Monday, April 23, 2012

လတ်တလော အတင်းများ (အဲ သတင်းများ :P)

ဒီရက်ပိုင်း မြန်မာသတင်းတွေ ပွတ်လောရိုက်နေတယ်။ မသိသေးရင် ပြောပြမယ် ရှူးးး... တိုးတိုးးးးး xD


သတင်းစဉ် (၁) စလုံး ဂျာနယ်လစ်တယောက်နှင့် မြန်မာများ
ဒါလူတိုင်းသိပြီးသားကိစ္စလို့ ထင်တယ်နော် (မသိသေးရင် ဒီမှာဖတ်ပါ)။ သူရေးထားတာတွေ မှန်ပါတယ်။ အမှန်တွေပါ။ ဒါပေမယ့် သူ့ရေးသားပုံတွေက Professional လုံးဝမဆန်ဘူး။ သူက ဂျာနယ်လစ်တယောက်လေ။ အဲ့လို မရေးသင့်ဘူး။ ကန်ဒီတို့ မြန်မာနိုင်ငံကိုအလည်လာတာ သူက ဘယ်လိုပုံစံမြင်ရမယ်လို့ မျှော်လင့်ထားလဲ မသိဘူး။ US တို့ UK တို့မှာမြင်ရမယ့် ပုံစံမျိုးကို မျှော်လင့်ထားတာလား။ တက်လိုက်တဲ့ Complain ဆိုတာ ဘာပြောရမှန်းတောင် မသိဘူး။ စောင့်ကြည့်နေပါ။ သိပ်မကြာဘူး။ မြန်မာနိုင်ငံလည်း တိုးတက်တော့မှာ ဟွန်းးး (=.=)။ OMG!!! နောက်ဆုံးမှာ Features Editor ဆိုတဲ့လူ ရေးထားတဲ့ပုံက ကန်ဒီတို့ကပဲ အထင်အမြင်လွဲသလိုလို။ စာမဖတ်တတ်ဘူး ထင်နေလား မသိဘူး။ စာရေးသူရေးထားတဲ့ နောက်ဆုံးစာကြောင်းတခုတည်းနဲ့တင် သူဘာကို ဆိုလိုချင်တယ်ဆိုတာ အသိသာကြီး >.<

"So Myanmar, please don't be in a hurry to catch up with us while you still can" (=.=")

မြန်မာတယောက်အနေနဲ့ အဲ့ဒီ Article ကိုဖတ်ပြီး တော်တော်ဒေါပွမိတယ်။ လူတိုင်း ကန်ဒီ့လိုခံစားရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကန်ဒီသတိပေးချင်တာက သူရိုင်းတိုင်း ကိုယ်မရိုင်းစေချင်ဘူး။ သူငါတို့နိုင်ငံကိုဒီလိုရေးတယ်ဆိုပြီး စလုံးတွေကို ကွန်မန့်တွေနဲ့ ပြန်စော်ကားတာမျိုး မဖြစ်စေချင်ဘူး။ သူ့အမှားကနေ ကိုယ့်အမှားဖြစ်လာမှာ စိုးတယ်။ ကန်ဒီ့ခံယူချက်တစ်ခုက ဘာလဲဆိုတော့.. သူများဆဲလို့ ကိုယ်ကပြန်ဆဲနေရင် ကိုယ်လည်း သူ့အဆင့်နဲ့တန်းတူဖြစ်သွားလိမ့်မယ်။ ကန်ဒီတို့မြန်မာတွေ အဆင့်အတန်းရှိကြောင်း ပြရအောင်လေ.. နော် ^_^

သတင်းစဉ် (၂) It's sooo sexyyyyy %@#$^%!
သူ့အကြောင်း ကန်ဒီပြောဖူးပါတယ်။ မှတ်မိလားတော့ မသိဘူး။ "အ"နှစ်လုံးနဲ့ အဆိုတော်ဆိုတာလေ။ သူ့ကို ပထမအကြိမ်ခွင့်လွှတ်ပြီး နာမည်တောင် ထည့်မရေးဘူး။ အဲ့လိုဗွီဒီယိုမျိုး မလုပ်သင့်ဘူးဆိုတာပဲ ရေးထားတယ်။ ခုနောက်တကြိမ် သူကကန်ဒီ့စိတ်ကို ရေးချင်အောင်လာဆွတယ်။ အဲ့တော့ ရေးတယ်ကွာ။ သူ့နာမည်က အိန်အိန်း။ အဆိုတော် အသစ်ထင်တယ်။ သူ့ဗွီဒီယိုကို Comment ပေးလို့လည်း မရဘူး။ Like/Dislike လုပ်လို့လည်း မရဘူး။ Share လို့တော့ ရတယ်ဆိုတော့ သူက Share စေချင်တဲ့သဘောလို့ ကန်ဒီယူဆလိုက်တယ်။ ဘာဖြစ်တယ်ဆိုတာ ဆက်မပြောတော့ဘူးနော်။ ဗွီဒီယိုသာ ကြည့်လိုက်တော့ #$@%^#^!
ဒါက အရင်ပိုစ့်တုန်းကပြောတဲ့ ဗွီဒီယို...


ဒါက ခုမှ သူနောက်ဆုံးတင်လိုက်တဲ့ ဗွီဒီယို...


သတင်းစဉ် (၃) မြန်မာသင်္ကြန်ပုံရိပ်များ 
ဖေ့ဘွတ်ပေါ်မှာ မြင်ရတာတွေ စိတ်လုံးဝမချမ်းသာဘူး။ ရေကူးဝတ်စုံနီးပါး အကျီလေးတွေနဲ့ တိုင်ဖက်ပြီး ကနေကြတယ် (O_O)။ မိန်းမပျက်တွေလို့ ထင်ကုန်ဦးမယ်။ ကြည့်လို့ရော စိတ်ပျက်ဖို့ရော တော်တော်ကောင်းတယ်။ ဖူးးးးးးးးးးးး... (သက်ပြင်းရှည်)

မြန်မာမင်းသမီးတယောက်လည်း သူ့ရဲ့သင်္ကြန်တွင်း ၀တ်ပုံစားပုံတွေကြောင့် အနုပညာလုပ်ပိုင်ခွင့် ခဏပိတ်ခံလိုက်ရတယ်လို့ ကြားတယ်။ သူက ကန်ဒီ့စကားမှနားမထောင်တာ.. Bra ၀တ်ပါဆို မ၀တ်ဘူးလေ ဟိ (:P)။ သူ့ဘေးကတယောက်ကတော့ နားထောင်တယ်။ Bra ၀တ်တယ်။ အပေါ်က အကျီပဲ မပါတာ။ အဲ့ဒါ ဘယ်သူလို့ထင်လဲ?? အပေါ်ဗွီဒီယိုက လျှာထုတ်ပြတဲ့ ကောင်မလေးတဲ့ >.<

သတင်းစဉ် (၄) Myanmar YouTube Community
ဒီရက်ပိုင်း မြန်မာ YouTuber တွေများလာတာ တွေ့တယ်။ နှစ်ယောက်က အရမ်းပေါ်ပြူလာဖြစ်နေတယ် (ကန်ဒီမပါပါ :P)။ YouTube Celebrity ပုံစံဖြစ်နေပြီ။ Fan Page တောင် ရှိတယ်နော်။ အထင်မသေးနဲ့။ YouTube မှာ မြန်မာစကားပြောတာ ကြည့်ရခဲတော့ အဲ့လိုလေးကြည့်ရတာ သဘောကျတယ်။ ဒါပေမယ့် တယောက်က များသောအားဖြင့် အင်္ဂလိပ်လို ပြောတယ်။ ကန်ဒီက မြန်မာလိုပြောစေချင်တာ ဟီး။ သူ့ပုံစံလေးနဲ့ သူတော့ လုပ်နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာ YouTuber အရမ်းရှားတဲ့ထဲမှာ ဒီလိုလေးတွေ ကြည့်ရတာလည်း စိတ်အပန်းဖြေမှုတခုပေါ့ :D

သူတို့ Channel တွေကို သွားချင်ရင် နံပါတ်လေးတွေမှာ နှိပ်နော်...
(၁) ဒီအစ်မက စလုံးဂျာနယ်လစ်ကိစ္စနဲ့ နာမည်ကြီးသွားတာ... (ဒီလင့်ခ်ကိုဖွင့်လို့မရတော့ရင် အောက်ကကွန်မန့်တွေကို ဖတ်ကြည့်လိုက်ပါ။ သဘောပေါက်သွားပါလိမ့်မယ် :P)
(၂) ဒီအစ်မကကျတော့ ရီရတယ်။ ချစ်စရာလေး။ ဟာသ Hip Hop သီချင်းလေးနဲ့ ခုနာမည်ကြီးနေတယ် :)

ကန်ဒီလား?? ဟိဟိ.. ကန်ဒီက အဲ့လို YouTuber မဟုတ်ပါဘူး။ စကားပြောလည်း မကောင်းဘူး။ အမှတ်တရတွေနဲ့ ၀ါသနာပါတာတွေပေါင်းပြီး ဗွီဒီယိုတွေလုပ်နေတာ။ ဘယ်လိုပြောမလဲ။ ကန်ဒီ့ Channel က ပိုပြီး Personal ဆန်တယ်။ Editing ဘက်ကို ပိုဦးစားပေးတယ် :D

သတင်းအစီအစဉ် ဒီမှာပြီး၏။ ဆက်လက်တင်ဆက်မှာက ဖျော်ဖြေရေးအစီအစဉ် :P xD

We're Crazy xD
Weekend မှာ ညီအစ်မနှစ်ယောက် အရူးထထားတာလေ။ စိတ်ခိုင်ခိုင်ထားပြီး ကြည့်ပါ ဟိ

 We have longggg hairrrrr :D

 ဘာလုပ်ရင် ကောင်းမလဲ....

 မျက်နှာမြင် ရိုက်ချင်ပါတယ်ဆိုပြီး ဖြစ်သွားစေမယ့်ရုပ်မျိုး :P

 
 လုံးဝ ကြည့်မရဘူးနော်.. ကြည့်နေ ကြည့်စား ကိုင်ပေါက်လိုက်ရ =.=

 အစ်မကို တော်တော်ကြောက်ပုံရတယ် >.<

 O_O

ရူးသွားရှာပြီ...

 
တော်ပြီ... အိပ်ချင်လာပြီ Zzzz

ပုံမှန်ရုပ်လေးတွေ မေ့သွားမှာ စိုးလို့ :P

Enjoy your life everyone.. Life is too short^^

38 comments:

မြတ်ကြည် said...

ကန်ဒီပြထားတဲ့ ထဲက အစ်မပြောတဲ့ လျှာသပ်တာ ဒီဗီဒီယိုကိုး။ အစက ဘာကိုပြောမှန်းမသိဘူး။ ဟုတ်ပ၊ လျှာတစ်လစ်နဲ့ ဟီးဟီး အခုမှကြည့်ပြီး ရယ်ရတယ်။ :D :D :D နောက် တစ်ယောက်က ဘရာဝတ်တယ်လေ။ (ကန်ဒီစကား နားထောင်တယ်) အင်္ကျီပဲ မဝတ်တာ။ ဟစ်ဟစ် :P

မောင်ဘုန်း said...

သြော် ...သတင်း စုံ ပါပေ တယ် .... ။ ဘာမှ ကို မသိ ... သင်္ကြန် ဓာတ်ပုံတွေ တော့ facebook မှာ ကြည့်လိုက်ရလို့  သိတယ်လေ .... ။

မင်းအရိပ် said...

အတင်းများစွာနဲ့ ဓာတ်ပုံတွေကို လာကြည့်သွားပါတယ်
ဒါနဲ့ အိန်အိန်းရဲ့ VCDတွေက ဆင်ဆာကျပြီးသားတွေလား
စိတ်ပျက်စရာပဲနော် bra နဲ့တစ်ယောက်က နန်းသီရိမောင်ဆိုလားဘဲနော် သေချာမသိပါဘူး တာ့တာ

မင်းအရိပ် said...

အတင်းလာပြောတာတော့မဟုတ်ဘူးcandyရေ
ဂျာနယ်လစ်ကိစ္စနဲ့ နာမည်ကြီးလာတယ်ဆိုတဲ့ ဒုတိယမြောက်မချောလေ
သူက မြန်မာနိုင်ငံက သင်္ကြန်ကို ဝေဖန်ထားတာ ကြည့်ပြီးပြီလား
သူ ဝေဖန်ထားတာ ကောင်းပါတယ် မှန်ပါတယ် ကိုယ်တောင် နားထောင်ပြီးပြီးချင်း လေးစားသွားတယ်
ဒါက အဲဒီဗီဒီယို
http://www.youtube.com/watch?feature=player_embedded&v=GR_hrVSEDzo
လေးစားနေလို့မှ တစ်ရက်မပြည့်သေးဘူး
သူ့ရဲ့ နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုတွေ့ရပြန်တယ်
http://www.youtube.com/watch?v=xIX2Fd49qh0&feature=player_embedded
ဒါလေးပါ ကြည့်ကြည့်လိုက်ပါဦး
အော် ငပြူးကပဲ ပြဲရတယ်ရှိသေးလို့ပဲ ပြောရမလား
တစ်ခါတစ်လေတော့ သူလဲ လွတ်လွတ်လပ်လပ်နေချင်ရှာမှာပေါ့လေ လို့ပဲ နားလည်ပေးရမလား
အပြောနဲ့အလုပ် မညီတာကတော့ အသေအချာပဲ
သူများကို ပြောချင်ရင်တော့ ကိုယ်အရင်ပြင်ရမယ်ထင်တာပါပဲ

Candy said...

အဲ့ဒီဗွီဒီယို ညီမလည်း တွေ့တယ်အစ်ကိုရေ... ဟိ :P

Snow May said...

:D ဒီတစ်ခါတော့ ခေတ်နောက်မကျတော့ဘူး..အားလုံးလိုလို သိသွားပီ. :P

Nandar said...

ဓာတ်ပုံလေးတွေ လှတယ်နော်။ အစ်မပြောတဲ့ ၂ယောက်လုံးကြည့်ပြီးသွားပြီ ဟာသပြောတဲ့ တစ်ယောက်ကို သဘောကျလို့။

နွေလ said...

ညီမနှစ်ယောက်လုံး ချောတာပဲ
ဝေဖန်ရေးတွေ လုပ်နေကြတာ
ထောက်ပြနေတာ
ကောင်းတယ် .. . အရမ်းကောင်းတယ်

Anonymous said...

အတော်စုံတဲ့အတင်း..အဲလေ သတင်းတွေပါလား
ပိစိကန်ဒီရဲ့း)
တဖြည်းဖြည်းနဲ့ပိုပိုချောလာတယ်..အငယ်လေးက :P

AH said...

အင်း... တစ်ပိုစ့်ထဲနဲ့ အတော်စုံသွားတယ်. ကောင်း၏။ ဟို စလုံးက ကလေး မရေးတာ ကန်ဒီပြောမှတွေ့တော့တယ်... ခမျာ သနားရှာပါတယ်... မွေးကထဲက ရယ်ဒီမိတ်အခွံထဲ ပေါက်လာလေတော့ သဘာဝရဲ့ အနှစ်သာရကို မခံစားတတ်ရှာတော့ဘူး။ တစ်ခါတစ်လေကျတော့လဲ အနည်းငယ် ပြည့်စုံနေရင် အနှစ်သာရ မဲ့သွားတတ်တယ်ဆိုတာ ဟုတ်တုတ်တုတ် ဖြစ်နေပြီ။ ကဲ ဂွတ်နိုက်ပါဗျား...

camomile said...

ကန်ဒီလေးရေ.. သတင်းစုံလာနားထောင်သွားတယ်း)
ဒီညီအစ်မနှစ်ယောက်က ဘယ်လိုနေနေ ချစ်စရာလေးတွေ..

banyar said...

both the two links are quite interesting..but ein ein's videos are yap, too bad for the myanmar culture..how come no censorship on this kind of video..? anyway, I like the way he dance.. :D
btw, u & yr sis are quite look the same.. twins? both so lovely & cute.. :)

ချစ်စံအိမ် said...

သတင်းစုံပဲညီမရေကျေးဇူးအခုမှပဲအကုန်ကြည့်လိုက်ရတော့တယ် ညီမနှစ်ယောက်လည်းအပြိုင်လှလို့ပါလား
ကန်ဒီအလုပ်ပေးတာနဲ့အချိန်လေးအတော်ကုန်သွားပါတယ်:D စပ်စုချင်တာကို :P

မိုးသူ(တောင်ကြီး) said...

အတင်းတွေ ဖတ်ရလို့ အဲလေ သတင်းတွေ ဖတ်ရလို့ ကျေးဇူးပါ မိုးသူတို့မြန်မာပြည်မှာနေ ပြီး ဒါလေးတွေ တောင်မသိဘူး candy ဘလော့မှာဖတ်ရမှ သိတော့တယ် ညီမနှစ်ယောက်စလုံး cute ပါသည် ....

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

Z@! said...

သတင်းတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကန်ဒီရေ.. ဗဟုသုတတွေ အများကြီးရပါတယ်
ဟို စလုံးက ဂျာနယ်လစ်ရဲ့ ပို့စ်အောက်မှာတော့ စာလုံးမည်းကြီးတွေနဲ့ စာပိုဒ်တစ်ပိုဒ် ထပ်တိုးလာသလားလို့ အဟစ်.. ဘာခုမှ ကြောက်ပါပြီလဲနော့.. စင်္ကာပူရီးယန်းတွေကို ကြည့်မရတာ ကြာပြီ.. သူတို့ကပဲ တော် သူတို့ကပဲ တတ် ဆိုတဲ့အချိုးမျိုးတွေနဲ့.. လူလစ်ရင် သူတို့လဲ လုပ်တာပဲ..

စကားမစပ် ဓါတ်ပုံတွေကြည့်ပြီး ပြုံးသွားပါတယ်.. :)

Anonymous said...

ဒုက္ခ..ဒုက္ခ လို့ သာရွတ်လိုက်ချင်တော့တယ်ကန်ဒီရေ။
အိုင်အိုရာ....း)

မိုးသက် said...

အစ်မ...ဟိုး သတင်းကြေငြာတဲ့အစ်မက.. သူ့ကိုယ်သူရှက်လို့ထင်တယ်.. Channelကြီးပိတ်ပြီးလ စ်ပြေးပြီဗျ တိလား.။

ဝိ၀ိ said...

ဒုတိယyoutube လိုင်းက...အရယ်ရမ်းရတယ်...

မြတ်ကြည် said...

ဟုတ်ပါ့။ channel ပိတ်သွားပြီတော့။ ဘာပဲဖြစ်ဖြစ် အကုန်ကြည့်လိုက်ရတယ်။ တန်တယ်။ ဟီးဟီး :D

ချောကလက်ကျူးပစ်လေး said...

aidsရောဂါသည်လိုပိန်ညောင်ညောင်နဲ့ဖြူဖြဲဖြဲကောင်အကြောင်းတော့ပြောမနေပါနဲ့အမရေ
မြန်မာအဆိုတော်တွေထဲမှာအရှက်အတုံးဆုံးဆုကိုရထားတာ
ထွက်သမျှခွေတိုင်းလဲမပေါက်တော့
ပေါက်ချင်းလွန်းလို့ရိုက်မိရိုက်ရာလျှောက်ရိုက်နေတာနေမှာ

thu ma said...

လတ်တလော အတင်း အဲလေ သတင်းလေးတွေက စုံနေတာပဲ။
အအ အဆိုတော်က အသံမကောင်းတော့ မကြည့်ကြည့်အောင် ဒီလိုလုပ်တာ ထင်ပါရဲ့ ။
ဒုတိယချာနယ်တော့ ခုမှကြည့်ဖူးတာ.
ညီအစ်မနှစ်ယောက် ကျစ်ဆံမြီးလေးတွေ ကျစ်ထားတာ ယဉ်ယဉ်လေးနဲ့ လှတယ်။

လွင်ပြင်လှိုင်းငယ် said...

ညီမရေ သတင်းတွေလာဖတ်ပါကြောင်း

မဒမ်ကိုး said...

သတင်းတွေအတင်းတွေမူးတယ်အေ
စိတ်အကုန်ဆုံးက အဲဗီဒီယိုဖိုင်ဘဲ
ကျုပ်လဲ ယူကျုတင်ရင်ကောင်းမလားလို့း))))

ဖြိုးဇာနည် said...

ဒုက္ခဒုက္ခ ဘယ်လိုပြောရမှန်းကိုသိတော့ဝူး
ကန်ဒီ နင်ပြောတာတွေအားလုံး နာပြောချင်တာတွေပဲ
:(

စံပယ်ချို said...

ဘာမှလဲမသိထားဘူး သတင်းတွေကိုလဲ ရှာဖတ်ရတာမောလို့မဖတ်ဖြစ်ပါဘူး အိန်းအိန်းဆိုတာလဲ ခုမှသိရတာ ကန်ဒီရေ
ခုမှ စုံစုံ လင်လင်သိရတော့တယ်

နွေတေးရှင် (မင်းဧရာ) said...

ချိုချဉ်ရေ........

အကိုတို့လို ဘာမှမမြင်လိုက် မတွေ့လိုက်ရတော့ ငရဲကြီးသက်သာတာပေါ့နော်။

သတင်တွေကို အားလုံးဖတ်သွားတယ်
သရုပ်ပျက်မှု့တွေများများလာတဲ့ အနုပညာ ဆိုတာတွေကိုလည်း မခံစားဖြစ်တာကြာပါပြီ
တဖြေးဖြေးနဲ့ လူနေမှု့ အဆင့်အတန်းတွေက နိပ့်နိပ့်သွားသလိုပဲနော် ဒါက အကိုတစ်ယောက်တည်းရဲ့အမြင်ပါ အများနဲ့မတူညီဘူဆိုရင် ရွာ့အပြင်ကို ထွက်ရများပေါ့))၀။

အလွမ်းမြို့ said...

ညီမလေးကန်ဒီရေ..
ခုမှဘဲ ခေတ်မှီသွားတော့တယ်။ အရင်တစ်ခါပြောတုန်းက မသိသေးဘူး။ အစုံလေး သိသွားတော့ ညီမလေးကို ကျေးဇူးပေါ့.


ခင်မင်တဲ့
မကြီးလွမ်း

Z@! said...

ကျွန်တော်ကတော့ သင်္ကြန်အကြောင်းပြောသွားတဲ့ အမရဲ့ ချန်နယ်ပိတ်သွားတာကို စိတ်မကောင်းဘူး..

သူ့အကြောင်း ဗီဒီယို တင်တဲ့သူကိုလဲ ဘာပြောရမှန်း မသိဘူး။

ကမ်းခြေသွားမယ့် ကောင်မလေးတစ်ယောက် အနေနဲ့ သူဝတ်တာ စားတာက လွန်တယ်လို့ မပြောသာဘူးလို့ ထင်ပါတယ်။ အဲ့ဒီဗီဒီယိုက နိုင်ငံခြားမှာ ရိုက်ထားတာပဲ။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲမှာ မြန်မာနိုင်ငံမှာ စင်ပေါ်တက်က နေတာထက်စာရင်တော့ လက်ခံလို့ရပါသေးတယ်။ လူဆိုတာ အနည်းနဲ့ အများတော့ မှားတတ်ကြတာပဲ။

သူ့ချန်နယ် တစ်နေ့နေ့မှာ ပြန်ပွင့်လာမယ်လို့ပဲ မျှော်လင့်ရပါတယ်။

စန္ဒကူး said...

ညီအမနှစ်ယောက်လုံး ရှင်းသန့်သန့်လေး..
ချစ်ဖို့ကောင်းပါအိ...း)

ရင်ဆူး said...

ကန်ဒီရေ နင်သတင်းထောက်သာလုပ်စားတော့ ....သတင်းတွေကစုံမှစုံ........ယူကျူ့မှာ လုပ်တဲ့ကောင်မလေးတွေတော့သိတယ်ဟ....မဆိုးပါဘူး...ဘာတွေလဲတော့မသိဘူး....သက်ြန်အကြောင်းပြောတာလည်းကြည့်ပြီးသွားပြီ....ကမ်းခြေမှာ ပြောတာလည်းကြည့်ပြီးသွားပြီ....ဘာလည်းတော့မသိဘူး....နောက်တစ်ယောက်ကတော့တော်တော်ရယ်ရယ်......
်စိတ်ချမ်းသာသလို လုပ်တာ လုပ်ကြပါစေ...အိန်းအိန်ကတော့ ပြောမနေတော့ပါဘူး....နောက်လည်း အဲကလို သတင်းထူးလေးတွေ ဖတ်ချင် ကြည့်ချင်သေးတယ် ချိုချဉ်ရေ...

အောင်အောင် said...

CANDY နိရဲ့အတင်းတွေ၊သတင်းတွေ ဖတ်သွားတယ်ဟေ့
နိကို CNN သတင်းဌာနက အလိုရှိနေတယ်တဲ့ အာဖဂန်နစ္စတန်မှာ သတင်းထောက် လုပ်ခိုင်းမလိုတဲ့...ဟီးဟီး (စတာနော် တကယ်ပြေားတာ ဟုတ်ဘူး..)

မြန်မာမလေး said...

အိန်အိန်း--အခွေက တော့ ဆိုးလွန်းတယ်----
သူ လုပ်ချင်နေတာတွေကို ဖော်ပြထားတယ်ဆိုတော့---
သူ့ဘာသာ လျှို့ဝှက်လုပ်ချင်လုပ်ပေါ့နော်----
ခုတော့ သူလုပ်မှာတွေကို( အယ်---သူ လုပ်ပြီးသားတွေလည်း ဖြစ်နိုင်တယ်---:P )လူေ၇ှ့ သူေ၇ှ့ ချပြထားတယ်---
မဖြစ်သင့်ဘူးလို့ ထင်တာပဲ
ကြည့်၇တာ romantic တော့ဖြစ်သား but

မြန်မာ့ culture နဲ့မကိုက်ညီဘူးလေ----
ဟုတ်တယ်ဟုတ်!!!!
ဒီအခွေက အပေါ်က friend တယောက်ပြောသလို ဆင်ဆာ ဖြတ်ထားပြီးသားလား
ဆင်ဆာ အဖွဲ့က ခွင့်ပြုတယ်ပေါ့နော်!!!
Ban that sense!!!!! Ban that sense!!

Candy said...

ကန်ဒီလည်း အဲ့ဒါကို အံ့သြနေတာ.. ဘာလို့ ဒါကျ မဘန်းတာလဲလို့ @_@

ဆူးသစ် said...

သတင်းတွေဖတ်ပြီး လင့်တွေကိုလိုက်တာ မကြည့်ရတော့ဘူး။ ဟိုချာတိတ်ကတော့ ခွေးပစ်တဲ့တုတ်လောက်ရှိပြီး လုပ်တဲ့အကျင့်ကတော့ အတော်တန်တာပဲ။ ဆိုတော့လည်း သူများသီချင်း။ ကတော့ သူများအက။ ရိုက်ထားတော့ အပြာဆန်ဆန်။ ပိုက်ဆံရှိတိုင်းနာမည်ကြီးမှာတဲ့လား။ အနုပညာဆိုတာ အဲဒီလိုလုပ်လို့ရတာမှမဟုတ်တာ။ သူလုပ်တာလည်း အနုပညာမဟုတ်ပါဘူး။ အဲဒီလိုသုံးရတာတောင် မတန်လိုက်တာ။ သင်္ကြန်ကိစ္စကတော့ အစ်ကိုလည်း တော်တော်မျက်ခြည်ပြတ်သွားတော့ဘယ်သူတွေဘာတွေလုပ်မှန်းတောင်မသိတော့ပါဘူး။ လင့်လေးဘာလေးရှိလည်း ညွှန်ပါဦး။

ကိုရင် said...

အတော် ရယ်ရတဲ့အဆိုတော်..
ဆိုတော့ ကော်ပီ..လုပ်ထားတဲ့ ပါဖောင်းမန့်က ပွန်းစတိုင်..ကိုရင် ပြောလိုက်အုံးမယ်.. ဖျာခေါင်းအဆိုတော်နဲ့ ဖျာသည်မ မော်ဒယ်..

ဟူး..အောက်က အရူးညီအစ်မနဲ့များ ဆီနဲ့ရေလိုပဲ.. ကွာပါ့ကွာာာ :D

ဆူးသစ် said...

ညီမပေးတဲ့လင့်လေးတွေလိုက်ကြည့်ပြီးအစ်ကို့ဖဘမှာရှယ်ခွင့်ရလိုက်လို့ကျေးဇူးပါ။ အားလုံးကတော့ ကိုယ့်အမြင်နဲ့ကိုယ်ချည်းပါပဲ။ ဒါပေမဲ့သူများကိုပြောချင်ရင် ကိုယ်လည်းအရင်ပြင်သင့်တယ်ဆိုတာကိုလက်ခံရမယ်။ ဘယ်မှာမို့လို့၊ ဘာဖြစ်လို့ဆိုပြီးလိုက်ကာလို့မရဘူး။ သင်္ကြန်တစ်ခုတည်းကိုသွားပုံချပြီးကိုယ်ကတော့ ဘယ်ရောက်ရောက်ဘာလုပ်လုပ် လုပ်ချင်တာလုပ်မယ်ဆိုလည်း ကိုယ်တိုင်ကမြန်မာဆိုတာ ဘယ်တော့မှမမေ့သင့်ဘူးလို့ အစ်ကိုထင်တယ်။ ဆက်ကြည့်ကြတာပေါ့။

Anonymous said...

မြန်မာပြည်က ဟာတွေ တော်တော် ဈေးပေါကုန်ကျပြီလားမသိဘူး....
တဖြည်းဖြည်းနဲ့ ရိုက်လာတာတွေ ဆိုးဆိုးလာတယ်....ဆင်ဆာ ဖြတ်ခံရမှာ စိုးလို့ သာ ဒီလောက် ၀တ်တာ...ဆင်ဆာ သာ မဖြတ်ရင် ဘယ်လောက်တောင် ဆိုးပြီး...ဘယ်လောက်တောင်လက်ဝင်နေမလဲ မသိဘူး.....စိတ်ညစ်တယ်....ကြည့်ရတာ....

san htun said...

သတင်းစုံလည်း သိရတယ်..ကန်ဒီတို့  ညီအမလည်း ချောတယ်..