Hello!!!
Ready for Party?? xD
Ready for Party?? xD
စနေနေ့က East Coast မှာလုပ်တဲ့ ဘာဘီကြူးနဲ့ ပျော်ပွဲရွှင်ပွဲ အရမ်း အရမ်း (အရမ်း) ပျော်ဖို့ကောင်းတယ်။ ဂိမ်းတွေလည်း ဆော့ကြတယ်။ သီချင်းတွေလည်း ဆိုကြတယ်။ လူကလည်း များတော့ ဘယ်သူက ဂိမ်းအပိုင်းကို တာဝန်ယူ.. ဘယ်သူကတော့ ဖျော်ဖြေရေးအတွက် တာဝန်ယူ စသဖြင့် အသီးသီးတာဝန်ခွဲဝေပြီး လုပ်ကြတယ်လေ။ အဲ့ဒီပွဲလေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကန်ဒီတို့လုပ်နေတဲ့ Volunteer အဖွဲ့လေးထဲက အဖွဲ့ဝင်တွေ တယောက်နဲ့တယောက် ပိုရင်းနှီးစေဖို့ပါ^^
East coast က သွားရလာရတော့ တော်တော်ခက်တယ်နော်။ Bedok MRT ကနေလည်း အဲ့ကို ကန်ဒီကားမစီးတတ်ဘူး။ အဲ့ဒါနဲ့ Taxi နဲ့ပဲ သွားရတယ်။ Car Park "C" မှာ ဆိုတော့ Taxi ကားဆရာကို East Coast McDonalds လို့ပဲ အလွယ်ပြောလိုက်တယ်။ သွားခါမှ McDonalds ကြီးက ပိတ်သွားပြီ။ အဲ့ဒါနဲ့ ကားဆရာကို ရှေ့နားချပေးပြောတာ.. တော်တော်ကြီးရှေ့ရောက်မှ ချပေးလို့ အဝေးကြီး ပြန်လျှောက်ရတယ်.. မောတာ :(
ဟိုရောက်တော့ တီးဝိုင်းကလူတွေ ရောက်နေကြပြီ။ တီးဝိုင်းအဖွဲ့နာမည်က "Independence" တဲ့။ ဟိုတခေါက်တုန်းက ကန်ဒီတို့အဖွဲ့သီချင်းဆိုတော့ တီးပေးတဲ့အဖွဲ့ပဲလေ။ သဘောကောင်းကြတယ်။ ခုလည်း ဒီပွဲအတွက် အလကား အလကား ကူညီပေးတာ။
တကယ်အပိုပြောတာမဟုတ်ဘူး။ အဲ့တီးဝိုင်းအဖွဲ့က အစ်ကိုတွေက တော်တော်ဝါသနာကြီးပုံရတယ်။
လုံးဝ Mood အပြည့်ပဲ။ သဘောကျလို့ ကန်ဒီ ခိုးရိုက်လိုက်တာ ဟိ xD
လူစောင့်ရင်း ဘောလုံးဆော့တဲ့သူကလည်း ဆော့နေကြတယ်။
(ဒါနဲ့ ကန်ဒီ့ရိုက်ချက်တွေ တိုးတက်လာတယ်လို့ မထင်ဘူးလား.. :P :P)
(ဒါနဲ့ ကန်ဒီ့ရိုက်ချက်တွေ တိုးတက်လာတယ်လို့ မထင်ဘူးလား.. :P :P)
ပစ္စည်းတွေထည့်ဖို့ Tent လုပ်တဲ့လူကလည်း လုပ်ပေါ့...
ဓာတ်ပုံရိုက်တဲ့သူကလည်း ရိုက် :P (တကယ်တော့ ကိုယ့်ဟာကိုယ် အဲ့တပုံပဲ ရိုက်လိုက်ရတယ်..)
လူနည်းနည်းစုံလာပြီ..
၎နာရီလောက်ရောက်တော့ ဂိမ်းစဆော့ကြတယ်။ ဒိုင်လေးယောက်ရှိတယ်။ အသင်းလေးသင်း ပြိုင်ကြတာပေါ့။ ကန်ဒီက အ၀ါအသင်း :D
ဒါက အ၀ါအသင်းအဖွဲ့သားတွေ.. ဟဲဟဲ
မျက်စိမှိတ်ပြီး နှုတ်ခမ်းနီဆိုးပေးရတာ..
နောက်ဆုံးရလဒ်.. သိပ်တော့ မဆိုးပါဘူးနော် ဟီး xD
ဒါက အကပြိုင်ကြတာ။ ဒိုင်တွေပြောတဲ့အတိုင်း ကရတယ်။ ဘယ်ခြေရှေ့တိုးဆို တိုးရတယ်။
ညီတဲ့အဖွဲ့က အမှတ်ပိုရတာပေါ့ :D (ကန်ဒီ့ကို ပုံထဲမှာ တွေ့လား??)
ဟဟဟ.. ဒီပုံအရီရဆုံးပဲ။ ဂိမ်းတခုမှာ မျက်စိမှိတ်ခံထားရတဲ့လူတွေကို သီချင်းဆိုနေတဲ့အစ်ကိုတွေနား သွားပို့ထားတာ။ မျက်လုံးတွေမှိတ်ပြီး လက်ခုတ်တီးနေကြတယ် xD
နောက်ဆုံး ပထမဆုကို ဘယ်သူရလိုက်တယ် ထင်ပါသလဲ???
ပထမဆုရတဲ့ ကန်ဒီတို့အ၀ါအသင်း :D :D :D
ကံစမ်းမဲလည်း နှိုက်ကြသေးတယ်။ Surprise Surprise!!!!!! ကန်ဒီပေါက်တယ် (xD xD xD)။ ခရီးဆောင်အိတ်ကလေး။ ခရီးသွားချင်နေတဲ့စိတ်တွေ ထကြွလာပြီ။ မလေးသွားလည်ချင်နေတာ တော်တော်ကြာပြီ။ အ၀တ်တထည် အိတ်တလုံးနဲ့ လာလည်ရင် ကန်ဒီ့ကို ဘယ်သူလိုက်ပို့ပေးပြီး ဘယ်သူကျွေးထားမလဲဟင် (သနားစရာရုပ်နှင့် ပြောသည်)
ရခဲ့တဲ့ဆုတွေ.. (အိတ်၊ ပြက္ခဒိန်၊ ဘောပင်၊ စာအုပ်)
ဒါက ကန်ဒီတယောက်တည်းရတဲ့ဆု။ ဟိုတလောက ဖေ့ဘွတ်မှာမေးတဲ့ မေးခွန်းတခုကို ကန်ဒီဖြေတာ
မှန်သွားလို့ရတာ။ အဲ့လို လက်ရေးနဲ့ စာအုပ်ထဲမှာ ရေးပေးတာလေးကို အရမ်းသဘောကျတယ် ^_^
ဂိမ်းအစီအစဉ်ပြီးတော့ စားတယ်။ စားပြီးတော့ သီချင်းဆိုကြတယ်လေ။ မှောင်လာတော့ ကန်ဒီ့ကင်မရာက ဘယ်လိုမှ ရိုက်လို့ အဆင်မပြေတော့ဘူး။ အဲ့ဒါနဲ့ သိပ်မရိုက်ခဲ့ဘူး။ သီချင်းမဆိုတတ်ပါဘူးဆို နာမည်ကြီးနဲ့ခေါ်လို့ တက်ဆိုရသေးတယ် (>.<)။ ဘယ်ရမလဲ အစ်မတယောက်ကို ခေါ်ပြီး ကူဆိုခိုင်းလိုက်တာပေါ့ ဟီး။ နောက်ဆို အဲ့လိုနာမည်နဲ့ခေါ်လည်း မဆိုဘူး။ အရှက်ကွဲတယ် :( သင်္ကြန်တုန်းက အဖွဲ့လိုက်ဆိုတယ်ဆိုတာကလည်း ဆိုတတ်လို့မဟုတ်ဘူး။ အားလုံးက အကူအညီတောင်းနေတော့ ငြင်းရမှာအားနာလို့ ဆိုပေးတာ။ ကန်ဒီ သီချင်းတွေကိုချစ်ပါတယ်။ သီချင်းဆိုတာလည်း ၀ါသနာပါတယ်။ ဒါပေမယ့် အဲ့လို တီးဝိုင်းနဲ့ မိုက်ကြီးနဲ့ စင်ပေါ်တက်ဆိုတာမျိုးတော့ မဆိုရဲဘူး။ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား ဂစ်တာလေးတလုံးနဲ့ အော်တာမျိုးကို ပိုသဘောကျတယ်။

ပြန်တော့ ည ၁၁နာရီကျော်နေပြီ။ Bedok MRT ထိ Taxi ငှားမလို့ကို ဘယ်လိုမှ ငှားလို့မရဘူး။ အဲ့ဒါနဲ့ ဘက်စ်ကားဂိတ်ကို လမ်းလျှောက်ပြီး Paya Lebar MRTထိ ကားစီးသွားလိုက်တယ်။ ဟိုရောက်တော့ ၁၂နာရီထိုးတော့မယ်။ တူတူပြန်တဲ့လူတွေက အ၀ါလိုင်းစီးကြမှာဆိုတော့ အဲ့မှာတင်လမ်းခွဲလိုက်တယ်။ ကန်ဒီက အစိမ်းလိုင်းစီးရမှာလေ။ အပေါ်ရောက်တော့ ရထားမရှိတော့ဘူး (>.<)။ အဲ့ဒါနဲ့ Taxi ငှားမယ်ဆိုပြီး တယောက်တည်း အောက်ပြန်ဆင်းလာတယ်။ အဲ့နေရာကို တခါမှ မရောက်ဖူးဘူး။ ညကြီးမင်းကြီး Taxi stand နားမှာလည်း လူတော်တော်ပြတ်တယ်။ Taxi ကလည်း တော်ရုံနဲ့မလာဘူး။ တခါမှ အဲ့အချိန်ကြီး အဲ့လိုအပြင်မှာ တယောက်တည်း မဖြစ်ဖူးဘူး။ တဖြည်းဖြည်း ကြောက်လာသလိုလို (=.=")။ တော်တော်လေးကြာမှ Taxi ရသွားတယ်။ အဲ့တော့မှ သက်ပြင်းချနိုင်တော့တယ် ဟင်းးးးးးးး
အိမ်ရောက်တာနဲ့ ရေချိုးပြီး တန်းအိပ်။ နောက်နေ့မနက်ကျတော့ တကိုယ်လုံး ကိုက်ခဲ။ မနေ့ကလည်း ၀မ်းတွေလျှော။ ဒီရက်ပိုင်း နေလို့မကောင်းပါ :(
အိမ်ရောက်တာနဲ့ ရေချိုးပြီး တန်းအိပ်။ နောက်နေ့မနက်ကျတော့ တကိုယ်လုံး ကိုက်ခဲ။ မနေ့ကလည်း ၀မ်းတွေလျှော။ ဒီရက်ပိုင်း နေလို့မကောင်းပါ :(
Photo Credit - ကိုမင်းသူရိန်၊ ကိုအောင်ချမ်းမွန် (ကန်ဒီ့ဘလော့လိပ်စာ မတပ်ထားသောပုံများသည် ဒီအစ်ကို၂ယောက်ရိုက်သော ပုံများဖြစ်သည်။ ဖေ့ဘွတ်မှ "မ"လာသည်။)