပုဒ်လုံးနားထောင်လို့ ရသွားတယ်။
အေးအေးလေးနဲ့ ဆိုသွားတာကောင်းတယ်။
ဒါပေမဲ့သီချင်းထဲကလိုများခံစားနေရသလားလို့ လည်းတွေးမိသွားသေးတယ်။
အိုင်အိုရာ

ဝိ၀ိ said...

အသံက ကောင်းလိုက်တာ

Min Ayeik said...

သီချင်းလေးပြီးအောင် မနည်းနားထောင် အဲလေ အားပေးနားထောင်သွားတယ်နော်
ခွီးခွီး အာ အရေးထဲ ရေကလာသီးနေသေးတယ်
နောက်တာပါသူငယ်ချင်း
ရုပ်ချော အသံကောင်း ပိုက်ဆံနည်းနည်းလောက်ချေးပါလား :P