မနက်ဖြန် ဆမ်ဘာဝမ်းသင်္ကြန်......... ဒန် တန် တန်
သွားမယ်လို့ရည်ရွယ်သူများ စောစောသွားကြနော်။ တချို့စားစရာတွေက အစောကြီးကုန်တာ။ မနှစ်က ကန်ဒီတို့ မုန့်လုံးရေပေါ် သွားလုံးတယ်။ လုံးတဲ့လူကနည်းတော့ တယောက်တယောက်ကို အကြာကြီးလုံးရတယ်။ အဲ့ဒါနဲ့ တဖြည်းဖြည်း မုန့်လုံးရေပေါ်က ဂေါက်သီးလုံးလောက်ဖြစ်လာရော ဟီးဟီး။ နောက်ဆုံး မလုံးနိုင်တော့လို့ မုန့်လုံးရေပေါ်ကနေ မုန့်လက်ကောက်ဖြစ်သွားရှာတယ်။ အများကြီးလုပ်တာတောင် ၁၂နာရီဆိုတာနဲ့ ကုန်သွားတာ။ အဲ့တော့ ၀ါးမယ်ဆို စောစောသွားနော်။ ကန်ဒီလည်း သွားမှာ။ မနက်စောစောနိုးပါစေ :P
မနှစ်က ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ဒီလို ဒီလို..... (သူများ ဗွီဒီယိုမဟုတ်ဘူးနော်.. ကန်ဒီ့ဗွီဒီယို ဟဲဟဲ :P)
မနက်ဖြန် တန်းတန်းမတ်မတ် အဲ့ကိုရောက်ပါစေ ဆုတောင်းရမယ်။ ကန်ဒီတယောက်တည်း သွားရမှာ။ အိပ်ယာတို့က အရင်ရောက်နေမှာလေ။ သူလမ်းညွှန်ပုံကတော့ မိုက်တယ်။ MRT ရောက်ရင် အပို့အကြိုကားရှိတယ်တဲ့။ မြန်မာတွေ နောက်သာလိုက်ခဲ့တဲ့။ ပြီးရော >.<
Good Night ^^
17 comments:
မနက် ဘာစားရမလဲ ဘယ်လို ရိုက်ရမလဲ စဉ်းစားလွန်ပြီး အိပ်မပျော်ဘဲလဲ ဖြစ်နေဦးမယ်။ ကောင်းကောင်းအိပ် ကြားလား ပိစိ။
အားကျပါရဲ့ ကန်ဒီရယ်........အဲ့လိုတောင်မပျော်နိုင်တဲ့ဘ၀....အစ်ကို့အတွက် မုန့်ပိုစားခဲ့နော်.....:P
မိုက်တယ် မိုက်တယ်။ မုန့်လက်ကောက်လေးတွေက မနည်း ပုံဖော်ကြည့်လိုက်ရတယ်။ ဟီးဟီး :P
ကြည့်တာနဲ့ကို တော်တော်ပျော်စရာကောင်းတယ်. မုန့်လုံးရေပေါ်တော့ သင်္ကြန်ရောက်ရင် အမြဲတမ်းစားရပေမယ့် ဒီနှစ်တော့ လွတ်ပြန်ပြီပေါ့.
မမတို့ဆီမှာအေးသေးတော့ သင်္ကြန်ရောက်သေးဘူး
ဟီး သူများပြီမှာထင်တယ်...
မုန့်လုံးရေပေါ်လုပ်စားမယ်စိတ်ကူးထားပေမယ့်
အုန်းသီးမရလို့စိတ်တိုနေပါကြောင်း.. :)
ငရုတ်သီးလေး ဘာလေး ထည့်မလုံးခဲ့ဖူးလား နာ့အစ်မ..
ဟီးးးးး.
မိုက်တီးရဲ့ ရိုက်ချက်...
မောင်မျိုးမင်းရဲ့ ရင်တွင်းဖြစ်..
မောင်မျိုးအောင်ရဲ့ လက်ရာ..
ပီးတော့..
သကြားလုံးမလေးရဲ့ လက်ကလိချက်..ဟဲ ဟဲ
နက်ဖန်လာမဲ့ အစီအစဉ်အတွက်
လည်ပင်းရှည်ရှည်နဲ့ စောင့်မျှော်နေလျှက်ပါ
ညီမလေးရေ..
စင်္ကာပူမှာ ဘာဖြစ်လို့ ရွှေပြည်ကြီးထက်စောပီး
သင်္ကြန်ကျရတာလည်း သိချင်ပါတယ်..
ဒီလိုဆိုရင် ဖိုးသိကြားမင်း လုံးဝမတရားဘူးဗျာ..
နက်ဖြန်အတွက်ရှေ့ဆုံးတန်းကနေရာဦးခဲ့ပါတယ်
နက်ဖြန်(အဲ ဒီနေ့ဖြစ်နေပြီ)တော့အခြေအနေအရပဲ..၊
အိပ်ရေးဝဝအိပ်လိုက်အူးမယ်...:))))
CANDY နီတို့သွားကြပေါ့ နာတို့ကတော့ သင်္ကြန်မှာ ကုသိုလ်ရအောင် GAME ပဲဆော့တော့မယ်(မှတ်ချက်။ ။လည်စရာမရှိ သောကြောင့် ဖြစ်၏)စိတ်ညစ်ပါတယ် လွမ်းတယ် သင်္ကြန်ကို.....
အမြည်းလာစားတာ....း)
အော်..ပျော်နိုင်သူတွေပျော်ကြပါဗျာ..ဟဟဟ
သူတို့ အတာကလည်း ရေလည်းမပါဘူး)))၀။
စားတဲ့အခါကျတော့ အကို့အတွက်ပါ ပိုစားခဲ့နော်။
အဲ့ဒီမှာ သင်္ကြန်ကျနေပြီလား
video file လေးလည်း ကြည့်သွားတယ်
ဒီတစ်ခါ ကွန်ကောင်းတော့
ပျော်ဂွှင်ပါစေ အစ်မရေ
မနက်ဖြန် သွားရင် မုန့်လုံးရေပေါ် မဟုတ်တဲ့ ဂေါက်သီးရေပေါ်တွေ ဓာတ်ပုံရိုက်ခဲ့စမ်းပါ...ထူးခြားဆန်းပြား အစီအစဉ်မှာ ပြရအောင်လို့ ...ကြံကြံဖန်ဖန်နော်း)
ဒီမှာတော့ ၁၅ရက်နေ့ သင်္ကြန်ကျမယ်ပြောတယ် မုန့်တွေလဲရောင်းမယ်တဲ့ မသွားတော့ပါဘူး အလုပ်ရှိလို့ :) သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့တာ ၆နှစ်တောင်ရှိခဲ့ပါပေါ့လားကွယ်
စောစောသွား ကန်ဒီရေ..တော်ကြာ မုန့် လုံးရေပေါ် မရဘဲ မုန့် လက်ကောက်နဲ့  တိုးနေဦးမယ်
Post a Comment