ဒီနေ့ ကန်ဒီ့မေမေရဲ့ ၆၂နှစ်ပြည့်မွေးနေ့...
Happy Birthday Mommy!!!!
Be Happy and Healthy :D :D :D
မေမေ့အတွက် မွေးနေ့လက်ဆောင်အပါအ၀င် အမှတ်တရပိုစ့်တပုဒ်ကို သီးသန့်ရေးမယ်။ ခုလောလောဆယ်တော့ Present က မပြီးသေးဘူး ဟီးဟီး။ ဘာပေးမယ်လို့ ထင်ပါသလဲ?? ဒန်တန်တန်.........
မနေ့က ICA မှာ သောင်တင်တယ်။ ကြီးကြီးကိစ္စ လိုက်လုပ်ပေးတာ။ Passport မှာ "ဒေါ်" မပါပဲ Long Term Visa မှာ "ဒေါ်" ပါနေလို့ ပြန်ပြင်ရတာလေ။ အစ်ကိုတွေက ရုံးဖွင့်ရက်ကြီးဆိုတော့ မအားဘူး။ အဲ့ဒါနဲ့ ကန်ဒီလိုက်သွားပေးတာ။ ဟိုမှာတော်တော်ကြာ စောင့်လိုက်ရတယ်။ ပထမကောင်တာကလူက ဒုတိယသွားရမယ့်ကောင်တာကို မပြောဘဲ တတိယသွားရမယ့် ကောင်တာကို မှားပြောလိုက်တယ်။ ၁နာရီ ၂နာရီလောက်တော့ ကြာလိမ့်မယ်ဆိုပြီးလည်း သူက ပြောလိုက်သေးတယ်။ အဲ့မှာ သွားတာပဲ။ ကောင်တာအမှားကြီးမှာ ၂နာရီနီးပါး စောင့်နေတာ။ ၂နာရီခွဲလောက် စောင့်ပြီးတော့ မဟုတ်သေးဘူးဆိုပြီး Visitor Service ကို sms ပို့ကြည့်မှ Q No. က Counter 30 မှာ ကျော်သွားပြီတဲ့။ ကန်ဒီတို့စောင့်နေတာ Counter 20 မှာ (>.<)။ အဲ့မှာ မနက် ၉နာရီခွဲလောက်ထဲကရောက်နေတာ ၃နာရီမှ အားလုံးပြီးတယ်။ နေ့လည်စာလည်း အဲ့တော့မှ စားရတယ်။

ဒီကိစ္စကို ကန်ဒီအလကားပြောပြနေတာ မဟုတ်ဘူးနော်။ အသက်ကြီးတဲ့လူတွေရဲ့ အပြုအမူတချို့ကို လူငယ်တွေက စိတ်မရှည်တတ်တာ များတယ်လေ။ ကိုယ်စိတ်မရှည်ဘူးပဲ ထားဦး။ သူတို့ရှေ့မှာ အမူအရာနဲ့ မဖော်ပြစေချင်ဘူး။ ကိုယ်အသက်ကြီးလာရင်ရော ဒီလိုမဖြစ်ပါဘူးလို့ ပြောနိုင်လား??
ကြီးကြီးက မေးတယ်။ အမေက သူ့ကို ကန်ဒီစာရေးတယ်လို့ ပြောတယ်.. ဟုတ်လားတဲ့။ Ekkk... ကန်ဒီစာရေးတာ အမေသိသွားပြီ။ ရှက်လိုက်တာ။ ကန်ဒီစာရေးတာ ဘယ်သူ့မှ မပြောထားဘူး။ ဖေ့ဘွတ်မှာလည်း ပိုစ့်တွေရှယ်လေ့မရှိဘူး။ ညီမအလတ်တယောက်ပဲ သိတာ။ ဟွင်းဟွင်း.. ဒင်းပြောလိုက်လား မသိဘူး >.<
မပြီးနိုင် မစီးနိုင်လို့ပဲ ပြောရမလား။ မြန်မာပြည်သင်္ကြန်က ၅ရက်ကို ဆက်တိုက်ကျင်းပတယ်။ စင်္ကာပူမှာက တပတ်တခါကျင်းပတယ် (:P)။ မနက်ဖြန် Sembawang မှာ သင်္ကြန်ရှိတယ်နော်။
နေ့ရက် - ၂၈.၄.၂၀၁၂ (စနေနေ့)
အချိန် - ညနေ ၄နာရီ မှ ည ၉နာရီ ထိ
နေရာ- Blk 341 Mini Park (Sembawang mrt နဲ့ နီးတယ်တဲ့.. လမ်းလျှောက်လို့ရတယ်)
Fee - $2 each
ဟုတ်တယ်.. Ticket နဲ့ (>.<)။ ဒါပေမယ့် $2 ဆိုတော့ မဆိုးပါဘူး။ Guess what?? ကန်ဒီ သီချင်းဆိုမှာ!!! အထင်မကြီးသွားနဲ့နော်။ အဖြစ်က ဒီလို.. ကန်ဒီမေတ္တာရှင်ဖောင်ဒေးရှင်းမှာ ခု Volunteer ၀င်လုပ်နေတယ်လေ။ အဲ့အဖွဲ့ကဆိုမယ့် Group song မှာ အီယောင်ဝါးဝင်လုပ်မှာကို ပြောတာ ဟိ။
အဖွဲ့လိုက်ဆိုတော့ Group ၀တ်စုံလေးနဲ့ပဲ ဆိုမှာ.. T-shirt နဲ့ ထမီကြီးနဲ့တော့ သိပ်မလိုက်ဘူး >.<
သီချင်းတိုက်နေကြတာ :D
The Lady (HD)
မျှော်နေတဲ့သူတွေအတွက် "The Lady" ရုပ်ရှင်ကားကို YouTube မှာ ကြည့်လို့ရပြီနော်။ ဒီလင့်ခ် မှာနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Quality လည်း ကောင်းတယ်။ Connection နှေးတဲ့နေရာရောက်နေတဲ့ သူတွေအတွက်လည်း ၁၀မိနစ်စာအပိုင်းလေးတွေကို သူ ဒီနေရာ မှာ Playlist လုပ်ပေးထားပါတယ်။
Good Night^^