Friday, April 27, 2012

ဟိုဟိုဒီဒီ++

ဒီနေ့ ကန်ဒီ့မေမေရဲ့ ၆၂နှစ်ပြည့်မွေးနေ့...

Happy Birthday Mommy!!!! 
Be Happy and Healthy :D :D :D

မေမေ့အတွက် မွေးနေ့လက်ဆောင်အပါအ၀င် အမှတ်တရပိုစ့်တပုဒ်ကို သီးသန့်ရေးမယ်။ ခုလောလောဆယ်တော့ Present က မပြီးသေးဘူး ဟီးဟီး။ ဘာပေးမယ်လို့ ထင်ပါသလဲ?? ဒန်တန်တန်.........

 
မနေ့က ICA မှာ သောင်တင်တယ်။ ကြီးကြီးကိစ္စ လိုက်လုပ်ပေးတာ။ Passport မှာ "ဒေါ်" မပါပဲ Long Term Visa မှာ "ဒေါ်" ပါနေလို့ ပြန်ပြင်ရတာလေ။ အစ်ကိုတွေက ရုံးဖွင့်ရက်ကြီးဆိုတော့ မအားဘူး။ အဲ့ဒါနဲ့ ကန်ဒီလိုက်သွားပေးတာ။ ဟိုမှာတော်တော်ကြာ စောင့်လိုက်ရတယ်။ ပထမကောင်တာကလူက ဒုတိယသွားရမယ့်ကောင်တာကို မပြောဘဲ တတိယသွားရမယ့် ကောင်တာကို မှားပြောလိုက်တယ်။ ၁နာရီ ၂နာရီလောက်တော့ ကြာလိမ့်မယ်ဆိုပြီးလည်း သူက ပြောလိုက်သေးတယ်။ အဲ့မှာ သွားတာပဲ။ ကောင်တာအမှားကြီးမှာ ၂နာရီနီးပါး စောင့်နေတာ။ ၂နာရီခွဲလောက် စောင့်ပြီးတော့ မဟုတ်သေးဘူးဆိုပြီး Visitor Service ကို sms ပို့ကြည့်မှ Q No. က Counter 30 မှာ ကျော်သွားပြီတဲ့။ ကန်ဒီတို့စောင့်နေတာ Counter 20 မှာ (>.<)။ အဲ့မှာ မနက် ၉နာရီခွဲလောက်ထဲကရောက်နေတာ ၃နာရီမှ အားလုံးပြီးတယ်။ နေ့လည်စာလည်း အဲ့တော့မှ စားရတယ်။





စကားမစပ် လူကြီးတွေက ချစ်ဖို့ကောင်းတယ်နော်။ အဲ့နေ့က ကြီးကြီးနဲ့ ဧရာဝတီမှာ ထမင်းစားပြီးတော့ ဟင်းတချို့ကျန်တယ်။ သိပ်မများပါဘူး။ နည်းနည်းလေးပါ။ အဲ့ဒါလေးကို သူ့လွတ်နေတဲ့မုန့်ဗူးလေးထဲထည့်ပြီး ကန်ဒီ့ကို ပေးလိုက်တယ်။ ညစာစားလို့ ရတယ်တဲ့။ နည်းနည်းတော့ ရှက်ဖို့ကောင်းတာပေါ့။ ဟင်းနည်းနည်းလေးကျန်တာကို ထည့်နေတယ်ဆိုတော့ (:P)။ ပိုက်ဆံရှင်းတော့လည်း SGD 12.80 လား မသိဘူး ကျတယ်။ အဲ့ဒါသူ့မှာအကြွေတွေများနေလို့ဆိုပြီး 80 cents ကို 5cents လေးတွေပေါင်းပြီးပေးလိုက်တယ်။ ကန်ဒီတောင် 80cents ပြည့်မပြည့် ထိုင်ရေလိုက်ရသေးတယ်။ ပိုက်ဆံပေးတာကို စောင့်နေတဲ့လူကတော့ ဘယ်လိုထင်တယ်မသိ။ ကန်ဒီတော့ ရီချင်တယ် ဟိဟိ။ ရီချင်တယ်ဆိုတာက လှောင်တာမျိုး မဟုတ်ဘူးနော်။ ချစ်စရာကောင်းတယ် ထင်လို့ ဟီးဟီး။ ကိုယ့်ဟာကိုယ်ဆို အဲ့လိုအကြွေစေ့တွေ ထိုင်ရေဖြစ်မှာ မဟုတ်ဘူးလေ။

ဒီကိစ္စကို ကန်ဒီအလကားပြောပြနေတာ မဟုတ်ဘူးနော်။ အသက်ကြီးတဲ့လူတွေရဲ့ အပြုအမူတချို့ကို လူငယ်တွေက စိတ်မရှည်တတ်တာ များတယ်လေ။ ကိုယ်စိတ်မရှည်ဘူးပဲ ထားဦး။ သူတို့ရှေ့မှာ အမူအရာနဲ့ မဖော်ပြစေချင်ဘူး။ ကိုယ်အသက်ကြီးလာရင်ရော ဒီလိုမဖြစ်ပါဘူးလို့ ပြောနိုင်လား?? 

ကြီးကြီးက မေးတယ်။ အမေက သူ့ကို ကန်ဒီစာရေးတယ်လို့ ပြောတယ်.. ဟုတ်လားတဲ့။ Ekkk... ကန်ဒီစာရေးတာ အမေသိသွားပြီ။ ရှက်လိုက်တာ။ ကန်ဒီစာရေးတာ ဘယ်သူ့မှ မပြောထားဘူး။ ဖေ့ဘွတ်မှာလည်း ပိုစ့်တွေရှယ်လေ့မရှိဘူး။ ညီမအလတ်တယောက်ပဲ သိတာ။ ဟွင်းဟွင်း.. ဒင်းပြောလိုက်လား မသိဘူး >.<

မပြီးနိုင် မစီးနိုင်လို့ပဲ ပြောရမလား။ မြန်မာပြည်သင်္ကြန်က ၅ရက်ကို ဆက်တိုက်ကျင်းပတယ်။ စင်္ကာပူမှာက တပတ်တခါကျင်းပတယ် (:P)။ မနက်ဖြန် Sembawang မှာ သင်္ကြန်ရှိတယ်နော်။

နေ့ရက် - ၂၈.၄.၂၀၁၂ (စနေနေ့)
အချိန် - ညနေ ၄နာရီ မှ ည ၉နာရီ ထိ
နေရာ- Blk 341 Mini Park (Sembawang mrt နဲ့ နီးတယ်တဲ့.. လမ်းလျှောက်လို့ရတယ်)
Fee - $2 each

ဟုတ်တယ်.. Ticket နဲ့ (>.<)။ ဒါပေမယ့် $2 ဆိုတော့ မဆိုးပါဘူး။ Guess what?? ကန်ဒီ သီချင်းဆိုမှာ!!! အထင်မကြီးသွားနဲ့နော်။ အဖြစ်က ဒီလို.. ကန်ဒီမေတ္တာရှင်ဖောင်ဒေးရှင်းမှာ ခု Volunteer ၀င်လုပ်နေတယ်လေ။ အဲ့အဖွဲ့ကဆိုမယ့် Group song မှာ အီယောင်ဝါးဝင်လုပ်မှာကို ပြောတာ ဟိ။

အဖွဲ့လိုက်ဆိုတော့ Group ၀တ်စုံလေးနဲ့ပဲ ဆိုမှာ.. T-shirt နဲ့ ထမီကြီးနဲ့တော့ သိပ်မလိုက်ဘူး >.<

 သီချင်းတိုက်နေကြတာ :D

The Lady (HD)
မျှော်နေတဲ့သူတွေအတွက် "The Lady" ရုပ်ရှင်ကားကို YouTube မှာ ကြည့်လို့ရပြီနော်။ ဒီလင့်ခ် မှာနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Quality လည်း ကောင်းတယ်။ Connection နှေးတဲ့နေရာရောက်နေတဲ့ သူတွေအတွက်လည်း ၁၀မိနစ်စာအပိုင်းလေးတွေကို သူ ဒီနေရာ မှာ Playlist လုပ်ပေးထားပါတယ်။

Good Night^^

17 comments:

မိုးသက် said...

The Lady ကလည်း ဗားရှင်းပေါင်းစုံနေပြီ.တစ်မျိုးလာတစ်ခါဒေါင်းနဲ့ ဆိုတော့.။ အခုတော့ နောက်ဆုံးထင်လို့.. ။ကြည်လည်းကြည်လို့ ဒေါင်းပြီး အခွေပါတစ်ခါတည်းခုတ်ထားလိုက်တယ်.။ အေးရော.။
ဒါနဲ့ အစ်မ.သီချင်းဆိုပြီးရင် တင်ဦးမှာလား.။ လုပ်လိုက်တော့. (မြှောက်ပေးတာ.. ဟီး..).။

စံပယ်ချို said...

ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေလို့အန်တီကိုနုတ်ဆက်ပါတယ်
ဂျက်ရဲ့ မေမေနဲ့အသက်တူတူပါပဲ
ကန်ဒီလေး ချစ်ဖို့ကောင်းတယ်
The Lady ကတော့ကြည့်ပြီးသွားပါပြီ

ချစ်စံအိမ် said...

မွေးနေ့မှာပျော်ရွှင်ကျန်းမာပါစေလို့မေတ္တာပို့ပေးလိုက်ပါတယ်နော် ညီမမေမေအတွက်ရောအားလုံးပေါ့
The lady ကြည့်ပြီပါကြောင်းနှင့်
ဟိုရက်က မြန်မာစာတန်းထိုးပါတွေ့ လို့ဒေါင်းထားမိသေးတယ်။။
သီချင်းဆိုတာတင်နော်နားထောင်ချင်တယ်။။
သီချင်းဆိုလာထားပဲစောင့်မျှော်နေမယ်။။။

Anonymous said...

သမီးချစ်တွေနဲ့ မွေးနေ့မှာပျော်ရွှင်ပါစေအန်တီ..း)
အသက်ရာကျော်ရှည်ပါစေ..
ကျန်တာကတော့
အပေါ်ကဦးလေးနဲ့အန်တီတို့ပြောသွားသလိုဘဲ :D

မိုးသူ(တောင်ကြီး) said...

ရေလည်ကျေးဂျူးတင်ဒယ်
ဒေါင်းပြီးခွေဘမ်းထားလိုက်တော့မယ်

Anonymous said...

Thingyan ပွဲက အိမ်အောက်မှာပဲလေ။ မနှစ်ကလဲလုပ်တယ် ပိုက်စံမပေးရဘူး။ ဒီနှစ်မှပေးရတာ။ ဒါပေမယ့် အဲဒီနေ့  ခရီးသွားမှာမို့  အားပေးလို့ မရတော့ဘူး။ ဟင့်ဟင့်

Candy said...

အော်.. အဲ့ဒါ နှစ်တိုင်းရှိတာလား.. ကန်ဒီက ခုမှ သိတာ ဟီးဟီး :D

လွင်ပြင်လှိုင်းငယ် said...

ညီမရဲ့ မေမေ ပျော်ရွှင်သောမွေးနေ့လေးပိုင်ဆိုင်နိုင်ပါစေ

ဘရဏီ said...

သီချင်းဆိုနေတာလေးကို ဗီဒီယိုလေးရိုက်ပြီးတင်ပါအုံး။
ကြည့်ချင်လို့ ။

ဖြိုးဇာနည် said...

မင်္ဂလာပါကန်ဒီရေ့
thelady ကိုဒေါင်းသွားပြီ့ကျေးဇူး

ရင်ဆူး said...

သင်္ကြန်ကပြီးသေးဘူးပေါ့..ပျော်စရာဘဲ.....သီချင်းဆိုပြီးရင်လည်းတင်ဦးလေ......The Lady ကတော့ကြည့်ပြီးသွားပြီ.....အစ်ကိုလည်း နေမကောင်းလို့မလာဖြစ်ဘူး ကန်းဒီရေ........

camomile said...

ကန်ဒီလေးရေ... ဟိုဟိုဒီဒီဆိုတော့ ယောင်လည်လည်နဲ့ရောက်ခဲ့တယ်း)
သမီး မြေး မြစ်တွေနဲ့ အတူ ပျော်ရွှင်တဲ့ မွေးနေ့ပေါင်းများစွာကို နှစ်ပေါင်းများစွာဆင်နွှဲနိုင်ပါစေလို့ ကန်ဒီ့မေမေအတွက်ဆုတောင်းပေးပါတယ်

ဝိ၀ိ said...

သီချင်းဆိုပြီးတဲ့အခါကျရင် ဗီဒီယို တင်နော်...

Z@! said...

ကန်ဒီ့မေမေအတွက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်စရာကောင်းသော သားသမီးမြေးမြစ်များစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

တစ်ပတ်တစ်ခါ သင်္ကြန်ပွဲကျင်းပတော့ ပျော်စရာပေါ့နော့။ :)

pigpig said...

ကန်ဒီလေး..သီချင်းဆိုပြီးရင်လည်းတင်ဦးနော်

မြတ်ကြည် said...

ယို့ပြန်ရောက်ပြီ။ သီချင်းဆိုပြီးရင် တင်လေနော်။ အမှန်တော့ လူကြီးတင်မှမဟုတ်ဘူး။ မြတ်ကြည်လည်း ပိုရင် အိမ်သယ်တာပဲ။ အကြွေစေ့လည်း အဲလိုပေးနေကျ။ ခွိခွိ သိပ်များ လူကြီးဆန်နေမလား မသိနော်။ :P :P

san htun said...

ကန်ဒီ မေမေ ကျန်းမာပျော်ရွှင်ပါစေ..မလေလွင့်စေတဲ့ လူကြီးတွေရဲ့  အမူအကျင့်လေးတွေက ချစ်ဖို့ ကောင်းသလို နမူနာယူသင့်ပါတယ်..