Monday, April 2, 2012

Busy Weekend


ကန်ဒီတယောက် အလုပ်ရှုပ်နေပါတယ်။ ရှုပ်လေကောင်းလေပဲ။ မရှုပ်ရင် စိတ်ညစ်စရာတွေ ခေါင်းထဲဝင်လာတယ် (စိတ်ညစ်စရာ = စာမေးပွဲ မဖြေနိုင်ခြင်း)။ စနေနေ့က East Coast မှာ Barbeque.. ရန်ကုန်ပြန်ပြီး မင်္ဂလာဆောင်တော့မယ့် သူငယ်ချင်းတယောက်ရဲ့ နှုတ်ဆက်ပွဲလေ။ ကန်ဒီ့ကို ဓာတ်ပုံရိုက်ပေးမယ့်သူ တယောက်မရှိတော့ဘူးးး (:P)။ မိန်းမရတော့မှာ တော်တော်ပျော်နေပုံရတယ်.. မူးလိုက်ကြတာမှ သူရော သူ့သူငယ်ချင်းတွေရော အလဲအကွဲ။ ကန်ဒီလား?? မမူးပါဘူး.. သူတို့သောက်ပြီး မူးပြီး ပြောချင်ရာတွေ ပြောနေတာကို ထိုင်ရီပြီး ပြန်လာတယ် ဟိဟိ။ သူတို့ကတော့ ဆက်မူးပြီး ကျန်ခဲ့တယ်။ ကံကောင်းလို့ Taxi ငှားလို့ရတယ်။ အိမ်ပြန်ရောက်တော့ ၁၁ခွဲလောက်။

  
သရေကျနေပြီမလား.. ဟဲဟဲ

ဖေ့ဘွတ်မှာ ဟိုးးး ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ပြန်တွေ့တယ်။ ဒီလိုကျတော့လည်း ဖေ့ဘွတ်က မိုက်တယ်နော်။ တချို့က အိမ်ထောင်ကျကုန်ပြီ။ တချို့ဆို ကလေးတောင် နှစ်ယောက်လောက်ရနေပြီ (:O)။ ကန်ဒီ မငယ်တော့ဘူးနော်။ ကိုယ့်ဟာကိုယ် ငယ်တယ်ပဲ ထင်နေတယ် ဟီးဟီး (:P)။ လွတ်လွတ်လပ်လပ်နေပါဦးလား... ဘာလို့စောစောစီးစီး လက်ထက်ကြတာလဲဟင်? အဲ့လိုမေးရင် ချစ်လို့ပေါ့လို့ ပြန်ဖြေမယ်ထင်တယ်နော် :D :D

ဘာသီးတွေပါလိမ့်???

 

ဒီသီချင်းလေးကို အရမ်းကြိုက်နေတယ်။ ဆိုမယ်ကွာဆိုပြီး Singforyou မှာ သွားဆိုတယ်။ ဆိုရခက်တယ်။ မကျေနပ်လို့ ၃၊ ၄ခါလောက်ဆိုတယ်။ ဆိုပြီး Save လိုက်တော့ ကန်ဒီ့အသံပါမလာဘူး (Preview တုန်းက ပါတယ်)။ သီချင်းသံကြီးပဲ ဖြစ်နေတယ်။ အရမ်းတင်းတယ် >.<


တနင်္ဂနွေနေ့ကတော့ ကုသိုလ်ရတဲ့နေ့လေးပါ။ အိပ်ယာတို့လုပ်နေတဲ့ မေတ္တာရှင် ဖောင်ဒေးရှင်း(စင်္ကာပူ) အဖွဲ့ရဲ့ ဘလော့ဒီဇိုင်းကို သွားပြင်ပေးတယ်။ အဖွဲ့ဝင်တွေ စိတ်တိုင်းကျ လုပ်ပေးထားတယ်။ အစကအောင်အောင်(အိမ်လွမ်းသူ)ကိုတောင် Free Template တွေ မေးထားသေးတယ်။ အချိန်တိုအတွင်းပြင်ရတာဆိုတော့ HTML code တွေရှာပြင်နေရင် ကြာမှာစိုးလို့ Template မသုံးဘဲ အမြန်ဆုံးနည်းနဲ့ Banner လုပ်၊ Blogger ကပေးတဲ့ Background ပဲသုံးပြီး လုပ်လိုက်တယ်။ Banner နောက်ခံက ကန်ဒီရှာထားတာလေ (ကြွားတာ)။ စာလုံးတွေ ဘာတွေကတော့ အဲ့အဖွဲ့က အစ်ကိုတယောက် Photoshop ထားတယ်။ အချိန်နည်းနည်းလေးနဲ့ လုပ်လိုက်တဲ့ ဘလော့ဒီဇိုင်းလေးက မဆိုးဘူး ပြောလို့ရတယ်။ ကျေနပ်တယ် အဟိ။

မေတ္တာရှင်ဖောင်ဒေးရှင်း အကြောင်းသိချင်ရင်တော့ သူတို့ဆိုဒ်မှာ သွားဖတ်နိုင်ပါတယ်။ မန်ဘာဝင်ချင်လည်း ၀င်နိုင်ပါတယ်။ ကန်ဒီကတော့ မန်ဘာလိုလို ဘာလိုလို ဟိုမရောက် ဒီမရောက် ဟီးဟီး။ အိပ်ယာနဲ့ခင်တော့ ကူညီနိုင်တာလေးတွေ ကူနေတာ။ ဒါနဲ့ သင်္ကြန်ဘာလုပ်ကြမှာလဲ?? (၈)ရက်နေ့ ဆမ်ဘားဝမ်းသင်္ကြန်ရှိတယ်နော်။ သွားကြမှာလား?? ကန်ဒီကတော့ အဲ့နေ့ မေတ္တာရှင်ဖောင်ဒေးရှင်းက ရေအလှူမှာ သွားကူဖြစ်မယ် ထင်တယ်... သူတို့လူလိုရင်ပေါ့  ^_^

ဆမ်ဘားဝမ်းသင်္ကြန်ဖိတ်စာ ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ :D 
ကန်ဒီသွားဖြစ်ရင်တော့ ဓာတ်ပုံတွေ မပါလာမှာ မပူပါနဲ့ ဟီးဟီး (ဓာတ်ပုံရိုက်ဖို့ အားရင်ပေါ့ :P)

စာကြွင်း - သီချင်းဆိုလို့ ရသွားပြီ။ နားဒုက္ခပေးတော့မယ်ကွ ဟိဟိ။ Microphone မကောင်းလို့ တကျွိကျွိဖြစ်နေတယ်နော်။ အဲ့ဒါကိုရော ကန်ဒီ့အသံကိုရော သည်းခံပေးနော်။ သီချင်းလေး ကြိုက်လို့ဆိုတာနော်။ ဆိုတတ်လို့ မဟုတ်ဘူးနော်.. နော်.. နော်.. :P

19 comments:

စံပယ်ချို said...

ကန်ဒီရေ
တင်ထားတာတွေအားလုံးအဆင်ပြေတယ်
အဆင်မပြေတာက ကြည့်ပြီး မစားခဲ့ရဘူး
အလှူမှာသွားကူတာလဲ လုပ်အားအလှူပဲပေါ့
စာမေးပွဲအောင်ပါစေ ပြုခဲ့တဲ့ကိုသိုလ်တွေကြောင့်နော် ။

camomile said...

အကင်လေးတွေစားချင်လိုက်တာ
အမလဲအဲ့သီချင်းအရမ်းကြိုက်တယ် အရင်ကကြားဘဲကြားဖူးတာ
သီချင်းခေါင်းစဉ်မသိ အဆိုတော်မသိနဲ့
ခုမှဘဲသိတော့တယ် ကန်ဒီလေးရေ..ကျေးဇူးး)

မိုးသက် said...

အဲဒီ နွေသီချင်းကျွန်တော်လည်းအရမ်းကြိုက်တယ်အစ်မ.။
မမူးပါဘူးဆိုတော့ နည်းနည်းတော့သောက်တယ်လား.။
တိုင်ပြောမယ်..။ ကိုဖိုးမောင်ကြီးနဲ့. ဟီးးးးးးးးးးးးးး။

ရင်ဆူး said...

အကင်တွေ လာငမ်းသွားတယ်ဟေ့..... ကုသိုလ်တွေလုပ်နေတယ်ပေါ့......ဟုတ်လား

အိမ်မက်စေရာ said...

သူများတွေကို သရေကျအောင် လုပ်တယ်ပေါ့လေ..

အိမ်မက်ကိုလဲ ကူညီပါလား..ကန်န်ဒီရေ
အိမ်မက် ဘလော့ကို သူများတွေက ကွန်မန်ပေးရ တအားခက်တယ်လို့ ပြောနေကြတယ်.ဘာလုပ်ရမလဲ.တခြားစာမျက်နှာကို ပြောင်းပြောင်းသွားလို့တဲ့..သိရင် ပြောပြပါနော်..ပလိ ပလိ.. ( အကောင်အော်နေတာ ဟုတ်ဝူးနော်..)..းP

Z@! said...

အကင်တွေကိုကြည့်ပြီး သွားရည်ကျသွားပါတယ်. ကုသိုလ်ရေးတွေလုပ်နေတယ်ဆိုတော့ သာဓုခေါ်ပါတယ်ဗျာ.
နွေသီချင်းကိုတော့ ကျွန်တော်လဲ အရမ်းကြိုက်တယ်ဗျ.. အဲ့သီချင်းဆိုတိုင်း သူငယ်ချင်းတွေကတော့ အဘိုးကြီးသီချင်းကို ဆိုပြန်ပြီတဲ့. ဟီး

ညီရဲ said...

ငါ့ညီမလဲ အလုပ်တွေ ရှုပ်နေတယ်ပေါ့... သီချင်းဆိုသံကတော့ ထုံးစံအတိုင်းဘဲပေါ့နော်...း)

ဟန်ကြည် said...

အင်း သွားရည်ကျအောင် လုပ်ပြန်ပါပြီ...သွားရည်သီးမှာစိုးလို့ သီချင်းတော့ နားမထောင်တော့ပါဘူးကွယ်...

မြတ်ကြည် said...

ဟီ။ မြတ်ကြည် စာမေးပွဲတော့ နောက် ရွေ့သွားပြီ။ မကြည့်မိလိုက်တာ၊ နောက်ကျသွားလို့။ ခွိခွိ :P ဗစ်တာခင်ညိုကိုကြိုက်တယ်။ :)

ဝိ၀ိ said...

အကင်ကြည့် ပြီး
သရေ ကျလိုက်တာ..

BRAINLESS said...

ကန်ဒီရေ..ဒီနေ့အားနေတာနဲ့ ကန်ဒီဆိုထားတဲ့သီချင်းကိုနားထောင်ရင်း စာတွေလဲဖက်သွားပါတယ်.........

mettashinfoundation sg said...

ဟီး... Photo တွေပို့မယ်ဆိုပြီး မေ့သွားတယ် မဟုတ်ရင် Photo တွေရှယ်လို့ရတာပေါ့နော်။ Site ကြော်ငြာပေးတဲ့အတွက်ရော၊ မေတ္တာရှင် ဖောင်ဒေးရှင်း(စင်္ကာပူ)site လေးကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားတဲ့ အတွက်ကျေးဇူးကမ္ဘာလို့ ထပ်ပြောပါရစေခင်ဗျာ.... အကင်ကတော့ ဘာအကင်ပဲဖြစ်ဖြစ်ကြိုက်တယ်။ နောက်တစ်ခါကျရင် အိပ်ယာကို ဝယ်ကျွေး။ ဒါဗြဲ..... :P

အောင်အောင် said...

ဟား..ဟား CANDY နီအသံရမ်းကောင်းတယ်လို့ပြေားတယ် နာမကြားတဲ့ အဒေါ်ကြီးက နီကလေ ရုပ်နဲ့နှိပ်စက်လိုက် အသံနဲ့နှိပ်စက်လိုက်နဲ့(မှတ်ချက်။ ။စတာပါ စိတ်ဆိုးနဲ့ အားလုံးအဆင်ပြေတယ်)အဆင်မပြေတာက ပုဇွန်တွေပဲ ဗိုက်ဆာနေပါတယ်ဆို...

Anonymous said...

အကင်လေးစားပြီးသီချင်းနားထောင်ဆိုတော့မိုက်တယ်နော်။
အိုင်အိုရာ

နွေလ said...

အကင်လးလေးတွေ သရေကျတယ်ဗျာ
စားချင်လိုက်တာ ဂလု ဂလု
ဗစ်တာခင်ညိုကတော့
နားမထောင်ဖူးဘူး

ဖြိုးဇာနည် said...

မြခွာညို ရောနားထောင်ကြည့်ပါလား
ကျွန်တော့်အကြိုက်ဆုံးထဲမှာပါတယ်
ဗစ်တာခင်ညိုဆိုထားတာ အရမ်းမိုက်၏

Nandar said...

စောစောစီးစီး ဘာလို့လက်ထပ်သွားလဲ ဆိုတော့ ချစ်လို့ပေါ့ကွယ် ဟီးဟီး :)

KO2 said...

ပုဇွင်ဂျီးဒွေက အသဲယားစရာဂျီး ...
အရက်နဲ့မြည်းရင်တော့ တော်တော်ကောင်းမယ် နော် ... မမကမ်ဓီ

မြတ်ကြည် said...

testing testing