ဟိုးထား.. ဟိုးထား.. ကန်ဒီကြိုပြောထားမယ်နော်။ ဒီနှစ်သင်္ကြန် ဘာဓာတ်ပုံမှကောင်းကောင်း မရိုက်ဖြစ်ခဲ့ဘူး။ လူအုပ်ထဲတိုးနေရတာနဲ့တင် ပြီးနေတယ်။ အဖြစ်ကတော့ ဒီလို....
ကန်ဒီ အိပ်ယာနိုးတော့ ၉နာရီကျော်ပြီ။ ဆမ်ဘာဝမ်း MRT ရောက်တော့ 11:20 AM လောက်။ အဲ့ရောက်တော့ အိပ်ယာလမ်းညွှန်ထားသလို မြန်မာတွေနောက်လိုက်တယ်။ ခက်တာက မြန်မာတွေက အများကြီး။ တယောက်တနေရာ သွားနေကြတယ်။ ဘယ်သူ့နောက်လိုက်လို့ လိုက်ရမှန်းမသိဘူး (>.<)။ မြန်မာအုပ်စုတစ်စုနောက်လိုက်သွားတယ်။ Sun Plaza ရှေ့က Taxi stand ကိုရောက်သွားတယ်။
အိပ်ယာပြောထားတာကလည်း Shuttle Bus က Taxi stand နားမှာတဲ့။ Sun Plaza ရှေ့က Taxi Stand လားဆိုတော့ သူလည်း မသိဘူးတဲ့ (ပြီးရော)။ မြန်မာတွေအများကြီး တန်းစီနေတယ်လေတဲ့။ အင်း.. အင်း.. ရှာကြည့်လိုက်ဦးမယ်ဆိုပြီး ဖုန်းချလိုက်တယ်။ မြန်မာတွေကတော့ နေရာစုံမှာ တန်းစီနေကြတယ်။ အဲ့ဒါနဲ့ သူပြောတဲ့ Taxi Stand က ဒါလား သိရအောင် Shuttle Bus လာတာကိုစောင့်နေတယ်။ မလာဘူး။ အနားက အစ်မတယောက်ကိုမေးတော့ ဟိုဘက်နားမှာတဲ့။ သူပြောတာ Bus Interchange ဘက်။ အဲ့ဒါနဲ့ Bus Interchange ဘက်ရောက်သွားရော။ Bus 882 စီးသွားလည်းရတယ်။ အဲ့နားမှာလူတွေတန်းစီနေတာ အရှည်ကြီးပဲ။
ဖုန်းနဲ့ခိုးရိုက်တာ :P
အဲဒါနဲ့ ဘာလုပ်ရမလဲ မသိလို့ ပြောင်းပြန်ဘက်ကို ပြန်လျှောက်ကြည့်တယ်။ အဲ့နားက ဘက်စ်ကားဂိတ်မှာ ဟိုကြည့် ဒီကြည့်လုပ်နေတုန်း ဟိုနေ့က အိပ်ယာတို့ ဘလော့ကိုသွားလုပ်ပေးတုန်းက တွေ့တဲ့အစ်ကိုတယောက်က ကန်ဒီမလားတဲ့.. Shuttle Bus က ဟိုနားမှာတဲ့။ အရမ်းပျော်သွားတာ။ ထတောင်ခုန်ချင်တယ် ဟီး။ အဲ့လိုနဲ့ နောက်ဆုံး Shuttle Bus ပေါ်ရောက်သွားပါတယ်။ ဟိုကိုရောက်တော့ ၁၂ထိုးနေပြီ။
လက်မြှောက်ပြီး ရိုက်ထားတာတွေ....

စတိတ်ရှိုးမှာ ပန်းကုံးတွေရောင်းတယ်။ ဒါကလည်း ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက်ပါ။ ကန်ဒီ နားမလည်တာက သီချင်းဆိုတဲ့သူတချို့က ဘာလို့ သူတို့ကို လာစွတ်တဲ့ ပန်းကုံးကို စွတ်ပေးပြီးပြီးချင်း ချွတ်ပြီး တနေရာရာမှာ ထားလိုက်ရတာလဲ။ ကန်ဒီ့စိတ်ထဲမှာ တမျိုးပဲ။ အဲ့လိုလုပ်တာ သွားစွတ်ပေးတဲ့သူကို မလေးစားရာ ရောက်သလားလို့။ ဥပမာ ကန်ဒီက ပန်းကုံးတခုကို ပိုက်ဆံပေးပြီး ၀ယ်တယ်။ ပြီးတော့ ကိုယ်သဘောကျတဲ့အဆိုတော်ကို သွားစွတ်တယ်။ စွတ်ပေးပြီး ကန်ဒီစင်အောက်ရောက်လို့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ ကန်ဒီစွတ်ပေးထားတဲ့ပန်းကုံးက ဆိုတဲ့လူဆီမှာ မရှိတော့ရင် ကန်ဒီ့စိတ်ထဲ တမျိုးဖြစ်မှာပဲလေ။ ဟုတ်တယ်မလား။ အလကားနေရင်း စွတ်ပေးတဲ့သူဘက်က တွေးပေးနေတာ ဟိဟိ။ အဆိုတော်တွေ အားလုံး အသံကောင်းကြတယ်။ ကြိုက်တယ် :D
အဝေးကနေ Zoom ဆွဲထားတာ.. Focus မိ မမိလည်း မသိဘူး.. လက်မြှောက်ပြီး ခလုတ်နှိပ်လိုက်တာ :D
နည်းနည်းတိုးလိုက်လို့ ရှေ့နားရောက်လာတယ်...
အားရပါးရဆိုနေတယ် :D
ဗွီဒီယိုတော့ နည်းနည်းရိုက်လာတယ်။ ဒါပေမယ့် လူအုပ်ထဲမှာ တိုးရင်းရိုက်ရတော့ လက်ကမငြိမ်ဘူး။ ကန်ဒီ နောက်အားမှ ဗွီဒီယိုကို Edit လုပ်ပြီး တင်ပေးမယ်။ စတိတ်ရှိုးမှာ ကန်ဒီက သီချင်းနားထောင်နေတုန်း အိပ်ယာတို့က MRT ကို ပြန်ကုန်ပြီ (>.<)။ သူဖုန်းခေါ်နေတာလည်း မကြားဘူး။ ကိုယ်ကလည်း ကိုယ့်အရှိန်နဲ့ကိုယ် ဟိဟိ။ နောက်မှ ဖုန်းပြန်ဆက်တော့ MRT မှာ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နဲ့ မုန့်စားနေကြတယ်.. လာခဲ့ပါတဲ့။ အဲ့ဒါနဲ့ အဲ့မှာ မုန့်စားပြီး အိမ်ပြန်ခဲ့တယ်။
အိမ်ရောက်လို့ ပြန်စဉ်းစားကြည့်တော့ ကန်ဒီကိုယ့်ဟာကိုယ်တောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ သို့သော်.... မုန့်စားနေတုန်း အဲ့အဖွဲ့က ခင်နေတဲ့အစ်ကိုတယောက်က လာရိုက်ပါလေရော။ စားနေတုန်း တည့်တည့်ကြီးလာရိုက်တယ်။ မြင်တော့မြင်တယ် ဒါပေမယ့် ကန်ဒီ့ကိုရိုက်နေတယ် မထင်ဘူး။ အနောက်က၀ိုင်းကို ရိုက်နေတယ် ထင်တာ >.<
တမင်တကာ လျှပ်တပြက် လာရိုက်တယ် >.<
I'm so Happy because.....
အဲ့အဖွဲ့က Sis တယောက် (အစ်မလား ညီမလား မသိလို့ :P) ကန်ဒီ့ကို လာနှုတ်ဆက်တယ်။ ကန်ဒီ့ဘလော့ကို ဖတ်တယ်တဲ့။ အဲ့လိုအပြင်မှာဘယ်သူမှ လာမပြောဖူးတော့ အရမ်းပျော်သွားတယ် (:D :D)။ ရုတ်တရက်ဆိုတော့ ကျေးဇူးတင်ပါတယ် ပြောတာတောင် အထစ်ထစ် အငေါ့ငေါ့ (:P)။ သူ့နာမည်လေးတော့ မေးထားတယ်။ နာမည်လေးက ချစ်စရာလေး။ နောက်ပွဲတွေမှာ တွေ့ခဲ့ရင် ကန်ဒီအရင် နှုတ်ဆက်ပါ့မယ် Sis (^_^)။ အမှန်အတိုင်းဝန်ခံရရင် ဟိုကိစ္စဖြစ်ပြီးထဲက ဘလော့နဲ့ပက်သက်ပြီး ကန်ဒီ့ကိုမုန်းတဲ့လူတွေများနေတယ်ဆိုပြီး စိတ်ဓာတ်နည်းနည်းကျနေတာ။ အခု အားနည်းနည်း ပြန်ရှိလာပြီ (:D)။
YouTubeမှာသိတဲ့အစ်ကိုတယောက်ကလည်း အိမ်ပြန်ရောက်ရောက်ချင်းပဲ YouTube Message ပို့တယ်။ ကန်ဒီ့ကို သူတွေ့လိုက်တယ်ထင်တယ်တဲ့။ ကန်ဒီ့ပုံက ဘလော့နဲ့ ဗွီဒီယိုတွေမှာလို မဟုတ်ဘူးတဲ့။ အပြင်မှာအရမ်းတည်တော့ နှုတ်ဆက်ဖို့မပြောနဲ့ ရေပက်မလို့ဟာတောင် မပက်ရဲဘူးတဲ့ ဟီးဟီး။ တကယ်တော့ အဲ့ဒါအမှန်ပဲ။ တွေ့တွေ့ချင်းဆို ကန်ဒီက အဲ့လိုထင်ရတယ်။ လာနှုတ်ဆက်တဲ့ Sis ကိုတောင် ကျေးဇူးတော်တော်တင်ရမယ်။
ကန်ဒီ ဒီရက်ပိုင်းခဏပျောက်ဦးမယ်နော်။ Thesis ရေးရမယ်။ အဲ့ဒါ ဗုဒ္ဓဟူးနေ့ Submit လုပ်ပြီးမှပဲ ပိုစ့်အသစ်တင်တော့မယ်။
တာ့တာ^^
28 comments:
အမတို့စလုံးမှာသင်္ကြန်ကျနေပြီပေါ့နော်..
ပျော်ဖို့ကောင်းလားးအမ..
ပီားးးပီားးးးပျော်မှာပါနှုတ်ဆက်တဲ့ပရိတ်သက်တွေနဲ့ဆိုတော့လေ...:P
နာ့အစ်မ. ၀ါးချက်ကြီးက နိုင်းလောက်ရှိတယ် ဟီးဟီး. ဓါတ်ပုံကိုပြောတာဟုတ်ဘူးနော်..မုန့်ကိုပြောတာ..ခွိခွိ..
စလုံး မှာတောင်
သင်္ကြန် ကျနေပြီပဲ
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့သော
နှစ်သစ်လေးကို ပိုင်ဆိုင်ကြပါစေလို့ 
ဆုတောင်းပေးပါတယ်နော်..
ဝါး လူတွေ များကြီးပဲ
ပျော်စရာကြီးနေမှာပဲဗျ
ငါ့အစ်မကတော့ တော်တော် တွယ်နေတာပဲ
စားလို့ကောင်းလား အစ်မ
သူစားတာကိုကြည့်ပြီး ဗိုက်ဝသွားပြီ :P
အစ်ကိုကတော့ သွားမယ်လို့ အားခဲထားပြီး မသွားဖြစ်ခဲ့ဘူး ညီမရေ... အစ်မတော် သွားတယ်လေ မတွေ့ ကြဘူးလား...
သူများတွေပျော်နေကြတာနဲ့
ပုံလေးတွေကြည့်ပြီးကိုယ်တိုင်လဲပျော်နေတယ်
ကန်ဒီရေ များများသာစားနော်
ဒါမှလဲစာတွေအများကြီးရေးနိုင်မှာလေ
မေ့ရဲ့ အလွမ်းထဲမှာ ဓာတ်ပုံတစ်ချို့တင်ထားတယ်။ လာယူလှည့်လေ။ ၁၅ ရက်နေ့ yeo's building မှာ ဓာတ်ပုံလုရိုက်ကြမယ်လေ။ ကောင်းဘူးလား။
နာလည်းမသွားဖြစ်ပါဘူး.....၊ညီမတော်ကအိပ်ယာ
ထနောက်ကျနေလို့......:P။ဒီတပတ်တော့ရှိပစေ
တော့။နောက်တစ်ပတ်မှ တိုပါးရိုးနဲ့ပန်နစူလာသင်္ကြန်
သွားမယ်....။
ကန်ဒီတို့ ၀ါးတီး အပြတ်ဆွဲလာတယ်ထင်ပါ့.....စားတာတင် ဖတ်ရတာ ၃ ခါထက်မနည်းဘူး..... ဗိုက်လေးပြီး ကို့ကိုယ်ကို ဓါတ်ပုံရိုက်ဖို့မေ့နေတာလားမသိ...ဟီးးး ... ပရိတ်သတ်နဲ့ တွေ့ပြီးပျော်သွားလို့ထင်ပါတယ် ငါ့ညီမရယ်...ပျော်ဖို့အရမ်းကောင်းမှာဘဲနော်..... အားကျပါရဲ့ ချိုချဥင်္ရယ်.....
Post လေးလာဖတ်ပါတယ်ဗျိုး။ memory card မပါပဲ ကန်ဒီကို ဓာတ်ပုံရိုက်ပေးမိတဲ့ အတွက်ချောတီး။ ဟီးဟီး.. :P Candy ကို အိပ်ယာကောင်မလေးနဲ့ ညီမလေးက ချစ်ချာလေးတဲ့ ကြုံရင် အိပ်ယာကို မုန့်ဝယ်ကျွေး ဟိ ဟိ.... :P
ကန်ဒီ့ကိုမုန်းတဲ့သူလူတွေများနေတယ်ဆိုတာတော့မဖြစ်နိုင်ပါဘူး။ ကန်ဒီကဒီလောက်ချစ်စရာကောင်းတာ။
အိုင်အိုရာ
ဒေါ်ကန်ဒီ ရေ......
ခင်များတို့ သင်္ကြန်ကမှ ဆိုကြ ကကြနဲ့ မြင်နေရသေး
တို့များ kl သင်္ကြန်ကတော့ ဘီဘီ တို့ ၀ီဝီ တို့နဲ့သာ ပြီးကြလေရဲ့။
CANDY နီတို့ စလုံးသင်္ကြန်က စေားလိုက်တာ...နာပြက္ခဒိန်တောင် ပြန်ကြည့်ရတယ်...သူများတွေပျော်နေတာ မြင်ရတော့ အားကျပါတယ်...နီအစားအသောက် သိပ်မမက်ဘူးနော်...
ဗုဒ္ဓဟူးနေ့အဆင်ပြေပါစေ။ မြတ်ကြည်တော့ ဘယ်မှသွားဖြစ်မယ်မထင်ဘူး။ ၁၈ရက်နေ့ plan တင်ရမှာ။
ဒါဆို အပြင်မှာတွေ့ရင် ခေါ်ရမှာလား မရဲတရဲ ကြည့်ရမလား... အိမ်နားနီးနေတော့ လန့်တယ် :P
သင်္ကြန်ရေလာလောင်းတာ...း)
Candy ကို တွေ့လိုက်တယ် ... ဘယ်လိုနှုတ်ဆက်ရမလဲ မသိတာနဲ့ .... :D
တော်တော်ပျော်မယ့်ပုံပါပဲနော်...... လာမည့်နှစ်သစ်မှာ စိတ်ကိုယ်သစ် နဲ့ ဘ၀ကို ရိုးရှင်းစွာ ဖြတ်လျောက်နိုင်ပါစေဗျာ မောင်ပန်
အဲဒိနေ့က အစ်မလဲရောက်တယ်... လူတွေများလွန်းတော့ ဓာတ်ပုံရိုက်ဖို့ စိတ်မပါတော့ဘူး... ညီမဘလော့ကို ညွှန်လိုက်ပါအုံးမယ် ဓာတ်ပုံကြည့်ချင်သူတွေအတွက်...
အပြင်မှာခပ်တည်တည်နေတဲ့ ညီမခင်ဗျား။ မလာတာကြာလို့ လာလည်ပါတယ်။ အစ်ကိုလည်း အလုပ်ရှုပ်နေလို့ပါ။ ဆမ်ဘာဝမ်းကို အရင်နှစ်က အမျိုးသမီးနဲ့ရောက်ပါတယ်။ ဒီနှစ်တော့ သူများတင်တဲ့ပုံတွေကိုပဲ ခံစားသွားတော့တယ်။ ပျော်ကြမယ်ထင်ပါရဲ့။ သင်္ကြန်ကတော့ ဝေးနေတာ ဘယ်နှစ်နှစ်မှန်းတောင်မသိတော့ပါဘူး။ ကျောင်းစာတွေနဲ့ရှုပ်နေတယ်ဆိုတော့ အားပေးပါတယ်။ ဆက်လုပ်ပါ။ ပျော်တာလည်း ပျော်ကြတာပေါ့။ ဘ၀အတွက်ကရှိသေးတာကိုး။
မနေ့ ကမန့် ထားတာမပေါ်ဘူး။
အိုင်အိုရာ
ဟုတ်လား မမ @_@
မမပြောမှ Spam ထဲသွားကြည့်မိတယ်.. ကွန်မန့်တချို့ Spam ထဲ ၀င်နေတယ်.. အခု Not spam ပြန်လုပ်လိုက်ပြီ မမ.. ပေါ်သွားပြီ :D :D :D
:DDD
Iora
OO. I saw you. You are the one standing beside me. lol
စိတ်ညစ်တဲ့ကာလတွေကိုကျော်လွန်ပြီး.ခုလိုပျော်ပျော်ရွှင်ရွှင်ပြန်တွေ့ရတာ.၀မ်းသာပါတယ်ဗျာ..
ကန်ဒီရေ ဘာကိစ္စဖြစ်သွားလို့လဲ ပူးပူးတောင်မသိလိုက်ရပါလား.......
:(
ဖြစ်ရမယ် ကန်ဒီတို့ ကတော့..တော်သေးတာပေါ့ ရောက်ပေလို့ 
Post a Comment