Friday, April 13, 2012

သင်္ကြန်ပုံပြင်++


သင်္ကြန်နဲ့ ပက်သက်လို့ အကြီးမားဆုံး အမှတ်တရရှိခဲ့တယ်။ အဲ.. အမှတ်တရလို့ မပြောချင်ဘူး။ ပျော်စရာ မဟုတ်ခဲ့လို့။ Psycho တစ်ခုရခဲ့တယ်လို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ ကန်ဒီသင်္ကြန်မှာ ရေမပက်ရဲဘူးဆို ယုံမလား???

တတန်းနှစ်လောက်တုန်းက....
ငယ်ငယ်က ကန်ဒီတို့ညီအစ်မတွေ အမြဲအကျီဆင်တူဝတ်တတ်တယ်။ အဲ့နှစ်သင်္ကြန်ရေကစားဖို့ဆိုပြီး အမေက အကျီအနီရောင်ရဲရဲလေးကို သုံးယောက်လုံးအတွက် ဆင်တူချုပ်ပေးတယ်။ အရင်ချုပ်ပေးနေကျ ဂါဝန်လေးတွေမဟုတ်ဘူး။ စကပ်ထမီလေးနဲ့ ဗမာအကျီလက်ပြတ်လေး။ လူကြီးလေးလိုပေါ့။ အဲ့အကျီလေးကို အရမ်းကြိုက်တယ်။ အမေက သင်္ကြန်ကျမှ ၀တ်ရမယ်ဆိုပြီး တချက်လွတ်အမိန့်ထုတ်ထားတယ်။ သင်္ကြန်ရောက်ရင် အဲ့အကျီလေးဝတ်ပြီး ရေကစားရမယ်ဆိုပြီး အပျော်ကြီးပျော်နေခဲ့တယ်။

သင်္ကြန်ရောက်တော့ လမ်းသွားလမ်းလာတွေကို ရေပက်ဖို့ အိမ်ရှေ့မှာ အမေက ရေပုံးလေးချပေးတယ်။ ကန်ဒီတို့ညီအစ်မတွေ ရေကစားနေကြတယ်။ လမ်းမှာဖြတ်သွားတဲ့ ရေမပက်သင့်တဲ့အဒေါ်ကြီးတယောက်ကို ကန်ဒီရေပက်လိုက်မိတယ်။ ပက်လိုက်တဲ့အချိန်မှာလည်း အမေက အနားမရှိတော့ သူ့ကိုမပက်သင့်မှန်း ကန်ဒီတကယ်မသိခဲ့ဘူး။ ဟုတ်တယ်.. သူယောဂီဝတ်စုံ ၀တ်ထားတယ်။ ကန်ဒီရေပက်လိုက်လို့ သူတုန့်ပြန်တဲ့ အပြုအမူက အရမ်းကြောက်ဖို့ကောင်းတယ်။ ဒေါသတွေထွက်ပြီး မျက်လုံးစိမ်းစိမ်းတွေနဲ့ ဆဲဆိုသွားတယ်။ ကန်ဒီအရမ်းလန့်သွားတယ်။ မှတ်မှတ်ရရ အရမ်းကြိုက်တဲ့ အကျီအနီလေးနဲ့.........

အဲ့နှစ်သင်္ကြန်ကစပြီး ကန်ဒီဘယ်သူ့ကိုမှ ရေမပက်တော့ဘူး။ မပက်ရဲတော့တာ။ "ဒါလေးနဲ့ ဒီလောက်ဖြစ်ရလား.."လို့ တွေးနေလား? ကလေးတယောက်ရဲ့စိတ်မှာ ဖြစ်တဲ့ဒဏ်က လွယ်လွယ်နဲ့ မပျောက်တတ်ဘူးလေ။ ရေပက်ခံတဲ့ကားတွေကို မဏ္ဍပ်မှာပိုက်နဲ့ပက်ဆိုရင်တော့ ပက်ရဲတယ်။ သူတို့က ရေပက်ခံချင်လို့လာတာလေ။ ဒါပေမယ့် မသိတဲ့လူတယောက်ယောက်ကို ရေခွက်နဲ့ရေသွားလောင်းပါဆိုရင် ခုချိန်ထိကန်ဒီမလုပ်နိုင်သေးဘူး။ ကိုယ့်ဟာကိုယ်ပျော့ညံတာတော့ သိတယ်။ အဲ့စိတ်ကို ခုထိမနိုင်သေးဘူး >.<

ကဲ.. ကဲ.. ဒါတွေထားပါ။ ဟိုနေ့က ဆမ်ဘာဝမ်းသင်္ကြန် ဗွီဒီယိုလေး Edit လုပ်ပြီးပါပြီ။ ကြည့်ချင်သူများ ကြည့်နိုင်ပါပြီ :D :D



*************************************************************************************

Girl Night^^

မနေ့ညက ကန်ဒီ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ Google plus မှာ Group Hangout :D


ကန်ဒီ Google plus တခါမှ မသုံးဖူးဘူး။ အဲ့လို Video နဲ့ Hangout လုပ်လို့ရတာလဲ မသိဘူး။ သူတို့ပြောမှ သိတာ (>.<)။ ကန်ဒီတို့သုံးယောက်က တယောက်တနေရာမှာလေ။ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းနဲ့လည်း ဗွီဒီယိုရော စကားရောပြောလို့ရတယ်။ ဒီလိုကျတော့လည်း ရန်ကုန်မှာ လိုင်းကောင်းသားပဲ :D :D


 Miss you girls :(

အဲ့လို Hangout လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မယ်ထင်တယ်။ မသိသေးတဲ့သူတွေကို ခုပြောပြလိုက်ပြီနော် ^_~ 

မေ့တော့မလို့...
ဗွမ်း ဗွမ်း ဗွမ်း...
အားလုံးကို ရေနဲ့လောင်းလိုက်သည်။ (မမြင်ရတော့ လောင်းရဲသည် :P)
Have a safe Thingyan^^

21 comments:

တွတ်တွတ် said...

အင်းဗျာ..ဒဏ်ရာရပြီးပြီဆိုမှတော့..အမာရွတ်ဆိုတာ.ကျန်စမြဲပါ..သို့ပေမယ့်...စဉ်းစားဆင်ခြင်တတ်တဲ့.အရွယ်မို့..တချို့ကိစ္စလေးတွေကို.အလေးအနက်မထားစေချင်ပါဘူး...ကန်ဒီရဲ့သူငယ်ချင်းတွေကလဲ..အချောအလှတွေပါလား..အနက်ရောင်လေးနဲ့မိတ်ဆက်ပေးအုံးနော်...:P နှစ်သစ်မှာရွှင်လန်းချမ်းမြေ့လို့....ပို့စ်တွေလဲများများရေးနိုင်ပါစေဗျာ.....ခင်မင်တဲ့..ကျောက်မဲမြို့က.တွတ်တွတ် (ultra surf နဲ့ကျော်ခွလာရတာ..စီဗုန်းကတော့...Sorry, the page you requested was not found. ခုလိုပြနေတယ် ဟင့်ဟင့်

အလွမ်းမြို့ said...

ညီမလေးကန်ဒီ...
မကြီးလွမ်း သင်္ကြန်အလွမ်းပြေ ဗီဒီယိုဖိုင်လေး လာကြည့်သွားတယ်။ ကျေးဇူးဘဲ။ သင်္ကြန်မှာ ချစ်သူဖူးသူနဲ့ရော သင်္ကြန်မှရန်ဖြစ်ကြေကွဲဖူးသူနဲ့ရော ဆုံးများဆုံဦးမလား မြင်များမြင်ရမလားလို့ ရှာကြည့်နေတာ...အဟီး...ခုတော့ တွေ့ပြီ ..မကြီးလွမ်း ဘေးနားမှာ တစ်ယောက်က ရှိနေတာကိုး....
နှစ်သစ်မှာပျော်ရွှင်ပါစေ ညီမလေးရေ

မောင်ဘုန်း said...

အင်း သုံးယောက် စလုံးက ပန်းတစ်ပွင့် စီ ပေးနေတော့
ဘယ်သူ ပန်း ကို ယူ မရမလည်း စဉ်းစားနေတာ ... အဟီး

အားလည်းနာတယ် ခင်းလည်းခင်တယ် ... မထူးပါဘူး ။

အား .......................... ။ အဟီး .... မယူတော့ပါဘူး . ။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေး ဖြစ်ပါစေ ... ချိုချဉ် ရေ ...


ခင်မင်စွာဖြင့်

မောင်ဘုန်း

8Yar said...

ရေပက်ရဲဘူးလားဟ။ ဒွတ်ခပဲ ဒီကရေပက်ခံချင်လို့ ဟာကို။ ဟီး ဟီး... :P နောက်တာ။ ငယ်ငယ်ကဟာကို ထားခဲ့လိုက်တော့ Candy ရေ အရင်ကသိမှ မသိပဲဟာကို။ ကျွန်တော်ဆို ငယ်ငယ်က ယောဂီရော၊ ဗိုက်ကြီးသည်ရော ပက်မိဖူးတယ်။ အဆူ၊ အဆဲတင် မကဘူး ခွက်နဲ့ပါ အခေါက်ခံရဘူးတယ်။ :( နာတာတော့မပြောနဲ့ စိတ်ရော၊ လူရော၊ ခေါင်းရော နာတယ်။ ဒါပေမယ့် ကိုယ်ရလိုက်တယ် ဗဟုသုတ တစ်ခုကို။ ကိုယ်ပေးလိုက်ရတာကို မကြည့်ပါနဲ့ ။ ကိုယ်ပြန်ရလိုက်တာကိုပဲကြည့်လိုက်ခြင်းအားဖြင့် အကောင်းမြင်ဝါဒီလေး လုပ်လိုက်ပါနော်။ :) နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။ မေတ္တာရှင်ဖောင်ဒေးရှင်း Blog မှာ ပုံတွေပြင်ပေးသွားလို့ ကျေးဇူးပါခင်ဗျာ။ :D :D :D

ရင်ဆူး said...

ကန်ဒီရေ....အဲ့ဒါမျိုးက ဖြစ်တတ်ပါတယ်....အစ်ကိုတို့လည်း ဖြစ်ခဲ့တာဘဲ.....မသိသေးတဲ့အရွယ်ကိုနော်.....
ကလေးဘ၀ကဟာတွေ ကလေးဘ၀မှာထားခဲ့တော့....
နှစ်သစ်မှာ အားလုံး အဆင်ပြေချောမွေ့ပါစေ..ညီမလေး ချိုချဥင်္ရေ.......

Snow May said...

ကန်ဒီရေ ဆမ်းဘာဝမ်းသင်္ကြန်လည်း ကြည့်သွားတယ်..။ သူငယ်ချင်းချောချောလေးတွေလည်း ကြည့်သွားတယ်..။ အားလုံးလှကြတယ်နော်.. :)

စံပယ်ချို said...

candy ရေ
မကြီးလဲအဲဒီလိုပဲ
ရေမလောင်းရဲဘူး
ဘာမှတော့မဖြစ်ခဲ့ဖူးပါဘူး
သူများလာလောင်းရင်လဲကြောက်တယ်
သင်္ကြန်နဲ့ပတ်သက်ပြီး
သိပ်စိတ်လှုပ်ရှားမှု မရှိခဲ့ဘူး
တန်ဆောင်တိုင်တို့ သီတင်းကျွတ်တော့ဆိုရင်တော့
ပျော်တယ်

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမ သူငယ်ချင်းတွေက အချောလေးတွေပဲ ဒါပေမယ့် ငါ့ညီမလေးကိုတော့ ဘယ်မှီမလဲ။

ချစ်စံအိမ် said...

ဘာပဲဖြစ်ဖြစ် ရေလောင်းသွားတယ်.. :PP

ဝိ၀ိ said...

သင်္ကြန် ဗွီဒီယို လေးကြည့် သွားတယ်..နော်..
သင်္ကြန်ကို လွမ်းလိုက်တာ...

Anonymous said...

ကလေးကန်ဒီကကြောက်သွားတာနေမှာ.ကန်ဒီကချစ်စရာကောင်းတယ်...
ရွှေဝါ.

camomile said...

သင်္ကြန်ပုံပြင်လာနားထောင်တာ...
ရေလောင်းသွားတယ်နော်...း)

မိုးသက် said...

တနားပါတယ်.။ ဆူခံရတာ ..။ နာ့အစ်မသူငယ်ချင်းတွေလှသားပဲ..။ နာ့အစ်မကိုတော့ မမီဘူးပေါ့. ။( ဟီး. မုန့်ဝယ်ကျွေးတော့..:P)

mstint said...

အားလုံးချစ်စရာလေးတွေပါလား အားလုံးကို
{{{{{{ ဗွမ်း }}}}}} :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကန်ဒီရေ..
အသက်ကြီးလာတာနဲ့ အမျှ မေ့ပစ်သင့်တာတွေ မေ့ပစ်ရမဲ့အရာတွေ များများလာမှာပါ။ ခလေးဘ၀ကပျော်စရာလေးတွေဘဲပြန်တွေးနော်။
အိုင်အိုရာ
ဟင် ..မေ့လို့ ....ဗွမ်း

နွေလ said...

အစ်မရေ . . .
Anonymous ပြောသလို
မေ့သင့်တာတွေ မေ့လိုက်ပါနော်
သင်္ကြန်ဆိုတာ ပျော်စရာအရမ်းကောင်းတဲ့ ပွဲလေးပါ
အဲ့ဒီပွဲလေးမှာ ကြောက်ရွံ့မှုတွေနဲ့
မဖြတ်သန်းတော့ပါနဲ့နော်
အစ်မ အရမ်းချစ်ဖို့ကောင်းတယ်နော်
သုံးယောက်ထဲမှာ အစ်မက အလှဆုံးပဲ
( အဟိ . . . မုန့်ဝယ်ကျွေး )

အောင်အောင် said...

CANDY နိသူငယ်ချင်းတွေက ချေားသားပဲ တစ်ယောက်က ကုလားရုပ်လေးနော်...နိဗီဒီယိုလေးကြည့်သွားတယ် မျိုးကြီးသီချင်းလေးနာကတော့ အရမ်းကြိုက်တယ် အသံကောင်းတယ်နော်...အတိတ်က အရိပ်တွေမေ့လိုက်ပေါ့ နာတို့ကတော့ တွေ့တဲ့သူ အားလုံးပတ်တယ်...အခုလည်း ဘလော့တကာ လိုက်ပတ်လိုက်အုံးမယ် အလွမ်းပြေ... ပျော်ရွှင်ပါစေ သူငယ်ချင်း...

မောင်(စွယ်စုံကျမ်း) said...

ပန်းသုံးပွင့်ဒေ၀ီဆိုတာ ဒီဟာကိုပြောတာနေမှာ..ဟိဟိ ဖွားလေး ဆင်ဆာတင်ပြီးပီနော်...ခိခိ..အဲ့အခန်းဖြတ်..တိန်

san htun said...

ကန်ဒီရေ ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ..ဗွမ်း..ဗွမ်း..ဗွမ်း

နွေတေးရှင် (မင်းဧရာ) said...

ညီမရေ...
လိုင်းသိပ်မကောင်းတော့ ဗွီဒီယို ဖိုင်တက်မလာဘူး
စာတွေဘဲဖတ်သွားတယ်။

ရေးမလောင်းရဲတာကတော့ ညံ့တာပေါ့ တစ်ချို့ဆိုရင် ကိုယ့်ကို ရေလာလောင်းမည့်သူကို မျှော်နေကြတာ သိလား))ဝ
ဥပမာ...
လူပျိုကြီး အပျိုကြီးတွေပေါ့ ဟီ ဟီ။

Unknown said...

I also got a story like u had..
when I was young, I used to play with water balloons in thingyan.
one day, I & lit bro carried a bag of balloons& waiting for people at the street nearby our house..we waited for abt the whole morning but nobody came. then luckily, just before lunch time, a victim (an old humpback lady abt 60-70 yrs old) was walking through us...we knew she is coming back from the monestry & my mom already reminded us not to play water on that kinda people...
so my lit bro, he like giving up already & preparing to go back home for lunch..
for me,I still thinking whether to throw or not, in the mean time of the oldie passing by...
she was facing away from us already.....
and I quickly finalized my thinking that she didnt show any signs of apologies not to get thrown by water, that means she doesnt mind it... ok!
I took the biggest two water balloons from the bag & run after from the oldie, threw them to the humpback with high speed...
I heard 3 contiuous sounds :
1. ballon hitting sounds
2. her very painful shouts
3. balloons bounced back from her & hit on the street floor

she was not scolding anything to us(maybe too pain to scold back or we run too fast)...

the 2nd sound made me stop playing with waterballons till now...not bcos I scared,but bcos I feel sad...
I couldnt help forgetting the way she feel,.. I mean, the pain.......I could feel how painful that was..
wish her happy & healthy
that's it.. :P

anyway, the past is the past , .. lets forget about the past... learn from the mistakes . that's enough.
ပျာ်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ ကန်ဒီရေ...ဒန်တန်တန် :P
ဗွမ်း..ဗွမ်း..ဗွမ်း