Thursday, March 15, 2012

Rose Hip oil အကြောင်း တစေ့တစောင်း

ဒီနေ့ Skin care product တမျိုးဖြစ်တဲ့ Rose hip oil (or) Rose hip seed oil နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rose hip oil ဆိုတာ Rosa moschata or Rosa rubiginosa လို့ခေါ်တဲ့ ပန်းပင်တမျိုးရဲ့ အစေ့ကနေ ထုတ်ယူရရှိတဲ့ သဘာဝအဆီတမျိုးပါ။ အဲ့ဒီအပင်ကို Europe မှာစတင် တွေ့ရှိခဲ့ပြီး United Kingdom မှာအများအပြား စိုက်ပျိုးပါတယ်။ Rose hip oil မှာ အသားအရည်အတွက် အထောက်အကူဖြစ်စေတဲ့ Vitamin များစွာပါဝင်တဲ့အတွက် အခုဆို Skin care product တော်တော်များများမှာ ပါဝင်ပစ္စည်းတမျိုးအဖြစ် အသုံးပြုနေပါပြီ။


Rose hip oil မှာ Vitamin A (Retinol), Vitamin C တွေအပြင် Essential fatty acid တွေဖြစ်တဲ့ Omega-3 နဲ့ Omega-6 အစရှိတဲ့ အသားအရည်အတွက် အကျိုးရှိတဲ့ ပစ္စည်းတွေ အမြောက်အများ ပါဝင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Vitamin C ပမာဏဟာ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးတလုံးထက် အဆ ၄၀ ပိုများတယ်လို့ သိရပါတယ်။ ဒါဆို ဒီလို Vitamin တွေပါဝင်လို့ သူက ဘာအတွက် အသုံးဝင်လဲ ဆက်ပြောပြမယ်နော်။


Rose hip oil မှာ Antioxidant များစွာပါဝင်တဲ့အတွက် free radicals တွေကြောင့် အသားအရည်ပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ Collagen ထုတ်လုပ်မှုကို အားပေးတဲ့အတွက် သူ့ကို Anti-wrinkle အရေးအကြောင်းလျော့စေတဲ့ အလှကုန်ပစ္စည်းတွေမှာ အများဆုံး အသုံးပြုပါတယ်။ Skin regeneration လို့ခေါ်တဲ့ ဆဲလ်အသေတွေ ဖယ်ရှားပြီး အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် နေလောင်ဒဏ်ရာများ ၀က်ခြံအမာရွတ်များ စတာတွေကို လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။ အသားအရည် အစိုဓာတ်ကိုလည်း ပုံမှန်ထက် ပိုထိန်းသိမ်းပေးလို့ ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ခုဆို Rose hip oil ပါဝင်တဲ့ Skin care productတွေ ဈေးကွက်မှာ တွေ့နေရပါပြီ။ Rose hip oil ချည်းပဲ သီးသန့်လည်း ၀ယ်ယူနိုင်ပါတယ်။ ဒီနေရာမှာ ကန်ဒီတခုထောက်ပြချင်တာ ရှိပါတယ်။ လူတော်တော်များများက အဆီကို မျက်နှာပေါ်လိမ်းရမှာ ကြောက်တတ်ကြပါတယ်။ တချို့အဆီတွေကသုံးဖို့ မသင့်တော်ပေမယ့် တချို့အဆီတွေကတော့(သဘာဝအဆီများ) အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။

Rose hip oil ကို အသုံးပြုပုံကတော့ မျက်နှာသစ်ပြီးရင် အဲ့ဒီအဆီလေး ၂စက်လောက်ကိုလက်ဖ၀ါးပေါ်ပွတ်ပြီး မျက်နှာပေါ် လိမ်းပေးပါ။ အဲ့ဒါလေး လိမ်းပြီးမှ Moisturizer ကိုလိမ်းပါ။ စစလိမ်းချင်းတော့ မျက်နှာက အဆီပြန်သလိုဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် သူက ချက်ချင်းစိမ့်ဝင်နိုင်တယ်။ နည်းနည်းကြာတာနဲ့ အဆီသိပ်မပြန်ဘဲ ပုံမှန် ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။ အဆီပြန်မှာစိုးလို့ မနက်မလိမ်းချင်လည်း ညအိပ်ခါနီးလိမ်းပါ။ နောက်နေ့မနက်မှာတင် အသားလေးက တင်းပြီးစိုစိုလေးဖြစ်နေတာ တွေ့ရလိမ့်မယ်။ ကန်ဒီကိုယ်တိုင်သုံးနေတာ ခုဆို ၂လပြည့်တော့မယ်။ ထူးခြားမှုကို တကယ်တွေ့လို့ အားလုံးကို လက်တို့တဲ့သဘောပါ။ အဲ့ဒါသုံးပြီးနောက်ပိုင်း ၀က်ခြံပေါက်လို့ ကျန်ခဲ့တဲ့အမာရွတ်တွေ သိသိသာသာ မြန်မြန်ပျောက်တာ တွေ့ရတယ်။ နောက်ပြီး အသားအရည်လည်း တင်းတင်းလေးဖြစ်ပြီး စိုစိုလေးဖြစ်နေသလို ခံစားရတယ်။ တခုထပ်ပြောပြချင်တာက သူက အမာရွတ်ပဲ ပျောက်စေတာပါ။ ၀က်ခြံကို ကာကွယ်တာ မဟုတ်ပါဘူး။ ၀က်ခြံအတွက် ကောင်းတဲ့ သဘာဝအဆီတမျိုးကတော့ Tea Tree oil ပါ။ ကိုယ်တိုင်တော့ မသုံးဖူးသေးပါဘူး။ Rose hip oil ကတော့ အခု ကန်ဒီ့အသဲစွဲပေါ့။

မှတ်ချက် – Skin care product တခုကို တပတ်လောက်သုံးပြီး ကောင်းတယ် မကောင်းဘူး ပြောလို့မရဘူးနော်။ စွဲသုံးကြည့်ပါ။ အနည်းဆုံး (၂)ပတ် (၃)ပတ်လောက် သုံးကြည့်ပြီးမှ ကောင်း မကောင်း မှတ်ချက်ချပေါ့နော် :D

လှပတဲ့အသားအရည် ပိုင်ဆိုင်နိုင်ကြပါစေရှင်
Candy ^_^

23 comments:

မေမြို့မိုး said...

ကျွန်တော်တို့က နဂိုချောတွေဆိုတော့ လိမ်းစရာမလိုဘူး
ထင်တယ်..။ ဟိဟိ.။

လွင်ပြင်လှိုင်းငယ် said...

လေ့လာသွားပါတယ် ညီမ

အောင်သက်ခိုင် said...

မှတ်သားသွားပါတယ်မမcandy

jolly said...

Candy , where can i buy ? i would like to try, coz, my skin is too dry.

Candy said...

စင်္ကာပူမှာဆိုရင် Watson မှာ ၀ယ်လို့ရတယ် Sis... Organic skin care တွေရောင်းတဲ့နားမှာ ရှိတယ် :D :D

Rose Hip Oil ချည်းပဲသီးသန့်လည်း ရှိတယ်။ Moisturizer တို့ Toner တို့လည်း ရှိတယ် Sis :D :D

ဆန်းသစ်အောင် said...

ဟိဟိ .နဲနဲလောက်တော့ စမ်းကြည့်လိုက်ဦးမယ်.ကန်ဒီရေ

jolly said...

thanks.tmr night i'll try this:)D:

မိုးငွေ့...... said...

လှလှဆိုကြိုက်ကြိုက်ပဲ...အားပေးသွားတယ် သမီး...။

ချစ်စံအိမ် said...

အမ အတွက်အဆင်ပြေတယ်
ညီမလေးရေ သနပ်ခါးကလွယ်လို့ ဘာမှမသိတာ:P
အာဘွားးးးညလေး..

8Yar said...

ဆိုင်မဆိုင်တော့ မသိဘူး။ ဖတ်သွားပြီ။ :P

ဖြိုးဇာနည် said...

နာအဲ့လိုလိမ်းရင် ကောင်မယေးဒွေများရီး

ရမှာရား ဒါရှို လိမ်းမယ်တွာ

အောင်အောင် said...

နာတို့ကတော့ နားမလည်ဘူး...အလှပကို ဂိမ်းလောက်စိတ်ဝင်စားဘူး..ဟဲ....ဟဲ ဒါပေမဲ့ နာ့ကောင်မလေးအတွက် မှတ်သွားတယ်..

camomile said...

မှတ်သားသွားတယ် ညမလေးရေ...
ခုလိုသေချာလေးရှင်းပြထားလို့ကျေးဇူး

မောင်ဘုန်း said...

မဲ နေတဲ့ အသားတွေ ရော ပြန်ဖြူလာမှာ လားဟင်
ပြန်ဖြူမယ် ဆိုရင်တော့ ... ဘယ်သူမှ မသိအောင် လိမ်းပစ်လိုက်မယ် ..... ခိခိခိ .....

မဒမ်ကိုး said...

သကြားလုံးရေ သုံးကြည့်မယ်ဟေ့

Anonymous said...

ကန်ဒီရေ...

Rose Hip Oil သုံးကြည့်တာ တလကျော်လောက်ရှိသွားပြီ.. အရမ်းအဆင်ပြေတယ်...အသားအရည်ကြည်လာတာ သိပ်သိသာတယ်...
ခုတော့ စွဲနေပြီရော...

ကျေးဇူးပါ ကန်ဒီ..

ဆု

Candy said...

သုံးကြည့်ပြီး ခုလို တကူးတက ပြန်လာပြောပြတာ ကျေးဇူးအရမ်းတင်တယ် ဆုရေ mwah :D

စမ်းသုံးကြည့်ချင်တဲ့သူတွေလည်း ဆုရဲ့ အတွေ့အကြုံလေး သိရတာပေါ့ :D

war lay said...

ကန်ဒီရေ........
မလေးရှားက watson နဲ့ guardianမှာ သွားရှာတာတော့မတွေ့ဘူး.....သုံးချင်ပါတယ်ဆိုမှ...

Candy said...

ဟုတ်လား... ဟင့် :(

Nay Mya Mya Swe said...

ညီမရေ....
အမအသားနဲနဲခြောက်နေလို့ ညီမပြောတဲ့ Rose Hip Oil သုံးကြည့်မလို့ လေ။
Amazon ကပဲ Sukin Rose Hip Oil မှာလိုက်တယ်။
နည်းလေးမျှဝေတဲ့ ညီမလဲပိုလှပါစေကွယ်..

Candy said...

ဟုတ်.. ရပါတယ် အစ်မ။ Sukin Rose Hip Oil မသုံးဖူးဘူး။ Sukin moisturizer တော့ သုံးဖူးတယ်။ ကောင်းပေမယ့် လိမ်းခါစကဆို အနံ့လုံးဝမခံနိုင်ဘူး။ သူ့ Rose Hip Oil အနံ့တော့ မပြောတတ်ဘူး အစ်မ။ အဆင်ပြေပါစေနော် ^_^

Sandi said...

Hi sis, can i directly use the Rose hip oil or do i have to use the toner and moisturizer before using the rose hip oil.

Candy said...

Hi sis, you should use Rose hip oil first before applying your moisturizer.

Sorry for late reply sis :P