Wednesday, March 28, 2012

အာပေတူး မော်ဒယ်လ် :P

Helllloooo!!!!

အဟင့်.......
စာမေးပွဲ ဖြေနိုင်ဘူးးးးး :(
ပုစ္ဆာတွက်တာမှားတယ်။ တခြားဟာတွေ ရွေးဖြေလို့ရရဲ့သားနဲ့ ဆရာမက ပုစ္ဆာပါရင်ဖြေပါလို့ အတန်တန်ပြောထားတော့ စကားနားထောင်ပြီး ဖြေတယ်။ ဖြေပြီး မှားတယ်။ ခုတော့အမှတ်တွေ ပလုံကုန်ပြီ :( နောက်တခေါက် ပြန်မဖြေချင်ဘူးးးး >.<

စာမေးပွဲပြီးတော့ အတန်းထဲကလူတွေနဲ့ Plaza sing က Fish market မှာ Gathering.. လုံးဝမပျော်ဘူးးး
မကျက်တဲ့ဟာမေးလို့ မဖြေနိုင်ရင် ဘာမှ မဖြစ်ဘူး။ ခုတော့ ကျက်ရဲ့သားနဲ့ ဒီလိုဖြစ်တယ် :(((
စာမေးပွဲ မဖြေနိုင်ဘူးးးးးး :(

တော်ပြီ။ ဒါတွေ ခေါင်းထဲက ထုတ်လိုက်တော့မယ်။ ကိုယ်အကောင်းဆုံးလုပ်ခဲ့တာပဲ။ ပြန်ဖြေရမယ်ဆိုလည်း ပြန်ဖြေလိုက်မယ် (အဟင့်)။ တခြားလုပ်စရာတွေ ရှိသေးတယ်။ Thesis လည်း ဆက်ရေးရဦးမယ် @_@

Okieee.... Let's Cheer up!!!!!! :D :D

မတ်လဆန်းလောက်က ကန်ဒီ့သူငယ်ချင်းတွေနဲ့ Lake side ဘက်မှာ ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ Lake side mrt ကနေဆင်းပြီး Chinese garden ဘက်ကို လမ်းလျှောက်တယ်။ ဓာတ်ပုံရိုက်လိုက် လျှောက်လိုက်ပေါ့။ သူငယ်ချင်း Photographer လောင်းလျာလေးတွေအတွက် ကန်ဒီနဲ့ နောက်သူငယ်ချင်းတယောက်က အလကား အလကား.. ထမင်းသိုး ဟင်းသိုး.. အာပေတူး မော်ဒယ်လ် လုပ်ပေးတာပေါ့ ဟိဟိ (:P)။ မလုပ်ချင်လုပ်ချင် လုပ်ပေးတယ်တော့ မထင်ပါနဲ့။ ကင်မရာအကောင်းစားနဲ့ အရိုက်ခံရတာ နည်းတဲ့ အခွင့်အရေးလား :P :P


ကန်ဒီတို့ ရောက်ရောက်ချင်း ၂ပုံလားပဲ ရိုက်ရသေးတယ်.. မိုးက ရွာလာရော။ အဲ့ဒါနဲ့ မိုးတိတ်အောင် စောင့်ရသေးတယ်။ ကိုယ့်ဟာကိုယ်ရိုက်ရတာ လွယ်သလောက် သူများရိုက်တာကို မော်ဒယ်လ်လုပ်ပေးရတာ မလွယ်ဘူး။ ကိုယ်တိုင်ကလည်း အာပေတူး မော်ဒယ်လ်လေ :P


Candy: ငါမော်ဒယ်လ် ဖြစ်နိုင်လားဟင်... (စပ်ဖြီးဖြီး ရုပ်နှင့်)
My friend: အင်း.. နင် ကောက်ကြောင်းတွေ ပြနိုင်ရင်တော့ ဖြစ်ရင်ဖြစ်မယ်...
Candy: =/

အင်း.. သူပြောတာလည်း ဟုတ်သလိုလို။ ခုခေတ်"မော်ဒယ်လ်"ဆိုတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အဲ့လို ကောက်ကြောင်းတွေကို အဓိက ပြကြတယ်နော်။ နောက်ပြီး မလုံ့တလုံလေးတွေ။ မော်ဒယ်ဆိုတာ အဲ့လိုမှ ဖြစ်တာလား စဉ်းစားစရာတောင် ဖြစ်လာတယ်။

ကမ်းနားမှာလေ....

မော်ဒယ်လ်လုပ်ပေးတဲ့ နောက်သူငယ်ချင်း တယောက်ရှိသေးတယ်။ သူ့ပုံလေးတွေလည်း တင်ချင်ပေမယ့် မကြိုက်မှာစိုးလို့ မတင်တော့ဘူးနော်။ ကန်ဒီ့ပုံတွေပဲ ဖျစ်ညှစ်ပြီး ကြည့်ပေးကြပါ :P :P

သူ့ကို မကြည့်ပါနဲ့တဲ့.. မမြင်ရလေ လှလေ ထင်တယ် =.='

ဒါ ကန်ဒီအကြိုက်ဆုံးပုံ... သစ်ပင်ကြီး အကြီးကြီးနဲ့ :D

ခုံတန်းလေးပေါ်မှာ...

အဲ့ဒီမြက်ခင်းက မိုးရွာပြီးခါစ ရေစိုနေတယ်။ ဒါလည်း ထိုင်တာပဲ အဟိ

Chinese Garden ဘက်ရောက်နေပြီ။

တခါလာလည်း ဒီလိုရီ.. နောက်တခါလာလည်း ဒီလိုပြုံး.. ပုံစံပြောင်းပြီး ရီနည်းရှိရင် ကောင်းမယ်နော်။ တပုံနဲ့ တပုံမထပ်အောင် ဟီးဟီး xD


ကန်ဒီရုပ်တည်နဲ့ပုံတွေချည်းပဲ ကြည့်နေရရင် ပျင်းနေဦးမယ်။ ပြောင်ချော်ချော် ပုံလေးတွေလည်း ထည့်ဦးမှ။

ဒါက ကန်ဒီ့ အိုင်ဒီယာ။
ငါ့ကို ဒီလိုရိုက်ပေးစမ်းပါ ဆိုပြီး ရိုက်ခိုင်းထားတာ အဟိ

လျှပ်တပြတ်ရိုက်ချက်..

အဲ့ဒါပြောတာပေါ့။ လျှပ်တပြတ်တွေ မရိုက်ပါနဲ့ဆိုတာ။ လူက ကိုးရိုးကားယားနဲ့ ပြောင်ချော်ချော်တွေပဲ ထွက် ထွက်လာတယ်။ ပုံတွေက ဘလော့ပေါ်တင်ရင် Quality ကျသွားသလိုပဲ။ ၀ါးသလို ဖြစ်တယ်။ ပုံပေါ် Click ကြည့်ရင်တော့ ကြည်တယ်။ အဲ့ဒါ ဘာလို့လဲ မသိဘူး။ သိတဲ့သူများ ရှိရင် ပြောပြကြပါနော် :D

တော်သင့်ပြီ ထင်တယ်။ မတော်လည်း ခဲနဲ့ ထုကြတော့မယ် xD
အိပ်ပြီ တာ့တာ....

Photo Credit: AK and WLA

23 comments:

အောင်သက်ခိုင် said...

မော်ဒယ်မမကန်ဒီရေပုံလေးတွေအရမ်းလန်းတယ်နော်ပုံလေးတွေတဝကြည့်သွားတယ်နော်::P

မောင်(စွယ်စုံကျမ်း) said...

အဆိုတော် မလုပ်သေးဘူးလား..ကြည့်ကြက်လုပ် ခေါင်းဖြတ်ဆက်လိုက်မယ် လူခေါင်းနဲ့ မျောက်ကိုယ်...ခိခိ

khin oo may said...

ူlike

ချစ်စံအိမ် said...

ညီမရေ လူလေးကချောပြီပုံတွေနဲနဲဝါးသလားလို့နော်
ရိုက်တဲ့သူသိရင် နာတော့နာတော့မယ် :D

ချမ်းမင်းကို(ပဥာက်) said...

အ၇ူံးရဲ့အရသာကိုသိလေလေ အောင်မြင်မူ့ရဲ့ အရသာကိုပိုပြီး တောင်းတလာလေလေပါပဲ..fighting

ဝိ၀ိ said...

ကြည့်ရှု အားပေးသွားပါတယ်

အလွမ်းမြို့လေး said...

ညီမလေးရေ ချစ်စံအိမ်ပြောတာ မှန်တယ်ဗျို့။
ဓါတ်ပုံက နည်းနည်းဝါးနေတယ်။ ဒါပေမဲ့ ညီမလေးက
ချစ်ချာလေးပါ.... ဝါးလည်း ချစ်ချာလေးပါ..


ခင်မင်တဲ့
မကြီးလွမ်း

မေမြို့မိုး said...

အသာလုပ်ပါ.. အစ်မရာ. ဟိဟိ.ဒါနဲ့ကင်မရာအကောင်းစားနဲ့ရိုက်တာတောင် နာ့အစ်မလောက်သမ္ဘာမရင့်သေးလို့ထင်တယ်..။ပုံတွေက ၀ါးနေတယ်..။ မင်းသမီးလုပ်ရင်ပြောနော်.. ကျွန်တော့်
အခွေမှာ သရုပ်ဆောင်ခိုင်းမယ် ငှဲငှဲ..။

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ။
ဒီထက်ပိုဝါးရင် ဒီလောက်မက ပိုလှလောက်တယ်။း)

မြတ်ကြည် said...

စာမေးပွဲပြီးပြီဆိုတော့ စိတ်အေးရပြီပေါ့။ အားကျ။ သစ်ပင်ကြီးနဲ့ပုံ လှသည်။ :)

မိုးငွေ့...... said...

သမီးပုံလေးတွေအားလုံးချစ်စရာလေးတွေပါ...။

မဒမ်ကိုး said...

လန်းသဟေ့ သကြားလုံးရေး))

Anonymous said...

ဝတ်မှုံကန်ဒီး)
လှပြီးသားကို ထပ်ပြီး လှတယ်ပြောသွားတယ်။
ဘေးတစောင်းပုံတွေ
ထပ်ကြည့်တော့ ခင်ဘုဏ်းလိုလိုး)
သေသေချာ.တည့်တည့်ကြည့်ပြန်တော့
ကန်ဒီဖြစ်နေပြန်ရော :P
ပျော်ရွှင်ပါစေကွယ်..

Anonymous said...

မျက်နှာလေးတွေချည့်ရိုက်ထားတာမရှိဘူးလား။
မျက်နှာဖုံးပုံတွေလိုမျိုးလေ။
အမြဲလှနေတဲ့ကန်ဒီလေးစာမေးပွဲအောင်ပါစေ။
အိုင်အိုရာ

လွင်ပြင်လှိုင်းငယ် said...

ညီမလေးရေ ပုံလေးတွေကြည့်သွားတယ်နော်
စကားမစပ် အကို့လင့်ပြောင်းထားတယ်နော်
http://sabailwinpyinhlaing.blogspot.com/

jasmine(တောင်ကြီး) said...

ကန်ဒီ လှလှ ပထမ
ပုံတွေအရမ်းကိုလှတယ် ရိုက်တဲ့လူကလဲတော်ပါတယ်
ရှုခင်းတွေယူတာလဲလှတယ်

ဖြိုးဇာနည် said...

ရိုက်နိုင်သူတွေများရိုက်နိုင်လိုက်ကြတာ
ကင်မရာတောင်အကောင်းစားနဲ့ဒဲ့ ဟွန့်
နာဒို့ကျတော့ အစုတ်လေးနဲ့တောင်ရိုက်ပေးမဲ့ဒူ
မရှိတဲ့ဘွ :(

camomile said...

ကင်မရာမန်းလဲတော်တယ်
မော်ဒယ်လေးလဲလှတယ်
ရာသီဥတုသာယာရင် ပုံလေးတွေဒီထက်တောင်ပိုလှအုံးမယ်
ရှိသေးတယ်ထပ်တင်အုံး ကြည့်လို့မဝဘူး

နွေးတေးရှင်(မင်းဧရာ) said...

ဟဲ့ အရူးအာပေတူး မော်ဒယ်...
စာမေးပွဲလေးတော့ အောင် အောင်ဖြေပါကွယ်။

ဟိုးးးးးး
အပေါ်က သူကြီးမင်း...
အဲဒါကြောင့် လူပျိုကြီးဖြစ်နေတာ))၀။

ညိမ်းနိုင် said...

အိမ်း....သစ်ပင်ကြီးကြီးနဲ့ပုံကအကောင်းဆုံးပဲ....။
ဒါ့ပုံကလည်းဝါးသွားတယ်....၊လူကလည်းနဲနဲဝေးသွား
တယ်...။ဒီ့ထက်ဝါးပြီး ၊ဒီထက်ဝေးရင်ပိုကြည့်လို့ကောင်း
မှာအေ့

အောင်အောင် said...

CANDY နီ"ဦးပေတာ မယ်ဒေါ်.." Post လေးကို နာကြည့်နေတာ နာက GAME ဆော့ပြီးကြည့်လို့ နာ့မျက်လုံးတွေဝါးနေတာထင်တာ..Resident Evil ထဲက သရဲတွေ နီဘလော့မှာရောက်နေတယ်လို့ပြေားမလို့...အော် အပေါ်ကလူတွေပြေားမှ နာသိတော့တယ်... ပုံတွေဝါးနေတာကို ဒီထက်ဝါးရင်ပိုလှမယ်ထင်တယ်..ဟီးဟီး (စတာပါ မုန့်ဝယ်ကြွေးရင် ချေားတယ်လို့ပြေားမယ်...)ဒါဘဲ..

8Yar said...

"ငါ့ကို ဒီလိုရိုက်ပေးစမ်းပါ" ဆိုတဲ့ပုံလေးကို အကြိုက်ဆုံးပဲ။ လက်တစ်ဖက်က သေနပ်ပုံစံလုပ်ထားပြီး နောက် တစ်ဖက်က အဲ့ဒီ သေနက်ကိုကာထားတဲ့ပုံ။ တိန်! :P

တွတ်တွတ် said...

'ကမ်းနားမှာလေ ' ဆိုတဲ့ပုံလေးကိုသဘောကျမိတယ်...ကင်မရာမန်းကို..အနည်းငယ်အကြံပြုချင်ပေမယ့်..ကိုယ်တိုင်တောင်ဖြစ်မြောက်အောင်ရိုက်တတ်တာ.မဟုတ်တော့...အားပေးခဲ့ပါတယ်