Friday, April 20, 2012

သူငယ်ချင်း


လူတယောက်ရဲ့ အပြုအမူအနေအထိုင် တစိတ်တပိုင်းကို သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေက လွှမ်းမိုးထားတယ်ဆို ယုံမလား???

စဉ်းစားကြည့်လိုက်ရင် ကိုယ့်ဘာသာတယောက်တည်းဆို မလုပ်နိုင်တဲ့/လုပ်ဖို့အလားအလာနည်းတဲ့ ကိစ္စတချို့ကို သူငယ်ချင်းတွေနဲ့အတူဆို လုပ်မိသွားတတ်တယ်။ ဥပမာ- Club သွားဖို့ အဖော်ညှိတာမျိုး၊ ဘီယာအရက်သောက်ရင်တောင် လူများရင် ပိုသောက်ဖြစ်တယ်ဟုတ်

ဘာမဟုတ်တာတွေလုပ်ပြီး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေမိတာ ကိုယ့်ဟာကိုယ် သတိထားမိလား? တချို့သူငယ်ချင်းတွေက မလိုအပ်ဘဲ တချိန်လုံးအပြင်သွားတယ်။ သူတို့သွားတိုင်းလည်း ကိုယ့်ကိုခေါ်တော့ မလိုက်ချင်လိုက်ချင် လိုက်နေရတတ်တယ်။ သူတို့ကြောင့် တန်ဖိုးရှိတဲ့ အချိန်၊ ပိုက်ဆံ စသဖြင့် အကုန်အကျတွေ များနေတတ်တယ်။ တခါတလေ စိတ်ထွက်ပေါက်တခုအနေနဲ့ သွားတာကို မဆိုလိုဘူးနော်။ အမြဲလိုလို အပျော်အပါးဘက်လိုက်နေတာကို ပြောချင်တာ။ 

ဒီနေရာမှာ အသိစိတ်ဓာတ်က အရမ်းအရေးကြီးတဲ့နေရာမှာ ပါလာပြီ။ အသိနဲ့ စိတ်ဓာတ်ကို ခွဲပြောချင်တယ်။
(၁) ကိုယ်လုပ်နေတာတွေ မှန်မမှန် ပြန်ဆန်းစစ်မယ်ဆိုတဲ့ အသိတခုရှိလား?? မှားနေတယ်ဆိုရင် ဒါမှားနေတယ်ဆိုတာ သိပြီလား?? 
(၂) တွေ့တဲ့အမှားကိုပြင်ဖို့ရော စိတ်ဓာတ်ခိုင်မာရဲ့လား??

ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်တတ်တဲ့ အကျင့်ရှိသင့်တယ်။ ကိုယ့်အမှားကို မမြင်ဘူး မသိဘူးဆို အဲ့နေရာမှာတင် ပြီးနေပြီ။ ပြင်မှာလည်း မဟုတ်ဘူး။ ကိုယ်နေထိုင်နေတဲ့ပုံစံက အဓိပ္ပာယ်ရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါလား။ ငါအပျော်အပါးတွေ အရမ်းများနေလား? ဒီသူငယ်ချင်းတွေက ငါ့ကိုဖျက်ဆီးနေတာလား? သူတို့နဲ့ မလိုအပ်ဘဲ အချိန်တွေ ဖြုန်းနေမိလား?

အဖြေရပြီဆို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြင်ဆင်ပါ။ သူတို့ကို ရှောင်သင့်ရင် ရှောင်လိုက်ပါ။ ဆိုလိုတာက ကိုယ့်စိတ်ကိုယ် အဲ့ဒါမျိုး ဘာမဟုတ်တာတွေနဲ့ အချိန်မကုန်စေဖို့ ထိန်းသိမ်းပါ။ ဒီလိုလုပ်လို့ သူငယ်ချင်းတွေက မုန်းသွားမှာပဲဆိုတာမျိုး တွေးနေရင်တော့ နွံလိုပဲ နစ်သထက်နစ်လိမ့်မယ်။ 

တချို့လူတွေက သူငယ်ချင်းအပေါ် အရမ်းမှီခိုတယ်။ သူဒါလုပ်ဆို လုပ်တယ်။ သူဒါမလုပ်နဲ့ဆို မလုပ်ဘူး။ နောက်ပိုင်းမှာ အဲ့လိုလမ်းညွှန်နေတဲ့သူငယ်ချင်းတွေက သူတို့အပေါ် အရမ်းလွှမ်းမိုးလာတတ်တယ်။ မဆိုင်တဲ့ကိစ္စတွေမှာ ၀င်စွတ်ဖက်လာတတ်တယ်။ တကယ်တော့ ဘယ်သူ့အပေါ်မှာမှ မမှီခိုတာ အကောင်းဆုံးပဲ။ သူငယ်ချင်းတယောက်အနေနဲ့ အခြေအနေတရပ်ကို ဒီလိုလုပ်ရင် ဒီလိုဖြစ်နိုင်တယ်။ အကျိုးဆက်အနေနဲ့ ဒါတွေရမယ်.. အဲ့လိုမျိုးပဲ အကြံပေးသင့်တယ်။ ဒါကိုပဲ လုပ်.. ဆိုတဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး။ ဆုံးဖြတ်ချက်တခုဟာ ကိုယ်ချတာပဲ ဖြစ်သင့်တယ်။ သူငယ်ချင်းက ဒါလုပ်ဆိုလို့ လုပ်တာမျိုး မဖြစ်စေချင်ဘူး။

သူငယ်ချင်းဆိုတာ ပေါင်းတတ်ဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့မူလစိတ်နဲ့ အပြုအမူအကျင့်စရိုက်ကို တသမတ်တည်းထားနိုင်တဲ့ စိတ်ဓာတ်ခပ်မာမာရှိဖို့လိုတယ်။ အပေါင်းအသင်းကြောင့် ပျက်စီးတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေအတွက်တော့ မှန်မယ်ထင်တယ်။ ကိုယ့်စိတ်က ခိုင်တယ် ပြတ်သားတယ်ဆိုရင် ဘယ်လိုသူငယ်ချင်းမျိုးပေါင်းပေါင်း ကြိုက်တဲ့လူနဲ့ ပေါင်းလို့ရတယ်။ ကိုယ့်စိတ်ကို သူတို့မလွှမ်းမိုးနိုင်ဘူးလေ။ အဲ့ဒါ အရေးကြီးဆုံးပဲ :D

ဒီမှာ ကန်ဒီအဓိကပြောချင်တာ သူငယ်ချင်းရွေးပေါင်းဖို့ မဟုတ်ဘူးနော်။ ကိုယ့်စိတ်ကိုယ် နိုင်စေချင်တာ။ မကောင်းမှန်းသိရင် ပြင်ရဲတဲ့သတ္တိရှိစေချင်တာ။ ကိုယ့်ဟာကိုယ်ပဲ မှီခိုတတ်တဲ့အကျင့် ရှိစေချင်တာ။ ကန်ဒီ့ပတ်ဝန်းကျင်မှာ တွေ့နေရတာတွေက ကန်ဒီ့အတွက် စာတပုဒ်ဖြစ်ဖြစ်သွားတတ်တယ်။ ဒီပိုစ့်လေးလည်း ထိုနည်း၎င်းပဲ ^_^

20 comments:

ရဲထွန်း ဇော် said...

>.<

စံပယ်ချို said...

ဟုတ်တယ် အရက်သောက်တတ်တဲ့သူနဲ့ပေါင်းနေရင် ကိုယ်လဲ နဲနဲ တော့သောက်မိတာပဲ
အားနာတာရယ် ခင်မင်တာရယ်ပေါ့
အကောင်းဆုံးကတော့ သူများကိုလဲ မလွှမ်းမိုးနဲ့
ကိုယ့်ကို လာပြီးလွှမ်းမိုးရင်လဲ ရှောင်ထွက်လိုက်
တစ်ချို့ကကောင်းတာကိုလမ်းညွှန်တတ်ပြီး
တစ်ချို့က မကောင်းတာကိုလမ်းညွှန်တယ်
တခါတလေ အဲလိုလေးတွေရေးတာ ကောင်းတယ် ကန်ဒီရေ

မိုးငွေ့...... said...

သိပ်ကောင်းတဲ့စာပဲကလေးလေးရေ...။ သူငယ်ချင်းတွေထဲက ရှောင်သင့်တဲ့သူငယ်ချင်းတွေကို အများကြီးတွေ့ကြုံခဲ့ဖူးတယ်...ကိုယ့်စိတ်ကိုနိုင်ပြီး အလွှမ်းမိုးမခံခဲ့ဘူး...။သူများကိုလဲ လွှမ်းမိုးရတာမကြိုက်ဘူး.....။

အလွမ်းမြို့ said...

ညီမလေးကန်ဒီလေးရေ။
မကြီးလွမ်းတော့ သူများဘယ်လောက်တိုက်တိုက် အားမနာ တတ်ဘူး..ဘူးဆိုဘူးဘဲ.. အဟဲ..ဗဟုသုတ ရတဲ့စာလေးဖတ်ရတော့ အားရှိသွားတယ်..အဓိက ကန်ဒီပြောသလို ကိုယ်သာ အရေးကြီးဆုံးပါ။ ညီမလေးလည်း နှစ်သစ်မှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း လိုရာဆန္ဒပြည့်ဝပါစေ


ခင်တဲ့
မကြီးလွမ်း

နွေလ said...

စေတနာလေးတစ်ခုနဲ့ ရေးထားတဲ့အတွက်
ဖတ်ရတာ လေးနက်မှုရှိလှတယ်ဗျာ
ပြောတဲ့သူရှိမှ ပြင်ကြဆိုတော့
ကျွန်တော်လည်း အစ်မချိုချဉ်ပြောသလို
မထိန်းနိုင်တဲ့ စိတ်ကို
ထိန်းနိုင်အောင် လေ့ကျင့်လိုက်ဦးမယ်
ပျော်ရွှင်ပါစေနော်

AH said...

ဟုတ်ပ ဟုတ်ပ... ကျွန်တော် ၁၀တန်းတုန်းကဆို ဂိမ်းကြီးပဲ ဘော်ဒါတွေနဲ့ ဆော့နေလို့ အိမ်က အမေ လိုက်ဖမ်းတာ မှတ်မိသေးတယ်။ လူစုံလို့ကတော့ ပျောက်တာပဲ... ကံကောင်းတာကတော့ ကျွန်တော့်သူငယ်ချင်းတွေ အားလုံး စိတ်တူကိုယ်တူများကြတာပါ။ တက္ကသိုလ်တုန်းကလဲ ပွေးကြရင် တူတူပွေးပြီး တစ်ကယ် အင်တိုက်အားတိုက်လုပ်ချိန်ကြရင် တူတူလုပ်၊ မခိုမကပ်ပဲ အပြန်အလှန် စာရှင်းပြကြနဲ့ ပျော်စရာတော့ အကောင်းသား။ ကိုယ်နဲ့ အစီးမကပ်တဲ့၊ စိတ်မတူတဲ့လူမျိုးကြတော့လဲ မေး၊ထူး၊ ခေါ်၊ပြောလောက်ပဲ။ အန်းနီးဝေး... ဒီပို့စ်လေးကြိုက်တယ် ....

mstint said...

မှန်တာပေါ့ ချိုချဉ်လေးရယ်။ မိမိကိုယ်ကို မထိန်းသိမ်းနိုင်တဲ့ အားနည်းချက်ကို ပတ်ဝန်းကျင်အပေါ် အပြစ်ပုံချလို့ မရဘူးလေကွယ်။ မည်သူမပြုမိမိမှုပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

မမတော့သူငယ်ချင်းမရှိဘူးအေးရော :)
ညီမလေးပိုစ့်လေးဖတ်ပြီတစ်ယောက်ယောက်တော့သတိ
ရမိသားပဲ :D

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တဲ့ အတွေးတွေပါပဲ။။။သူငယ်ချင်းဆိုတာ ကောင်းတဲ့သူရှိသလို
မကောင်းတဲ့သူလဲ များသားနော်။အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ထိန်းသိမ်းပြီး ပတ်ဝန်းကျင်ကို အပြစ်ပုံမချတာကောင်းပါတယ်

မြတ်ကြည် said...

ဘယ်သူနဲ့ပေါင်းပေါင်း၊ အကျင့်ဆိုတာတော့ ကူးစက်တတ်မြဲ။ ဘယ်သူမှလည်း မရှိရော၊ ဘာမှကို မလုပ်ဖြစ်တော့ဘူး။ :D

ချမ်းမင်းကို(ပဥာက်) said...

နားထောင်သွားပါတယ်ဂျာ...

Snow May said...

ကန်ဒီရေးတာ ထောက်ခံတယ်.. အဲဒါကြောင့် ပြောကြတာပေါ့..Be yourself, It's enough ဆိုပြီးတော့လေ :)

camomile said...

ဟုတ်တယ်နော်.. အဓိက ကကိုယ့်စိတ်ကိုယ်ထိန်းနိုင်ဖို့ဘဲလိုတယ်..
စကားမစပ် မြတ်ကြည်လေးမန့်ထားတာသဘောကျတယ်း)

ရင်ဆူး said...

အဓိကက စိတ်ဓါတ်ခိုင်မာဖို့ပါဘဲ....စိတ်ဓါတ်မခိုင်မာရင် ကို့အပေါ်လွှမ်းမိုးချင်တဲ့သူတွေက လွှမ်းမိုးလာမယ်.....ကောင်းတဲ့သူဆို တော်သေး....မကောင်းတဲ့လူဆို ကိုပါရောပြီးပျက်စီးမှာနော်.........သူငယ်ချင်းဆိုတာ ရှိတော့ရှိရမယ်ထင်တယ် ကန်ဒီရေ.......

Anonymous said...

ကလေးတွေဘဲပေါင်းတယ်ကွယ်
ကောင်းဘူးလားး)

အောင်အောင် said...

နာတို့ကတော့ သူငယ်ချင်းဆို အရမ်းမက်တာ ဟာသလုပ်တက်တဲ့ သူငယ်ချင်းဆို အရမ်းခင်တယ်...ကျောင်းတုန်းကလည်း သူငယ်ချင်းတွေစုပြီး သူများတွေလိုက်စလို့ ရုံးခန်းရောက်တာ အကြိမ်ပေါင်းမနည်း...နာ့အထင်တော့ ဘယ်လိုသူငယ်ချင်းနဲ့ပေါင်းပေါင်း အဓိကတော့ စိတ် (သိုး..မဟုတ်ပါ) ...ကိုယ့်စိတ်မခိုင်ရင်တော့...သွားရေား...

ချောကလက်ကျူးပစ်လေး said...

တချို့လူတွေက သူငယ်ချင်းအပေါ် အရမ်းမှီခိုတယ်။ သူဒါလုပ်ဆို လုပ်တယ်။ သူဒါမလုပ်နဲ့ဆို မလုပ်ဘူး။ နောက်ပိုင်းမှာ အဲ့လိုလမ်းညွှန်နေတဲ့သူငယ်ချင်းတွေက သူတို့အပေါ် အရမ်းလွှမ်းမိုးလာတတ်တယ်။
မှန်တယ်အမရေ
ဒါပေမယ့်လည်း....ခင်နေတော့...:)

ညိမ်းနိုင် said...

အင်း....တွေးစရာပဲ....၊ကိုယ်တွေအရက်သောက်တုန်းက(အရက်သောက်တုန်းကဆိုတော့ ခုရောမသောက်ဘူးလားလို့မမေးကြေး...:)))
ကိုယ်တွေဘော်ဒါအုပ်စုထဲမှာ လုံးဝမသောက်တတ်တဲ့
ကောင်တွေပါတယ်....၊ကိုယ်တွေကလည်း မတိုက်ဘူး၊
သူတို့ကလည်းမသောက်ဘူး၊ကိုယ်တွေဆို သင်းတို့
အရက်ဆိုင်လိုက်လာမှာတောင်ကြောက်တယ်၊အမြည်း
ချည်းထိုင်စားနေကြလို့လေ...၊နောက်ဆုံးပျက်ပျက်
သားသားဆက်ဆံရတော့တယ်...၊မင်းတို့မှာချင်တာ
မှာစား...၊ငါတို့အမြည်းတော့မထိနဲ့လို့....:)))။
ပြောချင်တာက အပေါင်းအသင်းကြောင့်ဂုဏ်တတ်
တယ်၊ဂုဏ်ပျက်တယ်...၊ဒါပေမယ့် လူတိုင်းမဟုတ်၊
နဲနဲစိတ်ပျော့တဲ့သူတွေအတွက်မှန်မယ်ထင်ရဲ့...၊
ကိုယ်တွေကတော့ သယ်ရင်းတွေဘာလုပ်မလဲ...၊
မင်းလုပ်ချင်တာတွေမတားဘူးပဲ....:)))))

ဝေမိုးနိုင်(မုံရွာ) said...

ထောက်ခံတယ် အစ်မ။ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးတယ်။ အတွေးလေးတွေ လှတယ်။ သဘောကျတယ်။

ဖြိုးဇာနည် said...

တကယ်မှန်တယ်သူငယ်ချင်း
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး
ကျွန်တော်လဲဒီလိုတွေးမိလို့ ဒီလိုဖြစ်အောင်
ရေးတာပဲ ဒါပေမဲ့ ဖတ်လို့မချောပဲ အချစ်
ဇတ်လမ်းတစ်ပုဒ်သာဖြစ်သွားခဲ့တယ်။။။။
မာန် ဆိုတဲ့ ကျွန်တော့် post လေးမှာပေါ့
အခုတော့ ချိုချဉ်က ကျွန်တော် ရေးချင်ဖတ်ချင်
စိတ်ရှိတဲ့ ဒီလို post လေးကို ရေးပေးလိုက်တဲ့
အတွက် ကျွန်တော့်ဆန္နပြည့်သွားခဲ့တယ်

ကျေးဇူး ကန်ဒီ