ကန်ဒီက ဘယ်သွားလို့ ဘယ်က ပြန်လာတာလဲဆိုပြီး တွေးနေလား??? ကန်ဒီဘယ်မှ မသွားပါဘူး။ အားလုံးသတိထားမိလားတော့ မသိဘူး။ ကန်ဒီ စိတ်ညစ်လို့ Diary မရေးတာ ကြာပြီ။ ဘာလို့စိတ်ညစ်လဲဆိုတာတော့ မမေးပါနဲ့။ အားလုံး သိမယ်ထင်ပါတယ် :P
အစ်ကိုတယောက်ကို ပိုစ့်တပုဒ်ရေးပြီး အားပေးဖူးတယ်။ ဟုတ်တယ်။ ကန်ဒီ ကိုယ်တိုင် လဲကျခဲ့တယ်။ ဒါတွေ ထားလိုက်ပါတော့။ ခု ကန်ဒီ ပြန်လာပြီ။ အရင်ဆုံး ကန်ဒီကျေးဇူးတင်စကားပြောချင်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ နည်းမျိုးစုံနဲ့ အားပေးခဲ့တဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ၊ နောက်ပြီး ကန်ဒီ ဘာမှမပြောခဲ့ မရေးခဲ့တာတောင် အလိုလိုရိပ်မိပြီး စီဘောက်မှာ အားပေးခဲ့တဲ့ စာဖတ်သူတွေ၊ ခုချိန်ထိ ကန်ဒီ့ဆီ လာလည်နေသေးတဲ့သူတွေလည်း အပါအ၀င် အားလုံး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် :D :D
အစ်ကိုတယောက်ကို ပိုစ့်တပုဒ်ရေးပြီး အားပေးဖူးတယ်။ ဟုတ်တယ်။ ကန်ဒီ ကိုယ်တိုင် လဲကျခဲ့တယ်။ ဒါတွေ ထားလိုက်ပါတော့။ ခု ကန်ဒီ ပြန်လာပြီ။ အရင်ဆုံး ကန်ဒီကျေးဇူးတင်စကားပြောချင်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ နည်းမျိုးစုံနဲ့ အားပေးခဲ့တဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ၊ နောက်ပြီး ကန်ဒီ ဘာမှမပြောခဲ့ မရေးခဲ့တာတောင် အလိုလိုရိပ်မိပြီး စီဘောက်မှာ အားပေးခဲ့တဲ့ စာဖတ်သူတွေ၊ ခုချိန်ထိ ကန်ဒီ့ဆီ လာလည်နေသေးတဲ့သူတွေလည်း အပါအ၀င် အားလုံး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် :D :D
အကြီးမားဆုံးကိစ္စကတော့ လာမယ့်သောကြာနေ့ စာမေးပွဲရှိတယ်။ ခုစာတွေ လုပ်နေရတယ်။ ဒီရက်ပိုင်း အစားလည်း ကောင်းကောင်းမစားရဘူး။ ဟင်းမှ မချက်နိုင်တာ။ အစားဆိုလို့ ပြရဦးမယ်။ ခေါက်ဆွဲခရမ်းရောင်တဲ့။ ကန်ဒီ့ ညီမ၀ယ်လာတာ။
ဘဏ်က ကန်ဒီလည်း Request မလုပ်ဘဲနဲ့ ကတ်အသစ်ထပ်ပို့တယ်။ ပို့တော့လည်း ယူလိုက်တာပေါ့။ ATM မှာ Activate လုပ်တာ မရဘူး။ ကိုယ်ပဲ ညံ့လို့လား မသိဘူး။ Block ဖြစ်သွားတယ်။ Block ဖြစ်သွားတော့ ပြန်ဖွင့်ခိုင်းဖို့ ဘဏ်သွားရတယ်။ ကိုယ့်ဟာကိုယ် အေးအေးနေနေတာကို ကတ်အသစ်ပို့ပြီး အလုပ်ရှုပ်အောင်လုပ်တယ်။ အဲ့ဒါနဲ့ စနေနေ့က ညီမနဲ့ Tiong Bahru ကဘဏ်သွားတာ Tanjong Pagar မှာဆင်းတယ် (>.<)။ ၂ဂိတ်ပြန်စီးရတယ်။ ဟိုရောက်တော့ လိုအပ်တာတွေလုပ်ပြီး နေ့လည်စာကို MosBurger မှာစားတယ်။ ပုံမှန်ဆို ကန်ဒီ Burger မကြိုက်ဘူး။ အထူးသဖြင့် McDonald တို့ဘာတို့ မကြိုက်ဘူး။ မဖြစ်မနေမှ စားတယ်။ ညီမက တခါတလေလေး အပြင်ထွက်တာ စားကြည့်တဲ့။ ဟိဟိ ကန်ဒီအိမ်တွင်းပုန်းတာ ပေါ်ကုန်ပြီ။ MosBurger ကတော့ မဆိုးဘူး။ စားကောင်းတယ်။ Fast food မဟုတ်တာလည်း ပါမယ်ထင်တယ်။ ပို Fresh ဖြစ်တယ်လို့ ထင်တယ်။ စောင့်ရတာလည်း တော်တော်ကြာတယ် >.<
သူ့ဒီဇိုင်းလေးကို သဘောကျလို့...ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ဆွဲထားသလိုမျိုးလေး :D
Yummy....ကုတင်ပေါ်မှာတင်ထားတဲ့ဖုန်းကို ဒူးနဲ့ တိုက်ချလိုက်တယ်။ နည်းနည်း ပဲ့သွားတယ်။ ဖုန်းက အဖြူဆိုတော့ Correction pen နဲ့ တို့လိုက်တယ်။ မသိသာအောင် အဟိဟိဟိ :P :P ပုံမှန်ညဘက် စောစောအိပ်လေ့မရှိပေမယ့် စာလုပ်နေတော့ အိပ်ချင်တယ်။ တခုခုစားနေရရင် မအိပ်ချင်ဘူး။ အဲ့ဒါကြောင့် သရေစာမုန့်တွေဝယ်ထားတယ်။
ရေခဲချောင်းးးး... အဲ့ဟာ စားလို့ကောင်းတယ်။ တကယ့်အသီးကနေ လုပ်တာတဲ့။
ဆိုးဆေးနဲ့ preservative တွေ မပါဘူး။ ကျန်းမာရေးအတွက် သင့်တော်တယ် ဟဲဟဲ
လိုင်ချီး အရင်စားတယ်။
ဆိုးဆေးနဲ့ preservative တွေ မပါဘူး။ ကျန်းမာရေးအတွက် သင့်တော်တယ် ဟဲဟဲ
လိုင်ချီး အရင်စားတယ်။ အစ်ကို ချစ်သူမောင်နဲ့ မောင်လေး မေမြို့မိုးက ပိုစ့်နှစ်ပုဒ် တဂ်ထားတယ်။ ပိုစ့်နှစ်ပုဒ်လုံးက နည်းနည်းမြင့်တယ်။ နှံနှံစပ်စပ်သိမှ ပြောနိုင် ရေးနိုင်မယ့်ဟာမျိုး။ ကန်ဒီ့လို ပုဇွန်ဦးနှောက်က လိုက်မမှီဘူး ဖြစ်နေတယ်။ ရေးဖို့စာလိုက်ဖတ်မယ်ဆိုရင်တောင် တော်တော်ဖတ်ရမယ်။ ခုစာမေးပွဲလည်း ရှိနေတော့ မဖတ်နိုင်ဘူး ဖြစ်နေတယ်။ သေချာမသိဘဲလည်း မရေးချင်တော့ မရေးဖြစ်တာ ခွင့်လွှတ်ပေးပါနော် (အချိုသပ်ပြီး စပ်ဖြီးဖြီးရုပ်နှင့် ပြောသည်)။ သူတို့ ရေးထားတဲ့ပိုစ့်လေးတွေ သွားဖတ်ချင်ရင်ရအောင် လင်ခ့်ချိတ်ပေးလိုက်မယ်နော်။
ဆန္ဒမစောကြပါနဲ့ (ချစ်သူမောင်)
ရင်နာခဲ့ရတဲ့နေ့ (မေမြို့မိုး)
ဆန္ဒမစောကြပါနဲ့ (ချစ်သူမောင်)
ရင်နာခဲ့ရတဲ့နေ့ (မေမြို့မိုး)
သွားထားတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က.. ပိုစ့်တင်မယ်ဆိုပြီး စိတ်တွေ မကြည်လို့ မတင်ဖြစ်တာ။ ခုလည်း စာမေးပွဲနဲ့ဆိုတော့ စာမေးပွဲပြီးမှ တင်တော့မယ်။ စာမေးပွဲက ၂၇ ရက်နေ့ပြီးမယ်။ ဒီကြားထဲ ကန်ဒီပျောက်နေရင် သည်းခံပေးနော်။ လွမ်းရင်တော့ တကြောင်း နှစ်ကြောင်းရေးပြီး ပိုစ့်တင်ဦးမယ် အဟိဟိဟိ :D :D

30 comments:
စာမေးပွဲကောင်းကောင်းဖြေနိုင်ပါစေ ချိုချဉ်လေးရေ...။ ခုတော့ ခနလေး ဦးနှောက်လာဆေးတာပေါ့...။
ဖွားလေးနခေါင်းကလည်း ကာတွန်းနခေါင်းလေး ခိခိ....
ရေခဲချောင်းမစားဖြစ်တာတောင်ကြာပြီ။ စာမေးပွဲဖြေနိုင်ပါစေ။ မြတ်ကြည်က ဧပြီ ၄ရက်။ အခုထိ ဟုတ်တိပတ်တိမလုပ်ဖြစ်သေး။ :D
အမယ်..ငါ့ညီမက လန်းနေပါလား...
ရောက်၏ .. ကန်န်ဒီ
ဒါမျိုးပေါသောသောလေး မြင်ရတာ စိတ်ချမ်းသာတယ်..ဒီထက်ပေါရင်တော့ ဘယ်လိုနေမယ်မသိ...
ချစ်တဲ့
အိမ်မက်
ဟုတ်ပ... စာမွဲတွင်းဆိုတော့ မျောက်မှန်ကြီး မချွတ်နိုင်ဘူးဖစ်နေတယ်.။
ပါဝါများမယ်ထင်တယ်နော်.. ။
တားလည်းတပ်ရတယ်.။ ဘယ်၁၅၀ ညာ ၁၇၅..။
နည်းပညာကျေးဇူးကြောင့်.ပုလင်းဖင်တော့မတပ်လိုက်ရဘူး.။ ဟီး ဟီး..။
ပြန်လာပြီတော့တော့ဝမ်းသာစရာပေါ့
ညီမရေ စာမေးပွဲဖြေနိုင်ပါစေနော်..
အလင်းရောင်နဲ့ ခဏဝေးတဲ့အခါတိုင်း
စိတ်ဓါတ်တွေလည်း မကျပါနဲ့
တခြားဘ၀တွေလည်း ဒီလိုပဲ
တစ်နေ့နေ့တော့ ကြိုးစားမှုရဲ့ ရလဒ်တွေ…
ပိုင်ဆိုင်ကြုံတွေ့လာမှာပါ….။
မထင်မှတ်ထားတာတွေ ရင်ဆိုင်လာရတဲ့အခါ
ဘယ်ဆီမှလည်း လျှောက်မပြေးပါနဲ့
မားမားမတ်မတ် အကောင်းဆုံးရင်ဆိုင်လိုက်ပါ
ဘာပဲဖြစ်ဖြစ် This too will Pass ပေါ့….။းးးးးးးD
စာမေးပွဲဖြေနိုင်ပါစေနော်မမကန်ဒီ
စာလုပ်တော့ငါ့ညီမရေ....စိတ်ညစ်တာတွေ အခန်းဝမှာချိတ်......ဖြေနိုင်တယ်ဆိုတာဘဲ ကြားချင်တယ်နော်........
စာမေးပွဲတွေအားလုံး Grade ကောင်းကောင်းရပါစေ ချစ်ညီမလေး.. :) :D
ကန်ဒီလေးစာမေးပွဲဖြေနိုင်ပါစေ။
ဟင်းးဟင်းးစာမေးပွဲအကြောင်းပြပြီးအစားချည်းလှိမ့်တီးမနေနဲ့နော်သကြားလုံး
ဆေးသောက်လို့သကြားလုံးတို့ပုံမှန်ပြန်ဖြစ်ပြီ
ခုတော့ သာမီးစားချင်တာစားလို့ရပြီ ချောင်းဆိုးတော့ဝူးး ရင်ကြပ်တော့ဝူးးး ဆေးလဲထိုးရတော့ဘူး ဆေးလဲသောက်ရတော့ဘူးး)))
ကန်ဒီနော်.... :))
စာမေးပွဲနားနီးပြီဆိုတော့ စာလဲကြည့် ကျန်းမာရေးကိုလဲ ဂရုစိုက်ဦး ညီမ...
စာမေးပွဲဖြေနိုင်ပါစေခင်ဗျာ.. :)
ဪဟော်... ကဒ်သစ်ရလို့ ဘဏ်သွားရအုံးမယ်လို့ပြောတာကိုး။ ညေး သဲစေတီကို မလိုက်ချင်လို့ မဟုတ်လား။ တိန်! :P ခရမ်းရောင် ခေါက်ဆွဲကိုမြင်ဖူးချင်တယ်။ ဒါပေမယ့် 8Yar ကခေါက်ဆွဲမကြိုက်ဘူးဗျ။
"အဲ့ဒါ ဘယ်နေရာလို့ ထင်လဲ?? (သဲလွန်စ မရှိသောပုံကို တမင်ပေးသည် :P)" အဲ့ဒါ ကားစီးတုန်းရိုက်ထားတာဖြစ်ရမယ်။ ဟိ ဟိ.. စိတ်ဆိုးနဲ့နော်။ သူငယ်ချင်း Candy ပြန်လာလို့ ပျော်လို့ လျှောက်ရေးတာ။ စာမေးပွဲအပြီး တွေမျော်နေမယ်နော်။ :)
Candy က ဉာဏ်ကောင်းတာပဲ ဖြေနိုင်မှာပါ... တရားနဲ့.. တိန်! :P နှာ့နယ်နော် အကောင်းပြောနေရင် စိတ်ကဖောက်ဖောက်လာတယ်။ ဒါဗြဲ Candy ရေ... :)
စာမေးပွဲမှာထူးထူးချွန်ချွန်နဲ့အောင်မြင်ပါစေနော်
ပြန်ရောက်ရင်လဲရေးစရာကြည့်စရာဖတ်စရာလေးတွေ
လုပ်ပါဦးလေ
ညလေးလှလှကိုတော့ချစ်မိပါပြီနော်
သဲလွန်စ ရသွားပြီ CANDY နီ နောက်မှာလည်းတိုင်နဲ့ လက်မှာလည်းကြိုးနဲ့ဆိုတော့ နီ ရွာသာကြီးရောက်တုန်းက ရိုက်ထားတာပါ..CANDY ဟိုတလေားကပျောက်သွားတာ ရွာသာကြီးကိုရောက်သွားတာ ဒါကြောင့် "ရွာသာကြီးရောက် အမှတ်တရ ပုံ"...(မှတ်ချက်။ ။စတာနော် စိတ်ချိုးနဲ့...)ပျော်ရွှင်ပါစေ သံခြင်း
ဒီဘိတ်ကဒ်ဆိုလားဘာလား အဲ့ဟာလား....နာတို့ဆီ
ပို့တာကြာပေါ့..တူမတူတော့မတိ...၊သွသူ အဆင်ပြေ
သွားတာပါပဲ...နာတို့တော့...။အင်း..ပြန်လာပြီပေါ့....မုန့်ဝယ်ကျွေးဖို့ ပြင်ထား...စာမေးပွဲပြီးရင်...:)))။ဒါ့ပုံထဲကနောက်ခံရှုခင်းကိုသေချာကြည့်တယ်...။
ဒါစင်္ကပူမှာရိုက်ထားတဲ့ပုံမှတ်လား...:P။ကဲ..မှန်တယ်
ဟုတ်....:)))))။ချိုင်းနိ့ဂါးဒင်းဖြစ်မယ်ထင်ရဲ့...။
ခုလိုလေးပြန်တွေ့ရတာအရမ်းဝမ်းသာတာဘဲ
စာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ပါစေ...
ချစ်ခင်တဲ့
အစားအသောက်တွေ မသောင်းကျန်းနဲ့နော်။
ကျန်းမာရေးဂရုစိုက်ပြီးစာကျက်ပါ သကြားလုံးလေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
stress တွေ အရမ်းများနေတယ်နဲ့ တူနယ်
ဒါပေမယ့် မျက်နှာကတော့ ever smile နေတာပဲ
ဟုတ်တယ် အစ်မရေ
အရင်လို ပေါပေါလေးပဲနေပါ
နည်းနည်းလေးတော့ ပေါနေတယ်
ပေါပေါလေးပဲကောင်းပါတယ်
ဒို့တွေမတွေ့ဖြစ်တာတောင်အတော်ကြာပါပေါ့
စာတွေကြားလုံးပန်းနေရတာနဲ့တင် ဟီးးးးးး
တခါတလေတော့ ခေါင်းထောင်ပြီး ထိုးထွက်
အလည်လာခဲ့ရ၏။ နေကောင်းတယ်ဟုတ်?
စာမေးပွဲကောင်းကောင်း ဖြေနိုင်အောင် ဖြေနော်။ စာတွေနဲ့ချည်းတော့ ပိမနေနဲ့ပေါ့း)။ လန်းလန်းဆန်းဆန်း ဖြစ်အောင်လည်း နေပေးပေါ့။
ချစ်တဲ့
မမသဒ္ဓါ
ရေးထားတာတွေလည်းဖတ်တယ်။ကွန်မန့်် တွေလည်းဖတ်တယ်။ပုံတွေထဲမှာ အောက်ဆုံးကြမှ မမတီရဲ့  ပုံအစစ်ကိုတွေ့ တော့တယ်:P
ခင်မင်လေးစားလျက်-လေလွင့်
ကန်ဒီရေ အပေါ်ဆုံးပုံက ငါ.ကိုအလေးပြုတာလား ဟီးး
အဲ.လောက်ထိလေးစားဖို.မလိုပါဘူး အချင်းချင်းတွေဘဲ
ငါ ပြန်အလေးပြုလိုက်တယ်နော် ဟီးး
ကန်ဒီရေ စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့  ဖြေဆိုနိုင်ပါစေ..Aja Aja Fighting !
ကန်ဒီရေ..စာမေးပွဲအတွက် ရတြယာချေရမယ်...အချင်းချင်းတွေမို့ ရတြယာ လက်ဆောင်ပေးခဲ့တယ် သေချာလုပ်လိုက်ပါ ။စာမေးပွဲဆိုတော့ အင်္ဂါနံဆိုတော့ကား ဒီလိုလုပ်. စာမေးပွဲဖြေမဲ့ စာအုပ်ကို ရှေ့မှာချပါ၊ စောင်ခြုံပြီး၊ စန္နရားလှထွတ်သီချင်းကိုနားထောင်ပြီး၊ဆီးယိုစားပြီးလျှင်၊ စောစောစီးစီး အိပ်ပါလေ..ထိုရတြယာကိုနေ့စဉ်ပြုလုပ်ပေးပါက မြေကြီးလက်ခက်မလွဲ စာမေးပွဲကြီးအောင်ပါလတ္တံ့
စာမေးပွဲပြီးရင် ဘလော့အသစ်က ဓာတ်ပုံလေးတွေလာကြည့်အုံးနော်
ငပေါလေး.......
ညဉ်းဆီကိုလာရတာ မကောင်းဘူးသိလား
အကို့ကို သရဲခြောက်ခြောက်လွှတ်တယ်))၀။
Post a Comment