ခုချိန်ဆို ရန်ကုန်မှာ သင်္ကြန်သီချင်းတွေ ဖွင့်တဲ့သူကဖွင့်.. သင်္ကြန်မဏ္ဍပ်လက်မှတ် ၀ယ်တဲ့သူက၀ယ်.. လည်ဖို့ကား စီစဉ်သူက စီစဉ်နဲ့ အလုပ်ရှုပ်နေလောက်ပြီနော်။ သင်္ကြန်လည်မယ့်ပျိုမေတွေ အလှအပနဲ့ ပက်သက်ပြီး စဉ်းစားတဲ့နေရာမှာ အထောက်အကူဖြစ်အောင် ဒီပိုစ့်လေးနဲ့ တတ်နိုင်သလောက်ကူညီလိုက်ပါတယ် ^_^
Foundation
ရေစိုခံတဲ့ ဖောင်ဒေးရှင်းကတော့ ရှာရနည်းနည်းခက်မယ် ထင်တယ်နော်။ ဖောင်ဒေးရှင်းရွေးတဲ့နေရာမှာ အဆင်ပြေစေဖို့ ရေစိုခံ ဖောင်ဒေးရှင်းတွေကို ဖော်ပြပေးလိုက်ပါတယ် :)
(1) Estee Lauder Maximum Cover
(2) Clinique Work-Out Makeup All Day Wear
(3) Dermablend Cover Creme Foundation
(4) MAC Studio Sculpt SPF 15 Foundation
(5) Make Up For Ever Professional Foundation
ဒီဖောင်ဒေးရှင်းတွေက ဈေးတော့ကြီးတယ် (ကန်ဒီကိုယ်တိုင်တောင် တခါမှ မသုံးဖူးဘူး :P)။ ကန်ဒီအကြံပေးကြည့်ချင်တဲ့ ဖောင်ဒေးရှင်းက Revlon Colorstay ပါ။ သူက Waterproof လို့ Claim မလုပ်ထားပေမယ့် Quality ကောင်းပြီး ကြာကြာခံတဲ့ ဖောင်ဒေးရှင်းတခုပါ။ သင်္ကြန်နေ့မှာ မသုံးခင်တော့ ကိုယ်လိမ်းမယ့် ဖောင်ဒေးရှင်းကို အရင်စမ်းကြည့်စေချင်ပါတယ်။ ဖြစ်နိုင်ရင် ပါးပါးပဲလိမ်းပါ။ ပျက်လည်း မသိသာဘူးပေါ့။ သင်္ကြန်မှာ တချို့မိန်းကလေးတွေ မိတ်ကပ်အထူကြီးလိမ်းပြီး ပျက်တော့ ကြည့်မကောင်းတာ တွေ့ဖူးတယ်။
Eyes
Cream အမျိုးအစားတွေက ပိုကြာရှည်ခံပါတယ်။ Powder အမျိုးအစားသုံးမယ်ဆို လုပ်နိုင်တဲ့ နည်းတခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ Make up for ever Eye Seal ဆိုတဲ့ Product နဲ့ Powder eyeshadow ကို တွဲသုံးဖို့ပါ။ သူက ကိုယ်သုံးတဲ့ Eyeshadow powder ကို ရေစိုခံအောင် ပြောင်းလဲပေးနိုင်ပါတယ်။ Smashbox Waterproof Shadow Liner Duo ကိုလည်း Eye shadow ရွေးချယ်တဲ့နေရာမှာ စဉ်းစားနိုင်ပါတယ်။ Eyebrow, Eyeliner နဲ့ Mascara ကတော့ Waterproof ဆိုတာတွေ အများကြီးပါ။ ကိုယ်နှစ်သက်တဲ့ Brand ကို ရွေးချယ်နိုင်ပါတယ်။
Blush & Lip
ပါးနီနဲ့ နှုတ်ခမ်းအတွက် ကန်ဒီအကြံပေးချင်တာက Lip Tint တွေပါ။ ပိုကြာကြာခံပါတယ်။ Cream အမျိုးအစား ပါးနီတွေလည်း သုံးနိုင်ပါတယ်။
Hair
သင်္ကြန်အတွက်
ဆံပင်စတိုင်လ်ဆိုရင်တော့ ကျစ်ဆံမြီးသေးသေးလေးတွေက အကောင်းဆုံးပေါ့။
ရေပိုက်နဲ့ ထိုးလည်း မပျက်ဘူးလေ။ ခက်တာက အဲ့ဒီဆံပင်စတိုင်လ်က လူတိုင်းနဲ့
မလိုက်ဘူး။ ကန်ဒီအပါအ၀င်ပေါ့။ အဲ့တော့ ဦးထုပ်ဆောင်းပါ။
ကျစ်ဆံမြီးကျစ်ပြီးမှလည်း ဦးထုပ်ဆောင်းနိုင်တယ်။ ဒါမှမဟုတ် ဒီတိုင်း ဦးထုပ်ဆောင်းပြီး ကျနေတဲ့ဆံပင်တချို့ကိုပဲ ကျစ်ဆံမြီးသေးသေးလေးတွေ ကျစ်ချင်လည်း ရတယ်။ ဆံပင်တိုတဲ့သူတွေအတွက်တော့ စတိုင်လ်ကျပြီး ကိုယ်နဲ့လိုက်တဲ့ ဦးထုပ်တလုံးနဲ့တင် အဆင်ပြေမှာပါ။
Fashion
သင်္ကြန်ဆို ကန်ဒီက အဘွားကြီးလိုလို ယောင်္ကျားလျာလိုလို။ တကယ်တမ်း ကန်ဒီသင်္ကြန်မှာ ဘာမိတ်ကပ်မှ မလိမ်းဘူး ဟီဟိ။ ကန်ဒီဝတ်တတ်တာက ဂျင်းဘောင်းဘီနဲ့ All stars ဖိနပ်.. အပေါ်က ဂျက်ကင်လိုလို အနွေးထည်လိုလို အကျီင်္ထူထူနဲ့ ဦးထုပ်တလုံး.. ဒါပဲ။ အဲ့ဒါကြောင့် ဖက်ရှင်နဲ့ ပက်သက်လို့ ကန်ဒီအကြံမပေးတတ်ဘူး။ မှာချင်တာလေးတွေတော့ ရှိတယ်။
(၁) ကျေးဇူးပြု၍ အတွင်းခံ (Bra) ၀တ်ပါ။ သင်္ကြန်မှာ အတွင်းခံမ၀တ်တဲ့ မိန်းကလေးတွေ တွေ့ဖူးတယ်။ ဘာလို့လဲ မသိဘူး။ မဖော်သင့်တဲ့အရာကို မဖော်တာကောင်းပါတယ်။
(၂) နောက်တခု မိန်းကလေးတွေ မှားတတ်တာလေး ထောက်ပြဦးမယ်။ မှားတာလား တမင်လုပ်တာလားတော့ ကန်ဒီလည်း မသိဘူး။ တချို့မိန်းကလေးတွေက စွတ်ကျယ်အကျီင်္ ၀တ်ချင်တယ်။ သူတို့ရဲ့ ရင်ဘတ်က သေးတယ် (ငါဘာတွေ ပြောနေမိပါလိမ့် @_@.. ဒီပိုစ့်တော့ ယောက်ျားလေးတွေ မဖတ်လောက်ဘူး ထင်တာပဲ :P)။ စွတ်ကျယ်ကို ရင်ဘတ်အရမ်းပြားတဲ့သူတွေ ၀တ်ရင် မလိုက်ဘူးလေ။ အဲ့တော့ သူတို့လုပ်တာက အတွင်းခံ Bra အမာ ဆိုဒ်အကြီးကို ၀ယ်ဝတ်တယ်။ အဲ့လိုဝတ်ပြီး အတွင်းက ရင်ဘတ်နဲ့ Bra ကြားက လွတ်နေတဲ့ Space ကို ဖော့နဲ့ မခံဘူး။ အဲ့တော့ စဉ်းစားသာကြည့်တော့။ အပေါ်ကနေ အကုန်မြင်နေရတယ်။ သူတို့နားမှာ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်ပြီး မျက်စိအစာကျွေးနေကြတယ်။ အဲ့ဒါကြောင့် အဲ့လိုBra size အကြီး ၀တ်ချင်ရင် Bra နဲ့ ရင်ဘတ်ကြားမှာ ဖော့ခံဝတ်ကြပါနော် >.<
Thingyan Nail Art ^_^
ကန်ဒီအရင် တင်ဖူးပြီးသား Sponge သုံးပြီးလုပ်တဲ့ Nail Art ပုံစံပါပဲ။ ဘာမှ သိပ်မကွာဘူး။ ဒီ ဒီဇိုင်းလေးက Fresh လည်း ဖြစ်တော့ သင်္ကြန်နဲ့ လိုက်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်နော် ^_~
လိုအပ်တာတွေကတော့...
(၁) Base/Top Coat
(၂) White nail polish
(၃) ကိုယ်ဆိုးချင်တဲ့အရောင် နှစ်ရောင် (Fresh ဖြစ်တဲ့အရောင်လေးတွေဆို ပိုလှတယ် :D)
(၄) Make up sponge
စမယ်နော်....
(၁) Base coat ဆိုးပါ။
(၂) အဖြူရောင်ကို Sponge နဲ့ လက်သည်းတပြင်လုံး တို့ပါ။
(၃) ကိုယ်ဆိုးမယ့်အရောင် နှစ်ရောင်ကို ထောင့်ဖြတ် Sponge နဲ့ လိုက်တို့ပါ။ အထူးသဖြင့် အရောင်နှစ်ရောင် ဆက်တဲ့နားကို သေချာတို့ပါ။ အဲ့တော့မှာ အရောင်တခုနဲ့တခု ရောသလိုဖြစ်သွားမှာလေ :D
(၄) အရောင်အရမ်းထင်းသွားရင် အဖြူနဲ့ ထပ်တို့ပါ။ သိပ်ထင်းထင်းကြီးဆို မလှဘူး။ အဖြူနဲ့ရောနေတာမျိုးလေးက ပိုလှတယ် :D
(၅) ပြီးရင် Top Coat ဆိုးလိုက်တော့နော်....
အရင်က တင်ဖူးတဲ့ ဒီ ဒီဇိုင်းလေးနဲ့ အတူတူပါပဲ။
ဒီမှာက Cross တို့တယ်။ အခုဟာက ထောင့်ဖြတ်တို့တယ်။ ဒါပဲ ကွာတယ် :D
သင်္ကြန်မှာ အားလုံးကတော့ လန်းနေမှာ သေချာပါတယ်။ ပျော်လည်းပျော် သရုပ်လည်း မပျက်စေနဲ့ပေါ့။
ပျော်ရွှင်ဖွယ် သင်္ကြန်ဖြစ်ပါစေရှင် ^_^
Credit:
(1) makeupnotebook.com
(2) smartgirlconsulting.com
(3) dailymakeover.com




11 comments:
သြော်.. ဘာလိုလိုနဲ့ သင်္ကြန်ရောက်ခါနီးပြန်ပြီကော... ဒီနှစ်လဲ လွဲဦးမယ်.. သင်္ကြန်.. ဘယ်တော့များမှ သင်္ကြန်နွှဲဖြစ်မယ်မသိ။
သင်္ကြန်မလည်ပေမယ့်လဲ
လည်မယ့်သူတွေကိုပြောပြဖို့
ဖတ်နေတယ်ကန်ဒီလေးရေ
မြန်မာပြည်ပြန်လို့သင်္ကြန်လည်ရင်သုံးရမယ်.. :D
ဗဟုသုတလေးပေါ့ ညီမရေ
မှတ်သွားသည်.. ။ ငယ်ငယ်က တရားစခန်းသာဝင်နေခဲ့၍ ပို့စ်ထဲမှ မောင်ကြီးများကဲ့သို့ ၀ိုင်းဝိုင်းမလည်နိုင်ခဲ့ပါ..။ အဟီး..။
အစ်မရေ . . .
သားလည်းလိမ်းလို့ရလား ဟင် :P
ဒီနှစ်သင်္ကြန်လည်မှာဆိုတော့
အောက်ခံဖောင်ဒေးရှင်းလေး လိမ်းမှ
( အဟဲ နောက်သွားတယ် )
ပျိုမေမဟုတ်ပေမယ့် အိမ်က စံပယ်ချိုလေးအတွက် လေ့လာသွားပါတယ်
မြတ်ကြည်တောင် သင်္ကြန်အတွက် ဘာရေးရမလဲ စိတ်မကူးရသေးဘူး။ :D
ပြန်ပြောပြဖို့ လည်မယ့်သူငယ်ချင်းတွေလဲ တစ်ယောက်မှမရှိဘူး...ကိုယ်တိုင်လဲမလည်ဘူး အေးရော..။ ကန်ဒီလိုပဲ လည်ရင်တော့ ဘာမိတ်ကပ်မှမလူးဘူး ယောင်္ကျားပုံနဲ့လည်တာများတယ်...း)
သင်္ကြန်မှာ ရင်တွေခုန်တာပေါ့ :P :P
ဟီးဟီး ဖက်ရှင်ခေါင်းစဉ်အောက်က နံပါတ်၂ ကိုသဘောအကျဆုံး..း)
ကန်ဒီလေး..
စေတနာကောင်းသူလေးသင်္ကြန်မှာပျော်ပါစေ..
အိုင်အိုရာ
Post a Comment