Tuesday, April 17, 2012

သင်္ကြန်ပိုစ့်လည်း ရိုးလောက်ပြီ :P

ဒီလအတွင်း ရေးပြီးသားပိုစ့်တွေ ပြန်ကြည့်မိတော့ သင်္ကြန်နဲ့ပက်သက်ပြီး ကန်ဒီရေးတာ ဒါနဲ့ဆို ငါးပုဒ်ရှိပြီ (>.<)။ ဖတ်တဲ့လူတွေလည်း ရိုးနေလောက်ပြီ။ ရေးတဲ့လူလည်း ဘာရေးရမှန်း မသိတော့ဘူး ဟိဟိ။ စိတ်မပူပါနဲ့။ ကန်ဒီလေမရှည်ပါဘူး။ အဲ့နေ့အကြောင်း နည်းနည်းပဲပြောပြီး ဗွီဒီယိုပြမယ်လေ။ ပြီးရင် အားလုံး စိတ်ဝင်စားမယ့်အကြောင်းအရာတခု ဆွေးနွေးမယ် :D (သင်္ကြန်နဲ့ မပက်သက်ပါ)


တနင်္ဂနွေနေ့က Toa payoh သင်္ကြန်ရှိတယ်နော်။ အဲ့နေ့မှာပဲ ဓာတ်တော်တိုက် နှစ်သစ်ကူးပွဲလည်း ရှိတယ် (သူတို့ဆိုဒ်ကိုသွားလည်ချင်ရင် ဒီမှာနှိပ်ပါ)။  အစက အဲ့နှစ်ခုကို တူတူပဲ.. တနေရာတည်းလုပ်တယ် ထင်နေတာ။ နောက်မှ မတူမှန်း သိတယ်။ အင်.. လေမရှည်ဘူးပြောပြီး ရှည်မိပြန်ပြီ။ အတိုချုပ်ရရင် အစကတနင်္ဂနွေနေ့မနက်ပိုင်း ဘယ်မှသွားဖို့ အစီအစဉ်မရှိဘူး။ အဲ့နေ့မတိုင်ခင်ပဲ အစ်ကိုတယောက်က ဓာတ်တော်တိုက်သင်္ကြန်ကို လာခဲ့ဖို့ဖိတ်လို့ ရောက်သွားတယ်။ တကယ်ဆို ကန်ဒီ့အိမ်ကနေ အဲ့ကိုကားစီးရင် (၁၅)မိနစ်တောင် မကြာဘူး တိုက်ရိုက်ရောက်တယ်။ အဲ့ဒါကို ကန်ဒီရထားသုံးဆင့်စီးပြီး သွားလိုက်တယ်။ တော်ချက် >.<

သက်ကြီးပူဇော်ပွဲ :D

ထုံးစံအတိုင်း စတုဒိသာကျွေးတယ်လေ။ ကန်ဒီစားတာက ငါးထမင်းရယ်.. မုန့်လက်ဆောင်းရယ်.. ဒါပဲ။ အဲ့လိုပွဲမျိုးဆို အစားထက် ဗွီဒီယိုရိုက်ဖို့ ဓာတ်ပုံရိုက်ဖို့ပဲ စိတ်ကအားသန်နေတယ်။ ဒါလည်း ၀ါသနာကိုး။ တားမရပါ။ သင်္ကြန်အကအပြင် တိုင်းရင်းသားရိုးရာအကတွေနဲ့လည်း ဖျော်ဖြေတယ်။ ကချင်သီချင်းလေးနဲ့အကကို အရမ်းကြိုက်တယ် (အဲ့ဘက်ကမို့ ဘက်လိုက်ပြောတာ မဟုတ်ဘူးနော်)။ ပုံမှန်ဆို ကရင်အကကိုကြိုက်တယ်။ အရမ်းမြူးလို့လေ။ ဒါပေမယ့် ဒီပွဲမှာ ကရင်သီချင်းသံက အရမ်းတိုးနေတော့ မြူးသင့်သလောက် မမြူးဘူး။ ဆက်မပြောတော့ဘူး.. ဗွီဒီယိုလေးပဲ ကြည့်လိုက်တော့နော် ^_~


ကန်ဒီ့ကို လာဖို့ဖိတ်တဲ့အစ်ကိုနဲ့တောင် စကားသေချာမပြောလိုက်ရဘူး။ သူက ကူနေတဲ့သူဆိုတော့ ကန်ဒီစကားသွားပြောရင် ရှုပ်သလိုဖြစ်နေမှာ အားနာလို့လေ :)

***************************************************************************************

ဆွဲဆောင်မှုရှိသော ယောက်ျားများ :P

ခေါင်းစဉ်ဖတ်တာနဲ့တင် စိတ်ဝင်စားသွားပြီမလား ဟိဟိ။ ဟိုတလောကပဲ အစ်ကိုစိန်ခဲက အဲ့လိုခေါင်းစဉ်မျိုးနဲ့ ခပ်ဆင်ဆင် ပိုစ့်လေးတပုဒ်ရေးတယ်။ သူရေးထားတာ အကုန်နီးပါးမှန်တယ်။ သူကတော့ ယေဘူယျသဘော ခြုံငုံရေးထားတာပေါ့နော်။ အခု ကန်ဒီက ကန်ဒီ့အမြင်တခုတည်းဘက်က ရေးမယ်။ အဲ့ဒါပျော်ဖို့ကောင်းမယ် ထင်တယ် ဟဲဟဲ xD

စကားကြိုခံဦးမယ်။ ဒါမိန်းကလေးတွေ ချစ်သူရွေးတဲ့အခါ ကြည့်တတ်တဲ့အချက်တွေလို့ မဆိုလိုဘူးနော်။ အတွေးတွေ လွဲကုန်ဦးမယ်။ ချစ်တာ ကြိုက်တာက သက်သက်။ ဒါက ရိုးရိုး ပုံမှန်နေ့စဉ်ဘ၀မှာ ယောက်ျားလေးတွေနဲ့ တွေ့ကြုံမိတဲ့အခါ ဆွဲဆောင်မှုရှိတယ်လို့ ကန်ဒီထင်တာမျိုးကို ပြောပြတာ ^_~

အရပ်ရှည်ရှည် အသားညိုညို ဘော်ဒီနည်းနည်းရှိတဲ့ ခန္ဓာကိုယ်မျိုး။ Muscle တွေ အရမ်းထွက်နေတာမျိုးကို ပြောတာမဟုတ်ဘူးနော်။ ပိန်ပိန်လေး မဟုတ်တာပေါ့။ ဘယ်လိုပြောမလဲ အဆီတွေ ထွက်မနေတာမျိုးပေါ့ (:P)။ လက်ချောင်းတွေ ဘာတွေလည်း မိန်းကလေးတွေလို သွယ်နေတာမျိုးကို မကြိုက်ဘူး။ လက်သည်းအရှည်၊ ဆံပင်အရှည်ထားတာလည်း မကြိုက်ပါ။ တက်တူးထိုးတာလည်း မကြိုက်ပါ။ သပ်သပ်ရပ်ရပ်နေတတ်တာလည်း ဆွဲဆောင်မှုတမျိုးပဲ။ အဲ.. အရမ်းအသန့်ကြိုက်လွန်နေတဲ့လူမျိုးကျ မကြိုက်ဘူး။ တချို့ယောက်ျားလေးတွေ စီးကရက်သောက်ရင် အရမ်းကြည့်ကောင်းတာမျိုးရှိတယ်။ ဒါပေမယ့် အဲ့ဒါသောက်တာတော့ အားမပေးပါ :P

ဝတ်စားပုံအရဆိုရင် လူကြီးနည်းနည်းဆန်တဲ့ပုံမျိုး။ ဟိုလို Rapper တို့ Emo တို့လို မဟုတ်တာမျိုးပေါ့။ မိန်းကလေးလိုလို ဘာလိုလို ကိုရီးယားမင်းသားစတိုင်လ်တွေ ၀တ်တာလည်း မကြိုက်ဘူး။ တချို့ဆိုပုဆိုးဝတ်ထားရင် အရမ်းကြည့်ကောင်းတယ်။ ပုဆိုးနဲ့နေတတ်တာမျိုးပေါ့။ ကန်ဒီ့အတွက် အရမ်းအရမ်းလိမ္မာတဲ့ ယောက်ျားလေးတွေက ဆွဲဆောင်မှုမရှိဘူး။ နည်းနည်းလေးဆိုးတာက တမျိုးဆွဲဆောင်မှုရှိတယ် :P

စကားအရမ်းမများတဲ့ လူမျိုး (သို့မဟုတ်) ယောက်ျားလေးလို စကားများတဲ့ လူမျိုး။ တချို့ယောက်ျားလေးတွေက မိန်းကလေးလိုစကားများတယ်။ အဲ့ဒါမျိုး မကြိုက်ပါ။ အတင်းပြောတဲ့ယောက်ျားလေးများ၊ မဟုတ်တာကို ဟုတ်သလိုလို ရွှီးတဲ့ယောက်ျားလေးများ၊ ဘာမဟုတ်တာကို ချဲ့ကားတတ်သော ယောက်ျားလေးများ လုံးဝဆွဲဆောင်မှု မရှိပါ (ကန်ဒီ့အမြင်)။ အပြောထက် လက်တွေ့ပြတတ်တဲ့ ယောက်ျားလေးတွေက ဆွဲဆောင်မှုပိုရှိတယ်။ ဟာသဥာဏ်ရွှင်တဲ့ ယောက်ျားလေးတွေလည်း တမျိုးဆွဲဆောင်မှုရှိတာပဲ။

အချိန်တိကျတဲ့ ယောက်ျားလေးများ။ ကန်ဒီမကြိုက်ဆုံးအကျင့်က ဘာလဲသိလား? အချိန်မလေးစားတာပေါ့။ ချိန်းထားလို့ ၁၀မိနစ် ၁၅မိနစ်နောက်ကျတာ လက်ခံတယ်။ အဲ့ထက်ပိုရင် ကန်ဒီစိတ်မရှည်တတ်ဘူး။ ကန်ဒီ့အချိန်တွေ သူတို့ဝါးစားနေသလို ခံစားရတယ်။ ၁နာရီလောက်နောက်ကျတာမျိုး ကြုံဖူးတယ်။ အဲ့ဒါမျိုး ကန်ဒီ့ကို တခါပဲလုပ်လို့ရမယ် ဟွင်းဟွင်း။ နောက်တခါ အဲ့လိုလူမျိုးနဲ့ ချိန်းရင် ကန်ဒီအမြဲ နောက်ကျမှ သွားတော့တယ်။ အဲ.. ဒါပေမယ့် အချိန်လေးစားတဲ့လူမျိုးတွေ့ရင် ကန်ဒီအရမ်းသဘောကျတတ်တယ်။

ပြုံးခဲတဲ့ ယောက်ျားလေးများ။ တချို့ယောက်ျားလေးတွေက ရုပ်တည်ကြီးတွေနဲ့ ပြုံးခဲတယ်။ အဲလိုလူမျိုးကို ဆွဲဆောင်မှုရှိတယ်ပဲ ပြောရမလား.. မရှိဘူးပဲ ပြောရမလား မသိဘူး။ အဲ့လိုလူမျိုးတွေ ပြုံးပြီး ရီရင် ကန်ဒီအရမ်းသဘောကျတယ်။ အဟိ.. တခါတလေကျတော့လည်း လူ့သဘောသဘာဝက နည်းနည်းဆန်းတယ်နော်။

ဒါအကုန်ပဲ ထင်တယ်။ စဉ်းစားလို့မရတော့ဘူး။ ဖတ်နေတဲ့သူတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိတယ်ထင်တဲ့ မိန်းကလေး (သို့) ယောက်ျားလေးရဲ့ပုံစံတွေကို ပြောပြချင်ရင် ပြောပြခဲ့လို့ရတယ် သိလား။ ကန်ဒီက စိတ်မဆိုးတတ်ဘူး :D :D

Good Night^^

21 comments:

ချစ်စံအိမ် said...

ကြည့်သွားတယ်ဖတ်သွားတယ် ညီမရေ
အမလည်းအချိန်မလေးစားတာမကြိုက်ဘူး
ဘယ်သူမှလည်းမစောင့်ဘူး လာချင်လာမလာချင်နေ :P
အပျိုကြီးကွ ဘုကျကျပဲ :D

Snow May said...

ကြည့်ရင်းဖတ်တယ်. ဖတ်ရင်းကြည့်သွားတယ်.. ပြုံးခဲတဲ့သူမျိုး ရယ်ရင်ပြုံးရင် ပိုသဘောကျတယ်ဆိုတဲ့ အချက်တော့ တူသွားပီ :P

မောင်(စွယ်စုံကျမ်း) said...

သားသားကရော..ဆွဲဆောင့်ချင်စိတ်ပေါက်အောင် ချောတာ..ကိုင်ပေါက်ချင်စိတ်ဖြစ်အောင်လှတာ..မမ ခေးက လှလားဟင်..တိန်.ဘာချစ်လဲကွ..ကွကိုနေချင်သလိုနေမှာပေါ့ ပေါထှာ..ဟွင်းဟွင်း..ဟိုဟာကြိုက်သည်..ဒါမျိုးရမှ ဆိုသော ဂျီးများ ဂျီကျ ပေတီပေကပ် သားမကြိုက်ပါ..အေးဆေးနေ ဒို့ ကဖွင့်ပြောမှ အဖြေပေးရတာများ ဟွင်း..........ဖိုမောင်..ဖြောင်းဖြောင်း..ကွကို တီးတာ..ခိခိ..မမ ဆင်ဆာဖြတ်အုံးမလားဟင်

အလွမ်းမြို့ said...

ညီမလေးရေ မကြီးလွမ်း စာလည်းဖတ် ရုပ်သံလည်း ကြည့်ခဲ့တယ်။ကျေးဇူးပါကွယ်။
အော်... ကန်ဒီဘလော့မှာတော့ (လမင်း-ချစ်စံအိမ်)က အပျိုကြီးဖြစ်ကြောင်း ကြော်ငြာလာဝင်သွား တာကိုး။ သူပြောတော့ ခေါင်းရှုပ်လို့ ဆိုပြီး. အဟင့်


ခင်မင်တဲ့
မကြီးလွမ်း

camomile said...

ငါ့ညီမကတော့ ပွဲတွေတက်..
သူတယောက်တည်းစား...
ဗီဒိုတွေရိုက်နဲ့...
ဒို့များကတော့ ...
ပွဲကြည့်ပိတ်သတ်ဘဲလုပ်နေရတယ်.. ဟင့်း(

ဝိ၀ိ said...

နာ..တော့...မပါဘူး...အသေအချာပဲ..
ဆွဲဆောင်မှု ရှိတဲ့ ယောကျာ်းများထဲမှာ..
တော်တော်များများက လွဲနေတယ်....ပီား..

မြတ်ကြည် said...

အရပ်ရှည်ရှည် အသားညိုညို ဘော်ဒီနည်းနည်းရှိတဲ့ ခန္ဓာကိုယ်မျိုး << Yes!
ပုဆိုးဝတ်ထားရင် အရမ်းကြည့်ကောင်းတယ် ,,yes!

Happy New Year Candy :)

မဒမ်ကိုး said...

သူက အဘိဓာန်တောင်ရေးတော့မယ်ပုံမှာရှိနေပြီ ဘာတဲ့ယောကျာင်္းဋ္ဋီကာဆိုပြီးလေး)))

ဘယ်ပုံစံကိုကြိုက်တယ်လို့ရွေးလိုက်ရင် ကိုယ်ယူထားတဲ့ယောကျာင်္းနဲ့လွဲများနေမလားလို့ မပြောတော့ပါဘူးအေး))))

ချစ်တဲ့အမဂျီးး

ဂျာရစ်

မိုးငွေ့...... said...

ပုဆိုးသပ်သပ်ရပ်ရပ် ၀တ်ထားတဲ့ ယောကျာင်္းမျိုးကိုဆွဲဆောင်မှုရှိတယ်လို့ထင်ပါတယ်..။

မိုးသက် said...

မရဘူး.. မကြိုက်ချင်လဲနေပေါ့.. တူများကတော့လိမ္မာစရာရှိတာ လိမ္မာရမှာပဲ ..(ငှဲ ငှဲ ငှဲ...)

8Yar said...

ဟိုက်!! ဒီတစ်ခါပစ်ချက်က ဒဲ့ ထိတယ်ဟ... ညေးက အချိန်မလေးစားဝူး ဆိုတာ နကိုစောင်းပြောတာတာပေါ့လေ။ တိန်! ဟား ဟား ဟား ဟား.... :D

Nandar said...

နန္ဒာကတော့ စကားကိုပွင့်ပွင့်လင်းလင်းမပြောတတ်ပဲ အိညောင်အိညောင်လုပ်တတ်တဲ့ ယောင်္ကျားကို ကြည့်လို့ကိုမရတာ။ ဘာဖြစ်လဲ ကိုယ့်စိတ်ထဲမှာ မကျေနပ်ရင် တစ်ခါထဲ တဲ့ ပြောပေါ့။ :)

ညိမ်းနိုင် said...

အင်း...ကိုယ်တွေက ဘော်ဒီတင်မကဘူး...ဗိုက်ပါ
ရှိတယ်ဟ.....:))))။

ရင်ဆူး said...

သင်္ကြန်ပို့စ်တွေဖတ်ရတာ ရိုးတာကိုမဟုတ်တော့ဘူး...စိတ်ကိုကုန်နေတာ...ဟုတ်တယ်လေ....ကိုမှလည်ရတာကို ဟုတ်ဘူးလား...ဟားဟား....ကန်ဒီတို့ကတော့ ကင်မရာတစ်လုံးပေးရင် ထမင်းမေ့မယ်ထင်တယ်....ဘာပဲပြောပြော ငါ့ညီမကောင်းမှု့အြေူကာင်းပြုလို့ သူများလှူတာ ကုသိုလ်စိတ်လေးဖြစ်ရ...သူများကျွေးတာ ငမ်းရနဲ့....မစားဘဲ ရိုက်ပေးတဲ့ကန်ဒီကို ကျေးဇူးတင်ရမယ်....ကချင်သီချင်းကကြားဘူးဘူးပဲ....ကရင်သီချင်းက တီးလုံးသံဘဲကြားရတယ်...ရခိုင်သီချင်းကတော့ ကြားဘူးနေကြ....ရှမ်းသီချင်းကြားတော့မှ ပိုလွမ်းလာတယ်....ဆွဲဆောင်မှု့ရှိတဲ့ ယောကျာင်္းတော့မသိဘူး....ဆွဲဆောင်မှု့ရှိတဲ့ကောင်မလေးတွေ....လာလာကပ်ကြတယ်.....ဟီးဟီး....တကယ်မထင်နဲ့နော်....

စံပယ်ချို said...

အပေါ်က ကွန်မက်စာလုံးပေါင်းတွေမှားလို့ပြန်ဖျက်လိုက်တာနော်
ကန်ဒီလေးရေးတာတွေအားလုံး စိတ်ဝင်စားဖို့ကောင်းပါတယ်
ပုံတွေလဲ ရိုက်ထားတာကပညာပါတော့ကြည့်ရတာလဲ
အဆင်ပြေတယ် မရိုးပါဘူး

AH said...

အိမ်လည်လာသွားတယ်ဗျို့.....

ဟိုဗီစီဒီ သီချင်းတောင် သတိရသေးတယ်.. ဆုံသင်းပါရ်ဆိုထားတာ၊ တို့ ချစ်မြတ်နိုးသူ... ဖြူစင်ရိုးသား စိတ်ထားမြင့်မြတ်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ ပြသနာ အသေးအမွှားလေးကို မီးထွန်းအပစ်မရှာဘူး.... ဆိုပြီးတော့ နတ်သား စိတ်ညစ်ပြီး နတ်ပြည်ပြန်သွားတာလေ... :P

မောင်မောင် said...

ကချင်မလေးတွေကတာ တော်တော်ကောင်းတယ်နော်။ လှလည်းလှတယ်။ ပျှော်ဖို.တော်တော်ကောင်းမှာ။ လာလည်ချင်စိတ်တောင်ပေါက်သွားတယ်။ ဟိ

မောင်(စွယ်စုံကျမ်း) said...

ရိုးနေပြီ ပြောင်းသေးဘူးလားဝေး

မောင်(စွယ်စုံကျမ်း) said...

ရိုးနေပြီ ပြောင်းသေးဘူးလားဝေး

ဇက်ဗီ said...

တိုတိုတုပ်တုပ် ဘောင်းဘီ ခြေပြတ် အင်္ကျီလက်ပြတ် မဟုတ်ဘဲ ရိုးရိုးလေးဝတ်ဆင်တတ်တဲ့ မိန်းကလေးတွေက ယောက်ကျားလေးတွေကို ပိုဆွဲဆောင်တယ်။ကန်ဒီရေ ကျနော့အကြိုက်ပြောတာပါ။

san htun said...

အရပ်ရှည်ရှည် အသားညိုညို ဘော်ဒီနည်းနည်းရှိတဲ့ ခန္ဓာကိုယ်မျိုး၊ အချိန်တိကျတဲ့သူ၊ ကြည်ကြည်လင်လင် နှစ်လိုဖွယ်ရှိတဲ့ အပြုံးမျိုးကို သဘောကျတာ တူတယ်